31 Jan 2015

ဒေါ်စု နေအိမ် ခြံတံခါးဟောင်းကို တော်ဝင်နှင်းဆီက ဈေးပြိုင် ရောင်းမယ်


ဒေါ်စု နေအိမ် ခြံတံခါးဟောင်းကို တော်ဝင်နှင်းဆီက ဈေးပြိုင် ရောင်းမယ်

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရစဉ် တလျှောက် နေခဲ့ရတဲ့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ် ခြံဝင်း ဂိတ်တံခါးဟောင်းကို လက်ဝယ် ရရှိထားသူ တော်ဝင်နှင်းဆီ ဦးစိုးညွန့်က ကြမ်းခင်းဈေး ကျပ်သိန်း ၂၀၀၀ နဲ့ ဈေးပြိုင် ရောင်းချတော့မှာ ဖြစ်ပါတယ်။


ဂိတ်တံခါးဟောင်းနဲ့ အတူ အင်္ဂတေနဲ့ ထွင်းထုထားတဲ့ အိမ်နံပါတ် အမှတ် ၅၄ လည်း ပါဝင်မှာ ဖြစ်ပါတယ်။ 


ရောင်းရငွေကို ပါတီဌာနချုပ်ရုံး အသစ် ဆောက်လုပ်ရာမှာ သုံးစွဲမယ်လို့ သိရပါတယ်။


အဝါရောင်နဲ့ အနီရောင် သံပန်းဂိတ်တံခါးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်လာကာစ ၂၀၀၅၊ ၂၀၀၆ ကာလတွေမှာ အဲဒီ ဂိတ်တံခါးကနေ လူထုကို အပတ်စဉ် မိန့်ခွန်းပြောတာတွေ လုပ်ခဲ့တဲ့ နေရာလည်း ဖြစ်လို့ ကမ္ဘာ့ သတင်းမီဒီယာတွေမှာ ဖော်ပြခံခဲ့ရတဲ့ ထင်ရှားတဲ့ ဂိတ်တံခါး တစ်ခုလည်း ဖြစ်ပါတယ်။
 
 
BBC
 
 

ဗောဓိညောင်ပင်စိုက်ခဲ့တဲ့ အိန္ဒိယရောက် အမေရိကန်သမ္မတ အိုဘားမား







ဗောဓိညောင်ပင်စိုက်ခဲ့တဲ့ အိန္ဒိယရောက် အမေရိကန်သမ္မတ အိုဘားမား
======================================


အမေရိကန်သမ္မတ ဘားရက် အိုဘားမားဟာ အိန္ဒိယနိုင်ငံကို ရောက်ရှိနေခိုက် နယူဒေလီမှာ ဗုဒ္ဓဘာသာရဲ့ အထွဋ်အမြတ်ဖြစ်သော ဗောဓိညောင်ပင်ကို စိုက်ပျိုးခဲ့ပါတယ်။ 


ဗုဒ္ဓဘုရားရှင်ဟာ ဘုရားအဖြစ်ကို မရမှီ အဆိုပါ ဗောဓိညောင်ပင်ခြေရင်းမှာ တရားကျင့်ကြံအားထုတ်ရင်း နောက်ဆုံး ဘုရားရှင်အဖြစ်ကို ရရှိစေခဲ့တာဖြစ် ပါတယ်။ 


Photo : worldbuddhistradio

 Yangon Media Group



ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်သလဲ ?



ဗစ်တာဆိုတဲ့ (၁၅) နှစ်အရွယ် လူငယ်တစ်ယောက်ကို သူ့ဆရာက “မင်းဟာ အလကားလူပဲ၊ မင်းဒီလိုပုံစံနဲ့ဆိုရင် ဘယ်တော့မှ ကျောင်းပြီးမှာ မဟုတ်ဘူး”လို့ ပြောခဲ့ပါတယ်။ ဒါနဲ့ပဲသူဟာ စိတ်ဓာတ်တွေကျပြီး
ကျောင်းကထွက်လိုက်ပါတယ်။ သူ့ဆရာကောက်ချက်ချခဲ့သလို သူ့ကိုယ်သူ အလကားလူ၊ အသုံးမကျတဲ့လူလို့မြင်နေခဲ့တယ်။ ဒီလိုနဲ့ပဲ သူဟာ(၁၇)နှစ်လုံးလုံး
ဟိုစပ်စပ်ဒီစပ်စပ်နဲ့အလကား လူလိုလုပ်နေခဲ့ပါတယ်။
သူ့အသက် (၃၂) နှစ်အရွယ်ရောက်တဲ့အခါမှာဆန်းစစ်ချက်အရ သူ့မှာဉာဏ်ရည်ပြကိန်း(၁၆၁) ရှိတာကိုသူသိလိုက်ရတယ်။ အလကားလူလို့ သူ့ကိုယ်သူအမြဲတမ်းမြင်နေတဲ့ဗစ်တာ ဘာဖြစ်သွားမယ်လို့ထင်ပါသလဲ။ သူဟာ သူ့ကိုယ်သူပါရမီရှင် တစ်ယောက်လိုပဲ မြင်ယောင်လာခဲ့ပါတယ်။ 
 
 
ဒီတော့သူဟာ တကယ့်ပါရမီရှင်တစ်ယောက်လို နေထိုင်တယ်။ လုပ်ဆောင်ပြုမူတယ်။
သူ့အမြင် စတင်ပြောင်းလဲသွားတဲ့အချိန်က စပြီးစာအုပ်ပေါင်းများစွာ
ကိုရေးတယ်။ တီထွင်မှုတွေကို ပြုလုပ်တယ်။ နှစ်အနည်းငယ်အတွင်းမှာ
အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ယောက် ဖြစ်လာခဲ့တယ်။
ကျောင်းမပြီးဘဲ၊ ကျောင်းထွက်ခဲ့ရတဲ့လူတစ်ယောက်က နောက်ဆုံးမှာ အများလေးစားအားကျရတဲ့ ပါရမီရှင် တစ်ယောက်၊ ထူးချွန်တဲ့လူတစ်ယောက်
ဖြစ်လာခဲ့တယ်။

သူ့ကိုယ်ထဲမှာ ထူးခြားတဲ့ စွမ်းရည်တွေ၊ ဉာဏ်ရည်တွေဆိုတာ နဂိုကတည်းက ရှိနေပြီးသားပါ။ ဒါပေမဲ့ (၁၇)နှစ်လုံးလုံး အလကား လူတစ်ယောက်လို ယောင်လည်လည် ဖြစ်နေခဲ့တာ သူ့ကိုယ်သူအလကား လူလို့ မြင်နေတဲ့အမြင်ကြောင့်ပါ။ နောက်ဆုံးမှာ ဗစ်တာအနေနဲ့
ပြောင်းလဲအောင်မြင်သွား တာဟာ တခြားကြောင့် မဟုတ်ပါဘူး။ 
 

သူ့ကိုယ်သူ ရှုမြင်တဲ့အမြင်ပုံစံပြောင်း လဲသွားလို့သာ ဖြစ်ပါ တယ်။ ဒီလိုအမြင်ပုံစံပြောင်းလိုက်တာနဲ့ သူထပ် ဆောင်းရရှိလိုက်တာကတော့မိမိကိုယ် မိမိယုံကြည် မှုသာဖြစ်ပါတယ်။
ဗစ်တာရဲ့ဘ၀ဖြစ်စဉ်လေးကို ဖတ်ရှုမိတဲ့အခါမှာ ကျွန်တော်စဉ်းစား မိပါတယ်။ ဗစ်တာ့လိုမျိုး အလကားလူ၊ အသုံးမကျတဲ့လူလို့ အပြောခံလိုက်ရလို့
သူတို့ကိုသူတို့အလကားလူလို့မြင်ပြီး အလကားလူလို လျှောက်သွားနေကြ တဲ့သူတွေ လောကမှာ ဘယ်လောက်များများရှိနေလိမ့်မလဲလို့ တွေးစရာ
ဖြစ်လာပါတယ်။ ဒီဇာတ်လမ်းမှာ ကျွန်တော်တို့ အတွက် အဓိကရရှိလိုက်တဲ့ သင်ခန်းစာ ကတော့ ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်ဟာ ဘယ်လောက် အရေးပါသလဲဆိုတာနဲ့ အဲ့ဒီအမြင် ပြောင်းလဲသွားတဲ့အခါဘ၀ရဲ့
ရလဒ်တွေလည်း ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့အသိပါပဲ။
 

ဒီတော့သင်ရောကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်ပါသလဲ။ သင့်ရဲ့အမြင်ဟာ သင့်ဘ၀အတွက် အရမ်းကို အရေးပါတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ သင့်ကိုယ်သင် မြင်တဲ့အမြင်က ထိပ်ဆုံးကိုလည်း ရောက်အောင်ပို့နိုင်သလို
အောက်ဆုံးကိုလည်း ရောက်အောင် တွန်းချနိုင်ပါတယ်။ သင့်ကိုယ်သင် အောင်မြင်သူလူသားတစ်ယောက်အဖြစ် မြင်နေ မယ်ဆိုရင်
သင်ဟာလုံးဝအောင်မြင်လာနိုင်ပါတယ်။ သင့်ကိုသင်အလကား လူလို့မြင်နေရင်လည်းသင်ဟာ အလကားလူဖြစ်လာမှာပါပဲ။ အလကားလူဆိုတဲ့ ဘ၀ကနေ ပါရမီရှင်ဘ၀အဖြစ်ကို ပြောင်းလဲပေးနိုင်ဖို့ ခြေတစ်လှမ်းသာ
လိုပါတယ်။ သင့်အမြင်ဟာ သင့်ဘ၀ပါပဲ။ သင့်အမြင်လေး တစ်ချက်ပြောင်း လိုက်တာနဲ့ သင့်ဘ၀ကလည်း လုံးဝပြောင်းသွားမှာ ဖြစ်ပါတယ်။
 

ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်ဟာ ကိုယ့်စိတ်အတွင်းထဲကို ပုံရိပ်တွေအဖြစ် ၀င်ရောက်ကိန်းအောင်းပြီး ခြယ်လှယ်တတ်ပါတယ်။ ဥပမာ - ပျဉ်ပြားတစ်ချပ်ကို ကြမ်းပြင်မှာချခင်းထားပြီး လမ်းလျှောက်မယ်ဆိုလွယ်ကူပေမယ့်(၁၀)ထပ် အမြင့် ရှိတဲ့ အဆောက်အဦ နှစ်ခုကြားမှာ ခင်းထားပြီး လျှောက်မယ်ဆိုရင်တော့ အတော်ခက်ခဲမယ့်ကိစ္စ ဖြစ်ပါတယ်။ တကယ်တော့လွယ်ကူတယ်၊ ခက်ခဲ တယ်ဆိုတာကိုယ်မြင်တဲ့အမြင်နဲ့ သက်ဆိုင်နေပါတယ်။
ကြမ်းပြင်ပေါ်မှာခင်းထားရင် အလွယ်တကူ လျှောက်လှမ်းနိုင်တယ် လို့မြင်တဲ့အတွက် သက်သောင့်သက်သာ လမ်းလျှောက်နိုင်တာဖြစ်ပြီး အဆောက်အဦးနှစ်ခုကြားမှာခင်းထားတဲ့ ပျဉ်ပြား ပေါ်တက်လျှောက်ဖို့ကြတော့ အခန့်မသင့်လိမ့်ကျသွားနိုင်တယ်လို့မြင်တဲ့အတွက်စိတ်ထဲမှာ ကြောက်စိတ်၊ စိုးရိမ်စိတ်ဝင်ပြီး ခက်ခဲသွားတာဖြစ်ပါတယ်။
 

ကျွန်တော့်သင်တန်းက သင်တန်းသားတွေကို စင်မြင့်ထက်မှာ စကားတက်ပြောခိုင်း တဲ့အခါ ဒီသဘာဝတွေကို အမြဲတွေ့မြင်နေကျပါ။ လူထုရှေ့ စင်မြင့်ထက်မှာစကားပြောဖို့ ဖိတ်ခေါ်ခံရတော့မယ့် သင်တန်းသား တချို့ရဲ့ရင်ထဲမှာသူတို့ အဆင်မပြေ ဖြစ်တဲ့ပုံတွေ၊ ကြောက်ဒူးတုန်ပြီး
ချွေးပြန်နေတဲ့ ပုံတွေ၊ ပြောစရာစကားတွေမေ့ပြီး ရှက်ကိုးရှက်ကန်း
ဖြစ်နေတဲ့ပုံရိပ်တွေကို မြင်ယောင်နေတတ်ကြပါတယ်။ ဒီအမြင်တွေရဲ့ ရလဒ်ဟာစင်ပေါ်ကို ရောက်တဲ့အခါပေါ်တော့တာပါပဲ။ သူတို့ကိုယ်သူတို့ ကြိုတင်မြင်ထားတဲ့အတိုင်းစင်ပေါ်မှာ တကယ်ဖြစ်လာ ကြတယ်လေ။
 

ဟုတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မြင်တဲ့အမြင်ကို စိတ်ကအဆုံး အဖြတ်ပေးပြီး တကယ့်အရှိတရား တွေဖြစ်လာအောင်ဖန်တီးပေးတာပါ။
 

ကြောက်စိတ်တွေဝင်နေရင်ကြောက်တဲ့အတိုင်း တကယ်ဖြစ်လာတယ်။ စိုးရိမ်စိတ်တွေဝင်နေရင် စိုးရိမ်နေတဲ့အတိုင်း တကယ်ဖြစ်လာတတ်တယ်။ ဒီလိုပါပဲ ယုံကြည်စိတ်တွေဝင်နေရင်တော့ယုံကြည်တဲ့အတိုင်း တကယ်ဖြစ်လာမှာပဲပေါ့။ အလုပ်ခွင်မှာ အမှားတွေလုပ်မိပြီး ဆုံးရှုံးမှုတွေကြုံလာတဲ့အခါ "ဟူး၊ ဒီလိုဖြစ်မယ်လို့တော့ ငါထင်သားပဲ” ဆိုပြီး
ပြောတတ်ကြတာကို သတိထားကြည့်ပါ။
 ကိုယ်ထင်မြင်နေတဲ့ အရာတွေဟာ တကယ်ဖြစ်လာမှာပဲပေါ့။
 
 
ဆရာဖူးကျော်ဇင်(Future Wave)
 
 

ဗုဒ္ဓနည်းကျ ရေစက်ချအမျှဝေနည်း


 
 မေး။ ။ ဘုရားအလိုကျ အမျှပေးဝေနည်းကိုလည်း တင်ပြပေးပါဘုရား။

  ဖြေ။ ။ ပထမဦးဆုံးအနေနဲ့ ရေစက်ချခြင်းအကြောင်းကို ကျမ်းဂန်များတွင် လာရှိတာကို ဖော်ပြပေးပါမယ်။
ကျမ်းဂန်များတွင် အလှူရှင်မှ အလှူခံလက်ထဲသို့ ရေစက်သွန်းချလှူလိုက်ပြီး အလှူခံပုဂ္ဂိုလ်သည်
အလှူရေစက်ကို လက်ဖြင့်ခံယူကာမျှဖြင့် အလှူဝတ္ထု သက်ရှိသက်မဲ့အရာအားလုံး
အလှူခံပုဂ္ဂိုလ်ပိုင်ဆိုင်သွားပါတယ်။
(ဝိ၊ဋ္ဌ၊၃၊၄၁၆)

ဗိမ္ဗိသာရမင်း ဝေဠုဝန်ကျောင်းရေစက်ချပွဲပြုလုပ်စဉ်က
၁။ အလှူရေစက်ကို ရွှေကရားတွင်ထည့်ထားသည်။
၂။ မွှေးကြိုင်သောပန်းနံ့သာ ထုံမွှမ်းထားသည်။
၃။ အလှူရေစက်သည် မြအဆင်းကဲ့သို့ ကြည်လင်သန့်ရှင်းနေသည်။
၎။ အလှူရေစက်ကို ဗုဒ္ဓရဲ့လက်ထဲသို့ လောင်းချလှူဒါန်းသည်။ (ဗုဒ္ဓဝင်အဋ္ဌကထာ၊ ၂၅)

