22 Jan 2013

ဆန်တွေ ပိုးမတက်စေချင်ရင်



ဆန်ပိုးမတက်အောင် ဆန်ပုံးထဲ မီးသွေးတစ်ခဲလောက် ထည့်ထားရင် ဆန်ပိုးမတက်တော့ဘူး။ ဆန်ပိုးတက်နေခဲ့ရင်လဲ ငရုပ်သီးအခြောက်
လေးငါးတောင့်လောက် ဆန်ပုံးထဲ ပစ်ထည့်ထားလိုက်ပါ။ ဘယ်လိုခေါ်ခေါ် ဆန်ပိုးများ မလာရေးချမလာတော့ပါဘူး။

အဲ.. နောက်တစ်ခု သတိရပြန်တာက.. နာရီတို့၊ လက်ကိုင်ဖုန်းတို့ထဲ ရေ၀င်လို့ ရေငွေ့ရိုက်ရင် အဲ့ဒီနာရီ/ဖုန်းကို ဆန်ပုံးထဲ တစ်ညသိပ်ထည့်ထားလိုက်၊ မနက်လင်းရင် ရေငွေ့တွေ ပြောင်စင်သွားရော၊ ဤကား ကိုယ်တွေ့.. :)