28 Oct 2011

သူယောင်မယ်သီး

imagebam.comimagebam.com

သူယောင်မယ်သီးဆိုပြီး မြန်မာ့ရှေးဟောင်းကျမ်းတွေမှာ ဆိုပါတယ်။ ပါးစပ်ရာဇ၀င်အရ ၀ိဇ္ဇာ၊ဇော်ဂျီ၊တပသီစတဲ့လောကီထွက်ရပ်ပေါက် ပုဂ္ဂိုလ် များဟာ သူတို့ ရဲ့ လောကီဣဒ္ဓိပ္ပါဒ်အစွမ်းဖြင့် အသက်ဝင်အောင် ဖန်တီးပြီး ပျော်ပါးလေ့ရှိကြောင်း အဆို အမိန့် များရှိကြပါတယ်။ မိန်ခလေးသဏ္ဌာန်နဲ့  အံ့သြစရာကောင်းအောင်တူလှပါတယ်။ အင်္ဂလိပ်အခေါ် Nareepool ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အနီးက Petchaboon မှာ တွေ့ရတာဖြစ်ပါတယ်..။ မြန်မာပြည် ရှမ်းပြည်နယ်ဘက်မှာလဲ ရှိကြောင်း သိရပါသေးတယ်။ ဣန္ဒိယ နိုင်ငံ ဟိမ၀န္တာတောင်တန်း ၀န်းကျင်မှာလဲ ပေါက်ရောက်ကြောင်းလဲထပ်မံသိရပါသေးတယ်။

ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့စကားပုံများ

အစားရှောင်ခြင်းကြောင့် အသက် မသေနိုင်။
အစားလွန်မှသာ သေဆုံးတတ်သည်။(ရုရှား)

အစားလွန်၍ သေဆုံးရသူ ဦးရေမှာ
စစ်ပွဲတွင် ရရှိသော ဓားဒဏ်ရာဖြင့် သေဆုံးရသူများထက်
ပိုလွန်နေသည်။ (ပြင်သစ်)

တန် ဆေး၊ လွန် ဘေး။
(သင့်ရုံ တန်ရုံ စားသောက်လျှင် ဆေးဖြစ်သည်။
အလွန်အကျွံ စားသောက်လျှင် ဘေးဖြစ်သည်) (မြန်မာ)

ရေကို ၀ယ်ယူရသော နေရာမျိုး၌ မိမိအတွက် အိမ်မဆောက်မိပါစေနဲ့။ (စပိန်)

ညသန်းခေါင်ကျော်ပြီးသည့်တိုင် အိပ်ရာမ၀င်သေးက သေဖို့နီးပြီဟု မှတ်။ (အင်္ဂလိပ်)

အစားအသောက်က ဆရာဝန်၏ ဓားထက်
သင်၏ကျန်းမာရေးကို အကူအညီပြုသည်ကို သတိရှိပါ။(စပိန်)

အသက်ရှင်ရေးအတွက် ကြောင်ကဲ့သို့ အစားကို စားပါ။
ပြီးနောက် ခွေးကဲ့သို့ ရေသောက်ပါ။ (ဂျာမန်)

လိမ္မော်ရည် သံပုရာရည်တို့သည် ဘုရားရှိခိုးကျောင်းမှ ရေစင်ကဲ့သို့ ကောင်းမွန်၏။ (စပိန်)

ကျန်းမာနေလိုလျှင် အ၀တ်အစား နွေးနွေးထွေးထွေးကိုဝတ်ပြီး အစားကို လျှော့စားပါ။ (အင်္ဂလိပ်)

အစားလျှော့စားခြင်းက ရောဂါဘယကို ကင်းဝေးစေသည်။ (အာရပ်)

အစား တပန်းကန်ထက်မပိုက ဆေးဆရာ လိုခဲသည်။ (အင်္ဂလိပ်)

အစားအစာသည် ပထမဆုံး ဆေးဝါးဖြစ်သည်။ (အီတလီ)