အထက်ပါရေစက်ချပုံကိုထောက်ဆ၍ သာမန်ပုဂ္ဂိုလ်များအား လှူဒါန်းမည်ဆိုပါက ရေစက် ကို ရေကောင်း ရေသန့်ဖြင့် စီမံပါ။ ဘုရားအစရှိသော သံဃာတော်များအား လှူဒါန်းရေစက်ချမည်ဆိုပါက သက္ကစ္စဒါန အထောက် အပံ့ဖြစ်အောင် ရေထဲ တွင် မွှေးကြိုင်သော နံ့သာထည့်ထားပါ။

တစ်ခါ ရေစက်ခွက်စီမံပုံနဲ့ပတ်သတ်ပြီး
ကျမ်းဂန်များတွင် ဖော်ပြရာမှာ အနာထပိဏ်သူဌေး ဇေတ၀န် ကျောင်းလှူသော အခါ၊ ဒေဝါနံပိယတိဿမင်း မဟာမေဃဝန်ဥယျာဉ် လှူသောအခါတို့တွင် အလှူရေစက်ကို ရွှေကရား၌ ထည့်ထားပြီး ရေစက်သွန်းချကြပါတယ်။ (ဇာ၊ဋ္ဌ၊၁၊ ၁ဝ၉။ ဝိ၊ဋ္ဌ၊၁၊၆ဝ)

ကျောင်းစသော ထာဝရ၀တ္ထုရေစက်ချရာတွင် ရေစက်ခွက်မထားဘဲ ဘုရားရဟန္တာ လက်ထဲ၌သာ ရေစက် သွန်းချကြောင်း မှတ်သားရပါတယ်။ ဆွမ်းကပ်လှူဒါန်းရာတွင် ရေစက်ချရာ၌
ဗုဒ္ဓရဲ့သပိတ်၊ ဗုဒ္ဓမပါက မထေရ်ကြီး များရဲ့သပိတ်ထဲသို့ အလှူရေစက်သွန်းချလှူဒါန်းကြပါတယ်။ (ဓမ္မ၊ဋ္ဌ၊ စူဠပန်ဝတ္ထု)

ဗုဒ္ဓ၏ရုပ်ပွားဆင်းတုတော်များပေါ်လာချိန်တွင် ရုပ်ပွားတော်နဲ့တကွ သံဃာတော်များဆွမ်းလှူဒါန်းသောအခါ ရုပ်ပွားတော်စေတီတော်ကိုရည်စူး၍ ရေစက်ခံသပိတ်တို့ကို ရှေ့၌ထားကြပါတယ်။
(ဝိ၊ဋ္ဌ၊၃၊၄၂၄။ ဝိ၊သင်္ဂဟ၊၂၅၅။ ကင်္ခါဋီကာသစ်၊၂၉၈)

တဖန် ရေစက်ချပုံအနေအထားနဲ့ပတ်သတ်ပြီး ဗိမ္ဗိသာရမင်း၊ အနာထပိဏ်သူဌေးတို့သည် ရွှေ ကရားဖြင့် ရေစက်ချသောအခါ တံစက်မြိတ်မှရေကျသလို ရေကိုတဖြည်းဖြည်းချင်း
ယဉ်ယဉ်ကျေးကျေး ဗုဒ္ဓလက်တော်သို့ သွန်းလောင်းကြပါတယ်။

အလှူဒါနပြုလုပ်ရာတွင် ရေစက်ချရခြင်းအကြောင်းမှာ-

၁။ အလှူဝတ္ထုကိုယ်စားပြု၍ အလှူခံလက်ထဲသို့ အပ်နှင်းရန်အကျိုးငှာ အလှူဒါနမြောက်ကြောင်းပြရန် ရေစက်ချတာပါ။
၂။ ရေစက်ချသောအခါ အလှူခံကလက်ဖြင့် ခံယူလိုက်သဖြင့် အလှူဝတ္ထုအားလုံး အလှူခံပိုင်ဆိုင်သွားသဖြင့်
မည်သူမျှပြန်ယူသိမ်းပိုင်ခွင့် မရှိအောင် ရေစက်ချလှူဒါန်းရခြင်း ဖြစ်ပေတယ်။

သာဓကအားဖြင့် ဝေဿန္တရာမင်းသည် သားတော်သမီးတော်တို့ကို ရေစက်ချလှူဒါန်းလိုက်သောကြောင့် ဘိုးတော်မင်းသည်
သူ့မြေးများကို ပုဏ္ဏားထံမှ အာဏာဖြင့် သိမ်းယူမရသလို မြေးဖြစ်သူများကလည်း ဘိုးတော်မင်း ခေါ်တိုင်း
သွားလို့မရတော့ချေ။ ဒါကြောင့် အဘိုးဖြစ်သူမင်းက
မြေးတော်များကို ပုဏ္ဏားထံမှ ခွင့်ပြုချက်ဖြင့် ရွှေပိဿာ
(၁ဝဝဝ)နဲ့ ဝယ်ယူလိုက်ရပါတယ်။

ဒါကြောင့် အလှူဒါနပြုလုပ်တိုင်း အနည်းဆုံး စိတ်ထဲကနေဆုတောင်းခြင်း၊ ရေစက်ချအမျှဝေခြင်းများ ပြုလုပ်ကြဖို့ လိုအပ်ပါတယ်။ ဆက်လက်၍ ရေစက်ချအမျှဝေခြင်းနဲ့ပတ်သတ်ပြီး ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေ သေချာ
ကျနစွာ မသိကြတာကြောင့် ဦးဇင်းဖတ်မှတ်လေ့လာဖူးသမျှ ရေးပေးပါဦးမယ်။

အမျှဝေခြင်းကို ပတ္တိဒါနလို့ခေါ်ပြီး သာဓုခေါ်ခြင်းကို ပတ္တာနုမောဒနလို့ ခေါ်ပါတယ်။ ပတ္တိဆိုတာ ကုသိုလ်ရှင်က မိမိပိုင်သောကုသိုလ်ကို သူတစ်ပါးအား ပေးဝေရာတွင် ခံယူရရှိမည့် သာဓုခေါ်ဆိုသူထံ ပေးဝေသော ကုသိုလ်ကို ပြောတာပါ။ ထိုသို့ကုသိုလ်ပေးဝေရာတွင် တစ်စိတ်တစ်ပိုင်းကို ပေးတာမဟုတ် အညီအမျှရရှိအောင် ပေးပါတယ်။

ဥပမာ-ကုသိုလ်ရှင်က တစ်ပိဿာကုသိုလ်ရရင် သူရသလောက် တစ်ပိဿာလုံးကို ပေးဝေလိုက်တာပါ။
ဒါကြောင့် ပတ္တိ-ကုသိုလ်အမျှကို ဒါန-ပေးခြင်း၊ ဝေခြင်း။ ပတ္တိဒါန-အမျှဝေခြင်းလို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။
ပတ္တာနုမောဒန-ပတ္တိ-အနုမောဒန၊ ပတ္တိ-ကုသိုလ်အမျှကို၊
အနုမောဒန-ဝမ်းမြောက်စွာသာဓုခေါ်ဆိုခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

ပတ္တိဒါန အမျှဝေရာတွင် မိဘဆရာသမား ဆွေမျိုးတို့အား အမျှဝေခြင်းကို သြဓိသအမျှဝေခြင်း၊
အလုံးစုံသော သတ္တဝါတို့အား အမျှဝေခြင်းကို အနောဓိသအမျှဝေခြင်းဟု ခေါ်ဆိုကြောင်း
ကျမ်းဂန်မှာ လာရှိပါတယ်။ (အဘိ၊ဋ္ဌ၊၁၊ ၂၀၂)

ထိုသို့ကုသိုလ်အမျှဝေရာတွင် ကုသိုလ်ရဲ့အကျိုးကိုပါ ဝေရာရောက်သွားသောကြောင့် ဆွမ်းအလှူဒါန
အမျှဝေသောအခါ သာဓုခေါ်ဆိုသူဟာ ဆွမ်းဒါနကုသိုလ်ရသလို အလှူရှင်ရဲ့
ဆွမ်းအကျိုးငါးပါးကိုလည်း ရရှိသွားပါတယ်။

သူတစ်ပါးက အမျှဝေလိုက်သော ဒါနကုသိုလ်၊ သီလ၊ ဝေယျာဝစ္စ၊ ဓမ္မဿဝန၊ ဓမ္မဒေသနာကုသိုလ်စသည်
တို့ကိုလည်း ဝမ်းမြောက်ဝမ်းစွာ သာဓုခေါ်ဆိုပါက ပတ္တာနုမောဒနကုသိုလ် ဖြစ်ပါတယ်။
သူတစ်ပါးက အမျှမဝေတဲ့ကောင်းမှုကိုလည်း မိမိက သာဓုခေါ်ဆိုပါက ပတ္တာနုမောဒနကုသိုလ်မရပေမဲ့ အနုမောဒနကုသိုလ်ရခြင်းကြောင့် သူတစ်ပါးကောင်းမှုကိုတွေ့မြင်ပါက
ဝမ်းမြောက်ဝမ်းသာဖြစ်ပေးမယ်ဆိုရင် မုဒိတာဘာဝနာကုသိုလ်နဲ့နည်းတ
အနုမောဒနာအကျိုး ရရှိပါတယ်။

ထိုကုသိုလ်ကြောင့် မျက်မှောက်ဘဝတွင် လူချစ်လူခင်ပေါခြင်းအကျိုးရသလို တမလွန်တို့မှာလည်း
ခံတွင်းမှ ကြာညိုနံ့သင်းခြင်း အကျိုးများ ရရှိပါပေတယ်။

ပတ္တိဒါန၊ ပတ္တာနုမောဒနကုသိုလ်သည် ဒါနကုသိုလ်တစ်ခုသာ အကျုံးဝင်သည်မဟုတ်
သီလ၊ ဝေယျာဝစ္စ၊ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ စာချ၊ စာသင်၊ ကျမ်းပြုကုသိုလ်များတွင်လည်း အကျုံးဝင်တာမို့
ထိုကုသိုလ်များကိုလည်း အမျှဝေ၊ သာဓုခေါ်၊ ဝမ်းမြောက်ခြင်း အနုမောဒနာများ ပြုလုပ်ပေးပါက အကျိုးများစွာ ရရှိပါတယ်။

သာဓကအနေနဲ့ဖော်ပြပေးရမယ်ဆိုရင် မင်းတုန်းမင်းလက်ထက် အလုံဂိုဏ်အုပ် ကျောက္ကာ တောင်ဖီလာ ဆရာတော်သည် ရွှေတိဂုံဘုရားသွားဖူးတဲ့အခါ လမ်းတွင် နတ်လူသာဓုခေါ်စေသော် ဆိုင်းဘုတ်တွေ့တိုင်း သာဓုခေါ်ဆိုသလို ဆိုင်းဘုတ်မရှိတဲ့ ကောင်းမှုလုပ်ထားတဲ့ အဆောက်အဦးများတွေ့ရင်လည်း သာဓုခေါ်ဝမ်းမြောက်ခြင်းများ ပြုလုပ်ခြင်းကြောင့် ပတ္တာနုမောဒန၊ အနုမောဒနာကုသိုလ်နှစ်မျိုးလုံး
ဘုရားဖူးသွားရင်း ယူတော်မူလေ့ရှိပါတယ်။ ဒါကြောင့် မိမိဗုဒ္ဓဘာသာဝင်များ ဘုရားဖူးသွားရင်းဖြစ်စေ၊ လမ်းသွားရင်းဖြစ်စေ ကြုံတွေ့ရတဲ့ ကောင်းမှုများကို
ယူတတ်မယ်ဆိုရင် ကုသိုလ်ချည်းပဲမို့ သတိထားယူတတ်ဖို့ရန် လေ့ကျင့်ပေးကြပါလေ။

ဒါပြင် လယ်တီဆရာတော်ဘုရားကြီး ကျမ်းစာရေးရင် ခဲတံချွန်ပေးရသော ဦးနန္ဒိယသည် ဆရာတော်ကြီးက
သင်္ကန်းစတဲ့ ပစ္စည်းဝတ္ထုများစွန့်ကြဲပါက မယူဘဲ နေ့စဉ် ဆရာတော်ရေးသားသော ကျမ်းပြုရခြင်း ပတ္တိဒါနကိုပဲ ခံယူလိုပါတယ်လို့ လျှောက်ထားပါတယ်။
ထိုအခါ ဆရာတော်မှ နေ့စဉ်ကျမ်းပြုရသော ကောင်းမှုများကိုဦးနန္ဒိယအား အမျှဝေပေးပါသည်လို့ မိန့်ကြားလျှင် ဦးနန္ဒိယမှ သာဓုခေါ်ဆိုတော်မူပါတော့တယ်။
ဒါဟာလည်း မျက်မှောက်တခဏတာ အသုံးပြုရမဲ့ ပစ္စည်းဝတ္ထုများထက် သံသရာတစ်လျှောက်လုံးအတွက် အရေးကြီးသောကုသိုလ်ကိုသာ အဓိကထားယူဖို့ သင်ခန်းစာရရှိစေတာမို့ ကျင့်သုံးလိုက်နာကြရပါမယ်။

ပတ္တာနုမောဒန-သာဓုခေါ်ဆိုရကျိုးနဲ့ပတ်သတ်ပြီး မျက်မှောက်အကျိုး၊ တမလွန်အကျိုးပေးများကို
ကျမ်းဂန်များမှ အနည်းငယ် ဖော်ပြပေးပါဦးမယ်။
သာဓုခေါ်ဆိုလိုက်သည်နဲ့ အကျိုးပေးများရရှိသွားရာ အကျိုးပေးစေတနာဇော(၇)ချက် ဇောသွားရာတွင်
ထိုဇောများထဲမှ ပထမဇောသည် မျက်မှောက်ဘ၀တွင် အကျိုးပေးသည်။
သတ္တမဇောသည် ဒုတိယဘဝတွင် အကျိုးပေးသည်။ အလယ်ဇောငါးချက်သည် တတိယဘဝမှစ၍
နိဗ္ဗာန်ရောက်တဲ့ထိ အကျိုးပေးသည်။

ပထမဇောက မျက်မှောက်ဘဝ အကျိုးပေးအရာတွင် ခဏချက်ခြင်းအကျိုးပေးတာရှိသလို နှစ်၊ လကြာမှ
အကျိုးပေးတာများလည်း ရှိပါတယ်။ လူနတ်ပြိတ္တာတို့တွင် ပရဒတ္တုပဇီဝိကပြိတ္တာလို့ခေါ်တဲ့ ရည်ညွှန်းပြီး နာမည်နဲ့အမျှဝေခံရတဲ့ ပြိတ္တာသာ အဲဒီပြိတ္တာက အမျှသာဓုခေါ်လိုက်တာနဲ့ ချက်ခြင်းအကျိုးပေးရရှိပါတယ်။
ကျန်တဲ့ လူ၊ နတ်၊ ဝေမာနိကပြိတ္တာ၊ ဝိနိပါတိက အသူရာကယ်တို့မှာ အကြောင်းတိုက်ဆိုင်မှ
ခဏချက်ခြင်း အကျိုးပေးရကြပါတယ်။ များသောအားဖြင့် နောက်နောင်အချိန်ကြာမှသာ
အကျိုးပေးတွေ ရကြတာပါ။

လူတွေသာဓုခေါ်လို့ အကျိုးပေးရရှိတာကို မိမိတို့ဗုဒ္ဓဘာသာဝင်တွေမှာ မသိရှိကြတဲ့အတွက်
တချို့က သာဓုခေါ်တာ အကျိုးမရှိဘူးလို့ ထင်မြင်ယူဆနေကြတာတွေ ရှိနေကြတာမို့
လူ့ဘဝမှာပင် အမျှကုသိုလ်သာဓုခေါ်ဆိုမှုကြောင့် အကျိုးရရှိတာကို တင်ပြပေးပါဦးမယ်။

