1 May 2014

ဦးသိန်းစိန်အစိုးရ နှုတ်ထွက်ပေးဖို့ တောင်းဆိုမည်

 
နေပြည်တော်၊ မဇ္ဈိမ။ ။ သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ကို အယုံအကြည်မရှိဟုဆိုကာ အားလုံးနှုတ်ထွက်ပေးရန် မေလ တတိယပတ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုမည်ဟု မန္တလေးမြို့မှ ရှေ့နေကြီး ဦးစိန်လှက မဇ္ဈိမကို ပြောသည်။

“ပြီးခဲ့တဲ့ ၂၀၁၃ ဧပြီလ ၃၀ ရက်တုန်းက သမ္မတက စက်မှု၊ စိုက်ပျိုး၊ စီးပွားထူးချွန်ဆုတွေပေးခဲ့တဲ့အထဲမှာ လယ်မြေဧက လေးသိန်းမတရားသိမ်းပြီး ဒေသခံတောင်သူတွေကို နှိပ်စက်နေတဲ့၊ တရားမ၀င်သစ်တွေ ခိုးထုတ်နေတဲ့ လုပ်ငန်းရှင်တစ်ဦးလည်းပါတယ်။ အဲဒီလို သစ်ခိုးထုတ်နေတာကို အချက်အလက် အထောက်အထားအပြည့်အစုံနဲ တိုင်ကြားခဲ့ပေမယ့် ကွင်းဆင်းစစ်ဆေးတာ၊ အရေးယူတာ မရှိပါဘူး။ မရှိတဲ့အပြင် သူခိုးစားရိုးကမ်းသလို အဲဒီလုပ်ငန်းရှင်ကို ထူးချွန်ဆုချီးမြှင့်ခဲ့တာကြောင့် ဒီအဆိုကို ကျွန်တော်တင်ပြသွားမှာ" ဟု ၎င်းက ပြောသည်။

ယမန်နှစ်က ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ ထူးချွန်ဆုချီးမြှင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ သစ်ခွဲစက်တည်ထောင်ထားသူ ဂရိတ်ဝေါကုမ္ပဏီနှင့် ဟွန်ဒါမြန်မာကုမ္ပဏီပိုင်ရှင်ကို ဆုချီးမြှင့်ခဲ့ခြင်းကို ရည်ညွှန်းပြောဆိုလိုက်ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့နုတ်ထွက်ပေးရန် မေလ တတိယအပတ်၌ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် သတင်းစာရှင်းလင်းပွဲလုပ်ရန် စီစဉ်ထားသည်။ သို့သော် တော်ဝင်နှင်းဆီတွင် အဆင်မပြေပါက အခြားနေရာတစ်ခုတွင် ပြုလုပ်ရန် ရွေးချယ်နေဆဲဖြစ်ပြီး သတင်းစာရှင်းလင်းပွဲအတွက် မေလ ၁ရက်က နေပြည်တော်တွင် ခွင့်ပြုမိန့် လာရောက်တောင်းခံခဲ့သည်။

ယင်းကဲ့သို့ သမ္မတအပါအဝင် အစိုးရအဖွဲ့ နုတ်ထွက်ရန် ရှေ့နေကြီး ဦးစိန်လှက သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့ နှုတ်ထွက်ပေးရန် ဆန္ဒထုတ်ဖော်ခွင့်ကို ၂၀၁၃ခုနှစ်ကတည်းကပင် သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့သော်လည်း ခွင့်ပြုမိန့် မရရှိခဲ့ပေ။

“၂၀၁၃ ခုနှစ် ကိုးလပိုင်းမှာ ဒီအဆိုလုပ်ဖို့ ထီးချိုင့်မြို့နယ်မှာ နှစ်ကြိမ်၊ နေပြည်တော်မှာ တစ်ကြိမ်ခွင့်ပြုချက် တောင်းခဲ့တယ်။ မရခဲ့ပါဘူး" ဟု ရှေ့နေကြီး ဦးစိန်လှက ပြောသည်။

ရှေ့နေကြီး ဦးစိန်လှသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်နှင့် ၂၀၁၂ ခုနှစ်တွင် မဟာအောင်မြေမြို့နယ်တို့တွင် တစ်သီးပုဂ္ဂလအမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၈၉ခုနှစ်၌ ပုဒ်မ ၅(ည)ဖြင့် ရှေ့နေလိုင်စင်အသိမ်းခံခဲ့ရပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ရက်တွင် လိုင်စင် ပြန်လည်ရရှိခဲ့သည်။

စိုးသန်းလင်း
Mizzima - News in Burmese


တစ်နေ့တာမှာ နှလုံးရောဂါ အဖြစ်ပွားဆုံးအချိန်


 
နှလုံးတိုက်ခိုက်မှုနဲ့ လေဖြတ်ခြင်းတွေ တစ်နေ့တာမှာ အဖြစ်ပွားဆုံးအချိန်ကို သုတေသနပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တစ်နေ့တာမှာ အဖြစ်ပွားဆုံးအချိန်ကတော့ မနက် ၆နာရီခွဲ အချိန်ဖြစ်တယ်လို့ သိရှိရပါတယ်။ သုတေသနကို ဦးဆောင်ခဲ့တဲ့ Oregon Health and Science University မှ သုတေသီတွေကတော့ ဒီအချိန်မှာ သွေးတွင်းပရိုတင်းပမာဏတွေ အမြင့်ဆုံးရောက်ရှိနိုင်ပြီး သွေးခဲတွေကို ပျော်စေတဲ့ ကိုယ်ခန္ဓာဖြစ်စဉ်တွေဟာလည်း အနှေးကွေးဆုံး ဖြစ်နေလို့ပဲဖြစ်ကြောင်း ရှင်းလင်းပြောကြားထားပါတယ်။

““ဒီသုတေသနမှာ သွေးလှည့်ပတ်မှုစနစ်၊ ကိုယ်ခန္ဓာရဲ့ ဇီဝနာရီတွေရဲ့ ဆက်စပ်မှုဟာ နှလုံးရောဂါအပေါ် သက်ရောက်မှုရှိနေတယ်ဆိုတာ ဖော် ထုတ်နိုင်ခဲ့ပါတယ်။ 


မနက်ခင်းမှာ မြင့်တက်လာတဲ့ သွေးတွင်းပရိုတင်း ပမာဏကို ပူးပေါင်းပါဝင်သူတွေမှာ တိုင်းတာနိုင်ခဲ့ပြီး ရလဒ်များအရ အခု လိုတွေ့ရှိခဲ့ပါတယ်”” လို့ သုတေသီ ခေါင်းဆောင် Frank Scheer က ပြောကြားခဲ့ပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေရဲ့ သွေးထဲမှ Plasminogen activator inhibitor-1(PAI-1)ဆိုတဲ့ ပရိုတင်းဟာ မနက်၆နာရီခွဲအချိန်မှာ အမြင့်ဆုံးဖြစ်ပြီး အဲဒီပရိုတင်းဟာ သွေးကြောတွင်းမှာ သွေးခဲပိတ်ဆို့ခြင်းကို တားဆီးနိုင်မှုတွေကို ပိတ်ပင်တဲ့ ပရိုတင်းဖြစ်ပါတယ်။

PAI-1 ဟာ အ၀လွန်ခြင်း၊ ဆီးချို သွေးချိုရောဂါနဲ့ နှလုံးရောဂါ အခံရှိသူတွေမှာ မြင့်တက်လာမယ်ဆိုရင် နှလုံးတိုက်ခိုက်မှုနဲ့ လေဖြတ်ခြင်းကို ခံစားရဖို့ ၈၀%သေချာကြောင်း Frank Scheer က ရှင်းပြထားပါတယ်။ ဒီသုတေသနကို Journal of Blood မှာ ဖော်ပြထားတာဖြစ်ပါတယ်။
 
သက်ကို
 
ref;ANI

MyawadyNews



သူဘာလို့ ငါ့ထက်သာနေရတာလဲ ?

