27 Apr 2014

အချေအတင် ပြောစရာတွေ ဖြစ်စေခဲ့တဲ့ ဆွာရက်ဇ် အခုနှစ်အတွက် အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးသွား

 
လစ်ဗာပူးလ် ဘောလုံးအသင်းရဲ့ တိုက်စစ်မှူး လူဝီစ် ဆွာရက်ဇ်ကို အင်္ဂလန်နိုင်ငံရဲ့ Professional Footballers' Association က အခုနှစ်အတွက် အကောင်းဆုံး ဘောလုံးသမားဆု ချီးမြှင့်လိုက် ပါတယ်။

ဘောလုံး ပွဲစဉ် တခုအတွင်း ပြိုင်ဘက် ဘောလုံးသမားတဦးရဲ့ လက်မောင်းကို ဆွာရက်ဇ်က ကိုက်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်အပြီး တနှစ်အကြာမှာ အခုဒီဆု ချီးမြှင့်ခံခဲ့ရတာပါ။

လွန်ခဲ့တဲ့ ဘောလုံး ရာသီနှစ်ခု လောက်ကလည်း မန်ချက်စတာ ယူနိုက်တတ် ဘောလုံးသမားတစ်ဦးကို အသားအရောင် ခွဲခြားတဲ့ စော်ကားပြောဆိုခဲ့မှုတခုကြောင့် ဆွာရက်ဇ် ဒဏ်ကြေး တပ်ခံခဲ့ရပါတယ်။

အခုဘောလုံး ရာသီမှာတော့ ဆွာရက်ဇ်ဟာ နှစ်ပေါင်း ၂၄ နှစ်အတွင်း လစ်ဗာပူးလ် ဘောလုံးအသင်း ပထမဆုံး လိဂ် ချန်ပီယံဆု ဆွတ်ခူးနိုင်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍဍကနေ ကစားရင်း သူ့ရဲ့ ၃၀ မြောက် ဂိုးကို သွင်းသွားခဲ့ပါတယ်။

သူဟာ တောင်အမေရိက ဘောလုံးသမားတွေထဲမှာ ဒီဆုကို ပထမဆုံး ချီးမြှင့်ခံရသူလည်း ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
 

” မေ့..မှာတမ်း”

Photo: ” မေ့..မှာတမ်း”
▬▬▬▬▬▬
အရပ်တစ်ပါး အလုပ်သွားတဲ့
အိမ်ဦးနတ်တွင် အိုဘယ့်..လင် ..

အလုပ်ကအား လျှောက်မသွားနဲ့
အိမ်မှာဂိမ်းဆော့ နေပါရှင်..

မိန်းမကိုချစ် အလွမ်းသစ်လို့
ချက်တင်ရိုက်စဉ် အွန်လိုင်းတွင်လဲ
သူငါတစ်ပါး လေမပွားပဲ
တည်ငြိမ်ခန့်ခန့် နေပါရှင်..

ဘီယာဆိုင်သွား ဘော်ဒါများနှင့်
လေပန်းဂျစ်တိုက် မာဆပ်လိုက်ရ်ျ
မူးရစ်ပွေလီ ဇာတ်ရှုပ်သည်လဲ
မိန်းမကိုငဲ့ မလုပ်နဲ့..

အိမ်ကိုလွမ်းရှာ ဝေဒနာကို
တရားနျင့်ဖြေ ပုတီးစိပ်နေရ်ျ
သုံးဖြုန်းချွေတာ လက်မမဖွာပဲ
ရသောလစာ အမြန်ပို့ပါ.....။

စာကြွင်း......
အိမ်မက်သိပ်မိုက် နှစ်လုံးခိုက်လို့
မောင်ပို့လစာ ကုန်ပြီရှင်.......။

ကိုခန့်(မန္တလေး)
 
” မေ့..မှာတမ်း”
▬▬▬▬▬▬
အရပ်တစ်ပါး အလုပ်သွားတဲ့
အိမ်ဦးနတ်တွင် အိုဘယ့်.... လင် ..

အလုပ်ကအား လျှောက်မသွားနဲ့
အိမ်မှာဂိမ်းဆော့ နေပါရှင်..

မိန်းမကိုချစ် အလွမ်းသစ်လို့
ချက်တင်ရိုက်စဉ် အွန်လိုင်းတွင်လဲ
သူငါတစ်ပါး လေမပွားပဲ
တည်ငြိမ်ခန့်ခန့် နေပါရှင်..

ဘီယာဆိုင်သွား ဘော်ဒါများနှင့်
လေပန်းဂျစ်တိုက် မာဆပ်လိုက်၍
မူးရစ်ပွေလီ ဇာတ်ရှုပ်သည်လဲ
မိန်းမကိုငဲ့ မလုပ်လေနဲ့..

အိမ်ကိုလွမ်းရှာ ဝေဒနာကို
တရားနှင့်ဖြေ ပုတီးစိပ်နေ၍
သုံးဖြုန်းချွေတာ လက်မမဖွာပဲ
ရသောလစာ အမြန်ပို့ပါ.....။

စာကြွင်း......
အိမ်မက်သိပ်မိုက် နှစ်လုံးခိုက်လို့
မောင်ပို့လစာ ကုန်ပြီရှင်.......။

ကိုခန့် (မန္တလေး)

ဘီလူးစီးခြင်း (Sleep Paralysis)


ဘီလူးစီးတယ်ဆိုတာကိုယ်တိုင်မကြုံဖူးရင်တောင် လူတိုင်းကြားတော့ကြားဖူးလိမ့်မယ်ထင်ပါတယ်။
လူကနိုးနေရက်နဲ့ ခြေတွေ လက်တွေလှုပ်မရ၊ အော်မရပာစ်မရနဲ့ အတော်ကြီးကိုစိတ်ဒုက္ခရောက်ရတဲ့အချိန်ပါ။

အင်္ဂလိပ်လို Sleep Paralysis လို့ခေါ်ပြီးမြန်မာလိုဘီလူးစီးတယ်လို့ခေါ်တဲ့အခြေအနေ တစ်ရပ်ကို တစ်ခါလောက်ကြုံဖူးသွားတာနဲ့ နောက်ထပ်ကြုံဖို့လန့်သွားလောက်တဲ့ အတွေ့အကြုံတစ်ရပ်ပါ။
Sleep Paralysis ကိုနှစ်မျိုးခွဲခြားနိုင်ပါတယ်။ Isolated Sleep Paralysis (ISP) နဲ့ Recurrent Isolated Sleep Paralysis (RISP) ဆိုပြီးတော့ပါ။ အလွယ်ပြောရရင် ISP ဆိုတာကလူတိုင်းဖြစ်နိုင်ပေမယ့် RISP ဆိုတာကတော့ အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ မူမမှန်တဲ့ရောဂါတစ်မျိုးမျိုးရှိနေသူတွေမှာသာ ပိုဖြစ်တတ်ပါတယ်။ ISP ကလူတစ်ယောက်တစ်သက်မှာ တစ်ခါလောက်ပဲကြုံတတ်ပါတယ်။ RISP ကတော့ခဏခဏပြန်ဖြစ်နေတာပါ။ မြန်မာလိုပြောရရင်တော့ ဘီလူးစီးတယ်ဆိုတာက သာမန်လူမှာဆိုရင် တစ်သက်မှာတစ်ခါလောက်ပဲကြုံတွေ့နိုင်ပေမယ့် အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့ရောဂါရှိသူတွေမှာဆိုရင် ခဏခဏဖြစ်နိုင်ပါတယ်။ တစ်ညတည်းကိုပဲ နှစ်ခါ သုံးခါပြန်ဖြစ်နိုင်ချေရှိပါတယ်။

ဘီလူးစီးတာဘာဖြစ်လို့ဖြစ်ရတာလဲဆိုတာကို ဖြေရှင်းဖို့ကတော့ အတော်လက်ဝင်ပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့်လည်းဆိုတဲ့ အဖြေအတိအကျတော့မရှိဘဲ သီအိုရီသဘောတရားအရပဲရှိပါသေးတယ်။ လူတစ်ယောက်ရဲ့အိပ်စက်ခြင်းကို REM (rapid eye movement) နဲ့ NREM (non-rapid eye movement) ဆိုပြီးတော့အဆင့်ခွဲပါတယ်။ အဲဒီတစ်ဆင့်ခြင်းဆီမှာကိုပဲ သူနဲ့သက်ဆိုင်တဲ့ဦးနှောက်ရဲ့တုန့်ပြန်မှုတွေ၊ ခန္ဒာကိုယ်ရဲ့တုန့်ပြန်မှုတွေရှိပါတယ်။ 
 
တစ်ညတာအိပ်စက်တဲ့အခါမှာ ဒီ NREM နဲ့ REM အဆင့်တွေအလှည့်ကျဖြစ်ပေါ်အောင် ဦးနှောက်ကထိန်းချုပ်ထားရပါတယ်။ အလွယ်ပြောရရင်တော့ NREM ဆိုတာက အိပ်တစ်ဝက်နိုးတစ်ဝက်အခြေအနေဖြစ်ပြီး REM ကတော့လုံးဝအိပ်ပျော်သွားတဲ့အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ REM အချိန်မှာလူတွေပာာ အိပ်မက်မက်ကြပါတယ်။ အိပ်မက်ထဲမှာဆိုပေမယ့်လည်း ကိုယ့်စိတ်ထဲမှာတော့ တကယ်ထင်နေတာပါပဲ။ အဲဒီတော့အိပ်မက်ထဲမှာ လက်သီးထိုးနေရင် အပြင်မှာလည်း လိုက်ထိုးနေဖို့ရှိပါတယ်။ 
 
အိပ်မက်ထဲမှာဘောလုံးကန်နေရင် အပြင်မှာလည်း လိုက်ကန်နေမိပါလိမ့်မယ်။ အဲဒီတော့အဲလိုမျိုး အိပ်မက်ထဲမှာ လုပ်တဲ့အတိုင်းအပြင်မှာလျှောက်မဖြစ်နေအောင် ဦးနှောက်က REM အဆင့် လူတွေအိပ်မက်မက်ပြီဆိုရင် အိပ်မက်ထဲကအတိုင်းအပြင်မှာလိုက်မလုပ်နိုင်အောင် လူထိန်းချုပ်လို့ရတဲ့ ကြွက်သားတွေကို လုံးဝမလှုပ်တော့အောင် လှမ်းပိတ်ထားလိုက်ပါတယ်။ ပြီးတော့မှနိုးတော့မယ်ဆိုမှ REM အဆင့်ကနေ NREM ဖြစ်၊ ဦးနှောက်ကထိန်းချုပ်ထားတာတွေကို ပြန်လျှော့ပြီး ပြန်လှုပ်ရှားလို့ရအောင်လုပ်ပါတယ်။ ဦးနှောက်က REM အဆင့်မှာထိန်းချုပ်တဲ့နေရာမှာ လူကိုယ်တိုင်ထိန်းနိုင်တဲ့ကြွက်သားတွေကိုသာ သေအောင်လုပ်ထားပါတယ်။ အဲဒါကြောင့် ဘီလူးစီးတဲ့အချိန်မှာ မအော်နိုင်မပာစ်နိုင်၊ မလှုပ်ရှားနိုင်ပေမယ့် အသက်ရှူတာလိုမျိုး အရေးကြီးတဲ့ကြွက်သားတွေကတော့ ပုံမှန်အလုပ်ဆက်လုပ်ပါတယ်။ 
 
အဲလိုဘီလူးစီးတယ်ဆိုတဲ့အခြေအနေဖြစ်ပေါ်ရတာကတော့ ခုနကပြောထားတဲ့ REM အဆင့်ကနေမလျော့ဘဲ ဦးနှောက်ကထိန်းချုပ်ထားတာတွေ မလျှော့ဘဲအလုပ်လုပ်ပုံမှားယွင်းတာကြောင့် နိုးသွားပြီးလူရဲ့သိစိတ်ပြန်ဝင်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဦးနှောက်ကအိပ်နေတယ်လို့ပဲဆက်သတ်မှတ်ထားပြီး REM အဆင့်မှာပဲဆက်ထားတဲ့အခါမှာ အခုလိုမျိုး လှုပ်မရ၊ အော်မရ ဖြစ်လာပါတယ်။ အိပ်မက်မက်နေသလို၊ တကယ်ဖြစ်နေသလိုခံစားရပါတယ်။ နိုးလာစေချင်ပေမယ့်လည်း မနိုးနိုင်ဖြစ်ခါ အတော်ကြီးကိုစိတ်ဒုက္ခရောက်ရပါတယ်။ အခြားအပြင်ဘက်က အထိအတွေ့ တစ်ခုခုကြောင့်နဲ့ ဦးနှောက်ကပြန်ပြီး ပုံမှန်ပြန်လုပ်သွားတဲ့အခါကျမှ ပြန်လှုပ်လို့ရသွားပါတယ်။
 
 ဆိုလိုချင်တာက အပြင်ကလူတစ်ယောက်ယောက်မနှိုးမခြင်း၊ REM အဆင့်မကုန်သွားမခြင်း လှုပ်လို့မရသေးပါဘူး။ နောက်တစ်ချက်ကတော့ ဘီလူးစီးတဲ့အချိန်မှာ လူတွေပာာအိပ်မက်လိုဖြစ်နေပေမယ့်တကယ့်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ခြောက်ခြားစရာဖြစ်တဲ့ အန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့နေရတယ်လို့ စိတ်ထဲမှာခံစားမိနေပါတယ်။ အဲဒါကလည်း သိစိတ်ရှိနေတဲ့ REM အဆင့်ရဲ့နောက်ဆက်တွဲအနေနဲ့ ဦးနှောက်ဘာသာပြန်တာ လွန်ကဲပြီးဒီအခြေအနေပာာ အသက်အန္တရာယ်ထိရှိလာနိုင်တယ် အရမ်းကြောက်ဖို့ကောင်းတယ်လို့ နောက်ဆက်တွဲဘာသာပြန်ပါတယ်။ 
 
အဲဒါကြောင့် ဘီလူးစီးခံရတဲ့လူတွေပာာ အဲလိုလှုပ်လို့မရတဲ့အခြေအနေတစ်ရပ်မှာ အင်မတန်ကိုကြောက်စရာကောင်းတဲ့ အတွေ့အကြုံခံစားခဲ့ရတယ်လို့ထင်ပြီး နိုးလာရင်တောင်ကြောက်စိတ်မပြယ်ဖြစ်နေတတ်ပါတယ်။ ဒီလိုဦးနှောက်ကဘာသာပြန်မှားယွင်းတာပာာ ဦးနှောက်ကိုအောက်ဆီဂျင်သိပ်မရောက်တဲ့အခြေအနေတွေ ဥပမာ လေ၀င်လေထွက်မကောင်းတာမျိုး၊ ကာဘွန်ဒိုင်အောက်ဆိုက်ဒ် အရမ်းများနေတဲ့အခန်းထဲမှာအိပ်တာမျိုးဆိုရင် ပိုဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ အဲဒါကအလွန်ပြင်းထန်သွားတတ်ပြီး အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်ကာ အိပ်မက်လို့သိနေပေမယ့်လည်း အသက်ရှူကြပ်တဲ့အထိ၊ အသက်ရှူလို့မရတဲ့အခြေအနေထိဖြစ်လာပါတယ်(ကျနော်တစ်ခါဖြစ်ဖူးပါတယ် အိပ်မက်မက်ရင်း အသက်ရှူကြပ်လာတာ။ တော်သေးတယ် မသေသွားလို့။) 
 
ဘီလူးစီးခြင်း (Sleep paralysis)ပာာအသက်အန္တရာယ်ဖြစ်လောက်အောင်ဒုက္ခမပေးနိုင်ပေမယ့် ခံစားခဲ့ရတဲ့သူအတွက်တော့ တစ်သက်တာမမေ့နိုင်အောင် ကြောက်မက်ဖွယ်ကောင်းခဲ့ပါတယ်။ ဘီလူးစီးတာပာာ အိပ်မပျော်တဲ့သူတွေ၊ အိပ်ချိန်မမှန်တဲ့သူတွေ၊ ပက်လက်အိပ်တတ်သူတွေ၊ ဖိအားများလွန်းတဲ့သူတွေ၊ အရမ်းကိုပင်ပန်းနွမ်းနယ်နေတဲ့သူတွေ၊ ဆေးသုံးတဲ့သူတွေမှာ ပိုဖြစ်ပါတယ်။ 
 
ဒီနေရာမှာတော့ မြန်မာတွေအရင်တည်းကယူဆလာတဲ့အချက်က အတော်မှန်နေတာတွေ့ရပါတယ်။ ငယ်ငယ်တုန်းက ဘီလူးစီးခံရတယ်ပြောရင် လူကြီးတွေက ပက်လက်မအိပ်နဲ့လို့ ပြောခဲ့တာက အခုသိပ္ပံနည်းကျရှင်းတဲ့အခါမှာလည်း အင်မတန်မှန်နေပါတယ်။ ပက်လက်အိပ်တဲ့အခါမှာ ခန္ဒာကိုယ်အနေအထားကြောင့် လျှာဒါမှမပာုတ်အာခေါင်ပျော့တို့ရဲ့ဖိအားကြောင့် အသက်ရှူလမ်းကြောင်းပိတ်ပြီး လေသိပ်မ၀င်တော့တဲ့အခါ ဘီလူးစီးတာဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။ ပုံမှန်အိပ်တာ၊ လေ၀င်လေထွက်ကောင်းအောင်လုပ်တာနဲ့ အိပ်ရာကုတင်သန့်သန့်ရှင်းရှင်းနဲ့ လူလည်းသန့်သန့်ရှင်းရှင်းအိပ်မယ်ဆိုရင် Sleep Paralysis ကိုကာကွယ်နိုင်ပါတယ်။
_______________________________________________
Dr.သူရိန်လှိုင်ဝင်း

အင်္ဂလိပ် စာ ဘာသာရပ် လေ့လာမှု မြန်ဆန်ရန် နည်းလမ်း

အင်္ဂလိပ် စာ ဘာသာရပ် လေ့လာမှု မြန်ဆန်ရန် နည်းလမ်း  

အင်္ဂလိပ်စာ ဘာသာရပ်ကို လေ့လာရန်မှာ ခပ်မြန်မြန် တိုးတက်မယ့် နည်းလမ်းလေး သိပါရစေ ဆိုပြီးတော့ လာမေးသူများကို အကောင်းဆုံး နည်းလမ်း ပေးပါမယ်။ ဆောင်ပုဒ် လေး တစ်ခုနဲ့ပါ။

To write more, write more
To speak more, speak more 
To understand more, listen more
To read more, read more 

များများ ရေးတတ်ချင်ရင် များများ ရေးဖို့ လိုအပ် ပါတယ်။ 
များများ ပြောတတ်ဖို့ များများ ပြောဖို့ လိုအပ် ပါတယ်။
များများ နားလည် တတ်စေဖို့ များများ နားထောင်ရန် လိုအပ် ပါတယ်။
များများ ဖတ်တတ်စေဖို့ များများ ဖတ်ရန် လိုအပ် ပါတယ်။ 

အလေ့အကျင့် တစ်ခု ရသွားရင် ဘာမဆို အဆင်ပြေ သွားပါ လိမ့်မယ်။ Second Nature ကနေ First Nature အထိတောင် အလေ့အကျင့် များရင် ဖြစ်သွား ပါလိမ့်မယ်။ ရေးတတ်ဖို့အတွက် များများ ရေးရမယ်လို့ ဆိုတဲ့ နေရာမှာ ဖတ်ဖို့လည်း လို ပါ သေးတယ်။ Professional writing အတွက် စာအုပ်များများ ဖတ်ရပါမယ်။ ဒီတော့ ဖတ်ရှုမှု အရည်အသွေးပါ မြင့်တက် လာမှာ ဖြစ်ပါတယ်။ နားထောင်ရမယ် ဆိုတဲ့ နေရာမှာ အင်္ဂလိပ်ရုပ်ရှင်၊ သီချင်း နားထောင် ကြည့်ရှုခြင်း၊ နိုင်ငံခြားသား များ ဖြင့် ပြောဆိုခြင်း၊ မိမိ ပတ်ဝန်းကျင်ထဲကပဲ ပြောနိုင်ဆိုနိုင်ရှိသူများထံ ချည်းကပ် ပြောဆိုခြင်း တို့  ပြုလုပ်ရပါမယ်။ များများ ပြောကျင့် ရှိဖို့ လိုအပ် ပါတယ်။ 

မြန်မာတွေမှာ မှားယွင်းတဲ့ အကျင့် တစ်ခုက မိတ်ဆွေ လူငယ် သူငယ်ချင်း တွေထဲ မှာတောင် တစ်ယောက်ယောက်က အင်္ဂလိပ် ကြားညှပ် ပြောလာပြီ။ ထည့်ထည့် ပြောလာ ပြီဆိုရင် (ကန်တော့ပါရဲ့) ဗိုလ် လမ်းနီး နေပြီ။ တံတွေး စင်တယ် အစရှိသဖြင့်  စကြ နောက်ကြ ပါတယ်။ ဒီတော့ အင်္ဂလိပ်စာ အရည်အသွေး တိုးတက် လာသူ ရှိပေမယ့် သူ့ပတ်ဝန်းကျင်မှ တိုးတက်မှု မလိုလားသူတို့ ဝန်းရံမှုကြောင့် တိုးတက် လာမှု မရှိတော့ ပါဘူး။ ဒီတော့ အင်္ဂလိပ်စာ အရည်အသွေး မြင့်တက် ဖို့ အတွက် တူညီတဲ့ ခံယူချက် ရှိတဲ့ Partner ရှိဖို့လည်း လိုအပ် ပါတယ်။ 

ဒီတော့ အင်္ဂလိပ်စာ အရည်အချင်း မြင့်တက်စေမယ့် ဆောင်ပုဒ်နဲ့ စကား လက်ဆောင် လေးကို မျှဝေပေးလိုက် ရပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

.
 
