13 Jan 2015

MECTel ဖုန်းများ အင်တာနက်လျှောက်လျှင် ကျပ်တစ်သောင်း ပေးဆောင်ရန် မလိုတော့



မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ဝန်ဆောင်မှု ပေးနေသည့် ၃၀၊ ၃၁ နှင့် စသည့် MECTel ဖုန်း များတွင် အင်တာနက် စတင်အသုံးပြုရန် ဝန်ဆောင်ခ ကျပ် တစ်သောင်း ပေးဆောင်နေရာမှ လက်ရှိအချိန်တွင် ပေးသွင်းရန် မလိုအပ်တော့ဟု MECTel ထံမှ သိရသည်။
ယင်းကဲ့သို့ အင်တာနက် စတင်အသုံးပြုခ ကျပ် တစ်သောင်းပေးရန် မလိုခြင်းကို ဇန်န၀ါရီ ၁၅ ရက်က စတင်လိုက်ပြီ ဖြစ်သည်။
 

ယင်းအပြင် စာတိုစနစ် မက်ဆေ့ခ်ျပေးပို့မှုအတွက် ယခင် တစ်စောင်လျှင် ၂၅ ကျပ် ကောက်ခံရာမှ ဇန်န၀ါ ရီ ၁၅ ရက်မှစပြီး တစ်စောင်လျှင် ၁၅ ကျပ်နှုန်း လျှော့ချ ကောက်ခံသွားမည် ဖြစ်သည်။
ယင်းအပြင် MECTel က ၎င်းတို့၏ဖုန်းများ ငွေဖြည့်သွင်းမှုအတွက် နှစ်သစ်ကူး အစီအစဉ်အဖြစ် ဇန်န၀ါရီ ၁၅ ရက်မှ စတင်ပြီး ၃၁ ရက်အထိ ငွေဖြည့်သွင်းပါက ဖြည့်သွင်းသည့် ငွေဖြည့်ကတ် တန်ဖိုး၏ ၇၀ ရာခိုင် နှုန်းကို အပို ထပ်ဆောင်းငွေအဖြစ် ပေးအပ်သွားမည် ဖြစ်သည်။
 

MEC ဆင်းမ်ကတ် အသုံးပြုသူတစ်ဦးက “ငွေဖြည့်ကတ်ပေါ်မှာ ၇၀ ရာခိုင်နှုန်း ထပ်ပေးတော့ တစ်မိနစ်ကို ဖုန်းပြောခ ၃၀ လောက်တော့ ကျတာပေါ့။ MPT ရဲ့အစီအစဉ်ထက်စာရင် ပိုကောင်းပါတယ်။ အမြဲလုပ်ပေး မယ်ဆိုရင် အဆင်ပြေမယ်” ဟု ဆိုသည်။
 

ငွေဖြည့်ကတ်တန်ဖိုး ကျပ်တစ်သောင်း ဖြည့်သွင်းပါက အပိုငွေ ကျပ် ၇,၀၀၀ ရရှိ မည်ဖြစ်ပြီး ကျပ် ၅,၀၀၀ ဖြည့်ပါက ကျပ် ၃,၅၀၀ အပိုရရှိမည်ဖြစ်သည်။ ကျပ် ၃,၀၀၀ တန် ငွေဖြည့်ကတ် ဖြည့်သွင်းပါကလည်းကျပ် ၂,၁၀၀ ရရှိမည်ဖြစ်သည်။
 

ထပ်ဆောင်းပေးထားသည့် အပိုငွေကို ကုန်ဆုံးသည်အထိ အချိန် အကန့်အသတ်မရှိ အသုံးပြုနိုင်မည် ဖြစ် သည်။ ဖုန်းငွေဖြည့်ကတ်များကို အသုံးပြုသူများ အဆင်ပြေစေရန် ကျပ် ၃,၀၀၀ တန် ငွေဖြည့်ကတ်များ လည်း ဈေးကွက်အတွင်း ဖြန့်ဖြူးပေးလျက်ရှိသည်ဟုMECTel ထံမှ သိရသည်။
 

ယခင်ကMECTel ၏ ဆင်းမ်ကတ် ပျောက်ဆုံးပါက ပြန်လည်လျှောက်ထားရန် ကျပ်နှစ်သောင်း ကောက်ခံ ရာမှ လက်ရှိအချိန်တွင် ကျပ် ၁,၅၀၀ သို့ လျှော့ချ ကောက်ခံလျက် ရှိသည်။


မဇ္ဈိမ


အလုပ်ထွက်တော့မယ်ဆိုရင်



  သေချာပါစေ!