ဂေါတမဘုရားလောင်းတော်ဟာ တစ်ခုသောဘဝမှာ သင်္ခအမည်ရှိတဲ့ ကုန်သည်ကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။
တစ်နေ့ တပည့်များစွာနဲ့ ကုန်ကူးသွားဖို့ သင်္ဘောဆိပ်သွားရာ လမ်းတွင် ဖိနပ်၊ ထီးမပါသော ပစ္စေကဗုဒ္ဓါတစ်ပါးကိုမြင်တွေ့ရသဖြင့် ဖိနပ်ထီး လှူဒါန်းခဲ့ပြီး သမုဒ္ဒရာကို ရွက်သင်္ဘောစီးသွားကြလေသည်။ လမ်းတွင် မုန်းတိုင်းကြောင့် သင်္ဘောမြုပ်နစ်သွားရာ ဘုရားလောင်းနဲ့အနီးနေတပည့်တို့က
သင်္ဘောတိုင်ထိပ်တတ်ပြီး သမုဒ္ဒရာထဲ ခုန်ချကြသည်။ ကျန်တပည့်များကတော့ သင်္ဘောနစ်ရင်း သေဆုံး
သွားကြလေသည်။ ဘုရားလောင်းသည် သမုဒ္ဒရာထဲမျောပါနေချိန်မှာ သီလစောင့်ထိန်းရင်း မျောလိုက်နေလေသည်။

အဲဒီချိန်မှာ မဏိမေခလာနတ်သမီးသည် ဘုရားလောင်းရဲ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်ထံ ဖိနပ်ထီးလှူဒါန်းခဲ့တဲ့
ဒါနကြောင့် ကယ်တင်ရန် ရတနာလှေကြီးဖန်ဆင်း ရောက်ရှိလာလေသည်။

နတ်သမီးက ဘုရားလောင်းကိုပဲ ကယ်တင်ပြီးတပည့်ဖြစ်သူကို မကယ်တယ်ဘဲထားလေရာ
ဘာကြောင့် မကယ်တင်ရတာလဲလို့ နတ်သမီးကိုမေးရာ တပည့်ဖြစ်သူမှာ ကုသိုလ်မရှိလို့ မကယ်တင်ကြောင်းသိလိုက်တာနဲ့ ဘုရားလောင်းမှ သူ့ကုသိုလ်ကို အမျှဝေပေးလိုက်သည်။ ထိုအခါ တပည့်ဖြစ်သူမှ သာဓုခေါ်ဆိုလိုက်သည်နဲ့ နတ်သမီးလည်း ကယ်တင်ပေးလိုက်လေသည်။ ဒီဇာတ်ကြောင်းလေးကတော့ သာဓုခေါ်ဆိုခြင်းကြောင့် ခဏချက်ခြင်း အကျိုးပေးရရှိသော လူ့ဘုံအကြောင်းပါ။
(ဒသကနိပါတ်၊ သင်္ခဇာတ်)

တစ်ခါ နတ်တို့ သာဓုခေါ်ဆိုမှုကြောင့် အကျိုးပေးရရှိပုံကို အနည်းငယ်တင်ပြပေးပါဦးမယ်။ မစ္ဆုဒ္ဒါနဇာတ်တွင်
ဘုရားလောင်းသည် မြစ်ထဲ၌ရှိသော ငါးတို့အား
ထမင်းများကျွေးမွေးပြီး အမျှဝေသောအခါ မြစ်စောင့်နတ်သည် သာဓုခေါ်ဆိုလိုက်သဖြင့် ချက်ခြင်း စည်းစိမ်းချမ်းသာတိုးပွားသွားသည်။ ယခု မြစ်စောင့်နတ်အကျိုးရရှိပုံကို
ထောက်ဆကြည့်ပြီး ကျန်တဲ့ ဝေမာနိကပြိတ္တာ၊ ဝိနိပါတိက အသူရာတို့လည်း ထိုနည်းတူ
အကျိုးရရှိသည်ဟု မှတ်သားနိုင်ပါပြီ။

ဒါနကောင်းမှုပြုတဲ့အခါ အလှူဝတ္ထုဟာ အလှူရှင်လက်ကနေ အလှူခံပုဂ္ဂိုလ်လက်သို့ရောက်ရင် အလှူအထမြောက်ပါတယ်။ ဒါပေမဲ့ နိဗ္ဗာန်ကိုဆုတောင်းပြီး
ဒါနပြုမှသာ မိမိဒါနဟာ ပါရမီဒါနဖြစ်နိုင်သဖြင့် အနည်းဆုံး-ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတုလို့ ဆုတောင်းပြီးအမျှဝေမှသာ ပတ္တိဒါနဖြစ်ပါတယ်။

ဒါကြောင့် အနည်းဆုံး ဣဒံ မေ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမလို့ဆိုပြီး အမျှဝေကာ ဒါနအလှူကို အဆုံးသတ်ကြစမြဲ ဖြစ်ပါတယ်။ဆုတောင်း ခြင်း၊ အမျှဝေခြင်းတို့မှာ ကိုယ်တိုင်ပြုလုပ်ရမှာမို့ တခြားတစ်ယောက်အား ကိုယ်စားပြုလုပ်ခိုင်းလို့ မရဘူးဆိုတာလည်း သိထားဖို့ လိုပါတယ်။
တချို့က ကိုယ်စားလှူခိုင်းပြီး အမျှဝေလို့မရဘူးလားဆိုပြီးမေးတတ်လို့ပါ။

ဆုတောင်းတဲ့အခါမှာလည်း ဤသို့လှူဒါန်းရသောအကျိုးအားကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏လို့
ဆုတောင်းရမှာဖြစ်သလို အမျှဝေတဲ့အခါမှာလည်း ဤကောင်းမှု၏ အဖို့ဘာဂကို
သတ္တဝါအားလုံး ရရှိကြပါစေဟု စိတ်စေတနာ လေးလေးနက်နက်နဲ့ပြုလုပ်မှသာ ဘုရားအလောင်း
သူတော်ကောင်းတို့လို ဖြစ်မှာပါ။

မြတ်စွာဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးဘ၀မှာ ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါတယ်။ အဲဒီလိုရေစက်ချ အမျှဝေပေးမှုကြောင့် မာရ်နတ်စစ်လာတိုက်ရာတွင် ဗောဓိပင်နှင့် ရွှေပလ္လင်ကိုရရေး (သဗ္ဗညုတဉာဏ် ကိုရရေး)အတွက် ဝေဿန္တရာဘဝတွင် လှူဒါန်းခဲ့ပြီး ရေစက်ချခဲ့သည်ကို ဤမဟာပထ၀ီမြေကြီး အသိသက်သေ ဖြစ်သည်ဟု သက်သေပြုတဲ့အတွက် ပထဝီမြေကြီးက သက်သေခံခဲ့တာပါ။ တကယ်လို့ ကောင်းမှုကုသိုလ်များများ လုပ်ထားသူဟာ သေခါနီးမှာ မကောင်းတဲ့အာရုံစွဲလမ်းမိလို့ ငရဲသို့ ရောက်သွားလျှင် ယမမင်းက
သူ့အား အမျှဝေ ပေးဖူးသလားလို့ သတိပေးစကားပြောကြာတဲ့အခါ မိမိပြုလုပ်ခဲ့တဲ့ကုသိုလ်၊ အမျှဝေပေးခဲ့တဲ့ကုသိုလ်တို့ကို အမှတ်ရ ပါက ငရဲမှ လွတ်မြောက်ကြရပါတယ်။

အလှူတစ်ခုပြုလုပ်ရာတွင် ဆုတောင်းခြင်းမပြုဘဲ လှူဒါန်းခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်လို့
နိဗ္ဗာန်ကို ဆုတောင်းမှသာ ဒါနပါရမီ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒါနပြုလုပ်ကြသူတိုင်း
ဆုတောင်းခြင်း၊ ရေစက်ချခြင်းတို့ကို မဖြစ်မနေ ပြုလုပ်ကြတာပါ။

ရေစက်ချ အမျှဝေတယ်ဆိုတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာပဲ ရှိပါတယ်။ တခြားဘာသာတွေမှာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့မြတ်ဗုဒ္ဓရဲ့ ဝါဒဟာ အနတ္တ-ငါပိုင်ဆိုတာမထားဘူးဆိုတဲ့ ဝါဒဖြစ်လို့ပါ။ တခြားဘာသာ တွေမှာက အတ္တ-ငါပိုင်ပဲရှိတဲ့အတွက် အမျှဝေခြင်းများ မပြုလုပ်ကြပါဘူး။ ဦးဇင်းတို့ ဝါဒက အနတ္တဆိုတော့ ငါကုသိုလ်ရသလို၊ ငါကုသိုလ်ကြောင့် ကောင်းကျိုးခံစားသလို အားလုံးလည်း ငါလိုပဲ ခံစားကြရပါစေဆိုတဲ့ စေတနာနဲ့ အားလုံးအား တန်းတူပေးတဲ့ ရေစက်ချခြင်းပါ။ ဒါကြောင့် ဘာဖြစ်လို့ရေစက်ချရတာလဲ၊ အမျှဝေရတာလဲဆိုတော့ ငါတို့ဝါဒဟာ အနတ္တဝါဒ-ကိုယ်ပိုင်မထားဘဲ အားလုံးကို တန်းတူရစေချင်တဲ့ စေတနာရှိလို့ပါလို့ ဖြေရပါမယ်။

အဲဒီတော့ အမျှဝေတဲ့လူဟာ မိမိလုပ်တဲ့ ကောင်းမှုဟာ လျှော့မသွားဘဲ ပိုလို့သာ တိုးသွားတယ်ဆိုတာကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ပိုမိုမှတ်မိအောင် ထပ်ဆင့်ပြောပြပေးပါဦးမယ်။ မိမိအိမ်မှာ ဖယောင်တိုင်း တစ်တိုင် မီးထွန်းထားတယ်ဆိုပါစို့။ အဲဒီဖယောင်တိုင်တစ်ခုတည်း ထွန်းထားတာဆိုတော့ ဖယောင်တိုင်းထွန်းတဲ့ အိမ်မှာပဲ အလင်းရောင်အနည်းငယ်ရှိပြီး ကျန်တဲ့အိမ်တွေမှာ အလင်းရောင်မရှိဘဲ တစ်ရွာလုံးဖြစ်စေ၊ တစ်မြို့လုံးဖြစ်စေ မှောင်မည်းနေမှာပါ။ အဲဒီတော့ မိမိက မိမိထွန်းထားတဲ့ ဖယောင်းတိုင်က မီးကို အားလုံး လာရောက်ထွန်းညှီယူကြပါလို့ အမျှဝေသလို အားလုံးကို ရှယ်ယာလိုက်ပေးလိုက်တဲ့အခါကျတော့ တစ်မြို့လုံးဖြစ်စေ၊ တစ်ရွာလုံးဖြစ်စေ အလင်း ရောင်တွေတောက်ပသွားပါတယ်။ အဲဒီလို မိမိက သူများအား မိမိဖယောင်းတိုင်မှ မီးကို ရှယ်ယာပေးလိုက်သော်လည်း မိမိပင်ရင်းဖယောင်းတိုင်မှာ အလင်းရောင် လျှော့နည်းမသွားတဲ့အပြင် မိမိရှယ်ယာလုပ်ပေးလို့ သူများတွေ အလင်း ရောင်းပါရရှိပြီး အလင်းရောင်များ ပိုမိုတိုးသွားသလို အမျှဝေတဲ့လူမှာလည်း အဲဒီလိုပဲ ကောင်းမှုလျှော့မသွားတဲ့အပြင် ကောင်းမှုတွေ ပိုမိုတိုးသွားပါတယ်။

မိမိပြုလုပ်တဲ့ကောင်းမှုကို ရေစက်ခွက်နဲ့ အမျှဝေရန် အခွင့်အခါမသင့်ပါက အပေါ်ကပြောခဲ့တဲ့အတိုင်း အာရုံပြုရမဲ့ အချက်အလက်တွေကို မိမိအာရုံပြုပြီး အမျှဝေပေးပါ။

မိမိအလှူဒါနပြုလုပ်ပြီး အမျှဝေတာကို အမျှဝေတာ
မသိလိုက်သူတွေ၊ နတ်ဗြဟ္မာတွေကို နတ်တွေကနေတဆင့် ပြောကြားပေးပါတယ်။ ဗုဒ္ဓအပါဒါန်ပါဠိတော်နဲ့ အဋ္ဌကထာတို့မှာ ဘုရားလောင်းစကြာမင်းကြီး အလှူဒါနပြုလုပ်ပြီး အမျှဝေတာကို နတ်တွေကတဆင့် ပြောကြား ပေးတယ်လို့ ဖော်ပြထားတာကို ထောက်ဆကြည့်ရင် မိမိအမျှဝေတာကို
နတ်တွေကတဆင့် သာဓုခေါ်နိုင်မဲ့ သတ္တဝါ
အားလုံးကြားသိအောင် ပြောဆိုပေးကြပါလိမ့်မယ်။

တရားနာသောအခါ ရိုသေစွာနာယူပြီး သာဓုခေါ်ဆိုမယ်ဆိုရင် အဲဒီသူဟာ ဖြစ်လေရာဘ၀တို့မှာ အာခံတွင်းမှကြာညိုနံ့ထွက်ခြင်းအကျိုးကို ရရှိပါတယ်။ သာဓကအနေအားဖြင့် တင်ပြပေးရမယ်ဆိုရင်
မြတ်ဗုဒ္ဓလက်ထက်က သာဝတ္ထိမြို့မှာနေထိုင်တဲ့ သူဌေးသမီးရဲ့ ခင်ပွန်းတစ်ယောက်ဟာ သူ့အာခံတွင်းကနေ ကြာညိုနံ့ထွက်ခြင်း အကျိုးပေး ပါရှိလာပါတယ်။
တစ်နေ့မှာ မြတ်ဗုဒ္ဓတရားကို နာကြားရတဲ့အခါ သဒ္ဓါတရားဖြစ် သံဝေဂရပြီး ဇနီးဆီမှာ ခွင့်ပြုချက် တောင်းကာ ရဟန်းပြုသွားခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့သောအခါမှာ ကောသလမင်းက အဲဒီရဟန်းရဲ့ ဇနီးဟောင်းကိုမြင်ပြီး ခင်ပွန်းမရှိဘူး
ဆိုတာနဲ့ မိဖုရားမြှောက်လိုက်ပါတယ်။ကောသလမင်းကြီးက မိဖုရားထံ
ကြာပန်းများပေးတဲ့အခါ ပြုံးပြုံးရွှင်ရွှင်ဖြစ်ပြီးကြာပန်းကို နမ်းရှိုက်ကြည့်တော့ သူ့ခင်ပွန်းဟောင်းရဲ့
အာခံတွင်းနံ့ကို သတိရကာ ငိုပါတော့တယ်။ ဒါနဲ့ ကောသလမင်းကြီးက ဘာလို့ငိုတာလဲမေးတဲ့အခါ
သူ့ခင်ပွန်းဟောင်းရဲ့ အာခံတွင်းနံ့ဟာကြာပန်းရနံ့ထက် မွှေးကြိုင်တာကို သတိရလို့
ငိုမိတာပါလို့ ပြန်ပြောပါတယ်။

ကောသလမင်းဟာ မိဖုရားစကား မယုံတာနဲ့ အဲဒီရဟန်းထံမှ ကြာညိုနံ့ထွက်မထွက်
စမ်းသပ်ကြည့်တဲ့အခါ အမှန်တကယ်ပဲလို့ သိသွားပြီးနောက် မြတ်ဗုဒ္ဓထံ မေးမြန်းလျှောက်ထားကြည့်တယ်
  မြတ်ဗုဒ္ဓက ဒကာတော်မင်းကြီး အဲဒီရဟန်းဟာ ရှေးအတိတ်ဘဝတုန်းက တရားနာသောအခါ
ရိုသေစွာနာယူပြီး သာဓုခေါ်ဆိုခဲ့တဲ့ ကောင်းမှုကံကြောင့် ယခုဘဝမှာ အာခံတွင်းက ကြာညိုနံ့သင်းရခြင်းအကျိုး ရရှိတာပါလို့ မိန့်တော်မူခဲ့ပါတယ်။ (အံ၊ဋ္ဌ၊၁၊၂၁)

ဒါကြောင့် မိမိတို့ဟာ ကိုယ်ပြုလုပ်တဲ့ကုသိုလ်ကိုလည်း သတ္တဝါအားလုံးအား အမျှဝေပေးကြရမှာဖြစ်သလို
သူတစ်ပါးပေးဝေတဲ့ အမျှကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုကြရပါမယ်။ ဒါမှ မြတ်ဗုဒ္ဓရဲ့ အလိုတော်ကျဖြစ်ပြီး ဗုဒ္ဓသာသနာတွင်း လူဖြစ်ရကျိုးနပ်ကာ ဗုဒ္ဓပွင့်ရကျိုးလည်း နပ်မှာပါ။

