25 Apr 2014

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုသာ လိုလားတယ်(သူရ ဦးရွှေမန်း)

သူရ ဦရွှေမန်းကို ၂၀၁၂ ခု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ညီလာခံတွင် တွေ့ရစဉ် 
(ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)
 
 
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်တာမျိုးကိုပဲ လိုလားပြီး အသစ် ရေး ဆွဲတာမျိုး ကို မလိုလား ဘူးလို့ ယခင်စစ်အစိုးရလက်ထက်က စစ်ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့သူ လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယကကြီး သူရ ဦးရွှေမန်းက ပြောလိုက်ပါတယ်။ 

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ၂၀၀၈ ခုနှစ် လူထုဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးသူ ၉၃ ရာခိုင်နှုန်း ကျော်သော
မြန်မာနိုင်ငံသားတွေရဲ့ လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြု ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံ ကို လော လော ဆယ် လိုက် နာကြရမှာဖြစ်တယ်လို့လည်း သူက ပြောထားတာကို ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေ မှာ ဖော်ပြထားပါတယ်။ 

အခြေခံ ဥပဒေကို အသစ်ရေးဆွဲမယ်ဆိုရင် မလိုလားအပ်တဲ့ ကိစ္စတွေ ကြုံတွေ့ရမှာဖြစ်ပြီး အခြားနိုင်ငံတွေ မှာ လည်း ပြင်ဆင်၊ ပြောင်းလဲခဲ့တာတွေ ရှိသလို မိမိတို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း 
ပြုပြင် ပြောင်းလဲရမယ့် အချက်တွေကိုသာ ပြုပြင် ပြောင်းလဲသွားရန်သာလိုတယ်လို့ သူရ ဦးရွှေမန်းက ဆိုပါတယ်။ 

ဒီလို ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲရေးလုပ်ဆောင်တဲ့အခါမှာ မူတွေဘောင်တွေအတွင်းကပဲ ဆောင်ရွက်ဖို့ လိုပြီး တိုင်းပြည် ကောင်းစားရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ထောက်ခံသွားရမှာဖြစ်တယ်လို့ ရန်ကုန် တောင်ပိုင်း ခရိုင် ထွေ/ အုပ်ရုံးမှာ ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ မြို့မိ၊ မြို့ဖတွေနဲ့ တွေ့ဆုံပွဲမှာ သူရ ဦးရွှေမန်းက ပြောသွားပါကြောင်း အစိုးရ သတင်းစာတွေက ဆိုပါတယ်။


ဘင်္ဂါလီ အိမ်ထောင်စု ၆၀၀၀ ကျော် သန်းခေါင်စာရင်းပေးသွင်း




ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိးလို့ ပြော ဆိုနေသူတွေထဲက ဘင်္ဂါလီနာမည်ခံပြီး သန်းခေါင်စာရင်း ပြန်လည်အကောက်ခံတဲ့ အိမ်ထောင်စု ၆ဝဝဝ ကျော်ရှိနေပြီလို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က RFA ကို ဒီကနေ့ ပြောပါတယ်။ ဧပြီလ ၁၀ ရက်နေ့ နောက် ပိုင်း ပြန်လည်ကောက်ခံရာမှာ အခုလို ဘင်္ဂါလီနာမည် ကိုလက်ခံပြီး စာရင်းပေးသွင်းခဲ့တာဖြစ်တယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

“ဘင်္ဂါလီလူမျိုးတွေထဲမှာ တချို့က ရိုဟင်ဂျာ လို့ဖြေပြီးတော့ ရိုဟင်ဂျာလို့မရေးရင် အကောက်မခံဘူးဆိုပြီးတော့ ကျန်နေတဲ့ အဖွဲ့တွေရှိပါတယ်၊ သူတို့ရဲ့လူမျိုးအမည် မထည့်ဘဲနဲ့ အကောက်ခံလိုပါတယ်ဆိုပြီးတော့ ပြန်ပြီးတော့ကောက်ခံ တဲ့ အဖွဲ့တွေလည်းရှိတယ်၊ တချို့ကလည်း အိမ်ထောင်စုစာရင်းထဲမှာ ဘင်္ဂါလီအနေနဲ့ မှတ်တမ်းတင်ထားတယ်၊ သူတို့ရဲ့ white card တွေမှာလည်း ဘင်္ဂါလီဆိုတာပါတဲ့အတွက် ဘင်္ဂါလီနဲ့ ပြန်ပြီးကောက်ခံတာတွေရှိတယ်၊ အဲဒါတွေကို ကျနော်တို့က သန်းခေါင်စာရင်းကောက်တဲ့ကာလ ဧပြီလ ၁ဝ ရက်နေ့ နောက်ပိုင်းကစပြီးတော့ ကျနော်တို့ ဆက်တိုက်ကောက်လာတာ လူခြောက်ထောင်ကျော်လောက်တော့ ပြန်ပြီးတော့ကောက်ယူရပြီးဖြစ် ပါတယ်”

ဒါပေမဲ့  ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့တွေမှာ ရိုဟင်ဂျာလို့ မရေးရင် အကောက်မခံတဲ့ အဖွဲ့တွေလည်း ကျန်နေသေးတယ်လို့ ပြောပါတယ်၊

သန်းခေါင်စာရင်းကောက်ယူဖို့ ကျန်နေသေးတဲ့သူတွေထဲမှာ လူမျိုးအမည်မထည့်ပဲ ကွက်လပ်ထားပြီး ကောက်ခံမယ် ဆိုရင် အဲဒီကွက်လပ်နေရာမှာ အစိုးရက လူမျိုးနာမည်တစ်ခုခု ဖြည့်သွင်းတာတွေ ပြုလုပ်မှာမဟုတ်ကြောင်း အာမခံပေးဖို့ တောင်းဆိုနေတာတွေလည်းရှိတယ်လို့ ပြောပါတယ်၊

ဒီအခြေအနေတွေကို ဆက်လက်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်တဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ဒီကနေ့ ထွက်ခွာသွားပြီလို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

မတ်လ ၃၀ ရက်နေ့က နိုင်ငံတ၀ှမ်း သန်းခေါင်စာရင်း စတင်ကောက်ခဲခဲ့ရာမှာ ရခိုင်ပြည်နယ်နဲ့ နယ်မြေအေးချမ်းမှုမရှိတဲ့ ကချင်ပြည်နယ်ထဲက နေရာတချို့ကလွဲရင် ရာနှုန်းပြည့်နီးပါး ကောက်ခံနိုင်ခဲ့တယ်လို့ ဆိုပါတယ်၊ အစိုးရက သန်းခေါင်စာရင်းကောက်ယူဖို့ ကျန်နေသေးတဲ့နေရာတွေအတွက် နောက်ထပ် သီတင်း ၈ ပါတ်တိုးပြီး ကောက်ယူနေတာလည်း ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။



အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ဘယ်လောက် ဖြစ်မလဲ


photo:google

မြန်မာနိုင်ငံ မှ အလုပ်သမား တို့သည် ယခင် အစိုးရ လက်ထက် နှစ်ပေါင်းများစွာ အသံတိတ်နေခဲ့ ရာမှ လက်ရှိ အရပ်သား အစိုးရ လက်ထက် တွင် ၄င်းတို့၏ မကျေနပ်မှု များ၊ လိုအပ်ချက် များကို ပွင့်လင်းစွာ ထုတ်ဖော် လာခဲ့ကြသည်။ စားဝတ်နေရေး စရိတ် နှင့် ရရှိသည့် လုပ်ခလစာ မမျှတမှု သည် ၄င်းတို့ အတွက် အဓိက အခက် အခဲ ဖြစ်သည်။ ထို့ကြောင့် ၂၀၁၀ မှသည် လက်ရှိ အချိန်အထိ အလုပ်သမား ဆန္ဒပြမှု များ ဖြစ်ပွားခဲ့၊ ဖြစ်ပွားနေဆဲပင်။ ထိုအခြေအနေ တွင် အစိုးရက အနည်းဆုံး အခကြေးငွေ ဥပဒေနှင့် နည်းဥပဒေ တို့ကို ၂၀၁၃ ခုနှစ်တွင် ပြဌာန်း ခဲ့သည်။ ထို့နောက် အနည်းဆုံး အခကြေးငွေကို ယခုနှစ် ကုန်တွင် သတ်မှတ်နိုင်မည် ဟုလည်း အစိုးရ က ကြေငြာ ထားသည်။ ထို့ကြောင့် အနည်းဆုံး အခကြေးငွေ အတွက် အလုပ်ရှင်။ အလုပ်သမားတို့ကြား ဆွေးနွေးမှု အခြေအနေ နှင့် အမျိုးသား ကော်မတီ မှ ဆောင်ရွက်မှုများကို မေးမြန်းဖော်ပြလိုက်ပါသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အတွက် နောက်ဆုံးလုပ်ဆောင်နေတဲ့ အခြေအနေကို သိလိုပါတယ်။

အမျိုးသား ကော်မတီရဲ့ အစည်း အဝေးတော့နှစ်ခါ လုပ်ပြီးပြီ။ မူအဖြစ် တော့ သတ်မှတ်ထားတာ ရှိတယ်။ ဥပမာ ကျွန်တော်တို့ အနိမ့်ဆုံး လုပ်ခ လစာသတ် မှတ်မယ် ဆိုရင် တစ်နိုင်ငံလုံး အနေနဲ့ သတ် မှတ်မ လား။ ဒေသအလိုက် သတ်မှတ် မလားဆိုတော့ ဒေသအလိုက် သတ်မှတ် တာကို လိုချင်တယ်လို့ တင်ပြ ထားတယ်။ ကျွန်တော် တို့ တင်ပြတာကို အလေးထားပုံ ရတယ်။ အခု ဒေသတွေမှာ ဆွေးနွေးပွဲ တွေ လုပ်နေတယ် ဆိုတော့ ဒေသအလိုက် သတ်မှတ် ဖို့က ဖြစ်လာပုံရတယ်။

CMP (လက်ခစား)လုပ်ငန်းတွေကို ဦးစား ပေးသတ်မှတ်မယ်လို့ သိရတယ်။ လက်ရှိ မှာ CMP လုပ်ငန်းတွေ ကို သတ်မှတ်ဖို့ ဘာတွေ လုပ်နေလဲ။


CMP ကို ဦးစားပေး သတ်မှတ် မယ်လို့ပြောထားတာရှိတယ်။ အဲဒါက ဘယ်လိုသတ်မှတ်ကြမလဲမသိဘူး။ ကျွန် တော်တို့ပြောထား တာက CMP မဟုတ် တဲ့ အခြား အလုပ်သမားတွေ ကလည်း ကျွန်တော် တို့နိုင်ငံ မှာ အများစုဖြစ်တယ်။ စိုက်ပျိုးရေး တို့၊ မွေးမြူရေး တို့ဆိုလည်း အများစုပဲ၊ CMP ကို ဦးစားပေးသတ် မှတ်မယ် ဆိုရင် တခြား လုပ်ငန်းတွေက မကျေ မနပ်ဖြစ်ကြမယ်။

CMP က အလုပ်ရှင်၊ အလုပ်သမားကိုယ် စားလှယ်တွေ ဆွေးနွေးပြီး နှုန်းတစ်ခု သတ်မှတ်ထားတယ်လို့ သိရတယ်။

ဟုတ်တယ်။ သူတို့ဆွေးနွေးထား တာရှိတယ်။ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ကလည်း မြို့နယ် ၄၆ ခုကို ဆင်းပြီး စစ်တမ်းကောက် ထား တဲ့ နှုန်း တစ်ခု ကို အမျိုးသား ကော်မတီကို တင်ထား တယ်။ အဲဒီနှုန်း ကတော့ တစ် ရက်ကို ကျပ် ၇ဝဝဝ ရမှ အဆင်ပြေ မယ်ပေါ့။ အမျိုးသား ကော်မတီ ကတော့ ပြည်နယ်နဲ့ တိုင်းဒေသ ကြီးတွေက တက် လာမယ့် အနိမ့်ဆုံး လုပ်ခလစာ သတ် မှတ်ရေး အစီရင်ခံ စာကို မူတည်ပြီး ပြည် နယ်နဲ့တိုင်း က အလုပ်သမားတွေကို ဆက် သွယ်ပြီး မေးမြန်းရ မှာပေါ့။ အဲ လိုမေးပြီး မှ အတည်ပြုပေးမှာပါ။

နှုန်းကတော့ ထွက်မလာသေးဘူး။ တင် ထားတာတော့ ရှိတယ်။ ၇ဝဝဝ ဆို တော့ ဒီနှုန်းကို အလုပ်ရှင် ဘက်က သဘောတူ ပါ့မလား။

သူတို့ဘက်က သဘာဝ အရတော့ ဒါ ကန့်ကွက် မှာပဲလေ။ သူတို့ကတော့ နည်းနိုင်သမျှ နည်းအောင် သတ်မှတ် ချင်မှာပေါ့။ ကျွန်တော်တို့ ဆီမှာ ပညာ ရှင်တွေ ရှိတယ်။ သူတို့တွေက ဝိုင်းဝန်း ဆန်းစစ်ပြီးတော့ မှ ဒါဖြစ်သင့်လား၊ မဖြစ် သင့်လား ဆုံးဖြတ်ကြမှာပေါ့။

CMP လုပ်ငန်းတွေရဲ့ လက်ရှိအနေ။

CMP ကို မပြောခင် ဆောက်လုပ် ရေးလုပ်ငန်းတွေ မှာ တောင်တစ်ရက် ကို အနိမ့်ဆုံး ၄ဝဝဝ/ ၅ဝဝဝ ရကြတယ်။ စက်ရုံအလုပ်ရုံ CMP လုပ်ငန်းတွေက အခုမှ တစ်လကို ၇ဝဝဝဝ/၈ဝဝဝဝ ပေးတယ်။ အနိမ့်ဆုံး လုပ်ခ လစာမထွက် သေးလို့ လို့ပြောတယ်။ ပြည်တွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေတောင်ပေး နိုင် တာ ပြည်ပကို အိတ်စပို့ လုပ်နေတဲ့ CMP တွေက ဘာလို့ မပေးနိုင်ရတာလဲ။

၂ဝ၁၄ နှစ်ကုန် အပြီး အနည်းဆုံး အခ ကြေးငွေ သတ်မှတ်မယ် လို့ ပြောတယ်။ ဒါဖြစ်နိုင်ပါ့မလား။ ၂ဝ၁၄ အမီပြီးပါ့ မလား။

သတ်မှတ်နိုင်တယ် လို့ပဲ ပြောရမှာ ပေါ့။ ၂ဝ၁၄၊ ခြောက်လပိုင်း ကို လွှတ် တော်ကို တင်မယ်လို့ ဝန်ကြီး ကပြောထားတာ ရှိတယ် ဆိုတော့ ခြောက်လပိုင်း ကို အ ဖြေ တစ်ခုထွက်အောင် သူတို့လုပ်မှာပေါ့။

စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦး၏ ဖြေကြားချက်

အနည်းဆုံး အခကြေးငွေနှုန်းထား သတ် မှတ်ဖို့ အတွက် အလုပ်သမား အဖွဲ့တွေ က တစ်ရက် ၇ဝဝဝ ပေး ရမယ် ဆိုပြီး တင်တာ ရှိတယ်။ CMP လုပ်ငန်းတွေမှာ အနည်းဆုံး အခကြေးငွေ သတ်မှတ်လို့ အလုပ်ရှင် အလုပ်သမား ကိုယ်စားလှယ် တွေ ဆွေးနွေးနေ တာလည်း ရှိတော့ လက်ရှိ ဆွေးနွေးနေတဲ့ အခြေ အနေ လေး သိချင်ပါတယ်။

တစ်ဖက်က တိုးတောင်းတယ်။ တစ် ဖက်ကလည်း နည်းနိုင်သလောက် နည်း အောင် ပေးချင်တယ်။ အစိုးရက ကြား ဝင်မှပဲ ရမယ်။ အစိုးရက ဝင်မညှိရင် တော့ တစ်ဦးနဲ့ တစ်ဦး အငြင်း ပွားတာ တွေ ဖြစ်နေ မှာပဲ။ လက်ရှိမှာ အနည်းဆုံး အခကြေးငွေနှုန်း ထားတွေကို လွှတ် တော်ကို မတင်ရသေးဘူး။ အမျိုးသား လွှတ်တော် တို့၊ ပြည်ထောင် စု လွှတ်တော် တို့ကို တင်ရဦးမယ်။

CMP (လက်ခစား) လုပ်ငန်း အတွက်ဆွေး နွေးတာ တစ်ရက်ကို ၅၆ဝဝ ပေါ့။ အလုပ် သမားအဖွဲ့က တင်တာ ၇ဝဝဝပေါ့။ ဆိုတော့ ဒီနှုန်းတွေကို အလုပ်ရှင် ဘက် က ပေးနိုင် ဖို့ အခြေအနေကို သိချင်ပါတယ်။

၇ဝဝဝ ဆိုတော့ ၇ ဒေါ်လာ ကျော်သွားတာပေါ့။ နိုင်ငံအနေနဲ့ အဲဒီ လောက်ဖြစ်ရင်တော့ စက်ရုံ အများကြီး ပိတ်သွားလိမ့်မယ်။ အခုတောင်မှ Export မလုပ်နိုင် ဘူးလေ။ လျှပ်စစ် စရိတ်ကလည်း ကိုယ်ပိုင် မီးစက်နဲ့ လည်ရတော့ အခက် အခဲရှိတယ်။ လက်ရှိ ရနေတာ တစ်နေ့ကို ၂၅ဝဝ၊ တစ်နေ့ကို ၃၅ဝဝ ပေးရင်တောင် စက်ရုံ တချို့ ပိတ်သွား ရလိမ့်မယ့် အနေအ ထားရှိတယ်။ ဒါ့အပြင် တစ်နယ်နဲ့ တစ်နယ် လုပ်သား ခဈေးတွေ ကလည်း မတူဘူး။ အလုပ်ရှင် အလုပ်သမား ဆွေးနွေးတဲ့ အခါ နယ်က မိတ္ထီလာတို့ ဘာတို့ကဆို တစ်လ ခြောက်သောင်း ပေးပါ ဆိုတော့ သူတို့ဆီ မှာ သုံးလေးသောင်း နဲ့ရတယ်။ မပေးနိုင် ဘူး။ ဒါက အလုပ်ရှိရှိ မရှိရှိပေး ရတာပေါ့။ နေ့စားဆို တစ်ရက် ၃ဝဝဝ ပေးနိုင်တယ် ပေါ့။ ဆိုတော့ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ရင် အဆင်ပြေမှာ မဟုတ်ဘူး။