အလုပ်ထွက်ဖို့ သင်စိတ်ကူးရှိတယ်ဆိုရင်တော့ ပထမဆုံးသင့်ကိုသင်မေးသင့်တဲ့မေးခွန်းကတော့ သင်တကယ်ရော အလုပ်ထွက်ချင်ပါသလား? ဆိုတဲ့မေးခွန်းပါပဲ။ အလုပ်ထွက်ခြင်းကရော သင့်ရှေ့ရေးအတွက် အကောင်းဆုံး ဖြစ်ပါသလား။
ယခုလုပ်နေတဲ့အလုပ်မှာ သင်အခက်အခဲတွေရှိနေပါသလား? သင်မပျော်မရွှင်ဖြစ်နေတာကို သင့်အလုပ်ရှင်ကို သိအောင်ပြောပြဖူးပါသလား? အကယ်၍သင့်အလုပ်ရှင် သင်မပျော်ရွှင်တာကိုမသိသေးဘူးဆိုရင်တော့ အလုပ်ထွက်ခြင်းက မလိုအပ်သေးပါဘူး။အရင်ဆုံး သင်ဘာတွေမပျော်မရွှင်ဖြစ်နေတယ်ဆိုတာကို သင့်အလုပ်ရှင် သိအောင်ပြောပြသင့်ပါတယ်။ သင့်အလုပ်ရှင်က သင့်မပျော်ရွှင်မှုတွေကိုဖြေရှင်းပေးကောင်း ဖြေရှင်းပေးနိုင်ပါတယ်။
အကယ်၍ သင်ကအလုပ်ထွက်ဖို့အရမ်းသေချာနေပြီဆိုရင်လည်း
စနစ်တကျ အလုပ်ထွက်လို့ရပါတယ်။


လုပ်ဆောင်သင့်သည့်အချက်များ

-ပထမဆုံးလုပ်ဆောင်သင့်တာကတော့နှုတ်ထွက်စာတစ်စောင်ရေးဖို့ပါပဲ။နှုတ်ဖြင့်လည်းအလုပ်ထွက်ဖို့ အကြောင်း ပြောဖို့လိုပါလိမ့်မယ်။ဒါပေမဲ့ သင်အလုပ်ထွက်ဖို့အကြောင်းပြောတဲ့အခါမှာတော့ အလုပ်ထွက်စာပါ တစ်ခါတည်း ယူဆောင်သွားပါ။ သင်အလုပ်ထွက်ရသည့် အကြောင်းအရင်းများကိုဖော်ပြပါ။ သင်ဘယ်အချိန် အထိပဲ အလုပ်ဆင်းပေးနိုင်မလဲ ဆိုတာကိုဖော်ပြပါ။ ယဉ်ကျေးစွာ ပြောဆိုပါ။ ထိုကုမ္ပဏီမှာအလုပ်လုပ်ခဲ့သော အချိန်တွေအတွက် ကျေးဇူးတင်ကြောင်းပြောနိုင်ပါတယ်။ ကုမ္ပဏီရဲ့အနာဂတ်အတွက်လဲ ကံကောင်းပါစေ ဆုတောင်းပေးခြင်းအားဖြင့် သင့်အကောင်းမြင်သဘောထားကိုဖော်ပြပါ။ သင်ယခု အလုပ်ထွက်ဖို့ကြိုးစား နေတဲ့သင့်အလုပ်ရှင်ကို သင်နောင်တစ်ချိန်မှာ ပြန်ပက်သက်ရကောင်း ပက်သက်ရနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။


-ခေါင်းအေးအေးထားပါ။ သင်ဘာကြောင့်အလုပ်ထွက်သလဲဆိုတဲ့ အကြောင်းပြချက်ကို ရှင်းရှင်းလင်းလင်း ပြောနိုင်ပါစေ။ကောင်းမွန်သောဆက်ဆံရေးဖြင့်သာ သင်အလုပ်ထွက်လိုကြောင်း သင့်အလုပ်ရှင် မြင်အောင်ပြနိုင်ပါစေ။


-သင်အလုပ်မထွက်ခင်အချိန်အထိ သင့်အလုပ်တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ပါ။ သင်အလုပ်ထွက်ပြီး မှသင်လုပ်ခဲ့သင့်သောအလုပ်များကိုမလုပ်ခဲ့ပါက အခြားဝန်ထမ်းများအတွက် အလုပ်ပိုစေပါတယ်။ သင့်ကို အလုပ်ထွက်သောနေ့မတိုင်ခင်အထိ လုပ်ခလစာပေးထားသောကြောင့် အလုပ်မထွက်ခင်အထိ တာဝန်ကျေပွန်သင့်ပါတယ်။

