17 Apr 2013

မလေးရှားတွင် မြန်မာလူမျိုး အပါအ၀င် တရားမ၀င် အလုပ်သမားများ ဖမ်းဆီး



Ref: http://www.searchmyanmar.com/link/frame/cid/21420


အလွယ်ကူဆုံး အိမ်သုံးခြင်ဖမ်းကိရိယာ



မိမိအိမ်ပတ်ဝန်းကျင်မှာ ခြင်တွေများနေလို့စိတ်ညစ်နေပါသလား... ခြင်ဆေးခွေတွေကြောင့် ကျန်းမာရေးထိခိုက်မှာစိုးရိမ်နေပါသလား... ခြင်အန္တရာယ်ကာကွယ်ပေးမယ့် ဓာတုဆေးဝါးတွေနဲ့ ဓာတ်မတည့်တာမျိုးဖြစ်နေပါသလား... လျှပ်စစ်ခြင်ဖမ်းစက်တွေ အလွယ်တကူမဝယ်ယူနိုင်တဲ့နေရာမျိုးရောက်နေပါသလား... ဒီပြဿနာတွေကို အလွယ်ကူဆုံးဖြေရှင်းနိုင်ဖို့ တရုတ်တိုင်ပေ (ထိုင်ဝမ်) က ကျောင်းသားလေးတွေ တီထွင်ခဲ့တဲ့ အိမ်သုံးခြင်ဖမ်းကိရိယာလေးကို ကိုယ်တိုင်လုပ်ကြည့်လိုက်ကြရအောင်...

လိုအပ်မယ့်ပစ္စည်းတွေကတော့
ရေ
သကြားအညို >>> ၅၀ ဂရမ်
တဆေး (yeast) >>> ၁ ဂရမ် နဲ့
၂ လီတာဆံ့ ရေသန့်ဘူးခွံ့တစ်ဘူးတို့ဖြစ်ပါတယ်...

တခြားဟာတွေက ပြဿနာမရှိပေမဲ့ တဆေးကိုတော့ ရှင်းဖို့လိုမယ်ထင်ပါတယ်... တဆေးအမျိုးမျိုးရှိပြီး နယ်ပယ်အမျိုးမျိုးမှာသုံးကြပါတယ်... ဒီနေရာမှတော့ ပေါင်မုန့်ဖုတ်တဲ့နေရာမှာသုံးတဲ့ တဆေးရှိရင်ရပါပြီ... အလွယ်တကူဝယ်လို့မရဘူးဆိုရင်တော့ ကိုယ့်ဘာသာလုပ်နိုင်ပါတယ်... သစ်သီးအစိတ်တွေ.. ဒါမှမဟုတ်သစ်သီးခြောက်တွေကို ပုလင်းအလွတ်ထဲ ရေမပြည့်တပြည့်ထည့်ပြီးစိမ်ထားပါ... အဖုံးကိုတော့ ခပ်ချောင်ချောင်လေးဖုံးထားရင်ရပါပြီ... ပိုမြန်ချင်ရင်တော့ ပုလင်းထဲ သကြားနည်းနည်းထည့်ထားပါ... ရက်နည်းနည်းကြာလာရင် အမြှုပ်ကလေးတွေထလာပြီး အနံ့ကလည်းဝိုင်နံ့လိုထွက်လာပါလိမ့်မယ်.. ဒါဆိုရင် သုံးလို့ရပါပြီ... အချဉ်ဖောက်လိုက်တဲ့သဘောပါပဲ...