ယနေ့ အစားလွန်က နက်ဖြန် အလောင်းကောင်ဖြစ်သွားနိုင်သည်။ (ပြင်သစ်)

ပေါင်မုန့်နဲ့ ဒိန်ခဲသည် ကျန်းမာသောသူတို့၏ ဓာတ်ဆေးဝါးပင် ဖြစ်သည်။ (ပြင်သစ်)

ညနေ အစာစားပြီးက ခေတ္တအနားယူပါ။
ညစာ စားပြီးက တမိုင်ခရီးခန့် လမ်းလျှောက်ပေးပါ။ (လက်တင်)

ခြေထောက်ကို ခြောက်သွေ့အောင်ထားပြီး လည်ပင်းကို နွေးအောင် ထားပါ။
လားကဲ့သို့ အစာစားပြီး နွားကဲ့သို့ ရေသောက်ပါ။ (အီတလီ)

ရောဂါကို တအောင်စမျှ ကာကွယ်ခြင်းသည်
တပေါင်ဖိုး ကုသခြင်းထက် သာလွန်သည်။ (စပိန်)

အကောင်းဆုံး ရေဟူသည် အနံ့ အရသာ အရောင် အဆင်း ကင်းရမည်။ (စပိန်)

အစဉ်ကျန်းမာလိုလျှင် လူကြီးများ၏ စိတ်နေစိတ်ထားမျိုး ထားပေးပါ။ (စပိန်)

ကြက်သွန်နီဥက ရောဂါ ၇-မျိုးကို ကုသနိုင်စွမ်းရှိသည်။ (ဂျာမန်)

ဦးနှောက်ကို အေးအေးထား၍ အစာအိမ်ကို အနားပေးကာ
ခြေထောက်ကို အစဉ်နွေးထွေးအောင် ထားပါ။ (ရုရှား)

ကြက်သွန်နီဥနှင့် ရေနွေးက ရောဂါမျိုးစုံကို ကုသနိုင်စွမ်းရှိ၏။ (ဂျာမန်)

အစာလျှော့စားခြင်းကြောင့် အသက်ရှည်စေနိုင်သည်။ (စကော့)

စောစောအိပ်၍ စောစောထသူသည်
ကျန်းမာချမ်းသာပြီး ပညာရှိသူဟု ဆိုရမည်။( အမေရိကန်)

တသွင်သွင် စီးဆင်းနေသော ရေက လူတို့အသက်ကို ရန်မရှာ။
မစီးဆင်းဘဲ တည်ငြိမ်နေသော ရေကသာ ဒုက္ခပေးတတ်သည်။ (စပိန်)

ဤကား ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့စကားပုံများကို ကွယ်လွန်သူ ဆရာဝန်တင်ရွှေ၏ ရှာဖွေတင်ပြချက်များဖြစ်သည်။