CMP လုပ်ငန်းတွေကို ဦးစားပေး အနေနဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်မယ် လို့သိရတယ်ရှင့်။ တခြား ကဏ္ဍတွေလည်း ရှိတဲ့ အခါကျတော့ ဒီလုပ်ငန်းကို မှ ဘာကြောင့် ဦးစားပေး သတ်မှတ်ရတာလဲ။

အလုပ်သမား သပိတ်မှောက်တဲ့ ၉ဝ ရာခိုင်နှုန်း က သူတို့ပဲလေ။ လှိုင်သာ ယာမှာတောင် တစ်နေ့တည်းနဲ့ ခုနစ်မှု၊ ရှစ်မှုဖြစ်နေတာ။ CMP တွေပဲ ဖြစ် နေတာ။ တခြား စက်ရုံတွေက နည်းပါတယ်။ သူတို့တောင်း တဲ့နှုန်းကို လုပ်ငန်း ရှင်က မပေးနိုင်ဘူး။ အဲဒီတော့ သူတို့ကို နစ်နာကြေး အလုပ်ထုတ်ဖို့ ကျတော့လည်း လက်မခံဘူး။ ညှိပေးပါ ပဲပြောတယ်။ အနည်း ဆုံးအခကြေးငွေ ကို ဥပမာပေါ့။ တစ်လ တစ်သိန်းဆို တစ်သိန်း အစိုးရက သတ်မှတ် လိုက်ရင် သူတို့ ပိုလိုချင်လို့ ဆန္ဒပြတယ်။ အစိုးရက ဒီလောက် သတ်မှတ် ထားတယ်။ အဆင်မပြေရင် အဆင်ပြေတဲ့ ဆီသွား လုပ်၊ ဒီလိုမျိုးဖြေရှင်းလို့ ရတာပေါ့။

အလုပ်ရှင် အလုပ်သမား ညှိလို့ အဆင်မပြေ ဘူးလို့ အထက် မှာပြောသွားတယ်။ နှုန်း တစ်ခု သတ်မှတ် လိုက်လို့ စက်ရုံတွေ မလုပ်နိုင်လို့ ပိတ်သွားတဲ့ အခြေ အနေ တွေ ဖြစ်နိုင်တယ်လို့ ဆိုတဲ့ အခါကျတော့ ဘယ်လို ပုံစံမျိုးလုပ်ရင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ် လို့ ယူဆပါသလဲ။

အခု ရနေတာ ၂၅ဝဝ၊ ၂၅ဝဝ က နေပြီးတော့ ၃၅ဝဝ၊ နောင်နှစ် ၄၅ဝဝ ဒီလိုပဲ တစ်ဆင့်ပြီး တစ်ဆင့် တစ်ဆင့် တိုးမယ် ဆိုရင်တော့ လုပ်ငန်းရှင်တွေ ဘက်က ခံသာ တာပေါ့။ ဒီလိုမှ မဟုတ်ဘူး ၂၅ဝဝ ကနေ ၇ဝဝဝ တစ်ပြိုင်တည်း တက်သွားရင် စက်ရုံ တော်တော်များများ ပိတ်သွား ရလိမ့်မယ်။ နိုင်ငံခြား ရင်းနှီးမြှုပ် နှံ မှုတွေ လည်း လာတော့မယ် မထင်ဘူး။

Popular News Journal


“တံမြက်စည်းလှည်းခြင်း၏ အကျိုးကျေးဇူး ကြီးမားပုံ”



ယနေ့ခေတ်မှာ ခေတ်လူငယ်များ ဘုရားရင်ပြင်၊ ကျောင်းအ၀န်းစသည်တို့မှာ ညီညာစွာ တံမြတ်လှည်း
သန့်ရှင်းရေးလုပ်ကြတာ တွေ့မြင်ရလို့ ကြည်နူးမိပါတယ်။ အချို့လူငယ်များဆိုရင် စေတနာအဖွဲ့ ဖွဲ့ပြီး ရပ်ကွက်၊ မြို့နယ်တွေမှာရှိတဲ့ ရိပ်သာများ၊ ဘကကျောင်းများမှာ သန့်ရှင်းရေးဝေယျာဝေစ္စဆောင် ရွက် တာတွေ သိရလို့ ပီတိဖြစ်ရတယ်။ အင်မတန်ကောင်းမြတ်ပြီး သန့်ရှင်း ရိုးသားတဲ့ စေတနာပါပဲ။

ဒါကြောင့် သူတို့လေးတွေ ပိုမိုကုသိုလ်ပွားနိုင်စေရန်အလို့ငှါ တစ်ကြိမ်တစ်ခါ တံမြတ်စည်းလှည်းရုံ နဲ့ ကောင်းကျိုးအလီလီခံစားရတဲ့ မထေရ်အကြောင်းလေးကို ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။

သူ့နာမည်က “သကိံသမ္မဇ္ဇမထေရ်”လို့ ခေါ်ပါတယ်။ ၀ိပသီဘုရားလက်ထက်တုန်းကပေါ့ မထေရ်လောင်း ဟာ တစ်နေ့မှာ “သခွက်ဗောဓိပင်” ရှေ့ရောက်တဲ့အခါ ဘုရားပွင့်ခဲ့တဲ့ ဗောဓိပင်ကို ကြည်ညိုစိတ်ဖြစ်ခဲ့ တယ်။ နောက်ပြီး အဲအပင်အောက် မှာ ပြန့်ကျဲနေတဲ့ သစ်ရွက်တွေကို သန့်ရှင်းချင် စိတ်ပေါ်လာတာနဲ့ တံမြက်စည်းကိုင်ပြီး လှည်းခဲ့ပါတယ်။

တံမြတ်စည်းလှည်းခဲ့တာလေးကို စိတ်ထဲ အပြန်အလှန် အောက်မေ့ရင်း အပြန်မှာ စပါးကြီးမြွေနဲ့တွေ့လို့
အမျိုခံလိုက်ရပါတယ်။ သူဟာ ကောင်းတဲ့ အာရုံနဲ့ သေခဲ့တာဖြစ်လို့ သေပြီးနောက်မှာတော့ နတ်ပြည်မှာ
နတ်သားသွားဖြစ်ခဲ့ပါတယ်။ နတ်စည်းစိမ်ကို ခံစားခဲ့တယ်။ အဲဒီအချိန်ကစပြီး သူရဲ့ စိတ်ဟာ နောက်ကျူခြင်း မရှိ၊ အမြဲကြည်လင်နေခဲ့တယ်။ နုနာ၊ ၀ဲနာ၊ ပွေးနာ၊ ၀က်ရူးပျံရောဂါ၊ အနာကြီးရော စတဲ့ အနာမျိုးစုံမှ ကင်းဝေးခြင်းအကျိုးခံစားခဲ့ရတယ်။ စိုးရိမ်ခြင်း၊ ပူပန်ခြင်းမရှိ၊ စိတ်ဓာတ် အမြဲ တည်ငြိမ်နေတယ်။
တစ်စုံတစ်ခုကြောင့် တုန်လှုပ်ခြင်းမရှိ။ သမာဓိကို လိုချင်တဲ့အချိန်မှာ ခဏလေးနဲ့ ရအောင် လုပ်နိုင်တယ်။
နှစ်သက်ဖွယ်အာရုံ၌ မနှစ်သက်၊ အမျက်ထွက်ဖွယ်အာရုံ၌ အမျက်မထွက်၊ တွေဝေစရာအာရုံ၌ မတွေဝေရပါ။
တံမြတ်စည်းလှဲခဲ့တဲ့အချိန်ကစလို့ “အပါယ်လေးပါး” လားရတယ်ဆိုတာ မရှိခဲ့ပါဘူး။

နောက်ဆုံး အခု ဂေါတမဘုရားရှင်လက်ထက်မှာ အာသဝေါကုန်ခမ်းလို့ “ရဟန္တာ” ဖြစ်ရပါတယ်။

ဒါဟာ ဗောဓိပင်အောက်မှာ တစ်ကြိမ်တစ်ခါ တံမြတ်စည်းလှဲခဲ့ရတဲ့ အကျိုးပါပဲ။ တစ်ကြိမ်တစ်ခါ စေတနာ ထက်သန်စွာ တံမြတ်စည်း လှဲခဲ့တာလေးတောင် ခုလို ကြီးမားတဲ့အကျိုးပေးတယ်ဆိုရင် အကြိမ်များ စွာပြုလုပ်တဲ့ စေတနာရှင်များ မှာ ပြောဖွယ်မလိုပါ။ ကိုယ်လုပ်တဲ့အလုပ်ရဲ့ မြင့်မြတ်မူလေးကို အာရုံပြုပြီး
စေတနာတိုးပွားအောင်လုပ်ဆောင်ဖို့ပဲလိုပါတယ်။

ဒါ့အပြင် မိမိငယ်စဉ်က ရဖူးတဲ့ ကဗျာလေးတစ်ပုဒ်ရှိပါတယ်။ ရေးတဲ့ ဆရာတော်ကိုတော့ မမှတ်မိတော့ပါ ဘူး။ “သူ့စိတ်ကိုယ့်စိတ်၊ ယိုဖိတ်ကြည်လင်၊ နတ်တို့လေးစား၊ သနားချစ်ခင်၊ ကြည်ညိုဖွယ်ကောင်း ဂုဏ်ပေါင်းမြတ်ရှင်၊ နတ်ပြည်ရောက်ထွန်းတောက်ကျိုးငါးအင်”တဲ့။ တံမြတ်လှည်းရခြင်းရဲ့ အကျိုးငါးပါးဖြစ်ပါ တယ်။

လှည်းသူရဲ့စိတ်ရော မြင်တဲ့သူရဲ့စိတ်ရော ကြည်လင်ပါတယ်။ ဗုဒ္ဓဝေယျာဝေစ္စ၊ သံဃာ့ဝေယျာဝေစ္စလုပ်နေ လို့ နတ်တွေလေးစားတယ်။ ချစ်ခင်စောင့်ရှောက်တယ်။ ဂုဏ်သတင်းတွေ သင်းပျံ့တယ်။ သေရင် နတ်ပြည်ရောက်တယ်။

ဒါကြောင့် မိတ်ဆွေများအားလုံး တံမြက်စည်းလှည်း ကုသိုလ်ယူခြင်းဖြင့် ကောင်းကျိုးတရားတွေ ရရှိနိုင်ကြပါစေ။

- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】
Dhamma Dãna Source


သွေးတိုးခြင်းအတွက် အကောင်းဆုံး လက်နက်



ဒန့်သလွန်သီးကို လူတိုင်း စားသုံးကြပေမယ့် ဒန့်သလွန်ရွက် ကတော့ စားသုံးသူနည်းပါတယ်။ ဒါပေမယ့် လည်း ဒန့်သလွန်ရွက်မှာ ဆေးဘက်ဝင် အာနိသင်တွေ များစွာပါ ရှိလို့ မိဘပြည်သူတွေ အတွက် မျှဝေပေးလိုက် ရပါတယ်။

ဒန့်သလွန်ရွက်ဟာ ဟင်းချိုအဖြစ် ချက်ပြီး သောက်နိုင်ပါတယ်။ ဒါ့အပြင် သွေးတိုးရှိသူများ ဒန့်သလွန်ရွက်ကို အရည် ညစ်ပြီး သောက်ပါက သွေးတိုးရောဂါကို ယူပစ်သလို ပျောက်ကင်းနိုင်ပါတယ်။ ၎င်းဆေးနည်းဟာ ယခုမှ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ရှေးယခင် ကတည်းက ရှိပြီးသားဖြစ်တဲ့ သဘာဝ ဆေးကောင်း တစ်လက်ဖြစ်ပါတယ်။

ဒါကြောင့် သွေးတိုးရောဂါ ရှိသူများ ဒန့်သလွန်ရွက်ကို မှီဝဲပါလို့ တိုက်တွန်းလိုက် ပါရစေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ



ကြက်ဥစားခြင်းဖြင့်ကိုယ်အလေးချိန်လျှော့



ကြက်ဥ တစ်နေ့တစ်လုံး စားခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက်အကူ ပြုဖွယ်ရှိ ကြက်ဥ အား အထူး အစားအစာ အဖြစ် ထည့်သွင်း စဉ်းစား သင့်ကြောင်း၊ အကြောင်းမှာ ကြက်ဥကို စားသုံးခြင်း အားဖြင့် ကျန်းမာရေး ကို ကောင်းမွန်စေပြီး အဝလွန်ခြင်းကို ကာကွယ် တားဆီး ပေးနိုင်ဖွယ် ရှိသည်ဟု သုတေသန ပညာရှင်တို့က ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။

အာဟာရဗေဒ ပညာရှင်တို့ကလည်း ကြက်ဥသည် အာဟာရ ပါဝင်မှုအများဆုံး အစားအစာများ ထဲမှ တစ်ခု ဖြစ်ပြီး နေ့စဉ် ကြက်ဥတစ်လုံး စားသုံးခြင်း အားဖြင့် များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းစေမည် ဖြစ် သည်ဟု အကြံပြု တိုက်တွန်းခဲ့ကြသည်။

သုတေသန ပညာရှင်တို့၏ တွေ့ရှိချက်အရ ကြက်ဥတွင် ကယ်လိုရီ ပါဝင်မှု နည်းပါးသော်လည်း ပရိုတင်း ဓာတ် ကြွယ်ဝကြောင်း၊ အထူးသဖြင့် ကြက်ဥတွင် ပါဝင်သည့် ဗီတာမင်ဒီ၊ ဗီတာမင်ဘီ ၁၂ Selenium နှင့် Choline တို့ကြောင့် ကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။

ထို့ပြင် ကြက်ဥတွင် ပါဝင်သော အမိုင်နို အက်စစ်ဓာတ်သည် ကလေးများ၊ ဆယ်ကျော်သက်များနှင့် လူငယ် လူရွယ်များ အတွက် မရှိမဖြစ် အရေးပါသော ဓာတ်ဖြစ်သည် ဟုဆိုသည်။

ကြက်ဥတွင် ပါဝင်သော အင်တီအောက်ဆီးဒင့်ဓာတ် ပမာဏမှာ မြင့်မားလှပြီး အိုမင်းရင့်ရော်ခြင်းကို ကာကွယ် ပေးနိုင်ဖွယ် ရှိသည်ဟု ဆိုသည်။

လေ့လာဆန်း စစ်မှုအရ လူငယ်များ၊ အသား အလွန်အကြူးစားသုံး သူများနှင့် နွားနို့ရှောင်ကြဉ်သူများ အနေဖြင့် ကြက်ဥကို ပိုမိုစားသုံးခြင်းဖြင့် အကျိုးကျေးဇူးကို ခံစားရဖွယ်ရှိသည် ဟုဆိုသည်။

ကြက်ဥနှင့် ပတ်သက်၍ အရေးပါသော တွေ့ရှိမှုများထဲမှ တစ်ခုမှာ ကြက်ဥသည် ဗီတာမင်ဒီနှင့် ပတ်သက်၍ အရေးပါသော ဓာတ်စာအရင်း အမြစ်တစ်ခု ဖြစ်သည်ဟု သုတေသန ပညာရှင်တို့က အစီရင်ခံစာတွင် ဖော်ပြခဲ့ ကြောင်း သိရသည်။

X Gym Fitness Club - Myanmar


ကမ္ဘာ့ ဇိမ်အရှိဆုံး ထောင်


Angel on 2014-04-25 18:23

ပုံမှာ မြင်တွေ့ နေရတာက Bastoy ထောင်က အကျဉ်းသားတစ်ယောက်ပါ။ Bastoy ထောင် ဟာ နော်ဝေနိုင်ငံမှာ တည်ရှိပြီး ထောင်သားအများစုက လူသတ်တရားခံနဲ့ မုဒိန်းမှုကျူးလွန်ခဲ့တဲ့ လူတွေ ဖြစ်ပါတယ်။ ဒီထောင်ဟာ ကမ္ဘာမှာ လုံခြုံရေးအနည်းဆုံးထောင်လည်းဖြစ်ပါတယ်။ နော်ဝေနိုင်ငံ၊ အိုစလိုမြို့ တောင်ဘက် ၄၆ မိုင်အကွာက Bastoy ကျွန်းပေါ်မှာ တည်ဆောက်ထားတာပါ။

ထောင်သားတွေဟာ သစ်လုံးအိမ်တွေမှာနေထိုင်ပြီး ထောင်ရဲ့ စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြရပါတယ်။ အားလပ်ချိန်မှာ မြင်းစီး၊ ငါးမျှား၊ တင်းနစ်ရိုက်၊ နှင်းလျှောစီး စတဲ့ အားကစားတွေ ကြိုက်နှစ်သက်သလို လုပ်နိုင်ပါတယ်။ ဒီကျွန်းကို ရောက်နိုင်တဲ့တစ်ခုတည်းသောနည်းလမ်းက ဖယ်ရီလှေ တစ်မျိုးပဲရှိတာပါ။

ထောင်သားတွေမှာ ကိုယ်ပိုင်အခန်းသော့တွေရှိပြီး လွတ်လွတ်လပ်လပ်သွားလာနိုင်ပါတယ်။ အစောင့်တွေ ဟာ လက်နက်ကိုင်ဆောင်ထားခြင်း မရှိတဲ့အပြင် ထောင်ခြံစည်းရိုးတောင်မရှိပါဘူး။

ထောင်သားတွေ မှာ အချိန်ပိုများစွာရှိပြီး Gym ကစားခန်းမမှာ အချိန်ဖြုန်းနိုင်သလို ကမ်းခြေမှာလည်း သွားရောက် အပန်းဖြေနိုင်ပါသေးတယ်။