အင်္ဂလိပ် စာ ဘာသာရပ် လေ့လာမှု မြန်ဆန်ရန် နည်းလမ်း
အင်္ဂလိပ်စာ ဘာသာရပ်ကို လေ့လာရန်မှာ ခပ်မြန်မြန် တိုးတက်မယ့် နည်းလမ်းလေး သိပါရစေ ဆိုပြီးတော့ လာမေးသူများကို အကောင်းဆုံး နည်းလမ်း ပေးပါမယ်။ ဆောင်ပုဒ် လေး တစ်ခုနဲ့ပါ။

To write more, write more
To speak more, speak more
To understand more, listen more
To read more, read more

များများ ရေးတတ်ချင်ရင် များများ ရေးဖို့ လိုအပ် ပါတယ်။
များများ ပြောတတ်ဖို့ များများ ပြောဖို့ လိုအပ် ပါတယ်။
များများ နားလည် တတ်စေဖို့ များများ နားထောင်ရန် လိုအပ် ပါတယ်။
များများ ဖတ်တတ်စေဖို့ များများ ဖတ်ရန် လိုအပ် ပါတယ်။
အလေ့အကျင့် တစ်ခု ရသွားရင် ဘာမဆို အဆင်ပြေ သွားပါ လိမ့်မယ်။ Second Nature ကနေ First Nature အထိတောင် အလေ့အကျင့် များရင် ဖြစ်သွား ပါလိမ့်မယ်။ ရေးတတ်ဖို့အတွက် များများ ရေးရမယ်လို့ ဆိုတဲ့ နေရာမှာ ဖတ်ဖို့လည်း လို ပါ သေးတယ်။ Professional writing အတွက် စာအုပ်များများ ဖတ်ရပါမယ်။ ဒီတော့ ဖတ်ရှုမှု အရည်အသွေးပါ မြင့်တက် လာမှာ ဖြစ်ပါတယ်။ နားထောင်ရမယ် ဆိုတဲ့ နေရာမှာ အင်္ဂလိပ်ရုပ်ရှင်၊ သီချင်း နားထောင် ကြည့်ရှုခြင်း၊ နိုင်ငံခြားသား များ ဖြင့် ပြောဆိုခြင်း၊ မိမိ ပတ်ဝန်းကျင်ထဲကပဲ ပြောနိုင်ဆိုနိုင်ရှိသူများထံ ချည်းကပ် ပြောဆိုခြင်း တို့  ပြုလုပ်ရပါမယ်။ များများ ပြောကျင့် ရှိဖို့ လိုအပ် ပါတယ်။

မြန်မာတွေမှာ မှားယွင်းတဲ့ အကျင့် တစ်ခုက မိတ်ဆွေ လူငယ် သူငယ်ချင်း တွေထဲ မှာတောင် တစ်ယောက်ယောက်က အင်္ဂလိပ် ကြားညှပ် ပြောလာပြီ။ ထည့်ထည့် ပြောလာ ပြီဆိုရင် (ကန်တော့ပါရဲ့) ဗိုလ် လမ်းနီး နေပြီ။ တံတွေး စင်တယ် အစရှိသဖြင့် စကြ နောက်ကြ ပါတယ်။ ဒီတော့ အင်္ဂလိပ်စာ အရည်အသွေး တိုးတက် လာသူ ရှိပေမယ့် သူ့ပတ်ဝန်းကျင်မှ တိုးတက်မှု မလိုလားသူတို့ ဝန်းရံမှုကြောင့် တိုးတက် လာမှု မရှိတော့ ပါဘူး။ ဒီတော့ အင်္ဂလိပ်စာ အရည်အသွေး မြင့်တက် ဖို့ အတွက် တူညီတဲ့ ခံယူချက် ရှိတဲ့ Partner ရှိဖို့လည်း လိုအပ် ပါတယ်။

ဒီတော့ အင်္ဂလိပ်စာ အရည်အချင်း မြင့်တက်စေမယ့် ဆောင်ပုဒ်နဲ့ စကား လက်ဆောင် လေးကို မျှဝေပေးလိုက် ရပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)





အွန်လိုင်းပေါ်တွင် မမျှဝေသင့်သော ကိုယ်ပိုင်အချက်အလက်များ(၂)



တကယ်တော့ အွန်လိုင်းပေါ်မှာ ပဲ ရင်းနှီးခင်မင်တွေ့ဆုံရသူတွေဟာ ယုံကြည်စိတ်ချရသူတွေလို့ သတ်မှတ် လို့မရပါဘူး။ ဒါကြောင့် အွန်လိုင်း ပေါ်မှာ ရှောင်သင့်တဲ့အချက် ၁ဝ ချက် ကို တင်ပြရာမှာ ပြီးခဲ့တဲ့အပတ်က အချက်ငါးချက်ကို တင်ပြခဲ့ပြီးပါပြီ။ ဒီတစ်ပတ် မှာတော့ ကျန်တဲ့ငါးချက် ကို ဆက်လက်လေ့လာတွေးဆ ဆင်ခြင်လိုက်ရအောင်နော်။

၆။ မိမိလိပ်စာနှင့် ဖုန်းနံပါတ်

အင်တာနက်လူမှုကွန်ရက်များ အသုံးပြုရာ၌ အထူးသတိပြုသင့်သော လုံခြုံရေးဆိုင်ရာ နံပါတ်တစ်အ ချက် ဖြစ်သည်။ မိမိ၏ လိပ်စာနှင့် ဖုန်း နံပါတ်ကို လူမှုကွန်ရက်တစ်ခုခုပေါ်တွင် လူအများကို ပေးသိထားမိ သည်ဆိုပါက မမြင်နိုင်သော အန္တရာယ်ကို လက်ယပ်ခေါ်ထားမိသလိုဖြစ်နိုင်ပါသည်။ ကံတရားဆိုသည် ကလည်း မည်သို့မျှမှန်းဆ ထား၍မရသည့် အရာ ဖြစ်သည့်အလျှောက် အကယ်၍ မိမိကသာ လိပ်စာနှင့် ဖုန်းနံပါတ်များကို အလွယ်တကူပေးထားမိပါလျှင် အန္တရာယ်ပြုနိုင်သူများကို မိမိထံတန်းမတ်စွာရောက် လာနိုင်စေမည့် သတင်း အချက်အလက်များကို မိမိကိုယ်တိုင် ပေးထား လိုက်မိသည့်အလားဖြစ် လာနိုင်ပါ သည်။ အချို့နိုင်ငံများတွင် အွန်လိုင်းလူမှုကွန်ရက်များပေါ်မှ ရှာဖွေတွေ့ရှိသော လိပ်စာနှင့် ဖုန်းနံပါတ်များမှ တစ်ဆင့် ဖြစ်ပွားပေါ် ပေါက်ခဲ့သော ဖောက်ထွင်းမှုများ၊ ပြန်ပေးဆွဲမှုများ၊ ခြိမ်းခြောက်မှုများ စသည်ဖြင့် မကြာခဏတွေ့ရတတ် သဖြင့် လူမှုကွန် ရက်များပေါ်တွင် မလိုအပ်ဘဲ လိပ်စာနှင့်ဖုန်းနံပါတ် များကို ပေးသိ ထားခြင်းမျိုးကို လုံးဝ ရှောင်ကြဉ်သင့်ပါသည်။ လိုအပ်၍ လိပ်စာနှင့် ဖုန်းနံပါတ်တစ်ခုခုကို တစ်စုံ တစ်ယောက်အား ပေး ရမည် ဆိုပါကလည်း ယခင်နည်းအတိုင်း မက်ဆေ့ခ်ျပေးပို့ခြင်းနှင့် အီးမေးလ် အသုံးပြုခြင်းတို့ကိုသာ ပြုလုပ်သင့်ပါသည်။

၇။ မိမိ၏ငွေရေးကြေးရေး အခြေအနေ

မိမိ၏ဘဏ်အပ်ငွေများအကြောင်း၊ စတော့ရှယ်ယာများအကြောင်းစသည့် သတင်းအချက်အလက်များကို မည်သူမျှ လူမှု ကွန်ရက် ပေါ်တွင် အသိပေးကြလိမ့်မည် မဟုတ်ဟု ထင်ကောင်းထင်နိုင်ပါ လိမ့်မည်။ သို့သော် အချို့သောလူအမျိုးအစား များအနေဖြင့်မူ ယင်းသို့သော ကိစ္စများကို တစ်ဦးတည်းသိဖွယ် သို့မဟုတ် မိသားစုကိစ္စဟု မမှတ်ယူကြဘဲ တစ်ကမ္ဘာလုံး အား အသိပေးထားတတ်ကြသည်။

 မိမိ၏ ဘဏ်စာရင်းများအကြောင်း၊ ကုမ္ပဏီ ရှယ်ယာများ အကြောင်း၊ လုပ်ငန်းကိစ္စနှင့် ဆိုင်သော ငွေကြေး အခြေအနေများအကြောင်း အားလုံး သို့မဟုတ် တချို့တစ်ဝက် ကိုမသိမသာ၊ တချို့ကသိသိသာသာ ပင် လူမှုကွန်ရက်များပေါ်တွင် ဖော်ပြ ထားမိတတ်ကြသည်။ ယင်းသည် လည်းမှန်းဆ၍ မရသောအန္တရာယ် တစ်မျိုးမျိုးကို ဖိတ်ခေါ်မိသလိုဖြစ် တတ်ပါသည်။ မိမိ၏ ဘဏ်စာရင်း အကြောင်းမှ အစပြု၍ အချို့ငွေကြေး ဆိုင်ရာကိစ္စရပ်များကို မိမိ၏ နေ့စဉ် တင်လိုက်သော Status များတွင် လည်းကောင်း၊ သို့မဟုတ်ပါကလည်း မိတ်ဆွေများ၏ Status များတွင် မသိလိုက်မသိ ဘာသာရေးလိုက်မိသော Comment များတွင် လည်းကောင်း သတင်းစပေးလိုက်မိသလိုဖြစ်တတ် သေး သည်။

ထို့ကြောင့်ပင် အွန်လိုင်း လူမှုကွန်ရက် များပေါ်တွင် နေထိုင်ချိန်တွင် မိမိ၏သတိကိုလည်း လက်ကိုင် အမြဲပြုထား သင့်ကြောင်း အွန်လိုင်းမှ တစ်ဆင့် ရရှိသွားသောသတင်းအချက် အလက်များကြောင့် ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများက သတိပေး လျက်ရှိ နေပါသည်။ ဘဏ်စာရင်း၊ ခရက်ဒစ်ကတ်၊ စတော့ရှယ်ယာ စသည့်ငွေ ကြေးဆိုင်ရာ အခြေခံ အဆောက် အအုံများ ပိုမိုထွန်းကားသောနိုင်ငံများတွင် ယင်းဖြစ်ရပ်မျိုးများအဖြစ်များတတ် ပါသည်။ မည်သို့ပင်ဖြစ်စေ အင်တာ နက်ပေါ်မှ လူမှု ကွန်ရက်များဆိုသည်မှာ သတိမပြတ်စေဘဲ အသုံးချတတ်လျှင် အန္တရာယ်ကိုရှောင်ကွင်းနိုင်ပြီး မိမိအတွက် အကျိုးများနိုင်မည့် ဗဟု သုတရင်းမြစ်များပင် ဖြစ်လာနိုင်ပါ သည်။

၈။ မိမိအကောင့် Password

Facebook အကောင့်၊ Twitter အကောင့်၊ သို့မဟုတ်ပါကလည်း အခြားမိမိအသုံးပြုနေကျ (အသုံးပြုနေ ကျမဟုတ်ပါက လည်း ရံဖန်ရံခါ အသုံးပြုတတ်သော)အွန်လိုင်းလူမှုကွန် ရက်အကောင့် Account တစ်ခုခု၏ စကားဝှက် Password သို့မဟုတ် အီးမေးလ် Password ကို လူမှုကွန် ရက်ပေါ်တွင် အသိပေးလိုက်မိခြင်း သည် လွန်စွာအန္တရာယ် များသောလုပ် ရပ်ဖြစ်ပါသည်။ Facebook က ဖော်ပြပေးထားသော လူမှုကွန်ရက် များကို အန္တရာယ်ကင်းစွာနှင့် အကျိုး ရှိရှိအသုံးချနိုင်စေ ရန် လိုက်နာသင့် သောအချက်များထဲတွင် မိမိ၏ ပတ်စ ဝေါ့အား အသိပေးထားမိခြင်းသည် နံပါတ် ၁ သတိပြုစရာ လုံခြုံရေး ကိစ္စ ဖြစ်သည်ဟု ဆိုထားပါ သည်။ မိမိ၏ အကောင့်တစ်ခုခုအား မိမိမိတ်ဆွေ သူငယ်ချင်းတစ်ဦးကိုလည်းဝင်ရောက် Log on ပြုလုပ်ပြီး စစ်ဆေးအသုံးပြုစေ လိုသောကြောင့် ပတ်စဝေါ့ပေးလိုက် ခြင်းမျိုးသည်လည်း အန္တရာယ်ရှိလာ နိုင်သော လုံခြုံရေး ဆိုင်ရာအပြုအမူ တစ်မျိုးပင်ဖြစ် ပါသည်။ အမှန်တကယ်ပင် စစ်မှန်စွာ ချစ်ခင်ကြင်နာပြီး ရိုးသားသူ အဖော်မွန် တစ်နည်းအားဖြင့် ယုံကြည်ထိုက်သောချစ်သူဆိုပါက ပြဿနာမဟုတ်သော်လည်း အခြားဖြစ်ရပ်များ တွင်မူ သတိမူထား သင့်သောကိစ္စဖြစ်သည်။

မိမိကြိုမမြင်နိုင်သော အနာဂတ်တွင် လက်ရှိပစ္စုပ္ပန်ကဲ့သို့ ဖြစ်ချင် မှဖြစ်နိုင်မည် ဖြစ်သောကြောင့် ရေရှည် အတွက် စိတ်မချရ သည့် ဆက်ဆံရေးများအတွက် မိမိအသုံးပြုသည့် အကောင့် ပတ်စဝေါ့များကို မည်သူ ကိုမျှ ပေးမသိခြင်းသည်သာ အကောင်း ဆုံးဖြစ် ပါလိမ့်မည်။ သို့မဟုတ်၍ ရှောင်လွဲမရ သောအခြေအနေ တစ်ခုကြောင့် ပေးမှ ဖြစ်မည့် အနေအထားမျိုး တွင်လည်း မကြာခင်အချိန်အတွင်း ပတ်စဝေါ့ကို ပြန် လည်ပြောင်းလဲ၍ အသုံးပြုသင့်ပါသည်။ မည်သို့ပင်ဖြစ်စေ Password ကို မိမိတစ်ဦးတစ်ယောက်တည်း သိထားခြင်းသည်သာ အန္တရာယ် အကင်းဆုံးအပြုအမူ ဖြစ်ပါသည်။

၉။ ပတ်စဝေါ့ သဲလွန်စ

လူမှုကွန်ရက်ဝက်ဘ်ဆိုက် အများစုတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်ရေးအချက်အလက်များပေးရသည့် Personal Information ကဏ္ဍတွင် မိမိ၏ ပတ်စဝေါ့ကို မေ့သွားပါက ယင်းဝက်ဘ်ဆိုက်မှ သတိပေးနိုင်ရန် အတွက်ဟု အကြောင်းပြ ကာတောင်းသည့် ပတ်စဝေါ့သဲလွန်စ Password hints များသည်လည်း အထူးသတိ ပြုပေးရမည့် အချက်ဖြစ်ပါသည်။ အချို့ဝက်ဘ်ဆိုက်များက ပတ်စဝေါ့ သဲလွန်စအတွက် ပတ်စဝေါ့ စကားလုံးများထဲမှ တစ်လုံးကို ပေးထားခိုင်းပါသည်။ ”ကိုယ့်အိမ်က ကြောင် ကလေးရဲ့ နာမည် ကဘာလဲ” ”ကိုယ့် ရဲ့ပထမဆုံးဆရာရဲ့အမည်က ဘယ်သူလဲ” ”မိခင်ရဲ့အပျိုနာ မည်က ဘာလဲ” စသည်ဖြင့် ရေးခိုင်းတတ် သော စကားဝှက်သဲလွန်စများကို သတိပြု၊ ဂရုစိုက်ကာပေးသင့်ပါသည်။ မိမိ စကားဝှက်ကို မိမိ မဟုတ် သော အခြားသူတစ်ဦးဦး မှန်းဆမိသွားနိုင်မည့်၊ သိသွားစေနိုင်မည့် စကား လုံးများကိုပေးမိခြင်း မှ ရှောင် ကြဉ်သင့်ပါသည်။

၁၀။ မိမိအသိမပေးလိုသော အခြား အချက်အလက်များ(အားလုံး)

အွန်လိုင်းလူမှုကွန်ရက်များ ပေါ်ရှိ မိမိကိုယ်ပိုင်လုံခြုံရေးအစီအမံ Security Setting များသည် မိမိ စိတ်ကြိုက် ဖန်တီးပြုပြင်ထားနိုင်သော အစီအမံများဖြစ်သဖြင့် မိမိအတွက် အလုံခြုံဆုံးနှင့် အကျိုးအရှိ ဆုံးဖြစ်စေ နိုင်မည့် လုံခြုံရေး အစီအမံများကိုသာ အချိန်ယူရွေးချယ်သင့်ပါသည်။ ဤ ကဲ့သို့ Security Setting များကို မိမိက ကောင်းစွာရွေးချယ် ခဲ့စေကာမူ တစ်ခါ တစ်ရံတွင် မိမိမမြင်စေလိုသောသူများက မိမိတင်လိုက်သော Post များကို မြင်တွေ့နေနိုင်ပါသေးသည်။ ဤကဲ့ သို့သောဖြစ်ရပ်များသည် ယနေ့လူသုံး အများဆုံး လူမှုကွန်ရက်ဖြစ်သော Facebook တွင်အမြင်တွေ့နိုင်ဆုံး ဖြစ်ပါ သည်။

ဥပမာ- မိမိက Face-book ၏အခမဲ့အသုံးပြုနိုင်သော Applications များ၊ ဥာဏ်စမ်းပဟေဠိ Quizzes များ၊ စစ်တမ်း Poll များကို အမှတ်တမဲ့အသုံးပြုလိုက်မိပါကလည်း မိမိ၏ကိုယ်ပိုင်လုံခြုံရေးအစီအမံများ ကို ၉ဝ ရာခိုင်နှုန်းဖွင့်ပြမိသလို ဖြစ် တတ်ပါသည်။ Facebook တွင် အခမဲ့ လွတ်လပ်စွာအသုံးပြုနိုင်သော Applications ပေါင်း ၁၅ဝ ကျော်ရှိသဖြင့် အသုံးပြု သူများ သတိထားဖွယ် အချက်တစ်ခုပင် ဖြစ်ပါသည်။ မည်သည့်လူမှုကွန်ရက်တွင် Account ပြုလုပ်အသုံးပြုပါစေ၊ မိမိ တင်လိုက်သော Status တစ်နည်း အားဖြင့် ဝေမျှ လိုက်သောသတင်း အချက် အလက်များမှတစ်ဆင့် အန္တရာယ် တစ်စုံတစ်ရာ ဖြစ်လာနိုင် မည့် ဖြစ်ရပ်မှ တတ်နိုင် သမျှကင်းစေရန် အမြဲတစေ သတိမူဂရုပြုသင့်ပါသည်။

မည်သို့ပင်ဖြစ်စေ အင်တာနက် ပေါ်မှ လူမှုကွန်ရက် အသုံးပြုသူများ အနေဖြင့် When you doubt, Leave it out!” (သံသယရှိပါက မည်သည်ကိုမျှ မသုံးပါနှင့်) ဟူသော ဆောင်ပုဒ် ကို အမြဲလက်ကိုင် သုံးခြင်းသည် သာ မိမိအတွက် အသင့်တော်ဆုံးနှင့် အလုံခြုံဆုံး အကာအကွယ်ဖြစ်ပါလိမ့်မည်။

Ref : Facebook Safety (www.facebook. com),
http://www.tgdaily.com/,http://www.telegraph.co.uk, http://www.nytimes.com./

ရွှေအိမ်စည်


အွန်လိုင်းပေါ်တွင် မဝေမျှသင့်သော ကိုယ်ပိုင်အချက်အလက်များ (၁)

Photo: အွန်လိုင်းပေါ်တွင် မဝေမျှသင့်သော ကိုယ်ပိုင်အချက်အလက်များ (၁)
=================================
၂ဝဝ၅ ခုနှစ်နှောင်းပိုင်းတွင် အင်တာနက်ပေါ်မှ လူမှုကွန်ရက်- Social Networking Websites  များသည် ကမ္ဘာ့လူသားများ အကြား ရေပန်း စားလာခဲ့ကာ ယနေ့ခေတ် ဆိုလျှင် ”ခေတ်မီသူတိုင်း အွန်လိုင်း လူမှုကွန်ရက် များအသုံးပြု ကြသည်” ဟူ ၍ဖြစ်လာ လျက်ရှိသည်။

အင်တာနက်အသုံးပြုသူ ကမ္ဘာ့ လူငယ်အားလုံး၏ ၃၅ ရာခိုင်နှုန်းတွင် လူမှုကွန်ရက်တစ်ခုခုပေါ်တွင် ကိုယ် ပိုင်စာမျက်နှာ- Profile တစ်ခုစီရှိနေ ကြပြီး ၅၁ ရာခိုင်နှုန်းတွင် တစ်ခု ထက်ပိုသော ကိုယ်ပိုင်စာမျက်နှာများ ရှိနေသည်ဟု USA Today  ၏ဖော်ပြချက် အရသိရသည်။