ကဲ ခြင်ဖမ်းတဲ့ဖက်ကို ပြန်သွားလိုက်ကြရအောင်... ပထမဆုံး ရေသန့်ဘူးခွံကို အလယ်ကနေဖြတ်လိုက်ပါ... သကြားညိုနဲ့ ရေနွေး ၂၀၀ မီလီမီတာလောက်ကိုအရင်ဖျော်ပါ... အအေးခံပါ... ၄၀ံ C လောက် အေးသွားပြီဆိုရင် ဖြတ်ထားတဲ့ ရေသန့်ဘူးရဲ့ အောက်ပိုင်းထဲကိုလောင်းထည့်ပါ... ပြီးရင် တဆေး (yeast) ကိုထပ်ထည့်ပါ... မွှေစရာမလိုပါဘူး... အဲ့ဒီကနေ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ထွက်နေပါလိမ့်မယ်... ပြီးရင် ရေသန့်ဘူးအပေါ်ပိုင်းကို ဘူးအခြေပိုင်းမှာ ပြောင်းပြန်ပြန်စွပ်လိုက်ပါ... ပုံမှာပြထားသလိုပါပဲ... သေချာအောင် တိပ်နဲ့ကပ်ထားရင်ပိုကောင်းပါတယ်... ရေသန့်ဘူးကို အနက်ရောင်တစ်ခုခုနဲ့ပတ်ထားလိုက်ပါ... အပေါ်ပိုင်းကိုတော့ အလွတ်ထားပါ... ပြီးပြီဆိုရင် သင့်အိမ်ရဲ့ ထောင့်တစ်နေရာရာမှာချထားလိုက်ပါ...

နှစ်ပတ်လောက်ကြာတဲ့အခါ ရေသန့်ဘူးထဲမှာ ခြင်တွေအများကြီးရောက်နေပြီး သေနေတာကိုတွေ့ရပါလိမ့်မယ်... အထဲမှာရောစပ်ထားတာတွေကိုတော့ နှစ်ပတ်တစ်ကြိမ်လဲပေးဖို့လိုပါမယ်.... ခြင်များတဲ့ဒေသမှာရောက်နေလို့ပဲဖြစ်ဖြစ် သင့်အိမ်ထဲမှာခြင်တွေရှင်းအောင်လုပ်ချင်တာပဲဖြစ်ဖြစ် ဒီနည်းလမ်းလေးကိုစမ်းပြီး အသုံးပြုကြည့်လိုက်ပါ... တကယ်အသုံးဝင်ပါလိမ့်မယ်...

တဆေး (yeast) လုပ်နည်းလေးတွေကို ဒီမှာ ဆက်လေ့လာနိုင်ပါတယ်...
http://readynutrition.com/resources/survival-food-series-3-ways-to-naturally-make-yeast_02032011/

Ref: shambala.it


 Ref:  https://www.facebook.com/hnaingyintnway

ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းရဲ့ ၂ဝ၁၃ ခုနှစ် သြဇာကတ္တိမ အရှိဆုံးအဖြစ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရရှိ


တိုင်းမ်မဂ္ဂဇင်းသည် ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ (Time 100) စာရင်း၊(၁၀) ကြိမ်မြောက် အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း သြဇာအရှိဆုံး ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကို အွန်လိုင်းမဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ရာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရရှိသွားခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်သည် နောက်ဆုံးအဆင့် အွန်လိုင်းမဲပေးရွေးချယ်မှုတွင် မဲရလဒ် စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းရရှိခဲ့ပြီး ၁၀ နှစ်အတွင်း သြဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါသည်။
ဂုဏ်ထူးဆောင် သြဇာအရှိဆုံးပုဂ္ဂိုလ်ကို အွန်လိုင်းမှ မဲပေးရွေးချယ်စေခဲ့ရာ ဖျော်ဖြေရေး ကဏ္ဍတွင် လွှမ်းမှု အရှိဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံထားရသော ပေါ့အဆိုကျော် လေဒီဂါဂါနှင့် စံပြပုဂ္ဂိုလ်ကဏ္ဍတွင် သြဇာအရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်တို့ နောက်ဆုံးဆန်ခါတင်စာရင်းတွင် ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုသို့ယှဉ်ပြိုင်ရာတွင် ကနဦး မဲရလဒ်များ၌ အွန်လိုင်းပရိတ်သတ် သန်းချီ ရရှိထားသော လေဒီဂါဂါက ဦးဆောင်ခဲ့ပြီး ၎င်းနောက်ပိုင်းတွင် အွန်လိုင်းအသုံးပြုသူ မြန်မာများအကြား ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးရန် ကျယ်ပြန့်သော လှုံ့ဆော်ခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် လေဒီဂါဂါတို့သည် မဲရလဒ် မတိမ်းမယိမ်း အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ကာ ဒေါ်အောင်ဆန်းစုကြည်၏ မဲရလဒ်များက လေဒီဂါဂါ၏ မဲရလဒ်များအပေါ် တဖြည်းဖြည်း အသာရခဲ့ပြီး အဆုံးသတ်တွင် မဲအရေအတွက် စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းကို ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့ခြင်း ဖြစ်ပါသည်။ လေဒီဂါဂါသည် မဲအရေအတွက် စုစုပေါင်း၏ ၃၉ ရာခိုင်နှုန်း ရရှိခဲ့ပါသည်။
တိုင်းမ်မဂ္ဂဇင်း၏ ၁၀ နှစ်အတွင်း သြဇာအရှိဆုံး ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကို အွန်လိုင်း မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ရာတွင် ဖျော်ဖြေရေး၊နိုင်ငံရေး၊နည်းပညာ၊စံပြပုဂ္ဂိုလ် ကဏ္ဍလေးရပ်မှ ပုဂ္ဂိုလ်များကို ယှဉ်ပြိုင်စေခဲ့ရာ ဖျော်ဖြေရေးကဏ္ဍနှင့် နိုင်ငံရေးကဏ္ဍမှ ပုဂ္ဂိုလ်များ ထိပ်တိုက်ယှဉ်ပြိုင်ခဲ့ရပြီး နည်းပညာနှင့် စံပြပုဂ္ဂိုလ်များ ကဏ္ဍမှ ပုဂ္ဂိုလ်များ ထိပ်တိုက် ယှဉ်ပြိုင်ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အော်ပရာဝင်းနှင့် ထိပ်တိုက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြီး တစ်ဘက်မှ ကိတ်မစ်ဒယ်ကို အနိုင်ရရှိလာခဲ့သော အမေရိကန်သမ္မတကတော် မစ်ရှယ်အိုဘားမားနှင့် ယှဉ်ပြိုင်ခဲ့ရသည်။
ဧပြီလ ၁၅ ရက်နေ့တွင် နည်းပညာကဏ္ဍမှ နောက်ဆုံးပြိုင်ဘက် လာရီပေ့နှင့် ယှဉ်ပြိုင် အနိုင်ရခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၁၆ရက်နေ့တွင် နောက်ဆုံးပြိုင်ဘက် လေဒီဂါဂါနှင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။
တိုင်းမ်မဂ္ဂဇင်းသည် ၂၀၀၉ ခုနှစ်တွင် ၂၀ရာစု ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို ပထမဆုံးအကြိမ် ပြုစုထုတ်ပြန်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် တိုင်းမ်က ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို နှစ်စဉ်ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့သည်။
Leaders & Revolutionaries၊ Builders & Titans ၊ Artists & Entertainers ၊ Scientists & Thinkers ၊ Hero & Icons ဟု ကဏ္ဍငါးရပ်ခွဲကာ ကဏ္ဍတစ်ရပ်လျင် သြဇာအရှိဆုံးပုဂ္ဂိုလ် ၂၀ ဦးစီ ရွေးချယ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သြဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ၂၀၀၄ ခုနှစ်၊၂၀၀၈ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် သုံးကြိမ်ဖော်ပြခံခဲ့ရပြီးဖြစ်သည်။ တိုင်းမ်မဂ္ဂဇင်းသည် ၂၀၁၃ခုနှစ် Time 100 အတွက် ရွေးချယ်ထားသော အကြို ၁၅၃ ဦးစာရင်းကို မတ်လ ၂၈ ရက်နေ့တွင် အွန်လိုင်း၌ ကြေညာခဲ့သည်။ အွန်လိုင်းတွင် ဧပြီလ ၁၂ရက်နေ့မတိုင်မီထိ မဲပေးရွေးချယ်ရန် စာရင်းထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးစာရင်းကို တိုင်းမ်မဂ္ဂဇင်း အယ်ဒီတာများက ရွေးချယ်ကာ ဧပြီလ ၁၇ ရက်နေ့တွင် ကြေညာမည်ဖြစ်သည်။

Ref:   http://news-eleven.com/