ဦးဇင်းကတော့ ညစဉ်မေတ္တာပို့၊ ပရိတ်ရွတ်၊ ဂုဏ်တော်ပွား၊ တရားမှတ်ပြီးချိန်မှာ ကိုယ်ပြုတဲ့ ကောင်းမှုမှန်သမျှကိုလည်း သတ္တဝါအား လုံးအား အမျှဝေပေးတယ်။

ပြီးရင် ဘယ်သူက ဘယ်အချိန် အမျှဝေလည်းဆိုတာ သေချာမသိရတဲ့အတွက် တစ်နေ့တာရဲ့ အများကောင်းမှုတွေ အမျှဝေပေးထားတာကိုလည်း မှန်းဆသာဓုခေါ်ဆိုလေ့ရှိပါတယ်။
ဒါကတော့ ဦးဇင်းရဲ့ ကိုယ်ပိုင်အယူအဆပါ။ စာဖတ်သူအားလုံး အသိဉာဏ်ဗဟုသုတများ
တိုးပွားပြီး လိုရာပန်းတိုင်ကို အမြန်လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလျက်……။


-[(အရှင်ကောမလ ဆန်နီနေမင်း) (သာသနတက္ကသီလ ဓမ္မာစရိယ)
B.A (Buddhism), M.A (သီရိလင်္ကာ)Ph.D, Thesis (သီရိလင်္ကာ)]

Dhamma Danã Source ►

မြန်မာဖြစ်မှန်း တန်းသိနိုင်တဲ့ အချက်တချို့


Byမောင်သာချို On Friday, December 19, 2014

(တစ်)

အိမ်နားနီးချင်း ထိုင်းနိုင်ငံရောက် မြန်မာတွေက မေးဖူးပါတယ်။ ထိုင်းနဲ့ မြန်မာဘယ်လိုခွဲမလဲတဲ့။ ဟုတ်ပါ့။ ဘယ်လိုလုပ်ပြီး ခွဲတတ်ပါလိမ့်မလဲ။ ဆံပင်အတူတူ၊ အရပ်အတူတူ၊ မျက်နှာပေါက်အတူတူ၊ အသားအရောင်အတူတူ၊ ပါးစပ်က ထွက်လာတဲ့ စကားသံကို မကြားဘဲနဲ့တော့ ဘယ်လိုမှ ခွဲခြားလို့မတတ်ပေါင်ဗျာ။ ကွယ်လွန်သူသံအမတ်ကြီး ဦးသက်ထွန်းကတောင် သူ့စာတစ်ပုဒ်မှာ ‘‘သိပ်မတူသော အမြွှာညီနောင်’’လို ခေါင်းစဉ်တပ်ပြီး ထိုင်းနဲ့ မြန်မာတို့ ဆင်ဆင်တူပုံတွေကို ရေးခဲ့ဖူးသေးတာပဲဥစ္စာ။


ဟုတ်ပါတယ်။ ကွဲပြားခြား နားမှုရဲ့ သော့ချက်ကို မသိသူတွေ အဖို့ ထိုင်းနဲ့ မြန်မာခွဲရတာ နည်း နည်းကလေးခက်ပါတယ်။ ဒါပေမဲ့ခွဲနည်းကို သူတို့က ပြောပြတော့ လည်း အရှင်းသားပါကလား။


ထိုင်းရဲတွေက မြန်မာကို ဖမ်းတဲ့အခါ နှစ်ချက်ကြည့်လေ့ရှိပါ တယ်တဲ့။ ပထမတစ်ချက်က ပါး စပ်ကိုကြည့်တာပါ။ မသေချာရင် ပါးစပ်ကို ဟပြခိုင်းတတ်ပါတယ်။ ကွမ်းစားထားသလား၊ မစားဘူး လား။ ကွမ်းစားထားရင် မြန်မာ၊ မစားရင် ထိုင်း။ လွဲခဲပါတယ်။ တောနေ တောထိုင်သက်ကြီးရွယ် အို နည်းနည်းပါးပါးကလွဲလို့ သည်နေ့ မျိုးဆက်သစ်ထိုင်းတွေဟာ ဘယ်သူမှ ကွမ်းမစားကြတော့ပါ ဘူး။ ဒါကြောင့် ပါးစပ်မှာ ကွမ်းစား ထားတဲ့ အရိပ်အယောင်ကလေး တွေ့လိုက်ရပြီဆိုတာနဲ့ အဲသည့် လူကို ဖမ်းပြီး လိုချင်တာကို ညှစ် လို့ရပါပြီ။ ဧကန်မုချ အဲဒါ မြန်မာ နိုင်ငံသားပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ ကားလမ်း၊ ရထားလမ်း၊ ဘူတာရုံ၊ လူသွားစင်္ကြံ၊ ဆေးရုံ၊ ကျောင်း၊ရုံး၊ လှေကားအတက်အဆင်းနေ ရာတိုင်းမှာ ကွမ်းတံတွေးတွေနဲ့ ပေ လူးနေတာကို အားလုံးအသိပဲမို့ ထိုင်းရောက်မြန်မာအမျိုးကောင်း သားတို့က အဲဒါကို ဆက်ပြီးကျင့် သုံးကြတဲ့အခါ ထိုင်းရဲက ဖမ်းဖို့ လွယ်ကူသွားတာပါ။


(နှစ်)

ကျွန်တော်က ဒါဆိုရင် ကွမ်း မစားကြတော့ဘူးဆိုရင်ဖြင့် ခွဲရ ခက်သွားမှာပေါ့လို့ အထွန့်တက် မိခဲ့ပါသေးတယ်။ မိတ်ဆွေက ရယ်ပါတယ်။ မခက်ဘူး ဆရာရဲ့ တဲ့။ တခြားနည်းလမ်းတွေရှိသေး တယ်တဲ့။ ဆိုစမ်းပါဦးလို့ စကား ကလေးထောက်ပေးတော့ ရယ် သွမ်းသွေးရင်းကနေ မလှမ်းမ ကမ်းက ပလက်ဖောင်းပေါ်မှာ လျှောက်သွားနေတဲ့ လူတစ် ယောက်ကို လက်ညှိုးညွှန်ပြပါ တယ်။ အဲဒါ မြန်မာဗျတဲ့။ ကျွန် တော်က ခင်ဗျား ဘယ်လိုခွဲခြားသ တုံးဗျာလို့ မေးမိတော့ သူက ဟိုမှာလမ်းသွားရင်းနဲ့ ဖုန်းကို ပွတ်သွား နေတာ မတွေ့ဘူးလားတဲ့။ ဟုတ် တယ်ဗျ။ လမ်းတစ်လျှောက်လုံး မှာကို လက်ထဲက ဖုန်းကို တရစပ်ပွတ်ပြီး လျှောက်သွားနေတာ။ သူ ပြောမှပဲ သတိထားမိတော့တယ်။ ထိုင်းနိုင်ငံသားအားလုံးလိုလိုဟာ အကြောင်းမဲ့သက်သက် ဖုန်းကို ပွတ်နေတယ်ဆိုတာ အလွန်တွေ့ ရခဲတာကလား။ အမျိုးကောင်း သား မြန်မာတို့သာ ဘူတာရုံမှာ ပွတ်၊ ကားမှတ်တိုင်မှာပွတ်၊ ရ ထားပေါ်၊ ကားပေါ်ပွတ်၊ ရုံးခန်းစားပွဲမှာပွတ်၊ ခြင်ထောင်ထဲမှာပွတ်၊ လှေကားထစ်ထောင့်ချိုးမှာပွတ်၊ လမ်းဘေးအုတ်ခုံမှာပွတ်၊ ထိုင်ပွတ်၊ ထပွတ်၊ လျောင်းပွတ်၊အိပ်ပွတ်။ ထိုင်းရဲက အရည်မရ အဖတ်မရ ဖုန်းပွတ်နေတာကို မြင်လိုက်တာနဲ့ ဒါမြန်မာနိုင်ငံသားဆိုတာ ကိုးဆယ့်ကိုးဒသမကိုးကိုး သေချာတယ်ဆိုပြီး ဖမ်းတာပါ။ လွဲခဲတယ် ခင်ဗျ။


(သုံး)

မြန်မာနိုင်ငံသားဖြစ်မှန်း တန်းသိနိုင်တဲ့ အချက်တွေဟာ တော်တော်ပဲများပါတယ်။ ထိုင်း ရောက် မြန်မာတွေဟာ ထိုင်းနဲ့ ဆင်တူကြတာကြောင့် ထိုင်းလား၊ မြန်မာလားဆိုတာကို အထက်မှာ ပြောပြခဲ့တဲ့ နည်းလမ်းမျိုးတွေနဲ့ ခွဲရသလို ဥရောပကမ္ဘာလို ၊အနောက်ကမ္ဘာလို နိုင်ငံကလူတွေကျတော့ လည်း ဒါဟာ မြန်မာလား၊ ထိုင်း လား၊ ဗီယက်နမ်လား၊ ကမ္ဘော ဒီးယားလားခွဲခြားရခက်တတ်ပါ တယ်။ ရင်းနှီးသူ၊ လူဖြူမိတ်ဆွေ တချို့က မြန်မာဖြစ်မှန်းတန်းသိ တဲ့အချက်တချို့ကို အသိတရား လက်ဆောင်ဝေမျှပါတယ်။


လေဆိပ်ထဲမှာ Check In ၀င်တဲ့အခါ၊ လေဆိပ်ကောင်တာမှာ Boarding Pass ယူတဲ့အခါ၊ လေယာဉ်ပေါ်သို့တက်၊ လေယာဉ်ပေါ် က ဆင်းတဲ့အခါ တန်းမစီဘဲနဲ့ ဟိုလိုလို သည်လိုလိုလုပ်ပြီး ၀င်လာ သူကို တွေ့တဲ့အခါ အဲဒါမြန်မာပါ တဲ့။


အမှိုက်ကို ရထားပေါ်က၊ ကားပေါ်က၊ လမ်းလျှောက်သွား နေရင်းက၊ တိုက်ခန်းပေါ်က ပစ် ချသူကိုတွေ့တဲ့အခါ အဲဒါမြန်မာ ပါတဲ့။


ကလေးငယ်ကလေးတစ် ယောက်၊ သက်ကြီးရွယ်အိုတစ် ဦး၊ မသန်စွမ်းသူ တစ်ပုဂ္ဂိုလ်ကို တွေ့နေပါလျက်နဲ့ ထိုင်ခုံက မထ ပေးဘဲ နေမြဲနေနေတာ အဲဒါမြန် မာပါတဲ့။


မျဉ်းကျားကနေ လမ်းကူးဖို့ စောင့်နေတဲ့ လူကိုရပ်မပေး၊ ကူး နေတဲ့သူကို တွေ့တော့လည်း နင် ပဲ ငဆနဲ့ဆဲဆိုကြိမ်းမောင်းပြီး မထီမဲ့မြင်မောင်းနှင်ထွက်သွားတတ် တဲ့ ကားမောင်းသူနဲ့တွေ့တဲ့အခါ အဲဒါ မြန်မာပါတဲ့။


အသက်မပြည့်တဲ့ ကလေး တွေကို စီးကရက်ရောင်းပေးတာ မြန်မာ၊ အရက်ဘီယာရောင်းပေး တာ မြန်မာ၊ အိမ်နားနီးချင်းတွေ နားမခံသာအောင် သီချင်းတွေ၊ တရားခွေတွေ ၀က်ဝက်ကွဲဖွင့်တာ မြန်မာ၊ ကိုယ့်ကြောင့် လူတစ် ယောက်ယောက် အနေအထား ပျက်သွားတဲ့အခါ တောင်းပန်ပါ တယ်လို့ တိုးလျှိုးဖို့ ၀န်လေးနေ တာ မြန်မာ၊ သြော်...မြန်မာရဲ့ သိ သာထင်ရှားတဲ့ အမှတ်အသား တွေဟာ များလှချည်ရဲ့။


ဒါပေမဲ့...အဲဒါတွေဟာ ကျေနပ်စရာတွေလားလို့ မေးခဲ့ရင် မြန် မာနိုင်ငံသားတွေ ဘယ်လိုဖြေကြ လေမယ် မသိ။ စိတ်တွေ ဘာတွေ ရော ဆိုးနေကြဦးမှာလေလား။ ကျွန်တော်ကတော့ မဆိုးဘူး။ မ ဆိုးချင်ဘူး။ အဲဒါ ကျွန်တော်တို့ရဲ့ ပုံရိပ်ပဲလေ။ အဲသည့်ပုံရိပ်ကို ကျွန်တော်တို့ ကိုယ်တိုင်ဖန်တီးခဲ့ကြ တာပဲလေ။


မကျေနပ်ရင် အဲသည့်ပုံရိပ် တွေကို ဖျက်ပစ်ဖို့ပဲပေါ့။ ပုံရိပ်လှ အောင်ပြန်ပြီး ထုဆစ်ကြရုံပဲပေါ့။ အဲဒါ စာဖတ်တဲ့သူတွေရော၊ စာ မဖတ်တဲ့သူတွေရော ပြန်ပြီး ထု ဆစ်ကြမှရမယ့်ကိစ္စ။ မြန်တာနှေး တာက နိုင်ငံသားတွေနဲ့ စိတ်ဇော အဟုန်ထက်သန်မှု၊ မထက်သန် မှု။


  မောင်သာချို

30 Jan 2015

လူငယ်ဆိုတာ လန်းရမယ် …


“အားရှိတဲ့အချိန်မှာ ခုန်လိုက်ပါ” ဆိုတဲ့ စာအုပ်လေးက ထင်ထားတာထက် ပရိတ်သတ်က အများကြီး အားပေးကြတဲ့အတွက် ဝမ်းသာစရာပါ … ရန်ကုန်မိတ်ဆက်ပွဲပြီးတော့ မိထ္ထီလာ နည်းပညာ တက္ကသိုလ် စာပေ နဲ့ အနုပညာ အသင်း ရဲ့ စီစဉ်မှု နဲ့ စိတ်ဓာတ်ခွန်အားဖြည့်ဟောပြောပွဲ လေး ကျင်းပခဲ့သလို … စာအုပ်ကိုလည်း အမှတ်တရ လက်မှတ်ထိုး ရောင်းချခဲ့ပါတယ် … လူငယ်တွေ တက်တက်ကြွကြွ အားပေးကြတာကို တွေ့ရတော့ ဝမ်းသာပီတိ ဖြစ်မိတယ် …


လူငယ်တွေ ဂီတဖျော်ဖြေပွဲ တွေကို စိတ်ဝင်စားကြသလို … စာအုပ် စာပေကိုလည်း အားတက်သရော စိတ်ဝင်စားကြတာကို ကျွန်တော် သွားခဲ့တဲ့ ဟောပြောပွဲတွေတိုင်းမှာ လက်တွေ့မြင်ခဲ့ရပါတယ် … ။ လူငယ်တွေကို ရည်ရွယ်တဲ့ အတွက် ဟောပြောပွဲ ခေါင်းစဉ်ပေးရတာလည်း လူငယ်တွေ စိတ်ဝင်စားဖို့ လိုပါတယ် …

ဒီနေ့ခေတ်လူငယ် တွေကြားမှာ အသုံးများတဲ့ လန်းဆိုတဲ့စကားကို သွားသတိရမိလို့ … “လူငယ်ဆိုတာ လန်းရမယ်” လို့ နာမည်ပေးလိုက်တာပါ … ပွဲမှာလည်း တကယ်ကို လန်းဆန်းတက်ကြွတဲ့ လူငယ်တွေ … ကို တွေ့ခဲ့ရတော့ ပွဲတွေဆက်နေပေမယ့် ကိုယ်ကိုတိုင် မောရမှန်းမသိပါဘူး … ကဲ ကျွန်တော်ပြောချင်တဲ့ လူငယ်တွေ “လန်းရမယ်” ဆိုတာက LEARN ကိုလည်း လေ့လာသင်ယူရမယ် ဆိုတဲ့ တစ်ခုတည်း အဓိပ္ပာယ်သာမက တစ်လုံးခြင်းကို ဒီလိုပြောခဲ့ပါတယ် …