-သင်အလုပ်မ၀င်ခင်က အလုပ်ထွက်ခြင်းနှင့်ပက်သက်သော စည်းမျဉ်းစည်းကမ်းများကိုလိုက်နာရန်လက်မှတ် ထိုးခဲ့ပါက ထိုစည်းမျဉ်းများအတိုင်းလိုက်နာသင့်ပါတယ်။အချို့သော ကုမ္ပဏီများက သင်အလုပ်မထွက်ခင်မှာ အင်တာဗျူးဖြေခိုင်းလေ့ရှိပါတယ်။ သင်အလုပ်ထွက်ရသည့်အကြောင်းအရင်းကို သိအောင်ကြိုးစားခြင်းသာ ဖြစ်၍ စိတ်လှုပ်ရှားစရာမလိုပါ။


-အလုပ်ထွက်ခြင်းဆိုသည်မှာ ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်၍ အားမနာပါနှင့်။သင်ဟာ ရည်းစားနှင့်လမ်းခွဲခြင်း မဟုတ်ပါဘူး။ သင့်ရှေ့ရေးတိုးတက်ဖို့ အလုပ်ပြောင်းခြင်းသာဖြစ်ပါတယ်။ အပြစ်ရှိသလိုမခံစားပါနဲ့။


-သင့်ရဲ့ရှေ့ရေးအတွက်အလုပ်ထွက်ရာတွင် ပြောသင့်ပြောထိုက်သောအရာများကိုပြောသင့်ပါတယ်။ဥပမာသင်နှင့်သင့်အလုပ်ရှင်တွင်ရင်းနှီးသောဆက်ဆံရေးရှိပါက နောက်အလုပ်အတွက် ထောက်ခံစာ တောင်းနိုင်ပါတယ်။ သင့်အနာဂတ်အတွက်လိုအပ်သောအရာများကို ရသလောက်ယူပါ။
-အကယ်၍ သင့်အရင်အလုပ်နဲ့ပက်သက်ပြီး ဝေဖန်စရာရှိပါက အကောင်းမြင်သဘောထားနှင့်ဝေဖန်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအရာပဲပြောပြောသင်ဟာကုမ္ပဏီရှေ့ရေးကောင်းဖို့ အတွက်ပြောနေကြောင်း သိသာအောင် ယဉ်ယဉ်ကျေးကျေးပြောပါ။


မိုးရှင်း (I.M.T)

https://www.facebook.com/Work.com.mm



အသားအရေ ကောင်းခြင်းအတွက် သခွားသီး



သခွားသီးဟာ မြန်မာ လူမျိုးတွေ ကြိုက်နှစ်သက်တဲ့ အသီးလို့ ပြောရင်လည်း မမှားပါဘူး။
သခွားသီး အစိမ်းကို သုပ်စားကြသလို၊ ထမင်းဝိုင်းမှာ ငါးပိ ရည်နဲ့ တွဲဖက်ပြီး တို့စရာ အနေနဲ့လည်း စားသုံး တတ်ကြပါတယ်။ အကင်ဆိုင် တွေမှာ သခွားသီးကို အရှည်လိုက် လေးတွေ လှီးထားပြီး အချဉ်ရည်နဲ့ တို့လို့ စားသုံး လာတတ်ကြပါတယ်။


တချို့ အိမ်ရှင်မတွေ ကတော့ သခွားသီးကို အသားဟင်း ချက်တဲ့ အထဲမှာထည့်ပြီး ချက်တာပဲ ဖြစ်ဖြစ်၊ မြေပဲမှုန့်၊ ပဲမှုန့်ပတ်ကို နှစ်ကြိမ်လောက် သခွားသီးကို မျက်နှာမှာ ကပ်ပေး သင့်ပါတယ်။ လေနဲ့ရေကြောင့် အသားအရေ ပျက်စီးတာ တွေကိုလည်း ကာကွယ် ပေးပါတယ်။
ဂျုံမှုန့် အနည်းငယ်၊ ကြက်ဥအကာ အနည်းငယ်၊ သခွားသီးရည် အနည်း ငယ်နဲ့ သံပရာသီးရည် တစ်စက်၊ နှစ်စက် လောက်ကို ပန်းကန် တစ်ခုထဲမှာ သမအောင် ရောမွှေကာ မျက်နှာပြင်ကို လိမ်းပေးပြီး နာရီဝက်လောက် အကြာမှာ ရေနဲ့ ဆေးချ လိုက်ပါ။ အလုပ် မအားလပ်သူ တွေနဲ့ သဘာဝ ပစ္စည်းများ တို့နဲ့လည်း သခွားသီးသုပ် သုပ်လို့ပဲဖြစ်ဖြစ် စားတတ် ကြပါတယ်။


သခွားသီးဟာ စားသုံးလို့ ကောင်းတဲ့ အသီးတစ်မျိုး ဖြစ်သလို အသားအရေ ကောင်းမွန်ဖို့ အတွက်လည်း အထောက် အကူပေးတဲ့ အသီး တစ်မျိုးပါ။ သခွားသီးမှာ Vitamin A.B.C နဲ့ ရေဓာတ် များစွာ ပါဝင်တာမို့ ပါးပါးလေး လှီးထားတဲ့ သခွားသီး လေးတွေကို မျက်နှာပြင် အနှံ့ ကပ်ပေးရင် အသားအရေကို တင်းရင်းစေပြီး မျက်နှာလည်း ကြည်လင် စေပါတယ်။ 


