12 Aug 2015

ဘီယာဗိုက်ပိုင်ရှင်များက အမျိုးသမီးများအတွက် ဆွဲဆောင်မှုပိုရှိ


 
 
ဘီယာဗိုက်ပိုင်ရှင်များက အမျိုးသမီးများအတွက် ဆွဲဆောင်မှုပိုရှိ

Plus-size လို့ခေါ်တဲ့ ဝဝဖြိုးဖြိုးပုံစံအမျိုးသားတွေအတွက် သတင်းကောင်းဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ သာမန်အမျိုးသားတွေထက် ဝဝဖြိုးဖြိုးအမျိုးသားတွေကိုသာ ပိုပြီးလိုချင်ကြတယ်လို့ ဗြိတိန်မှာလုပ်တဲ့ စစ်တမ်းတစ်ခုက ဖော်ပြလိုက်ပါတယ်။


ဒါကြောင့် ဘီယာဗိုက်ပိုင်ရှင်တွေအတွက်တော့ ကျန်းမာရေးရှုထောင့်ကမကြည့်ဘူးဆိုရင် ဒါဟာ သဘောကျစရာ သတင်းတစ်ရပ်ဖြစ်ပါတယ်။ အသက် ၁၈ နှစ်နဲ့အထက် ဗြိတိန်အမျိုးသမီးပေါင်း ၂၅၄၄ ဦးကို မေးမြန်းခဲ့ရာမှာ အများစုက ဝဝဖြိုးဖြိုးအမျိုးသားတွေနဲ့ ချစ်ခင်စုံမက်လိုကြတယ်လို့ ရေးသားထားတာ ဖြစ်ပါတယ်။ ဖြေဆိုကြတဲ့အထဲမှာ ၃၈ ရာခိုင်နှုန်းသော အမျိုးသမီးတွေက ရွေးချယ်လို့ရမယ်ဆိုရင် ဝဖြိုးတဲ့ အမျိုးသားတွေကိုသာ ချစ်သူအဖြစ် ရွေးလိုကြတယ်လို့ ဖြေထားပါတယ်။ ဘာလို့ plus-size အမျိုးသားတွေကို ကြိုက်နှစ်သက်ရလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ဒီလိုအမျိုးသား အများစုဟာ သူတို့ထက် ချစ်သူအမျိုးသမီးကို အရင်ဦးစားပေးတက်တာကြောင့်ပါလို့ ဖြေဆိုကြပါတယ်။


ဝဝဖြိုးဖြိုး အမျိုးသားတွေပြီး အမျိုးသမီးတွေ ဒုတိယကြိုက်နှစ်သက်သူ အမျိုးသားတွေကတော့ အားကစားသမားလို့ခေါ်တဲ့ ခန္ဓာကိုယ်တောင့်တင်းကြည့်ကောင်းသူတွေဖြစ်ကြပါတယ်။ ဒါပေမယ့် ဒီလိုအမျိုးသားတွေကို ကြိုက်နှစ်သက်တဲ့ အမျိုးသမီးက ၂၁ ရာခိုင်နှုန်းပဲရှိပါတယ်။ အမျိုးသမီးတွေ နှစ်သက်တာ အနည်းဆုံးအမျိုးသားတွေပုံစံကတော့ ပိန်ပိန်ပါးပါး ပုံစံဖြစ်ပါတယ်။

source - metro

Planet Myanmar Network