17 Feb 2015

အခြေခံပညာ စာမေးပွဲများ ပုံမှန်ထက် နောက်ကျမည်


အခြေခံပညာ လေးတန်းနှင့် ရှစ်တန်း၊ ဆယ်တန်း စာမေးပွဲများမှလွဲ၍  အခြေခံပညာအတန်းများ အားလုံး စာမေးပွဲ ဖြေဆိုရန် ဖေဖော်ဝါရီလ တတိယပတ် နောက်ဆုံးတွင် ဖြစ်နိုင်ကြောင်း အမှတ်(၃) အခြေခံပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးသိုက်က ပြောကြားခဲ့သည်။


၂၀၁၅ ခုနှစ် စတုတ္တတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများကို ခရိုင်နှင့်တိုင်းမှ မေးခွန်းထုတ်၍ စာမေးပွဲများ စစ်ဆေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အခြေခံကျောင်းပေါင်းသုံးသောင်းခန့်ရှိကြောင်း သိရှိရသည်။
“စာမေးပွဲဖြေဆိုရက်ကို စောပြီး စစ်ဆေးမှာမဟုတ်ပါဘူး။ နောက်ကျပြီး စစ်ဆေးမှာဖြစ်တယ်။ 


ရက်ရွှေ့လိုက်တာပေါ့။ လေးတန်းနဲ့ ရှစ်တန်းဖြေပြီးမှ နှစ်တန်းတို့၊ သုံးတန်းတို့၊ ငါးတန်းတို့၊ ခုနှစ်တန်းတို့ ဖြေကြရမှာဖြစ်တယ်။ ကိုးတန်းကတော့ မတ်လထဲ ဆယ်တန်းဖြေတဲ့ လထဲကို နောက်ရောက်သွားမယ်” ဟု ပြောကြားခဲ့သည်။


စတုတ္တတန်းနှင့် အဋ္ဌမတန်း စာမေးပွဲဖြေဆိုရက်ကို ကြေညာထားသည့်အတိုင်း ဖေဖော်ဝါရီလ၁၉ ရက်မှ ၂၆ ရက်အထိ ပုံမှန်စစ်ဆေးသွားမည်ဖြစ်ပြီး ကျန်အတန်းများကို ၎င်းတို့ဖြေဆိုပြီးနောက် ပိုင်းမှ  အတန်းပြီးဆုံးခြင်း စာမေးပွဲများကို စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။


 http://internetjournal.media/new/1622


0 comments:

Post a Comment