L E A R N ဆိုတာက

L – Listen to Learning
==============
- လေ့လာသင်ယူဖို့အတွက် နားထောင်ပါ
---------------------------------------------
ကျွန်တော်တို့ တစ်တွေဟာ ကိုယ်ကသာ ပြောချင်သလောက် သူများပြောတာကို နားထောင်ဖို့ ဝန်လေးတတ်ပါတယ် … တကယ်တော့ ထောင်တတ်တဲ့ နားတစ်စုံသာရှိရင် ကိုယ့်အတွက် လေ့လာ သင်ယူ လို့ရပါတယ် … ဒါကို “နားထောင်ခြင်းဖြင့် သင်ယူခြင်း” ဆိုတဲ့ ဆောင်းပါးမှာ အသေးစိတ် ရေးခဲ့ပါပြီ … ကိုယ့်ကို နည်းပေးလမ်းပြပေးမယ့် လမ်းညွှန်ပြသမယ့်သူတွေ ရဲ့ စကားတွေကို နားထောင်တာဟာ သင်ယူခြင်းတမျိုးပါ … “ပဏ္ဍိတာနဉ္စ္စသေ၀နာ” ဆိုတဲ့ ပညာရှိကို ဆည်းကပ်ခြင်း မင်္ဂလာတရားတော်နဲ့ လည်း ညီပါတယ် … ကျွန်တော် ဆရာအမ်း ဆီမှာ တောက်တိုမယ်ရ လုပ်နေတုန်းက ဆရာအမ်းနားတဲ့ အချိန်လေးတွေ ပြောပြတဲ့ သူရဲ့ဘဝအတွေ့ အကြုံတွေကို နားထောင်းရင်းနဲ့ ကိုယ့်အတွက် တကယ်သုံးဝင်တဲ့ အကြောင်းအရာ ပေါင်းစုံကို ရရှိခဲ့ပါတယ် … ။

E – Explode the thoughts
================
- အတွေးတွေကို ဖြန့်ကျက်လိုက်ပါ
---------------------------------------
Explode ရဲ့ မူလအဓိပ္ပာယ်က ပေါက်ကွဲတာ၊ ဖောက်ခွဲတာ ဖြစ်ပေမယ့် ကျွန်တော်ကတော့ ဒီမှာ ဖြန့်ကျက်တဲ့ အသုံးနဲ့ သုံးချင်ပါတယ် … ။ လေ့လာမှုက ရရှိလာတဲ့ အသိအပ်ါအခြေခံပြီးတော့ ဆက်တွေးဖို့ အတွေးကို ဖြန့်ကျက်ဖို့လိုပါတယ် … ဒါဆိုရင် ကိုယ်ဘာဖြစ်ချင်တယ် … ဘာလုပ်ချင်တယ်ဆိုတာ … ဆိုတာကို မြင်လာပါလိမ့်မယ် ကျွန်တော်တို့ မြန်မာလူငယ်တွေဟာ ဘောင်တစ်ခုအတွင်းမှာ ကြီးပြင်းလာကြတော့ ပတ်ဝန်းကျင် လွှမ်းမိုးမှုရဲ့ အောက်မှာ ကိုယ့်ရဲ့ ပင်ကိုဖြစ်ချင်တဲ့ စိတ်ကို မမြင်မိတတ်ပါဘူး … ဥပမာ … Channel 7 က အစီအစဉ်တစ်ခု ဖြစ်တဲ့ “မိသားစု ပြိုင်ပွဲ” ကို တစ်ခါကြည့်လိုက်တော့ အဲဒီမှာ မေးခွန်းတစ်ခု မေးတယ် ကလေးတွေကို သားသား/မီးမီး ကြီးလာရင် ဘာလုပ်မယ် လို့ မေးတဲ့အခါ နံပါတ် (၁) ဆရာဝန်၊ (၂) က အင်ဂျင်နီယာ၊ (၃) ကတော့ စစ်ဗိုလ်ကြီးလို့ ဖြေကြတယ် … အဲဒီမေးခွန်းကိုပဲ ကျွန်တော် စစ်ကိုင်းမှာရော … ခု မိထ္ထီလာမှာရော မေးကြည့်တော့ အဲဒီအတိုင်း ဖြေကြတယ် … ။ ဒီအဖြေဟာ ကလေးတွေရဲ့ စိတ်ရင်းအမှန်လား လွှမ်းမိုးမှုလားဆိုတာ တွေးကြည့်ပါ … ဒါကြောင့် ဘောင်တစ်ခု ထဲမှာ မနေဘဲ ဖြန့်ကျက်တွေးလိုက်ပါ … ။

A – Aim the target
============
- ရည်မှန်းချက်ကို သတ်မှတ်ပါ
---------------------------------
ဒီအကြောင်းတွေကို ပြောတာလည်း အပ်ကြောင်းထပ်သလောက် ဖြစ်နေပါပြီ … အရေးကြီးတာ ကတော့ ဆန္ဒနဲ့ ရည်မှန်းချက် ကွဲပြားဖို့ လိုပါတယ် … ဥပမာ သရုပ်ဆောင် တစ်ယောက်ဖြစ် ချင်တယ် ဆိုတာက ဆန္ဒ၊ လာမယ့် ဘယ်နှစ်နှစ်အတွင်းမှာ သရုပ်ဆောင်ဖြစ်အောင် လုပ်မယ် ဆိုတာက မှ ရည်မှန်းချက်ပါ … ။ တိကျတဲ့ ရည်မှန်းချက်မရှိရင်တော့ ဘယ်သွားလို့ သွားရမှန်းမသိဖြစ်တတ်ပါတယ် … ။ လူငယ်တွေကို ဘာဖြစ်ချင်တာလဲ လို့ မေးကြည့်တဲ့အခါ ဘာဖြစ်ချင်မှန်း တိတိကျကျ မသိတဲ့သူတွေရယ် … ဖြစ်ချင်တာတွေများနေတဲ့ သူတွေရယ် … (၂)မျိုး တွေ့ရပါတယ် …. ဘာဖြစ်ချင်မှန်းမသိရင်လည်း သွားစရာလမ်းပျောက်နေတတ်သလို … ဖြစ်ချင်တာတွေများနေရင်လည်း သွားစရာလမ်းများလို့ ပန်းတိုင်မရောက်ဖြစ်တတ်ပါတယ် … ။ ဒါကြောင့် ရည်မှန်းချက်ကို တိတိကျကျ သတ်မှတ်ဖို့ အရေးကြီးပါတယ် … ။

R – Run to the target
==============
- ပန်းတိုင်ကို ရောက်အောင်ပြေးပါ
--------------------------------------
ပန်းတိုင်ကို သတ်မှတ်ပြီးရင်တော့ ရောက်အောင် ပြေးဖို့လိုပါတယ် … ဒီမှာ တစ်ချက်ပြောစရာ ရှိတာက ပန်းတိုင်ကို သတ်မှတ်ပြီးရင် မပြေးခင် အကောင်းဆုံး လမ်းကို ရွေးချယ်ဖို့လည်း အရေးကြီးပါတယ် … ။ ကျွန်တော်တို့ မြန်မာ လူငယ်တွေ အနေနဲ့ အဖက်ဖက်က နောက်ကျနေတဲ့အတွက် ပန်းတိုင်ကို သိပြီးရင် လျှောက်ရုံ လောက်နဲ့ အဆင်မပြေတော့ပါဘူး … ပြေးမှသာ အလျင်မီမှာပါ … ။ ပြေးတာတောင်မှ အသားကုန် ပြေးရမှာပါ … ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ စကားလို ပြဲ လန် နေအောင် လုပ်မှ တော်ကာကျပါ လိမ့်မယ် ကိုယ့်ပတ်ဝန်းကျင်နိုင်ငံက လူငယ်တွေက ကျွန်တော်တို့ထက် ခြေတစ်လှမ်းမက သာနေပါပြီ …


N – Never give up
============
- ဘယ်တော့မှ အလျော့မပေးပါနဲ့
-------------------------------------
ပန်းတိုင်လည်းရှိပြီ … လမ်းလည်း တွေ့ပြီ … ပြေးလည်း ပြေးနေပြီဆိုရင်တော့ မရောက်မချင်း အလျော့မပေးပါနဲ့ … အခြေအနေနဲ့ အချိန်အခါအရ … ခဏတဖြုတ် နားတာတော့ နားလို့ ရပါတယ် … ဒါပေမယ့် လုံးဝ ရပ်လိုက်တာ … အလျော့ပေးလိုက်တာတော့ မဖြစ်ပါစေနဲ့ … ဘဝရဲ့ ခရီးလမ်းဟာ ပန့်မွေ့ယာ ရွှေကောဇောတော့ အမြဲတမ်း မဖြစ်နိုင်ပါဘူး … ဒါကြောင့် ကျွန်တော် ရေးခဲ့ဖူးတဲ့ “စိတ်ညစ်စရာရှိရင် … ညစ်ပါ၊ ဒါပေမယ့် စိတ်ဓါတ်မကျပါနဲ့” ဆိုတဲ့ စာစုထဲကလို … ဘယ်လောက်ပဲ အခက်အခဲ တွေနဲ့ ကြုံပါစေ … အရှုံးမပေးဘဲ … လဲကျရင်ပြန်ထပြီး ပန်းတိုင် ရောက်အောင် လျှောက်ကြမယ် … ။

L E A R N =
L – Listen to Learning
E – Explode the thoughts
A – Aim the target
R – Run to the target
N – Never give up

“လူငယ်တိုင်း အောင်မြင်နိုင်ကြပါစေ … ”

  အောင်ကိုဦး(UMK)
Be the Best !

Credit to : [https://www.facebook.com/aungkouumk]



ကမ္ဘာ့အလှဆုံး အလှမယ်စာရင်းဝင် ဟန်သီ


ကမ္ဘာ့အလှအပဆိုင်ရာ ၀က်ဘ်ဆိုက်The Ideal Beauty မှ ရွေးချယ်လိုက်သည့် ၂၀၁၄ အတွက် ကမ္ဘာ့အလှမယ်ပြိုင်ပွဲ များမှ အလှဆုံး ၂၅ ဦးစာရင်းတွင် Miss Supranational Myanmar ဟန်သီပါဝင်နေသည်။
အလှမယ် ၂၅ ဦးမှ ဆန်ခါ တင် ၁၃ ဦးစာရင်းတွင် ပါနိုင်ရန် ယနေ့မှစ၍ ဖေ့စ်ဘွတ်ခ်၌ မဲ ပေးနိုင်ပြီး နောက်ဆုံးတွင် အ လှဆုံးတစ်ဦးကို ရွေးချယ်သွား မည်ဖြစ်ကြောင်း သိရသည်။
ထိုဝက်ဘ်ဆိုက်မှ ရွေးချယ် သည်ကို မသိလိုက်ကြောင်းနှင့် ၎င်းကိုယ်တိုင်လည်း ၂၅ ဦးအထိ ပါဝင်မည်ဟု မမျှော်လင့်ခဲ့ကြောင်း Miss Supranational Myanmar 2014 ဟန်သီက ဆိုသည်။
‘‘ဒီအဆင့်ထိပါလာတဲ့ အ တွက်လည်း အရမ်းပျော်ပါတယ်။ ပြိုင်ပွဲတွေ အများကြီးထဲကမှ အ ယောက် ၆၀၀ ကို ပြန်ရွေးပြီးတော့ အယောက် ၁၀၀၊ အခု ၂၅ ယောက် အထိတောင် ပါတယ်ဆို တော့ အဲဒီလောက်ထိ မမှန်းထား ပါဘူး။ နောက်ပိုင်း အဆင့်တွေကို လည်း မမှန်းရဲပါဘူး။ ဒါပေမဲ့ အားပေးစေချင်ပါတယ်’’ ဟု အ လှမယ် ဟန်သီက ပြောသည်။

လက်ရှိတွင် ဂျာနယ်၊ မဂ္ဂ ဇင်းများအတွက် ဓာတ်ပုံများ ရိုက် ကူးဖြစ်နေပြီး ဖေဖော်ဝါရီလဆန်း ၌ ကြော်ငြာများ ရိုက်ကူးရန်ရှိကာ ဇာတ်ကားရိုက်ကူးမှုများလည်း လုပ်ဆောင်တော့မည်ဖြစ်ကြောင်း၎င်းကဆိုသည်။

အလှမယ်ဟန်သီသည် ၂၀၁၄ တွင် ပိုလန်နိုင်ငံ၌ ကျင်းပ ခဲ့သည့် Miss Supranational ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စား ပြု သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Supranational Asia ဆုနှင့်Miss Internet ဆုတို့ ရရှိထားသူ ဖြစ်သည်။
 
 
7Day Daily

Selfie ဓာတ်ပုံ ရှိက ပက်စ်ပို့ မလိုပဲ ဥရောပ ပတ်လို့ရပြီ


EU အဖွဲ့ဝင်ထားတဲ့ နိုင်ငံများမှာ ရှိတဲ့ နိုင်ငံသားများအတွက် ဥရောပ သမဂ္ဂမှ အခွင့်အလမ်းတစ်ခု ပေးလိုက်ပါတယ်။ ယင်းကတော့ မိမိရဲ့ Selfie ဓာတ်ပုံ ရှိရုံနဲ့ ဥရောပ Eu အဖွဲ့ဝင်နိုင်ငံများကို ပတ်စ်ပို့ မလိုပဲ ခရီးသွားခွင့် ဖြစ်ပါတယ်။

ယင်း Selfie ကို ရိုက်ပြီးရင် သတ်မှတ်ထားတဲ့ ဝဘ်ဆိုဒ် တစ်ခုမှာ တင်ရမှာ ဖြစ်ပါတယ်။ ပြီးရင် ယင်း ဝဘ်ဆိုဒ်က ရလာတဲ့ selfie ကို အသုံးပြုပေးထားတဲ့ ကဒ်တစ်ကဒ်ကို ပြန်ထုတ်ပေးပြီး ယင်းကဒ်ကို အသုံးပြုရင် ခရီးသွားလို့ ရပါပြီ။ ပက်စ်ပို့ ယူစရာမလိုတော့ ပါဘူး။ အီးယူနိုင်ငံအပြင် iceland, နော်ဝေနဲ့ Liechtenstein တို့ပါ သွားနိုင်မှာ ဖြစ်ပါတယ်။ ကဒ်လုပ်တဲ့ ကုန်ကျစရိတ်ကတော့ ယူရိုငွေ ၃၅ ဒေါ်လာ ရှိပါတယ်။ ယခုနှစ်လယ်နောင်းပိုင်းလောက်ဆိုရင် EU အဖွဲ့ဝင် နိုင်ငံအားလုံး စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

ပက်စ်ပို့နဲ့ ဘာကွာသလဲ ဆိုတော့ သူက ဓာတ်ပုံပို့ပေးလိုက်ရုံနဲ့ ကဒ်ထုတ်ပးတဲ့ စနစ်မျိုးနီးပါး တစ်ခုဖြစ်ပါတ်။ ဘာ အချက်အလက်မှ ဖြည့်နေစရာတောင် မလိုတော့ပါဘူး။ တကယ်တန်းကတော့ အီးယူအဖွဲ့ဝင်နိုင်ငံများရဲ့ နိုင်ငံသားများရဲ့ ရုပ်ပုံများကို ဗဟို အချက်အလက်သိမ်းဆည်းဌာနမှာ ထားရှိထားပြီးသား ဖြစ်တာကြောင့် ပုံတစ်ပုံတင်လိုက်တာနဲ့ ယင်းပုံနဲ့ အက်စပ်တဲ့လူကို ပြန်ရှာပေးတဲ့ စနစ်ကောင်း ရှိတာကြောင့်လည်း ဖြစ်ပါတယ်။ ဒီတော့ selfie ကို ပဲပေး ရိုက်လို့ မရပဲ ရုပ်တည်နဲ့ ရိုက်မှ ရမှာ ဖြစ်ပါတယ်။

ယင်းစနစ်ကို နောက်ဆိုရင် အမေရိက နိုင်ငံများလည်း အသုံးပြုလာဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: pocket-lint
  အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