ထို့ပြင် အသက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်းရှိ အင်တာနက်အသုံးပြုသူ လူငယ်များ၏ လေးပုံ သုံးပုံခန့်သည် အွန်လိုင်း Profile တစ်ခု စီ အနည်းဆုံး ရှိနေကြသည် ဟုလည်း USA Today  ၏ စစ်တမ်းထဲ တွင် ပါဝင်သည်။

The Pew  သုတေသနဌာန၏ တွေ့ရှိချက်အရ အဆိုပါပုဂ္ဂိုလ်တို့၏ ၈၉ ရာခိုင်နှုန်းသည် ယင်းလူမှု ကွန်ရက်ဝက်ဘ်ဆိုက်များကို အသုံး ပြုခြင်း၏ရည်ရွယ်ချက်မှာ မိတ်ဆွေ အပေါင်းအသင်းသူငယ်ချင်းများနှင့် အဆက်အသွယ် မပြတ်လို၍ဖြစ်ပြီး ၅၇ ရာခိုင်နှုန်း မှာ သူငယ်ချင်းများနှင့် အစီအစဉ်များရေးဆွဲလိုခြင်းကြောင့်နှင့် ၄၉ ရာခိုင်နှုန်းမှာ သူငယ်ချင်းအသစ် များ ထပ်မံ ရှာဖွေတွေ့လို ၍ ဖြစ် သည်ဟု ဆိုသည်။

ယနေ့ခေတ်တွင် အွန်လိုင်းလူမှု ကွန်ရက်ပေါင်း တစ်ရာကျော်ရှိရာ Facebook, MySpace, Twitter, LinkedIn, Black Planet  စသည်တို့မှာ လူသုံးများပြီး ပေါ်ပြူလာအဖြစ် ဆုံး ဝက်ဘ်ဆိုက်များဖြစ်ကြသည်။ အသုံးပြုသူတို့က ယင်းလူမှုကွန်ရက်များပေါ် တွင် အတွေး လူမှုကွန် ရက်ပေါ်မှ မိတ်ဆွေအချို့နှင့် ပျော်ပွဲ စားကဲ့သို့သော အစီအစဉ်တစ်ခုစီစဉ်ပါကလည်း ယင်း မိတ်ဆွေများကို အီးမေးလ်ပေးပို့ခြင်း သို့မဟုတ် လူမှုကွန်ရက်မှတစ်ဆင့် မက်ဆေ့ခ်ျပေးပို့ ခြင်းမျိုးသာ လုပ်ဆောင် သင့်ပါသည်။ သို့မဟုတ်ပါက မိမိ၏စိတ်လက်ချမ်း သာမှုကို အနှောင့် အယှက်ပေးလာနိုင် မည့်ကိစ္စများကို တစ်နည်းမဟုတ် တစ်နည်း တွေ့ကြုံလာနိုင်၍ ဖြစ်ပါ သည်။

မိမိအနေဖြင့်မူ မိမိအတွက်ကော၊ မိတ်ဆွေအပေါင်းအသင်းများအတွက်ပါ အကျိုးဖြစ်ထွန်းစေမည့် သတင်းအချက် အလက် ကိုသာ ရွေးချယ်ဝေမျှ နိုင်ပါသည်။ သုတေသနစစ်တမ်း တစ်ခုအရ လူမှုကွန်ရက်စာမျက်နှာ ပိုင်ရှင်များထဲမှ ၄ဝ ရာခိုင်နှုန်းခန့် သည် မိမိကိုယ်ပိုင်စာမျက်နှာကို လူတိုင်း ဝင်ရောက်ကြည့်ရှုနိုင်ရန် Open Access  ထားရှိကြပြီး ကျန် ၆ဝ ရာခိုင်နှုန်းကမူ ဝင်ကြည့်နိုင်သူကို ကန့်သတ်ထားသည်ဟုဆိုသည်။ ယင်းကဲ့သို့ ကန့်သတ်ထားခြင်းအား ဖြင့်လည်း သတင်းအချက် အလက်ဖောင်း ပွခြင်းကို တားဆီးနိုင်ပါလိမ့်မည်။

သူစိမ်းများကို မိမိ၏ကိုယ်ရေးကိုယ်တာ အချက်အလက်များပေးသိ ခြင်းဖြင့် မိမိအကျိုးစီးပွားများထိခိုက်မှု မရှိစေရန် လူမှုကွန်ရက် များတွင် ဝေမျှရန် မသင့်သည့် အချက်အလက် (၁ဝ)ချက်ကို ဖော်ပြလိုက်ပါသည်။

၁။ကိုယ်ရေးကိုယ်တာကိစ္စအပြန်အလှန်ပြောစကားများ

Facebook ပေါ်တွင် အသုံးပြု သူများသည် ပုဂ္ဂိုလ်ရေးရာ မက်ဆေ့ခ်ျများကို ပေးပို့နိုင်ပြီး ကိုယ်ပိုင်မှတ်စုများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များကို လည်း ဝေမျှနိုင်သဖြင့် ကိုယ်ရေး ကိုယ်တာကိစ္စများကို ဘယ်သောအခါမှ မဝေမျှသင့်ပါ။ ကိုယ်ရေးကိုယ်တာ ကိစ္စများကို တစ်ကမ္ဘာလုံးကို သိစေခြင်းဖြင့်အကျိုးများလာမည်လည်း မဟုတ်သောကြောင့် မိမိ၏လုံခြုံရေးအတွက်ကော၊ သူတစ် ပါးအတွက် မလိုအပ်သော သတင်းအချက်အလက်များ မဖြစ်စေရေး အတွက်ပါ မိမိ၏ ကိုယ်ပိုင်စာမျက် နှာပေါ်တွင် ပုဂ္ဂလိကရေး ရာ များကို သတိပြုဝေမျှခြင်းဖြင့် လူမှုကွန်ရက်များကို အကျိုးရှိစွာ အသုံးချနိုင် မည်ဖြစ်ပါသည်။ အကယ်၍ မိတ်ဆွေ အချို့ သို့မဟုတ် တစ်စုံတစ်ဦးကို အသိပေးလိုသည့်အချက်အလက်ရှိနေပါက တိုက်ရိုက်မက်ဆေ့ခ်ျပို့ခြင်း သို့မဟုတ် အီးမေးလ်ပို့ခြင်းကို အသုံး ပြု ပါက ပိုမိုထိရောက်သလို ပို၍ လည်း လုံခြုံစိတ်ချရနိုင်ပါသည်။

၂။ လူမှုရေးကိစ္စ အစီအစဉ်များ

မိမိ၏လူမှုရေးရာ ပွဲလမ်းအစီ အစဉ်များအားလုံးကို လူတိုင်းလူတိုင်း သိမြင်နိုင်နေခြင်းမှာ မသင့်တော်လှ သော ဖြစ်ရပ်ဖြစ်သည်။ လူအများ လွတ်လပ်စွာလာရောက်ပျော်ရွှင်နိုင်မည့် ပွဲလမ်းအချို့မှလွဲလျှင် မိမိစီစဉ်ကျင်းပသမျှပွဲတိုင်းကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖော်ပြရန်မသင့်လှပါ။ လူမှုကွန်ရက်ပေါ်မှ မိတ်ဆွေ အချို့နှင့် ပျော်ပွဲစားကဲ့သို့သော အစီ အစဉ်တစ်ခုစီစဉ် ပါကလည်း ယင်း မိတ်ဆွေများကို အီးမေးလ်ပေးပို့ခြင်း သို့မဟုတ် လူမှုကွန်ရက်မှတစ်ဆင့် မက်ဆေ့ခ်ျပေးပို့ခြင်းမျိုး သာ လုပ် ဆောင် သင့်ပါသည်။ သို့မဟုတ်ပါက မိမိ၏စိတ်လက်ချမ်းသာမှုကို အနှောင့် အယှက်ပေးလာနိုင်မည့် ကိစ္စများကို တစ်နည်းမဟုတ် တစ်နည်း တွေ့ကြုံ လာနိုင်၍ ဖြစ်ပါသည်။

၃။ မူလလူမှုကွန်ရက်များနှင့်ချိတ်ဆက်ထားသော အခြားလူမှုကွန်ရက်ဝက်ဘ်ဆိုက်များ

    လူမှုကွန်ရက် အသုံးပြုသူများ၏ ၅၁ ရာခိုင်နှုန်းသည် လူမှုကွန်ရက် များကို တစ်ခုနှင့်တစ်ခု ချိတ်ဆက် အသုံးပြုတတ်ကြသည်။ သို့ဖြစ်ရာ တစ်ခုပေါ်တွင် ဝေမျှလိုက်သည့် သတင်းအချက်အလက်သည် အခြား ချိတ်ဆက်ထားသည့် စာမျက်နှာ များပေါ်တွင်ပါ အလိုအလျောက်သွား ပေါ်နေမည်ဖြစ်၍ အထူးသတိပြုသင့် ပါသည်။ ဥပမာ – Facebook ပေါ် တွင် ဝေမျှရန် စိတ်ချရသည်ဟု ထင်ရ သော သတင်းအချက် အလက်မျိုး သည် အခြားလူမှုကွန်ရက်ပေါ်တွင်မူ စိတ်ချလက်ချဖြစ်ချင်မှ ဖြစ်နိုင်လိမ့်မည်။ Facebook တွင်ဝေမျှသည့် ပုဂ္ဂိုလ်ရေးရာသတင်းအချက်အလက်သည် LinkedIn ကဲ့သို့သော အလုပ် သဘောဆန်သည့် Professional လူမှုကွန်ရက်မျိုးတွင် ဝေမျှရန် လုံးဝမသင့်တော်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် မိမိက Facebook ကို LinkedIn နှင့်ချိတ် ဆက်သုံးစွဲခြင်း သို့မဟုတ် Twitter နှင့် ချိတ်ဆက်ထားခြင်း စသည်ဖြင့် လူမှုကွန်ရက်များကို တစ်ခုနှင့် တစ်ခုချိတ်ဆက် အသုံးပြုခြင်းကို သတိပြုရမည် ဖြစ်ပါသည်။ ထို့ ကြောင့် ပုဂ္ဂလိကဆန်သော လူမှုကွန် ရက်မျိုးနှင့် အလုပ် သဘော ဆန်သော၊ သတင်းဆန်သော လူမှုကွန်ရက်များကို ချိတ်ဆက်အသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့် လှပါသည်။

၎။ ကုမ္ပဏီသတင်းများ သို့မဟုတ် မိမိအလုပ်ကိစ္စများ

    မိမိရာထူးတိုးခြင်း သို့မဟုတ် ကုမ္ပဏီတိုးချဲ့ခြင်း စသည့်သတင်းမျိုး ကို မိမိအနေဖြင့် တစ်ကမ္ဘာလုံးအား ပြောပြချင်ပေလိမ့်မည်။ သို့သော် အချို့ သတင်းမျိုးသည် တစ်ကမ္ဘာလုံးသိစေခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးမျှ ဖြစ်မလာနိုင်သည့်အပြင် မလိုလားအပ် သည့် အန္တရာယ်မျိုးပါ ရှိလာနိုင်ပါ သည်။ မိမိကုမ္ပဏီ၏ပြိုင်ဖက်များကို အကျိုးရှိသွားစေနိုင်မည့် သတင်းမျိုး ဆိုပါကမူ ဝေမျှရန် မသင့်သော စာရင်းထဲ ထည့်ထားလိုက်ပါက အကောင်းဆုံးဖြစ်သည်။ ကုမ္ပဏီ၏ ရေရှည် ရေတိုစီမံကိန်းသတင်းများ၊ ငွေစာရင်း ကိစ္စများ စသည်တို့မှာမူ အခြားမည် သည့်ရည်ရွယ်ချက်မျိုးမှ မရှိပါက လုံးဝလျှို့ဝှက်ထားလိုက်ရမည် ဖြစ်ပါ သည်။ သိစေချင်သူ တစ်ဦးတစ် ယောက်ရှိပါကလည်း ယခင်နည်း များအတိုင်း ပုဂ္ဂလိကမက်ဆေ့ခ်ျပို့ခြင်း (အီးမေးလ်ပို့ခြင်း)ကိုသာ ဆောင်ရွက် လိုက်ပါ။ အချို့ကုမ္ပဏီများသည် မိမိတို့ အလုပ်ကိစ္စများကို လူမှုကွန်ရက်များပေါ်တွင် လုံးဝမထင်ပေါ်စေလိုသောကြောင့် ဝန်ထမ်းများကို Facebook ကဲ့သို့သော လူမှုကွန်ရက် ဝက်ဘ်ဆိုက်များကို အသုံးမပြုနိုင်စေရန် နည်းပညာ အကူအညီဖြင့် ပြုလုပ် တားဆီးထား တတ်ကြသည်။

၅။ သားသမီးတို့၏ဓာတ်ပုံများ

    Social Networking  ဝက်ဘ် ဆိုက်များကို အသုံးပြုသူများကြား တွင် မိသားစုဓာတ်ပုံများကို ဝေမျှကြ သည့်ဓလေ့ ကျယ်ပြန့်စွာ ရှိနေကြ သည်။ အကယ်၍ မိမိကကိုယ်ပိုင် စာမျက်နှာ Profile Page  ကို ကန့်သတ်မထားသော လူမှုကွန်ရက် အသုံးပြုသူ ၄ဝ ရာခိုင်နှုန်းတွင် ပါဝင်သူဖြစ်နေပါက မိမိတင်လိုက်သမျှ ဓာတ်ပုံတိုင်းကို လူတိုင်းလူတိုင်းaတွ့မြင်နိုင်တော့ မည်ဖြစ်သည်။ အချို့ သူများသည် မိမိ၏သားကောင် ဖြစ်နိုင်ခြေရှိသူများကို အင်တာနက်မှ တစ်ဆင့် မျက်ချေမပြတ်ရှာဖွေနေလေ့ ရှိရာ ယင်းအချက် သည် မိမိအတွက် ရော၊ မိသားစုအတွက်ရော လုံခြုံရေး အတွက် စိတ်မချဖွယ်ပင် ဖြစ်ပါ သည်။ ဥပမာ-မိမိက ”ဒီတစ်ပတ် အမျိုးသားကခရီးထွက်မယ်။” ”သားလေးကအိမ်မှာ တစ်ယောက် တည်းနေတတ်နေပြီ။ ဒီတစ်ပတ် သူ့ကို အိမ်စောင့် ထားခဲ့မယ်” ဟူ သည့်မက်ဆေ့ခ်ျမျိုးကို မိသားစုဓာတ်ပုံ နှင့်တွဲ၍ တင်လိုက်မည်ဆိုပါက အကြံသမားတို့အတွက် တန်ဖိုး ရှိသော သတင်းကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။ မိမိသားသမီး သို့မဟုတ် မိမိကိုယ်တိုင်အတွက်မူ မှန်းဆမရသော အန္တရာယ်ကြီး တစ်ခုရောက်လာနိုင်တော့မည်ဖြစ်သည်။ ထို့ကြောင့် ဘေးကင်းရေးသည် အဓိက ဟူသည့် စကားနှင့်အညီ မိမိအသုံးပြုသော လူမှုကွန်ရက် ဝက်ဘ်ဆိုက်များကို လုံခြုံစိတ်ချရစေရန် Security Setting ကို အသေအချာစီမံ ထားသင့်ပါသည်။

ဆက်ရန်ရှိသည်။

Ref : http://www.facebook.com, http://www.news.bbc.co.uk, http://www.tgdaily.com

အွန်လိုင်းပေါ်တွင် မဝေမျှသင့်သော ကိုယ်ပိုင်အချက်အလက်များ (၁)
=================================
၂ဝဝ၅ ခုနှစ်နှောင်းပိုင်းတွင် အင်တာနက်ပေါ်မှ လူမှုကွန်ရက်- Social Networking Websites များသည် ကမ္ဘာ့လူသားများ အကြား ရေပန်း စားလာခဲ့ကာ ယနေ့ခေတ် ဆိုလျှင် ”ခေတ်မီသူတိုင်း အွန်လိုင်း လူမှုကွန်ရက် များအသုံးပြု ကြသည်” ဟူ ၍ဖြစ်လာ လျက်ရှိသည်။

အင်တာနက်အသုံးပြုသူ ကမ္ဘာ့ လူငယ်အားလုံး၏ ၃၅ ရာခိုင်နှုန်းတွင် လူမှုကွန်ရက်တစ်ခုခုပေါ်တွင် ကိုယ် ပိုင်စာမျက်နှာ- Profile တစ်ခုစီရှိနေ ကြပြီး ၅၁ ရာခိုင်နှုန်းတွင် တစ်ခု ထက်ပိုသော ကိုယ်ပိုင်စာမျက်နှာများ ရှိနေသည်ဟု USA Today ၏ဖော်ပြချက် အရသိရသည်။

ထို့ပြင် အသက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်းရှိ အင်တာနက်အသုံးပြုသူ လူငယ်များ၏ လေးပုံ သုံးပုံခန့်သည် အွန်လိုင်း Profile တစ်ခု စီ အနည်းဆုံး ရှိနေကြသည် ဟုလည်း USA Today ၏ စစ်တမ်းထဲ တွင် ပါဝင်သည်။

The Pew သုတေသနဌာန၏ တွေ့ရှိချက်အရ အဆိုပါပုဂ္ဂိုလ်တို့၏ ၈၉ ရာခိုင်နှုန်းသည် ယင်းလူမှု ကွန်ရက်ဝက်ဘ်ဆိုက်များကို အသုံး ပြုခြင်း၏ရည်ရွယ်ချက်မှာ မိတ်ဆွေ အပေါင်းအသင်းသူငယ်ချင်းများနှင့် အဆက်အသွယ် မပြတ်လို၍ဖြစ်ပြီး ၅၇ ရာခိုင်နှုန်း မှာ သူငယ်ချင်းများနှင့် အစီအစဉ်များရေးဆွဲလိုခြင်းကြောင့်နှင့် ၄၉ ရာခိုင်နှုန်းမှာ သူငယ်ချင်းအသစ် များ ထပ်မံ ရှာဖွေတွေ့လို ၍ ဖြစ် သည်ဟု ဆိုသည်။

ယနေ့ခေတ်တွင် အွန်လိုင်းလူမှု ကွန်ရက်ပေါင်း တစ်ရာကျော်ရှိရာ Facebook, MySpace, Twitter, LinkedIn, Black Planet စသည်တို့မှာ လူသုံးများပြီး ပေါ်ပြူလာအဖြစ် ဆုံး ဝက်ဘ်ဆိုက်များဖြစ်ကြသည်။ အသုံးပြုသူတို့က ယင်းလူမှုကွန်ရက်များပေါ် တွင် အတွေး လူမှုကွန် ရက်ပေါ်မှ မိတ်ဆွေအချို့နှင့် ပျော်ပွဲ စားကဲ့သို့သော အစီအစဉ်တစ်ခုစီစဉ်ပါကလည်း ယင်း မိတ်ဆွေများကို အီးမေးလ်ပေးပို့ခြင်း သို့မဟုတ် လူမှုကွန်ရက်မှတစ်ဆင့် မက်ဆေ့ခ်ျပေးပို့ ခြင်းမျိုးသာ လုပ်ဆောင် သင့်ပါသည်။ သို့မဟုတ်ပါက မိမိ၏စိတ်လက်ချမ်း သာမှုကို အနှောင့် အယှက်ပေးလာနိုင် မည့်ကိစ္စများကို တစ်နည်းမဟုတ် တစ်နည်း တွေ့ကြုံလာနိုင်၍ ဖြစ်ပါ သည်။

မိမိအနေဖြင့်မူ မိမိအတွက်ကော၊ မိတ်ဆွေအပေါင်းအသင်းများအတွက်ပါ အကျိုးဖြစ်ထွန်းစေမည့် သတင်းအချက် အလက် ကိုသာ ရွေးချယ်ဝေမျှ နိုင်ပါသည်။ သုတေသနစစ်တမ်း တစ်ခုအရ လူမှုကွန်ရက်စာမျက်နှာ ပိုင်ရှင်များထဲမှ ၄ဝ ရာခိုင်နှုန်းခန့် သည် မိမိကိုယ်ပိုင်စာမျက်နှာကို လူတိုင်း ဝင်ရောက်ကြည့်ရှုနိုင်ရန် Open Access ထားရှိကြပြီး ကျန် ၆ဝ ရာခိုင်နှုန်းကမူ ဝင်ကြည့်နိုင်သူကို ကန့်သတ်ထားသည်ဟုဆိုသည်။ ယင်းကဲ့သို့ ကန့်သတ်ထားခြင်းအား ဖြင့်လည်း သတင်းအချက် အလက်ဖောင်း ပွခြင်းကို တားဆီးနိုင်ပါလိမ့်မည်။

သူစိမ်းများကို မိမိ၏ကိုယ်ရေးကိုယ်တာ အချက်အလက်များပေးသိ ခြင်းဖြင့် မိမိအကျိုးစီးပွားများထိခိုက်မှု မရှိစေရန် လူမှုကွန်ရက် များတွင် ဝေမျှရန် မသင့်သည့် အချက်အလက် (၁ဝ)ချက်ကို ဖော်ပြလိုက်ပါသည်။

