11 Jan 2015

ဈေးလျှော့ ပေးလိုက်သည်ဟု ဆိုသော်လည်း ဈေးမသက်သာ သေးသည့် MPT

ဓာတ်ပုံ - လှိုင်မျိုးထွန်း
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ GSM နှင့် WCDMA ဖုန်းများကို ဖုန်းပြောဆိုခ တစ်မိနစ် လျှင်၃၅ကျပ်၊မက်ဆေ့ခ်ျတစ်စောင် လျှင် ၁၅ ကျပ်နှုန်းဖြင့်လျှော့ချပေး မည်ဖြစ်ကြောင်း ယမန်နေ့ကကြေ ညာခဲ့သည်။

ထိုသို့ဝန်ဆောင်ခ လျှော့ချပေး မည့် အစီအစဉ်သည် နိုင်ငံခြားအော် ပရေတာများ ဖြစ်သည့် အော်ရီဒူး၊ တယ်လီနောတို့၏ ဝန်ဆောင်မှုများ နှင့်ကွာခြားမှုမရှိသော ဈေးနှုန်း သက်သာအောင်ချပေးနိုင်ခြင်းမရှိ သည့်အတွက် စောင့်မျှော်နေသော သုံးစွဲသူများ၏စိတ်မကျေနပ်မှုကိုသာ ရရှိဖွယ်ရှိနေသည်။

အော်ရီဒူး၊ တယ်လီနောတို့က ဖုန်းခေါ်ဆိုခကို စက္ကန့်ဖြင့်သာဖြတ် တောက်ခြင်းဖြစ်ပြီး MPT က မိနစ် ဖြင့်ဖြတ်တောက်ခြင်း၊ အင်တာနက် သုံးစွဲမှု၌လည်း HS-PA+3G ဆက်သွယ်ရေးနည်းပညာဖြင့်အသုံး ပြုမည်ဖြစ်သည့်အတွက်ပုံမှန်ထက် ခြောက်ဆမြန်မည်ဟုဆိုကာ 1 MB လျှင် ၁၅ကျပ်နှုန်း သတ်မှတ် ထားခြင်းများကြောင့် သိသာသော ဝန်ဆောင်ခလျှော့ချမှုမျိုးမဟုတ် ဟုဆိုရမည်ဖြစ်သည်အော်ရီဒူး၏အင်တာနက်ဝယ်ယူ သုံးစွဲခမှာ 500 MB ကို ကျပ် ၃၉ဝဝ၊1 GB ကို ကျပ်၆၉ဝဝ ရှိပြီးတယ်လီနောကမူ Smart အင် တာနက်အနေဖြင့် 1 GB ကို ကျပ် ၆၆ဝဝသာ ကုန်ကျမည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး၏ ဆွေ သဟာအစီအစဉ်သစ်တွင်ပါဝင်မည့် အင်တာနက် Paln တွင် 400 MB ကို ကျပ် ၅ဝဝဝ၊ 1 GB ကို ကျပ် ၁ဝဝဝဝ ကောက်ခံမည်ဖြစ်သဖြင့် အော်ရီဒူး၊တယ်လီနော၏ဝန်ဆောင် ခများထက် ဈေးကြီးနေပြီး MPT ၏အင်တာနက် Download နှင့် Upload နှုန်းများ ယင်းနှစ်ခုထက် နှေးနေသေး၍ ယုံကြည်စိတ်ချ၍ မရနိုင်ကြောင်း MPT သုံးစွဲသူများ ကပြောသည်။
''ကုမ္ပဏီသုံးခုထဲမှာ MPT က အင်တာနက် Speed အနှေးဆုံး၊ ဒါကို Deta Plan နဲ့ယူတာဈေးကြီး ပါတယ်ဆိုတဲ့ အော်ရီဒူးထက်များ တယ်။ အင်တာနက်နှုန်းမြှင့်ထား တယ်ပြောပေမယ့်ဘယ်လိုယုံရမလဲ။ MPT ကို အဝင်ပဲလက်ခံတော့ မယ်''ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်သူ ကိုမိုးဇော်ကပြောသည်။