29 Jan 2015

အညွန့်မခူးတတ်သူများ

MYANMAR US

မြန်မာပြည်က မိန်းကလေးတော်တော်များများ အတီးအတ နိုင်လှတယ်။ အဟဲ… အဲဒီထဲမှာ ကျွန်တော့်မိန်းမတော့ မပါဘူး။ အသက်လေးဆယ်ကျော် အဖိုးကြီးကို ရအောင်ယူနိုင်ခဲ့လို့ သူမ မပါဘူးလို့ ကျွန်တော် ပြောတာပါ။ အဖိုးကြီးတယ်ဆိုတာ တန်ဖိုးကြီးတယ်ကို ဆိုလိုတာဆိုတော့ တော်ရုံတန်ရုံနဲ့ ဝယ်နိုင်ဖို့ခဲယဉ်းတယ်။ လေးဆယ်ကျော် ကျွန်တော်လို လူပျိုကြီးဆိုတာကလည်း အဖိုးကြီးလို့ သတ်မှတ်လို့ ရမယ်ထင်တယ်။ ဒီလိုအဖိုးကြီးတစ်ယောက်ကို အရယူနိုင်တဲ့ ကျွန်တော့်မိန်းမက အတတတော့ မဟုတ်ဘူး။


(စကားချပ် ။ ။ ကိုယ့်ကိုယ်ကို ချစ်တဲ့စိတ်များသည့်အတွက် လူပျိုကြီး ဖြစ်ရသည်။ ထို့ကြောင့် လူပျိုကြီးများသည် အတ္တကြီးသူများလို့ ဆိုနိုင်သည်။ အသက်ကြီးလေ အစဉ်းစားလွန်လေ၊ အတ္တကြီးလေ ဖြစ်သည်။ ထိုအတ္တများ လွင့်စင်သွားအောင် လုပ်ခဲ့သည့် ကျွန်တော့်မိန်းမကို ကျွန်တော် ချီးကျူးပါသည်။)


လူရယ်လို့ ဖြစ်လာရင် အသိုင်းအဝိုင်း မိသားစုနဲ့ နေကြရတာ ဓမ္မတာပါပဲ။ ဒီလိုနေနိုင်အောင်လည်း မိသားစုဘဝကို ထူထောင်ကြရတယ်။ ဒီအတွက် အိမ်ထောင်ပြုဖို့ဆိုတာ မလွှဲမသေ လိုအပ်ချက် တစ်ခုပဲ။ အိမ်ထောင်မပြုပဲနေနေတဲ့ မိန်းမတွေတွေ့ရင် ကျွန်တော့်အနေနဲ့တော့ “ဒီမိန်းမ အ,ကိုအ,လွန်းတယ်၊ အညွန့်မခူးတတ်ဘူး” လို့ ယူဆတယ်။ ဘာလို့ ဒီလိုယူဆသလဲဆိုတာကို ဆက်ရှင်းပြပါ့မယ်။
မြန်မာပြည်က မိန်းမတွေအဖို့ ယောက်ျားယူရတာ ခိုင်းနွားတစ်ကောင်ကို အလကားရလိုက်သလိုပါပဲ။ ကိုယ်ယူမယ့် ယောက်ျားအရွယ်ရောက်လာအောင် သူ့မိဘတွေက ကျွေးမွေးခဲ့ရတယ်။ ကိုယ်ဘာမှ ကျွေးမွေးစရာ မလိုခဲ့ဘူး။ အတတ်ပညာတွေတတ်အောင်လည်း သူ့မိဘတွေက သင်ပေးလိုက်တယ်။ ပညာသင်စရိတ်အတွက်လည်း ကိုယ်က ဘာမှ စိုက်ထုတ်စရာ မလိုဘူး။ ကြန်အင်လည်းစုံပြီ၊ ခိုင်းလို့ရမယ့် အရွယ်ရောက်တော့ ဘာအရင်းမှ စိုက်ထုတ်စရာမလိုဘဲ ယူပြီး ခိုင်းစားရုံပါပဲ။

နွားတစ်ကောင်ကို ခိုင်းစားဖို့ ခေါ်ထားပြီဆိုမှတော့ နွားစာကျွေးရမယ်၊ နောက်ချေး (ချီး) ကျုံးရမယ့် အလုပ်ကလေးလောက်ပဲ မပျင်းမရိ လုပ်ဖို့လိုတယ်။ အဲဒီအလုပ်တွေအတွက် ညည်းငြူနေစရာ မလိုဘူး ထင်တယ်။ နွားစားကျင်းထဲ ရေထည့်၊ ကောက်ရိုးခြောက်လေးတွေ ထည့်ပြီး ပုံမှန်ကျွေးနေရုံပဲ။ အလုပ်ပင်ပန်းတဲ့ နေ့မျိုးမှာ မြေပဲရိုးကလေးထည့်ကျွေးလို့ကတော့ နွားခဗျာ အားပါးတရ စားပြီး ကျေနပ်နေလေရဲ့။


ဒီလိုမျိုး နွားတစ်ကောင်ကို အလကားရဖို့ အခွင့်အရေးရှိပါရက်နဲ့ မယူတတ်တဲ့ မြန်မာပြည်က မိန်းမပျိုတွေကို အညွန့်မခူးတတ်ဘူးလို့ ပြောမိတာ ကျွန်တော့်ကိုယ်ကျွန်တော် လွန်တယ်လို့ မထင်ပါဘူးဗျာ။


သတိပြုစရာ
နွားဆိုတာကလည်း မြက်နုနုစိမ်းစိမ်းလေး မြင်ရင် စားချင်စိတ် ပေါ်တယ်။ သူများခြံထဲက မြက်တွေမစားအောင် နွားပိုင်ရှင်တွေအနေနဲ့ နွားကို ပါးခြုပ်တပ်ထားပေးရမယ်။ မြက်စိမ်းစိမ်းလေးတွေ မြင်ရရင် စားချင်စိတ်ပေါ်ပေမဲ့ “ငါဟာ အိမ်ထောင်သည်၊ ကလေးနှစ်ယောက်အဖေ” ဆိုတဲ့ အသိတရားပါးခြုပ်ကြီးကြောင့် ကိုယ့်အရှင်သခင် အစာမကျွေးသ၍ ဘာမှ မစားဖြစ်တော့ဘူး။ ဒါကြောင့် တစ်ခါတစ်လေ မြက်စိမ်းစိမ်းလေးမြင်ပြီး စားချင်စိတ်ပေါ်တဲ့အခါ ခွန်သန်းထွန်းရဲ့ “မြင်သာမြင် အကြင်ခက်တဲ့ ဒီဘဝအဖြစ်ဟာ ဪသာ်… ကျိန်စာရှိရင် ကျေပါစေ” ဆိုတဲ့ သီချင်းစာသားကို ညည်းနေတတ်တယ်။


ဆန္ဒမွန်
အရွယ်ရောက်ပြီးတဲ့မိန်းမတိုင်း နွားတစ်ကောင်စီ ပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ ကိုယ်ပိုင်မယ့်နွားက ခိုင်းနွားဖြစ်ဖို့က အရေးကြီးတယ်။ နွားပျင်း၊ နွားကပ်ကြား၊ ဗွေဆိုးတဲ့နွားဆိုရင် နွားပိုင်ရှင် စိတ်ဒုက္ခရောက်ရလိမ့်မယ်။ ခိုင်းနွားဟုတ်မဟုတ်ဆုံးဖြတ်တဲ့အခါ ကြန်အင်လက္ခဏာကို ကြည့်ကြတယ်။ ဒီလိုကြည့်တဲ့အခါ နွားရဲ့ဗွေကို အဓိကထားကြည့်ပြီး ဆုံးဖြတ်လေ့ရှိတယ်။


ဝန်ခံချက်
တက္ကသိုလ်တက်စဉ်တုန်းက သူများတွေမှာ ရည်းစားရှိကြတော့ ကိုယ်လည်း ရည်းစားရချင်ခဲ့တယ်။ ပိုးပန်းခဲ့တဲ့ မိန်းမတွေလည်း မနည်းခဲ့ဘူး။ ဘယ်သူမှ ပြန်မကြိုက်တော့ အသဲတွေကွဲပြီး၊ ကွဲသွားတဲ့အသဲတွေ ပြန်ဆက်ဖို့ ကော်ရည်ခေါက်ဆွဲ စားခဲ့ရတာလည်း မနည်းဘူး။ တစ်ယောက်ကြိုးစားလို့ အဆင်မပြေရင် နောက်တစ်ယောက် ထပ်ပြီး ကြိုးစားခဲ့တော့ သူငယ်ချင်းတွေက “ဘကြီးမောက်ရဲ့ အချစ်က ပျဉ်းမငုတ်တိုပင်ကြီးလိုပါလား။ ဒဏ်ရာဒဏ်ချက်ဘယ်လောက်များများ၊ မိုးလေးတစ်ဖြိုက်နှစ်ဖြိုက်ကျလိုက်တာနဲ့ ချက်ချင်းကို အညွန့်တလူလူ ပြန်ထွက်ပါလား” လို့ လူကို ခနဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ “တစ်ယောက်ပြီး တစ်ယောက်ချစ်ခဲ့ဖူးလို့၊ ငါ့နှလုံးသားကို လူတွေရှုတ်ချကြပေမဲ့၊ ဒီရှုတ်ချခံခဲ့ရတဲ့အချစ်တွေကို အရင်းတည်ပြီး၊ နောက်တစ်ယောက်ကို ထပ်ချစ်ရတာပါ” ဆိုပြီး ဖြေရှင်းချက် ပေးခဲ့တယ်။ နောက်ဆုံးအနေနဲ့ ပြောရရင်တော့ ကြိုးစားခဲ့သမျှ အဆင်မပြေတဲ့အခါတိုင်း စိတ်နာနာနဲ့ “ဒီမိန်းမတွေ အညွန့်ကို မခူးတတ်ဘူး” လို့ မှတ်ချက်ချမိရာကနေ ဒီစာလေး ဖြစ်လာရပါတယ်။

ဆယ်မောက်

http://nyanhline.com/media

ပြိုင်ဘက်မရှိသဖြင့် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ရာထူးအတွက် လူမင်းပြန်အရွေးခံရ

ဓာတ်ပုံ- ဇွဲဉာဏ်
 
 
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးချယ်ခြင်းကို ယနေ့ (ဇန်န၀ါရီ ၂၇ ရက်) နံနက်တွင် ပြုလုပ်ခဲ့ရာ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနေရာအတွက် လက်ရှိဥက္ကဋ္ဌ ဦးလူမင်းကပင် ပြန်လည်ရွေးချယ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
‘‘ဥက္ကဋ္ဌနေရာကို ကျန်တဲ့လူတွေက ၀င်မပြိုင်ပါဘူး။ ဦးလူမင်းတစ်ယောက်ပဲ ၀င်ပြိုင်တာဖြစ်လို့ ပြိုင်ဘက်မရှိပါဘူး။ ကျန်တဲ့နေရာတွေအတွက်ကတော့ နှစ်ယောက်၊ သုံးယောက်ရှိရင် မဲနဲ့ ရွေးတယ်’’ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးနှင်းမိုးက ပြောသည်။

  
ကနဦးတွင် ဥက္ကဋ္ဌရာထူးအတွက် ပြန်လည်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း  ရွေးကောက်ပွဲကို စိတ်ဝင်စားသူ နည်းသောကြောင့် ဆုံးဖြတ်ချက်ပြင်လိုက်ကြောင်း လူမင်းက ပြောကြားခဲ့သည်။
ဒုဥက္ကဋ္ဌရာထူးတွင် ဦးအေးကြူလေးက ဒုဥက္ကဋ္ဌက ၁၊ ဦးဇော်မင်းက ဒုဥက္ကဋ္ဌ ၂ အဖြစ် ရွေးချယ်ခံခဲ့ရပြီး အတွင်းရေးမှူး ရာထူးအတွက် ဦးကိုကိုတင်က ရွေးချယ်ခံခဲ့ရသည်။


 http://7daydaily.com/story/30392#.VMruPy5IS01




MPT အမှတ်တံဆိပ် ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးမှုများ ဖြစ်ပေါ်လာပါက ဆင်းမ်ကတ် အသုံးပြုသူများ အနေဖြင့် ၎င်းတို့နှင့် နီးစပ်ရာ ဆက်သွယ်ရေး ရုံးများတွင် ပြန်လည် လျှောက် ထားနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။


ထိုကဲ့သို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝယ်ယူထားသော ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးမှုများအတွက် မည်သည့် နေရာဒေသတွင်မဆို ပြန်လည်လျှောက်ထားနိုင်သည် ဆိုရာတွင် ယခင်က တန်ဖိုးကြီး ဆင်းမ်ကတ်များပါ ပါဝင်ပြီး ပြန်လည် လျှောက်ထားခသည်လည်း ကျပ် ၁,၅၀၀ သာ ကျသင့်မည် ဖြစ်သည်။ သို့သော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ နည်းပညာ ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးမှုများအတွက်မူ ပြန်လည်လျှောက်ထားခ ပေးချေရမည်မဟုတ်ကြောင်း သိရသည်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချထားသော ဆင်းမ်ကတ် ပျောက်ဆုံး၊ ပျက်စီးမှုများအတွက် ယခင်က ရန်ကုန်တိုင်းဒေသကြီးရှိ အလုံမြို့နယ် ဆက်သွယ်ရေးရုံးနှင့် ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးတို့တွင်သာ ပြန်လည်လျှောက်ထားခြင်းကိစ္စကို ဆောင်ရွက်ခဲ့ကြ ရကြောင်း သိရသည်။
“အခုဆိုရင် ကိုယ်ရောက်နေတဲ့ ဘယ်နေရာဒေသမှာဖြစ်ဖြစ် ဆင်းမ်ကတ်တွေ ပျောက်ဆုံး၊ ပျက်စီးမှုအတွက် အမြန်ဆုံး ပြန်လည်လျှောက်ထားလို့ ရပါပြီ။ ခရီးလွန်နေရင်းနဲ့ ဆင်းမ်ကတ်တွေ ပျောက်ဆုံးတာဖြစ်ဖြစ်၊ ပျက်စီးတာဖြစ်ဖြစ် ကိုယ်ရောက်နေတဲ့ မြို့နယ်က အနီးစပ်ဆုံး ဆက်သွယ်ရေးရုံးမှာ လျှောက်နိုင်ပါပြီ”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


ထိုကဲ့သို့ ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးခြင်းများ ဖြစ်ပေါ်ခြင်းအတွက် နေရာဒေသမရွေး ပြန်လည်လျှောက်ထားနိုင်မည့်အပြင် အချိန်တိုအတွင်း အမြန်ဆုံး ပြန်လည် ရရှိနိုင်မည် ဖြစ်ကြောင်းလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။


ယခင်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးခြင်းများအတွက် ပြန်လည်လျှောက်ထားသည့်အခါ အနည်းဆုံး ရက်သတ္တပတ် တစ်ပတ်ခန့် စောင့်ဆိုင်းရပြီး ကျပ် ၂ သောင်းမှ ကျပ် ၅ သောင်းခန့် ကုန်ကျခဲ့ရကြောင်း MPT ဆင်းမ်ကတ် အသုံးပြုသူအချို့ထံမှ သိရသည်။


 http://internetjournal.media/new/1357


ကျိုက်ထီးရိုး ဘုရားရင်ပြင် ပေါ်က မလွယ်ကူလှတဲ့ ကျောတစ်ခင်းစာ


''ကျောင်းပိတ်ရက်မှာ ကလေးတွေကျိုက်ထီးရိုးဘုရား သွားဖူးချင်တယ်ဆိုလို့လိုက်ပို့ပေးတယ်။ ဟိုရောက်တော့ အိပ်စရာနေရာမရှိဘူး။ ဟိုတယ်တည်းခိုခန်းတွေက ဈေး အဆမတန်တောင်းလို့ မတည်းနိုင်ဘူး။ ဘုရားရင်ပြင်တစ် ဝက်လောက်ကလည်း လူကြီးတွေလာရင် တည်းဖို့သူတို့ ကိုယ်ပိုင်ဓမ္မာရုံအလားဆောက်ထားကြတော့ တကယ့်ဘုရား ဖူးပြည်သူတွေ ကျောတစ်ခင်းစာတောင် နေရာမရှိတော့ဘူး''။