၁။ကိုယ်ရေးကိုယ်တာကိစ္စအပြန်အလှန်ပြောစကားများ

Facebook ပေါ်တွင် အသုံးပြု သူများသည် ပုဂ္ဂိုလ်ရေးရာ မက်ဆေ့ခ်ျများကို ပေးပို့နိုင်ပြီး ကိုယ်ပိုင်မှတ်စုများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များကို လည်း ဝေမျှနိုင်သဖြင့် ကိုယ်ရေး ကိုယ်တာကိစ္စများကို ဘယ်သောအခါမှ မဝေမျှသင့်ပါ။ ကိုယ်ရေးကိုယ်တာ ကိစ္စများကို တစ်ကမ္ဘာလုံးကို သိစေခြင်းဖြင့်အကျိုးများလာမည်လည်း မဟုတ်သောကြောင့် မိမိ၏လုံခြုံရေးအတွက်ကော၊ သူတစ် ပါးအတွက် မလိုအပ်သော သတင်းအချက်အလက်များ မဖြစ်စေရေး အတွက်ပါ မိမိ၏ ကိုယ်ပိုင်စာမျက် နှာပေါ်တွင် ပုဂ္ဂလိကရေး ရာ များကို သတိပြုဝေမျှခြင်းဖြင့် လူမှုကွန်ရက်များကို အကျိုးရှိစွာ အသုံးချနိုင် မည်ဖြစ်ပါသည်။ အကယ်၍ မိတ်ဆွေ အချို့ သို့မဟုတ် တစ်စုံတစ်ဦးကို အသိပေးလိုသည့်အချက်အလက်ရှိနေပါက တိုက်ရိုက်မက်ဆေ့ခ်ျပို့ခြင်း သို့မဟုတ် အီးမေးလ်ပို့ခြင်းကို အသုံး ပြု ပါက ပိုမိုထိရောက်သလို ပို၍ လည်း လုံခြုံစိတ်ချရနိုင်ပါသည်။

၂။ လူမှုရေးကိစ္စ အစီအစဉ်များ

မိမိ၏လူမှုရေးရာ ပွဲလမ်းအစီ အစဉ်များအားလုံးကို လူတိုင်းလူတိုင်း သိမြင်နိုင်နေခြင်းမှာ မသင့်တော်လှ သော ဖြစ်ရပ်ဖြစ်သည်။ လူအများ လွတ်လပ်စွာလာရောက်ပျော်ရွှင်နိုင်မည့် ပွဲလမ်းအချို့မှလွဲလျှင် မိမိစီစဉ်ကျင်းပသမျှပွဲတိုင်းကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖော်ပြရန်မသင့်လှပါ။ လူမှုကွန်ရက်ပေါ်မှ မိတ်ဆွေ အချို့နှင့် ပျော်ပွဲစားကဲ့သို့သော အစီ အစဉ်တစ်ခုစီစဉ် ပါကလည်း ယင်း မိတ်ဆွေများကို အီးမေးလ်ပေးပို့ခြင်း သို့မဟုတ် လူမှုကွန်ရက်မှတစ်ဆင့် မက်ဆေ့ခ်ျပေးပို့ခြင်းမျိုး သာ လုပ် ဆောင် သင့်ပါသည်။ သို့မဟုတ်ပါက မိမိ၏စိတ်လက်ချမ်းသာမှုကို အနှောင့် အယှက်ပေးလာနိုင်မည့် ကိစ္စများကို တစ်နည်းမဟုတ် တစ်နည်း တွေ့ကြုံ လာနိုင်၍ ဖြစ်ပါသည်။

၃။ မူလလူမှုကွန်ရက်များနှင့်ချိတ်ဆက်ထားသော အခြားလူမှုကွန်ရက်ဝက်ဘ်ဆိုက်များ

လူမှုကွန်ရက် အသုံးပြုသူများ၏ ၅၁ ရာခိုင်နှုန်းသည် လူမှုကွန်ရက် များကို တစ်ခုနှင့်တစ်ခု ချိတ်ဆက် အသုံးပြုတတ်ကြသည်။ သို့ဖြစ်ရာ တစ်ခုပေါ်တွင် ဝေမျှလိုက်သည့် သတင်းအချက်အလက်သည် အခြား ချိတ်ဆက်ထားသည့် စာမျက်နှာ များပေါ်တွင်ပါ အလိုအလျောက်သွား ပေါ်နေမည်ဖြစ်၍ အထူးသတိပြုသင့် ပါသည်။ ဥပမာ – Facebook ပေါ် တွင် ဝေမျှရန် စိတ်ချရသည်ဟု ထင်ရ သော သတင်းအချက် အလက်မျိုး သည် အခြားလူမှုကွန်ရက်ပေါ်တွင်မူ စိတ်ချလက်ချဖြစ်ချင်မှ ဖြစ်နိုင်လိမ့်မည်။ Facebook တွင်ဝေမျှသည့် ပုဂ္ဂိုလ်ရေးရာသတင်းအချက်အလက်သည် LinkedIn ကဲ့သို့သော အလုပ် သဘောဆန်သည့် Professional လူမှုကွန်ရက်မျိုးတွင် ဝေမျှရန် လုံးဝမသင့်တော်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် မိမိက Facebook ကို LinkedIn နှင့်ချိတ် ဆက်သုံးစွဲခြင်း သို့မဟုတ် Twitter နှင့် ချိတ်ဆက်ထားခြင်း စသည်ဖြင့် လူမှုကွန်ရက်များကို တစ်ခုနှင့် တစ်ခုချိတ်ဆက် အသုံးပြုခြင်းကို သတိပြုရမည် ဖြစ်ပါသည်။ ထို့ ကြောင့် ပုဂ္ဂလိကဆန်သော လူမှုကွန် ရက်မျိုးနှင့် အလုပ် သဘော ဆန်သော၊ သတင်းဆန်သော လူမှုကွန်ရက်များကို ချိတ်ဆက်အသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့် လှပါသည်။

၎။ ကုမ္ပဏီသတင်းများ သို့မဟုတ် မိမိအလုပ်ကိစ္စများ

မိမိရာထူးတိုးခြင်း သို့မဟုတ် ကုမ္ပဏီတိုးချဲ့ခြင်း စသည့်သတင်းမျိုး ကို မိမိအနေဖြင့် တစ်ကမ္ဘာလုံးအား ပြောပြချင်ပေလိမ့်မည်။ သို့သော် အချို့ သတင်းမျိုးသည် တစ်ကမ္ဘာလုံးသိစေခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးမျှ ဖြစ်မလာနိုင်သည့်အပြင် မလိုလားအပ် သည့် အန္တရာယ်မျိုးပါ ရှိလာနိုင်ပါ သည်။ မိမိကုမ္ပဏီ၏ပြိုင်ဖက်များကို အကျိုးရှိသွားစေနိုင်မည့် သတင်းမျိုး ဆိုပါကမူ ဝေမျှရန် မသင့်သော စာရင်းထဲ ထည့်ထားလိုက်ပါက အကောင်းဆုံးဖြစ်သည်။ ကုမ္ပဏီ၏ ရေရှည် ရေတိုစီမံကိန်းသတင်းများ၊ ငွေစာရင်း ကိစ္စများ စသည်တို့မှာမူ အခြားမည် သည့်ရည်ရွယ်ချက်မျိုးမှ မရှိပါက လုံးဝလျှို့ဝှက်ထားလိုက်ရမည် ဖြစ်ပါ သည်။ သိစေချင်သူ တစ်ဦးတစ် ယောက်ရှိပါကလည်း ယခင်နည်း များအတိုင်း ပုဂ္ဂလိကမက်ဆေ့ခ်ျပို့ခြင်း (အီးမေးလ်ပို့ခြင်း)ကိုသာ ဆောင်ရွက် လိုက်ပါ။ အချို့ကုမ္ပဏီများသည် မိမိတို့ အလုပ်ကိစ္စများကို လူမှုကွန်ရက်များပေါ်တွင် လုံးဝမထင်ပေါ်စေလိုသောကြောင့် ဝန်ထမ်းများကို Facebook ကဲ့သို့သော လူမှုကွန်ရက် ဝက်ဘ်ဆိုက်များကို အသုံးမပြုနိုင်စေရန် နည်းပညာ အကူအညီဖြင့် ပြုလုပ် တားဆီးထား တတ်ကြသည်။

၅။ သားသမီးတို့၏ဓာတ်ပုံများ

Social Networking ဝက်ဘ် ဆိုက်များကို အသုံးပြုသူများကြား တွင် မိသားစုဓာတ်ပုံများကို ဝေမျှကြ သည့်ဓလေ့ ကျယ်ပြန့်စွာ ရှိနေကြ သည်။ အကယ်၍ မိမိကကိုယ်ပိုင် စာမျက်နှာ Profile Page ကို ကန့်သတ်မထားသော လူမှုကွန်ရက် အသုံးပြုသူ ၄ဝ ရာခိုင်နှုန်းတွင် ပါဝင်သူဖြစ်နေပါက မိမိတင်လိုက်သမျှ ဓာတ်ပုံတိုင်းကို လူတိုင်းလူတိုင်းaတွ့မြင်နိုင်တော့ မည်ဖြစ်သည်။
 
 အချို့ သူများသည် မိမိ၏သားကောင် ဖြစ်နိုင်ခြေရှိသူများကို အင်တာနက်မှ တစ်ဆင့် မျက်ချေမပြတ်ရှာဖွေနေလေ့ ရှိရာ ယင်းအချက် သည် မိမိအတွက် ရော၊ မိသားစုအတွက်ရော လုံခြုံရေး အတွက် စိတ်မချဖွယ်ပင် ဖြစ်ပါ သည်။ ဥပမာ-မိမိက ”ဒီတစ်ပတ် အမျိုးသားကခရီးထွက်မယ်။” ”သားလေးကအိမ်မှာ တစ်ယောက် တည်းနေတတ်နေပြီ။
 
 ဒီတစ်ပတ် သူ့ကို အိမ်စောင့် ထားခဲ့မယ်” ဟူ သည့်မက်ဆေ့ခ်ျမျိုးကို မိသားစုဓာတ်ပုံ နှင့်တွဲ၍ တင်လိုက်မည်ဆိုပါက အကြံသမားတို့အတွက် တန်ဖိုး ရှိသော သတင်းကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။ မိမိသားသမီး သို့မဟုတ် မိမိကိုယ်တိုင်အတွက်မူ မှန်းဆမရသော အန္တရာယ်ကြီး တစ်ခုရောက်လာနိုင်တော့မည်ဖြစ်သည်။ 
 
ထို့ကြောင့် ဘေးကင်းရေးသည် အဓိက ဟူသည့် စကားနှင့်အညီ မိမိအသုံးပြုသော လူမှုကွန်ရက် ဝက်ဘ်ဆိုက်များကို လုံခြုံစိတ်ချရစေရန် Security Setting ကို အသေအချာစီမံ ထားသင့်ပါသည်။

ဆက်ရန်ရှိသည်။

Ref : http://www.facebook.com/, http://www.news.bbc.co.uk/, http://www.tgdaily.com/
 
 ရွှေအိမ်စည်

နေ့စဉ်သုံး လျှပ်တစ်ပြက် အင်္ဂလိပ်ဝါကျများ

Photo: နေ့စဉ်သုံး လျှပ်တစ်ပြက် အင်္ဂလိပ်ဝါကျများ
=======================
1. I say = ဟေ့လူ။
2. I see = ဟုတ်ပြီ / သဘောပေါက်ပြီ။
3. You see? = သိလား။
4. I do = သဘောတူပါတယ်။
5. I’m done = ငါတော့ ပြည်ဖုံးကားချလိုက်ပြီ။

6. Done! = ကောင်းပြီ သဘောတူတယ်/ ဖြစ်စေရမယ်။
7. I’m up! = ကျွန်ုပ်အိပ်ယာနိုးပြီ။
8. I’m all ears = ကျွန်ုပ် နားထောင်နေပါတယ်။
9. I give up = ပန်းပေးတယ်/ အရှုံးပေးတယ်။
10. Search me! = ပန်းပေးတယ်/ ကျွန်ုပ်မသိပါ။
11. I quit = ကျွန်ုပ် နုတ်ထွက်တယ်။
12. I’m buying = ကျွန်တော်/မ ဒကာခံမယ်။
13. My treat = ကျွန်တော်/မ ကျွေးမယ်။
14. Your treat? = မင်းကျွေးမှာလား…။
15. How much do I owe you? = ဘယ်လောက်ကျပါသလဲ…။
16. That calls for celebrations! = မုန့်ကျွေးသင့်တယ်။
17. God bless you! = ဘုရားသခင်ကောင်းချီးပေးပါစေ။
(နှာချေရာ၌ အသုံးပြုသည်)
18. Good bless you = ကျေးဇူးကြီးပါပေတယ်။
19. Touch wood = တိုက်တိုက်ဆိုင်ဆိုင်စကားဆုံမိလျှင်
ဆုတောင်းခြင်း။
20. Knock on wood! = ကံကောင်းပါစေ…။
21. Cross my heart! = ဘုရားစူး။
22. Keep your fingers crossed! = အောင်မြင်ဖို့ဆုတောင်းနေကြ။၏
23. Swear upon the Bible! = ဘုရားပေးပေး ကျမ်းပေးပေး။
24. Swear to God = ဘုရားစူး။
25. Thank God! = တော်ပါသေးရဲ့။
26. Jeeze! = ဘုရားရေ။
27. Holy cow! = အမလေး။
28. Good Heavens! = အမလေး။
29. Ma…ma…mia… ! = အမလေး … လေး။
30. My…my ! = အမလေး … လေး။
31. Wish me luck! = ဆုတောင်းပေးပါ။
32. Let’s say grace = ဆုတောင်းကြစို့။
33. By the grace of God = ဘုရားကျေးဇူးတော်ကြောင့်။
34. God forbid! = ဖွ… လွဲစေဖယ်စေ။
35. Freeze! = မလှုပ်နဲ့။
36. Hold still = မလှုပ်နဲ့… ငြိမ်ငြိမ်နေ။
37. Hold sit! = ရပ်လိုက် / နေဦး။
38. Thumbs up! = အောင်ပြီဟေ့။
39. Come on ! = လာလေကွာ။
40. (Just) you dare ! = လုပ်ရဲလုပ်ကြည့်စမ်း။
41. Just you wait ! = မင်းသိမယ် / မင်းစောင့်နေပါ။
42. Just in case = လိုလိုမယ်မယ်။
43. Just as I thought = ငါထင်တဲ့အတိုင်းပဲ။
44. Shut up ! = ပါးစပ်ပိတ်။
45. Take that ! = ကဲကွာ။
46. Break it up ! = ရန်ဖြစ်တာ တော်ကြတော့။
47. Enough is enough = တော်တန်တိတ်..။ (တော်ပြီဆို တော်ပြီ)
48. A deal is a deal! = အပေးအယူလုပ်ပြီးသားက လုပ်ပြီးသားပဲ။
49. Deal ! = သဘောတူတယ်။
50. No kidding = နောက်နေတာမဟုတ်ဘူး။
51. No fooling you = နောက်နေတာမဟုတ်ဘူး။
52. Never say never again. = စကားအကုန်မပြောနဲ့။ (ဆိုခဲစေ မြဲစေ)
53. Never say die = ဘယ်တော့မှ အရှုံးမပေးနဲ့။
54. Never say lie = ဘယ်တော့မှ မုသားမပြောနဲ့။
55. It never rains but pours = ပြဿနာပေါင်း သောင်းခြောက်ထောင်
56. A watched pot never boils = စောင့်ကြည့်နေရင် ဘယ်တော့မှဖြစ်မလာဘူး။
57. Age before beauty = အသက်ကြီးသူကို ဦးစားပေးပါ။
58. Act your age ! = အရွယ်နဲ့လိုက်အောင်နေစမ်း။
59. Take it easy = ဖြည်းဖြည်းပေါ့။
60. Easy now = ဖြည်းဖြည်းပဲ၊ စိတ်အေးအေးထား။
61. Right away ! = အခုချက်ချင်း။
62. Make it snappy = မြန်မြန်လုပ်ကွာ။
63. Look alive ! = မြန်မြန်လုပ်။
64. Dead or alive ! = အသေရရ၊ အရှင်ရရ။
65. Alive and kicking = သက်ရှင်လှုပ်ရှားဆဲပဲ။
66. Let's rock n' roll = လှုပ်ရှားလိုက်ကြစို့။
67. Show time ! = လှုပ်ရှားလိုက်ကြစို့။
68. Believe it or not ! = ယုံချင်ယုံ မယုံချင်နေ။
69. Take my word = ကျွန်တော်ပြောတာယုံပါ။
70. Too good to be true = ယုံတောင် မယုံရဘူး။
72. Have a nice day = ပျော်ရွှင်သောနေ့ ဖြစ်ပါစေ။
72. Keep the faith = ယုံကြည်စမ်းပါ။
73. Go for it ! = လုပ်ထားကွ။
74. The show must go on = လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ။
75. It goes without saying = အထူးပြောစရာ မလိုပါဘူး။
76. Going... gone... gone = သွားတော့မယ်… သွားတော့မယ်… သွားပြီ။
77. Go! Go! Go! Go! = လုပ်ကြ… လုပ်ကြ။
78. Go... go ! = လုပ်ထားကွ။
79. Out you go ! = ထွက်သွား.. ထွက်ထွက်…။
80. One down, two to go = တစ်ယောက်ကျရင် နှစ်ယောက်တက်မယ်။
81. Let bygones be bygones = ပြီးခဲ့တာတွေလည်း ပြီးပါစေတော့
82. It'll go down in history = သမိုင်းတွင်ကျန်ရစ်မယ်။
83. Let go ! = လွှတ်စမ်း၊ လွှတ်လိုက်။
84. Duty calls ! = ကိစ္စလေးပေါ်လာလို့ သွားလိုက်ဦးမယ်။
85. Nature calls ! = အိမ်သာသွားလိုက်ဦးမယ်။
86. Where can I wash my hands? = အိမ်သာလေး ခဏတက်ချင်တယ်။
87. Where can I powder my nose? = အိမ်သာလေး ခဏတက်ချင်တယ်။ (အမျိုးသမီးများအတွက်သာ)
88. Got to do what you go to do = အန္တရာယ် မလွယ်ကောင်းဘူး။
89. Near miss ! = ကပ်လွဲသွားတယ်ကွာ။
90. Bull's=eye = ပစ်မှတ်ထိတယ်။
91. Far from it ! = တခြားစီပဲ။
92. Far out ! = မိုက်တယ်ကွာ။
93. Head or tail? = ခေါင်းလား၊ ပန်းလား။
94. Head you win tail you lose = ခေါင်းဆိုမင်းနိုင်၊ ပန်းဆိုမင်းရှုံး။
95. Money makes everything = ပိုက်ဆံရှိရင် အကုန်ဖြစ်တယ်။
96. You look like shit! = မင်းပုံက စုတ်ပြတ်နေတာပဲ။
97. Give me a break = အေးအေးဆေးဆေးနေပါရစေဦး..။ (လာမနှောင့်ယှက်ပါနဲ့)
98. That's great ! = သိပ်ကောင်းတာပေါ့ကွာ။
99. ..... man = … ကွာ။
100. ... the hell... ? = … ကွ။

(မည်သျူမဆိုမျှဝေယူနိုင်သည်Shwe Eaim Siရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်)

န့စဉ်သုံး လျှပ်တစ်ပြက် အင်္ဂလိပ်ဝါကျများ
=======================
1. I say = ဟေ့လူ။
2. I see = ဟုတ်ပြီ / သဘောပေါက်ပြီ။
3. You see? = သိလား။
4. I do = သဘောတူပါတယ်။
5. I’m done = ငါတော့ ပြည်ဖုံးကားချလိုက်ပြီ။