ထို့အပြင် ယခုဈေးနှုန်းလျှော့ ချပေးသည့်အစီအစဉ်တွင် CDMA 800 MHz (093......) နှင့် (0973........) ဖုန်းများ CDMA 450 MHz (0986......0985........ နှင့် 0945.......) ဖုန်းများ ပါဝင်ခြင်းမရှိကြောင်းသိရသည်။ဆွေသဟာအစီအစဉ်သစ်တွင် တန်ဖိုးနည်း ငွေဖြည့်ကတ်များဖြစ် သည့် ကျပ် ၁ဝဝဝတန်နှင့် ၃ဝဝဝ တန် ငွေဖြည့်ကတ်များကို ယခုလ ၁၂ရက်မှစတင်၍ရောင်းချပေးမည် ဖြစ်သည်။

ယခင်က Sim Card ပျောက်ဆုံးသွားလျှင် Sim Card အသစ်ပြန်လည်ရယူလိုသူများအနေ ဖြင့် ငွေကျပ်၂ဝဝဝဝကုန်ကျခဲ့ရ သော်လည်း ယခုအခါငွေကျပ် ၁၅ဝဝ သာ ကုန်ကျရုံနှင့် Sim Card ကို ပြန်လည် ထုတ်ပေးမည့် အပြောင်းအလဲများ ထည့်သွင်း ထားသည်။

ဖုန်းခေါ်ဆိုခကို ၃၅ကျပ် သို့လျှော့ချလိုက်သော်လည်းအသစ် မိတ်ဆက်သည့် ဆွေသဟာအစီ အစဉ်သစ်ကို သုံးစွဲခြင်းမပြုပါက မူရင်းအတိုင်းကျပ် ၅ဝ ဖြင့်သာ ကောက်ခံမည်ဖြစ်သည်။

ဆွေသဟာအစီအစဉ်ကိုအသုံး ပြုမည်ဆိုပါက အင်တာနက်အသုံး ပြုနိုင်ရန်အတွက် ယခင်ကကျပ် တစ်သောင်းပေး၍လိုင်းဖွင့်ရသည် မျိုးရသော်လည်းပဲအခမဲ့ရရှိမည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် ပြီးခဲ့သည့် ၁ဝ စုနှစ် တစ်စု ကျော်က မိုဘိုင်းလ်ဖုန်းများကို ကျပ်သိန်း ဆယ်ဂဏန်းကျော်ဖြင့် ရောင်းချခဲ့ပြီး တစ်ဦးတည်းမူပိုင် ချုပ်ကိုင်ထားခဲ့ရာမှ ၂ဝ၁၃ ခုနှစ် ကုန်ပိုင်းနှင့်၂ဝ၁၄ခုနှစ်တွင် ပြည်ပ အော်ပရေတာများဖြစ်သည့်တယ်လီ နော၊အော်ရီဒူးတို့ကိုလုပ်ငန်းလိုင်စင်
 ပေးအပ်ခဲ့သည်။

ပြည်တွင်း၌ အင် တာနက်သုံးစွဲရာတွင်အများပြည်သူ သုံးအင်တာနက်ဆိုင်ဖွင့်လှစ်ခွင့် အတွက် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ကျပ်သိန်း ၁ဝဝ သို့ ပြောင်းလဲသတ်မှတ်လိုက်ခြင်းကြောင့် အများပြည်သူသုံးအင်တာနက်ဆိုင် များ ဆက်လက်ရပ်တည်ရန်ခက်ခဲ လာချိန်တွင် မိုဘိုင်းလ်ဖုန်းဖြင့် အင် တာနက်သုံးစွဲမှုမှာ ပိုမိုမြင့်တက်လာ ဖွယ်ရှိနေသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် ဂျပန်ကုမ္ပဏီ (KDDI) Sumitomo Corportion နှင့်ပူး ပေါင်းပြီးနောက် ဆက်သွယ်ရေး ကွန်ရက်ချဲ့ထွင်ခြင်းကို ဆောင်ရွက် နေပြီး ယခုနှစ်မတ်လကုန်တွင် 3G စခန်းများ၏အရေအတွက်မှာလက်ရှိ အရေအတွက်၏ နှစ်ဆရှိလာမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး မှသိရသည်။

ဂျပန်ကုမ္ပဏီ KDDI အနေ ဖြင့် ဆက်သွယ်ရေးကွန်ရက်ချဲ့ထွင် ရန် ကနဦးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၇၁၅ သန်း စတင်မြှုပ်နှံထားပြီးဖြစ်ကာ၂ဝ၁၅- ၂ဝ၁၆ ခုနှစ်တွင်မိုဘိုင်းလ်ဖုန်းသုံး စွဲမှု ၅ဝ ရာခိုင်နှုန်းအထိမြင့်မား လာစေရန်ဆောင်ရွက်မည်ဟုဆိုသည်။