သဘာဝတရားက ပေးစွမ်းတဲ့ ပေါင်းတင်ဆေး ဖြစ်တာမို့ တစ်ကိုသာ အသုံးပြု ချင်တဲ့ ပျိုမေတွေ အတွက် သဘာဝ ပေါင်းတင်ဆေး တစ်မျိုးပါ။ ကြိုက်နှစ်သက် သူများ ပြုလုပ် ကြည့်လို့ ရပါတယ်။ သခွားသီးကို စားသုံးခြင်းဖြင့် အစာချက်(Diet ) တဲ့ နေရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။ သခွားသီးဟာ အရည်ရွှမ်းတဲ့ အသီးတစ်မျိုး ဖြစ်တာမို့ စားသုံးပေးရင် ဆီးကိုလည်း ရွှင်စေပြီး မိမိ အသားအရေ အတွက်လည်း အသုံးတည့်တဲ့ သခွားသီးကို ပုံမှန်လေး စားသုံး ပေးပါလို့ တိုက်တွန်းစကား ဆိုပါရစေ။ ။


အဲအေးရှား လေယာဉ်ပျက်မှ လေယာဉ်မှူးအခန်း အသံဖမ်း ကိရိယာ ဆယ်ယူရရှိ



ပျက်ကျခဲ့သည့် အဲအေးရှား ခရီးသည်တင် လေယာဉ်၏ လေယာဉ်မှူး အခန်းအတွင်းမှ အသံများကို မှတ်တမ်းတင် ဖမ်းယူထားသော ကိရိယာကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။


လေယာဉ်ပျက် ရှာဖွေ ဆယ်ယူရေး ဆောင်ရွက်နေသည့် အဖွဲ့များသည် ခရီးစဉ်အမှတ် QZ8501 လေယာဉ်မှ အသံသွင်း ကိရိယာကို တွေ့ရှိခဲ့ပြီဟု အင်ဒိုနီးရှား အာဏာပိုင်များက ဆိုသည်။ လေယာဉ်၏ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Boxကို တွေ့ရှိပြီး နောက်တစ်နေ့ ဇန်နဝါရီ (၁၃)ရက်တွင် အသံသွင်း ကိရိယာကို ထပ်မံ ဆယ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။


Airbus A320-200 အမျိုးအစား လေယာဉ်သည် လူ(၁၆၂)ဦးကို တင်ဆောင်ပျံသန်းရင်း ဒီဇင်ဘာ (၂၈)ရက်က ဂျာဗားပင်လယ်ထဲတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ရှာဖွေရေး အဖွဲ့များက လေယာဉ်တွင် လိုက်ပါလာသူ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ရန် မျှော်လင့်ချက် မရှိဟု ယူဆထားသည်။


လေယာဉ်၏ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာရော၊ လေယာဉ်မှူး အခန်းထဲမှ အသံဖမ်း ကိရိယာကိုပါ ဆယ်ယူ ရရှိခြင်းက လေယာဉ်ပျက်ကျရမှုကို စုံစမ်းစစ်ဆေးရာ၌ များစွာ အထောက်အကူ ရရှိစေမည် ဖြစ်သည်။


ရှာဖွေဆယ်ယူရေး အဖွဲ့များသည် ရုပ်အလောင်း (၄၈)ခုကို ပြန်လည် ရရှိထားပြီး ဖြစ်သော်လည်း ကျန်အလောင်း အများစုသည် လေယာဉ်ကိုယ်ထည်ထဲတွင် ပိတ်မိနေဆဲဟု ခန့်မှန်းထားသည်။ ပင်လယ်အောက်တွင် နစ်မြုပ်နေသည့် လေယာဉ်ပျက်၏ ပင်မ ကိုယ်ထည်မှာမူ ယခုအချိန်ထိ ရှာမတွေ့သေးချေ။


_Ref: BBC
http://7daydaily.com/story/29313#.VLUxjSuUewg


ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေရေး ထပ်မံကြိုးစားမည့် ဦးကျော်ဝင်းနှင့် အင်တာဗျူး

ဓမ္မစေတီ ခေါင်းလောင်း
ဦးကျော်ဝင်း ( ဓာတ်ပုံ – ဧရာဝတီ)

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်အတွင်း မြန်မာနည်း မြန်မာဟန်ဖြင့် ပထမဆုံးအကြိမ် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေခဲ့သူ ဦးစံလင်းပြီးနောက် ယခု ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဒုတိယအကြိမ်မြောက် ဓမ္မစေတီခေါင်းလောင်း ဆယ်ယူခွင့်ကို သင်္ဘောအရာရှိဟောင်း ဦးကျော်ဝင်းက ရရှိခဲ့သည်။