ကျောင်းပိတ်ရက်လေးမှာ ကျိုက်ထီးရိုးဘုရားကို တစ် ညအိပ်ခရီး ဘုရားဖူးထွက်လာခဲ့တဲ့ ဒိုက်ဦးမြို့ကဒေါ်တင် လှတို့မိသားစု အိပ်စရာနေရာ မရလို့တစ်ညလုံးရင်ပြင်တော် ဆေးပေးခန်းအနီးမှာ ဖြစ်သလိုအိပ်စက်ခဲ့ပုံကိုပြောပြပါ တယ်။
မြန်မာနိုင်ငံရဲ့အထင်ကရကျိုက်ထီးရိုးစေတီတော် ကို ဒီဇင်ဘာနဲ့ဇန်နဝါရီလတွေမှာ နေ့စဉ်ဘုရားဖူးထောင်ချီ လာရောက်ကြပါတယ်။ အထူးသဖြင့် စနေ၊ တနင်္ဂနွေပိတ် ရက်တွေမှာ တိုးမပေါက်နိုင်အောင်များ ပါတယ်။ ဒါပေမဲ့ ကျိုက်ထီးရိုးစေတီဘုရားရင်ပြင်တော်က အဲဒီဘုရားဖူးတွေ အားလုံးတည်းခိုနိုင်လောက်အောင် နေရာမကျန်တော့ပါ ဘူး။

 


ဘာကြောင့်လဲဆိုတော့ ရင်ပြင်တော်တစ်ဝက်လောက် ကိုနိုင်ငံတော်အကြီးအကဲတွေလာရင် တည်းခိုဖို့ဓမ္မာရုံတွေ ဆောက်ထားကြပါတယ်။ အထူးသဖြင့် သီဟဓမ္မာရုံနဲ့တိ ဿဓမ္မာရုံနှစ်ခုဟာ ဘုရားရင်ပြင်တော်ပေါ်မှာ နေရာ တော်တော်ယူထားပါတယ်။ အဲဒီဓမ္မာရုံတွေကို အချိန်ပြည့် ပိတ်ထားပြီး တာဝန်ကျလုံခြုံရေးတွေက အမြဲစောင့်ကြပ် နေပါတယ်။ သီဟဓမ္မာရုံရဲ့ရှေ့ဘက်မျက်နှာစာမှာတော့ အလှူရှင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် ဇနီးဒေါ်ခင်လေး သက်လို့ ကမ္ဗည်းစာလုံးအကြီးကြီးထိုးထားပါတယ်။ ဒီစာ သားကို ကြည့်ခြင်းအားဖြင့် ဒီဓမ္မာရုံမှာ သာမန်ဘုရားဖူးပြည် သူတွေ တည်းခိုခွင့်မရှိဘူးလို့ထုတ်ပြောနေသလိုပါပဲ။


ဒါ့အပြင် အခြားသုံးထပ်ဆောင်၊ ပြည်ထဲရေးဓမ္မာရုံ နဲ့ဌာနဆိုင်ရာခေါင်းစဉ်တွေနဲ့ဆောက်ထားတဲ့ ဓမ္မာရုံတွေ ကိုလည်း ပြည်သူတွေကိုတည်းခိုခွင့်မပြုပါဘူး။ သက်ဆိုင် ရာဌာနကလူကြီးတွေလာရင် တည်းခိုဖို့နဲ့လူကြီးတွေ လာ မတည်းတဲ့အချိန်မှာ ဘုရားဖူးတွေကို ဈေးကြီးကြီးနဲ့ဓမ္မာရုံ စောင့်တွေက ငှားစားကြပါတယ်။ ဒါကြောင့် ကုန်ကျစရိတ် နည်းနည်းနဲ့ဘုရားလာဖူးတဲ့မိသားစုတွေဟာ ရင်ပြင်တော် မှာဖြစ်သလို စောင်လေးတွေကာပြီး အဖီထိုးညအိပ်ကြပါ တယ်။


''ရင်ပြင်မှာ အိပ်တဲ့လူက အရမ်းများတယ်။ တချို့တွေ က ကိုယ့်ကလေးတွေကို အဲဒီမှာပဲသေးတည်ကြတော့ ဆီးအနံ့တွေက ဟောင်နေတာပဲ။ ထမင်း ဆိုင်တွေကလဲ ဈေးမတန်တဆတောင်းနေတော့ ဘုရားဖူးတွေက ကိုယ့် ထမင်းချိုင့်နဲ့ပဲ ကိုယ်လာကြတယ်။ ဝယ်မစားကြတော့ဘူး။ အဲဒီတော့ ရင်ပြင်တော်က ထမင်းကျန်ဟင်းကျန်တွေနဲ့ ညစ်ပတ်နေတာပဲ။
တော်တော်စိတ်ပျက်ဖို့ကောင်းတယ်''လို့ သန်လျင်နည်းပညာတက္ကသိုလ်မှ အုပ်စုအလိုက်ဘုရား ဖူးထွက်လာကြတဲ့ ဒုတိယနှစ်ကျောင်းသားတစ်ဦးက ပြော ပါတယ်။ ဒါ့ပြင် ရင်ပြင်တော်မှာ အိပ်တဲ့လူတွေများလွန်း လို့ဘုရားဝတ်ပြုဖို့လူတစ်ကိုယ်စာတောင်နေရာမရလို့ ဘုရား ကောင်း ကောင်းမဖူးခဲ့ရဘူးလို့လည်း သူကဆက်ပြောပါ တယ်။
''ဘုရားရှိခိုးဖို့နေရာတောင်မရှိဘူး။ ရင်ပြင်တော် ရော၊ ဘုရားအပေါ်အောက် ပတ်လမ်းတွေမှာရော စောင် ကာပြီး အိပ်နေတဲ့လူတွေ ပြည့်နေတာပဲ။

 


ဘုရားကောင်း ကောင်းရှိခိုးလို့ရမယ့်နေရာကျပြန်တော့လဲ ဓမ္မာရုံတွေ ဆောက်ထားတယ်။ အဲဒီဓမ္မာရုံတွေမှာ ပြည်သူတွေကိုပေး မတည်းဘူး။ နိုင်ငံတော်အကြီးအကဲတွေအတွက်တဲ့''။
ကျိုက်ထီးရိုး ဘုရားရင်ပြင်တော်မှာ အများသုံးအိမ် သာတွေကို တစ်ခါသုံးကျပ်နှစ်ရာပေးရပါတယ်။ ဒါပေမဲ့ အိမ်သာထဲမှာ ရေပုံးမထားပေးပါဘူး။ ကိုယ့်တစ်ခါသုံးစာ အတွက် ရေပုံးသေးသေးလေးတစ်ပုံးကို ကိုယ်တိုင်ဆွဲပြီး အိမ်သာတက်ရပါတယ်။ အဲဒီတစ်ခါစာက ရေဖလားသုံးခွက် စာတောင်မပြည့်ပါဘူး။ အများသုံး ရေချိုးခန်းဆိုလည်း ရေတစ်ပုံး ကျပ် ၅ဝဝနဲ့ဝယ်သုံးရပါတယ်။ ရေနွေးဆိုရင် တော့ ကျပ် ၈ဝဝယူပါတယ်။ ဒီလောက်တစ်နိုင်ငံလုံးဘုရား ဖူးတွေကြိတ်ကြိတ်တိုးစည် ကားတဲ့နေရာမျိုးမှာ သန့်ရှင်း ရေး(ရေ+အိမ်သာ)အတွက် အဆင်ပြေအောင် မဖန်တီး ထားတာဟာတော်တော်အရုပ်ဆိုး အကျည်းတန်စေပါ တယ်။


ကျိုက်ထီးရိုးစေတီယဉ်ကျေးမှုဇုန်ဝင်ကြေးကောက် ခံမှုကို ယဉ်ကျေးမှုဝန်ကြီးဌာနက မွန်ပြည်နယ်စည်ပင် သာယာရေးကော်မတီကို ၂ဝ၁၃နိုဝင်ဘာ ၁ရက်ကစတင် ပြီး လွှဲပြောင်းပေးခဲ့ပါတယ်။ ၂ဝ၁၄ နိုဝင်ဘာ ၁၂ရက်အ ထိ အချိန် ၁၂လအတွင်းမှာ ဇုန်ဝင်ကြေး သိန်းခုနစ်ထောင် ကျော် ကောက်ခံရရှိတယ်လို့ မွန်ပြည်နယ်စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံခြား သားတစ်ဦးကိုအမေရိကန် ခြောက်ဒေါ်လာ (မြန်မာ ငွေကျပ်၆ဝဝဝ)ကောက်ခံပါတယ်။ အဲဒီနိုင်ငံခြားသား တွေကိုရိုးရိုးတည်းခိုခန်းမှာ တည်းခိုခွင့်မပြုလို့သူ တို့ဟာ ရိုးရိုးလေးဟိုတယ်၊ ကျိုက်ထီးရိုးဟိုတယ်နဲ့ Mountain Top ဟိုတယ်တွေမှာ တည်းခိုရပါတယ်။

 

သြစတြေးလျနိုင်ငံသူ Maddie Gange က ''ကျွန်မတို့ကို Foreign Pass ဆိုပြီး ခြောက်ဒေါ်လာယူတယ်။ ပြီးတော့ ကျွန်မတို့ကိုတည်းခိုခန်းတို့ဘုရားရင်ပြင်တို့မှာ တည်းခိုခွင့် မပြုဘူး။ ဟိုတယ်တွေမှာ တည်းခိုခိုင်းတယ်။ ကျွန်မရိုးရိုး လေးဟိုတယ်ရောက်သွားတော့ တစ်ညကို ဒေါ်လာ ၁ဝဝ တောင်းတယ်။ ကျွန်မထပ်ခါထပ်ခါဈေးဆစ်တော့ နောက် ဆုံး ၇၅ဒေါ်လာနဲ့ဈေးတည့်သွားတယ်။ ဒီ Golden Castle Rock
ဘုရားတစ်ခါလာလည်ဖို့ကျွန်မတို့ ဒေါ်လာ ၁ဝဝကျော် (မြန်မာငွေကျပ်တစ်သိန်း)ကျော်ကုန်တယ်။ ကမ္ဘာလှည့်ခရီး သွားတွေအတွက် အရမ်းဈေးကြီးတဲ့နေရာဖြစ်နေတယ်''လို့ပြောပြတယ်။


ကျိုက်ထီးရိုးစေတီတော်ပေါ်မှာ နိုင်ငံခြားသားတွေ ကို တည်းခိုခွင့်ပြုထားတဲ့ဟိုတယ်တွေဟာဈေးနှုန်းအတည် မသတ်မှတ်ထားကြဘူး။ လူအခြေအနေကိုကြည့်ပြီး ဟို တယ်ခန်းခဈေးနှုန်းတိုးကောက်ယူနေကြတာပါ။ ၂ဝ၁၂ ခုနှစ်မှာ ကျိုက်ထီးရိုးတောင်ပေါ်ကို နိုင်ငံခြားသားခြောက် သောင်းကျော်နဲ့ ၂ဝ၁၃ခုနှစ်မှာတော့ ၈ဝဝဝဝကျော်အထိ တိုးပြီးလာရောက်လည်ပတ်ခဲ့ကြပါတယ်။ ၂ဝ၁၃ခုနှစ် နိုဝင်ဘာ၁ရက်နေ့ကနေ ၂ဝ၁၄ခုနှစ် နိုဝင်ဘာ ၁၂ရက်အ ထိကျိုက်ထီးရိုးဇုန်အတွင်း နိုင်ငံခြားဧည့်သည် ၁၂၈၁၈၂ ဦးဝင်ရောက်ခဲ့ပြီး ဇုန်ဝင်ကြေးငွေကျပ် ၇၆၉ဝ၉၂ဝဝဝရ ရှိခဲ့တယ်လို့ မွန်ပြည်နယ်စည် ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိကဆိုပါတယ်။


လစဉ်နိုင်ငံပေါင်း ၅၂ နိုင်ငံက ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်နေတယ်လို့ စေတီတော်ဂေါပကတစ်ဦးကဆိုပါတယ်။ ဒီပမာဏကို ကြည့်ခြင်းအားဖြင့် ကျိုက်ထီးရိုးစေတီဟာ နိုင်ငံခြားဝင် ငွေသိန်းပေါင်းများစွာရှာပေးနေတဲ့ ခရီးသွားဇုန်တစ်ခုဆို တာ ငြင်းလို့မရပါဘူး။ ဒီလိုနေရာမျိုးမှာ ခရီးသွားတွေရဲ့ တည်းခိုခန်းခကို ဈေးအဆမတန်ကောက်ယူနေတာတွေ၊ ရင်ပြင်တော်မှာဖြစ်သလို တည်းခိုနေကြတဲ့ ဘုရားဖူးတွေရဲ့ ပုံရိပ်တွေ၊ သန့်ရှင်းရေးဝန်ဆောင်မှုကောင်းကောင်းမလုပ် နိုင်လို့အနံ့အသက်ဆိုးရွားနေတာတွေ၊ ရေချိုးခန်းနဲ့အိမ် သာ အလုံအလောက်မရှိတာတွေဟာ နိုင်ငံ့ပုံရိပ်ကိုအများ ကြီးထိခိုက်စေပါတယ်။
''ကျိုက်ထီးရိုးဘုရားမှာ စိတ်အပူရဆုံးက မီးပဲ။ မီးလောင်ရင်ပြေးစရာလမ်းလုံးဝမရှိဘူး။ ဆိုင်ခန်းတွေက ပိတ်ကျပ်နေတယ်။ နောက်ဖေးဘက်က ချောက်ကြီး ပြေးလို့ မရဘူး။

အရင်တစ်ခါလောင်တုန်းကလဲ ပြေးစရာ လမ်းမရှိ လို့လူတွေ အများကြီးသေသွားရတယ်။ ဒီတစ်ခါထပ်ဖြစ်ရင် တွေးတောင်မတွေးရဲဘူး''လို့ ကျိုက်ထိုမြို့ခံ အငြိမ်းစားအ ထက်တန်းပြဆရာတစ်ဦးကဆိုပါတယ်။ လွန်ခဲ့သော ဆယ် နှစ်ခန့်က ကျိုက်ထီးရိုးစေတီဘုရားဆိုင်ခန်းမီးလောင်မှုမှာ လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပါတယ်။
အဲဒီမီးလောင်မှု ဖြစ်ပြီးတဲ့အချိန်မှာ မုဆိုးတောင်ဘက်အခြမ်းသွားတဲ့ ထမင်း ဆိုင်ခန်းတွေကို စနစ်တကျပြန်ဆောက်ပေးခဲ့ပေမယ့် ကျီး ကန်းပါးစပ်နဲ့ရင်ပြင်တော်မြောက်ဘက်ခြမ်း ပတ်ပတ်လည် မှာ ဆိုင်ခန်းတွေဖြစ်သလို ဆောက်ထားကြတာဟာ အလွန် အန္တရာယ်ကြီးပါတယ်။
ရိုးရိုးလေးဟိုတယ်နဲ့ ကျိုက်ထိုဟိုတယ်တွေ အတွက် မြေနေရာအများ ကြီးပေးထား ပြီး တကယ်ဘုရားဖူးတွေ တည်း ခိုနိုင်မယ့်တည်းခိုခန်းငယ်တွေ အတွက် မြေနေရာ၊ ရေမီး၊ အိမ်သာစတဲ့အခြေခံအဆောက် အအုံတွေကိုအဆင်ပြေအောင်ဖန်တီးမပေးနိုင်တဲ့ စေတီ တော်တာဝန်ရှိသူတွေကို မေးခွန်းထုတ်စရာပါ။ အဆိုးရွား ဆုံးကိစ္စတစ်ခုက ကျိုက်ထီးရိုးတောင်တက်လမ်းတစ်လျှောက် ကအလှူခံတွေပါပဲ။ ဘုရားဖူးတွေကို ကြည်ညိုသဒ္ဓါစိတ် ဖြစ်အောင်လုပ်ရမယ့်အစား အတင်းအကျပ်လမ်းပိတ်ပြီး အလှူခံနေကြတာဟာ အင်မတန်စိတ်အနှောင့်အယှက်ဖြစ် စေပါတယ်။