 
 (အရမ်းကောင်းတဲ့ မှတ်သားစရာ ပညာပေးစကားဖြစ်ပါတယ်)

တစ်ခါက မောင်ဖြူနဲ့ မောင်မဲ ဟာ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါသတဲ့။ နှစ်ယောက်စလုံးဟာ အလုပ်ကို ကြိုးစားလုပ်ကြပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါ သူဋ္ဌေးက မောင်ဖြူကို အရောင်းမန်နေဂျာ အဖြစ်ရာထူးတိုးပေးလိုက်ပြီး မောင်မဲကတော့ အရောင်းသမားအဖြစ်နဲ့ပဲ လုပ်နေရပါတယ် ။
မောင်မဲဟာ ဆက်ပြီးသည်းမခံနိုင်တော့ပါဘူး။ အလုပ်ထွက်စာရေးပြီး သူဌေးဆီသွားတယ်။

" ဒီမှာသူဌေ့း့ ခင်ဗျားက အလုပ်ကြိုးစားတဲ့သူကိုတန်ဖိုးမထားဘဲ ဖားတဲ့သူကိုမှ ခင်ဗျားက ပ,စားပေး ရာထူးတိုးပေးတာ မဟုတ်လား ။ ဒီတော့ ကျုပ်အလုပ်ထွက်တယ့့် " လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။
သူဌေးက မောင်မဲ အလုပ်ကြိုးစားတာ သိပါတယ် ။ဒါကြောင့် သူ့သယ်ရင်းနဲ့ သူ့အကြားကွာခြားချက်ကို သူသိစေချင်တာနဲ့ "မင်းအလုပ်မထွက်ခင် ဈေးထဲသွားပြီး ဖရဲသီးသည်ရှာပေးနိုင်မလား " လို့ မေးပါတယ်။ မောင်မည်း ခေါင်းညိတ်တော့ " အေ့း့ ဖရဲသီး တစ်ကီလိုကို ဘယ်ဈေးလဲ မေးခဲ့စမ်းကွာ " လို့ခိုင်းတယ်။ မောင်မဲလည်းထွက်သွားပြီး မကြာခင်ပြန်ရောက်လာပါတယ်။

" တစ်ကီလို ၁၂ ဒေါ်လာပါဆရာ"

သူဌေးက "အေ့း့ ဒီမေးခွန်းကိုပဲ မင်းသူငယ်ချင်းမောင်ဖြူကိုလည်း ငါမေးဦးမကွာ " ဆိုပြီး မောင်ဖြူကို ခေါ်ပါတယ်။ စောစောကလိုပဲ ခိုင်းပါတယ်။

မောင်ဖြူပြန်လာတော့ " သူဌေးခင်ဗျာ့း့ ဖရဲသီးသည် တစ်သည်ပဲ တွေ့ခဲ့ပါတယ့့် တစ်ကီလိုကိုတော့ ၁၂ ဒေါ်လာပါ့ ၁ဝ ကီလိုယူရင် ဒေါ်လာ၁ဝဝ နဲ့ ရပါမယ့့် လောလောဆယ်သူ့မှာ ဖရဲသီးအလုံး ၃၄ဝ ရှိပါတယ့့် ဆိုင်မှာခင်းထားတာက ၅၈လုံးပါ့ တစ်လုံးကို ၁၅ ကီလိုလောက်ရှိပါတယ့့် မနေ့ကမှ တောင်အရပ်က ဝယ်လာတာပါ့ အားလုံး လတ်လတ်ဆတ်ဆတ်တွေ ချည်းပါပဲ့ ဖုန်းဆက်ချင်ရင် ဒီမှာသူ့ ဖုန်နံပါတ်ပါ့ "

မောင်မဲဟာ သူ့သယ်ရင်းနဲ့ သူရဲ့ခြားနားချက်ကို သိသွားပြီး သူ့သယ်ရင်းကို အရမ်း အထင်ကြီးလေးစားသွားပါသတဲ့ ။ အလုပ်မထွက်တော့ပါဘူး ။
 
သယ်ရင်းဆီက လေ့လာသင်ယူစရာတွေရှိသေးတယ်လေ့ 
ပိုပြီးအောင်မြင်နေသူတွေဟာ အကြောင်းအရာတစ်ခုကိုပဲ အများနဲ့မတူ ပိုပြီး မြင်တတ် တွေးတတ် နက်နက်ရှိုင်းရှိုင်း နားလည်တတ်တဲ့သူတွေပါ ။ မနက်ဖြန်အတွက်မင်းတွေးနေချိန်မှာ သူကနှစ်နဲ့ချီပြီးတွေးပြီးသွားပြီ ။ ရက်နဲ့နှစ်ဆိုတာ ၃၆၅ဆ ၁ ဆ ကွ။
ကဲ့ သယ်ရင်း မင်းရော မင်းဘဝအတွက် ရှေ့ကိုဘယ်လောက်များ ကြိုစဉ်းစားထားပြီလဲ ။ မင်းဘယ်လောက်များ နက်နက်ရှိုင်းရှိုင်း တွေထားပြီလဲ့ 


 
MyawadyNews



ဂျင်းဘောင်းဘီကို ခါးအောက်လျောကျဝတ်ဆင်တက် တဲ့ ယောကျာ်းလေးများ၊မိန်းကလေးများ သိစေဖို့

Myawady News's photo.

ဂျင်းဘောင်းဘီကို ခါးအောက်လျောကျဝတ်ဆင်တက် တဲ့ ယောကျာ်းလေးများ၊မိန်းကလေးများ သိစေဖို့

ဂျင်းဘောင်းဘီ ခါးအောက်ချ ဝတ်ဆင်ခြင်းရဲ့ ယဉ်ကျေးမှု ဇစ်မြစ်ဟာ အမေရိကန် နိုင်ငံမှ စတင်ခဲ့ခြင်း ဖြစ်ပါသည်။

တိတိကျကျညွန်းဆိုရသော် အမေရိကန်နိုင်ငံရှိ ထောင်များမှ အကျဉ်းသားတို့ စတင်ဝတ် ဆင်ခြင်း ဖြစ်သည်။ ယင်းသို့
ဝတ်ဆင်ခြင်းမှာ အဓိပ္ပါယ်တစ်မျိုးရှိသည်။အမျိုးသားချည်းသက်သက် ဖမ်းဆီးထားသော အကျဉ်းထောင်များတွင် တစ်ယောက်နှင့်တစ်ယောက် အပျော်တမ်း ဖော်ချွတ်
ဆက်ဆံလိုသူများ (အများအားဖြင့် အခြောက်များ) သည် ဂျင်းဘောင်းဘီကို တင်ပေါ်တင်ရုံမျှသာ ဝတ်ဆင်ပါသည်။