မူရင်း။ ။မင်္ဂလာသတင်းစဉ်

သူရဲကောင်းရွေးခြယ်ပွဲ

တစ်ခါကဘုရင်ကြီးတစ်ပါးသည် နိုင်ငံ အတွင်းတွင် သူရဲကောင်းရွေးခြယ် ပြီး
သူကောင်းပြုရန်အတွက် အကြံရလေသည်။
 သူသည် သူ၏ဖောင်တော်ကို မိချောင်းများ မွေးမြူထားသော ရေကန်၏အလယ်တွင်
 ကျောက်ချစေပြီး မူးမတ်များကို ဤသို့ကြေငြာစေသည်။ 
“တိုင်းသူပြည်သားများ ခင်ဗျား ဘုန်းကံ ကြီးမြတ်သော ရွှေနန်းရှင် ၏သူရဲကောင်းရွှေးခြယ်
 ပွဲကြီး စတင်ပါမည်ခင်ဗျား မိချောင်းများကို တိုက်ခိုက်၍ ဤရေကန်ကို 
ကူးခတ်လာနိုင်သူအား ဘုရင်မင်းမြတ် ကြီးမှ ဆုတော်လာဘ်တော်များ ပေးသနားပြီး
 သူရဲကောင်းအဖြစ် ချီးမြောက်မည်ဖြစ်ပါသည်။ ပြိုင်ပွဲ စပါပြီခင်ဗျား။
 “  ပရိတ်သတ် များသည်ကမ်းလုံးပြည့်မျှစည် ကားလှ၏။
 အမတ်ကြီးက ထိုသို့ကြေငြာလိုက်သော်လည်း ပရိတ်သတ်ကြီးက တုတ်တုတ်မျှမလှုပ်။
 မည်သူမှ ရေထဲ မဆင်းရဲပဲ ငြိမ်သက်နေကြသည်။
 အတန်ကြာ တော့ ဘုရင်ကြီးဒေါသထွက်လာသည်။
 ငါကိုယ်တော်ရဲ့တိုင်း ပြည်ထဲမှ ရဲစွမ်းသတ္တိရှိတဲ့သူ မရှိတော့ ဘူး လားဟု 
မူးမတ်များကို မေးသည်။
 တစ်ခဏနေ သော် ရေထဲသို့ လူတစ်ယောက် ဗွမ်းခနဲ့ ခုန်ချ သွား သည်။
 မိချောင်းများက သူ့ထံသို့ စုပြုံ လိုက်ကြလေသည်။ 
ထိုသူသည် မိချောင်းများကို ရှောင်တိမ်း ရင်း ဖောင်ဆီသို့ ရောက်အောင်ကြိုးပမ်းလေ၏။ 
ပရိတ်သတ်ကြီး လည်း အသက်ပင် မရှုနိုင်ပဲ သည်းထိတ် ရင်ဖို စွာ ကြည့်ရှု့ကြလေသည်။
 နောက်ဆုံးတွင် ထိုသူသည် ဖောင်တော်ဆီ သို့ အောင်မြင်စွာ ရောက်ရှိလေ သည်။ 
ထိုအခါ ဘုရင်ကြီးက အားရတော်မူပြီး ရွေဓါးဆုကို ချီးမြင့်လေသည်။
 မူးမတ်များ က ချီးကျူး စကား ဆိုကြ၏။
 ပရိတ်သတ်များကလည်း သောင်းသောင်းဖျဖျ လက်ခုပ်တီး သြဘာပေး ကြလေသည်။
 ထို့နောက် ပရိတ်သတ်များ ငြိမ်သက်စေရန် အမတ်ချုပ်ကြီးက လက်ကာပြလိုက်ပြီး 
သူရဲကောင်းကြီးအား
 “သူရဲကောင်းကြီး အနေနဲ့ ပရိတ်သတ်ကြီးကို ဘာများပြောချင်ပါသေးသလဲခင်ဗျာ“
 မေးလိုက်ရာ သူရဲ ကောင်းကြီးမှ ပရိတ်သတ်ကြီးဖက်ကို လှည့်လိုက်ပြီး
 “ဘယ် မအေ..... ငါ့ကိုတွန်းချတာလဲကွ“ ဟူ၏။