ရေထဲတွင် နှစ်ပေါင်း ၄၀၀ ကျော် နှစ်မြှပ်နေသည်ဆိုသော ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှုကို ၀ိဇ္ဇာနှင့် သိပ္ပံနည်းလမ်း ၂ မျိုးစလုံး အသုံးပြုပြီး ရှာဖွေမည် ဖြစ်ကြောင်း သိရသည်။ ဦးကျော်ဝင်းက ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှုကို ဇန်န၀ါရီလ ၁၂ ရက်က ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်း ၃ ခု ဆုံရာ သန်လျင်ရေနံချက်စက်ရုံ ဆိပ်ကမ်းအနီးတွင် စတင်နေပြီ ဖြစ်သည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး ဒုတိယအကြိမ် ရှာဖွေခွင့်ရသူ ဦးကျော်ဝင်းအား ဧရာဝတီ သတင်းဌာန သတင်းထောက် ဘုန်းမြတ်က တွေ့ဆုံမေးမြန်းထားပါသည်။


မေး။     ။ ဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ဖို့ ဘယ်လို စိတ်ကူး ဖြစ်ခဲ့တာပါလဲ။ ဖြေ။     ။ ကျနော် ၁၉၉၇ ခုနှစ်၊ သီလ၀ါ စတားဘိလပ်မြေ စက်ရုံ၊ အခု (Lavice) ဘိလပ်မြေ စက်ရုံ တည်တုန်းကပေါ့။ အဲဒီတုန်းက စသိတာပါ။ အဲဒီတုန်းက ဘယ်သူမှ  ဆယ်လို့ မအောင်မြင်တဲ့ အချိန်ပေါ့လေ။


မေး။     ။ အခုအချိန်မှ ခေါင်းလောင်းဆယ်ဖို့ ဖြစ်လာတာက ဘယ်လို အခြေအနေတွေကြောင့်ပါလဲ။ ဖြေ။     ။ အိမ်မက်တွေ၊ အတိတ်နိမိတ်တွေလည်း ပါတာပေါ့။ နောက် ဒါက တကယ့် လူစွမ်းကောင်း ရွေးပွဲကြီးလိုပေါ့။ အဲဒါလည်း ပါတာပေါ့။


မေး။     ။ ဘယ်လို အိမ်မက်တွေ၊ ဘယ်လို အတိတ်နိမိတ်တွေကြောင့် ဆယ်ဖြစ်သွားတာပါလဲ။ ဖြေ။     ။ ဦးက ရန်ကုန်မြစ်ကြီးကို Google Earth ကနေ အမြဲကြည့်နေတာ၊ တရက်မှာ အဲဒီ နေရာတခုကို သံသယ ရှိတယ်ပေါ့နော်။ ညဘက် အိမ်မက်မက်တော့ ကောင်းကင်မှာ ကြယ်ကြီးတလုံးပေါ။့ အဲဒီကြယ်က “လ” နားမှာ ရှိတယ်။ သူက “လ” လောက် အရွယ်အစား ရှိတယ်။ သူထဲမှာ ကြယ်လေးတွေ အပြည့်ရှိတယ်။ နောက်အဲဒီ ကြယ်ကို မတွေ့တော့ တိမ်ညွန့်လေးတွေ ကြည့်ပြီး လိုက်ရှာတော့ အဲဒီ ကြယ်ဟာ ရေထဲကျသွားတယ်။ အဲဒီ ရေပြင်ကြီးက လှပနေတယ်၊ ပန်းကန်ပြားပျံကြီး ကျသလို။ ဘာနဲ့တူလဲဆိုရင် ၅ ထောင်တန်ထဲမှာပါတဲ့ ဆင်ဖြူတော်ကြီးက ရှေ့မှာ ရေထဲကျတဲ့ ကြယ်တခုကို ရှာတဲ့ပုံစံနဲ့ ဦးအဖြစ်နဲ့ တူပါတယ်။


မေး။     ။ ခေါင်းလောင်း ရှာဖွေမှု လုပ်ငန်းတွေအတွက် လောလောဆယ် ငွေကြေးသုံးစွဲမှု ဘယ်လောက် ရှိသွားပါပြီလဲ။ ဖြေ။     ။ စက်လှေ ငှားခကတော့ တရက်ကို ၄ သောင်းပါ။ နောက် ကားခတွေ ကုန်တာတွေ ရှိတယ်။ ဒါတွေကတော့ အသေးအဖွဲပါ။ ရှာတဲ့စက် (ရေအောက် တိုင်းတာရေးစက်) ကတော့ ၈ သိန်း ပေးရပါတယ်။ ဒါလည်း သိပ်ဈေးကြီးတယ်လို့ မဆိုသာပါဘူး။ ခေါင်းလောင်း တွေ့ရင်ပေါ့။


