15 Jan 2015

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် ဂုဏ်ပြုအထိမ်းအမှတ် တောင်တွင်းကြီးတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပလျှက်ရှိ



ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် ဂုဏ်ပြု အထိမ်းအမှတ် တောင်တွင်းကြီးတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပလျှက်ရှိ ဗိုလ်ချုပ်ဝင်ထွက်သွားလာ များသော မြို့တစ်မြို့ဖြစ်သည့် (မွေးရပ်ဌာနေလို့) ပြောလို့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားရာဇာတိ ဖြစ်တဲ့ နတ်မောက်မြို့နှင့် ၂၈ မိုင် သာဝေးသော တောင်တွင်းကြီးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် ဂုဏ်ပြုပွဲ အထိမ်းအမှတ် ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့ နံနက် ၈း၀၀ အချိန်တွင် တောင်တွင်းကြီး မြို့ မြို့လယ်လေးလမ်းဆုံတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အား လေးစား ချစ်ခင်မြတ်နိုးကြသော စေတနာတူ၊ ဆန္ဒတူညီကြသော ပါတီအသီးသီး၊ ဘာသာအသီးသီး၊ အလွှာ အသီးသီးမှ နှလုံးသားချင်း အပ်သော ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


၎င်းဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် ဂုဏ်ပြုပွဲ အထိမ်းအမှတ် အခမ်းအနားအား ဗိုလ်ချုပ်အား လေးစား တန်ဖိုးထား ချစ်မြတ်နိုးကြသော စေတနာတူ၊ ဆန္ဒတူသူများ က ဗိုလ်ချုပ်စိတ်ဓာတ် ပြန့်ပွားအောင် အနာဂတ်တွင် ဗိုလ်ချုပ်စိတ်ဓာတ်ဖြင့် တိုင်းပြည်အကျိုးပြုနိုင်ရန် စသည့် ရည်ရွယ်ချက် များဖြင့် ဒေသခံများက ၀ိုင်းဝန်းစုပေါင်း ဆောင်ရွက်ပြုလုပ်ခြင်း ဖြစ်ကြောင်း ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ကမှ ဦးဆောင် ဆောင်ရွက်တာမျိုး မဟုတ်ကြောင်း သိရှိရသည်။


အခမ်းအနားဖွင့်ပွဲတွင် ဗိုလ်ချုပ်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများ ဖြင့် ဧည့်ခံခဲ့ကြောင်း သိရှိရသည်။ ၄င်းနှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကြီးတွင် စာစီစာကုံးပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောပြိုင်ပွဲ၊ တေးဂီတဖျော်ဖြေပွဲ၊ ကဗျာရွတ်ဖတ်ခြင်း၊ ရိုးရာခြင်းလုံး အလှခတ်ပြပွဲ၊ ပန်းချီပြပွဲ၊ ဓါတ်ပုံပြပွဲ၊ အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများအား သတ်မှတ်ထားသည့် ရက်အချိန်နေရာများ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။


ဟင်္သာ(တောင်တွင်းကြီး)၊ အကြီးတန်းသတင်းထောက်၊ တောင်တွင်းကြီးမြို့။
 

BY THIT HTOO LWIN 
 



0 comments:

Post a Comment