Aung.info မှကူးယူဖေါ်ပြပါသည်။

မြန်မာပြည် ငရဲကို ပို့ပေးပါ

တစ်နေ့မှာ အမေရိကန် လူမျိုးတစ်ယောက်ဟာ သေဆုံးပြီး ငရဲပြည်ရောက်သွားပါသတဲ့။ ငရဲပြည်ရောက် တဲ့ အခါမှာ ငရဲပြည် ဂိတ်ဝက ငရဲမင်းကြီးက အမေရိကန် လူမျိုးကို “မင်းဟာ အမေရိကန် လူမျိုးဖြစ်တဲ့ အတွက် ကြိုက်တဲ့ ငရဲပြည်မှာ နေခွင့် ရှိတယ်၊ ဘယ်ငရဲ ပြည်မှာ နေမလဲ” လို့ မေးတယ်။ အမေရိကန် က ဘယ်လိုငရဲပြည် အမျိုးမျိုးရှိလို့ ဘယ်ငရဲပြည်မှာ နေဖို့ရွေးရမှာလဲ ဆိုတာ မရှင်းလို့ ငရဲမင်းကြီးကို ပြန်မေးတဲ့ အခါ ငရဲမင်းကြီးက “ငရဲပြည်မှာ လဲ လူ့ပြည်မှာ လိုဘဲ၊ အမေရိကန် ငရဲ၊ ဂျာမဏီ ငရဲ၊ ပြင်သစ် ငရဲ စသည်ဖြင့် ငရဲပြည် အမျိုးမျိုးရှိတယ်၊ မင်းဘယ်ငရဲပြည်မှာ နေမလဲ လို့” ရှင်းပြပြီး ဖြေခိုင်းတယ်။ ဒါနဲ့ အမေရိကန်က “ဟာ ငရဲမင်းကြီး ဒါဆိုရင် ဘယ်ငရဲပြည်မှာ နေမလဲ မရွေးချယ်ခင် ကျနော် နဲနဲ အဲဒီငရဲပြည်တွေကို သွားပြီး လေ့လာချင်တယ် ခွင့်ပြုပါ” လို့ ခွင့်တောင်းတယ်။ “ဒါနဲ့ ငရဲမင်းကြီးက ကောင်းပြီ ငါမင်းကို ငရဲပြည် သုံးလေးခုလောက် သွားပြီး လေ့လာခွင့် ပေးမယ် ပြီးရင် တစ်နေရာ ရွေးရမယ်” ဆိုပြီး ခွင့်ပေးလိုက်တယ်။
ဒါနဲ့ အမေရိကန်လည်း ငရဲပြည်အမျိုးမျိုး လေ့လာဖို့ စတင်ခရီးထွက် ခဲ့ပါတော့တယ်။ သူပထမဦးဆုံး အမေရိကန် ငရဲပြည်ရောက်ပြီး အဲဒီက သူ့အရင်ရောက်နှင့် နေတဲ့ လူတွေကို အမေရိကန် ငရဲက ဘယ်လိုနေသလဲလို့ မေးကြည့်ပါတယ်။ အဲဒီက လူတွေက သူ့ကို ဒီလိုပြန်ဖြေတယ်။ “အမေရိကန် ငရဲကဗျာ၊ တမနက်လုံး လျှပ်စစ်ထိုင်ခုံပေါ် ထိုင်ခိုင်းပြီး ဓါတ်လိုက်ခံရတယ်၊ နေ့လည်ကျပြန်တော့ စတီးချောင်းတွေ တပ်ထားတဲ့ ဆူးမွေ့ယာပေါ် အိပ်ရပြန်တယ်၊ ညနေကျတော့ ငရဲဝန်ထမ်း တစ်ဦးက လာပြီး ရိုက်တာခံရတယ်ဗျ” လို့ပြောတော့ အမေရိကန်လည်း အတော် တုန်လှုပ်ကြောက်လန့် သွားပြီး “မဖြစ်ချေဖူး အခြား ငရဲပြည် သွားကြည့်ဦးမှ” ဆိုပြီး နောက်ငရဲပြည် တစ်ခုကို ထွက်လာခဲ့ပြန်တယ်။