ကျွန်းမှာ ထောင်သားဦးရေ ၁၁၅ ယောက်ကို ထိန်းသိမ်းထားပြီး ထောင်ဝန်ထမ်း ၆၉ ယောက်ရှိပါတယ်။ ညအချိန်တွေမှာ ထောင်စောင့် ငါးယောက်ပဲ ထားရှိပေမယ့် ထွက်ပြေးသူအကျဉ်းသားတစ်ယောက်မှ မရှိပါဘူး။

Bastoy ထောင်ကို ကမ္ဘာ့လူသားအဆန်ဆုံးထောင်၊ အလွတ်လပ်ဆုံး၊ဇိမ်အကျဆုံးထောင်အဖြစ် နာမည်ပေးထားကြပါတယ်။







Ref: Wikipedia.org
Trend Myanmar


စိတ်ဓာတ်ကျ နေသူတို့ အတွက် ထိရောက်သော လေ့ကျင့်ခန်း



(၁) ခပ်သွက်သွက် လမ်းလျှောက်ပါ၊ ပြေးပါ

စိတ်ဓာတ် ကျနေရင် အခန်းအောင်းပြီး အိပ်ရာထဲ ခွေမနေပါနဲ့။ ခပ်သွက်သွက် လမ်းထလျှောက်လိုက်ပါ၊ ဒါမှမဟုတ် ပြေးလိုက်ပါ.. ဒါဆိုရင် ခန္ဓာကိုယ်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းတွေ အထွက်တိုး လာပါလိမ့်မယ်။ စိတ်တင်းကျပ်နေရင်၊ ဖိစီးမှုများနေရင် စက်ဘီးစီးတာ၊ ပြေးစက်ပေါ် မှာ ပြေးတာ၊ ယောဂကျင့်တာတို့ကို ပြုလုပ်ပေးလိုက်ပါ။ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင် အထွက် တိုးကာ စိတ်ဓာတ်ကျတာ သက်သာသွားပါလိမ့်မယ်။

(၂) အလေးမ လေ့ကျင့်ခန်း လုပ်ပါ

အလေးမတာက စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေကို လျော့ပါးစေသလို စိတ်ရော ကိုယ်ပါ ကျန်းမာစေတဲ့ နည်းပါ။ အလေးမတာကြောင့် ကြွက်သားတွေ သန်စွမ်းကျစ်လျစ်ကာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု ကို ကောင်းစေပြီး ခန္ဓာကိုယ်ကို သန်စွမ်း ကျန်းမာစေပါတယ်။

(၃) နေ့စဉ် လေ့ကျင့်ခန်း လုပ်ပါ

တစ်နေ့မှာ အနည်းဆုံး မိနစ် ၃၀ အချိန်ပေးပြီးတော့ လေ့ကျင့်ခန်းလုပ်ပါ။ ကာကွယ်မှုဆိုင်ရာ ဂျာနယ် ရဲ့ လေ့လာမှုအရ ပုံမှန် လေ့ကျင့်ခန်းလုပ်တဲ့ အကျင့်ကို တည်ဆောက်ပြီးချိန်မှာ စိတ်ဓာတ်ကျစရာ အကြောင်းတွေ ရှိလာရင်တောင် စိတ်ဓာတ်ကျတဲ့ အတွေးမျိုး မဝင်စေဘူးလို့ သိရပါတယ်။

(၄) ဆေးဝါးအစား လေ့ကျင့်ခန်းကို အစားထိုး လုပ်ဆောင်ပါ

သင်က လတ်တလော အခြေအနေမှာ ယာယီ စိတ်ကျတဲ့ အခြေအနေအတွက် ဆေးဝါးတွေကို မှီဝဲနေတယ် ဆိုရင် ဒါမှမဟုတ် ကုသမှု ခံယူနေတယ်ဆိုရင် လေ့ကျင့်ခန်းကို တွဲလုပ်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးပါ။ ကာကွယ်မှုဆိုင်ရာ ဆေးဂျာနယ်မှ လေ့လာမှုအရ စိတ်ဓာတ်ကျနေသူတွေဟာ တစ်ပတ်မှာ အနည်းဆုံး သုံးနာရီ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဆေးကုတာနဲ့ ယှဉ်ရင် ပိုပြီး သိသိသာသာ သက်သာလာကြောင်း တွေ့ ရပါတယ်။

(၅) စိတ်ဓာတ်ကျမှု ပြန်မဖြစ်ရန် ပုံမှန် လေ့ကျင့်ခန်းလုပ်သော အလေ့အထ ဖန်တီးပါ

ပုံမှန် လေ့ကျင့်ခန်း လုပ်တာကြောင့် စိတ်ဓာတ်ကျတာကို တွန်းလှန်နိုင်ရုံသာမက စိတ်ဓာတ်ကျမှု ထပ်မံ မဖြစ်အောင်လည်း ပံ့ပိုးပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျတာက ဘဝမှာ နည်းအမျိုးမျိုးနဲ့ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ စိတ်ဓာတ်ကျနေရင် အရာရာကို ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်မှု မရှိသလို စွမ်းအင်တွေလည်း ကျဆင်းကာ ဘာကိုမှ မလုပ်ချင်၊ မကိုင်ချင် ဖြစ်နေတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ ပုံမှန် လေ့ကျင့်ခန်းလုပ်ပြီး စိတ်ကျဝေဒနာ မဖြစ်အောင် ကာကွယ်လိုက်ပါ။

X Gym Fitness Club - Myanmar


အစိမ်းရောင် ပန်းသီးဖျော်ရည်က ဝိတ်ကျစေနိုင်ပါတယ်



အစိမ်းရောင် ပန်းသီးဖျော်ာရည်ဟာ ကိုလက်စရောဓာတ်များကို လျော့ချပေးနိုင်တဲ့ အတွက် ဝိတ်ကျချင် သူများ အထူးပင် သောက်သင့်တဲ့ ဖော်ရည်တစ်မျိုး ဖြစ်ပါတယ်။

ဝိတ်ကျစေရုံတင် မကဘဲ ကျန်းမာရေး အတွက်ပါ အထောက်အကူ ပြုနိုင်ပါတယ်။ ခန္ဓာကိုယ် အတွက် ခွန်အားကို ဖြစ်စေလို့ နေ့စဉ်သောက်သင့်တဲ့ ဖျော်ရည်တစ်မျိုး ဖြစ်ပါတယ်။

X Gym Fitness Club - Myanmar


ဆေးစားစရာမလိုဘဲ အမြန်ဝိတ်ချနည်း



ကျန်းမာရေးအတွက် ဘာဆေးမှ စားစရာ မလိုပဲ တကယ် ဝိတ်ချလို့ရပါတယ်။ သို့ပေမယ့် အောက်ဖော်ပြပါ နည်းလမ်းများကို လုပ်နိုင်ဖို့ တော့ လိုအပ်ပါလိမ့်မယ်။

၁။ အသီး နဲ့ အရွက်ကို နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ပုံမှန် ပါဝင်ဖို့ လိုအပ်ပါလိမ့်မယ်။ ကယ်လိုရီဓာတ် နည်းတဲ့ အစားအစာများ၊ သဘာဝ အက်ဆစ်ဓာတ်များတဲ့ အစားအစာမို့ အဆီတွေကို တိုက်ဖျက်ရာမှာ အင်မတန် အရေးပါတဲ့အစားအစာများ ဖြစ်ပါတယ်။

၂။ အငံဓာတ် များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အငံတင် မကပဲ အဆီအဆိမ့် ဓာတ်အရမ်း များတဲ့ အစားအစာများက ဝိတ်မြန်မြန် တက်စေ ပါတယ်။

၃။ နို့ထွက် အစားအစာများ ဖြစ်တဲ့ ချစ်၊ ထောပတ်နဲ့ နို့မလိုင် များက အမှန်တကယ် ရှောင်သင့်တဲ့ အစား အစာတွေထဲမှာ ပါဝင်ပါတယ်။ အသား ၊ ဟင်းရွက်မဟုတ် အစားအစာ များကလည်း ဝိတ်မတက်ရန် ရှောင် စား၊ လျော့စားဖို့လိုအပ်ပါတယ်။

၎။ ဟင်းခတ်အမွေးအကြိုက်များဖြစ်တဲ့ နံနံ၊ ကြက်သွန်၊ ဂျင်းနဲ့ အခြား ဟင်း ခက်၊ ဟင်းသီးဟင်းရွက် တို့ဟာလည်း ဝိတ်ကျဖို့ အထောက်အကူပြုတဲ့ အစားအစာ များဖြစ်တာမို့ နည်းလမ်းအမျိုးမျိုးနဲ့ စားသုံးနိုင်ပါတယ်။ (ဥပမာ- ဂျင်းပြုတ်ရည် ပုံမှန်သောက်သုံးပေးခြင်း၊ ဂျင်းစိမ်းဟင်းရည်၊ နံနံပင် ဟင်းရည်များ ချက်ပြုတ်စားသောက်ခြင်း)

၅။ ကြက်ဟင်းခါးသီး၊ ဒန့်သလွန်သီးတို့ဟာဆိုရင်လည်း ကာဘွန်ဟိုက်ဒရိတ် ဓာတ်အင်မတန် များတဲ့ အစားအစာများ ဖြစ်ပြီး အဆီပိုဖယ်ရှားဖို့အတါက် အထောက်အကူပြုတာမို့ ဝိတ်ချတဲ့ ဆေးအချို့ တွေ မှာ တောင် ထည့်သွင်း အသုံးပြုတတ်တယ်လို့ သိရပါတယ်။

၆။ ဝိတ်မြန်မြန် ကျစေတဲ့ နောက်တစ်နည်းက ပျားရည်သောက်ခြင်းပါ။ မနက်အိပ်ယာထတိုင်း လက်ဘက်ရည် ဇွန်းတစ်ဇွန်းစာ ပျားရည်ကို လက်ဖက်ရည်ခွက်အရွယ် ထဲ ထည့်ပြီး ရေပူ (ရေနွေး) နဲ့ ဖျော်သောက် ရမှာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ မနက်တိုင်း ပုံမှန် သောက်သုံး ခြင်းဖြင့်လည်း ဝိတ်ကျနိုင်ပါတယ်။

၇။ ဂေါ်ဖီထုပ် (မုန်လာထုပ်) လို့ခေါ်တဲ့ Cabbage ကလည်း ကာဘွန်ဟိုက်ဒရိတ်ဓာတ် (သဘာဝရေဓာတ်) များတဲ့ အစားအစာ ဖြစ်ပြီး နည်းမျိုးစုံ ချက်ပြုတ်စားသောက်ခြင်းဖြင့် ဝိတ်ကျစေပါတယ်။

၈။ အားကစား ပြုလုပ်ခြင်းပါ။ အားကစား ပြုလုပ်ခြင်းကလည်း အင်မတန် အရေးကြီးပါတယ်။ အစား ကတော့ နည်းလမ်းကျအောင် စားသုံး ပေမယ့် လေ့ကျင့်ခန်း အားကစားမလုပ်ပဲ ထိုင်နေရင် အလကား ပါပဲ။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ ကြက်တောင်ရိုက်ခြင်း အစရှိ သဖြင့် မိမိနှစ်သာရာ အားကစား တစ်ခုကို ရွေးချယ်ပြီး တစ်စိုက် မက်မက် ကစားခြင်းဖြင့်လည်း ဝိတ်ကျစေပါတယ်။

၉။ နောက်တစ်ခုကတော့ သံပုရာရည်ပါ။ သံပုရာရည်မှာတောင်မှ ရေနွေးတဲ့ ဖျော်တဲ့ သံပုရာရည်က အဆီကျဖို့ ပိုမို အထောက်အကူ ပြုပြီး ပျားရည်နဲ့လည်း ရောစပ် သောက်သုံး နိုင်ပါတယ်။ မနက် အိပ်ယာ ထတိုင်း သောက်ခြင်းဖြင့် ဝိတ်ကျ စေနိုင် ပါတယ်။

၁၀။ အစားလျော့စားခြင်းပါ။ အစား ကို ပုံမှန်စားတဲ့ နှုန်းထက် တတ်နိုင် သလောက် လျော့ဖို့လိုပါတယ်။ လိုတာထက် ပိုလျော့တာမျိုး မဟုတ် ပါဘူး။ လိုအပ် သလောက်သာ စားသုံးခြင်းသာ ဖြစ်ပြီး သရေစာ စားသုံးမှုကို ရှောင် ရှား ရပါမယ်။ ထမင်းစားတဲ့ အချိန် တစ်ချိန်နဲ့ တစ်ချိန် နီးစပ်နေမှု ကို ရှောင် ပြီး အနည်းဆုံး လေးနာရီလောက်တော့ ခြားရ မှာ ဖြစ်ပါတယ်။ ညစာ စားသုံးမှုနေရာ မှာ အသီးအရွက်နဲ့ သစ်သီးဖျော်ရည် သောက် သုံးခြင်းဖြင့် လည်း ဝိတ်ကျစေတဲ့အပြင် အသားအရည်ပါ လှပလာစေနိုင်ပါ တယ်။

X Gym Fitness Club - Myanmar



ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ



ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေးကိုလည်း ထိခိုက် စေနိုင်ပါတယ်။

(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပို ကိုယ်အလေးချိန်တွေ လျော့ ကျ စေဖို့ လုပ်ဆောင် ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ်လိုရီ ပိုမို လောင် ကျွမ်းအောင် လုပ်ဆောင် ပေးပါ။ ဝမ်းဗိုက်ဘက် ကက်သားတွေ သန်စွမ်းအောင် အိပ်ထမတင် လေ့ကျင့် ခန်း၊ အလေးမတဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာက အကောင်းဆုံး နည်းပါ။ ဒါက ကိုယ်အလေးချိန် ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ် စေပါတယ်။

(၂) အမျှင်ဓာတ်များများ စားပါ

အမျှင်ဓာတ် များများပါတဲ့ အစာကို စားတာကြောင့် လေပွ၊ လေထတာမျိုး မဖြစ်အောင် ကာကွယ် နိုင်ပါ တယ်။ အမျှင်ဓာတ်ပါတဲ့ ကောက်နှံ တစ်ခုလုံးနဲ့ လုပ်တဲ့ အစာတွေက ဗိုက်မြန်မြန် ပြည့်စေပြီး ဟင်းသီး ဟင်းရွက်တွေက ကယ်လိုရီ ပါဝင်မှု နည်းပါး ပါတယ်။

(၃) ဆားလျှော့စားပါ

လူအများစုဟာ ဆိုဒီယမ်ကို လိုအပ်တာထက် နှစ်ဆပိုစား နေကြတယ်လို့ ကျွမ်းကျင်သူ တွေက အကြံပြု ထားပါတယ်။ ဆားအများကြီး စားတာကြောင့် သွေးတိုး စေနိုင်သလို လေပွ စေနိုင်ပါတယ်။ ဆားပါဝင်မှု များတဲ့ အဓိက ရန်သူက တာရှည် ခံအောင် ပြုပြင်ထားတဲ့ အစာတွေပါ။ ဒီအစာတွေ မစားခင် အာဟာရ တန်ဖိုးကို အရင် ဖတ်ကြည့်ပါဦး။ ဗိုက်သားချပ် ရပ်ဖို့အတွက် အကောင်းဆုံးက လတ်ဆတ်တဲ့ ပါဝင် ပစ္စည်းတွေ ကို သုံးပြီး အိမ်မှာ မိမိဘာသာ ချက်ပြုတ် ပြင်ဆင်ပြီး စားတာပဲ ဖြစ်ပါတယ်။ ရေများများ သောက် တာက ဆိုဒီယမ် ပမာဏကို လျော့ကျ စေပါတယ်။

(၄) အစာကို နည်းနည်းနှင့် မကြာခဏ စားပါ

ညစာကို များများ စားတာကြောင့် ဗိုက်ပူ နေတယ်ဆိုရင် နည်းနည်းနဲ့ မကြာ ခဏစားတဲ့ အလေ့အထ ကို ပြောင်းလဲ ကြည့်ပါ။ နေ့စဉ် အချိန် ၃-၄ နာရီကြာတိုင်း အစာနည်းနည်း စားပေးပါ။ ဒါဆိုရင် ဗိုက်ဆာ တာနဲ့ အစာကို စားသင့်တာ ထက်ပိုစားမိတာမျိုး ဖြစ်နိုင်ခြေ နည်း သွားပါလိမ့်မယ်။

(၅) ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ

ကိုယ်အလေးချိန် လျော့ကျပေမယ့် ခါးအတိုင်း အတာက လျော့ကျမှု မရှိဘူး ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

 X Gym Fitness Club - Myanmar


ဝမ်းဗိုက်အဆီတွေ လျှော့နည်းစေဖို့



အသက် ၂၀ ကျော်လာပြီဆိုရင်ကို ဗိုက်ခေါက်လေးက ထွက်လာပြီနော်။ ၀တဲ့လူတွေဆို ပိုဆိုးတာပေါ့။ စားတာများပြီး လှုပ်ရှားမူနဲရင်၊ အထိုင်များရင် တခြားနေရာတွေထက် ဗိုက်မှာအရင် အဆီတွေစုလာ ပါလေရော။ ဗိုက်ခေါက်ထွက်လာပြီ ဗိုက်ပူလာပြီဆိုထဲက အ၀တ်အစားဆိုရင်လည်း ၀တ်ချင်တာ ၀တ်လို့ မရတော့ဘူး။ ဗိုက်ခေါက်ကို ထင်သာမြင်သာရှိမယ့် အ၀တ်အစားဆိုရင် ရှောင်နေရလို့လေ။ လူရှေ့သူရှေ့ ထွက်ရမှာကိုလည် ယုံကြည်မှုမရှိတော့ဘူး။ ယောကျာ်းလေးတွေက တော်သေးတယ်။ ရင်နှင်းတို့ မိန်းကလေးတွေက ပိုဆိုး.. ကျပ်ကျပ်ညပ်ညပ် ၀တ်ချင်ကြတာကိုး။ အဲဒီတော့ ချပ်ချပ်ရပ်ရပ် ဖြစ်ဖို့ လိုတာပေါ့။ ဒီတော့ ရင်နှင်းက နည်းလမ်းလေးတွေ ပေးမယ်။ မပျင်းဖို့တော့ လိုတာပေါ့။ အလှပဂေးတွေဖြစ် ဖို့ သေချာလေး လိုက်လုပ်ပေးနော်။

