11 Jan 2013

ညှို့မဂ္ဂဇင်း၏ ထုတ်ဝေခွင့်ကို ရုပ်သိမ်း


ဖက်ရှင်မဂ္ဂဇင်းအဖြစ် လျောက်ထားခဲ့သော်လည်း အမှန်တကယ် ထွက်ရှိလာသောအခါ လိင်ပညာပေးမဂ္ဂဇင်း အဖြစ် ထွက်ရှိခဲ့သည့် ညှို့မဂ္ဂဇင်းအား ထုတ်ဝေခွင့်မှတ်ပုံတင် သက်သေခံလက်မှတ်အား ပြန်လည်ရုတ်သိမ်းရန် ဇန်န၀ါရီ ၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုက်တွင် ဇန်န၀ါရီလ ၉ရက်နေ့က ဖော်ပြချက်အရ သိရသည်။ အဆိုပါမဂ္ဂဇင်းသည် မူလလျှောက်ထားစဉ်က ဖက်ရှင် ဦးစားပေးအဖြစ် လျှောက်ထားခဲ့သော်လည်း အမှန်တကယ် ဖြန့်ချိထုတ်ဝေသောအခါ လိင်ပညာပေးအဖြစ် ထုတ်ဝေလာသည့်အပြင် ဓါတ်ပုံနှင့် အရေးအသားများမှာလည်း လိင်ကိစ္စကို အသားပေးဖော်ပြပြီး စိတ်ကိုနှိုးဆွရာ ရောက်စေသည့် ဖော်ပြချက်များဖြင့် ဖြန့်ချိထုတ်ဝေခဲ့သည့်အတွက် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့မှ ထုတ်ဝေခွင့် မှတ်ပုံတင် သက်သေခံ လက်မှတ်ကို ရုတ်သိမ်း လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ယင်းမဂ္ဂဇင်းအပြင် မူလလျှောက်ထားစဉ်က ခွင့်ပြုချက်နှင့် မသက်ဆိုင်သော အခြားသတင်းများကို ထည့်သွင်းဖော်ပြ ထုတ်ဝေနေသည့် ကြော်ငြာ ကမ္ဘာဂျာနယ်၊ မြနန္ဒာဂျာနယ်၊ သွေးသစ်ဂျာနယ်၊ Media One ဂျာနယ်၊ The Farmer ဂျာနယ်၊ High Speed Car ဂျာနယ်များမှာလည်း ခေါ်ယူသတိပေးခြင်း ခံခဲ့ရကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။