မေး။     ။ တကယ်လို့ ခေါင်းလောင်းကြီးကို တွေ့ခဲ့မယ်ဆိုရင် ဘယ်လိုနည်းနဲ့ ဆယ်ယူမှာပါလဲ။ ဖြေ။     ။ တွေ့ခဲ့မယ်ဆိုရင် နိုင်ငံတော်ကို ပထမဆုံး သတင်းပို့မယ်။ သူတို့ ကျနော်ကို ဘာတာဝန်ပေးမလဲပေါ့။ တကယ်လို့ ဦးကျော်ဝင်းပဲ ဆက်လုပ်ပါဆို ကျနော်မှာ အစီအစဉ် ရှိပြီးသားပါ။ တကယ်လို့ ကမ်းနားဘက်မှာ ရှာတွေ့ခဲ့မယ် ဆိုရင် ဘာမှ သိပ်ခဲယဉ်းတဲ့အလုပ် မဟုတ်ပါဘူး။ ပထမဆုံး သောင်စုပ်တဲ့ စက်လှေတွေနဲ့ စုပ်မယ်။ ကျနော် စက်အကြီးကြီးတွေ မသုံးပါဘူး။ ဘာလို့လဲဆိုတော့ တခြား ပစ္စည်းတွေလည်းပါရင် ထိခိုက်သွားမှာ စိုးလို့ပါ။ ပြီးရင် မြစ်ထဲမှာ ဘော်ယာဆယ်တဲ့ ဆင်ပြောင် သင်္ဘောကြီးတွေ ရှိပါတယ်။ ၀န်ချီစက် အကြီးစားကြီးတွေပါတဲ့ သင်္ဘောကြီးတွေနဲ့ ဆယ်ဖို့ အစီအစဉ် ရှိပါတယ်။


မေး။     ။ ခေါင်းလောင်းကြီး ရှာဖွေဖို့အတွက် ရက် ဘယ်လောက် သတ်မှတ်ထားပါလဲ။ ဖြေ။     ။ အခုစက်က ကျနော် စိတ်တိုင်း မကျသေးဘူး။ ကျနော် လိုချင်တဲ့ပုံစံ မဟုတ်ဘူး ဖြစ်နေတယ်။ ပြီးတော့ ရေအတိမ်အနက် ပြတာလည်း မမှန်ဘူး။ ကမ်းစပ်ကို တိုင်းတော့လည်း ဒီအတိုင်း ပြတယ်။ ရေအနက်မှာ တိုင်းတော့လည်း ဒီအတိုင်း ပြတယ်။ ၀ယ်ထားတဲ့ဆိုင်ကို သေချာပြန်ပြပြီး  စက်စိတ်တိုင်းကျမှ ပြန်ရှာမယ်။


မေး။     ။ ဒီရှာဖွေမှုနဲ့ ပတ်သက်ပြီး ၀ိဇ္ဇာတွေအနေနဲ့ ပြောထား၊ ဆိုထားတာများရော ရှိပါလား။ ဖြေ။     ။ အကြားအမြင် ဆရာမ တယောက်တော့ ပြောဖူးတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကပေါ့။ ပစ္စည်းတခု ရှာရမယ်။ အဲဒီပစ္စည်းက ခေါင်းလောင်း ဒါမှမဟုတ် ကျောက်စာ၊ ဒါမှမဟုတ် ရွှေသရဖူပေါ့။ အဲဒီနေရာကို လှေနဲ့တဆင့် သွားရမယ်။ အချိန် မကျသေးဘူးတဲ့။ အဲဒါ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပြောတာပေါ့။ ပြောတာက ၀င်းစိန်တောရ ကျောင်းက အကြားအမြင် ဆရာမပါ။ သူက ကျနော် မမေးဘဲ ပြောတာပါ။ ဒါနဲ့ ကျနော်လည်း အားတက်ပြီး ဆယ်ဖြစ်သွားတာပါ။


မေး။     ။ ခေါင်းလောင်းက သန်လျင် ရေနံချက်စက်ရုံ ဆိပ်ကမ်းရဲ့ ဘယ်နှစ်ကိုက် အကွာလောက်မှာ ရှိမယ်လို့ ထင်ပါလဲ။ ဖြေ။     ။ ကျနော် ထင်တယ်၊ ကိုက် ၁၀၀ အကွာလောက်မှာပဲ ရှိမယ်ထင်တယ်။ သိပ်ဝေးဝေးကြီးတော့ မဟုတ်ဘူး။ ကျနော်က Google Earth က ပုံတွေနဲ့ ရေကြောင်း တိုင်းတာရေး စက်တွေနဲ့ ရှာတာလေ။ ဒါပေမယ့် ဘာပုံရိပ်မှ မပေါ်ဘူး။ တခုခုများ ချို့ယွင်းချက် ရှိနေမလားလို့ ကျနော် ထင်တယ်။