သူဒုတိယရောက်လာတဲ့ ငရဲပြည်ကတော့ ပြင်သစ် ငရဲပြည် ဖြစ်လို့ ဒီမှာတော့ နဲနဲ သက်သာမှာဘဲ ဆိုပြီး အဲဒီမှာ ရှိနေတဲ့ သူတွေကို ပြင်သစ် ငရဲအကြောင်း မေးကြည့်ပါတယ်။ ပြင်သစ်ငရဲပြည်က လူတွေကလည်း သူ့ကို “ကျနော်တို့ဆီက ပြင်သစ်ငရဲက ဗျာ၊ တမနက်လုံး လျှပ်စစ်ထိုင်ခုံပေါ် ထိုင်ခိုင်းပြီး ဓါတ်လိုက်ခံရတယ်၊ နေ့လည်ကျပြန်တော့ စတီးချောင်းတွေ တပ်ထားတဲ့ ဆူးမွေ့ယာပေါ် အိပ်ရပြန်တယ်၊ ညနေကျတော့ ငရဲဝန်ထမ်း တစ်ဦးက လာပြီး ရိုက်တာခံရတယ်ဗျ” လို့ပြောပြတော့ အမေရိကန်က “ဟ သူတို့လည်း အမေရိကန် ငရဲနဲ့ အတူတူပါဘဲ လား၊ ဒါဆိုရင်တော့ မချောင်ဖူး၊ အာရှတိုက်ဖက်က ငရဲပြည်တွေကို သွားလေ့လာကြည့်ဦးမှ” ဆိုပြီး အာရှတိုက်ငရဲပြည်ဖက် ထွက်လာခဲ့တော့တယ်။
အဲသည်လိုနဲ့ အာရှတိုက်က ဂျပန်ငရဲပြည်ကို ရောက်လာခဲ့ပြီး အဲဒီမှာ ရှိနေတဲ့ လူတွေကို အရင်အတိုင်း သူကမေးကြည့်တဲ့ အခါမှာ အဲဒီမှာ ရှိနေတဲ့ သူတွေကလည်း သူ့ကို အရင်အတိုင်းဘဲ “ကျနော်တို့ဆီက ငရဲက ဗျာ၊ တမနက်လုံး လျှပ်စစ်ထိုင်ခုံပေါ် ထိုင်ခိုင်းပြီး ဓါတ်လိုက်ခံရတယ်၊ နေ့လည်ကျပြန်တော့ စတီးချောင်းတွေ တပ်ထားတဲ့ ဆူးမွေ့ယာပေါ် အိပ်ရပြန်တယ်၊ ညနေကျတော့ ငရဲဝန်ထမ်း တစ်ဦးက လာပြီး ရိုက်တာခံရတယ်ဗျ” လို့ ပြန်ဖြေကြတယ်။
အမေရိကန်လည်း အတော်စိတ်ပျက်သွားတော့တယ်။ “ငရဲပြည်တွေကလည်း အကုန်အတူတူချဉ်းပါဘဲ၊ ဘာမှ မထူးပါဖူး၊ ငါ့ဖာသာ ငါ အမေရိကန် ငရဲမှာဘဲ သွားနေတာ ကောင်းတော့မှာပါဘဲ” ဆိုပြီး ငရဲမင်းကြီးဆီကို ပြန်ဖို့လုပ်တော့တယ်။ အဲဒီလို အပြန်လမ်းမှာ သူက တနေရာကနေ လူတွေ ကြိတ်ကြိတ်တိုးပြီး တန်းစီနေတဲ့ ငရဲပြည်တစ်ခုကို