Eat A Low Fat Diet

ဗိုက်ပူစေတဲ့ အကြောင်းအရင်းက ၂ ခုပဲရှိတယ်။ စားသောက်မှုပုံစံ မှားယွင်းတာနဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာ။ အဲဒီတော့ အဲဒီ ၂ ခုကို ပြင်ရမယ်ပေါ့နော်။ ၂ ခု လုံးကို ပြင်ရမှာနော်။ လေ့ကျင့်ခန်း ဘယ်လောက် လုပ်လုပ် တ၀တပြဲစားနေရင် ဘာမှထူးလာမှာမဟုတ်ဘူးလေ။ ဗိုက်အဆီအတွက် အဓိကကတော့ အစား အစာပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို တော်သင့်ရုံပဲ စားမယ်ဆိုရင် လှုပ်ရှားမှု သိပ်မရှိရင်တောင် အချိန်အတိုင်းအတာ တစ်ခုအထိတော့ ဗိုက်အဆီတွေ တတ်လာမှာမဟုတ်ဘူး။ အဲဒီတော့ အစားအသောက်ပုံစံကို ပြောင်းပါ။ အမျှင်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွတ်တွေ သစ်သီးဝလံတွေ များများစားပါ။ အသားဓာတ်အတွက်တော့ အဆီနဲတဲ့ ကြက်ရင်အုံသား၊ ပဲအမျိုးမျိုး ကိုစားပေးပါ။ ဆီကြော်တွေ၊ အဆာပြေအသင့်စားစရာတွေ၊ အနီရောင်အသားတွေကို မေ့လိုက်တာ အကောင်းဆုံးပါပဲ။ အရမ်းစားချင်ရင်တော့ နဲနဲလောက်ပဲစားနော်။ သုတေသနတွေအရ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ကြက်သား၊ ငါး၊ ဥတွေ စားတဲ့သူတွေဟာ တခြားအစားအစာတွေကို စားသုံးသူတွေထက် ဗိုက်အဆီတွေ ပိုကျလွယ်တာကို တွေ့ရပါတယ်တဲ့။

Drink More Water

ရေများများသောက်ပါ။ ရေဟာ ရင်နှင်းတို့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ပိုလျှံတဲ့ပစ္စည်းတွေ၊ အဆိပ်အတောက်တွေ ကို ဖယ်ရှားပေးတယ်လေ။ အဲဒီအခါ အသည်းမှာ ခန္ဓာကိုယ်က စွန့်ပစ်ပစ္စည်းတွေ စုပုံမနေတော့ဘဲ အသည်းက ကောင်းကောင်းအလုပ်လုပ်နိုင်တယ်။ အဆီတွေကို ချေဖျက်ပေးတဲ့ သည်းခြေရည်တွေ ကို ကောင်းကောင်းထုတ်ပေးနိုင်တော့ အဆီတွေလည်း ခန္ဓာကိုယ်ထဲမှာ စုပုံမနေတော့ဘူးပေါ့။ ရေတွေပဲ အများကြီးမသောက်ချင်ရင်လည်း သစ်သီးဖျော်ရည်တွေ သောက်လို့ရတယ်နော်။

Exercise

ကိုယ်လက်လေ့ကျင့်ခန်းတွေလည်းလုပ်ပါ။ လှုပ်လှုပ်ရှားရှားနေပါ။ ဒါပေမယ့် အားကစားခန်းမကို တကူး တက သွားနေစရာမလိုသလို လမ်းကိုလည်း တစ်ရက်ကို တစ်မိုင်လောက်လျှောက်စရာမလိုပါဘူး။ လမ်းလျှောက်သွားလို့ရမယ့်နေရာကို ကားမစီးဘဲနဲ့ လမ်းလျှောက်သွားပါ။ ဖြစ်နိုင်ရင် လမ်းသွက် သွက်လျှောက်ခြင်း၊ ပြေးခြင်းနဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ရေကူးတာကလည်း တစ်ကိုယ်လုံး က အဆီတွေကို ကျစေနိုင်တဲ့ လေ့ကျင့်ခန်းကောင်းတစ်ခုပါ။ ၀မ်းဗိုက်ကို အဓိကအသားပေး တဲ့ လေ့ကျင့်ခန်းတွေကတော့ အိပ်ထမတင်လေ့ကျင့်ခန်းနဲ့ ခါးလှည့်လေ့ကျင့်ခန်းတွေပါပဲ။ ကိုရီးယားမလေးလို သွယ်လျတဲ့ ခန္ဓာကိုယ် ဆိုတဲ့ ပို့စ်လေးကိုလည်း ဖတ်ကြည့်ပါအုံးနော်။

Avoid Skipping Meals

ညစာမစားတာမျိုးတွေ မလုပ်ပါနဲ့။ ခန္ဓာကိုယ်က ပုံမှန်စားနေမှ ခန္ဓာကိုယ်ထဲက ဇီဝဖြစ်စဉ်တွေက ပုံမှန်ဖြစ်စေပြီး အဆီတွေကိုလည်း ကောင်းကောင်းလောင်ကျွမ်းစေနိုင်မှာ ဖြစ်ပါတယ်။ လုံးဝမစားဘဲနေ မယ့်အစား အစားလျှော့စားပါ။ အသီးအရွက်တွေ စားပါ။

Quit Alcohol

ဘီယာဗိုက်ဆိုတာ ကြားဖူးတယ်ဟုတ် ? အရက်တွေ ဘီယာတွေသောက်ပြီး ဗိုက်ရွှဲလာတာလေ။ အရက် ဘီယာတွေမှာ အာဟာရညီမျှမှုမရှိတဲ့ ကယ်လိုရီတွေ အများကြီးပါတယ်။ ဒါကြောင့် ၀မ်းဗိုက်ပိုင်းမှာ အဆီတွေစုလာတာပါ။ ဒါကြောင့် ဖြတ်နိုင်ရင်ဖြတ် မဖြတ်နိုင်ရင် လျှော့နော်။

အဆီကျဆေးတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေ ရှိတာမို့ သဘာဝအတိုင်း ကြိုးစားတာ အကောင်းဆုံးပါပဲ။ ရင်နှင်းကတော့ အားလုံးအတွက် လိုက်နာရအဆင်ပြေပြီး ထိလည်း ထိရောက်တဲ့နည်းတွေ ရှာပေးထားတာပါ။ ဒါပေမယ့် ဒီနည်းလေးတွေက ဗိုက်ကအဆီတွေကို လွယ်လွယ်မြန်မြန်နဲ့ ကျစေမှာမဟုတ်ပေမယ့် စိတ်ရှည်ရှည်နဲ့ လုပ်သွားမယ်ဆိုရင် လှလာမယ့်အပြင် ကျန်းမာလာမှာပါ။

X Gym Fitness Club - Myanmar


အညစ်အကြေးစွန်းပေမှုကနေ အလိုအလျောက်သန့် စင် နိုင်တဲ့ နည်းပညာသုံး ကမ္ဘာ့ပထမဆုံးကား ကို Nissan မိတ်ဆက်



Angel on 2014-04-25 14:42

ဂျပန်ကားကုမ္ပဏီ Nissan ဟာ အစွန်းအထင်းတွေ စွန်းပေမှုက ကာကွယ်ပေးနိုင်မယ့် နာနိုသုတ်ဆေး နည်းပညာကို ချပြခဲ့ပါတယ်။ ကားဆေးတဲ့လုပ်ငန်းတွေကို အဆုံးသတ်ပေးမယ့် နည်းပညာအဖြစ် ခန့်  မှန်းထားကြပါတယ်။

ဗြိတိသျှအင်ဂျင်နီယာတွေဟာ အဆန်းသစ်ဆုံးနည်းပညာတစ်ခုဖြစ်တဲ့ နာနိုသုတ်ဆေး နည်းပညာကို စမ်းသပ်နေတာ ဖြစ်ပြီး အစွန်းအထင်းတွေ ပစ္စည်းမှာ အမြဲမစွန်းပေသွားခင် ဖျောက်ဖျက်ပစ်နိုင်မယ့် နည်းပညာတစ်ခု ဖြစ်ပါတယ်။

ခရီးဝေးသွားမယ့်ယာဉ်မောင်းတွေ၊ ယာဉ်ကိုဆေးကြောရမှာပျင်းတဲ့လူတွေ၊ ကားရေဆေးလုပ်ငန်း မှာ ငွေကုန်ကြေးကျခံရမှာ ကြောက်တဲ့ ကားပိုင်ရှင်တွေအတွက် မကြာခင် ဒီနည်းပညာကို လက်ထဲ အရောက်ပို့  ဆောင်ပေးသွားမယ်လို့ Nissan က ကြေငြာထားပါတယ်။

လောလောဆည် ဒီနည်းပညာကို Nissan ကုမ္ပဏီထုတ် Nissan Note ကားမှာ စမ်းသပ်နေပြီး နောက် ကားမျိုးဆက်သစ်တိုင်းမှာ အသုံးပြုသွားဖို့ ရှိတယ်လို့ သိရပါတယ်။

သိပ္ပံပညာရှင်တွေဟာ အရည်နဲ့ အဆီ စွန်းထင်းမှုတွေက ကာကွယ်ပေးနိုင်မယ့် သုတ်ဆေးတစ်မျိုး ကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ပြီး အသစ်ထုတ်လုပ်မယ့် Nissan Note supermini ကားတွေမှာ အသုံးပြု ထားပြီး ကမ္ဘာ့ပထမဆုံး အလိုအလျောက်သန့် စင်နိုင်တဲ့ကား အဖြစ် နာမည်တပ်ထားပါတယ်။ ဒီနည်းပညာကို Ultra-Ever Dry နည်းပညာလို့ နာမည်ပေးထားပြီး တရားဝင်မှတ်ပုံတင်ပြီးပြီဖြစ်ကြောင်း သိရပါတယ်။

Nissan Note ကားတစ်စီးရဲ့ ဘယ်ဘက်ခြမ်းမှာ သာမန်သုတ်ဆေး သုတ်ပြီး၊ ညာဘက်ခြမ်းမှာ နာနို သုတ်ဆေး အသုံးပြုထားတဲ့ ကားတစ်စီးနဲ့ လက်တွေ့ စမ်းသပ်ပြခဲ့တာကို အောက်မှာ ကြည့်ရှုနိုင်ပါ တယ်။

Ref: Dailymail.co.uk
Trend Myanmar




ပျောက်ဆုံးလေယာဉ် ရှာဖွေမှု နှစ်ပေါင်းများစွာ ကြာမြင့်ဖွယ်


ပါ့သ် ဧပြီ ၂၅

ပျောက်ဆုံးနေသော မလေးရှားခရီးသည်တင်လေယာဉ် ရှာဖွေသည့် လုပ်ငန်းမှာ နှစ်ပေါင်းများစွာ ကြာမြင့်ဖွယ်ရှိကြောင်း အမေရိကန် ကာကွယ်ရေးဌာန တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။
သြစတြေးလျနိုင်ငံ အနောက်ပိုင်းကမ်းလွန် ပင်လယ်၌ ပျောက် ဆုံးနေသော လေယာဉ်၏ အပျက်အစီးအပိုင်းအစများ ကို မောင်းသူမဲ့ ရေငုပ်သင်္ဘောတစ်စင်း အသုံးပြုရှာဖွေခဲ့ သော် လည်း အောင်မြင်မှုမရခဲ့ပေ။

အမေရိကန်ရေတပ်မှ မောင်းသူမဲ့ရေငုပ် သင်္ဘောဖြင့် အိန္ဒိယသမုဒ္ဒရာ အတွင်း ရက် သတ္တနှစ်ပတ်ကြာမျှ ပိုက်စိပ်တိုက်ရှာဖွေခဲ့ သော်လည်း မည်သည့်အပျက်အစီး အပိုင်း အစကိုမျှ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပေ။
မလေးရှားလေကြောင်းလိုင်းမှ ခရီးစဉ် အမှတ် အမ်အိတ်ခ်ျ ၃၇ဝ ပျံသန်းလာသော လေယာဉ်သည် မတ် ၈ရက်က ပျောက်ဆုံး သွားခဲ့သည်။

ဘလူးဖင်-၂၁ အမည်ရှိ မောင်းသူမဲ့ရေငုပ် သင်္ဘောသည် ဧပြီ ၂၅ ရက်တွင် ပင်လယ်ရေ မျက်နှာပြင်အောက်၎ဒသမ၅ ကီလိုမီတာကျော် အနက်သို့ ၁၆ နာရီကြာမျှ ငုပ်လျှိုးကာ လေယာဉ်ပျက်ကို ပိုက်စိပ်တိုက်ရှာဖွေရန် စီစဉ်ထားသည်။ သြစတြေးလျနိုင်ငံ ပါ့သ်မြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၃၂ဝဝ ခန့်အကွာ ပင်လယ်ရေအောက်ကြမ်းပြင်၏ ၁ဝ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိ နယ်မြေအတွင်း မောင်းသူ မဲ့ရေငုပ်သင်္ဘောက ပိုက်စိပ်တိုက်ရှာဖွေမည်ဖြစ်သည်။

ရိုက်တာ။
MOI Webportal Myanmar



အရမ်းခံစားတတ်တဲ့ လူဆိုတာ...



ဘာမဟုတ်တဲ့ပြသနာလေးတွေကို စိတ်ထဲမှာအရမ်းကြီး ခံစားနေတတ်တယ်...

သူနဲ့အဆက်သွယ်မရတဲ့အခါ စိတ်တွေကအရမ်း ပူနေတတ်ပြီး စိတ်ထဲမှာ အတွေးပေါင်းစုံတွေတွေး
နေတတ်ပါတယ်...

စိတ်ဆိုးလွယ်သလောက် စိတ်ပြေတာကလဲမြန်ပါတယ်...

စိတ်ဆိုးကြတဲ့အချိန်ဆိုရင် ငါချစ်သလောက် နင်မချစ်ဘူးလို့ စိတ်ထဲမှာတွေးနေတတ်ပါတယ်...

တစ်ယောက်တည်းကိုပဲချစ်ပြီး ကိုယ့်ကိုလဲ အများကြီး တန်ဖိုးထားခိုင်းစေချင်တယ်...

တစ်ခါတစ်လေ အဲဒီစိတ်တွေကြောင့် ကိုယ်ချစ်ရတဲ့ လူတစ်ယောက်နဲ့ ပတ်သက်လာရင် အရမ်းခံစားနေ
တတ်ပြီး မျက်ရည်ကျနိုင်အောင်အထိဖြစ်နေတတ်ပါတယ်...

Phoe Phyu
Credit to Poem
L.A.Colors Myanmar


ဒီသူငယ်ချင်း (၈)မျိုး ထဲက သင့်မှာဘယ်လိုသူငယ်ချင်းမျိုးရှိလဲ ?

 
 
(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း

သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။


(၂) ဖေးမကူညီတဲ့သူငယ်ချင်း

သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ် တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။


(၃) စိတ်တူကိုယ်တူတဲ့သူငယ်ချင်း


သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။


(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း


ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။


(၅) အားပေးဖော် သူငယ်ချင်း


ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ
သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။


(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း


သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်
။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။


(၇) လမ်းပြသူ သူငယ်ချင်း

သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။


(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း

ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။

သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။ သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။

Credit:True War



အရက်လျှော့သောက်ခြင်း အကျိုး ၁၀ ပါး


ဒီစာက အရက်သောက်ဖို့ အားပေးတာမဟုတ်ပါ။ အရက်သောက်ရင် သတ်မှတ်ထားတဲ့ ပမာဏထက် ပိုပြီး မသောက်ရင်တော့ အကျိုးကျေးဇူးတွေ ရနိုင်တဲ့ အကြောင်းပါ။

အမျိုးသမီးတွေအတွက် ဆိုရင် တစ်ပါတ်ကို ၁၄ ယူနစ်၊ အမျိုးသားတွေဆိုရင် ၂၁ ယူနစ် အထိက သင့်တင့်မျှတတဲ့ ပမာဏလို့ ဆိုကြပါတယ်။

အကြမ်းဖျင်းအာဖြင့် ဆိုရရင် အမျိုးသားများက တစ်နေ့ကို ဘီယာ တစ်ပိုင့်ထက်၊ အမျိုးသမီးများက တစ်နေ့ကို ၀ိုင် (ခွက်အလတ်) တစ်ခွက်ထက်ပိုပြီး သောက်ရင် အကောင်းပါဘူး။ အများဆုံးသောက်ရင် တစ်နေ့ကို အမျိုးသားများက ၄ ယူနစ်၊ အမျိုးသမီးများက ၃ ယူနစ်ပါ့။ တခြားနေ့တွေမှာ ပိုပြီး လျှော့ရမှာပေါ

၁)အရက်နည်းနည်းလျှော့သောက်ရင် Diabetes Mellitus ဆီးချိုရောဂါ ဖြစ်နိုင်ခြေ နည်းသွားလိမ့်မယ်။ ဘာဖြစ်လို့ လည်းဆိုတော့ အရက် နည်းနည်းက Insulin အင်ဆူလင်ဓာတ်ကို အလုပ်ပိုလုပ်အောင် အားပေးတယ်။ များများသောက်ရင်တော့ ဆီးချို ပိုဖြစ်တာပေါ့။

၂)အရက်နည်းနည်းလျှော့သောက်ရင် Dementia သူငယ်ပြန်ရောဂါ ဖြစ်နိုင်ခြေ နည်းသွားမယ်။ အရက်နည်းနည်းသောက်တဲ့ သူတွေက Small Infarcts ဦးဏှောက် သွေးကြောငယ်လေးတွေ ပိတ်တာကို တားဆီးစေတယ်။

၃)အရက်နည်းနည်းလျှော့သောက်ရင် မကောင်းတဲ့အဆီ Triglycerol တွေ မတက်တော့ဘူး။ ကောင်းတဲ့ အဆီ HDL တွေကို များစေတယ်။