ယင်းသို့ဝတ်ဆင်မှုမှာ အကျဉ်းသားထောင်လုံခြုံရေးရဲများမှလွဲ၍ အခြား တွေ့မြင်သူ အကျဉ်းသားများမှာလည်း
သဘောပေါက်ပြီး အပြန်အလှန် လိင်တူဆက်ဆံခြင်းများ ရှိကြတယ်လို့ သိရှိကြသည်။ ထို့နောက် လူမသိ သူမသိတွေ့ဆုံမှုများပြုလုပ်ကာ မသင့်တော်သောအမူကိစ္စတို့ကို ပြုလုပ်ပါသည်။

ဘောင်းဘီတင်ပါးလျော ဝတ်ဆင်ခြင်းမှာ My Butt Available To Be Penetrated By Other Inmates ဟူသော အဓိပ္ပါယ်ရကြောင်း သိရသည်။

ယနေ့ခေတ်အချိန်ခါ ဂျင်းဘောင်းဘီ ခါးအောက်လျောကျဝတ်ဆင်သူ လူငယ် အမျိုးသမီး၊အမျိုးသားတို့ အား
ဗဟုသုတရရှိစေရန် ရည်ရွယ်ပါသည်။ကဲ သူငယ်ချင်းတွေ အားလုံး အဲ့လို ၀တ်ဆင်လို့ကော ကိုယ့်ကိုကိုယ် လှတယ်လို့ ထင်နေပါသလား.......?။
 
 
Ref : http://drshweeaimsi.blogspot.com
 

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ပထမဆုံးအကြိမ် အကျွတ်အလွတ်ဒါနပွဲ ပြုလုပ်မည်

Photo: ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ပထမဆုံးအကြိမ် အကျွတ်အလွတ်ဒါနပွဲ ပြုလုပ်မည်
Written by  သန်းဖေသား

မန္တလေး၊ ဧပြီ ၃၀

ယာဉ်မတော်တဆမှု များကြောင့် သေဆုံးသူ မြင့်တက်နေသော ရန်ကုန်- မန္တလေး အမြန်လမ်းတွင် အကျွတ်အလွတ် ဒါနပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းပွဲ ဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူ ဒေါက်တာမိုးမိုးခိုင်က The Voice သို့ ပြောကြားသည်။

အဆိုပါ ဒါနပွဲကို မေလ ၁၀ ရက်နေ့ နှင့် ၁၁ ရက်နေ့တို့တွင် အမြန်လမ်း (ဖြူးမြို့နယ်) မိုင်တိုင်အမှတ် ၁၁၆ အနီးတွင် ပြုလုပ်မည်ဖြစ်ပြီး ပင့်သံဃာတော် ငါးပါးက ယင်းနေရာ တစ်ဝိုက်ရှိ တောစောင့်နတ်၊ တောင်စောင့်နတ်များကို ဆုတောင်းအမျှဝေခြင်း ပြုလုပ်ပေးရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

“ဒီအမြန်လမ်းဟာ ပဲခူးရိုးမကို ကျော်ဖြတ်ပြီး ဖောက်လုပ်ထားတာကြောင့် သစ်ပင်ကြီးတွေ ခုတ်လဲပစ်လိုက်လို့ သူတို့တစ်တွေ နေစရာ မရှိတာနဲ့ အခုလို အနှောင့်အယှက် ပေးနေသလား တွေးမိတယ်။ သူတို့တစ်တွေ မကျွတ်မလွတ် ဘဝနဲ့ ရှိနေကြလိမ့်မယ် ယုံကြည်လို့ ဒီအမျှဝေပွဲတော် ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ဒေါက်တာမိုးမိုးခိုင်က ရှင်းပြသည်။

ယင်းပွဲအစီအစဉ်အဖြစ် မေလ ၁၀ ရက်နေ့ ည၈ နာရီအချိန်တွင် အစားအစာ ကျွေးမွေးခြင်း၊ တောစောင့်နတ်၊ တောင်စောင့်နတ် အပေါင်းတို့အား တောင်းပန်ခြင်းများ ပြုလုပ်ကာ မေလ ၁၁ ရက်နေ့ နံနက်စောစောအချိန်တွင် အမျှပေးဝေခြင်း၊ သစ်ပင်အစားထိုး စိုက်ပျိုးခြင်းများ ဝိုင်းဝန်း ဆောင်ရွက်သွားရန် စီစဉ်ထားပြီး အဆိုပါ အကျွတ်အလွတ် ဒါနပွဲသို့ လိုက်ပါပြုလုပ်လိုသူ၊ ပါဝင်လှူဒါန်း လိုသူများအနေနှင့် ဒေါက်တာ မိုးမိုးခိုင် ဖုန်း ၀၂-၇၅၁၁၄၊ ၀၉-၂၀၅၁၁ ၂၂ ၊ မမိုးလေး ၀၉-၄၀၂၅၄၆၀၇၅ တို့ထံ ဆက်သွယ်နိုင်ပြီး မေလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် မန္တလေးမြို့တော်မှ စတင်ထွက်ခွာမည်ဖြစ်ရာ စိတ်ပါ ဝင်စားသူတိုင်း မေလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကြိုတင် ဆက်သွယ်နိုင်ကြောင်း ယင်းပွဲစီစဉ်သူများထံမှ ထပ်မံသိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ပြီးခဲ့သော ၂၀၁၃ ခုနှစ်က ယာဉ်တိုက်မှုပေါင်း ၉၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ၁၁၃ ဦး သေဆုံးခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ ရက်ပေါင်း ၁၀၇ ရက်အတွင်း ယာဉ်မတော်တဆမှု ၁၄၇ မှုဖြစ်ပွားပြီး စုစုပေါင်း ၅၇ ဦး သေဆုံးကာ ၂၆၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရှိရသည်။

Aye Chan Mon# Credit To : THE VOICE WEEKLY> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

မန္တလေး၊ ဧပြီ ၃၀

ယာဉ်မတော်တဆမှု များကြောင့် သေဆုံးသူ မြင့်တက်နေသော ရန်ကုန်- မန္တလေး အမြန်လမ်းတွင် အကျွတ်အလွတ် ဒါနပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းပွဲ ဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူ ဒေါက်တာမိုးမိုးခိုင်က The Voice သို့ ပြောကြားသည်။

အဆိုပါ ဒါနပွဲကို မေလ ၁၀ ရက်နေ့ နှင့် ၁၁ ရက်နေ့တို့တွင် အမြန်လမ်း (ဖြူးမြို့နယ်) မိုင်တိုင်အမှတ် ၁၁၆ အနီးတွင် ပြုလုပ်မည်ဖြစ်ပြီး ပင့်သံဃာတော် ငါးပါးက ယင်းနေရာ တစ်ဝိုက်ရှိ တောစောင့်နတ်၊ တောင်စောင့်နတ်များကို ဆုတောင်းအမျှဝေခြင်း ပြုလုပ်ပေးရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

“ဒီအမြန်လမ်းဟာ ပဲခူးရိုးမကို ကျော်ဖြတ်ပြီး ဖောက်လုပ်ထားတာကြောင့် သစ်ပင်ကြီးတွေ ခုတ်လဲပစ်လိုက်လို့ သူတို့တစ်တွေ နေစရာ မရှိတာနဲ့ အခုလို အနှောင့်အယှက် ပေးနေသလား တွေးမိတယ်။ သူတို့တစ်တွေ မကျွတ်မလွတ် ဘဝနဲ့ ရှိနေကြလိမ့်မယ် ယုံကြည်လို့ ဒီအမျှဝေပွဲတော် ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ဒေါက်တာမိုးမိုးခိုင်က ရှင်းပြသည်။