လှမ်းတွေ့လိုက်ရတယ်။ ဒါနဲ့ သူက သွားစပ်စုကြည့်ဦးမှ ဆိုပြီး တန်းစီနေတဲ့ လူတစ်ယောက်ကို သွားမေးတယ်။ “ဟေ့လူ ဒါဘာ ငရဲပြည်လဲဗျ” ဆိုတော့ ဟိုလူက “ဒါ မြန်မာပြည် ငရဲဗျ” လို့ ပြန်ဖြေတယ်။ ဒါနဲ့ အမေရိကန်က “ခင်ဗျား မြန်မာပြည် ငရဲက ဘယ်လိုလဲ ဆိုတာ သိလား၊ သိရင် ကျနော့်ကို ပြောပြပါလား” လို့ မေးကြည့်တယ်။ တန်းစီနေတဲ့ လူက “မြန်မာပြည် ငရဲမှာ၊ တမနက်လုံး လျှပ်စစ်ထိုင်ခုံပေါ် ထိုင်ခိုင်းပြီး ဓါတ်လိုက်ခံရတယ်၊ နေ့လည်ကျပြန်တော့ စတီးချောင်းတွေ တပ်ထားတဲ့ ဆူးမွေ့ယာပေါ် အိပ်ရတယ်၊ ညနေကျတော့ ငရဲဝန်ထမ်း တစ်ဦးက လာပြီး ရိုက်တာခံရတယ်ဗျ” လို့ပြန်ဖြေတယ်။ အဲဒီတော့ အမေရိကန်က “ဟင် မြန်မာပြည်ငရဲလဲ အခြားငရဲတွေနဲ့ အတူတူဘဲဟာ ဒါနဲ့များ ခင်ဗျားတို့က ဒီမှာ ဘာလို့ ကြိတ်ကြိတ်တိုး တန်းစီနေကြရတာတုန်း” လို့ မေးကြည့်လိုက်တယ်။
ဒါကို မြန်မာပြည်ငရဲမှာ တန်းစီနေတဲ့ လူက ဒီလိုပြန်ဖြေတယ်၊ “မြန်မာပြည်ငရဲမှာ မနက်ဖက် တမနက်လုံး လျှပ်စစ်ထိုင်ခုံပေါ်ထိုင်ပြီး ဓါတ်လိုက်ခံရတယ်လေဗျာ၊ သို့သော် မြန်မာပြည်မှာ မီးမှ မလာဘဲဗျ၊ အဲဒီတော့ ကျုပ်တို့ ဓါတ်မလိုက်ဖူးပေါ့၊ နေ့လည် ကျပြန်တော့ စတီးချောင်းတွေ တပ်ထားတဲ့ ဆူးမွေ့ယာပေါ်မှာ အိပ်ရတယ်သာပြောတာ ဒီမှာ ငရဲလုပ်သားတွေက စတီးချောင်းတွေ ခိုးရောင်းစားလို့ ကုန်နေပြီလေ၊ အဲဒီတော့ ကျုပ်တို့ ဆူး မဆူးဖူးပေါ့၊ ညနေကျတော့ ငရဲဝန်ထမ်းတစ်ဦးက လာပြီး ရိုက်တယ်ဆိုပေမဲ့ သူကလည်း ခွင့်အမြဲယူပြီး လာချင်မှလာတာ၊ လာလဲ ညှိလို့ရတယ်လေဗျာ၊ ဒါကြောင့်ကျုပ်တို့ ဒီမှာ တန်းစီနေတာပေါ့” လို့ ရှင်းပြလိုက်တော့တယ်။
အမေရိကန် လူမျိုးလည်း ချက်ခြင်းငရဲမင်းဆီကို အပြေးသွားပြီး မြန်မာပြည် ငရဲကို ပို့ပေးဖို့ မြန်မြန် အဖြေပေးလိုက်ပါတော့တယ်။