၎)အရက်နည်းနည်းလျှော့သောက်ရင် Heart Failure နှလုံးအားပျော့အားနည်းရောဂါ ဖြစ်နိုင်ဖြေ နည်းသွားမယ်တာ့။အရက်နည်းနည်းသောက်တာက နှလုံးကို သွေးလျှောက်တာကို အားပေးပါတယ်။

၅)အရက်နည်းနည်းလျှော့သောက်ရင် Hypertension သွေးတိုးတာ လျှော့သွားမယ်။

၆)အရက်နည်းနည်းလျှော့သောက်ရင် Atrial fibrillation နှလုံးခုန်နှုန်းမမှန်တဲ့ ရောဂါဖြစ်ခြင်း နည်းသွားမယ်။

ရ)အရက်နည်းနည်းလျှော့သောက်ရင် Stroke လေဖြတ်တဲ့ရောဂါ ဖြစ်ဖို့လမ်းနည်းသွားနိုင်တယ်။

ဂ)အရက်နည်းနည်းလျှော့သောက်ရင် Gall stones သည်းခြေကျောက်၊ Kidney stones ဆီးကျောက်ရာဂါဖြစ်တာ နည်းသွားမယ်။

၉ )အရက်နည်းနည်းလျှော့သောက်ရင် အရိုးတွေ အားပိုကောင်းလာနိုင်တယ်။ များများသောက်ရင်တော့ အရိုးတွေ ပါးသွားမယ်။

၁၀)အရက်နည်းနည်းလျှော့သောက်ရင် သေချာတာကတော့ Liver အသည်းရဲ့  သက်တမ်းပိုရှည်ပြီး ကားတိုက် ဆိုင်ကယ်တိုက်တာတွေ နည်းသွားမယ်။

အရက်လျှော့သောက်ခြင်းဖြင့် သင့်မိသားစုကို စောင့်ရှောက်နိုင်ပါစေ။

မြန်မာနှလုံးဖောင်ဒေးရှင်း ဖေ့စ်ဘွက်(ခ်)မှ

လိမ္မော်သီး ဖျော်ရည်၏ ကောင်းကျိုးများ



 
(၁) ကင်ဆာရောဂါကို ကာကွယ်ပေး နိုင်ပါသည်။

(၂) ကိုလက်စရော ဓာတ်ကို လျော့ချပေး နိုင်ပါသည်။

(၃) သွေးတိုးရောဂါ အတွက် ကောင်းမွန်ပါသည်။

(၄) အဆုပ်ကိုလည်း သန့်ရှင်းပေး နိုင်ပါသည်။

(၅) အသားအရည်ကိုလည်း လှပစေနိုင်ပါသည်။

(၆) ရောဂါများ ကိုလည်း ဖယ်ရှားပေးနိုင် ပါသည်။

(၇) မျက်လုံး အတွက်လည်း ကောင်းမွန်ပါသည်။

(၈) ခန္ဓာကိုယ်ကိုယ်လည်း စွမ်းအားဖြစ်စေ နိုင်ပါသည်။

(၉) မောပန်းချိန်တွေ သောက်ပါက အမောပြေစေ နိုင်ပါသည်။


ကျန်းမာရေးနှင့် အလှအပ သတင်းများ


အမျိုးသမီးတိုင်း ဆောင်ထားသင့်တဲ့ အလှပြင်ပစ္စည်း (၇)မျိုး



(၁) အရောင်ရင့်ရင့်နှုတ်ခမ်းဆိုးဆေး။
အနီရဲရဲ(သို့ မဟုတ်)ကြက်သွေးရောင် နှုတ်ခမ်းဆိုဆေးလေးတွေက ဘယ်အ၀တ်အစားအရောင် နဲ့ မဆိုလိုက်ဖက်သလို၊ နေ့ ပွဲ များပွဲများအတွက်ပါ ပဏ္ဍာရပါတယ်။ အရောင်ရဲရဲ ဆိုးလေ့မရှိသူ များ က အပေါ်ကနေ နှုတ်ခမ်းဆိုးဆေးအဆီ(သို့ မဟုတ်) glossy ဆိုးဆေးအရည် တစ်ထပ် တင်ပေးနိုင်ပါတယ်။ ဒီနည်းက နှုတ်ခမ်းပေါ်မှာ အချိန်ကြာကြာခံတဲ့အပြင် စိုပြေပြေဖြင့် မျက်နှာ ရောင်ပြန်ဟပ်စေပါတယ်။

(၂) အနက်ရောက် အိုင်းလိုင်နာခဲတံ။
အနက်ရောင် အ၀တ်အစားက မိမိကိုယ်ကိုယုံကြည်မှုရှိသလို၊ အိုင်းလိုင်နာခဲတံအနက်ရောင်ေ လးတွေ ကလည်း မျက်တောင်မွှေး ထူနေသယောင် လူကို စတိုင်လ်ကျစေပါတယ်။ သဘာဝကျ ကျလှလှနေစေဖို့  အတွက် ခဲတံထိပ်ကိုချွန်၍ မျက်တောင်မွှေး အရင်းနားကပ်၍ ဆွဲပေးပါ။ ခဲတံ ထိပ်ဖျားကို ၁ မှ ၂ မီလီမီတာ ထက်ပို၍ မထူပါစေနှင့်။

(၃) အိုင်းရှဲဒိုး ဗူးလေးများ။
မျက်လုံးအလှပေါ်စေဖို့ အတွက်ဆိုရင်တော့ အိုင်းရှဲဒိုးကို ချန်ထားလို့ မဖြစ်ပါဘူး။ နေ့ ဖက်အ လှပြင် တဲ့အခါ မိမိအ၀တ်အစား နဲ့ လိုက်ဖက်တဲ့အရောင်(သို့ မဟုတ်)ကြေး နီရောင်(သို့ မ ဟုတ် )ကြေးဝါရောင် ကိုသုံးပါ။ ညဖက် အလှပြင်တဲ့အခါမှာတော့ ဇီးသီး မှည့်ရောင်(သို့  မဟုတ်) ခရမ်းပြာ(သို့ မဟုတ်) အစိမ်းရောင်လွင်လွင် အိုင်းရှဲဒိုးလေးတွေ တင်ပေးပါ။

(၄) Concealer တောင့်လေးများ။
မျက်ကွင်းညိုသူများ၊ ၀က်ခြံအမာရွတ်များ နှင့် ပါးပေါ်မှာတင်းတိပ်ဆန်ဆန်အညိုကွက်လေးတွေ ဖြစ်နေသူ များအတွက် လှပမှုကိုဆောင်ကျဉ်းပေးတာကတော့ Concealer လေးတွေပါဘဲ။ မိမိအသားအရောင်ထက် အရောင်ပိုဖျော့တဲ့ Concealer ကိုရွေးချယ်ပေးပါ။

(၅) ပါးနီ ဗူးလေးများ။
မျက်နှာလေးထောင့်ပိုင်ရှင်များ နှင့် မျက်နှာကြီးကြီးပါးဖောင်းသူများအတွက် ပါးနီဗူးလေးတွေက အလှကူပေး ပါလိမ့်မယ်။ အသားဖြူသူများက ပန်းဆီရောင်ဖျော့ဖျော့ကိုသုံးသင့်ပြီး၊ အသားညိုသူ များ ကတော့ လိမ္မော်ရောင်ပြေးလေးတွေသုံးသင့်ပါတယ်။ ဦးစွာ မှန်ကိုကြည့်၍ အားရပါးရပြုံး ရယ်ပြ ပါ… လုံး၍ တက်လာတဲ့ ပါးမို့ မို့ လုံးလုံးပေါ်ကို ပါးနီတင်ပေးရမှာဖြစ်ပါတယ်။

(၆) Mascara ဗူးလေးများ။
အလှပြင်ဆရာမတွေကတော့ Mascara ကို ဆွဲဆောင်မှုပိုစေတဲ့မျက်လုံးအတု(၀ါ)မျက်စိဖွင့်ဆေး လို့  တင်စားခေါ်ဝေါ် လေ့ရှိ ပါတယ်။ မှန်ပါတယ်။ မျက်တောင်ထူထူလေးအဖြစ်သရုပ်ပေါ်စေပြီး၊ ဥပမာ ခရမ်းပြာရောင်၊ ပန်းခရမ်းရောင်၊ မဲနယ်ဖျော့ရောင် Mascara လေးတွေက မျက်တောင် ခတ်လိုက်တဲ့ အခါတိုင်း ဒေါင်းမလေး တောင်ပံခတ်နေဟန်အမြင်လှစေပါတယ်။ အပေါ်ဖက် မျက်တောင်မွှေးတွေပေါ် Mascara တင်တဲ့အခါ မျက်စိထဲသို့ ဆေးမ၀င်အောင် မျက်လုံးကိုေ အာက်ဖက်သို့ ကြည့်ပေးပါ။

(၇) နေလောင်ကာ SPF ကရင်မ်လေးများ။
တနေ့ တခြား ပူနွေးလာတဲ့ရာသီဥတုအတွက် နေရောင်ခြည်ကပါလာသော ခရမ်းလွန်ရောင်ခြည် UVA နှင့် UVB အန္တရာယ်တို့ မှ ကာကွယ်ရန်အတွက် SPF 30 +++ (သို့ မဟုတ်) ၄င်းထက်ပိုတဲ့ SPF အမျိုးအစား ကရင်မ်လေးများကိုရွေးချယ်သုံးပေးပါ။ ၄င်းကရင်မ်များက နေလောင် ဒဏ်မှ ကာကွယ်ပေးသလို၊ အသား အရေလျော့တွဲအရေးကြောင်းထင်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

(ဆောင်းပါးရှင်… ပေါက်ပေါက် … မျှဝေသည်)
--
Credit: promise.pauk


လူသေလျှင် အိမ်မှာ (၇)ရက် နေ...မနေ ?



လူသေလျှင် အိမ်မှာ (၇)ရက် နေသည်ဟူသော ယူဆချက်ကား ဗုဒ္ဓဘာသာဝင် (၉၀)ရာခိုင်နှုန်းက လက်ခံထားသော ယူဆချက်ဖြစ်သည် ဆိုလျှင် မှားအံ့မထင်၊ ဗုဒ္ဓဘာသာဝင် (၉၀)ရာခိုင်နှုန်း တို့သည်လည်း ဗုဒ္ဓဘာသာတရားတော်၏ အဆုံးအမ၊ အနှစ်သာရကို နားမလည် ကြသူများ ဖြစ်ကြသည် ဆိုလျှင်လည်း လွန်အံ့မယ်မထင်ပါ။ လူသေလျှင် (၀ါ) သတ္တ၀ါသေလျှင် သောတာပန် (အရိယာ) အဆင့် မရောက်သေးသော ဘ၀အပြည့်ရှိသူ ဖြစ်ပါက ဒေ၀ (နတ်ဗြဟ္မာ) ဘ၀၊ မနုဿ (လူ) ဘ၀၊ နိရယ (ငရဲ) ဘ၀၊ ပေတ (ပြိတ္တာသရဲ တစ္ဆေ) ဘ၀၊ တိရစ္ဆာန (တိရစ္ဆာန်)ဘ၀ ဟူသော ဘ၀(၅)မျိုးတွင် တစ်မျိုးမျိုး သို့ သေပြီးချက်ချင်း နာရီ မိနစ် စက္ကန့် မခြား ရောက်ရှိသွားပါသည်။ ပေတ (ပြိတ္တာ သရဲတစ္ဆေ) ဖြစ်ပါမူ အိမ်နှင့် အိမ်ဝန်းကျင်တွင် ကျင်လည်နိုင်ပါသည်။ သို့သော် (၇)ရက် ဖြစ်ချင်ဖြစ်မည်။ တစ်လ ဖြစ်ချင် ဖြစ် မည်။ တစ်မိနစ်လည်း ဖြစ်ချင်ဖြစ်မည်။ ဤသည်မှာ ထေရ၀ါဒ ဗုဒ္ဓတရားတော်၏ သွန်သင် ညွှန်ပြချက် ဖြစ် ပါသည်။ အကယ်၍

လူသေတိုင်း အိမ်မှာ (၇)ရက်နေသည် ဟုယူဆလျှင် လူသေတိုင်း ပေတ (ပြိတ္တာ သရဲတစ္ဆေ) ဖြစ်သည်ဟု လက်ခံရာ ရောက်ပါသည်။ ထိုသို့ လက်ခံလျှင် ထေရ၀ါဒ ဗုဒ္ဓဘာသာတရားတော်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင် သဖြင့် ဗုဒ္ဓဘာသာဝင် အစစ်မဟုတ်ပါ။ (၀ါ) ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်မဖြစ်နိုင်ပါ။

credit to မဟာသူရိယ

မေတ္တာဖြင့်ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
www.infinitydhamma.com


အချုပ်သားကို ရိုက်သည့် ဒုရဲအုပ် ၂ ဦးနှင့် တပ်ဖွဲ့ဝင် ၂ ဦးကို လူသတ်မှုဖြင့် ထောင်၁၀နှစ် ချမှတ်

 
ရန်ကုန်၊ မဇ္ဈိမ။ ။ ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိ နှစ်ဦးနှင့် ရဲတပ်သား ၂ ဦးတို့ကို တောင်ငူခရိုင် တရားရုံး (၁)က ဧပြီ ၂၅ရက်တွင် လူသတ်မှု ထင်ရှားခဲ့သဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်ဟု အသတ်ခံရသည့် လူငယ်၏ အစ်မဖြစ်သူ မမြင့်ခက်ခက်မွန်က မဇ္ဈိမသို့ ပြောသည်။

၎င်းတို့ ၄ ဦးမှာ လူသတ်မှု ကျူးလွန်ကြောင်း ထင်ရှားသဖြင့် ခရိုင်တရားသူကြီး မောင်မောင်အေးက အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့သည်ဟု ဆိုသည်။

“ သားတစ်ယောက်ဆုံးရှုံးပြီး အစားထိုးလို့မရလို့ မကျေနပ်ပေမယ့်လည်း နိုင်ငံတော် တရားဥပဒေက ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးတဲ့အတွက် ကျေနပ်ပါတယ်” ဟု အသတ်ခံခဲ့ရသူ၏ မိခင် ဒေါ်သန်းကျင်က
ဆိုသည်။

အဆိုပါ အမှုမှာ ဖြူးမြို့နယ်တွင် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက် ညက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လောကနတ် စားသောက်ဆိုင်မှ အရက်သောက်ပြီး ဆိုက်ကားဖြင့် ပြန်လာသည့် မောင်လင်းလင်ထက်
(၂၄)နှစ်ကို ရဲတပ်ဖွဲ့ဝင်များက စစ်မေးရာတွင် မချေမငံပြောဆိုသည်ဟု ဆိုကာ လက်ထိပ်ခက်၍ ရဲစခန်းတွင်းသို့ ဖမ်းဆီးပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ပြစ်မှုကျူးလွန်ခဲ့သည့် ဒုရဲအုပ် သူရိန်ဆန်းကို အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်၊ ဒုရဲအုပ် ဝင်းတင့်ကို ရာထူး တစ်ဆင့် လျော့ချပြီး၊ တပ်ကြပ်ကြီး အုန်းလွင်နှင့် တပ်သား မင်းကိုလတ်တို့ကို
ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခြင်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ကနဦး အရေးယူမှု ပြုလုပ် ခဲ့သည်။

ထို့နောက် အရပ်ဘက်ဥပဒေဖြင့်ပါ တရားစွဲဆိုပြီး တစ်နှစ်ခွဲအကျော်အကြာ ရုံးချိန်းပေါင်း ၄၆ ချိန်းအပြီးတွင် အထက်ပါအတိုင်း အလုပ်နှင့် ထောင်ဒဏ် ၁၀နှစ်စီ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားသူကြီးက ဒုရဲအုပ် သူရိန်ဆန်းကို ပုဒ်မ ၃၀၂(၂) ဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်၊ ဒုရဲအုပ် ဝင်းတင့်ကို ပုဒ်မ ၃၀၂ (၂)/၁၁၄ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်နှင့် တပ်ကြပ်ကြီး အုန်းလွင်နှင့်
တပ်သား မင်းကိုလတ် တို့အား ပုဒ်မ ၃၀၂(၂)/၁၁၄ တို့ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ ချမှတ်လိုက်ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းကလည်း ဧရာဝတီတိုင်းဒေသကြီးတွင် ခိုးမှုဖြင့် သံသယရှိ ဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦး လက်ထိပ်နောက်ပြန်ခက်လျက်ဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ ရှေ့မှာပင် မြစ်တွင်းသို့
ခုန်ချသေဆုံးခဲ့သည်။

ထို့ပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းကလည်း လူသတ်မှုဖြင့် သံသယရှိ ဖမ်းဆီးစစ်ဆေးခံရသည့် အမျိုးသားတစ်ဦး ရိုက်နှက်စစ်ဆေးခံရမှုများကြောင့် သေဆုံးခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် ဥပဒေလိုက်နာမှု မရှိခဲ့ဟု ဝေဖန်းမှုများလည်း ရှိခဲ့သည်။

ဇော်ဇော်ထွေး

Mizzima - News in Burmese

မန်ယူ ယာယီနည်းပြသစ် Giggs သတင်းစာ ရှင်း

ပြီးခဲ့တဲ့နှစ်က ဒေးဗစ်မွိုင်းစ်နဲ့ အတူ တွေ.ရတဲ့ ဂစ်စ်
 
ဒီတစ်ပတ် အစောပိုင်းက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နည်းပြ ဒေးဗစ် မွိုင်းစ်ကို ထုတ်ပယ် ပြီးတဲ့နောက် အသင်းအနေနဲ့ မရေမရာ ဖြစ်သွားခဲ့တဲ့ ရက်အနည်းငယ် ရှိခဲ့တယ်လို့ မန်ယူရဲ့ ယာယီ နည်းပြသစ် ရိုင်ယန်ဂစ်စ်က ဖော်ပြ ပြောဆိုလိုက်ပါတယ်။

မနက်ဖြန် အိုးထရက်ဖို့ဒ် အိမ်ကွင်းမှာ ကစားရမယ့် နောရစ်ခ်ျနဲ့ ပွဲမှာ ကစားသမားတွေ အစွမ်းပြ နိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ မန်ယူ ပရိတ်သတ်တွေ မျက်နှာမှာ အပြုံးတွေ ပြန်ဝေဆာ လာအောင် သူကြိုးစားမယ်လို့ လည်း နည်းပြအနေနဲ့ ပထမဆုံး လုပ်တဲ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ရိုင်ယန်ဂစ်စ်က ပြောခဲ့ပါတယ်။

မန်ယူအသင်းဟာ လာမယ့်နှစ် ဥရောပ ချန်ပီယံလိဂ်ပွဲကို ဝင်ခွင့် မရတော့တဲ့ နောက်မှာ ဒေးဗစ် မွိုင်းစ်ကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့် မရတော့တဲ့ အတွက် ဝင်ငွေ ဒေါ်လာ သန်းပေါင်း အမြောက်အမြား နစ်နာသွားခဲ့ရပါတယ်။

အသက် ၄၀ အရွယ် ရိုင်ယန်ဂစ်စ်ဟာ မန်ယူ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဖလား ၁၃ ကြိမ် ရခဲ့ဖူးပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


နာကျင်ရောင်ရမ်းနေတဲ့ အဆစ်ကို အဓိက ဦးတည်သက်သာစေသည့် နာနတ်သီး


နာနတ်သီးကို ပိုစားပေးပါ ..............