ယင်းပွဲအစီအစဉ်အဖြစ် မေလ ၁၀ ရက်နေ့ ည၈ နာရီအချိန်တွင် အစားအစာ ကျွေးမွေးခြင်း၊ တောစောင့်နတ်၊ တောင်စောင့်နတ် အပေါင်းတို့အား တောင်းပန်ခြင်းများ ပြုလုပ်ကာ မေလ ၁၁ ရက်နေ့ နံနက်စောစောအချိန်တွင် အမျှပေးဝေခြင်း၊ သစ်ပင်အစားထိုး စိုက်ပျိုးခြင်းများ ဝိုင်းဝန်း ဆောင်ရွက်သွားရန် စီစဉ်ထားပြီး အဆိုပါ အကျွတ်အလွတ် ဒါနပွဲသို့ လိုက်ပါပြုလုပ်လိုသူ၊ ပါဝင်လှူဒါန်း လိုသူများအနေနှင့် ဒေါက်တာ မိုးမိုးခိုင် ဖုန်း ၀၂-၇၅၁၁၄၊ ၀၉-၂၀၅၁၁ ၂၂ ၊ မမိုးလေး ၀၉-၄၀၂၅၄၆၀၇၅ တို့ထံ ဆက်သွယ်နိုင်ပြီး မေလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် မန္တလေးမြို့တော်မှ စတင်ထွက်ခွာမည်ဖြစ်ရာ စိတ်ပါ ဝင်စားသူတိုင်း မေလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကြိုတင် ဆက်သွယ်နိုင်ကြောင်း ယင်းပွဲစီစဉ်သူများထံမှ ထပ်မံသိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ပြီးခဲ့သော ၂၀၁၃ ခုနှစ်က ယာဉ်တိုက်မှုပေါင်း ၉၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ၁၁၃ ဦး သေဆုံးခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ ရက်ပေါင်း ၁၀၇ ရက်အတွင်း ယာဉ်မတော်တဆမှု ၁၄၇ မှုဖြစ်ပွားပြီး စုစုပေါင်း ၅၇ ဦး သေဆုံးကာ ၂၆၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရှိရသည်။

THE VOICE WEEKLY

Facebook ပေါ်တွင် အငြင်းပွားကြပြီးနောက် သူငယ်ချင်းကို ဓားဖြင့် ၆၅ ချက်ထိုးသတ်



အသက် ၁၆ နှစ်အရွယ်ရှိ အီရန်ဒီ အဲလီဇဘတ် ဂူတီရက်ဇ်ဆိုသူသည် ကမ္ဘာကျော်ဆိုရှယ်ကွန်ရက် Website တစ်ခုဖြစ်သည့် Facebook ပေါ်တွင် သူမ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သူက မတော်တရော်ပုံ များနှင့် စာများတင်လိုက်သဖြင့် စိတ်ဆိုး ဒေါသထွက်ကာ ယင်းသူငယ်ချင်းအား ဓားဖြင့် မသေမချင်း ၆၅ ချက်ထိုးသတ်ခဲ့ကြောင်း ဗြိတိန်နိုင်ငံထုတ် Metro သတင်း တွင်ဖော်ပြထားသည်။

ဂူတီရက်ဇ်၏ သူငယ်ချင်းဖြစ်သူ အသက် ၁၆ နှစ်အရွယ်ရှိ အေနဲလ်ဘေ့ဇ်သည် သူမ၏ ဝတ်လစ်စား လစ်ပုံများကို Facebook ပေါ်တွင် တင်ထား ကြောင်း သတင်းများရရှိပြီးသည့်နောက် အလွန်ဒေါသ ထွက်သွားကြောင်း၊ သို့သော် ဂူတီရက်ဇ်က အခြားဆိုရှယ်ကွန်ရက်တစ်ခုဖြစ်သော Twitter ပေါ်မှ “ငါစိတ်ထိန်းဖို့ ဘယ်လောက်ပဲကြိုးစားသည်ဖြစ်စေ နင့်ကို သုံးခါပြန်လောက်သတ်ချင်စိတ်တွေ ဝင်နေမိ တယ်” ဟုတုံ့ပြန်ရေးသားခဲ့ကြောင်း ယင်းသတင်းကဆိုသည်။

အေနဲလ်ဘေ့ဇ်သည် သူမသူငယ်ချင်းက နောက်ပြောင်ရေးသည်ထင်ခဲ့ကြောင်း၊ တစ်ပိုင်းတွင် ဘေ့ဇ်သည် ဂူတီရက်ဇ် စိတ်ဆိုးပြေလောက်သည်ထင်ပြီး မက္ကဆီကို၊ ဂူမာချီရပ်ကွက်အတွင်းရှိ သူမ၏နေအိမ်သို့ အလည်ခေါ်ခဲ့ရာမှ အသတ်ခံ လိုက်ရခြင်းဖြစ်ကြောင်း Metro သတင်းတွင်ရေးသားထားသည်။

ဂူတီရက်ဇ်က ဘေ့ဇ်၏နေအိမ် မီးဖိုးချောင်ထဲတွင် ဘေ့ဇ်အားဓားဖြင့် ၆၅ ချက်ထိုးသတ်ပြီးနောက် သွေးများ ကိုသုတ်ကာ ပြန်ထွက်သွားခဲ့ကြောင်း၊ သူမသည် ဟန်ဆောင်ဖုံးကွယ်ပြီး သူငယ်ချင်းဖြစ်သူ၏ အသုဘ သို့တက်ရောက်လာချိန်တွင် ရဲများက ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း မက္ကဆီကို ရဲဌာနပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

မောက္ခပညာရေး Magazine


အစာအိမ် အောင့်ပြီးနာလာလျှင် ဒါတွေ သတိထား



၁။ ဆေးလိပ်သောက်လျှင် ရပ်ပစ်ပါ။ ဆေးလိပ်အနံ့ မရအောင် ရှောင်ပါ။ ဆေးလိပ်ငွေ့ သည် အစာအိမ်မှ အက်စစ်ဓါတ်ထွက်မှုကို ပိုမိုဆိုးဝါးစေပါတယ်။

၂။ အရက်သောက်ပါက ခေတ္တရပ်ထားပါ။ ကဖိန်းဓါတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်တို့ကို လျှော့သောက် ပါ။ ၄င်းတို့သည် အက်စစ်ဓါတ်ကို ပိုမိုမြင့်တက်စေပြီး အစာအိမ်ကို ပို၍ နာကျင်စေပါသည်။

၃။ အစာကို တစ်ထိုင်တည်း အ၀မစားပဲ အဆာပြေရုံသာ စားပါ။ တစ်နေ့ကို ၅ကြိမ်၊ ၆ ကြိမ်ခန့် စားပေးပါ။ အချိန်ယူ၍ အစာကြေအောင် အေးဆေးစွာ စားပါ။

၎။ စိတ်ပူစရာ၊ ပူပန်စရာ သောကများကို လျှော့ချပါ။ စိတ်ဖိစီးမှုများလျှင် အစာအိမ်နှင့် ဆက်စပ်နေသောကြောင့် စိတ်ဖိစည်းမှုနည်းအောင် နေပါ။