6. Done! = ကောင်းပြီ သဘောတူတယ်/ ဖြစ်စေရမယ်။
7. I’m up! = ကျွန်ုပ်အိပ်ယာနိုးပြီ။
8. I’m all ears = ကျွန်ုပ် နားထောင်နေပါတယ်။
9. I give up = ပန်းပေးတယ်/ အရှုံးပေးတယ်။
10. Search me! = ပန်းပေးတယ်/ ကျွန်ုပ်မသိပါ။
11. I quit = ကျွန်ုပ် နုတ်ထွက်တယ်။
12. I’m buying = ကျွန်တော်/မ ဒကာခံမယ်။
13. My treat = ကျွန်တော်/မ ကျွေးမယ်။
14. Your treat? = မင်းကျွေးမှာလား…။
15. How much do I owe you? = ဘယ်လောက်ကျပါသလဲ…။
16. That calls for celebrations! = မုန့်ကျွေးသင့်တယ်။
17. God bless you! = ဘုရားသခင်ကောင်းချီးပေးပါစေ။
(နှာချေရာ၌ အသုံးပြုသည်)
18. Good bless you = ကျေးဇူးကြီးပါပေတယ်။
19. Touch wood = တိုက်တိုက်ဆိုင်ဆိုင်စကားဆုံမိလျှင်
ဆုတောင်းခြင်း။
20. Knock on wood! = ကံကောင်းပါစေ…။
21. Cross my heart! = ဘုရားစူး။
22. Keep your fingers crossed! = အောင်မြင်ဖို့ဆုတောင်းနေကြ။၏
23. Swear upon the Bible! = ဘုရားပေးပေး ကျမ်းပေးပေး။
24. Swear to God = ဘုရားစူး။
25. Thank God! = တော်ပါသေးရဲ့။
26. Jeeze! = ဘုရားရေ။
27. Holy cow! = အမလေး။
28. Good Heavens! = အမလေး။
29. Ma…ma…mia… ! = အမလေး … လေး။
30. My…my ! = အမလေး … လေး။
31. Wish me luck! = ဆုတောင်းပေးပါ။
32. Let’s say grace = ဆုတောင်းကြစို့။
33. By the grace of God = ဘုရားကျေးဇူးတော်ကြောင့်။
34. God forbid! = ဖွ… လွဲစေဖယ်စေ။
35. Freeze! = မလှုပ်နဲ့။
36. Hold still = မလှုပ်နဲ့… ငြိမ်ငြိမ်နေ။
37. Hold sit! = ရပ်လိုက် / နေဦး။
38. Thumbs up! = အောင်ပြီဟေ့။
39. Come on ! = လာလေကွာ။
40. (Just) you dare ! = လုပ်ရဲလုပ်ကြည့်စမ်း။
41. Just you wait ! = မင်းသိမယ် / မင်းစောင့်နေပါ။
42. Just in case = လိုလိုမယ်မယ်။
43. Just as I thought = ငါထင်တဲ့အတိုင်းပဲ။
44. Shut up ! = ပါးစပ်ပိတ်။
45. Take that ! = ကဲကွာ။
46. Break it up ! = ရန်ဖြစ်တာ တော်ကြတော့။
47. Enough is enough = တော်တန်တိတ်..။ (တော်ပြီဆို တော်ပြီ)
48. A deal is a deal! = အပေးအယူလုပ်ပြီးသားက လုပ်ပြီးသားပဲ။
49. Deal ! = သဘောတူတယ်။
50. No kidding = နောက်နေတာမဟုတ်ဘူး။
51. No fooling you = နောက်နေတာမဟုတ်ဘူး။
52. Never say never again. = စကားအကုန်မပြောနဲ့။ (ဆိုခဲစေ မြဲစေ)
53. Never say die = ဘယ်တော့မှ အရှုံးမပေးနဲ့။
54. Never say lie = ဘယ်တော့မှ မုသားမပြောနဲ့။
55. It never rains but pours = ပြဿနာပေါင်း သောင်းခြောက်ထောင်
56. A watched pot never boils = စောင့်ကြည့်နေရင် ဘယ်တော့မှဖြစ်မလာဘူး။
57. Age before beauty = အသက်ကြီးသူကို ဦးစားပေးပါ။
58. Act your age ! = အရွယ်နဲ့လိုက်အောင်နေစမ်း။
59. Take it easy = ဖြည်းဖြည်းပေါ့။
60. Easy now = ဖြည်းဖြည်းပဲ၊ စိတ်အေးအေးထား။
61. Right away ! = အခုချက်ချင်း။
62. Make it snappy = မြန်မြန်လုပ်ကွာ။
63. Look alive ! = မြန်မြန်လုပ်။
64. Dead or alive ! = အသေရရ၊ အရှင်ရရ။
65. Alive and kicking = သက်ရှင်လှုပ်ရှားဆဲပဲ။
66. Let's rock n' roll = လှုပ်ရှားလိုက်ကြစို့။
67. Show time ! = လှုပ်ရှားလိုက်ကြစို့။
68. Believe it or not ! = ယုံချင်ယုံ မယုံချင်နေ။
69. Take my word = ကျွန်တော်ပြောတာယုံပါ။
70. Too good to be true = ယုံတောင် မယုံရဘူး။
72. Have a nice day = ပျော်ရွှင်သောနေ့ ဖြစ်ပါစေ။
72. Keep the faith = ယုံကြည်စမ်းပါ။
73. Go for it ! = လုပ်ထားကွ။
74. The show must go on = လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ။
75. It goes without saying = အထူးပြောစရာ မလိုပါဘူး။
76. Going... gone... gone = သွားတော့မယ်… သွားတော့မယ်… သွားပြီ။
77. Go! Go! Go! Go! = လုပ်ကြ… လုပ်ကြ။
78. Go... go ! = လုပ်ထားကွ။
79. Out you go ! = ထွက်သွား.. ထွက်ထွက်…။
80. One down, two to go = တစ်ယောက်ကျရင် နှစ်ယောက်တက်မယ်။
81. Let bygones be bygones = ပြီးခဲ့တာတွေလည်း ပြီးပါစေတော့
82. It'll go down in history = သမိုင်းတွင်ကျန်ရစ်မယ်။
83. Let go ! = လွှတ်စမ်း၊ လွှတ်လိုက်။
84. Duty calls ! = ကိစ္စလေးပေါ်လာလို့ သွားလိုက်ဦးမယ်။
85. Nature calls ! = အိမ်သာသွားလိုက်ဦးမယ်။
86. Where can I wash my hands? = အိမ်သာလေး ခဏတက်ချင်တယ်။
87. Where can I powder my nose? = အိမ်သာလေး ခဏတက်ချင်တယ်။ (အမျိုးသမီးများအတွက်သာ)
88. Got to do what you go to do = အန္တရာယ် မလွယ်ကောင်းဘူး။
89. Near miss ! = ကပ်လွဲသွားတယ်ကွာ။
90. Bull's=eye = ပစ်မှတ်ထိတယ်။
91. Far from it ! = တခြားစီပဲ။
92. Far out ! = မိုက်တယ်ကွာ။
93. Head or tail? = ခေါင်းလား၊ ပန်းလား။
94. Head you win tail you lose = ခေါင်းဆိုမင်းနိုင်၊ ပန်းဆိုမင်းရှုံး။
95. Money makes everything = ပိုက်ဆံရှိရင် အကုန်ဖြစ်တယ်။
96. You look like shit! = မင်းပုံက စုတ်ပြတ်နေတာပဲ။
97. Give me a break = အေးအေးဆေးဆေးနေပါရစေဦး..။ (လာမနှောင့်ယှက်ပါနဲ့)
98. That's great ! = သိပ်ကောင်းတာပေါ့ကွာ။
99. ..... man = … ကွာ။
100. ... the hell... ? = … ကွ။

ရွှေအိမ်စည်စာကြည့်တိုက်

"လူတို့ရဲ့ အသက်တမ်း ဆုတ်ယုတ်ပုံ"

"လူတို့ရဲ့ အသက်တမ်း ဆုတ်ယုတ်ပုံ"
**************************************
အရှင်ဘုရား၊ ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။ တပည့်တော်မ လူတို့ရဲ့ အသက်တမ်း ဆုတ်ယုတ်ပုံ အကြောင်းအရာလေးကို ပြည့်စုံစွာသိလိုပါသည်ဘုရား။ အဘယ်ကြောင့် သက်တမ်းယုတ်လျော့ရသည်ကို သနားငဲ့ညာစွာဖြင့် ဖြေကြားပေးတော်မူပါဘုရား။ အရှင်ဘုရား၏ ဘာသာရေး၊ အမျိုးသားရေး ဆောင်းပါးများကို အမြဲတမ်း အားပေးဖတ်ရှုပါသည်ဘုရား။ ဗဟုသုတများစွာရသည့်အတွက်လည်း အရှင်ဘုရားအား လေးစားကြည်ညိုမိပါသည်ဘုရား။ အထူးသဖြင့် အမျိုးသားရေးပိုစ့်များမှာ အရှင်ဘုရား၏ တပည့်တော်တို့ အမျိုး ဘာသာအပေါ် ထားရှိသည့် စိတ်ဓာတ်ကို အမြဲတမ်း လေးစားမိပါသည်။ အတုလည်း ယူမိပါသည်ဘုရား။ အရှင်ဘုရား အမျိုး ဘသာ သာသနာ့အကျိုးကို ဆထက်တိုးပြီး သာသနာပြုနိုင်ပါစေ။
ဦးတင်ပါသည်ဘုရား။             ။ ကြည်ကြည်ဦး (ခေတ္တ- ဂျပန်)

ဤရုပ်ဓာတ်သင်္ခါရတရားတို့သည် ဤကဲ့သို့ဖြစ်ပြီးလျှင် တစ်ဖန်ပျက်စီးပြန်၏။ အဘယ်သို့ ပျက်စီးလေသနည်း။ ကမ္ဘာဦးအခါ၌ လူတို့၏အသက်သည် ကျွန်းတိုင်းမှာပင် အသင်္ချေယျတိုင်အောင် နေရ၏။  ထိုအသင်္ချေယျတမ်းမှသည် သတ္တဝါတို့၏ သန္တာန်၌ အကုသိုလ်တရား တဖြည်းဖြည်း စည်းကားတိုးပွား၍ လာခြင်းကြောင့် ဥတု အာဟာရ တို့သည် ဖောက်ပြန်သောင်းကျန်း ယုတ်ညံ့ ကြမ်းတမ်း၍ လာသဖြင့် လူတို့၏ အသက်တမ်းသည် တဖြည်းဖြည်း ဆုတ်ယုတ်၍ လာ၏။ ထိုသို့ လာရာ၌ မြောက်ကျွန်းသားတို့သည် တစ်ထောင်တမ်းသို့ကျလျှင် မတိုးမဆုတ် အမြဲတန့်ရပ်၍ တည်ကုန်၏။ အရှေ့ကျွန်း အနောက်ကျွန်းသားတို့ကား ငါးရာတမ်းသို့ကျလျှင် မတိုးမဆုတ် ရပ်တန့်၍ တည်ကုန်၏။ တောင်ကျွန်းသားတို့မူကား ဆယ်နှစ်တမ်းသို့ကျအောင် ဆုတ်ယုတ်၍ လာကုန်၏။ တစ်ရာတမ်း၌ သလေးဆန် သလေးထမင်းသည် မင်းသုံးမင်းဆောင် ဖြစ်ဘိသကဲ့သို့ ထိုဆယ်နှစ်တမ်း၌ လူးဆန်၊ လူးထမင်းသည် အကောင်းဆုံး မင်းသုံးမင်းဆောင်ဖြစ်လေ၏။

ငါးနှစ်ရွယ်ရှိသော မိန်းကလေးသည် အချိန် အရွယ်ရောက်သဖြင့် လက်ထပ်မင်္ဂလာ ဆောင်လောက်၏။ သားနှင့်အမိလည်း မှားယွင်းကြလေတော့၏။ သမီးနှင့် အဘလည်း မှားယွင်းကြလေတော့၏။ မောင်နှင့် နှမလည်း မှားယွင်းကြလေတော့၏။ ခွေး ဝက်တို့ကဲ့သို့ ဟိရီ သြတ္တပ္ပဟူသော လောကပါလတရားမှ ကင်းကြလေတော့၏။ ရာဂ၊ ဒေါသ၊ မောဟတရား အလွန်အားကြီးလေကုန်၏။ ထိုအခါ ရာဂလွန်ကဲစွာ အားကြီးလျှင် ရောဂါဘေးနှိပ်စက်ခြင်း(ရောဂန္တရကပ်)၊ ဒေါသလွန်ကဲစွာ အားကြီးလျှင် ဓား လက်နက်ဘေး နှိပ်စက်ခြင်းဟူသော သတ္တန္တရကပ်၊ မောဟကြီးစွာလွန်ကဲလျှင် ငတ်မွတ်ဘေး နှိပ်စက်ခြင်းဟူသော ဒုဗ္ဘိက္ခန္တရကပ်၊ ဤကပ်သုံးပါးတို့တွင် တစ်ပါးပါးသော ကပ်သည် ခုနှစ်ရက်ပတ်လုံး အားကြီးစွာ နှိပ်စက်၍ လူတို့သည်သေကြေ ပျက်စီးကြလေကုန်၏။ ယခုရောက်လတ္တံ့သော ဆယ်နှစ်တမ်း၌ ကား သတ္တန္တရကပ် တိုက်လတ္တံ့၊ ထိုအခါ တစ်ဦးသောသူက ဓားနှင့်ခုတ်မည်ဟုလာလျှင် တစ်ဦးသောသူကလည်း အနား၌ ဓား ရှိလျှင်ဓား၊ ဓားမရှိလျှင် ထင်းချောင်းဖြစ်စေ၊ ဝါးခြမ်းဖြစ်စေ၊ မြက်ပင်ဖြစ်စေ၊ တစ်စုံးတစ်ခုသော ဝတ္ထုကို ကိုင်ယူလျှင် လက်သို့ရောက်က ဓား ဖြစ်လေ၍  အချင်းချင်းခုတ်သတ်၍ သေကြကုန်လတ္တံ့၊ ထိုခုနစ်ရက်ပတ်လုံး ကပ်ဘေးပြင်းစွာနှိပ်စက်သောအခါ ရှေးဘုန်းရှေးကံရှိကြသော အဆင်အခြင် ဥာဏ်ပညာနှင့်ပြည့်စုံကြသော သေဘေးမှကြောက်ရွံ့ကြသော အချို့သောသူတို့သည် တော ချုံ၊ ဂနိုင်၊ ပိတ်ပေါင်းသို့ ထွက်ပြေးပုန်းအောင်း၍နေကြသဖြင့် လူမျိုးမပြတ်ရုံ တစ်ရွာမှ တစ်ယောက်နှစ်ယောက် စသည်ဖြင့် အနည်းငယ်မျှသာ ကြွင်းကျန်လေတော့၏။

ထိုကြွင်းကျန်ပုန်းအောင်း၍နေသော သူတို့သည် ခုနစ်ရက်လွန်လျှင် တော၊ ချုံ၊ ဂနိုင် ပိတ်ပေါင်းမှထွက်၍ မိမိတို့နေရာ နိဂုံးသို့ ဆင်းသက်လာသောအခါ တစ်ဦးနှင့်တစ်ဦး တွေ့မြင်ကြလျှင် လည်ပင်းဖက်ငိုကြပြီးသော် အချင်းတို့ လူတွေကား သေကုန်ကြလေပြီ။ ငါတို့ကား အနည်းငယ်မျှသာ ကြွင်းကျန်တော့၏။ ထိုငါတို့သည် တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဒေါသ မဖြစ်ကြကုန်အံ့။ တစ်ဦးနှင့်တစ်ဦး မေတ္တာတရား ပွားများကြကုန်အံ့။ ကရုဏာတရား ပွားများကြကုန်အံ့။ မုဒိတာတရား ပွားများကြကုန်အံ့။ ငါးပါးသီလကို စောင့်ထိန်းကြကုန်အံ့။ တစ်ဦးနှင့်တစ်ဦး ရိုသေကြကုန်အံ့။ စောင့်ကြည့်ကြကုန်အံ့ဟု  ပြောဆိုကြပြီးလျှင် အညီအညွတ် စုဝေး၍ ရွာတည်၍ နေကြကုန်လေ၏။ ဤကဲ့သို့ ကုသိုလ်တရား၏ အာနုဘော်ကြောင့် ထိုဆယ်နှစ်တမ်းသူတို့မှ မွေးဖွားသော သားသမီးတို့သည် အသက်နှစ်ဆယ်နေရ၏။ ထိုနှစ်ဆယ်မှ မွေးဖွားသော သားသမီးတို့ကား လေးဆယ်၊ ထိုလေးဆယ်မှ မွေးဖွားသော သားသမီးတို့ကား ရှစ်ဆယ်၊ ၊ ထိုရှစ်ဆယ်မှ မွေးဖွားသော သားသမီးတို့ကား တစ်ရာ့ခြောက်ဆယ်အသက်ရှည်၏။
အချုပ်အားဖြင့်ပြောလိုတာက လူတို့၏ အသက်တမ်းဆုတ်ယုတ်ခြင်းကား လောဘ ဒေါသ မောဟတည်း ဟူသော အကုသိုလ်တရားများ စည်ပင်တိုးပွားလာခြင်းကြောင့် ဥတု၊ အာဟာရများ ဖောက်ပြန် ကြမ်းတမ်း ယုတ်ညံ့လာခြင်းကြောင့် လူတို့၏ သက်တမ်း ဆုတ်ယုတ်လာခြင်းဖြစ်ကြောင်း ဖြေကြားလိုက်ပါသည်။
သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ကောင်းကျိုး လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

အရှင်ဘုရား၊ ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။ တပည့်တော်မ လူတို့ရဲ့ အသက်တမ်း ဆုတ်ယုတ်ပုံ အကြောင်းအရာလေးကို ပြည့်စုံစွာသိလိုပါသည်ဘုရား။ အဘယ်ကြောင့် သက်တမ်းယုတ်လျော့ရသည်ကို သနားငဲ့ညာစွာဖြင့် ဖြေကြားပေးတော်မူပါဘုရား။ အရှင်ဘုရား၏ ဘာသာရေး၊ အမျိုးသားရေး ဆောင်းပါးများကို အမြဲတမ်း အားပေးဖတ်ရှုပါသည်ဘုရား။ 
 
ဗဟုသုတများစွာရသည့်အတွက်လည်း အရှင်ဘုရားအား လေးစားကြည်ညိုမိပါသည်ဘုရား။ အထူးသဖြင့် အမျိုးသားရေးပိုစ့်များမှာ အရှင်ဘုရား၏ တပည့်တော်တို့ အမျိုး ဘာသာအပေါ် ထားရှိသည့် စိတ်ဓာတ်ကို အမြဲတမ်း လေးစားမိပါသည်။ အတုလည်း ယူမိပါသည်ဘုရား။ အရှင်ဘုရား အမျိုး ဘသာ သာသနာ့အကျိုးကို ဆထက်တိုးပြီး သာသနာပြုနိုင်ပါစေ။
ဦးတင်ပါသည်ဘုရား။ ။ ကြည်ကြည်ဦး (ခေတ္တ- ဂျပန်)

ဤရုပ်ဓာတ်သင်္ခါရတရားတို့သည် ဤကဲ့သို့ဖြစ်ပြီးလျှင် တစ်ဖန်ပျက်စီးပြန်၏။ အဘယ်သို့ ပျက်စီးလေသနည်း။ ကမ္ဘာဦးအခါ၌ လူတို့၏အသက်သည် ကျွန်းတိုင်းမှာပင် အသင်္ချေယျတိုင်အောင် နေရ၏။ ထိုအသင်္ချေယျတမ်းမှသည် သတ္တဝါတို့၏ သန္တာန်၌ အကုသိုလ်တရား တဖြည်းဖြည်း စည်းကားတိုးပွား၍ လာခြင်းကြောင့် ဥတု အာဟာရ တို့သည် ဖောက်ပြန်သောင်းကျန်း ယုတ်ညံ့ ကြမ်းတမ်း၍ လာသဖြင့် လူတို့၏ အသက်တမ်းသည် တဖြည်းဖြည်း ဆုတ်ယုတ်၍ လာ၏။ ထိုသို့ လာရာ၌ မြောက်ကျွန်းသားတို့သည် တစ်ထောင်တမ်းသို့ကျလျှင် မတိုးမဆုတ် အမြဲတန့်ရပ်၍ တည်ကုန်၏။ 
 
အရှေ့ကျွန်း အနောက်ကျွန်းသားတို့ကား ငါးရာတမ်းသို့ကျလျှင် မတိုးမဆုတ် ရပ်တန့်၍ တည်ကုန်၏။ တောင်ကျွန်းသားတို့မူကား ဆယ်နှစ်တမ်းသို့ကျအောင် ဆုတ်ယုတ်၍ လာကုန်၏။ တစ်ရာတမ်း၌ သလေးဆန် သလေးထမင်းသည် မင်းသုံးမင်းဆောင် ဖြစ်ဘိသကဲ့သို့ ထိုဆယ်နှစ်တမ်း၌ လူးဆန်၊ လူးထမင်းသည် အကောင်းဆုံး မင်းသုံးမင်းဆောင်ဖြစ်လေ၏။

ငါးနှစ်ရွယ်ရှိသော မိန်းကလေးသည် အချိန် အရွယ်ရောက်သဖြင့် လက်ထပ်မင်္ဂလာ ဆောင်လောက်၏။ သားနှင့်အမိလည်း မှားယွင်းကြလေတော့၏။ သမီးနှင့် အဘလည်း မှားယွင်းကြလေတော့၏။ မောင်နှင့် နှမလည်း မှားယွင်းကြလေတော့၏။ ခွေး ဝက်တို့ကဲ့သို့ ဟိရီ သြတ္တပ္ပဟူသော လောကပါလတရားမှ ကင်းကြလေတော့၏။ ရာဂ၊ ဒေါသ၊ မောဟတရား အလွန်အားကြီးလေကုန်၏။ ထိုအခါ ရာဂလွန်ကဲစွာ အားကြီးလျှင် ရောဂါဘေးနှိပ်စက်ခြင်း(ရောဂန္တရကပ်)၊ ဒေါသလွန်ကဲစွာ အားကြီးလျှင် ဓား လက်နက်ဘေး နှိပ်စက်ခြင်းဟူသော သတ္တန္တရကပ်၊ မောဟကြီးစွာလွန်ကဲလျှင် ငတ်မွတ်ဘေး နှိပ်စက်ခြင်းဟူသော ဒုဗ္ဘိက္ခန္တရကပ်၊ ဤကပ်သုံးပါးတို့တွင် တစ်ပါးပါးသော ကပ်သည် ခုနှစ်ရက်ပတ်လုံး အားကြီးစွာ နှိပ်စက်၍ လူတို့သည်သေကြေ ပျက်စီးကြလေကုန်၏။ 
 
ယခုရောက်လတ္တံ့သော ဆယ်နှစ်တမ်း၌ ကား သတ္တန္တရကပ် တိုက်လတ္တံ့၊ ထိုအခါ တစ်ဦးသောသူက ဓားနှင့်ခုတ်မည်ဟုလာလျှင် တစ်ဦးသောသူကလည်း အနား၌ ဓား ရှိလျှင်ဓား၊ ဓားမရှိလျှင် ထင်းချောင်းဖြစ်စေ၊ ဝါးခြမ်းဖြစ်စေ၊ မြက်ပင်ဖြစ်စေ၊ တစ်စုံးတစ်ခုသော ဝတ္ထုကို ကိုင်ယူလျှင် လက်သို့ရောက်က ဓား ဖြစ်လေ၍ အချင်းချင်းခုတ်သတ်၍ သေကြကုန်လတ္တံ့၊ ထိုခုနစ်ရက်ပတ်လုံး ကပ်ဘေးပြင်းစွာနှိပ်စက်သောအခါ ရှေးဘုန်းရှေးကံရှိကြသော အဆင်အခြင် ဥာဏ်ပညာနှင့်ပြည့်စုံကြသော သေဘေးမှကြောက်ရွံ့ကြသော အချို့သောသူတို့သည် တော ချုံ၊ ဂနိုင်၊ ပိတ်ပေါင်းသို့ ထွက်ပြေးပုန်းအောင်း၍နေကြသဖြင့် လူမျိုးမပြတ်ရုံ တစ်ရွာမှ တစ်ယောက်နှစ်ယောက် စသည်ဖြင့် အနည်းငယ်မျှသာ ကြွင်းကျန်လေတော့၏။

ထိုကြွင်းကျန်ပုန်းအောင်း၍နေသော သူတို့သည် ခုနစ်ရက်လွန်လျှင် တော၊ ချုံ၊ ဂနိုင် ပိတ်ပေါင်းမှထွက်၍ မိမိတို့နေရာ နိဂုံးသို့ ဆင်းသက်လာသောအခါ တစ်ဦးနှင့်တစ်ဦး တွေ့မြင်ကြလျှင် လည်ပင်းဖက်ငိုကြပြီးသော် အချင်းတို့ လူတွေကား သေကုန်ကြလေပြီ။ ငါတို့ကား အနည်းငယ်မျှသာ ကြွင်းကျန်တော့၏။ ထိုငါတို့သည် တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဒေါသ မဖြစ်ကြကုန်အံ့။ 
 
တစ်ဦးနှင့်တစ်ဦး မေတ္တာတရား ပွားများကြကုန်အံ့။ ကရုဏာတရား ပွားများကြကုန်အံ့။ မုဒိတာတရား ပွားများကြကုန်အံ့။ ငါးပါးသီလကို စောင့်ထိန်းကြကုန်အံ့။ တစ်ဦးနှင့်တစ်ဦး ရိုသေကြကုန်အံ့။ စောင့်ကြည့်ကြကုန်အံ့ဟု ပြောဆိုကြပြီးလျှင် အညီအညွတ် စုဝေး၍ ရွာတည်၍ နေကြကုန်လေ၏။ ဤကဲ့သို့ ကုသိုလ်တရား၏ အာနုဘော်ကြောင့် ထိုဆယ်နှစ်တမ်းသူတို့မှ မွေးဖွားသော သားသမီးတို့သည် အသက်နှစ်ဆယ်နေရ၏။ 
 
ထိုနှစ်ဆယ်မှ မွေးဖွားသော သားသမီးတို့ကား လေးဆယ်၊ ထိုလေးဆယ်မှ မွေးဖွားသော သားသမီးတို့ကား ရှစ်ဆယ်၊ ၊ ထိုရှစ်ဆယ်မှ မွေးဖွားသော သားသမီးတို့ကား တစ်ရာ့ခြောက်ဆယ်အသက်ရှည်၏။

အချုပ်အားဖြင့်ပြောလိုတာက လူတို့၏ အသက်တမ်းဆုတ်ယုတ်ခြင်းကား လောဘ ဒေါသ မောဟတည်း ဟူသော အကုသိုလ်တရားများ စည်ပင်တိုးပွားလာခြင်းကြောင့် ဥတု၊ အာဟာရများ ဖောက်ပြန် ကြမ်းတမ်း ယုတ်ညံ့လာခြင်းကြောင့် လူတို့၏ သက်တမ်း ဆုတ်ယုတ်လာခြင်းဖြစ်ကြောင်း ဖြေကြားလိုက်ပါသည်။
သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ကောင်းကျိုး လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

အတူတူမအိပ်သင့်တဲ့ အရာ ( ၅ ) မျိုး


၁။ ဖုန်းနဲ့အတူတူမအိပ်ပါနဲ့

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး..တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့အသုံးပြုတတ်ကြ ပါတယ် ….အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာ ထားသင့်ပါတယ်. … ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်း အပါအ၀င် တယ်လီဗေးရှင်းစက်များဟာ အသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများကိုထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြ ပါတယ်.. အဲဒီသံလိုက်လှိုင်းများဟာ လူတွေရဲ့အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက်ပေးစေနိုင်ပါတယ်.. ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့်ပါတယ်…..