နာနတ်သီးဟာ Bromelain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး ပါတဲ့ တစ်ခုတည်းသော အစားအစာ ဖြစ်ပါတယ်။

Bromelain ဟာ အရိုးအဆစ် ရောင်ရမ်းမှုကြောင့် ဖြစ်တဲ့ နာကျင်မှုကို ထိထိရောက်ရောက် သက်သာစေ ပါတယ်။

Bromelain မှာ အချို့အကိုက်အခဲ ပျောက်ဆေး (NSAIDs) တွေထက် ပိုပြီး အားကောင်းတဲ့ အရောင် ကျစေနိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ရှိပါတယ်။

နာကျင်ရောင်ရမ်းနေတဲ့ အဆစ်ကို အဓိက ဦးတည်သက်သာစေတာပါ။

ဒါ့အပြင် လတ်တလော လေ့လာမှုတွေအရ နေ့စဉ် နာနတ်သီး ခွက်တစ်ခွက်စာ သုံးကြိမ်စားခြင်းဟာ အသက်ကြီးလာခြင်းကြောင့် ဖြစ်တဲ့ မြင်လွှာ ယိုယွင်းမှု ဖြစ်နိုင်ခြေကို ၃၆ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ သိရပါတယ်။

Mg Mandalay


ထိပ်တန်းတွေးခေါ်သူများထဲ မြန်မာတဦးပါဝင်


 
ပုဒ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာလည်း ၂၀၁၄ အတွေးအခေါ်ပညာရှင် ၅၀ မှာ နံပါတ် ၅ နေရာ ရရှိသွားပါတယ်။ (Credit: Reuters)

ဗြိတိန်နိုင်ငံထုတ် ​Prospect ​မဂ္ဂဇင်းရဲ့ ​၂၀၁၄ ​ခု ​ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများ ​World ​Thinker ​2014 ​အယောက် ​၅၀ ​မှာ ​မြန်မာနိုင်ငံက ​ဒေါက်တာ ​သန့်မြင့်ဦးကို ​ရွေးချယ်လိုက်တယ်လို့ ​သိရပါတယ်။

လက်ရှိ ​ကမ္ဘာမှာ ​ကြုံတွေ့နေရတဲ့ ​စီးပွားရေး၊ ​လူမှုရေး၊ ​နိုင်ငံရေး၊ ​ဖွံ့ဖြိုးရေးဆိုင်ရာ ​အခက်အခဲတွေ ​ဖြေရှင်း တဲ့ ​နေရာမှာ ​ပါဝင်ကူညီနေတဲ့ ​တွေးခေါ်သူ ​အယောက် ​၅၀ ​ကို ​နှစ်စဉ်ရွေးချယ်တဲ့ ​နေရာမှာ ​ဒေါက်တာ ​သန့်မြင့်ဦးဟာ ​နံပါတ် ​၁၅ ​နေရာမှာ ​ရွေးချယ် ​ဖော်ပြခံခဲ့ရတာ ​ဖြစ်ပါတယ်။

၂၀၁၁ ​ခုနှစ်က ​သူရေးသားတဲ့ ​Where ​China ​Meets ​India: ​Burma ​and ​the ​New ​Crossroads ​of ​Asia ​စာအုပ်ဖြစ်တဲ့ ​မြန်မာနိုင်ငံဟာ ​အာရှ ​မဟာအင်အားကြီး၂ ​နိုင်ငံဖြစ်တဲ့ ​တရုတ်နဲ့ အိန္ဒိယကြား ​ရောက်နေချိန် ​ဆိုတဲ့ ​သူရဲ့တွေးခေါ်ရေးသားမှုတွေ ​ဟာ ​မြန်မာလူ့အဖွဲ့ ​အစည်းအတွက် ​အကျိုးရှိစေခဲ့တယ်လို့ ​ဆိုပါတယ်။

သမိုင်းပညာရှင် ​ဒေါက်တာ ​သန့်မြင့်ဦးဟာ ​မြန်မာငြိမ်းချမ်းရေး ​လုပ်ငန်းစဉ်မှာ ​အစိုးရရဲ့ ​အထူးအကြံပေး တဦးဖြစ်ပြီး ​ရန်ကုန်မြို့ပြ ​အမွေအနှစ် ​ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ ​ဥက္ကဌ ​ဖြစ်တဲ့အပြင် ​ကုလသမဂ္ဂ ​အထွေထွေအတွင်းရေးမှူးဟောင်း ​ဦးသန်းရဲ့ ​မြေးလည်း ​ဖြစ်ပါတယ်။

ပထမနံပါတ် ​၁ ​နေရာ ​ရရှိသွားသူကတော့ ​၁၉၉၈ ​ခုနှစ်က ​စီးပွားရေး ​နိုဘယ်လ်ဆုရရှိခဲ့တဲ့ ​လက်ရှိ ​အမေရိကန်နိုင်ငံ ​ဟားဗက်ဒ် ​တက္ကသိုလ်က ​ပါမောက္ခ ​ဖြစ်သူ ​အိန္ဒိယ​စီးပွားရေးနဲ့ ​အတွေးအခေါ်ပညာရှင် ​Amartya ​Sen ​ဖြစ်ပါတယ်။

 
ABC Radio Australia




ဧပြီ ၂၆ ရက် မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာထွန်းလွင်)

 
ဧပြီ ၂၅ ရက်နေ့ မနက် ၇း၃၀ နာရီအချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ အရှေ့ပိုင်းနဲ့ တောင် ပိုင်းဒေသတွေမှာ တိမ်အသင့်အ တင့် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်အနည်း ငယ်ဖြစ်ထွန်းနေပါတယ်။

ဧပြီ ၂၆ ရက်နေ့

မြန်မာ့ပင်လယ်ပြင် အခြေအနေခန့် မှန်းချက် မြန်မာ့ကမ်းရို တန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာရှိနိုင်ပါတယ်။ ရခိုင်ကမ်းရိုးတန်းတလျှောက်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း တလျှောက် မှာ လှိုင်းအမြင့် ၂ ပေကနေ ၃ ပေလောက်ရှိနိုင်ပြီး ကျန်ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ ပေလောက် ရှိနိုင်ပါတယ်။

အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ အရင်နေ့တွေထက် အနည်းငယ်ကျဆင်းနိုင်ပေမယ့် လွန်ကဲအဆင့်ဖြစ်တဲ့ အညွှန်းကိန်းတန်ဖိုး ၁၁ အောက် မရောက်နိုင်သေးဘူးလို့ ခန့်မှန်းထားပါတယ်။

ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုတွေဟာ တောင်ကြီးမြို့မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အမြင့်ဆုံးဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၄.၁ အထိမြင့်တက်နိုင်ပါတယ်။ မြစ်ကြီးနားမှာကတော့ ခရမ်းလွန်ရောင်ခြည်အနည်းဆုံးဖြစ်ပြီး ၁၁.၃ အထိရှိနိုင်ပါတယ်။ ကျန်မြို့တွေမှာတော့ အညွှန်းကိန်းတန်ဖိုး ၁၂ ကနေ ၁၃ ကျော် မြင့်တက်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ လွန်ကဲအဆင့်ကနေ ဆက်လက်ကျဆင်းခြင်း မရှိနိုင်သေးတဲ့အတွက် မနက် ၁၁ နာရီကနေ နေ့လယ် ၂ နာရီအတွင်း နေပူထဲကို တတ်နိုင်သလောက် မသွားလာကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်ကနေ ၃၅ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၆ ဒီဂရီစင်တီဂရိတ်ကနေ ၄၄ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုကတော့ မကွေးတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမြောက်ပိုင်း၊ ရန်ကုန်တိုင်းတို့မှာ ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက် သေချာမှုရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင် ပိုင်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း မြောက်ပိုင်းတို့မှာ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်မြောက်ပိုင်းစွန်း၊ မန္တလေးတိုင်းတောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္လာရီတိုင်း ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ နေရာကွက်ကြား မိုးရွာနိင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်။

ဒေါက်တာ ထွန်းလွင်

DVB News



အမှန်တရားဘက်က ရပ်တည်မယ်ဟု ထွန်းအိန္ဒြာဗိုပြောကြား



ထွန်းအိန္ဒြာဗိုက လင်းလင်း၊ ချစ်သုဝေတို့နဲ့ အတူ သြစတြေးလျ ရန်ပုံငွေဖျော်ဖြေပွဲက ရရှိခဲ့တဲ့ အလှူ ငွေများကို ဧပြီ ၄ရက်နေ့က MCC မှာ ကျင်းပတဲ့ NLD ပညာရေးကွန်ရက်ဂုဏ်ပြုပွဲ မှာ ဒေါ်အောင် ဆန်းစုကြည်ထံကို ပေးအပ်လှူဒါန်း ခဲ့ပါတယ်။ ဒီဓာတ်ပုံများ ကိုလည်း ပရိသတ်တွေ ပွင့်လင်းမြင်သာမှု ရှိအောင် နောက်ထပ် ရန်ပုံငွေပွဲတွေထဲ သဒ္ဓါပေါက်အောင်လို့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ဖြစ် ခဲ့ခြင်းဖြစ်ကြောင်း ထွန်းအိန္ဒြာဗိုက ပြောပါတယ်။

သြစတြေးလျမှာ ရရှိခဲ့တဲ့ဆုကြေးငွေများ ကိုတော့ လင်းလင်း တာဝန်ယူပြီး ကော့မှူးမြို့ နယ်မှာရှိတဲ့ ဘကကျောင်းတွေမှာ သွား ရောက်လှူဒါန်းမှာဖြစ်ကြောင်း သိရပါ တယ်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျန်းမာရေးနဲ့ ပညာရေး ကွန် ရက်များအတွက် နောက်ထပ်ရန်ပုံငွေပွဲများကို လည်း လုပ်ဆောင်နိုင် သလောက် လုပ်ဆောင်သွားမှာဖြစ်ကြောင်းကို ထွန်းအိန္ဒြာဗိုက " အမေ့အတွက်ကို တော့ ကျွန်မက ဘယ်ဘက်က ကူရကူရ ကူနိုင်သမျှ ကူနိုင်တဲ့ဘက်က ကူမှာပါပဲ။

အမေရိကကလည်း အလှူပွဲလုပ်ဖို့ ကမ်းလှမ်းလာတယ်။ အမေရိကလိုနိုင်ငံမျိုးက သိပ်လုပ်သင့် တဲ့နေ ရာပေါ့။ မြန်မာလည်းများတဲ့ အပြင် ဖျော်ဖြေပွဲလုပ်ရမယ့် စတိတ်တွေလည်း သိပ်များတယ်။ သြစတြေးလျ ဆိုရင် အလွန်ဆုံး ၄ မြို့လောက်ပဲရှိတာ။ အမေရိကဆိုရင် ၁ဝမြို့ လောက် အနည်းဆုံးရှိတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂နှစ်ကတည်းက လက်ခံထားတာက ရက်ရွှေ့လာတာ။ အခု ဒီနှစ်မှ သွားဖြစ် သွားတော့ ကိုယ့်ရဲ့အပြင်ပွဲနဲ့ charity ပွဲနဲ့သွားတိုက်နေတော့ ရန်ပုံငွေပွဲက နောက်မှ လာတော့ရန်ပုံငွေပွဲ ကို နောက်ရွှေ့လိုက်ရတယ်။

နောက် နှစ်နှစ်လောက်နေမှပဲ သွားဖြစ်မယ်ထင်တယ်။ နိုင်ငံတကာမှာရှိတဲ့ မြန်မာတွေက မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ကလေးတွေရဲ့ ပညာရေးအတွက် လှူလိုက်တာပေါ့။ အမေ့ကို ယုံကြည်လို့ လှူ တယ်။ ကလေးတွေကို သဒ္ဓါတရားပေါက်ပြီး သားသမီးချင်းကိုယ်ချင်းစာပြီး လှူဒါန်းတာဖြစ်တဲ့ အတွက် တအား သာဓုခေါ်ပါတယ်" လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကူပေးနိုင်သလောက်ကူ ပေးခြင်းဖြစ်ပေ မယ့် ပါတီ၊ နိုင်ငံရေးကိုလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ပြောတဲ့ ထွန်းအိန္ဒြာဗိုက ...

" နိုင်ငံရေးမှာ တကယ်တမ်းလုပ်မယ်ဆိုရင် လေ့လာစရာတွေ အများကြီး ရှိသေးတယ်။ ကိုယ်လုပ်နိုင်သလားဆိုရင်လည်း အချိန်ပေးဖို့ တစ်ခုတည်းနဲ့တင် ကိုယ်နဲ့ မကိုက်ညီဘူးလို့မြင်တယ်။ အဲဒီအတွက်ကြောင့် ပါတီနိုင်ငံရေး လုပ်ဖြစ်မှာမဟုတ်ဘူး။ ဒီနေ့အထိကတော့ လုံးဝမလုပ်ဘူးဆိုတဲ့ စိတ်နဲ့ပဲ နေနေတယ်။ အနာဂတ်တော့ ကျွန်မလည်း မသိဘူး။ ဒါပေမဲ့ လုပ်ဖြစ်မှာမဟုတ်ပါဘူး။ အမေစုကိုတော့ တအားကြည်ညိုတဲ့အတွက် ဘယ်လိုများကူနိုင်မလဲဆိုတဲ့ စိတ်နဲ့စဉ်းစားတော့ ကူနိုင်တဲ့ ဘက်က ကူမှာပဲ။ အမေ့ကို တအားယုံကြည်တယ်။ ကျွန်မတို့ တိုင်းပြည်အတွက်လည်း တကယ်လိုအပ်တဲ့ အတွက်ပါ။ အမေ့ရဲ့ စည်းရုံးရေး ခရီးစဉ်တွေမှာ ကိုယ်ကူနိုင် သလောက် လိုက်ကူမယ်။ အမေ သမ္မတဖြစ်ဖို့ကတော့ အခြေခံဥပဒေ မပြောင်းမချင်းကတော့ မလွယ်ဘူး။ အမေ့ကို သမ္မတဖြစ်စေချင်ပါ တယ်" လို့ ပြော ပါတယ်။

အနုပညာရှင်တွေရော၊ နိုင်ငံသူနိုင်ငံသားတိုင်းပါ အမှန်တရားဘက်က ပါဝင်ပံ့ပိုးသင့်ကြောင်းကို ထွန်းအိန္ဒြာဗို က " အမှန်တရားဘက်ကနေ လူတိုင်းပါဝင်သင့်တယ်။ နိုင်ငံသူနိုင်ငံသားတိုင်းက အမှန်တရားတစ်ခုအပေါ်မှာ ဝိုင်းဝန်းပံ့ပိုးသင့်တယ်။ ပံ့ပိုးတဲ့ နိုင်ငံသားရဲ့ အနေအထားက သာမန် အရပ်သားဆိုရင် သူနိုင်သလောက် celebrity တစ်ယောက်ဖြစ်ရင်လည်း သူလုပ်သမျှက အင်အားပိုကြီး တာပေါ့။ celebrity တွေအနေနဲ့ အမှန်တရားဘက်မှာ ပိုပြီးတော့ ပါသင့်တယ်။ ကျွန်မရဲ့ စိတ်ထဲမှာလည်း အမေစုက အမှန်တရားလမ်းကြောင်းပေါ်မှာသွားနေတယ် ဆိုတာ ယုံကြည်တဲ့အတွက် အမေစုဘက်က အမှန်တရားဘက်ကိုပါတာပါ" လို့ ပြောပါတယ်။

 
Popular News Journal



ကွင်းလုံးပြည့်လျံဖြစ်ခဲ့တဲ့ စိုင်းစိုင်းရဲ့ မွေးနေ့ဖျော်ဖြေပွဲ


ဟစ်ဟော့ပ်တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်ရဲ့မွေးနေ့အမှတ်တရဖျော်ဖြေ ပွဲ တွေကို၂ဝဝ၄ ခုနှစ်ကစလို့ သူငယ်ချင်းတွေနဲ့အောင် မြင်စွာကျင်းပလာ တာဟာ အခု ဆို၁ဝနှစ်တိုင်ခဲ့ပြီဖြစ်ပါ တယ်။ ဒီနှစ်မှာလည်း
စိုင်းစိုင်း ကရိုးရာမပျက်သူ့ရဲ့ ၁ဝကြိမ်မြောက်မွေးနေ့ရှိုးကိုကန်တော် ကြီးမျှော်စင်ကျွန်း
မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