Aung.info မှကူးယူဖေါ်ပြပါသည်။

နားညီးလွန်းလို့တဲ့

တစ်ခါက အရက်မူးပြီး ကားလမ်းကို မျဉ်းကျားက မကူးဘဲ လမ်းလယ်က ဖြတ်ကူးလို့ အဖမ်းခံရတဲ့ လူတစ်ယောက် တရားရုံးကို ရောက်လာတယ်။ တရားရုံး ရောက်တော့ တရားသူကြီးက တရားခံကို မေးတယ်။ “မောင်မင်း လမ်းဖြတ်ကူးရာမှာ ဘာလို့ မျဉ်းကျားက မကူးရတာလဲ ”
“ ကျွန်တော်မျိုး မျဉ်းကျားကို ရှာမတွေ့လို့ပါ ”
“မှန်ပါတယ်၊ မျဉ်းကျားက တောင်ဘက်မှာ၊ ကျွန်တော်က မြောက်ဘက်ကို လိုက်ရှာမိလို့ပါ ”
“ ရှာမတွေ့ ရတာနဲ့ ကူးရောလား ”
“ မကူးသေးပါဘူး၊ ကူးမလို့ ဟန်ပြင် နေတုန်းပါ။ အရက်က နည်းနည်းမူးနေတော့ ရှေ့ကိုယိုင်သွားတဲ့ ဆီမှာ မလဲအောင် လို့ ကျွန်တော်မျိုး ထိန်းရင်း နှစ်လမ်း၊ သုံးလမ်း လှမ်းမိတာပါ။ ကျွန်တော်မျိုးအမူးလွန်နေတယ် ဆိုတာ အရက်ရောင်းတဲ့ ကိုခွေး သိပါတယ်။ ကိုခွေးဆိုတာ မစိန်ကြည်ရဲ့ ယောက်ျားပါ၊ မစိန်ကြည်ရဲ့ သင်္မီး မင်္ဂလာဆောင်တုန်းက ကျွန်တော်မျိုး သွားပါသေးတယ်၊ သူတို့က ”
“ ဒီမှာ မေးတာကိုပဲ ဖြေပါ။ မျဉ်းကျား မရှိတဲ့ နေရာက လမ်းဖြတ်ကူးတယ်လို့ မောင်မင်းကို စွဲဆိုထားတယ် မဟုတ်ဘူးလား ဒါပဲ ဖြေပါ ”
“ ကျွန်တော်မျိုး မကူးပါဘူး၊ မကူးတဲ့ အကြောင်းကို သက်သေပြနေတာပါ၊ ကိုခွေးဆိုင်မှာ သောက်တုန်းက ကို အုန်းမောင် ပါ ပါတယ်။ ကျွန်တော်မျိုး မူးရင်း ရှေ့ကို လေးငါးလှမ်း ယိုင်တတ်တယ် ဆိုတာ သူသိပါတယ်။ ကျွန်တော်မျိုးနဲ့ ကိုအုန်းမောင်နဲ့ ငါးမျှားတုန်းက အဲသလို ယိုင်ဖူးပါတယ်။ တောင်သမန်သွား ငါးမျှားတာပါ။ အဲဒီနားက ဘုန်းကြီးကျောင်းက ဆရာတော် ဦးပညာကျောင်းမှာတောင် ငှက်ပျောသီး တောင်းစားပါသေးတယ်။ သူ့ ကျောင်းဘေးက သီးပင်ကြီးဆိုရင် အလွန်ချိုပါတယ် ”
တရားသူကြီးမှာ စိတ်မရှည်တော့-
“ ဒီမှာမောင်မင်း၊ ၀န်ခံလိုက်ရင် ဒဏ်ငွေ ငါးဆယ်ပဲ ရိုက်မှာ ဘယ်လောက်မှ အပြစ်ကြီးတာလဲ မဟုတ်ပါဘူး။ ကြောက်စရာလဲ မလိုပါဘူး ”
“ ကျွန်တော်မျိုး မကြောက်ပါဘူးဘုရား၊ ဆင်ဖြူကန် သင်္ချိုင်းမှာ တောင် တစ်ယောက်တည်း အိပ်လာခဲ့သေးတယ်။ လူရွှင်တောကိုဒီပါ သိပါတယ်။ သူက ကိုရွှေဆီက အမဲအူပြုတ် ယူလာတာကို သင်္ချိုင်းထဲမှာ သွားစားရဲရင် အကြီးတစ်လုံး ပေးမယ် ဆိုတာနဲ့ သွားစားတာပါ၊ တော်ရုံတန်ရုံနဲ့ ဆို သွားစားရဲဖို့ မလွယ်ပါဘူး၊ ကျွန်တော်မျိုး သူငယ်ချင်း တတ်တူဆို ညမှောင်တာနဲ့ အိမ်ပြင်တောင် မထွက်ရဲပါဘူး၊ ဒါနဲ့ အရှင်က ဘယ်အရပ်ကလဲ ၊ တတ်တူ တို့ အိမ်နဲ့များ နီမလားလို့…လို့ …”
တရားသူကြီး က စိတ်ပျက်စွာနဲ့-
“ မောင်မင်း စကားတွေ အများကြီး မပြောပါနဲ့ ”
“ အရှင်ဘုရားမေးလို့ ပြောတာပါဘုရား ”
“မေးတာကို မေးတာပဲ ဖြေပါ၊ မောင်မင်း လမ်းဖြတ်ကူးသလား ”
“ ကူးပါဘူးဘုရား ၊ အဲဒီနား လမ်းထိပ်က ရေခဲရေသည် မေးကြည့်ပါဘုရား၊ သူ