အထူးသဖြင့် ရွှေနန်းကျင်နတ်နန်းကိုဝင်မဖူး သွားရင် ရှေ့မှာအန္တရာယ်ကျရောက်မယ်ဆိုတဲ့အပြောမျိုး နဲ့အတင်းအကျပ်ဝင်ဖူး ခိုင်းပြီးအလှူခံနေတဲ့ပုံစံဟာ လုံးဝ မဖြစ်သင့်ပါဘူး။ နိုင်ငံခြားသားတွေအတွက်လည်း ထေရ ဝါဒဗုဒ္ဓဘာသာအပေါ် အမြင်စောင်းစေတဲ့ကိစ္စမျိုးဖြစ်နေ ပါတယ်။

 

ဒါကြောင့် ရင်ပြင်တော်ပေါ်ကဓမ္မာရုံတိုင်း အများ ပြည်သူတွေတည်းခိုခွင့်ပြုဖို့၊ ဟိုတယ်တွေကို ဈေးနှုန်းကန့် သတ်ဖို့၊ ရေချိုးခန်း၊ အိမ်သာလုံလောက်အောင်တည်ဆောက် ပေးဖို့၊ တည်းခိုခန်း၊ ဆိုင်ခန်းတွေကို စနစ်တကျတည် ဆောက်ပေးဖို့၊ သန့်ရှင်းရေးဝန်ထမ်းတွေ တိုးမြှင့်ခန့်ထားဖို့နဲ့ အလှူခံတွေကိုထိန်းကျောင်းပြု ပြင်ပေးဖို့စတဲ့အချက်တွေ ကို စေတီတော်တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးအကောင် အထည်ဖော်သင့်နေပါပြီ။


 ဒါမှသာဆံတော်ရှင်ကျိုက်ထီး ရိုးစေတီတော်ကြီးကို ပြည်တွင်းဘုရားဖူးများ ငွေကြေးနည်း နည်းနဲ့နှစ်စဉ်သွားရောက်ဖူးမြော်နိုင်မှာဖြစ်သလို ပြည်ပ ကမ္ဘာလှည့် ခရီးသွားတွေအတွက်လည်း အေးအေးချမ်း ချမ်းလာရောက်လည်ပတ်နိုင်မယ့် Tour Site တစ်ခုအဖြစ် ဆက်လက်တည်ရှိနေ နိုင်မှာဖြစ်တဲ့အကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။


 မင်းညီ ရေးသားသည်

26 Jan 2015

အိမ်ထောင်မပြုခင် သင့်ချစ်သူနဲ့အတူ ပြုလုပ်ထားဖူးသင့်တဲ့ အရာများ



ကိုယ့်ချစ်သူနဲ့အတူ အိမ်ထောင်တစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်ချက်မချခင်မှာ အရင်ဆုံး သူနဲ့အတူ ပြုလုပ်ဖူးသင့်တဲ့အရာတွေ ရှိနေပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်ဘာမှ ဂဃနဏမသိပဲ တွဲတာ လပိုင်းလောက်နဲ့ မင်္ဂလာခန်းမထဲ ၀င်လိုက်မိတယ်ဆိုရင်တော့ ဒီအိမ်ထောင်ဟာ နားလည်မှုပိုင်း အားနည်းနိုင်သလို၊ အိမ်ထောင်ရေး ပြသနာတွေလည်း ရှုပ်ထွေးနိုင်ပါတယ်။ ခုလို ပြောလို့ အရင်က လူကြီးမိဘတွေ ပေးစားတဲ့အတိုင်း တွေ့ကြည့်ပြီး ယူလိုက်တာမျိုးတွေ ရှိနေတာပဲ၊ တစ်သက်လုံး အေးအေးချမ်းချမ်း နေသွားနိုင်ကြတာပဲလို့ ဆိုစရာ ရှိပါတယ်။ ဒါကို ပြန်မေးစရာရှိတာက ခုလို အိမ်က ဒီလူနဲ့သင့်တော်တယ်ဆိုလို့ အိမ်ထောင်ပြုရာက အဆင်မပြေတာ၊ ဖောက်ပြန်တာ၊ နားမလည်တာတွေ ရှိကြရင်တောင် အရင်ခေတ်ကလူတွေဟာ ကွဲဖို့၊ ကွာဖို့ လွန်စွာရှက်ရွံတတ်ကြတဲ့ လူမျိုးတွေပါ။ ကွဲလိုက်မယ်ဟဲ့ ဆိုတဲ့စိတ်ကို မျိုသိပ်၊ နာကြည်းမှုတွေနဲ့သာ တစ်သက်လုံး နေသွားရတာမျိုးတွေ ရှိတာမို့ ဒါမျိုးတွေ မဖြစ်ရအောင် အိမ်ထောင်မပြုခင် လုပ်ဖူးထားသင့်တဲ့ အရာတွေကို ခုလို အကြံလေးတွေ ပေးချင်ပါတယ်။


၁။တစ်ဦးနဲ့ တစ်ဦး ရန်ဖြစ်ကို ဖြစ်ဖူးထားရပါမယ်။

ကိုယ်အိမ်ထောင်ပြုမယ့် သူနဲ့ တစ်ခါဆိုတစ်ခါမှ ရန်ဖြစ်တာမျိုး မရှိဘူးလား။ ဒါဆို တစ်ယောက်နဲ့ တစ်ယောက် သဘောမတူညီတဲ့ ကိစ္စရပ်တွေ၊ နှစ်သားကြားက ဇြစ်လာနိုင်တဲ့ ပြသနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းဖို့ စဉ်းစားထားပါ သလဲ။ သဘာဝကျကျပဲ ဆိုရမယ်ဆိုရင် အတွဲတိုင်းဟာ အနည်းဆုံး ပြသနာတစ်ခါ၊ နှစ်ခါ၊ ဒီ့ထက်မက တက်ဖူးကြပါတယ်။ ဒီလိုအချိန်မှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုပိုရှိသွားတာမျိုး ကြုံရမှာ ဖြစ်သလို သူမကြိုက်တာ၊ ကိုယ်မကြိုက်တာတွေလည်း ပိုသိသွားမှာပါ။  ဒီလိုမျိုး ပြသနာတစ်ခါမှမတက်ဖူး၊ ရန်တစ်ခါမှမဖြစ်ဖူးတဲ့သူနှစ်ဦး အိမ်ထောင်ကျတဲ့အခါ စိတ်သဘောထား မတိုက်ဆိုင်တာတွေ ကြုံလာရရင် သူတို့ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ မသိနိုင်ပါဘူး။

 
၂။နှစ်ဦးစလုံးနဲ့ မရင်းနှီးတဲ့ နေရာဒေသတွေကို ခရီးအတူထွက်ဖူးထားရပါမယ်။

အိမ်ထောင်ပြုခြင်းဟာ စွန့်စားခန်းကြီးလို့တော့ မဆိုချင်ပါဘူး။ ဒါပေမယ့် ထူးဆန်းတာတွေကို မြင်တွေ့ ကြုံတွေ့ရမယ့် ခရီးရှည်ကြီးတစ်ခုလို့တော့ ပြောပါရစေ။ ဒီတော့ ဒီခရီးကို အတူသွားမယ့် လူနှစ်ယောက်မှာ မကြုံတွေ့ဖူးတဲ့ အရာတွေနဲ့ ကြုံလာရတဲ့အခါ၊ သူစိမ်းတွေနဲ့ တွေ့ဆုံဆက်ဆံတဲ့အခါ ဘယ်လိုတုံပြန်မလဲ၊ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာမျိုးဟာ သင်တို့နှစ်ယောက်အတူ ခရီးသွားဖူးတဲ့အခါ သိသွားမယ့်အရာပါပဲ။ သင်တို့နှစ်ဦးမှာ အစီအစဉ်ကျကျ စဉ်းစားထားတာမျိုးတွေ ကြုံဖူးသွားမယ်။ ကိုယ်စီစဉ်ထားသလို ဖြစ်မလာတဲ့အခါ ဘယ်လိုပြန်စဉ်းစားဆုံးဖြတ်ကြမယ်ဆိုတဲ့ အတွေ့အကြုံတွေ၊ စိတ်လှုပ်ရှားစရာ အသစ်အသစ်သော အရာတွေ အားလုံးဟာ သင်တို့အတူ ခရီးသွားဖူးထားပါမှ ပိုအဆင်ပြေလိမ့်မယ်လို့ အကြံပေးချင်ပါတယ်။


၃။နှစ်ဦးနှစ်ဖက်က မိသားစုဝင်တွေနဲ့ ရင်နှီးပြီးသား ဖြစ်ရပါမယ်။

အိမ်ထောင်ပြုတဲ့အချိန်ရောက်မှ ကိုယ့်ချစ်သူရဲ့ မိဘတွေ၊ မောင်နှမတွေကို မြင်တွေ့ဖူးတာမျိုး ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ရည်းစားဘ၀မှာကတည်း တစ်အိမ်ကို တစ်အိမ် ၀င်ထွက်နိုင်ရင်တော့ ပိုကောင်းပါတယ်။ ဒီလိုဆိုရင် ကိုယ့်ချစ်သူရဲ့ မိသားစုဝင်တွေအကြောင်း၊ သူတို့ရဲ့  စိတ်နေစိတ်ထား၊ နေပုံထိုင်ပုံစတာတွေကို အကဲခတ်နိုင်မှာ ဖြစ်သလို ကိုယ့်ချစ်သူအကြောင်းလည်း ပိုနားလည်လာပါလိမ့်မယ်။


၎။တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေ့လာသုံးသပ်ဖူးရပါမယ်။

ချစ်သူနှစ်ဦးမှာ တစ်ဦးက အလုပ်တွေ များလွန်းလို့ ကိုယ့်ကိုအချိန်မပေးနိုင်တာကြောင့် သိပ်မတွေ့ဖြစ်ကြဘူးဆိုတဲ့ စကားဟာ တကယ်တော့ စိတ်ကုန်ဖို့ ကောင်းလွန်းပါတယ်။ ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူအတွက်တော့ မရရအောင် အချိန်ဖဲ့ပေးတတ်ကြပါတယ်။ ဒါမှလည်း တစ်ဦးရဲ့အကြိုက်၊ တစ်ဦးရဲ့သဘောထားတွေကို နားလည်နိုင်မှာဖြစ်ပြီး နားလည်မှုဆိုတာလည်း ပိုရှိနိုင်မှာပါ။ ဒီလိုအချိန်ကျမှ တစ်ဦးနဲ့တစ်ဦး သုံးသပ်ဆုံးဖြတ်ရင်း ငါသူနဲ့ ဘ၀တစ်လျှောက်နဲ့ အတူနေဖို့ အဆင်ပြေမလားဆိုတာ တွေးရမှာပါ။


 http://www.trend.com.mm

မယ်စကြ၀ဠာဆု ကိုလံဘီယာ အလှမယ် ရရှိ


မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ၆၃ ကြိမ်မြောက် မယ်စကြ၀ဠာ ပြိုင်ပွဲမှာ ကိုလံဘီယာ ပေါလီနာ ၀ီဂါက မယ်စကြ၀ဠာ အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။


အသက် ၂၂ နှစ်အရွယ် ၀ီဂါ ဟာ ပြိုင်ပွဲမှာ တင်ဆက်မှုတိုင်းမှာ အမှတ်အများဆုံးရ ရှိခဲ့သူဖြစ်ပါတယ်။

စီးပွားစီမံခန့်ခွဲရေး အထူးပြုနဲ့ ကိုလံဘီယာမှာ ကျောင်းတက်နေတဲ့ ၀ီဂါဟာ အသက် ၈ နှစ်အရွယ်ကတည်းက မော်ဒယ်အဖြစ် ဆောင်ရွက်ခဲ့သူတဦး ဖြစ်ပါတယ်။


“အလှအပနဲ့ မက်မော စွဲမက်ဖွယ်ကို ဂရုစိုက်ရုံသာမက ကျွမ်းကျင်မှု၊ ထက်မြက်မှု၊ အလုပ်ကြိုးစားမှု စတဲ့ ဒီကနေ့ အမျိုးသမီးတွေကို ကိုယ်စားပြုရတဲ့ အိမ်မက် အကောင်ထည်ဖော်နိုင်တော့မယ်”လို့ ၀ီဂါက အစောပိုင်းက ပြောဆိုခဲ့ဖူးပါတယ်။


သူနဲ့ အတူ 1st runner-up အဖြစ် အမေရိကန် ပြည်ထောင်စု အလှမယ်၊ 2nd runner-up အဖြစ် ယူကရိန်း အလှမယ်နဲ့ 3rd runner-up အဖြစ် နယ်သာလန် အလှမယ်တို့က ရရှိခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံကိုယ်စားပြု  ၀တ်စုံဆုကိုတော့ အင်ဒိုနိးရှား ဓာတ်ပုံ အလှမယ်ဆုကိုတော့ ပူရာတိုရီကို အလှမယ်နဲ့  နှစ်လို ဖော်ရွေတဲ့ အလှမယ်အဖြစ် နိုက်ဂျီးရီးယား အလှမယ်တို့ကို ရွေးချယ်ခဲ့ပါတယ်။


ဒီပြိုင်ပွဲကို အမေရိကန် ပြည်ထောင်စု မီယာမီက ဖလော်ရီဒါ နိုင်ငံတကာ တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။


မယ်စကြ၀ဠာ ပြိုင်ပွဲမှာ  နိုင်ငံပေါင်း ၈၈ နိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သလို  မြန်မာကိုယ်စားပြု  အလှမယ် သျှားထွဋ်အိန္ဒြာက ၀င်ပြိုင်ခဲ့ပါတယ်။


By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/78679


မျက်စိကွယ်နေသော မိခင်တစ်ဦးက ၄င်း၏ မွေးကင်းစကလေးကို e-Sight မျက်မှန်ဖြင့် ပထမဆုံးအကြိမ် အဖြစ် ကြည့်ရှုနိုင်ခဲ့


အော့တ၀ါ ၊ ၂၆-၁-၂၀၁၅

ကနေဒါနိုင်ငံ၌ မျက်စိ ကွယ်နေသော မိခင်တစ်ဦးသည် ၄င်း၏ မွေးကင်းစ ကလေးကို e-Sight ဟု အမည် ပေးထားသည့် အမြင်အာရုံ မြှင့်တင် ပေးသည့် မျက်မှန်ကို တပ်ဆင်၍ ပထမဆုံး အကြိမ် အဖြစ် ကြည့်ရှု နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် ၌ ယမန်နေ့တွင် ဖော်ပြခဲ့သည်။


မိမိအနေဖြင့် မျက်စိ ကွယ်နေသော်လည်း မိမိ၏ မွေးကင်းစ သားငယ် ကလေးကို ယခုကဲ့သို့ အမြင်အာရုံ မြှင့်တင်ပေးသည့် မျက်မှန် ၏ အကူအညီဖြင့် ကြည့်ရှု နိုင်ခြင်းသည် အလွန် အံ့သြဖွယ် ကောင်းပြီး ဝမ်းသာ ကြည်နူးဖွယ် ဖြစ်ကြောင်း အသက် ၂၉ နှစ်ရှိ မိခင်ဖြစ်သူ ဘိတ်ဇ် က ပြောကြား ခဲ့သည်။


ဘိတ်ဇ် သည် အမြင်အာရုံ ဆုတ်ယုတ်မှု ရောဂါတစ်ခု ဖြစ်သည့် Stargardt ရောဂါကို ခံစားနေရသူ ဖြစ်ပြီး သူမအနေဖြင့် ရင်သွေးငယ်ကို မွေးမွေးပြီးချင်း မြင်တွေ့ လိုသည့်ဆန္ဒ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် e-Sight မျက်မှန်၏ အကူအညီဖြင့် ရင်သွေးငယ်ကို ကြည့်ရှုခဲ့ခြင်း ဖြစ်ကြောင်း ၄င်း၏ညီမ ဖီးလစ် က ပြောကြားခဲ့သည်။


အဆိုပါ မျက်မှန်သည် မျက်စိ မမြင်သူများ ၄င်းတို့၏ အနီး တစ်ဝိုက်ရှိ အရာဝတ္ထု များကို မြင်တွေ့ နိုင်စေရန် အထောက်အကူ ပြုပေး နိုင်သော်လည်း ၄င်း မျက်မှန်မှာ ဈေးနှုန်းမြင့် ခြင်းကြောင့် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု နိုင်ခြင်း မရှိသေးကြောင်း သိရသည်။