စိုင်းစိုင်းရဲ့၁ဝကြိမ်မြောက်မွေးနေ့ ရှိုးမှာတော့ နှစ်စဉ်ထူးခြား စွာတင်ဆက်လေ့ရှိတဲ့ သူ့ရဲ့စတိတ် စင်မြင့်ပုံစံအတိုင်း ဒီနှစ်မှာလည်း ရှေးခေတ်အီဂျစ်လက်ရာအဆောက် အအုံ
ဒီဇိုင်းများနဲ့ ပြိုးပြိုးပြက်ပြက် ရွှေရောင်များနဲ့ စင်မြင့်ကို ခမ်းနား စွာတည်ဆောက်ထားတာတွေ့ရပါတယ်။ ၁ဝနှစ်ပြည့်အမှတ်တရဖြစ်တဲ့
အတွက် စိုင်းစိုင်းရဲ့လွန်ခဲ့တဲ့ ၁ဝနှစ် က ပရိသတ်တွေအပြင် မျိုးဆက်သစ်ပရိသတ်အများအပြားကိုပါတွေ့ရပါ တယ်။





စိုင်းစိုင်းရဲ့ ဒီနှစ်ဖျော်ဖြေပွဲကတော့ ကွင်းထဲတင်သာမက ကွင်းပြင်အထိပါ
ပရိသတ်တွေလျှံတဲ့အထိကိုအောင်မြင် တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ဒီနှစ်မှာတော့ စိုင်းစိုင်းနဲ့လက်တွဲနေကျ ဖြစ်တဲ့ကောင်းမြတ်လေး၊ ငယ်ငယ်၊ အိမ့်ချစ်၊ ဘန်နီဖြိုး၊ ကိကိ၊ snare စတဲ့ နာမည်ကျော်ဟစ်ဟော့ပ်တေး သံရှင်တွေအပြင် စိုင်းစိုင်းက သူ့ရဲ့သီချင်းများကို သံစုံတီးဝိုင်းနဲ့ တီးခတ်ပြီးဗားရှင်း ပြောင်းသီဆိုခဲ့တာကို လည်းပရိသတ်တွေအထူးနှစ်ခြိုက်သဘောတွေ့ခဲ့ပါတယ်။

စိုင်းစိုင်းကသူငယ်ချင်း အပေါင်းအသင်းများနဲ့အတူ မွေးနေ့ကိတ်ခွဲစဉ် အချိန်မှာတော့ဟတ်ပီးဘတ်ဒေးသီချင်းကို သီဆိုရင်း ဝမ်းသာမျက် ရည်များလည်နေတာကိုလည်းတွေ့ရပါတယ်။စိုင်းစိုင်းရဲ့ဖျော်ဖြေပွဲမှာတော့ ပရိသတ် တွေက ပွဲပြီးဆုံးသည့်အချိန်ထိ ကွင်းပြည့်ကွင်းလျှံသူတို့ ချစ်တဲ့
အနုပညာရှင်ကို အားပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

P.054၊ ဓာတ်ပုံ-ဖိုးလပြည့်
 
Popular Journal


တိုင်းပြည် မတိုးတက်ရတဲ့အကြောင်းရင်း


တစ်နေ့သ၌ အရက်ဆိုင်အတွင်းသို့ ညစ်စုတ်စုတ်လူတစ်ယောက် မောပန်းနွမ်းနယ်နေပုံဖြင့် ရောက်ရှိလာပြီး
ကောင်တာတွင် အရက်ရောင်းနေသူကို အောက်ပါအတိုင်း ပြောလိုက်သည်။

“ငါတို့တိုင်းပြည် ဘာလို့များတိုးတက်မှု ကြာနေတာလဲ၊ မင်းသိလား………”
စဉ်းစားကြည့်စမ်း။ တိုင်းပြည်ထဲမှာ လူဦးရေ ၅၆ သန်းကျော်ရှိတယ်။
၉ သန်းကျော်က လူအိုတွေ။ သန်း ၃၀ ကျော်က အမျိုးသမီးနဲ့ နို့စို့ကလေးတွေ၊ ၅ သန်းက အစိုးရ၀န်ထမ်းတွေ၊
၉သန်းက Engineer နဲ့ IT ပညာရှင်တွေ…ဒါပေမဲ့….နိုင်ငံထဲမှာ အလုပ်မလုပ်ကြဘူး… ပြည်ပရောက်နေကြတယ်။
၁ သန်းက ကျောင်းသား၊ကျောင်းသူတွေ…. .ပြီးတော့ စစ်သားက ၁ သန်းနီးပါး ရှိတယ်။
ဆိုတော့ကာ စုစုပေါင်း ၅၅ သန်းရှိသွားပြီ။ ဒီထဲမှာမှ နောက်ထပ် အလုပ်လက်မဲ့တွေက ၅ သိန်းကျော် ရှိတယ်။
အကျဉ်းထောင်အသီးသီးမှာ ထောင်ကျခံနေရသူတွေက ၄ သိန်းကျော်တယ်။ ဒီတော့ တစ်သိန်း ကျန်တယ်။ အဲဒီထဲမှာမှ မသန်မစွမ်းတွေက၃ သောင်း၊ ဆေးရုံတက်နေရတာက ခြောက်သောင်း ကိုးထောင်ကိုးရာ့ကိုးဆယ်ရှစ်ယောက်ရှိပြန်တယ်။
ဆိုတော့ မင်းနဲ့ငါနဲ့ နှစ်ယောက်ထဲ ရှိတော့တယ်။ ဒါတောင်မင်းက အရက်ဆိုင်မှာ ပက်ချင်နဲ့ရောင်းနေသူဆိုတော့ အပြင်ထွက်
အလုပ်လုပ်စရာ မလိုဘူး။ အပြင်မှာ တုံးတိုက်တိုက် ကျားကိုက်ကိုက် အလုပ်ကိုအသည်းအသန်လုပ်နေရတာ
ငါတစ်ယောက်ထဲရှိတာလေ။ ဒီတော့ ငါ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘီယာတစ်လုံးလောက် ဖရီးတိုက်စမ်းကွာ…..

ရေးသားသူ – ရဲစတိုင်း
ဓာတ်ပုံ-www.google.com
 
The Myanma Age



မြန်မာနိုင်ငံသား ၃၀ကို တရားမ၀င်ခေါ်လာတဲ့ ထိုင်းဘုန်းကြီးကိုဖမ်းဆီး (ရုပ်/သံ)



တရားမဝင် မြန်မာနိုင်ငံသား ၃၀ ကို ခေါ်ဆောင်လာတဲ့ ထိုင်းဘုန်းကြီး နဲ့ ကားသမားတွေကို ထိုင်းရဲက ဖမ်းဆီးထားပါတယ်။
DVB TV - 22.04.2014


Facebook ပေါ်မှာ လူမျိုးပေါင်းစုံ (Funny)


၁၊။ Rooster (ကြက်) - Good morning/ မင်္ဂလာရှိသော နံနက်ခင်း လေးပါလို့ Status တင်ရန် တာဝန်ယူထားသူများ


၂။ Lurker (ဘီလူးငှက်) - သင့် Post ကို Like မလုပ်၊ ကွန်းမင့်မပေး သော်လည်း Credit ပေး၍ ပြန်ပြန်တင်ပေးတတ်သူ

၃။ Hyena (ဟိုင်းအီးနား) - ဘာဆိုဘာမှမပြော. ဟားဟား၊ Lol, Lmao. တို့သာ Comment ပေးတတ်သူ

၎။ Mr/Ms Popular - အကြောင်းပြချက်မရှိ Friend list ၄ထောင် ကျော်နေတတ်သူ

၅။ Gamer - Facebook ကိုဂိမ်းကစားဖို့အတွက် အသုံးပြုသူ

၆။ Cynic (အဆိုးမြင်သူ) - လောကကြီးက မကောင်းကြောင်း အမြဲ Status ရေးတင်တတ်သူ

၇။ Collector (စုဗူး) - Post မတင်။ သို့သော် Page တွေအကုန် Like, Group တွေ အကုန်ဝင်တတ်သူ

၈။ Promoter - Event invitation ခဏခဏပို့တတ်သူ

၉။ Liker - ကြိုက်ကြိုက်မကြိုက်ကြိုက် တွေ့ကရာ အကုန် Like လုပ်တတ်သူ

၁၀။ Drama Queen/ King - "ကျေးဇူးဖေဖေ/ ကျေးဇူးမေမေ အစရှိသဖြင့် ကျေးဇူးတင်နေတတ်သူ၊ အချစ်အကြောင်း ခဏခဏ ရေးပြီး တင်သူ

၁၁။ News - ကိုယ်ဘယ်ရောက်နေကြောင်း၊ သူဘယ်ရောက်နေကြောင်း၊ ဘာလုပ်နေကြောင်း အချိန်နှင့် တပြေးညီ တင်တတ်သူ

၁၂။ Photo Crazy - ဘယ်နေရာရောက်ရောက် ကိုယ့်ပုံကိုယ်ရိုက် အမြဲ တင်တတ်သူ

၁၃။ Politic - နိုင်ငံရေးနဲ့ပက်သက်လို့ သိသိမသိသိ Post အမြဲတင်သူ၊ Comment အမြဲပေးသူ

၁၄။ The "Thief" – Steals status updates, posts, articles, news and will probably steal this one
--
Ref: everjokes
Aung Kham ( TSJ Team )

သေမင်းတမန်ရထားလမ်း ဖောက်လုပ်မှုတွင် သေဆုံးခဲ့သူများအတွက် ဂုဏ်ပြု


ဒုတိယကမ္ဘာစစ်အတွင်း သေမင်းတမန်ရထားလမ်း ဖောက်လုပ်မှုမှာ ပါဝင်ခဲ့ပြီး သေဆုံးခဲ့ ကြရတဲ့ သြစတြေးလျစစ်မှုထမ်းတွေအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ထိုင်းနိုင်ငံအနောက်ပိုင်း သေမင်းတမန်ရထားလမ်း ဖောက်လုပ်ခဲ့တဲ့ ကန်ချနပူရီခရိုင်မှာ ဧပြီ ၂၅ ရက် ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ကြပါတယ်။

ဧပြီလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ သြစတြေးလျ၊နဲ့ နယူးဇီလန် စစ်မှုထမ်းများ ဂုဏ်ပြုပွဲနေ့မှာ အခုလို အောက်မေ့ဖွယ် အခမ်းအနားကို ဂုဏ်ပြုကျင်းပတာ ဖြစ်ပြီး သြစတြေးလျ လက်ထောက်သံတမန် ဂျိုနသန် ကင်နာ (Jonathan Kenna)လည်း တက်ရောက်ခဲ့ပါတယ်။

သေမင်းတမန်ရထားလမ်းဖောက်လုပ်မှုမှာ စစ်သုံ့ပန်းတဦးအဖြစ် ပါဝင်ခဲ့တဲ့ အသက် ၉၇ နှစ်အရွယ် ဟာရယ်မာတင်လည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ဒီနေ့ကို ရောက်ရင် ဒီနေရာမှာ ဖြတ်သန်းခဲ့ရတာတွေကို ပြန်သတိရတယ်လို့ ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်က ရထားလမ်းဖောက်လုပ်မှုမှာ ပါဝင်ခဲ့သူ နောက်တဦးဖြစ်တဲ့ အသက် ၉၄ နှစ်အရွယ် မာလ်တင် ဖယ်လ်ကလောက်ကလည်း ဒီအခမ်းအနား ကျင်းပနေချိန်မှာ မျက်လုံးနှစ်ဖက်ကို ပိတ်လိုက်တာနဲ့ အတိတ်က ပုံရိပ်တွေကို ပြန်မြင်ယောင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကို ဆက်သွယ်တဲ့ရထားလမ်းကို ၀င်ရိုးတန်းအဖွဲ့ဝင် ဖြစ်တဲ့ ဂျပန်တို့က ဖောက်လုပ်ခဲ့ကြတာမှာ နှစ်နိုင်ငံနယ်စပ်ဖြစ်တဲ့ ဒီဒေသမှာ ကျောက်တောင်ခံနေတာကြောင့် အခက်အခဲဆုံး ဖောက်လုပ်ခဲ့ရပါတယ်။

ဂျပန်တွေဟာ မဟာမိတ်စစ်သုံ့ပန်းတွေနဲ့ အာရှနိုင်ငံတွေက ချွေးတပ်သား အများအပြားကို ခေါ်ယူပြီး အခက်ခဲဆုံးအပိုင်း ဖောက်လုပ်မှုမှာ အဓမ္မ စေခိုင်းခဲ့ပါတယ်။

မဟာမိတ် စစ်သုံ့ပန်းတွေနဲ့ ချွေးတပ်သား အများအပြားဟာ ပင်ပန်းမှုဒဏ်၊ ငတ်ပြတ်မှုဒဏ်၊ ၀မ်းလျှောဝမ်းကိုက်ရောဂါတွေနဲ့ သေဆုံးခဲ့ကြရပြီး ဒုတိယကမ္ဘာစစ်ပြီးချိန်မှာ အနည်းစုပဲ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။

DVB Burmese


ပူလွန်းလို့ ရေအလွန်အကျွံသောက်သူများ သတိထား


ဦးနှောက်ကို ပုံရိပ်ဖော်နည်းပညာနဲ့ လေ့လာမှုတစ်ခုအရ လူသားများရဲ့ ဦးနှောက်ဟာ ရေကိုလိုအပ်တာထက်ပိုမသောက်ဖို့ ထိန်းချုပ်နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ဒီလေ့လာမှုကို သြစတေးလျနိုင်ငံ၊ Melourne University နဲ့ Florey Institute of Neuroscience တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ ဦးနှောက်ဟာ ရေဆာမှုမရှိတော့ဘူးဆိုရင် အလိုအလျောက် ရပ်တန့်စေတဲ့ ဦးနှောက်ရဲ့ အာရုံကြော အချက်ပြမှုကို လေ့လာ နိုင်ခဲ့ပါတယ်။

လေ့လာမှုခေါင်းဆောင် Derek Denton က“ရေကိုပုံမှန်ထက် အလွန်အကျွံသောက်ခြင်းဟာ ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ လူသားတွေရဲ့ဦးနှောက်အစိတ်အပိုင်း များစွာထဲမှာ ရေကိုဆာရင် ပုံမှန်ထက် ပိုမသောက်စေတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်တဲ့ အာရုံကြောအစိတ်အပိုင်း ရှိ နေတယ်ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်”လို့ ပြောကြားထားပါတယ်။ ရေကို ပုံမှန်ထက် အလွန်အကျွံ သောက်သုံးမယ်ဆိုရင် သွေးတွင်းဆားဓာတ် concentration ကို လွန်စွာလျော့ကျစေတဲ့အပြင် ဦးနှောက်ရောင်ရမ်းခြင်း (swelling of brain) ကို ဖြစ်စေနိုင်ပြီး သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ 
 
သာမန်လူတွေက အဲဒီလိုဖြစ်ပွားဖို့ ခဲယဉ်းပေမယ့် မာရသွန်အပြေးသမားတွေနဲ့ စိတ်ကစဥ့်ကလျား ဝေဒနာရှင်တွေမှာ တွေ့ရတတ်တယ်လို့ ဒီသုတေသနမှာ ဖော်ပြထားပါတယ်။
ဒီလေ့လာမှုကို Journal of Neuroscience မှာ ဖော်ပြထားပါတယ်။
 
ငြိမ်းအေး
ref: ANI

Health Updates Journal



နိုင်ငံကူးလက်မှတ် လျှောက်ထားသည့် စနစ်ပြောင်း


ရန်ကုန်၊ ဧပြီ ၂၄

နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ယခင်ထက် ပိုမို အချိန်ကုန် သက်သာပြီး မြန်ဆန်စွာ ပြုလုပ်နိုင်ရန် လျှောက်ထားမှု စနစ်ပုံစံကို ဧပြီလ ၂၂ ရက်နေ့မှ စတင်ပြောင်းလဲ ကျင့်သုံးနေကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုက တစ်ဆင့်ချင်းစီ ပြုလုပ်ရတဲ့ ပုံစံမျိုး ပြောင်းထားပါတယ်။ အရင်ကလို ဘဏ်မှာ ဘောက်ချာတွေ၊ စာရွက်တွေ မဖြည့်ရတော့သလို လျှောက်လွာကိုလည်း အရင်စာမျက်နှာ ငါးမျက်နှာလောက် ဖြည့်ရမယ့်အစား အခု တစ်မျက်နှာပဲ ဖြည့်ရတော့မှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ နိုင်ငံကူးလက်မှတ်ရုံးတွင် အမှတ်စဉ်ပါ လျှောက်လွှာကို ဝယ်ယူ ဖြည့်ရမည် ဖြစ်ပြီး အလှည့်ကျ ခေါ်ယူမှုကို စောင့်ဆိုင်းပြီးနောက် အလှည့်ကျပါက လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ကောင်တာတွင် သန်းခေါင်စာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားကို စိစစ်ခြင်း၊ ဘားကုတ် ပါရှိသော စလစ် ထုတ်ယူခြင်း၊ စလစ်ဖြင့် ဘဏ်တွင် ငွေသွင်းခြင်းတို့ကို တစ်နေရာတည်းတွင် အပြီး ဆောင်ရွက်ပြီး ဓာတ်ပုံရိုက်ခြင်းကို နောက်ဆုံး ဆောင်ရွက်ခြင်းဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားသည့် အစီအစဉ် ပြီးဆုံးကြောင်း ၎င်းကဆိုသည်။

ယခုကဲ့သို့ စနစ်ပြောင်းလဲ ထားခြင်းကြောင့် ယခင်ထက် ပိုမို ကြာမြင့်သည်ဟု ဆိုကြောင်း၊ ယခင်က တန်းစီရကာ ယခုမူ လျှောက်လွှာပါ အမှတ်စဉ်ဖြင့် လုပ်ဆောင်ရသောကြောင့် လျှောက်ထားသူများ နံပါတ်စဉ်အလိုက် စောင့်ဆိုင်းရသဖြင့် စုပုံနေကြောင်း နိုင်ငံကူးလက်မှတ် လာရောက်ပြုလုပ်သူ အချို့က ပြောကြားသည်။
“အခု လက်မှတ်ရဖို့အတွက် နှစ်ရက်လောက် လုပ်လိုက်ရတယ်။ လုပ်တဲ့စနစ် ပြောင်းလိုက်တော့ လူတွေ အုံပြီး ပိုကြာတယ်။ နောက်ပြီး ညနေဆို ဒီအတိုင်း ပြန်တန်းစီနေရတယ်” ဟု ၎င်းတို့က ဆိုသည်။