မေး။     ။ ခေါင်းလောင်းကြီး ဆယ်ယူမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်က ခေါ်တွေ့တယ်ဆိုတော့ ဘာတွေများ ညွှန်ကြားတာလဲ။ ဖြေ။     ။ ဒါသူတို့နဲ့ မပတ်သက်ဘူးပေါ့။ ဆယ်ချင်လွန်းလို့သာ ခွင့်ပြုလိုက်တာပေါ့လေ။ ကျနော်ကလည်း အကျဉ်းချုပ်ပြီး ဆယ်မယ်။ ငွေကုန်ကြေးကျလည်း မများဘူး။ နောက် ခေတ်မီစက်နဲ့ ရှာတယ်ဆိုတော့ အဲဒါ သူတို့ ခွင့်ပြုလိုက်တာ ပါပါတယ်။
မေး။     ။ ခေါင်းလောင်း ဆယ်ယူမှုနဲ့ ပတ်သက်ပြီး အလှူငွေတွေ ရရှိထားတာများ ရှိလား။ ကိုယ်ပိုင်  ပိုက်ဆံနဲ့ပဲ လုပ်တာလား။ ဖြေ။     ။ အရင် ၁၀နှစ် လောက်ကလည်း ဆယ်ဖို့ ကျနော် လုပ်သေးတယ်။ 
 
အဲဒီလိုမျိုးလုပ်တော့                    ဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေက ပိုက်ဆံ လာလှူတာ ရှိတယ်။ အဲဒီတုန်းက ကျနော် ဘုန်းကြီးဝတ်ကြီးနဲ့ ရွှေတိဂုံဘုရား ဇရပ်မှာ သွားနေတယ်။ ကျနော်ကို ပေးမနေဘူး။ ကျနော် မဆယ်ဖြစ်ဘူး။ နောက်တော့ အဲဒီ ပိုက်ဆံတွေနဲ့ ခေါင်းလောင်းတလုံးလုပ်ပြီး ၀င်းစိန်တောရကို လှူလိုက်တယ်။
အခုက ကိုယ်ပိုင် ပိုက်ဆံနဲ့ပါ။ အလှူလည်း မခံပါဘူး။ သူတို့ (ရန်ကုန်တိုင်း အစိုးရအဖွဲ့) ကလည်း ပြောပါတယ်။ အလှူခံခွင့် မရှိဘူးတဲ့။ ဒါဖြူစင်တဲ့ ပိုက်ဆံနဲ့ပေါ့ဗျာ။ ကျနော် သင်္ဘောလိုက်တုန်းက ရတဲ့ပိုက်ဆံနဲ့ အမေကို အိမ်တလုံး ဆောက်ပေးခဲ့ဖူးပါတယ်။ အခု အဲဒီအိမ်က အမွေဆိုင် ဖြစ်ပြီးတော့ ရောင်းချတဲ့အခါ ကျနော် ပိုက်ဆံရပါတယ်။ ကျနော် ၂ ပုံ ရပါတယ်။ အဲဒီ ပိုက်ဆံနဲ့ ကျနော် လုပ်တာပါ။


မေး။     ။ ခေါင်းလောင်းကြီး ရှာဖွေနိုင်မယ်လို့ ယုံကြည်ပါလား။ ဖြေ။     ။ လမ်းဆုံးရင်တော့ ရွာရောက်မှာပဲလေ။ ကျနော်တို့ အခက်အခဲတွေ ဖြေရှင်းနိုင်ရင်ပေါ့။ ဥပမာ ရှာဖွေတဲ့စက်က အလုပ်မလုပ်ဘူး။ ဒါတွေကို ဖြေရှင်းနိုင်မယ်။ နောက်တခုက ဆိုင်ရာ၊ ပိုင်ရာတွေနဲ့ သူတို့ကို ခွင့်တောင်းပြီးတော့ အကူအညီနဲ့ပေါ့။ ကျနော် လုပ်လို့ မအောင်မြင်တာ မရှိသေးပါဘူး။ ကျနော် ဆယ်နိုင်မယ်လို့ ရာနှုန်းပြည့် ယုံကြည်ပါတယ်။


မေး။     ။ ခေါင်းလောင်း ရှာဖွေမှုကို အချိန်အတိုင်းအတာ ဘယ်လောက်အထိ ဆောင်ရွက်သွားမလဲ။ ဖြေ။     ။  ဒီအလုပ်ကို မပြီးသ၍ လုပ်သွားမှာပေါ့။ မအောင်မြင်သရွေ့ လုပ်သွားမယ်။ ဦးရဲ့ ကံအရတော့ ရမှာပါ။ မခဲယဉ်းပါဘူး။ သိပ်ကြာမယ်လို့လည်း မထင်ပါဘူး။ လူစွမ်းရင်တော့ နတ်တွေလည်း မနေသာပါဘူး။     ။