၂။ နာရီဝတ်ပြီးမအိပ်ပါနဲ့..

နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်…နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာ အိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေ အများကြီးဖြစ်လာစေနိုင် ပါတယ်တဲ့….ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ..

၃။ အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့

အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါကရင်သားကင်ဆာ ဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်း သိရပါတယ်… ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ Pls sleep without bra,ok?


၎။ မိတ်ကပ်လိမ်းပြီးမအိပ်ပါနဲ့..

ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာ အရေပြားကို ဆိုးကျိုးဖြစ်စေနိုင်ပါတယ် …မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့်အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီး ၀က်ခြံတင်းတိပ် အစရှိတဲ့ အရေပြားပြဿနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်…. အိပ်ချိန်ကို ပြည့်ပြည့်၀၀နဲ့ နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်…ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ…

၅။ သူတစ်ပါးရဲ့ယောက်ျား မိန်းများနဲ့အတူတူမအိပ်ပါနဲ့

နောက်ဆုံးတစ်ခုအတူတူမအိပ်သင့်တဲ့အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား၊ သူတစ်ပါးရဲ့မိန်းမ များနဲ့အတူတူမအိပ်စက်သင့်ပါဘူးတဲ့… ဘယ်သောခါမှပြန်လည်နိုးထမှာ မဟုတ်တော့လို့ပါ….

Credit to : Original Writer


မလေးပျောက်ဆုံးလေယာဉ်ရှာဖွေရေး ဆက်ကူညီဖို့ သမ္မတအိုဘားမားဆို


မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့တော်၊ မာလာယာ တက္ကသိုလ်အတွင်းမှာ မလေးရှားတက္ကသိုလ်မှာ လူငယ်တွေနဲ့ တွေ့ဆုံစကားပြောကြားစဉ်။

မလေးရှားမှာရောက်နေတဲ့ အမေရိကန်သမ္မတ Barack Obama ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ မလေးရှားဝန်ကြီးချုပ် Najib Razak နဲ့
တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ပျောက်ဆုံးနေဆဲ မလေးရှားလေကြောင်းလိုင်းလေယာဉ် ရှာတွေ့နိုင်ရေးအတွက် အမေရိကန်နိုင်ငံက
ကူညီပေးတဲ့အပေါ် ကျေးဇူးတင်တဲ့အကြောင်း ဝန်ကြီးချုပ် Razak က ဆွေးနွေးပွဲအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သမ္မတအိုဘားမားကလည်း လေယာဉ်ရှာဖွေရေးအတွက် ဆက်ပြီး အကူအညီပေးသွားမယ်လို့ ကတိပေးသွားပါတယ်။ ၂ နိုင်ငံဆက်ဆံရေးကို အလုံးစုံပါဝင်တဲ့ မိတ်ဖက်ဆက်ဆံရေးအဖြစ် ဆက်ဆံရေး အဆင့်မြှင့်တင်ဖို့ သဘောတူခဲ့တယ်လို့လည်း ခေါင်းဆောင်၂ ယောက်က ပြောပါတယ်။

Pacific ဒေသ မိတ်ဖက်နိုင်ငံတွေကြား ကုန်သွယ်ရေးသဘောတူညီချက်ရရှိရေးနဲ့ Nuclear လက်နက် မပြန့်ပွားရေးလုံခြုံရေးအစပြုဆောင်ရွက်မှုတွေကို
ပူးပေါင်းဆောင်ရွက်သွားကြဖို့လည်း သဘောတူခဲ့ကြပါတယ်။ ဒီကိစ္စ ၂ ခုလုံးကို မလေးရှားက အရင်က ကန့်ကွက်နေတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ
လူ့အခွင့်အရေးအခြေအနေ တိုးတက်လာပေမယ့် ဒီထက်ပိုတိုးတက်အောင် လုပ်ဖို့လိုအပ်နေသေးတယ်ဆိုတာကိုလည်း သမ္မတအိုဘားမားက ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ညနေပိုင်းမှာတော့ သမ္မတအိုဘားမားဟာ မြန်မာနိုင်ငံက လူငယ်တွေအပါအဝင် အာရှကလူငယ်တွေကို မလေးရှားတက္ကသိုလ်မှာ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။ လူမှုအသိုင်းအဝိုင်းထဲမှာ အသားအရောင်၊ လူမျိုး၊ ယောင်္ကျား မိန်းမဆိုတဲ့ ကွဲပြားမှုတွေ ရှိနေပေမဲ့ အားလုံးကို တန်းတူဆက်ဆံဖို့ လူငယ်တွေကို ခုလို တိုက်တွန်းသွားပါတယ်။

ဘယ်သူ့ကိုပဲဖြစ်ဖြစ် လူတွေကို လေးလေးစားစားဆက်ဆံပါ၊ ကိုယ့်ရဲ့အစိုးရတွေကိုလည်း လူတိုင်းကို လေးလေးစားစား ဆက်ဆံဖို့အတွက်
မျှော်လင့်ထားပါ၊ အဲဒီလိုဆိုရင် ပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်လို့ သမ္မတအိုဘားမား ပြောကြားသွားတာဖြစ်ပါတယ်။

အမေရိကန်နဲ့ အရှေ့တောင်အာရှက လူငယ်တွေကြား အပြန်အလှန်ဆက်ဆံမှုတိုးတက်စေဖို့နဲ့ ဒေသတွင်းသာမက ကမ္ဘာတဝန်း စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ လူငယ်ခေါင်းဆောင်တွေကြား ပိုပြီး ထိတွေ့ဆက်ဆံကြဖို့အတွက် အာဆီယံဒေသတွင်း သမ္မတအိုဘားမား အစပြု ဆောင်ရွက်တဲ့ အရှေ့တောင်အာရှလူငယ် ခေါင်းဆောင်များဦးဆောင်မှု အစီအစဉ်အရ ခုလို အာရှလူငယ်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

အမေရိကန်သမ္မတယောက်အနေနဲ့ နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ် သမ္မတ Obama မလေးရှားကို ရောက်ရှိနေတာပါ၊
မလေးရှားနိုင်ငံခရီးစဉ်ပြီးရင် တနင်္လာနေ့မှာ အာရှခရီးစဉ်နောက်ဆုံးအဖြစ် ဖိလစ်ပိုင်ကို သွားမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဆေးလိပ် နဲ့ ကင်ဆာ Smoking and Cancer


 
(၁) သမီး အမျိုးသားက ဆေးလိပ်ကို တနေ့ ၅ လိပ် သို့ ၆ လိပ် သောက်ပါတယ်။ အဲလိုဆို ရင် ဘာတွေဖြစ်လာနိုင်ပါသလဲ ဆရာ။

(၂) ဦးပိုင်ကထုတ်တဲ့ Red Ruby စီးကရက် လိုက်ပို့တဲ့ကောင်တွေက့ (မြန်မာသတင်း)
(၃) ကျွန်တော့် နာမည်က (့) ပါ။ အသက်က ၂၅ ပါ။ ၁၆ နှစ်ကစပြီးဆေးလိပ် သောက်ခဲ့မိပါတယ်။ သောက်တာ သာမန်ထက် ပိုများပါတယ်။ အခုနောက်ပိုင်းတော့ ကြိုးစားပြီး ဖြတ်နေပါတယ်။ ဆေးလိပ်သောက်ရင် လည်ပင်း-ကင်ဆာ
ဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်။ လည်ပင်း-ကင်ဆာရဲ့လက္ခဏာများအကြောင်းသိလိုပါတယ်။
ဆေးစစ်လျှင် လည်ပင်း-ကင်ဆာရှိ-မရှိမည်သို့ ပြုလုပ်ရမည်ကိုဖြေကြားပေးပါခင်ဗျာ။

ဆေးလိပ်သောက်တာနဲ့ ကင်ဆာဆက်စပ်တာမှာအဆုပ်ကင်ဆာကထိပ်မှာနေတယ်။ အဆုပ်-ကင်ဆာနဲ့ သေဆုံးရသူအားလုံးထဲမှာယောက်ျားဆိုရင် ၉ဝ% မိန်းမဆိုရင် ၈ဝ% ဟာ စီးကရက် သောက်တာနဲ့ ဆက်စပ်နေပါတယ်။

စီးကရက်ဆေးထဲမှာ ဓါတ်အမျိုးအစားပေါင်း ၅၉၉ ပါပြီး၊ မီးရှို့လိုက်ရင် ဓါတ်အမျိုးပေါင်း ၄ဝဝဝ ဖြစ်လာတယ်။ အဲဒီအထဲက ၄ဝ မကတာတွေဟာ ကင်ဆာဖြစ်စေနိုင်တာတွေ ဖြစ်တယ်။ သေဆုံးရခြင်းအကြောင်းရင်းတွေထဲမှာကင်ဆာကဒုတိယလိုက်တယ်။ ကင်ဆာမှန်သမျှ ဘာလို့ဖြစ်သလဲဆရာဝန်တွေ သိပ်မသိကြသေးဘူး။ ဒါပေမဲ့ အဆုပ်-ကင်ဆာဟာဆေးလိပ်နဲ့ ဆက်စပ်တယ်လို့ သိလာရတဲ့ ပဌမဆုံးရောဂါ ဖြစ်ပါတယ်။

 

• ကင်ဆာအမျိုးမျိုးထဲမှာ အဆုပ်ကင်ဆာကကင်ဆာကြောင့် သေဆုံးမှုတွေထဲမှာထိပ်ရှိတယ်။ စီးကရက်ကအဓိကတရားခံဘဲ။
 

• စီးကရက် မသောက်သူတွေထက် သောက်သူတွေကိုယှဉ်ရင် အမျိုးသားတွေမှာ ၂၃ ဆ၊ အမျိုးသမီးတွေမှာ ၁၃ ဆ အဆုပ်ကင်ဆာပိုပြီးဖြစ်စေတယ်
 

• အဆုပ်ကင်ဆာဖြစ်သူတွေထဲကဆေးလိပ်သောက်လို့ ယောက်ျားတွေမှာ ၉ဝ%၊ မိန်းမတွေမှာ ၈ဝ% သေဆုံးကြတယ်။
 

• ၂ဝဝ၃ ခုနှစ်ကအဆုပ်ကင်ဆာလူနာသစ်ပေါင်း ၁၇၁၉ဝဝ ထဲက ၁၅၇၂ဝဝ လောက်နီးနီး အဆုပ်ကင်ဆာ နဲ့ သေဆုံးခဲ့တာတွေ့ရတယ်။
 

• ၂ဝဝ၄ ခုနှစ် အစီရင်ခံစာထဲမှာဆေးလိပ်သောက်တာနဲ့ ဆက်စပ်တဲ့ ကင်ဆာတွေဟာ အာခံတွင်း-ကင်ဆာ၊ အာခေါင်-ကင်ဆာ၊ လေပြွန်-ကင်ဆာ၊ အစာမြိုပြွန်-ကင်ဆာ၊ ဆီးအိမ်-ကင်ဆာ၊ အစာအိမ်-ကင်ဆာ၊ သားအိမ်ဝ-ကင်ဆာ၊ Kidney ကျောက်ကပ်-ကင်ဆာ၊ သရက်ရွက်-ကင်ဆာနဲ့ (လူကီးမီးယား) သွေး-ကင်ဆာတွေကလဲဆေးလိပ် သောက်တာနဲ့ ဆက်စပ်မှု ရှိတယ်လို့ ပါရှိခဲ့တယ်။
 

• ဆေးလိပ်လဲသောက်၊ အရက်လဲသောက်သူတွေမှာပိုဖြစ်ကြရတာက လေပြွန်ကင်ဆာဖြစ်တယ်။ ၂ဝဝ၃ တုံးကဒီရောဂါနဲ့ လူပေါင်း ၃၈ဝဝ သေဆုံးခဲ့ရတယ်။
 

• ဆေးလိပ် များများသောက်တာနဲ့ အဖြစ်များတာလဲဆက်စပ်မှုရှိတယ်။
 

• ဆေး-ဆေးလိပ်ထဲက နီကိုတင်း ကို ကင်ဆာ ဖြစ်စေတဲ့ဓါတ်လို့ သတ်မှတ်တယ်။
 

• ကင်ဆာကိုဖြစ်စေနိုင်တဲ့ ဓါတ်တွေထဲမှာထင်ရှားတာတွေကတော့ Arsenic, Benzene, Beryllium, 1,3–Butadiene, Cadmium, Chromium, Ethylene oxide, Nickel, Polonium-210, Vinyl chloride ဖြစ်တယ်။
 

• တခြားအဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်တွေကတော့ Formaldehyde, Benzo[α]pyrene, Toluene တွေ ဖြစ်ကြတယ်။

• ဆေးမှန်သမျှ ရောဂါရစေမယ်။ စွဲစေတယ်။

သူများသောက်တဲ့ ဆေးလိပ်ငွေ့ရှူလို့လဲရောဂါတွေ ဖြစ်စေတယ်။ ဥပမာ နှလုံးရောဂါ ဖြစ်ဘို့ ၂၅-၃ဝ% ပိုစေနိုင်တယ်။ ကိုယ်ဝန်ဆောင်မှာအဲလိုဖြစ်ရင် ကိုယ်အလေးချိန်မပြည့်တဲ့ကလေးမွေးလာနိုင်တယ်။ ကလေးတွေမှာဆိုရင် (SIDS) ရုတ်တရက် ကလေးငယ် သေဆုံးခြင်း၊ နားရောင်၊ အအေးမိ၊ နူမိုးနီးယား၊ လေပြွန်ရောင်၊ ပန်းနာတွေ ပိုဖြစ်လာနိုင်တယ်။

Dr. တင့်ဆွေ



ယခုခေတ်မိန်းကလေးများ ချစ်သူဆီကလိုချင်တတ်တဲ့အချက်(၁၅)ချက်

 

 ၁။ နံနက်နိုးနိုးချင်းနဲ့ မအိပ်ခင်မှာ နှုတ်ဆက်စကားလေးပေးပို့တာ။
၂။ ကျမမှားသည်ဖြစ်စေ ရန်ဖြစ်စကားများပြီးရင် ပြန်တောင်းပန်တတ်တာ။
၃။ ကျမတစ်ယောက်တည်းသီးသန့် အကြင်နာပေးတတ်တာ။
၎။ ကျမကို ရယ်အောင် လုပ်ပေးတတ်တာ။
၅။ ကျမနဲ့ ချစ်စရာကောင်းတဲ့၊ တစ်ခါတလေလည်း ရယ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေ တူတူရိုက်တတ်တာ။
၆။ ကျမပျင်းနေရင် စိတ်ဝင်စားစရာအကြောင်းအရာလေးတွေ ပြောပြတတ်တာ။
၇။ ကျမ စိတ်ညစ်နေပြီဆို ချက်ချင်းသိတာ။
၈။ နွေးနွေးထွေးထွေး ကြင်ကြင်နာနာဆက်ဆံတာ။
၉။ ကျမ ငိုချင်လာတဲ့အခါ သူ့လက်မောင်းကြီးတွေထဲမှာ ပွေ့ပိုက်ထားတတ်တာ။
၁၀။ ကျမကို လေးစားတာ။ အလေးထားတာ။ တန်ဘိုးထားတာ။
၁၁။ တခြား ကောင်မလေးတွေနဲ့ အီစီကလီမလုပ်တာ။
၁၂။ ပျာယိပျာယာ မနိုင်တာ။
၁၃။ ကျမ မလိုအပ်ဘူးဆို သိပ်တွယ်ကပ်မနေတတ်တာ။
၁၄။ မညာတတ်ပဲ ဖြောင့်ဖြောင့်မှန်မှန်ပြောတတ်တာ။
၁၅။ ချီးမွှမ်းစကားလေးတွေ ဆိုတတ်တာ။

[What a girl wants ကို ဘာသာပြန်ပါတယ်]

အက်ဒမင် သွန်း Heart Canteen

ချစ်သူရှာဖွေရေးဖိုရမ်တစ်ခုမှ အမေး အဖြေ

           

ချမ်းသာတဲ့ လူတစ်ယောက်ကို လပ်ထပ်ဖို့ ကြိုးစားနေတဲ့ မိန်းမတစ်ယောက်က ချစ်သူရှာဖွေရေးဖိုရမ်တစ်ခုမှာ အောက်ပါ ပို့စ်ကို တင်ခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်မ ရိုးရိုးသားသားပြောပါရစေ...ဒီနှစ်မှာ ကျွန်မအသက်၂၅ ပြည့်ပါပြီ။ ကျွန်မက အတော်လှပါတယ်။ စတိုင်နဲ့ ဆွဲဆောင်မှုလည်းရှိပါတယ်။ တစ်နှစ်လစာ ဒေါ်လာသိန်း၅၀၀ နဲ့ သိန်း ၅၀၀ အထက်လောက် ဝင်တဲ့လူကို လပ်ထပ်ချင်ပါတယ်။ ရှင်တို့ကတော့ ပြောမယ်။ ကျွန်မက လောဘကြီးတယ်ပေါ့။ ဒါပေမဲ့ တစ်နှစ် ဒေါ်လာ ၁သန်းလောက် ရတဲ့လူဟာ နယူးယောက်လိုမြို့မှာ လူလတ်တန်းစားအဆင့် ပဲရှိပါတယ်။

ကျွန်မတောင်းတာ မမြင့်ပါဘူး။ ခု ဒီဖိုရမ်ထဲမှာ တစ်နှစ် ဒေါ်လာ သိန်း၅၀၀လောက် ဝင်တဲ့လူများရှိလား။ ရှိတဲ့လူတွေ အားလုံး လပ်ထပ်ထားကြသလားရှင်။ ရှင်တို့လို လူတွေကို လပ်ထပ်ဖို့ ကျွန်မ ဘာတွေများလုပ်သင့်သလဲ????