“ ကူးပါဘူးဘုရား ၊ အဲဒီနား လမ်းထိပ်က ရေခဲရေသည် မေးကြည့်ပါဘုရား၊ သူ ကျွန်တော်မျိုးကို ကောင်းကောင်းကြီးသိပ်ါတယ်။ ကျွန်တော်မျိုး နေ့တိုင်းသူဆီက ရေခဲရေ သောက်နေကျပါ။ သူ့ယောက္ခမ ဆိုက်ကားနင်းပါတယ်။ ကလေးသုံးယောက် နဲ့ ၊ သူ့နှမက မိုက်တယ်ဘုရား၊ ထမင်းအိုးကြီးကို ပေါင်စားပစ်တယ်၊ ခုတော့ မြေအိုးနဲ့ ချက်နေရတယ် ”
တရားသူကြီးသည် သက်ပြင်းချလိုက်ပြီး အိတ်ထဲမှ ပိုက်ဆံကို နှိုက်ကာ ငွေငါးဆယ်ကို စိုက်၍ ဒဏ်ဆောင်လိုက်သည်။ ပြီးတော့မှ တရားခံကို ထွက်သွားရန် ပြောလိုက်လေတော့သတည်း။
(အမည်မသိသူ တစ်ဦး ပေးပို့လိုက်သည့် အီးမေးလ်မှ ပြန်လည်ဖော်ပြထားခြင်း ဖြစ်သည်)
aung.info ဆိုက်ဒ်မှကူးယူဖေါ်ပြပါသည်။
ကျွန်တော်မျိုးကို ကောင်းကောင်းကြီးသိပ်ါတယ်။ ကျွန်တော်မျိုး နေ့တိုင်းသူဆီက ရေခဲရေ သောက်နေကျပါ။ သူ့ယောက္ခမ ဆိုက်ကားနင်းပါတယ်။ ကလေးသုံးယောက် နဲ့ ၊ သူ့နှမက မိုက်တယ်ဘုရား၊ ထမင်းအိုးကြီးကို ပေါင်စားပစ်တယ်၊ ခုတော့ မြေအိုးနဲ့ ချက်နေရတယ် ”
တရားသူကြီးသည် သက်ပြင်းချလိုက်ပြီး အိတ်ထဲမှ ပိုက်ဆံကို နှိုက်ကာ ငွေငါးဆယ်ကို စိုက်၍ ဒဏ်ဆောင်လိုက်သည်။ ပြီးတော့မှ တရားခံကို ထွက်သွားရန် ပြောလိုက်လေတော့သတည်း။
(အမည်မသိသူ တစ်ဦး ပေးပို့လိုက်သည့် အီးမေးလ်မှ ပြန်လည်ဖော်ပြထားခြင်း ဖြစ်သည်)
aung.info ဆိုက်ဒ်မှကူးယူဖေါ်ပြပါသည်။

Website များစုစည်းရာ

This summary is not available. Please click here to view the post.