ဆေးလိပ် ဘယ်လိုဖြတ်ကြမလဲ


ဆေးလိပ် ဘယ်လိုဖြတ်ကြမလဲ

'ဆေးလိပ်ဖြတ်ရတာ လွယ်ပါ တယ်။ ကျွန်တော်ဆို အခါတစ်ရာ လောက်ဖြတ်ပြီးပြီ' ဟု မာ့စ်တွိန်းက ဆေးလိပ်ဖြတ်ရခက်ပုံကို သရော်ပြီး ပြောခဲ့ဖူးပါသည်။ ဆေးလိပ်ဖြတ်ရန် နည်း အမျိုးမျိုးရှိပါသည်။ သို့သော် ကျွမ်းကျင်သူအများဆုံးလက်ခံထားသည့် အချက်များမှာ ဆေးလိပ် ဖြတ်သည့် နည်းများအနက် တစ်မျိုးချင်းစီသုံးမည့် အစား နည်းလမ်းများအား ပူးပေါင်း အသုံးပြုခြင်းက ပို၍ အသုံးဝင်သည် ဟူသောအချက်ဖြစ်သည်။ ဥပမာ ဆေးလိပ်ဖြတ်ရာတွင်နီကိုတင်းအစားထိုး ပစ္စည်း များသုံးခြင်းတစ်မျိုးထဲထက် ကျွမ်းကျင်သူများနှင့်ဆွေးနွေးတိုင်ပင် ခြင်းနည်းဖြင့် ပေါင်းသုံးပါက ပို၍ အသုံးဝင်လေသည်။ ဆေးလိပ်ဖြတ် ရာတွင် လုပ်ဆောင်သင့်သောအရေး ကြီး အချက် များကို ဖော်ပြလိုက်ပါသည်။
၁။ ဘာလို့  ဆေးလိပ်ဖြတ်သင့်တယ်ဆိုတဲ့ ကိုယ်ပိုင်အကြောင်းပြချက်ကိုစာရင်း လုပ်ထားပါ။
၂။ စိတ်ဖိစီးမှုနည်းသည့်အချိန်မျိုးတွင် ဆေးလိပ်ဖြတ်ရန် ကြိုးစားပါ။
၃။ ဆေးလိပ်စဖြတ်မည့်နေ့ ကို သတ်မှတ်ပြီးလျှင် ဖြတ်ဖြစ်အောင် ဖြတ်ပါ။
၎။ ကိုယ့်ပတ်ဝန်းကျင်မှာ ဆေးလိပ် ဖြတ်ရာမှာ အမြဲသတိပေးနေမည့်သူ များ ထားရှိပါ။ ဥပမာ လုပ်ဖော်ကိုင် ဖက်သူငယ်ချင်း၊ မိသားစုများအား အကူအညီတောင်းထားပါ။
၅။ ဆေးလိပ်ဖြတ်ရာမှာ အကူအညီ ပေးနိုင်မည့်ဆေးများကို ဆရာဝန်နှင့် တိုင်ပင်၍ သုံးပါ။
၆။ ဆေးလိပ်နှင့်ဆေးရွက်ကြီးကင်းမဲ့ ဇုန်များ(ဥပမာရုပ်ရှင်ရုံ၊စာကြည့်တိုက်၊ ကဇာတ်ရုံ)သို့ သွား၍ ဆေးလိပ် သောက်ချင်စိတ်ကို ထိန်းပါ။
၇။ နေ့စဉ်လုပ်စရာရှိသည်များကို ဆေးလိပ် သောက်ချိန်မကျန်အောင် ကြိုတင်အစီအစဉ် ဆွဲထားပါ။
၈။ ဆေးလိပ်သောက်ရာတွင်သုံးသည့် အသုံးအဆောင်များအား အိမ်၊ ကား၊ အလုပ်ရုံးခန်းများမှ ဖယ်ထားပါ။
၉။ ပတ်ဝန်းကျင်မှ ကြုံတွေ့ လာနိုင် သည့်ပြဿနာများ၊ စိန်ခ်ါမှုများအား ဖြေရှင်း နိုင်ရန် ကြိုတင် ပြင်ဆင်ထားပါ။
ဥပမာ ဆေးလိပ်သောက်တတ်သူများ နှင့်အပြင်ထွက်လျှင်မည်ကဲ့သို့ငြင်းမည် ကို ကြိုပြင်ထားပါ။
၁ဝ။ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့် ခန်းလုပ်ခြင်းက သင့်ကျန်းမာရေးကို ပိုကောင်းစေရုံသာမက ဆေးလိပ်ဖြတ် ရာမှာလည်း အကူအညီပေးပါတယ်။ ဥပမာ ရေကူးရင်း ပြေးရင်း ဆေးလိပ် သောက်လို့မရပါဘူး။
၁၁။ လက်ကို အအားမနေပါစေနဲ့။ လုပ်စရာမရှိဘူးဆိုရင်တောင် လက်မှု လုပ်ငန်းတွေဖြစ်တဲ့၊ ဥယျာဉ်စိုက်ခြင်း၊ လက်သမားအလုပ်စတာတွေ လုပ်နေ သင့်ပါတယ်။အဲဒီလိုမဟုတ်ရင်တောင် အပ်ချုပ်နေခြင်း၊ စာလုံးဆက်ခြင်းစတဲ့ ကစားနည်းမျိုးတွေလုပ်နေသင့်ပါတယ်။
၁၂။ဆေးလိပ်ဖြတ်ရင်း 'ယင်း'ထသကဲ့ သို့ ကြုံတိုင်း 4D ကို လေ့ကျင့်ထားပါ။ 4D ဆိုတာ (၁) Delay (အချိန်ဆွဲပါ)
'ယင်း'ထလာလျှင် ခံနိုင်ရည်ရှိရန် တစ်နေ့ နည်းနည်းအချိန်ဆွဲပြီး ခံနိုင် ရည်ရှိရန် ကြိုးစားပါ။ (၂) Drink water (ရေသောက်ပါ) ရေသောက် ခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ် တွေကို အပြင်ထွက်စေရုံသာမက လက်နဲ့ပါးစပ်ကိုလည်း အလုပ်များစေ ပါတယ်။
(၃) Distract yourself (ကိုယ့်ကိုယ် ကို စိတ်ပြောင်းရန် ကြိုးစားပါ)အမြဲ တက်ကြွအောင်နေပါ။တစ်ခုခုကိုအမြဲ လုပ်နေပါ။
(၄) Deep breathing (အသက်ပြင်း ပြင်းရှုပါ)
၁၃။ နောက်ဆုံးအနေနဲ့အရေးကြီးဆုံး အချက်ကတော့ ဘယ်တော့မှအရှုံးမ ပေးပါနဲ့။ ဆေးလိပ် ဖြတ်တယ်ဆိုတာ စက်ဘီးစီးသင်ရသလိုပါပဲ ပြုတ်ကျ မယ်၊ ပြန်တက်မယ်။ ဒီလိုနဲ့ ကြိုးစား ရတာပါပဲ။ ဆေးလိပ်စဖြတ်စဉ်မှာ ဆိုး ဝါးတဲ့နေ့တွေ ကြုံရနိုင်ပါတယ်။ ဒါပေ မယ့် ကောင်း တဲ့နေ့ တွေ က အဲဒီဆိုးဝါး တဲ့နေ့တွေပြီးရင် ရောက်လာတော့ မယ်ဆိုတာ မမေ့ပါနဲ့။


Reference and Credit to -အဝင်း
Ref:MNT
Health Updates Journal
Vol-1,No-46, ဖိုးသီဟ


Ref:https://www.facebook.com/