ကျွန်မ တွဲခဲ့ဖူးတဲ့လူတွေထဲမှာ အချမ်းသာဆုံးက တစ်နှစ် ဒေါ်လာ သိန်း၂၅၀ ရတဲ့လူပါ။ ဒါ ကျွန်မရဲ့အမြင့်ဆုံး ဖြစ်တော့မယ့်ပုံပါပဲ.....ဒီနေရာမှာရှင်တို့ကိုကျွန်မရိုးရိုးသားသားနဲ့
မေးခွန်းလေးတွေ မေးပါရစေ

(၁)ချမ်းသာပြီး လက်မထပ်ရသေးတဲ့ ယောက်ျားတွေက ဘယ်နေရာကို သွားတတ်ကြသလဲ။ (ကျေးဇူးပြု၍ သူတို့သွားတတ်တဲ့ စားသောက်ဆိုင်နာမည်တွေ၊ ဘားဆိုင်နာမည်တွေကို ချရေးပေးပါ။)

(၂) ဘယ်လို အသက်အရွယ်မျိုးလောက်ကို ကျွန်မ ပစ်မှတ်ထားသင့်လဲ။

(၃)ဘာကြောင့်ချမ်းသာတဲ့ လူတွေရဲ့ မိန်းမတွေက သာမန် ရုပ်ရည်ပဲ ရှိကြတာလဲ။ ရုပ်ရည်လည်းမရှိ၊ စိတ်ဝင်စားစရာလည်း မကောင်းတဲ့ ကောင်မလေးတွေ ကျွန်မ တွေ့ဘူးပါတယ်။ ဒါပေမဲ့ သူတို့က ချမ်းသာတဲ့လူတွေကို လပ်ထပ်နိုင်တယ်။

၎- ရှင်တို့ ရဲ့ဇနီး(သို့မဟုတ်) ရှင်တို့ရဲ့ရည်းစားဖြစ်နိုင်တယ်ဆိုတဲ့ လူတွေကို ရှင်တို့က ဘယ်လို သတ်မှတ်ပြီးရွေးချယ်သလဲ။ (ကျွန်မရဲ့ရည်ရွယ်ချက်က ဇနီးဖြစ်ဖို့ပါ။)....

( Ms Pretty )

ကမ္ဘာကျော် J P Morgan က CEO တစ်ယောက်ရဲ့ ပြန်စာကတော့ အောက်ပါအတိုင်းပါ.....

ချစ်လှစွာသော Ms Pretty
ခင်ဗျားရဲ့ ပို့စ်ကို ကျွန်တော် လေးလေးနက်နက်နဲ့ကို ဖတ်ခဲ့ပါတယ်။

ခင်ဗျားလို မေးခွန်းတွေမေးနေတဲ့ ကောင်မလေးတွေလည်း အပြင်မှာ အများကြီးရှိနေမယ်လို့ ခန့်မှန်းမိပါတယ်။ ပရော်ဖက်ရှင်နယ် ရင်းနှီးမြှပ်နှံရေး သမားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို ခင်ဗျားရဲ့ အခြေအနေလေးကို ခွဲခြမ်းလေ့လာခွင့်ပြုပါ။

ကျွန်တော့်ရဲ့ တစ်နှစ်ဝင်ငွေက သိန်း ၅၀၀ထက် ပိုပါတယ်။ ခင်ဗျားရဲ့တောင်းဆိုချက်နဲ့ ကိုက်ညီတယ်ပေါ့။ ဒါကြောင့် လူတိုင်းကပြောကြမယ်၊ ကျွန်တော်တော့ ဒီနေရာမှာ အချိန်ဖြုန်းနေမှာ မဟုတ်တော့ဘူးပေါ့။
လုပ်ငန်းရှင်တစ်ယောက်ရဲ့ အမြင်နဲ့ စဥ်းစားကြည့်လိုက်တော့ ခင်ဗျားကို လပ်ထပ်တာဟာ ဆိုးဝါးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမိတာပဲဗျ။ အကြောင်းပြချက်က ရိုးရိုးလေးပါ။

ကျွန်တော်ရှင်းပြပါရစေ။
အသေးစိတ်တွေ ပြောမနေတော့ဘူးဗျာ။ ခင်ဗျားလုပ်ဖို့ ကြိုးစားနေတာက “အလှ”နဲ့ “ပိုက်ဆံ”ကို အလဲအလှယ်လုပ်ဖို့ပဲ။ အေဆိုတဲ့ လူက အလှပေးမယ်။ ဘီ ဆိုတဲ့လူက ဒီအလှအတွက် ပိုက်ဆံပေးမယ်၊ မျှမျှတတပဲပေါ့။ ဒါပေမဲ့ ဒီနေရာမှာ ကြောက်စရာကောင်းတဲ့ ပြဿ နာတစ်ခုရှိနေတယ်။ ခင်ဗျားအလှက တဖြည်းဖြည်းနဲ့ ပျောက်သွားမှာ။ ကျွန်တော့်ပိုက်ဆံကတော့ အကြောင်းပြချက် ကောင်းကောင်းမရှိဘဲနဲ့ ပျောက်သွားမှာ မဟုတ်ဘူး။

ပြောရမယ်ဆိုရင်တော့ဗျာ ကျွန်တော့်ဝင်ငွေက တစ်နှစ်ထက် တစ်နှစ်ထက် တိုးပွားလာမှာ။ ဒါပေမဲ့ ခင်ဗျားအလှကတော့ တစ်နှစ်ထက်တစ်နှစ် ဒီလိုဖြစ်မလာနိုင်ဘူး။
စီးပွားရေးပညာရှုထောင့်က ကြည့်မယ်ဆိုရင် ကျွန်တော်က တန်ဖိုးရှိ ပစ္စည်းကို ကိုင်ထားတာဖြစ်ပြီး ခင်ဗျားက တန်ဖိုးယုတ်လျော့ ပစ္စည်းကိုကိုင်ထားတာပဲ။ သာမန် တန်ဖိုးယုတ်လျော့တောင် မဟုတ်ဘူး။ ဆတိုး တန်ဖိုးယုတ်လျော့ ပစ္စည်းပဲ။ ဒီပစ္စည်းတစ်ခုတည်းသာ ခင်ဗျားကိုင်ထားရင်တော့ လာမယ့် ၁၀နှစ်အတွင်း ခင်ဗျားတန်ဖိုးက အဆိုးဆုံးဖြစ်လာလိမ့်မယ်။

Wall Street မှာ ကျွန်တော်တို့သုံးတဲ့ စကားတွေအရ ဆိုရင်တော့ အရောင်းအဝယ်တိုင်းမှာ”အနေအထား”ရှိတယ်။ ခင်ဗျားနဲ့ တွဲတယ်ဆိုတာကလည်း”အရောင်းအဝယ်အနေအထား”တစ်ခုပဲ။
တန်ဖိုးကျရင် ကျွန်တော်တို့က ရောင်းထုတ်မှာပဲ။ ကြာကြာကိုင်ထားတာဟာ စိတ်ကူးကောင်းမဟုတ်ဘူး။ ခင်ဗျား စိတ်မဆိုးဘူးဆိုရင် အိမ်ထောင်ပြုတယ်ဆိုတာကလည်း ဒီလိုပဲလို့ ပြောပါရစေ။ ဒီလိုပြောလိုက်လို့ ရိုင်းသလိုတော့ ဖြစ်သွားမယ်ဗျာ။ ဒါပေမဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကို ချမယ်ဆိုရင်တော့ ယုတ်လျော့တန်ဖိုးပဲရှိတဲ့ ပစ္စည်းတစ်ခုကို ရောင်းရင်ရောင်း မရောင်းရင်တော့ “ပေါင်”ရမှာပဲ။

တစ်နှစ် ဝင်ငွေ သိန်း၅၀၀လောက်ရနေတဲ့ လူတစ်ယောက်ဟာ အရူးမဟုတ်ဘူးဗျ။ ကျွန်တော်တို့က ခင်ဗျားကို အပျော်ပဲတွဲမှာ။ လက်မထပ်ဘူး။ ချမ်းသာတဲ့လူတစ်ယောက်ကို လက်ထပ်ဖို့ လမ်းစရှာနေတာကို စွှန့်လွတ်လိုက်ဖို့ ခင်ဗျားကို ကျွန်တော်အကြံပေးပါရစေ။

စကားမစပ်ဗျာ..ခင်ဗျားကိုယ်တိုင် တစ်နှစ်ဒေါ်လာ သိန်း၅၀၀ ဝင်တဲ့လူ ဖြစ်အောင် လုပ်လို့ရတယ်။ သူဌေးတစ်ယောက်ကို ခပ်ကြောင်ကြောင် လိုက်ရှာနေတာထက်စာရင် ဒါက ပိုပြီးဖြစ်နိုင်ချေရှိတယ်။

ဒီပြန်စာက အကူအညီဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်
signed,
J.P. Morgan CEO

  ဖိုးသူတော်


တစ်ပါးသူ အပေါ် ကောင်းခြင်း ကြောင့် ရရှိနိုင် သည့် ကျန်းမာရေး အကျိုး ကျေးဇူး များ



အိမ်နီးနားချင်း အတွက် ဈေးဝယ်ပေးခြင်း

လတ်တလော လေ့လာမှု တစ်ရပ် အရ နေ့တစ်နေ့မှာ ကောင်းတဲ့ အလုပ် သုံးခု ကို လုပ်ဆောင် တဲ့ သူတွေ ကို မေး မြန်း ကြည့်တဲ့ အခါ စိတ်ဓာတ် ကျတဲ့ လက္ခ ဏာတွေ ၉၄ ရာခိုင်နှုန်းခန့် သိသိသာ သာ လျော့ပါးမှု ရှိတာကို တွေ့ရှိ ရပါတယ်။ သူတို့ လုပ်လေ့ ရှိတဲ့ ကောင်းမွန်တဲ့ အ လုပ်တွေက အိမ်နီးနား ချင်း အတွက် ဈေးဝယ်ပေးတာ၊ သူငယ်ချင်း အတွက် ကော် ဖီဖျော်ပေးတာ၊ ကလေးထိန်း ပေးတာ စ တဲ့ ကြင်နာတဲ့ အပြုအမူ တွေကို လုပ် ဆောင်လေ့ ရှိကြ ပါတယ်။ ဒီလို လူတွေက အကောင်းမြင် အတွေး အခေါ်တွေ ရှိကြ ပြီး အဆိုးမြင် တဲ့ အတွေး အခေါ်တွေ ကို တွန်းလှန် နိုင်စွမ်း ရှိတဲ့ အတွက် စိတ်ပျော် ရွှင် ကျေနပ်မှု ရှိတာ ကို တွေ့ရ ပါတယ်။

လှုမှုရေး အလုပ် ရွေးချယ်ခြင်း

ပုံမှန် စေတနာ့ ဝန်ထမ်း လုပ်တဲ့အ တွက် သွေးတိုး ရောဂါ ဖြစ်နိုင်ခြေကို ၄ဝ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ကော်နီ မဲလွန် တက္ကသိုလ် လေ့လာမှု အသစ် တစ် ခုအရ သိရ ပါတယ်။ ဒါ့အပြင် တစ်ပတ် မှာ နှစ် နာရီကြာ စေတနာ့ ဝန်ထမ်း အလုပ်ကို လုပ်ဆောင် တဲ့ သူတွေ အနေနဲ့ သွေးတိုး ရောဂါ ဖြစ်နိုင် ခြေ ၂၂ ရာခိုင်နှုန်း လျော့နည်းမှု ရှိတယ် လို့ လေ့လာမှု အရ သိရပါတယ်။ လူမှုရေး အလုပ်တွေ ကို လုပ်ဆောင် တဲ့ အတွက် စိတ်ပိုင်း နဲ့ ရုပ်ပိုင်း ဆိုင်ရာ ပျော်ရွှင် ကြည်နူးမှု ကို ရရှိစေ တာကြောင့် ဖြစ်ပါတယ်။

သူတစ်ပါးကို နုတ်ဆက်ခြင်း

တခြား သူတွေ ( ဥပမာ သူစိမ်းတွေ ဖြစ်ရင်တောင် ) နဲ့ မျက်လုံးချင်း ဆုံကြည့် ရမှာ ကို စိုးရွံ့ရှောင်လွှဲနေ သူတွေဟာ အထီးကျန် ဝေဒနာ နဲ့ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု လျော့နည်းမှု တို့ကို ခံစားရ တတ်တယ် လို့ ပါဒူး တက္ကသိုလ် လေ့လာ သူတွေက ဆိုပါတယ်။ လူဆို တာ သဘာ ဝအားဖြင့် ပေါင်းသင်း ဆက်ဆံရေး သတ္တ ဝါတွေ ဖြစ်တဲ့ အတွက် အခြေခံ ကျတဲ့ လူ သားတွေနဲ့ ထိတွေ့ ဆက်သွယ်မှု လိုအပ် ပါတယ်။ မိတ်ဆွေ သူငယ်ချင်း တွေရဲ့ အ သိအမှတ် ပြုတာ ကို လက်ခံ ရရှိတဲ့ သူတွေ အနေနဲ့ လူမှု ဆက်ဆံရေး ကောင်းမွန် ပြီး ကျန်းမာရေး ကောင်းမွန်မှု ရှိတာ ကို တွေ့ ရ ပါတယ်။ ဒါကြောင့် သင့် မိတ်ဆွေ သူ ငယ်ချင်း တွေ ကို စာတို မက်ဆေ့ခ်ျ ပို့တာ၊ မိဘ ထံ ဖုန်းခေါ် တာနဲ့ လမ်းမှာ ဆုံတဲ့သူ တွေကို ပြုံးပြ တာတို့ လုပ်ဆောင် ပါ။ သူ တို့ ဆီက တုံ့ပြန် မေတ္တာ ကို ရရှိတဲ့ အခါ သင့် အနေနဲ့ ပိုပြီး စိတ် ကျေနပ် ပျော်ရွှင် ရပါလမ့်မယ်။

ကြယ်စင်
Good Health


တွဲလာတာကြာပြီဖြစ်တဲ့ ချစ်သူစုံတွဲတွေကို မမေးသင့်တဲ့ မေးခွန်း (၇ ) ခု



 
ရည်းစားသက်တမ်း ကြာနေပြီဖြစ်တဲ့ ကိုယ့်သူငယ်ချင်းစုံတွဲပဲဖြစ်ဖြစ်၊ ရိုးရိုးအသိမိတ်ဆွေအတွဲကိုပဲဖြစ်ဖြစ် ဒင်နာပါတီမှာ တွေ့လိုက်လို့ စကားမရှိ စကားရှာပြီး ဟိုမေးဒီမေးလုပ်တဲ့အခါ မမေးသင့်တဲ့ မေးခွန်းတွေကို ရှောင်ကြဉ်မေးဖို့တော့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတာ အချိန်ကာလကြာရှည်စွာ တွဲလာတဲ့ စုံတွဲတွေမှာလည်း သူတို့အခြေအနေနဲ့ သူတို့ရှိနေကြလို့ပါပဲ။ ဘယ်လိုမေးခွန်းမျိုးတွေက ရိုင်းသလဲ၊ မသင့်တော်ဘူးလဲ ဆိုတာကို သိထားမှ လူမှုဆက်ဆံရေးတစ်ခုကို ကြာရှည်ထိန်းထားနိုင်မှာလေ။ ကဲ မမေးသင့်တဲ့ မေးခွန်းလေးတွေကတော့

၁။ သူ ဘယ်တော့လောက် နင့်ကို လက်ထပ်ခွင့်တောင်းမယ်လို့ထင်လဲ။

ဒီမေးခွန်းက ဖြေတဲ့သူအတွက် အခက်အခဲတွေ့စေသလို သူကနင့်ကို အပျော်တွဲနေတာလို့ ပြောချင်တဲ့ပုံပေါက်နေတယ်ဆိုတာ သိထားပါ။

၂။အို မေ့သွားလို့ နင်တို့တွေက လက်မှမထပ်ရသေးဘဲ။

ဒီစကားကလည်း သူတို့ကို တိတ်တိတ်ပုန်း လက်ထပ်ထားသလိုလို စွပ်စွဲရာရောက်ပါတယ်။ မပြောသင့်ပါဘူး။

၃။နင့်တို့နှစ်ယောက် လက်ထပ်မယ့် အကြောင်းရော ပြောဖြစ်ကြရဲ့လား။

ချစ်သူရည်းစားတွေကတော့ တွဲလာတာ အချိန်ကြာလာတာနဲ့အမျှ လက်ထပ်မယ့်အကြောင်း ပြောဖြစ်တာပါပဲ။ ဒါကို သိသိရက်နဲ့ ဒီအကြောင်းပြောဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းဟာ တဖက်လူကို သက်သက်ကလိနေတာနဲ့ တူပါတယ်။

၎။ဒီလောက်ကြာနေပြီ။ တစ်ယောက်နဲ့တစ်ယောက် စိတ်မကုန်ကြဘူးလား။

ဘယ်သူမဆို ချစ်သူရည်းစား အချင်းချင်း စိတ်ကောက်၊ ရန်ဖြစ်၊ စိတ်ကုန်တာမျိုး တစ်ခါတစ်လေ ဖြစ်ကြတာပါပဲ။ ဒါပေမယ့် ဒီလိုမေးတာမျိုးကတော့ ရိုင်းတယ်လို့ ပြောရမှာပေါ့။

၅။နင်တို့နှစ်ယောက် အတူတူနေဖြစ်တဲ့အခါတိုင်း အရင်လို ရင်ရောခုန်ကြသေးလား။

တော်တော်လေး ရင်းနှီးတဲ့ ပြောမနာ၊ ဆိုမနာ သူငယ်ချင်းတွေဆိုရင်တောင် မမေးသင့်တဲ့ မေးခွန်းပေါ့။

၆။နင့် ကောင်လေး/ နင့်ကောင်မလေး ကို ချန်ထားခဲ့တာလား။

ပါတီလိုနေရာမျိုး၊ ကလပ် ၊ ရှိုးပွဲလိုနေရာမျိုးတွေမှာ သူ့ရည်းစားမပါဘဲ တစ်ခြားသူငယ်ချင်းတွေနဲ့ သူ့ကို တစ်ယောက်တည်း တွေ့လိုက်လို့ မေးတဲ့အခါ သူ/သူမ မပါဘူးလား ဆိုတာမျိုးပဲ ဖြစ်သင့်ပါတယ်။ မခေါ်ချင်လို့ ချန်ထားခဲ့တာမလား ဆိုတဲ့ မေးခွန်းမျိုးက မမေးသင့်တဲ့မေးခွန်းမျိုးပါ။

၇။သူ့ကို တစ်သက်လုံး ချစ်သွားမှာလား။

အူကြောင်ကြောင် မေးခွန်းလည်းဖြစ်သလို ဒါကိုပြန်ဖြေမယ့်သူအတွက်လည်း စိတ်ပျက်စရာမေးခွန်းဆိုတာ မမေ့ပါနဲ့။


MyawadyNews

ဆေးရွက်ကြီး၊ ဆေးလိပ်နှင့် အီး-စီးကရက် အန္တရာယ်များ


 
ခင်မေဇော်(၀ါရှင်တန်ဒီစီ)

ယခင်က ဆေးလိပ်မသောက်ရဟု စာချိတ်ထားသောနေရာတွင် စီးကရက်သောက်နေသူများကို တွေ့ရသည်။ သို့သော် အနံ့ထွက်မလာပါ။ နောက်မှ သတိပြုမိသည်မှာ ဆေးလိပ်နှင့်တူပြီး ဆေးလိပ်အစစ်မဟုတ်သည့် အီးစီးကရက်ဖြစ်နေသည်။ ဆေးလိပ်ဖြတ်လိုသူများအတွက် နီကိုတင်းကို တိုက်ရိုက်ရှူခြင်းဖြင့် လိုအပ်နေသော နီကိုတင်းကို ဆေးလိပ်မပါဘဲရရန် စီစဉ်ထားခြင်း ဖြစ်သည်။ ဆေးလိပ်ဖြတ်သူများအတွက် အီးစီးကရက်ခေါ် လျှပ်စစ်စီးကရက်က အကူအညီများစွာဖြစ်စေကြောင်း စက်တင်ဘာ ၇ ရက် တနင်္ဂနွေနေ့တွင် Lancet Medical Journal တွင် ဖော်ပြလိုက်သော သုတေသနစာတမ်းတစ်စောင်ကဆိုသည်။

လက်မောင်းတွင်ကပ်သော နီကိုတင်းအကွက်ပြားလေးများနည်းတူ သက်ရောက်မှုရှိသည်ဟု ဆိုသည်။ အီးစီးကရက်ဖြင့် ဆေးလိပ်ဖြတ်လိုသူ၊ လျှော့လိုသူများကို များစွာကူညီနိုင်ကြောင်း သုတေသနလေ့လာမှုကိန်းဂဏန်း အစီရင်ခံစာများနှင့် ဖော်ပြသည်။

ဆေးလိပ်သည် တစ်နှစ်ကို လူပေါင်းခြောက်သန်းသေဆုံးမှုအတွက် အဓိကတရားခံဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် သေဆုံးသူရှစ်သန်းကျော်အထိ တိုးလာမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တွက်ဆထားသည်။ မြန်မာနိုင်ငံတွင် အမျိုးသား ၁၀၀ တွင် ၁၉ ဦးနှင့် အမျိုးသမီး ၁၀၀ တွင် ၁၈ ဦးနှုန်းသည် ဆေးလိပ်ကြောင့် သေဆုံးနေသည်ဟု ကမ္ဘာ့အဆုတ်ဖောင်ဒေးရှင်းနှင့် အမေရိကန်ကင်ဆာအသင်းက ထုတ်ပြန်သည့် ဆေးလိပ်ကမ္ဘာ့မြေပုံ (Tobacco Atlas) အချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဆေးလိပ်သောက်သူဦးရေတွင် အမျိုးသားက အမျိုးသမီးများထက် တစ်ဆကျော်ပိုများနေသည်။ သို့သော် ဆေးလိပ်ကြောင့် သေဆုံးရာတွင်မူ ကွာခြားမှုမများလှကြောင်း တွေ့ရသည့်အတွက် အနီးအနားမှ ဆေးလိပ်ငွေ့ရှူရှိုက်ပြီး ရောဂါရရှိကြသည်ဟု ဆိုနိုင်သည်။ မြန်မာကလေးသူငယ် ၁၀၀ တွင်လည်း ၃၄ ဦးက ဆေးလိပ်သောက်သုံးသူ လူကြီးများနှင့်အတူ နေထိုင်နေကြပြီး ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံရှူရှိုက်နေရသည်။ မြန်မာများ ဆေးလိပ်ဖိုးအတွက် တစ်နှစ်လျှင် အနည်းဆုံးဒေါ်လာ ၁၄ သန်း ကုန်ကျခံနေသည်ဟုလည်း သိရသည်။