''အင်တာနက်အတွက် နှုန်း ထားက ပုဂ္ဂလိက အော်ပရေတာ တွေနဲ့တန်းတူဈေးနှုန်းသတ်မှတ်ဖို့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆို တော့ကျွန်တော်တို့တစ်နိုင်ငံလုံးမဖြန့် ကြက်နိုင်ဘူး။ အရည်အသွေးကို ဒီထက်ပိုကောင်းဖို့လုပ်ရမှာ။ ကျွန် တော်တို့အနေနဲ့ ဖုန်းပြောခလည်း တစ်မိနစ် ၂၅ကျပ်၊ သူတို့ကလည်း တစ်မိနစ်၂၅ကျပ်ဆိုရင် ဈေးကွက် ရဲ့သဘောအရပုဂ္ဂလိကဆက်သွယ် ရေးလုပ်ငန်းတွေက အခုမှစလုပ် တာဆိုတော့ အလဲထိုးလိုက်သလို နေမှာပေါ့။ အပြင်မှာ MPT က ဈေးကွက်ကြီးနေတာပဲ။ အင်တာ နက်လည်းပါပြီးသားဆိုတော့အရည် အသွေးကို အဓိကထားပြီး ကောင်း အောင်လုပ်သွားမှာဖြစ်ပါတယ်'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူဦးစောထူးသာကပြော သည်။

MPT ၏ အားသာချက်မှာ ဖုန်းလိုင်းခေါ်ဆိုရာတွင် မြန်မာနိုင်ငံ နေရာအနှံ့အပြားခေါ်ဆိုနိုင်ခြင်း၊ ဖုန်းလိုင်းဆွဲအားကောင်းနေသေးခြင်း တို့ကြောင့် ဖုန်းခေါ်ဆိုခများ၊ အင် တာနက်သုံးခများကိုမချပေးခြင်း ဖြစ်ကြောင်း MPT သုံးစွဲသူများက သုံးသပ်သည်။''ကိုယ်က ဒီနံပါတ်ကို စွန့်လို့ မရသေးဘူး။ ဒါ့ကြောင့်သူတို့ကလဲ ဈေးမချတာပါ''ဟု MPT ဖုန်းကို သိန်း ၅ဝကျော်ဖြင့်ဝယ်ယူသုံးစွဲ ခဲ့သူဦးသူရကပြောသည်။

တချို့ သုံးစွဲသူများကလည်းမြန်မာနိုင်ငံ၌ အင်တာနက်သုံးစွဲရာတွင်ဒေတာ နှင့် ပိုက်ဆံဖြတ်တောက်ခြင်းကို မရင်းနှီးသေးသဖြင့် နာရီဖြင့်သာ ကောက်ခံစေလိုကြောင်းဆန္ဒပြုကြ သည်။

MPT ဈေးနှုန်းလျှော့ချသည့် အစီအစဉ်နှင့်ပတ်သက်ပြီးလူမှုကွန် ရက်စာမျက်နှာများတွင် ဖုန်းခေါ် ဆိုခနှုန်းထားနှင့် အင်တာနက်သုံး စွဲမှုများအတွက် ဈေးနှုန်းမြင့်မား မှုရှိနေသေးကြောင်း ဝေဖန်မှုများ လည်းပေါ်ထွက်လျက်ရှိသည်။ဖုန်ခေါ်ဆိုခလျှော့ပေးမည်ဖြစ် ကြောင်း သိရသည့်အတွက် MPT ၏ဈေးကွက်အတွင်း၌တစ်ကတ်လျှင် ကျပ် ၈၅ဝဝ အထိရှိနေကြောင်း ဖုန်းဆိုင်များမှသိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏တယ်လီ ဖုန်းသုံးစွဲနှုန်းသည် ၁၅ရာခိုင်နှုန်း ရှိပြီး ၂ဝ၁၅-၂ဝ၁၆တွင် ၅ဝ ရာ ခိုင်နှုန်းအထိ တိုးတက်လာရန် မျှော် လင့်ထားကြောင်းမြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှအတည်ပြုထားသည်။

ကြည်ပြာ၊ လင်းလင်း၊ ကိုအောင်
The Union Daily

0 comments:

Post a Comment