၅။ နို့ထွက်ပစ္စည်းများ၊ ချောကလက်များ၊ အသားငါးတို့၏ အဆီများ၊ အကြော်များ စတဲ့ အဆီပါသော အစားအစာများကို လျှော့စားပါ။

၆။ အစာစားပြီးချိန်၊ ညဖက်အနားယူ အိပ်စက်ချိန်တို့မှာ အစာအိမ်နာလာပါက အန္တရာယ်ကြီးနိုင်သည့် အတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

လူတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

ကျန်းမာရေးသတင်းများ


ထိုင်း၌အလုပ်ရမည်ဟု ပြော၍ မလေးရှားတွင် ပြည့်တန်ဆာ အဖြစ်ခိုင်းစေခဲ့သူ များကို အမှုဖွင့်


ရှမ်းပြည်နယ်၊ ကျောက်မဲ မြို့နယ်မှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဦးကို ထိုင်းနိုင်ငံရှိ စားသောက်ဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးပြီး ထိုင်းနိုင်ငံမှတစ် ဆင့် မလေးရှားနိုင်ငံသို့ ခေါ်ဆောင်ကာ ပြည့်တန်ဆာ အဖြစ် ခိုင်းစေခဲ့သဖြင့် ခေါ်ဆောင်သူနှင့် ခိုင်းစေသူများကို ဧပြီ ၂၆ ရက်နေ့က ကျောက်မဲမြို့မ ရဲစခန်းမှ လူကုန်ကူးမှုဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၄ခုနှစ် ဧပြီ ၂ ရက်နေ့တွင် အမျိုးသမီးငယ်အား ကျောက်မဲမြို့၊ ၂ ရပ်ကွက်နေ ဒေါ်မြ ၀င်း၊ ၅၄ နှစ်(ဘ) ဦးသောင်းဖေ နှင့်ဒေါ်မြ၀င်း၏သမီး မအေးနောင့်(ခ) ထားထားဝင်းတို့မှ ထိုင်းနိုင်ငံရှိ စား သောက်ဆိုင်၌အလုပ်ရမည်၊ တစ်လ လျှင်ငွေကျပ် (၄/၅)သိန်းခန့်ရမည်ဟု ပြောဆိုစည်းရုံးကာ ကျောက်မဲမှ မန်္တလေးသို့ ကားဖြင့်ခေါ်ဆောင်သွား ပြီး မန်္တလေးမှတာချီလိတ်သို့ လေ ယာဉ်ဖြင့်တင်ပေးလိုက်ကြောင်း သိရ သည်။

တာချီလိတ်လေဆိပ်တွင် ထားထားဝင်း ချိန်းဆိုပြောထားသည့် အမည်မသိ အမျိုးသမီးတစ်ဦးမှ လာ ရောက်ကြိုဆိုပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င်ပို့ဆောင်ခဲ့ကြောင်း၊ ထိုင်း နိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံ၊ ဖူချီ မြို့သို့ ဆက်လက်ခေါ်ဆောင်သွားပြီး မအေးတာလန်(ခ)အေးစန်္ဒာ(ယခင် ကျောက်မဲမြို့တွင်နေထိုင်ခဲ့ဖူးသူ) ဖူချီ မြို့၊ မလေးရှားနိုင်ငံနေသူမှ ပြည့်တန် ဆာအနှိပ်ခန်းများတွင် ၀င်ရောက် လုပ်ကိုင်စေခဲ့ပြီး ရရှိငွေအား မအေး တာလန်မှထိန်းသိမ်းကာ လစာအဖြစ် ပြန်ပေးမည်ဟု ပြောဆိုခဲ့ကြောင်းကို လည်းသိရသည်။

ပြည့်တန်ဆာအလုပ် မလုပ်လို၍နေရပ်သို့ ပြန်ပို့ခိုင်းရာ မအေးတာလန်ကခေါ်ဆောင်လာသည့် စရိတ်ငွေ ကျပ်(၃၅)သိန်းပေးမှသာ ပြန်ပို့ပေးနိုင်မည်ဟု ပြောဆိုသဖြင့် ပြည့်တတန်ဆာအဖြစ်ခိုင်းစေခံရသည့် အမျိုးသမီးငယ်မှ ကျောက်မဲမြို့ရှိ ၄င်း ၏မိခင်ထံဖုန်း၊ အင်တာနက်များဖြင့် ဆက်သွယ်ပြောကြားချက်များကြောင့် မိခင်ဖြစ်သူက လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(လားရှိုး) နှင့်ဆက်သွယ်၍ ၄င်း၏သမီးကို ပြန် လည်ကယ်တင်ပေးနိုင်ရေးအကူအညီ တောင်းခံခဲ့ကြောင်းသိရှိရသည်။

တပ်ဖွဲ့စု(လားရှိုး)က အဆို ပါဖြစ်စဉ်အားစိစစ်ခဲ့ရာ လူကုန်ကူး မှုကျူးလွန်ကြောင်း တွေ့ရှိရသဖြင့် အမျိုးသမီးငယ်အား ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟုစည်းရုံး၍ မလေးရှား နိုင်ငံ၊ ဖူချီးမြို့ရှိ ပြည့်တန်ဆာ/အနှိပ် ခန်းသို့ပို့ဆောင်၍ပြည့်တန်ဆာအဖြစ် လုပ်ကိုင်စေပြီး ပူးပေါင်းဆောင်ရွက်ခဲ့ ကြသော ဒေါ်မြ၀င်း၊ ကျောက်မဲမြို့၊ မအေးနောင့်(ခ)မထားထားဝင်း၊ကျောက် မဲမြို့နှင့် မအေးတာလန်(ခ) အေးစန်္ဒာ (ယခုမလေးရှားနေ)တို့အား အရေးယူ ပေးရန် တပ်ဖွဲ့စု(လားရှိုး)မှ တရား လိုပြုလုပ်တိုင်တန်းသဖြင့် ဧပြီ ၂၆ ရက်နေ့တွင် ကျောက်မဲမြို့မရဲစခန်း မှ(ပ)၂၀/၂၀၁၄၊လူကုန်ပုဒ်မ ၂၈(က) ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

ပြစ်မှုကျူးလွန်းခံရသူ အမျိုးသမီးငယ်အား ကယ်တင်ရရှိရေး မလေးရှားနိုင်ငံရှိမြန်မာသံရုံးနှင့် ဆက် သွယ်ဆောင်ရွက်လျက်ရှိပြီး မအေး တာလန်(ခ)အေးစန်္ဒာအားဖမ်းဆီးရမိ ရေးတပ်ဖွဲ့စု(လားရှိုး)နှင့် တပ်ဖွဲ့စိတ် (တာချီလိတ်)တို့မှပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

၁-၅-၂၀၁၄ နေ့ထုတ် First Weekly ဂျာနယ်မှ
 
The First Media Group

'နိုင်ငံရေး၊ နိုင်ငံ့အရေး' (သူရဦးရွှေမန်း ရေးသည်)