၂၀၁၁ ခုနှစ် ဧပြီလကထုတ်ပြန်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် အဆုတ်ကင်ဆာကြောင့် သေဆုံးသူ ၆၆၅၉ ဦးရှိခဲ့ပြီး အထွေထွေအဆုတ်ရောဂါကြောင့် သေဆုံးသူမှာ ၁၆၃၃၈ ဦး ရှိသည်။ ဆေးလိပ်ဟုဆိုလိုက်လျှင် အဆုတ်ရောဂါဖြစ်ပေါ်သည်ကိုသာ အသိများကြသည်။ သို့သော် အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာနှင့် ကင်ဆာပေါင်းစုံကြောင့် သေဆုံးမှုများတွင် ဆေးလိပ်က အဓိကတရားခံဖြစ်သည်။ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း၊ အဆုတ်၊ အစာအိမ်၊ ကျောက်ကပ်၊ ဆီးအိမ်၊ အရိုးချဉ်ဆီ၊ သွေးကင်ဆာ အစရှိသည်တို့လည်း ပါဝင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွက် ဆေးလိပ်၏အန္တရာယ်က ထင်ရ၊ မြင်ရသည်ထက်ကို ပိုဆိုးနေသည်။ အဆစ်အမြစ်ကိုက်ရောဂါသည်ပင် ဆေးလိပ်ကြောင့် နှစ်ဆတိုးလာနိုင်သည်ဟုဆို၏။

အာရှအမျိုးသမီးများတွင် အဖြစ်များသည့် အရိုးပါးရောဂါသည်လည်း ဆေးလိပ်ကြောင့် ကျန်ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်သလို မျက်စိအမြင်အာရုံကို ထိခိုက်စေပြီး တိမ်ဖြစ်ပေါ်စေသည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံလို ဆေးဝါးကုသမှုနိမ့်ကျသော ဒေသတွင် မည်သည့်ရောဂါကြောင့်မှန်းမသိကြဘဲ သေဆုံးသွားသူများစွာရှိနေသဖြင့် ဆေးလိပ်၏ရိုက်ခတ်မှု မည်မျှအထိကြီးမားမည်ကို အတိအကျမသိနိုင်ပေ။ စာရင်းသွင်းရရှိထားသော အရေအတွက်ထက် များစွာပိုမည်က အသေအချာပင်။

ယခုအခါ အီးစီးကရက် ပေါ်ထွက်လာ၍ ဆေးလိပ်စွဲသူများအတွက် ဆေးလိပ်ဖြတ်ရန် သတင်းကောင်းဟု ဆိုနိုင်သော်လည်း ဆိုးကျိုးများကလည်း ရှိလာပြန်သည်။ အီးစီးကရက်ကလည်း စွဲစေသည်သာဖြစ်သည်။ ဆေးရွက်ပါသော ဆေးလိပ်လောက် အန္တရာယ်မများသော်လည်း လုံးဝအန္တရာယ်ကင်းသည်တော့လည်း မဟုတ်ပါ။ အီးစီးကရက်တွင် အဆိပ်ဖြစ်စေသော ဓာတုဆေး Carcinogens နှင့် နောက်ဓာတုဓာတ်ဖြစ်သည့် Diethylene Glycol ပါဝင်သည်။ ၎င်းဓာတုဓာတ်များက လူ့ကျန်းမာရေးကို ထိခိုက်စေပြန်သည်။ အီးစီးကရက်သောက်ပြီး အသက်ရှူလမ်းကြောင်း ပြဿနာဖြစ်ပေါ်ကြောင်း သတင်းပေးပို့ချက်များ ရှိခဲ့သည်။

နောက်ပြဿနာတစ်ခုမှာ ဆေးလိပ်ကို အသက်အရွယ်ကန့်သတ်ရောင်းချသည့် နိုင်ငံများတွင် အီးစီးကရက်ကို ကန့်သတ်ခြင်းမရှိသဖြင့် ဆယ်ကျော်သက်များ ၀ယ်ယူခွင့်ရနေခြင်းဖြစ်သည်။ ထိုမှ သုံးစွဲသူလူငယ်လည်း ပိုများလာသည်။ အမေရိကန်နိုင်ငံတွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသားများ အီးစီးကရက်သုံးစွဲမှု များပြားနေကြောင်း လေ့လာမှုများက ပြဆိုသည်။

အီးစီးကရက်ထုတ်လုပ်သူများက ကလေးနှင့် လူငယ်များအတွက် ထုတ်လုပ်ခြင်းမဟုတ်ပါဟု ဆိုနေသော်လည်း ချယ်ရီ၊ စတော်ဘယ်ရီ၊ ဗာနီလာ အစရှိသော ကလေးကြိုက်အနံ့များထည့်ပြီး ထုတ်လုပ်နေသည်။ လက်ရှိတွင် စီးကရက်ကြော်ငြာဆိုင်ရာဥပဒေသည် အီးစီးကရက်အပေါ် အကျုံးမ၀င်ပါ။

ဤအတောအတွင်း ဂရိနိုင်ငံသုတေသီများ၏ လေ့လာချက်အရ အီးစီးကရက်သုံးစွဲသူများတွင် အဆုတ်အားနည်းလာသည်ကို တွေ့ရသည်။ နီကိုတင်းငွေ့ကို အဆုတ်တွင်းတိုက်ရိုက်ရှူသွင်း၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပေါ်လာချိန်မကြာလှသေးသဖြင့် ရေရှည်တွင် မည်သို့သောအကျိုးဆက်များ ပေါ်ထွက်လာဦးမည် မသိရသေးပါ။

ဆေးလိပ်စွဲသူများ ဆေးလိပ်ဖြတ်ရန် အထောက်အကူပြုစေသည်ဟု ဆိုသော်လည်း ဆေးလိပ်စွဲသူများမဟုတ်သည့် ကလေး၊ လူငယ်များအတွက် အီးစီးကရက် ကျယ်ကျယ်ပြန့်ပြန့်စွဲသည့် အချိန်တစ်ခုရောက်လာမည်ကို စိုးရိမ်နေရပေသည်။

ဓာတ်ပုံ- အင်တာနက်
7Day News Journal


အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကျန်းမာရေးဆိုင်ရာ သိမှတ်စရာများ

 
အိမ်ထောင်ပြုလိုက်တာနဲ့ အနေအထိုင်တွေ ဆင်ခြင်ရ၊ အသွားအလာ၊ အသုံးစရိတ်တွေ လျှော့ချပစ်ရ၊ ရှေ့ရေးအတွက် အားသွန်ခွန်စိုက် အလုပ်တွေလုပ်ရ စသဖြင့် စိတ်ပင်ပန်းရတဲ့ ကာလတွေ ရှိပေမယ့် အိမ်ထောင်ပြုလိုက်လို့ ဖြစ်လာတဲ့ ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေပေါ့။ အဲ့ဒါတွေကတော့
၁။လေ့လာတွေ့ရှိချက်တွေအရ အိမ်ထောင်သည်တွေဟာ တစ်ကိုယ်တည်းသမားတွေ၊ အိမ်ထောင်ကွဲတွေ၊ မုဆိုးဖို၊ မုဆိုးမ စသူတွေထက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုနှုန်း နည်းပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေးမှာ တစ်ဦးအပေါ် တစ်ဦး နာလည်မှု မပေးနိုင်တာကြောင့် စိတ်ညစ်နေရသူတွေ၊ စိတ်ဓာတ်ကျနေသူတွေ ဆိုရင်တော့ နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါမျိုးတွေ ဖြစ်ပွားနိုင်တာကိုလည်း သတိထားရမှာပါ။

၂။အိမ်ထောင်သည် အမျိုးသမီးတွေရဲ့ အရိုးအဆစ်ပိုင်းဆိုင်ရာ ကျန်းမာမှုဟာ သူတို့ရဲ့ အိမ်ထောင်ရေးနဲ့ ဆက်နွယ်နေတယ်လို့လည်း ဆေးပညာပိုင်းဆိုင်ရာ သုတေသီတွေက ဆိုထားပါသေးတယ်။

၃။နောက်တစ်ချက်ကတော့ သောက်တတ်တဲ့ အိမ်ထောင်သည်အမျိုးသမီးတွေဟာ တစ်ကိုယ်တည်းသမားတွေ၊ အိမ်ထောင်ကွဲအမျိုးသမီးတွေထက် ပိုသောက်နိုင်လာပါတယ်တဲ့။ ဒါဟာ အမျိုးသားကြောင့်လည်း ဖြစ်နိုင်သလို၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိမ်ထောင်သည် အမျိုးသားတွေကကျတော့ အိမ်ထောင်ကွဲ အမျိုးသားတွေ သောက်သလောက်ကို မသောက်နိုင်တော့ဘူးလို့လည်း သိရပါတယ်။

၎။သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေဟာ ခန္ဓာကိုယ်အချိုးအစားပိုင်း ပိုမိုလှပကြတယ်လို့လည်း သိရပါတယ်။ ငေးလောက်အောင် မလှရင်တောင် အိမ်ထောင်ပြုလိုက်လို့ ဖြစ်သလိုနေထိုင်သလိုမျိုး ပုံပျက်သွားတာမျိုး မရှိပါဘူးတဲ့။

၅။အိမ်ထောင်သည် အမျိုးသားတွေဟာ တစ်ကိုယ်တည်းသမားတွေထက် ၀ိတ်ပိုတက်လေ့ရှိတာမျိုးကိုလည်း သုသေတီတွေက စာရင်းပြုစုထားပါသေးတယ်။
 
MyawadyNews

ကွန်ဒုံးအကြောင်း သိကောင်းစရာ

                     
ကွန်ဒုံး

ကွန်ဒုံးဆိုရာမှာအမျိုးသားသုံး၊ အမျိုးသမီးသုံး ရှိပါတယ်။ မလိုချင် သေးတဲ့၊ မရည်ရွယ်တဲ့ ကိုယ်ဝန်
မရရှိအောင် ကာကွယ်ပေးတဲ့ အပြင် ကူးစက် တတ်သော ကာလသား ရောဂါတွေနဲ့ အိပ်ခ်ျအိုင်ဗီပိုးတို့
အန္တရာယ်မှလည်း ကာကွယ် ပေးပါတယ်။

ကာလသားရောဂါဆိုတာလိင်ဆက်ဆံခြင်းမှ ကူးစက်တတ်တဲ့ ရောဂါပါ။ လိင်ဆက်ဆံတိုင်း ကူးစက်မှာမဟုတ်ဘဲရောဂါပိုး ရှိသူနဲ့ လိင်ဆက်ဆံ မိမှသာလျှင် ကူးစက်တာပါ။ အမျိုးသမီးတွေဟာ
အမျိုးသားတွေထက် ကာလသားရောဂါတွေ ကူးစက်ခံရနိုင်တဲ့ အန္တရာယ် ပိုများပါတယ်။ မိန်းမတစ်ယောက် ရဲ့ မိန်းမကိုယ် နံရံတွေနဲ့ သားအိမ်ခေါင်းဟာ လိင်ဆက်ဆံစဉ် ထွက်တဲ့အရည်(သုက်ရည်) ၀င်ဖို့ လမ်းကြောင်းတွေ တိုက်ရိုက် ပွင့်နေလို့ပါ။ အကယ်၍ သုက်ရည်မှာကာလသားရောဂါ ရောဂါပိုး ရှိနေမယ် ဆိုပါက အမျိုးသမီးဟာ ပိုပြီး ရောဂါကူးစက်ခံရနိုင်ပါတယ်။ အမျိုးသားရဲ့ လိင်တံမှာတော့ လိင်တံဝမှာသာ ရောဂါပိုးဝင်နိုင်မှာမို့ အမျိုးသမီးဆီမှာ ကာလသားရောဂါ ရောဂါပိုး ရှိနေခဲ့ရင် အမျိုးသားကိုကူးစက်ဖို့ အခွင့်အလမ်း ပိုပြီး နည်းလျော့ပါတယ်။ အမျိုးသမီးတွေမှာ ကာလသားရောဂါရှိနေ ရင်လည်း ရောဂါလက္ခဏာ မပြဘဲရှိတတ်တဲ့ အတွက် မကုသဘဲ ရောဂါ ပျံ့နှံ့လွယ်ပြီးပြဿနာတွေ ဖြစ်စေနိုင် ပါတယ်။ လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်တဲ့ ရောဂါ တွေထဲမှာ
အိပ်ခ်ျအိုင်ဗွီ(HIV)လည်းအပါအ၀င် ဖြစ်ပါတယ်။

အိပ်ခ်ျအိုင်ဗွီဆိုတာလူ့ခုခံအား စနစ်ကို ဖျက်ဆီးပစ်သော ဗိုင်းရပ်စ်ပိုး ဖြစ်ကြောင်း လူသိများနေပါပြီ။
သေချာ မမှတ်မိသေးရင်လည်း လေ့ကျင့် မှတ်သားထားဖို့ တိုက်တွန်းပါတယ်။ အေ့ဒ်စ် (HIV) ဆိုတာက ခုခံအား သိပ်ကျလာတဲ့ အခါမှာ ဝေဒနာတွေကိုခုခံနိုင်စွမ်း မရှိတော့ဘဲ ပေါ်ပေါက်လာတဲ့ ကပ်ပါးရောဂါ လက္ခဏာ တွေကို ခေါ်တာပါ။အိပ်ခ်ျအိုင်ဗွီပိုး ကာကွယ်ဆေး ကုသဆေး ယနေ့ထက်တိုင် မတွေ့ရှိ သေးပါဘူး။အိပ်ခ်ျအိုင်ဗွီပိုး ဆက်မပွားအောင် တားမြစ်နိုင်တဲ့ ဆေးတွေကလည်း ဈေးကြီးပါတယ်။
ကိုယ့်လိင် ဆက်ဆံဖက်မှာ အိပ်ခ်ျအိုင်ဗွီ ရှိမရှိဆိုတာ အပြင်ပန်း ကြည့်ရုံနဲ့မသိနိုင်ဘူး မဟုတ်လား။ အပြန်အလှန် တစ်ဦးတည်းသော လိင်ဆက်ဆံဖက် ဖြစ်တယ် ဆိုတာ စိတ်ချယုံကြည်မှု မရှိရင် အိပ်ခ်ျအိုင်ဗွီ အပါအ၀င် ကာလသားရောဂါ မရရှိအောင် ကွန်ဒုံးသုံးစွဲဖို့ တိုက်တွန်းပါတယ်။ ကွန်ဒုံးဟာ ကိုယ်ဝန် မရရှိအောင် ကာကွယ်ပေးရုံမကအိပ်ခ်ျအိုင်ဗွီနဲ့ တကွအခြားသော ကာလသားရောဂါတွေ ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်တာမို့ စိတ်ချသေချာ သုံးစွဲစေလိုပါတယ်။

အမျိုးသမီးသုံးကွန်ဒုံး

အမျိုးသားကကွန်ဒုံးမသုံးစွဲလိုတဲ့ အခါမှာ အမျိုးသမီးက တပ်ဆင် ထားလိုက် နိုင်ပါတယ်။ လိင်ဆက်ဆံတဲ့အခါတိုင်း အသစ်တစ်ခု သုံးစွဲသင့်ပါတယ်။ သက်တမ်းကုန် နေရင်၊ အထုပ်ပေါက်ပြဲနေရင်၊ကွန်ဒုံးပွန်းပဲ့ ဟောင်းစုတ်ရင် မသုံးစွဲပါနဲ့။ ကွန်ဒုံးကို အထုပ်ထဲက ထုတ်ရင်သွားနဲ့၊ ဓားနဲ့၊ ကပ်ကြေးနဲ့ ကိုက်ညှပ် မထုတ်ပါနဲ့။ တခြားထက်တဲ့ ချွန်တဲ့ပစ္စည်းတွေ မသုံးပါနဲ့။ ကွန်ဒုံး ပျက်စီး နိုင်ပါတယ်။ ကွန်ဒုံးဟာ ချောဆီအတွင်းအပြင် အလုံအလောက် ရှိရဲ့လား စစ်ဆေးဖို့ လိုပါတယ်။
ကိုယ်တိုင်တပ်ဆင်ရတာလွယ်ကူပါတယ်။ တစ်ဦးတည်း သီးသန့် ရှိတဲ့ အခါမှာ လေ့ကျင့်ထား နိုင်ပါတယ်။

(၁)ပွင့်နေတဲ့ဘက်ကို အောက်ဖက် ထားပြီး ကိုင်ပါ။

(၂)သက်တောင့်သက်သာအနေအထားနဲ့ ပေါင်ကွပြီး ထိုင်ခုံပေါ် ခြေတစ်ဖက် တင်ထား နိုင်ပါတယ်။ ကွန်ဒုံးရဲ့ပိတ်နေတဲ့ ဘက်ကို ကိုင်ပြီး အတွင်းကွင်းကို ရှည်ရှည် ကျဉ်းကျဉ်းဖြစ်အောင် ညှစ်ကိုင်ရပါမယ်။တခြား လက်က မိန်းမကိုယ်ဝကို ဟထားရပါမယ်။ အတွင်းကွင်းကို မိန်းမ ကိုယ်ထဲ
အသာသွင်းရပါမယ်။

(၃)လက်ညှိုးကိုကွန်ဒုံး အတွင်းဘက်ကို ထည့်ပြီး အတွင်းကွင်းကို အတွင်း အရောက်နိုင်ဆုံးတွန်းသွင်းရပါ မယ်။ ကွန်ဒုံး လိမ်မနေ စေရပါဘူး။

(၄)အပြင်ကွင်းကမိန်းမ ကိုယ်ဝမှာ ရှိပြီး ကွန်ဒုံးသားဟာ မိန်းမကိုယ် နံရံနဲ့ ကပ်နေပြီးအတွင်းသားနဲ့ တသား တည်း ဖြစ်နေရပါမယ်။

ယောကျာ်းလိင်တံကိုကွန်ဒုံးနဲ့မိန်းမကိုယ်နံရံကြားထဲဝင်မသွားဘဲမိန်းမကိုယ်ထဲသို့ သေချာဝင်အောင်လက်နဲ့ အ သာ ထိန်းသွင်း ပေးရပါတယ် (ချောဆီ အလုံအလောက် သုံးစွဲမှ သာလျှင်လိင်ဆက်ဆံစဉ်မှာ ကွန်ဒုံး ဟာ နေရာ တကျ ရှိနေပါလိမ့်မယ်)။ ဆက်ဆံပြီးတဲ့ အခါမှာအပြင်ကွင်းကို လိမ်ပြီး ကွန်ဒုံးကို အပြင် ဆွဲထုတ် ရပါတယ်။ မတ်တတ် မရပ်ခင်ကွန်ဒုံးကို ဆွဲထုတ်ရမှာ ဖြစ်ပါတယ်။ အမျိုးသားသုံး ကွန်ဒုံးလို လိင်တံ မပျော့ခင်အလျင်စလို ဆွဲထုတ်စရာ မလိုပါဘူး။ သုံးပြီး ကွန်ဒုံးကို အမှိုက်ပုံး၊ အိမ်သာတွင်းထဲစွန့်ပစ် ရပါမယ်။ ရေဆွဲ အိမ်သာထဲ ရေဆွဲမချပါနဲ့။ ကွန်ဒုံး အပိုဆောင်ထား သင့်ပါတယ်။အမျိုးသားသုံးကွန်ဒုံးကိုတစ်ပြိုင်တည်း မသုံးရပါဘူး။ ကွန်ဒုံးချင်း ပွတ်တိုက် စုတ်ပြဲ သွားပါလိမ့်မယ်။အမျိုးသား အများစုဟာလည်း အမျိုးသမီးဘက်က ကွန်ဒုံးသုံးတာကို နားလည် လက်ခံလာကြပါပြီ။အမျိုးသားသုံး ကွန်ဒုံးလို အလျင်စလို မဟုတ်ဘဲ ၈ နာရီ ကြိုသွင်း ထားနိုင်လို့နှစ် သက်ကြပါတယ်။ နာကျင်ခြင်း လုံးဝမရှိပါဘူး။ ကျပ်ခြင်း၊ တင်းခြင်း မရှိပါဘူး။အပူအအေး မျှတပါတယ်။

ရာသီလာနေတဲ့အခါ၊သားအိမ်နောက်လန်နေတဲ့ အခါ၊ ကိုယ်ဝန်ဆောင် နေတဲ့အခါ သုံးစွဲနိုင်ပါတယ်။ (သွေးဆုံးပြီးသူတွေ အတွက်လည်း သင့်လျော်ကြောင်း ကြုံတုန်းပြော ချင်ပါတယ်)။ အမျိုးသားသုံးကွန်ဒုံး လုပ်တဲ့ latex တို့ nanoxynol-9တို့နဲ့ သွေး မတည့်ဘဲ ယားယံတတ် သူတွေလည်းသုံးစွဲနိုင်ပါတယ်။ အရင် လေးငါးနှစ်တုန်းက ဆိုရင် အမျိုးသမီးသုံး ကွန်ဒုံးဆိုတာပစ္စည်း အသစ်အဆန်း ဖြစ်နေသေးခဲ့တဲ့ အတွက် သုံးစွဲဖို့ လက်မခံချင်တာရယ်၊ နည်းပညာနဲ့အတွေ့အကြုံ မပြည့်စုံ သေးတာရယ်၊ သုံးစွဲစဉ် အသံမြည်တဲ့ အတွက် ငြင်းဆန်ကြပါတယ်။ အခုနောက်ဆုံးပေါ်တွေကတော့ အဲဒီ ချို့ယွင်း ချက်မရှိဘဲ လိင်မှု ဆိုင်ရာ အိမ်ထောင်သည် ဘ၀အရသာကို ပြည့်ဝစွာ ခံစား နိုင်ကြပါတယ်။

HIV INFORMATION FOR MYANMAR