13 Feb 2015

ဒီဇယ်၊ လျှပ်စစ်နှစ်မျိုးသုံး ရထားတွဲဆိုင်းများ ဂျပန်မှဝယ်ယူမည်


ဒီဇယ်၊ လျှပ်စစ်နှစ်မျိုးသုံး ရထားတွဲဆိုင်းများ ဂျပန်မှဝယ်ယူမည်
==========================================
အာကာထက်

လျှပ်စစ်ရထား စီမံကိန်းအတွက် ဒီဇယ်နှင့် လျှပ်စစ်စွမ်းအင်နှစ်မျိုးသုံး ရထား တွဲဆိုင်းများကို ဝယ်ယူသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်း(၆)(အောက်မြန်မာ ပြည်)မှ အထွေထွေမန်နေဂျာ ဦးထွန်းအောင် သင်းကပြောသည်။ ယင်းဝယ်ယူမည့် ရထား တွဲဆိုင်းများမှာ ဂျပန်နိုင်ငံမှဖြစ်ကြောင်းသိ ရသည်။


''၂ဝ၁၆ ခုနှစ်မှာ ပြုလုပ်မယ့် လျှပ်စစ် ရထားစီမံကိန်းအတွက် နှစ်မျိုးသုံး တွဲဆိုင်း တွေ ထပ်မံဝယ်ယူသွားမှာပါ''ဟု ယင်းက ပြောသည်။
ယင်းဝယ်ယူမည့် တွဲဆိုင်းများအား လက်ရှိပြေးဆွဲနေသည့် ရထားတွဲဆိုင်းများ နေရာတွင် အစားထိုး ပြေးဆွဲသွားမည်ဖြစ် ကြောင်း သိရသည်။
''အဲဒါတွေကို လက်ရှိပြေးဆွဲနေတဲ့ Air Conditioned RBE နေရာတွေမှာ အစားထိုး ပြေးဆွဲသွားမှာပါ''ဟု အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။


ယင်းရထားတွဲဆိုင်းများ ဝယ်ယူရန်အ ပါအဝင် မြန်နှုန်းမြင့် မြို့ပတ်ရထားများ ပြေး ဆွဲရန်အတွက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ရန် နှစ်ခုပေါင်း ဒေါ်လာသန်း ၂ဝဝ ခန့် သုံးစွဲသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


ယင်းလျှပ်စစ်ရထား (Tram Train)မှာ လွန်ခဲ့သည့် အင်္ဂလိပ်အစိုးရလက်ထက် ကတည်းက ပြေးဆွဲခဲ့ကြောင်းလည်း သိရ သည်။ ယင်းအပြင် လျှပ်စစ်ရထား စက် ခေါင်းများအားလည်း ဝယ်ယူလျက်ရှိကြောင်း သိရသည်။
''လျှပ်စစ်ရထား စက်ခေါင်းက တွဲဆိုင်း တွေ မတိုင်မီကတည်းက ဝယ်ယူနေတာ ပါ။ စက်ခေါင်းတွေကလဲ ဂျပန်နိုင်ငံကပဲ ဝယ်ယူတာပါ''ဟု ယင်းကပြောသည်။
လက်ရှိတွင် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့် ညှိနှိုင်းမှုများ ပြုလုပ်ပြီးလျက်ရှိ ကြောင်းလည်း သိရသည်။


လက်ရှိတွင် ရထားသွားလာရေးနှင့် ဝန်ဆောင်မှုအား အဆင့်မြှင့်တင်လျက်ရှိ ရာ လျှပ်စစ်ရထား ပြေးဆွဲခြင်းသည် ယင်း အဆင့်မြှင့်တင်ခြင်း၌ ပါဝင်ကြောင်းလည်း ထပ်မံသိရသည်။
 
 
 
 

0 comments:

Post a Comment