နိုင်ငံရေးလုပ်တာ - အများအတွက်၊ တိုင်းပြည်အတွက် ဖြစ်တယ်။ ဒီလိုခံယူလုပ်ဆောင် ရင်း နိုင်ငံရေးလုပ်တာကောင်းတယ်။ ဒီလိုဆိုရင် သူတို့ကိုနိုင်ငံရေးမလုပ်ရ၊ လုပ်ခွင့်မပြုဘူး ဆိုရင် မတရားဘူး၊ မမျှတဘူး။ သူတို့လည်း ပါဝင်ခွင့်မရဘူးဆိုရင် ကျေနပ်မှာမဟုတ်ဘူး။ ကန့်သတ်ပိတ်ပင်တားဆီးနေလျှင် ခံမှာမဟုတ်ဘူး။ အာဏာနဲ့တားဆီးလုပ်ဆောင်ထားလျှင်လည်း ဆန့်ကျင်နေမှာပဲ။ ဥပဒေနှင့်ပိတ်ပင်ထားလည်း လွတ်မြောက်အောင်ရုန်းထွက်မှာပဲ။
နိုင်ငံသားလေ - နိုင်ငံသားတစ်ယောက်၏ အခြေခံရပိုင်ခွင့် အခွင့်အရေးတွေကို ပေးရ မယ်။ လေးစားရမယ်။ သူ့မှာလည်း နိုင်ငံတော်ကိုကာကွယ်ဖို့၊ ချစ်မြတ်နိုးဖို့၊ အကျိုးပြုဖို့တာဝန် တွေ ရှိတာပဲ။ ကိုယ်ပဲချစ်မယ်၊ ကိုယ်ပဲချစ်တယ်၊ ကိုယ်ပဲကာကွယ်ခွင့်ရှိတယ်လို့ပြောဖို့ လုပ်ဆောင် နေရင် တရားမျှတမှုမရှိဘူး။ မမှန်ကန်ဘူး။

တရားမျှတမှုမရှိတဲ့ တွေးခေါ် ဆောင်ရွက်မှုတွေဟာ လူ့အဖွဲ့အစည်းကို ဒုက္ခဖြစ်စေတယ်။ လွန်စွာမှ အကျည်း တန်အရုပ်ဆိုးတယ်။ တကယ်တော့ ဒါတွေသင်ခန်းစာတွေရှိပြီးဖြစ်တယ်။ မှားတဲ့လွဲတဲ့ လမ်းကြောင်းကို မလိုက်မိဖို့ လိုတယ်။ မြန်မာနိုင်ငံဟာ ၁၉၄၈ ခု နှစ်မှာ လွတ်လပ်ရေးရတယ်။ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တယ်။ ၁၉၆၂ ခုနှစ်မှ ၂ဝ၁ဝ/ ၂ဝ၁၁ ခုနှစ်အထိ အာဏာရှင်ဆန်သော အုပ်ချုပ်မှု (အမိန့်ပေးအမိန့်ခံအုပ်ချုပ်မှု) များရှိခဲ့တယ်လို့ ကမ္ဘာက ဆိုခဲ့ကြ တယ်။ မြန်မာပြည်သူအချို့လည်း ထို အထဲမှာ ပါကြတယ်။

အမိန့်ပေးနိုင်ခဲ့သော အကြီးအကဲ ဟောင်းများဟာ နိုင်ငံကိုချစ်တာအမှန်၊ နိုင်ငံကို ကောင်းစားစေလိုတာအမှန်။ အရည်အချင်းလည်းရှိကြတယ်။ အတွေ့ အကြုံလည်ြး<ွကယ်ဝတယ်။ အင်အား လည်းတောင့်တင်းတယ်။ အုပ်စုလည်း ကောင်းကောင်းရှိတယ်။
စေတနာကောင်း၊ ရည်ရွယ်ချက် ကောင်း၊ အရည်အချင်းကောင်းများရှိ သော်လည်း ပြည်သူကရွေးကောက် ထားသော အစိုးရမဟုတ်၍ ပြည်သူ အများစုကလက်မခံ၊ ကမ္ဘာက မကြိုက် တော့ စေတနာနှင့်ရည်ရွယ်မျှော်မှန်း ချက်အတိုင်း ဖြစ်မလာဘဲ ဆင်းရဲတဲ့ နိုင်ငံ၊ ဒုက္ခပင်လယ်ဝေတဲ့နိုင်ငံဖြစ်လာ တယ်။ တိုင်းရင်းသားစည်းလုံးညီညွတ် ရေး၊ အမျိုးသားညီညွတ်ရေးများ ဆုံးရှုံး ခဲ့ရတယ်။ နစ်နာတော့ တိုင်းရင်းသား ပြည်သူများ၊ မိမိနိုင်ငံသားများ။ ဒါကြောင့် ကမ္ဘာမပြောနဲ့၊ အာရှ-အရှေ့တောင် အာရှတွင်ပင် သူများနှင့်တန်းတူရှိဖို့ ကြိုးစားရဦးမယ်။
တို့မြန်မာတွေကတော့ အမြဲတမ်း မြန်မာတို့၏အမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့ နိုင်ငံဂုဏ်အတွက် ပြောကြ၊ လုပ်ကြ၊ ကြိုးစားကြတယ်။ မရောင်ရာဆီလူး၊ အနာနှင့်ဆေးတည့်အောင်မပေးနိုင်၊ မအပ်စပ်တာတွေရှိနေပေမယ့် အာဏာ ရှိသူနှင့် အခွင့်အရေးပေးနိုင်သူများ နောက်ပါနေပြီး တိုင်းပြည်တိုးတက်ရေး လမ်းကြောင်းကိုပိတ်ဆို့စေသလို မှုန် ဝါးဝါးလည်းဖြစ်စေတယ်။

ဒီကိစ္စတွေပြင်ဆင်ဖို့၊ ပြုပြင်ပြောင်းလဲ ဖို့ အကောင်းဆုံးအချိန်ဟာ ဒီအချိန်ပဲ။ ဒီအချိန်မှာ နိုင်ငံခေါင်းဆောင်ပိုင်းက အတိတ်သင်ခန်းစာတွေကို ရယူပြီး လက်ငင်းအခြေအနေအရ နိုင်ငံကောင်း ဖို့၊ ပြည်သူအများအကျိုးရှိဖို့အတွက် အမှန်အတိုင်း ရဲရဲတွေး၊ ရဲရဲဆုံးဖြတ် ပြီး၊ ရဲရဲလုပ်နိုင်ကြဖို့ လိုပါတယ်။ ကိုယ် နှင့်ကိုယ့်အဖွဲ့ထဲက ယုံကြည်ရသူ တစ် ယောက်စနှစ်ယောက်စ၏ အကြံအစည် လေးနဲ့လုပ်နေတာထက် ကိုယ်နှင့် သဘောထားတူတူ မတူတူ အမှန်ကို ပြောဝံ့သူ၊ ပါတီတူ ပါတီကွဲထဲက အဓိကကျသူနှင့် ညှိနှိုင်းအဖြေရှာလျှင် မြန်မာတို့၏ပစ္စုပ္ပန်နှင့်အနာဂတ်အတွက် လှပစေမှာဖြစ်ပါတယ်။