ကင်ဆာအသစ်တစ်ခု တွေ့ရှိ

     

   
လူတိုင်း ဖုန်းကိုင်ထားတဲ့ ဒီခေတ်မှာ ကျန်းမာရေးအတွက် တကယ်အရေးကြီးလို့ ဖတ်ဖြစ်အောင်ဖတ်ပြီး Like & Share လုပ်ဖြစ်အောင်လုပ်ပေးပါ။ 

ကင်ဆာအသစ်တစ်ခု တွေ့ရှိ

အမေရိကကာ Dr. Brian Berry ဆိုသူဟာ လူသားတွေမှာ ဖြစ်နိုင်တဲ့ ကင်ဆာအသစ်တွေ့ရှိထားတယ်လို့ဆိုပါတယ်။ 

အဲဒီ ရောဂါဟာ ငွေရောင် နိုင်ထရိုအောက်ဆီဂျင်ကနေ ဖြစ်နိုင်ကြောင်း ပြောပြထားပါတယ်။
သတိပေးထားတာက: ဖုန်းငွေဖြည့်ကဒ်တွေက ခဲသားတွေကို လက်သဲနဲ့မခြစ်ပါနဲ့၊ အဲဒီမှာ အသားအရေကင်ဆာကို ဖြစ်စေနိုင်တဲ့ ဓါတ်တွေ ပါနေလို့ပါ။ တစ်ခုခုနဲ့ ခြစ်ပေါ့။
ဒါတွေကို သင်ချစ်ခင်တဲ့သူတွေဆီကိုလည်း ဖြန့်ပေးဖို့ သူမှာထားပါသေးတယ်။ 


အရေးကြီးတဲ့ ကျန်းမာရေး အကြံပြုချက်:

၁။ ဖုန်းလာရင် ဘယ်ဘက်နားကပဲ ဖြေစကားပြောပါ

၂။ ဆေးသောက်တဲ့အခါ ရေခဲရေတွေနဲ့မသောက်ပါနဲ့

၃။ ညနေ 5 နာရီနောက်ပိုင်း သိပ်များများ မစားပါနဲ့

၎။ ရေကို မနက်ပိုင်းမှာ များများသောက်ပြီး၊ ညဘက်တွေမှာ လျှော့သောက်ပါ

၅။ ညဘက် 10 နာရီနဲ့ မနက် 4 နာ၇ီကြားမှာ ကောင်းကောင်းအိပ်ပါ

၆။ အစားအစာနဲ့ ဆေးသောက်ပီးနောက် ချက်ချင်း မလဲလျောင်းပါနဲ့

၇။ ဖုန်းဘတ္တရီက နောက်ဆုံး အတုံးလေးကျန်တဲ့ အခါ ဖုန်းအ၀င်လက်မခံပါနဲ့၊ အဲဒီအချိန်မှာ 
 ဖုန်းရဲ့ ရောင်ခြည်ဖြာထွက်နှုန်းက 1000 ကြိမ်လောက် အားပြင်တဲ့အတွက်ပါ---တဲ့။ 


နောက်သူပြောထားပါသေးတယ်---- ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး သင်ဂရုစိုက်မလိုတဲ့သူတွေဆီလည်း Share ပေးဖို့ပေါ့။

ကြင်နာမှုက ဘာမှ ကုန်ကျမှု မရှိကြောင်းကိုလည်း သူပြောထားပါသေးတယ်။
လွယ်လွယ်နဲ့ကင်ဆာဖြစ်စေနိုင်တဲ့ အခြေနေကို ရှောင်နိုင်ကြပါစေ!

ဘာသာပြန်မချောတာကြောင့် နားလည်ပါ-----

မေတ္တာဖြင့်

Must Read And Share

**********************


Dr. Brian Berry of the United States has found new cancer in human beings, caused by Silver Nitro Oxide. Whenever you buy recharge cards, don’t scratch with your nails, as it contains Silver Nitro Oxide coating and can cause skin cancer. Share this message with your loved ones.

Important Health Tips:
1. Answer phone calls with the left ear.
2. Don't take your medicine with cold water....
3. Don't eat heavy meals after 5pm.
4. Drink more water in the morning, less at night.
5. Best sleeping time is from 10pm to 4 am.
6. Don’t lie down immediately after taking medicine or after meals.
7. When phone's battery is low to last bar, don't answer the phone, bcos the radiation is 1000 times stronger.
Can you Share this to people you care about?
I just did,
Kindness costs nothing
But Knowledge is power
Share and Tag at least with five friends