ယခင်က သက်တမ်းတိုးသူများ အနေနှင့် တိုက်ရိုက်တန်းစီပြီး ဝင်ရောက် သက်တမ်းတိုးနိုင်သော်လည်း ယခုအခါ လူများ စုပြုံနေသောကြောင့် လုပ်ငန်းဆောင်ရွက်ရန် အဆင်မပြေကြောင်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုးသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာန ကောင်တာတွင် စစ်ဆေးသည့် သန်းခေါင်စာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့ကို စိစစ်ရာတွင်သာ အနည်းငယ် အချိန်ကြာမြင့်မည် ဖြစ်ပြီး စနစ်သစ်ဖြစ်၍ အသစ် လျှောက်ထားသူများ၊ သက်တမ်းတိုးသူများ အနေနှင့် အနည်းငယ် အခက်အခဲ ရှိသေးသဖြင့် ယခင်ကထက် ကြာမြင့်သည်ဟု ထင်နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် စာအုပ်ဖိုး နှစ်သောင်းကျပ်၊ ဆေး၊ မင်နှင့် ပြုပြင်ထိန်းသိမ်းခ တစ်ထောင်ကျပ်၊ လျှောက်လွှာကြေး ၂၀၀ ကျပ်၊ ဓာတ်ပုံကြေး ၂၀၀၀ ကျပ်၊ ပစ္စည်း ဝန်ဆောင်ခတို့ ၁၈၀၀ ကျပ် စုစုပေါင်း ကျပ် ၂၅,၀၀၀ ကုန်ကျမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

 
The Voice Weekly




ဗိုလ်ချုပ်မှူးကြီးဟောင်း အငြိမ်းစားလစာ သမ္မတလစာ၏ ၂ ဆ ရှိ


အနားယူသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၁၁ ခုနှစ် မတ်လကုန်က စပြိး ပင်စင်လစာအဖြစ် ၁ လ ကျပ် သိန်း ၁၀၀ ခံစားနေတဲ့အပြင် အငြိမ်းစားယူစဉ်ကာလက နိုင်ငံရေးဆုငွေအဖြစ် ကျပ် သိန်း ၂၃၀၀ ရရှိခဲ့တယ်လို့ ဆောင်းပါးရှင် အောင်ထွန်းလင်းက ဒီနေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မှာ ရေးသားဖော်ပြပါတယ်။
အလားတူ အငြိမ်းစား ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးဟာ လည်း ပင်စင်လစာ ၁ လ ကျပ် သိန်း ၈၀၊ နိုင်ငံရေးဆုငွေ ကျပ် သိန်း ၁၈၄၀ ရရှိခဲ့တယ် လို့ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စစ်အစိုးရအဖွဲ့ဟာ သူတို့ တာဝန်ကနေ အနားမယူခင် လက်ရှိ တာဝန်ယူမယ့် အစိုးရအဖွဲ့ ခံစားနိုင်မယ့် လစာဥပဒေ ပြဋ္ဌာန်းပေးခဲ့ပြီး အဲဒီ ဥပဒေထဲမှာ သမ္မတ ကို လစာ ကျပ် သိန်း ၅၀ ခံစားခွင့်ပြုထားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဟာ ကုန်လွန်ခဲ့တဲ့ အစိုးရသက်တမ်း ၃ နှစ်တာ ကာလ အတွင်း ၁ လ လစာ ကျပ် ၁၅ သိန်းပဲ ရယူခဲ့ပြီး အခု ဧပြီလ ဘဏ္ဍာရေးနှစ် ကျမှသာ ၁ လ ကျပ် သိန်း ၅၀ ခံစားမယ်လို့ သိရပါတယ်။

DVB Burmese


Grand Royal သင်္ကြန်မဏ္ဍပ်တွင် အတွင်းခံပေါ်အောင်ကခဲ့သူများသည် အခြောက်များမဟုတ်ဘဲ မိန်းမအစစ်များဟုဆို၊ နာမည်ပျက်စာရင်းသွင်းခြင်းအား လက်မခံနိုင်ဟု ဂျွန်လွင်ဆို


Grand Royal သင်္ကြန်ရေကစားမဏ္ဍပ်အား အမည်ပျက်စာရင်းသွင်းမှုကို လက်မခံနိုင်ကြောင်း
ပွဲစီစဉ်သူဖြစ်တဲ့ Stars and Models Agency မှ ကိုဂျွန်လွင်က ပြောပါတယ်။ သင်္ကြန်အကြိုနေ့
က Grand Royal  မဏ္ဍပ်မှာ တင်ဆက်ကပြခဲ့တဲ့ ဖျော်ဖြေ ပွဲမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ဆန့်ကျင်
တဲ့ ၀တ်စား ဆင်ယင်မှုများကြောင့် နာမည်ပျက်စာရင်း (Black Lists) သွင်းသွားမည်ဖြစ်ပြီး
နောက်နှစ်များတွင် ခံဝန်ချက်နဲ့သာ ခွင့်ပြုသွားမယ်လို့ ရန်ကုန်တိုင်းနယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး
ဗိုလ်မှူးကြီးတင်ဝင်းက ဧပြီလ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

မဏ္ဍပ်တွင် တင်ဆက်ကပြရန် ထိုင်းနိုင်ငံမှ အကပညာရှင်များကို ခေါ်ယူခဲ့တဲ့ Stars and Models
Agency  မှ ကိုဂျွန်လွင်က "ဗိုလ်မှူးကြီး တင်ဝင်း ပြောသွားတယ်ဆိုတာကို ကျွန်တော်တို့သေချာ
မသိပါဘူး။ နာမည်ပျက်စာရင်းသွင်းတာကိုတော့ လက်မခံပါဘူး။ ကျွန်တော်တို့က ဘိန်းဖြူရောင်း
တာတို့၊ ဒုစရိုက်အလုပ်တွေလုပ်တာမဟုတ်ပါဘူး။ အကြိုနေ့မနက်ပိုင်း ကကြတော့ တစ်ယောက်
က ကရင်းနဲ့ဘောင်းဘီ လိပ်တက်သွားတယ်။ အဲ့ဒါတွေ အွန်လိုင်းမှာ ပြန့်နေတာသိသိချင်း ကျွန်
တော်တို့ ဒီဘက်မှာ ၀တ်စုံတွေလဲပစ်လိုက်တယ်။ ကျွန်တော်တို့ တမင်လုပ်တာဆိုရင် လေးရက်
လုံး ဒီလိုပုံနဲ့ပဲကမှာပါ။ နောက်ရက်တွေမှာ ကျွန်တော်တို့ ၀တ်စုံတွေလဲပြီး ကပါတယ်။ ဒါ တမင်
သက်သက်လုပ်တာ မဟုတ်ပါဘူး။ မြန်မာယဉ်ကျေးမှုကိုထိခိုက်သလို ဖြစ်တယ်ဆိုရင်လည်း
ကျွန်တော် တောင်းပန်ပါတယ်"လို့ ဆိုပါတယ်။

ပွဲမန်နေဂျာ မအိစု ကလည်း "အကြိုနေ့ပွဲပြီးတော့ ဒုတိယရဲမှူးကြီး မြင့်အေး (အရှေ့ပိုင်းခရိုင်) က
လာသတိပေးပါတယ်။ နိုင်ငံခြားသူတွေ ဆိုပေမယ့် ထိန်းထိန်းသိမ်းသိမ်းဝတ်ဖို့လာပြောတာပါ။
အဲဒါကြောင့် နောက်နေ့မှာ ကျွန်မတို့ကိုယ်တိုင် သူတို့အတွက် ၀တ်စုံစီစဉ်ပေးလိုက် ပါတယ်"လို့
ပြောပါတယ်။ လူအများပြောဆိုနေကြသလိုမျိုး ကပြဖျော်ဖြေသူများမှာ မိန်းမလျာများမဟုတ်ဘဲ
မိန်းမစစ်စစ်များဖြစ်တယ်လို့လည်း ကိုဂျွန်လွင်က ပြောပြပါတယ်။ "မိန်းမလျာတွေမဟုတ်ဘူး။ အားလုံးမိန်းမစစ်စစ်တွေပါ။ ဘောင်းဘီလိပ်တက်သွားတဲ့တစ်ယောက်ဆို အိမ်ထောင်ရှိပါတယ်။
သူတို့က အင်တိုက်အားတိုက်ကလို့ အဲ့လိုဖြစ်သွားတာပါ။ ပြီးတော့ ၆ပေလောက် မြင့်တဲ့စင်ပေါ်က
လူကို အောက်ကနေပင့်ပြီး ဓာတ်ပုံရိုက်တော့ အတွင်းခံတွေမြင်ရသလို ဖြစ်သွားတာပေါ့။ကျွန်တော်
ပွဲတွေ တောက်လျှောက်လုပ်ခဲ့တာပါ။ ဒါပေမဲ့ တစ်ပွဲမှ အဲလို နာမည်ပျက်မရှိခဲ့ပါဘူး"လို့ လည်း
ပြောပါတယ်။

Grand Royal မဏ္ဍပ်မှာ ကပြဖျော်ဖြေမှုများကြောင့် သင်္ကြန်ကာလအတွင်း နာမည်ကြီးခဲ့ပြီး
လာရောက်ကြည့်ရှုသူ တစ်သိန်းသုံးသောင်း ကျော်ရှိ ကြောင်းလည်း ကိုဂျွန်လွင်က ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကစားမဏ္ဍပ် ၉၀ ကျော်ရှိရာတွင် မဏ္ဍပ် ၃၀ကျော်အား မြန်မာ့
ရိုးရာသင်္ကြန်နဲ့ ဖီလာဆန့်ကျင်မှုများကြောင့် လုံခြုံကင်မရာများမှတစ်ဆင့် ကြည့်ရှုစစ်ဆေးကာ
နာမည်ပျက်စာရင်း သွင်းထားကြောင်း သိရပါတယ်။
 
 
Myanmar Times


နှာခေါင်းသွေးလျှံခြင်းအတွက်



ပူပြင်းခြောက်သွေ့ သည့်ရာသီဥတုတွင် နှာခေါင်းသွေးလျှံခြင်း ဖြစ်တက်သည် ။ ပူပြင်းခြောက်သွေ့ နေသာ ရာသီတွင် အသားအရေပြားခြောက်သွေ့ ခြင်းကြောင့် သွေးကြောများ ပေါက်လွယ်တက်သဖြင့် နာခေါင်းသွေးလျှံခြင်း အလွယ်တကူဖြစ်တက်ပါသည် ။

ဖြစ်လာခဲ့ပါက မိမိကိုယ်တိုင် အလွယ်ဆုံးလုပ်ဆောင်သင့်သည့်အချက်များမှာ -

နှာခေါင်သွေးလျှံသည့်အခါ နှာခေါင်းထိပ်ဖြားနေရာကို လက်မနဲ့ လက်ညိုးဖြင့် ညှပ်ပေးထားပါ သွေးတိတ်သည့် အထိနေပေးပါ ၊ အဲဒီလို ဖြစ်နေသည့်အချိန်တွင် လှဲအိပ်တက်ခြင်း မပြု့ လုပ်ရပါ သွေးများ အသက်ရှူ လမ်းကြောင်းအတွင်းသို့ ရောက်ရှိတက်ပါသည် ။

ဦးခေါင်းကို အနည်းငယ်မော့ပေးထားပါ ။

ရေခဲအဝတ်ဖြင့် နှာခေါင်းထိပ် နေရာတွင် မကြာမကြာကပ်ပေးပါ ။

နှာခေါင်းအတွင်းလက်ဖြင့်နှိုက်ခြင်း လုံးဝ မပြု့ လုပ်ရပါ။ ငြိမ်သက်စွာနားနားနေနေ နေပေးပါ ။

အလေးပင် မခြင်း ၊ လေ့ကျင့်ခန်းလုပ်ခြင်း မလုပ်ဆောင်သင့်ပါ။

ဆေးလိပ်သောက်တက်သူများ ဆေးလိပ်ဆက်မသောင်သင့်ဘဲ တစ်ရက်တာမျှ နားပေးပါ ။

သွေးလျှံနေခြင်းကြောင့် ပူသောဟင်းရည် ၊ ကော်ဖီ လက်ဖက်ရည်တို့ သောက်သုံးခြင်း ရှောင်ရှားလိုက်ပါ ။

အသက်ရာကျော် ရှည်ပါစေ


Mg Mandalay



မန္တလေးတိုင်းရှိ ၃၁ မြို့နယ်တွင် အပူဒဏ် ကာကွယ်ရေးစခန်းများ တည်ဆောက်မည်


မန္တလေး၊ ဧပြီ ၂၄

 မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် အပူရှိန် မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပူဒဏ် အန္တရာယ်ဖြစ်သော Heat Stroke အပါအဝင် အပူရှပ်ရောဂါများ ဖြစ်ပွားလာခြင်း မရှိစေရန်အတွက် ဧပြီလ ၂၁ ရက်မှ ၂၃ ရက်အထိ လူ ခုနစ်ဦး သေဆုံးခဲ့သည်။ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၃၁ မြို့နယ်တွင် အပူဒဏ် ကာကွယ်ရေးစခန်းများ ဖြစ်သည့် Heat Shelter များ တည်ဆောက်ထားရန် မြို့နယ်ကျန်းမာရေး ဦးစီးမှူးများကို ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာမျိုးသန့်ခိုင်က ပြောကြားသည်။

အဆိုပါ အပူဒဏ် ကာကွယ်ရေးစခန်းများ ဖြစ်သည့် Heat Shelter များကို မြို့နယ်တိုင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက် ဒေသများတွင် အရိပ်ရသော သစ်ပင်ကြီးများနှင့် လေဝင်လေထွက် ကောင်းသည့် ဘုရားကျောင်းကန်များတွင် မြင့်မားလာသည့် အပူရှိန်ဒဏ်ကို ခံစားရနိုင်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊  နာမကျန်း ဖြစ်နေသူများကို ထားရှိရန်အတွက် နေရာများ ရှာဖွေပြီး စခန်းအဖြစ် တည်ဆောက်ထားရန် ညွှန်ကြားထားကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အဆိုပါ စခန်းများတွင် ကျန်းမာရေး ဝန်ထမ်းများက အပူဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် ရောဂါများကို ရှေးဦးသူနာပြု နည်းဖြင့် ပြုစုခြင်း၊ ကာကွယ်ခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပြီး အပူရှိန်ကြောင့် ဖြစ်ပေါ်လာသည့် ရေဓာတ် ဆုံးရှုံးမှုများအတွက် တိုက်ကျွေးရန် ဓာတ်ဆားထုပ် များကိုလည်း ထုတ်ပေးထားသည့်အပြင် အပူရှိန် မြင့်မားလာမှုကြောင့် ဖြစ်ပေါ်လာသော ရောဂါများကို Heat Shelter များရှိ ကျန်းမာရေး ဝန်ထမ်းများက ကုသမှုမလုပ်နိုင်ပါက မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသရေးအတွက် အစီအစဉ် များကိုလည်း မြို့နယ်ကျန်းမာရေး ဦးစီးမှူးများက ရေးဆွဲထားကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

ယင်းအပြင် အပူရှိန်ကြောင့် ဆေးရုံသို့ တက်ရောက်မှု အခြေအနေများကို တိုင်းဒေသကြီး ကျန်းမာရေးရုံးသို့ နေ့စဉ် အစီရင်ခံရန် ညွှန်ကြားထားကြောင်း ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာများရှိ ကြက်ခြေနီ တပ်ဖွဲ့ဝင်များထံသို့ အပူရှိန်ကြောင့် ဖြစ်ပွားလာသည့် ရောဂါများကို လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆေးရုံဆေးခန်းများသို့ ပေးပို့ရန် နှိုးဆော်ထားကြောင်း အဆိုပါ တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးဘုန်းကျော်က ပြောကြားသည်။

ရာသီဥတု ပူပြင်းသည့်အတွက် အပူလှိုင်းများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ဆေးရုံ ဆေးခန်းများကို မီးသတ်နှင့် ကြက်ခြေနီ တပ်ဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အပါအဝင် လူမှုကူညီရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လိုအပ်သည့် ပြုစုစောင့်ရှောက် ကုသကာကွယ်မှု ပြုလုပ်ပေးရန် လူမှုအသင်းအဖွဲ့များသို့ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှ အရေးတကြီး နှိုးဆော်ချက်များ ပေးပို့ထားကြောင်း အဆိုပါဆေးရုံ တာဝန်ရှိသူက ဆိုသည်။

မန္တလေးမြို့ပေါ်တွင် အပူရှိန်ကြောင့် ဖြစ်ပေါ်လာသည့် ရောဂါများကို ဆေးရုံဆေးခန်းများသို့ ပေးပို့ရန် ကွန်ရက်များ ချိတ်ဆက်၍ လုပ်ငန်းများ ဆောင်ရွက်နေပြီး ဓာတ်ဆားထုပ်နှင့် ကျန်းမာရေး ဝန်ကြီးဌာနထုတ် အပူဒဏ် ကာကွယ်ရေး နှိုးဆော်ချက်များပါ လက်ကမ်းစာစောင် များကိုလည်း ဝေငှမှုများ ပြုလုပ်နေကြောင်း မန္တလေးမြို့ပေါ် လူမှုရေး အသင်းအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဧပြီလ ၂၁ ရက်နေ့မှ ဧပြီလ ၂၃ ရက်နေ့အထိ အပူရှိန် မြင့်မားမှုဒဏ်ကို ခံစားရသည့် ဝေဒနာရှင်ပေါင်း ၁၈ ဦး ရောက်ရှိလာပြီး ၁၆ ဦးမှာ ဆေးဝါးကုသမှု ခံယူခဲ့ကာ နှစ်ဦးမှာ ရောဂါအခံများကြောင့် သေဆုံးသွားကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း အပူရှိန် မြင့်မားမှုဒဏ်ကို ၂၀၀၉ ခုနှစ်တွင် အပြင်းအထန် ခံစားခဲ့ရကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

Written by  Voice
The Voice Weekly