တစ်နေရာရာမှာ အကြီးအကဲတစ်ဦး က ပြောခဲ့ပါတယ်။ အသိခေါက်ခက် အဝင်မနက်ကြဖို့၊စကားကို စကားအဖြစ် မထားဘဲ အလုပ်နှင့်လက်တွေ့နယ်ပယ် မှာလုပ်ကြဖို့လိုပါတယ်။အလွန်ချစ်စရာ ကောင်းတဲ့ ပြည်သူတွေ ယနေ့ အလွန် တရာ သနားစရာကောင်းလှပါတယ်။ ကိုယ်အာဏာရဖို့အတွက် ပြည်သူတွေ ကို ပုံစံအမျိုးမျိုးနှင့်သုံးခဲ့တယ်။ ကိုယ် သြဇာသက်ရောက်ဖို့ အဖွဲ့အစည်းတွေ ကို အမည်ခံပြီးသုံးခဲ့ကြတယ်။
ကျွန်တော်တို့ညီညွတ်ရင် ညီညွတ် သလောက် ပြည်သူတွေအကျိုးဖြစ်ထွန်း လာမှာ ဖြစ်ပါတယ်။ အလွန်မှန်တဲ့ စကားဖြစ်လို့ စကားနောက်တရားပါဖို့ ဆိုလျှင် ဆွေးနွေးကြရမယ်၊ တိုင်ပင်ကြ ရမယ်၊ ညှိနှိုင်းကြရမယ်။

တကယ့်အချိန်ကောင်းပါ။ ဆွေးနွေး မယ်၊ ညှိနှိုင်းမယ်ဆိုတာ ဘာကြောင့် လက်မခံချင်တာလဲ။ စေတနာမှန်သော ပုဂ္ဂိုလ်များရဲ့ စေတနာမှန်သောစကား နှင့် လုပ်ရပ်တွေ အလိုအပ်ဆုံးအချိန်ပါ။ ဒီအလုပ်တွေကို တခြားဘယ်သူကမှ လာလုပ်လို့၊ ဝင်လုပ်လို့မှမရဘူး။ ဘယ် နိုင်ငံ၊ ဘယ်အဖွဲ့အစည်းမှ ဝင်လုပ်လို့ မရဘူး။ တကယ့်သတ္တိရှိရမယ့်အချိန်။ ဤသို့သာ ဆောင်ရွက်မယ်ဆိုရင် အလို ချင်ဆုံးသောအရာ၊ အလိုချင်ဆုံးသော ဆုများရရှိမှာဖြစ်ပါတယ်။

လွန်ခဲ့သော နှစ် ၂ဝကျော်က ရေပန်းစားခဲ့တဲ့ စကားလေးတစ်ခုရှိ တယ်။''ညှိတတ်ရင်ပြေလည်ပါတယ် တဲ့'' ဒီနေ့ဒီအချိန်မှာလည်း ဒီအတိုင်း ပါပဲ။ သေးသေး ကြီးကြီး ငယ်ငယ် ညှိတတ်ရင် ပြေလည်ပါတယ်။ မိမိနိုင်ငံ တစ်နိုင်ငံသာမက ကမ္ဘာတွင် မယ့်ကိစ္စ။
ဒီမိုကရေစီကျင့်စဉ် ရင့် သန်ဖို့ အချိန်တစ်ခုလိုတာ မှန်တယ်။ လိုအပ်ချက်ကို အချိန်နှင့်ပဲ တိုင်းတာရ မယ်။ အလုပ်တစ်ခုကို လုပ်သင့်တာ မလုပ်မိရင်လည်း မှားတာပဲ။ လုပ် သင့်တာတွေရှိနေပြီ၊ သိနေပြီ၊ လုပ်ကြဖို့ လိုတယ်။

ဒီမိုကရေစီ မရင့် သန်လျှင် ရင့်သန် အောင် လုပ်ရ မယ်။ ဒီမို ကရေစီက
ကျင့်စဉ်မို့လို့ ကျင့်စဉ်
အတွက် လေ့ကျင့်ပေးရ မယ်။ လေ့ကျင့်ရဲရမယ်။ တာဝန်ယူရဲရမယ်။ လမ်း ကြောင်းက သွေဖည်မယ် ဆိုလျှင်လည်း သွေဖည်သူ ကိုစနစ်ကလည်းကောင်း၊ ပြည်သူကလည်းကောင်း ဒဏ်ခတ်ပါလိမ့်မယ်။
အလေ့အကျင့် ကောင်းတွေပျိုးထောင် ဖို့ လိုတယ်။ Practice make Perfect လို့ လည်း မှတ်သားဖူးပါတယ်။ Practice became behavior, Behavior became character အကျင့်က အပြုအမူဖြစ်လာ တယ်။ အပြုအမူက အကျင့်စရိုက်ဖြစ် လာတယ်။အကျင့်စရိုက်က ယဉ်ကျေးမှု ဖြစ်လာတယ်။ ဒါကြောင့် အကျင့်ကောင်း တွေ အစပြုပေးဖို့ လို တယ်။ ကောင်း သော လုပ်ငန်း အတွက် အစပြု ခြင်းဟာနောက် ကျခြင်းမရှိသလို စောလွန်းခြင်း ဖြစ် တယ်လို့လည်း ဆို မရဘူး။

ဒါကြောင့် လုပ်သင့်တာလုပ် ကြရလိမ့်မယ်။ လုပ်သင့်တာ ကို လုပ်ရမယ့် အချိန်မှာမလုပ် မိလို့ မှားခဲ့ရင် တိုင်းပြည်နစ်နာ ဆုံးရှုံးမယ်။ ပြည်သူ များ၏ဘဝ၊ပြည်သူများ၏ဆန္ဒ၊ပြည်သူ များ၏ လိုအပ်ချက်ကို အမှန်တကယ် ဖြည့်ဆည်းပေးမယ် ဆိုလျှင် ပြည်သူ့ ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်ကို ဖြည့် ဆည်းပေးရမယ်။
ဒီမိုကရေစီဆိုတာ Latin ဘာသာ အရဒီမို+ကရာတီးယား Demo- ပြည်သူ့ Kratia ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို ပြည်သူများပါဝင်ဖို့ ပြည်သူအားလုံး ပါဝင်ဖို့လိုတယ်ဆိုတဲ့ သဘောရတယ်။ ပြည်သူအားလုံး၏ဆန္ဒ တညီတညွတ် တည်းဖြစ်ဖို့ ခက်ခဲတယ်။ ကွဲပြားခြား နားတဲ့ အယူအဆ၊ ဆန္ဒတွေကို ညှိနှိုင်း ဆွေးနွေးကြပြီး အများစုလိုလားလက်ခံ တဲ့ အယူအဆနှင့်ဆန္ဒကိုလိုက်ပါဆောင် ရွက်ရတယ်။ အနည်းစု၏ ဆန္ဒကို လည်း အလေးထားလက်ခံပြီး ဆွေးနွေး မှု၊ အချေအတင်ပြောဆိုမှု၊ ပြောဆို ထိန်းကျောင်းမှုတွေနဲ့ ပြည်သူ့အရေး၊ နိုင်ငံ့အရေးအတွက် ဆောင်ရွက်သွား ကြရမယ်။ ဒါကြောင့် ဒီမိုကရေစီစနစ် ဆိုတာ အားလုံးပါဝင်ကြရမယ်။ အနိုင်ရ အဖွဲ့အစည်း၊ အနိုင်ရပါတီ၊ အနိုင် မရတဲ့ အဖွဲ့အစည်း၊ အနိုင်မရတဲ့ပါတီနဲ့ ပြည်သူများပါဝင်ရမယ်။
 
 နိုင်ငံ့အရေး ကို နိုင်ငံသားအားလုံးပါဝင်ဆောင်ရွက် ခြင်းကို နိုင်ငံရေးလို့ခေါ်ပြီး နိုင်ငံ့ အရေးကို နိုင်ငံသားများနဲ့ဖွဲ့စည်း ထားတဲ့ နိုင်ငံရေးပါတီများက ဦး ဆောင် လုပ်ဆောင်ကြရတယ်။ အနိုင်ရပါတီများသာ နိုင်ငံ့ အရေးကို ပိုမိုဆောင်ရွက်ခွင့် ရှိမှာ ဖြစ်ပါတယ်။ အနိုင် မရတဲ့ ပါတီများကလည်း အနိုင်ရပါတီ၏ နိုင်ငံ့ အရေး ဆောင်ရွက်မှု များအပေါ်ဝေဖန်ခြင်း၊ ယှဉ်ပြိုင်ခြင်း၊ဆွေးနွေး ခြင်းများဖြင့် ပြန် လည်ထိန်းကျောင်း မှုများကို ပြုလုပ် နေခြင်းသည် ကောင်းမွန် သော နိုင်ငံ ရေး လုပ်ဆောင်ချက် နှင့်ဖြစ်စဉ်များကို ဆောင် ရွက်နေခြင်းပဲ ဖြစ်ပါတယ်။

- နိုင်ငံရေးကို နိုင်ငံသားတိုင်း စိတ် ဝင်စားကြရမယ်။
- နိုင်ငံရေးပါတီတိုင်းသည် အမျိုး သားရေး နိုင်ငံရေးကိုပါ ထည့် သွင်းဆောင်ရွက်ကြရမယ်။
- အာဏာရှင်နိုင်ငံဟု ခေါ်ဆိုသမုတ် ကြသော နိုင်ငံများတွင်ပင်လျှင် နိုင်ငံရေးပါတီများက ဦးဆောင်နေ ကြတယ်။

- ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေး ကွက်စီးပွားရေးစနစ်တွင် နိုင်ငံရေး ပါတီများကသာ ဦးဆောင်ကြရမှာ ဖြစ်တယ်။
- သင်သည် နိုင်ငံသား၊ နိုင်ငံ့အရေး ကို စိတ်ဝင်စားပါ။

နိုင်ငံရေးကို စိတ်မဝင်စားဘူး။ စားဝတ်နေရေး၊ လူမှုရေးကိုပဲ စိတ်ဝင် စားတယ်။ နိုင်ငံတည်ငြိမ်အေးချမ်းရေး ကိုပဲ လိုချင်တယ်ဆိုကြသူများသည် လည်း တကယ်တော့ထိုကဲ့သို့ လိုချင် သည်ဆိုသော အကြောင်းအရာကိစ္စများ သည် နိုင်ငံ့အရေး၊ နိုင်ငံရေးပင်ဖြစ်ပါ တယ်။ နိုင်ငံ့အရေး(သို့မဟုတ်) အမျိုး သားအရေးသည် အရေးကြီးသည်ဟု ဆိုလျှင် နိုင်ငံ့အရေးကို ဆောင်ရွက်ကြရ မယ်။ နိုင်ငံရေးကို စိတ်ဝင်စားကြဖို့ လိုတယ်။ နိုင်ငံ့အရေး၊ အမျိုးသား အရေးကို ကောင်းစွာဆောင်ရွက်နိုင် ပါမှ နိုင်ငံရေးကို စိတ်မဝင်စားကြသော နိုင်ငံသားများ၏ စားဝတ်နေရေး၊ လူမှု ရေးကို ကောင်းကောင်း ဆောင်ရွက် ပေးနိုင်မှာဖြစ်ပါတယ်။

သူရဦးရွှေမန်း ရေးသည်

The Union Daily

အမေရိကန်နိုင်ငံသားဖြေမယ့်သူတွေအတွက် မေးခွန်း (၁ဝဝ)

 
 
မနေ့က USCIS လို့ဆိုတဲ့ အမေရိကန်နိုင်ငံသားနှင့်လူဝင်မှုဋ္ဌာနကမိတ်ဆွေတဦးက ဒီစာရွက်တွေထိုးပေးပြီး ဘာသာပြန်ပေးပါလား..ဒီရောက်ပြီး နိုင်ငံသားဖြေဖို့ပြင်နေကြတဲ့ မင်းတို့ဗမာပြည်သားတွေအတွက် အကျိုးရှိမှာပါ..ဘယ်သူမဆို တို့ဝက်ဘ်ဆိုက်မှာတက်ကြည့်ပြီး အခမဲ့ဒေါင်းလုဒ်လုပ်ပြီး ကျက်မှတ်လို့ရတာမှန်ပေမယ့် (အမေရိကန်မှာနေပြီး) အင်တာနက်လည်းမသုံး အင်္ဂလိပ်စကားလည်းမတတ်သေးသူတွေအတွက် အထောက်အကူဖြစ်မှာတော့သေချာတယ်လေ။ ဖြေတဲ့အခါ ဗမာလို ဖြေမရတာမှန်ပေမယ့် ဗမာလိုနားလည်ပြီး အင်္ဂလိပ်လိုကြိုးစားကျက်ရင် ပိုလွယ်မယ်ထင်တယ်..လို့ပြောပြီး အကူအညီတောင်းတယ်။ ဒါနဲ့ ဒီနေ့ အားတဲ့အချိန် ထိုင်ပြန်လိုက်တယ်။ ခုပဲပြီးတယ်။ သူ့ဆီ အီးမေးလ်နဲ့ပို့လိုက်တယ်။ ဒီမှာခုတင်ပေးလိုက်ပါတယ်။ မသိသေးသူတွေသိဖို့ဖြစ်ပြီး သိပြီးသူတွေက လိုမယ့်သူတွေကိုလက်ဆင့်ကမ်းပေးနိုင်ရင်အတော်ကောင်းမယ်ထင်ပါတယ်။

နိုင်ငံသားဖြစ်ရေးစာမေးပွဲတွင်ဖြေဆိုရမည့် (နိုင်ငံ့သမိုင်း၊ အစိုးရနှင့်ပတ်သက်သည့်) အရပ်ဘက်ဆိုင်ရာမေးခွန်းများ။

နိုင်ငံသားဖြစ်ရေးစာမေးပွဲတွင်ဖြေဆိုရမည့် (နိုင်ငံ့သမိုင်း၊ အစိုးရနှင့်ပတ်သက်သည့်) အရပ်ဘက်ဆိုင်ရာမေးခွန်း(၁ဝဝ)နှင့်အဖြေများအား အောက်တွင် စာရင်းသွင်းဖော်ပြထားပါသည်။ နှုတ်ဖြေမေးခွန်းများဖြစ်ပြီး သက်ဆိုင်ရာအရာရှိက နိုင်ငံသားလျှောက်ထားသူအား မေးခွန်း(၁ဝဝ)အနက်မှ (၁ဝ)ခု အထက် မေးပါလိမ့်မည်။ အဖြေ (၁ဝ)ခုအနက် (၆)ခု မှန်အောင်ဖြေဆိုနိုင်မှ နိုင်ငံသားစာမေးပွဲအောင်မြင်မည်ဖြစ်သည်။

ရွေးကောက်ပွဲနှင့်ရာထူးခန့်အပ်မှုအပြောင်းအလဲများကြောင့် သင် စာမေးပွဲလာဖြေချိန်၌ တချို့အဖြေများအပြောင်းအလဲရှိကောင်းရှိနိုင်ပါမည်။ အဖြေမှန် ပေးနိုင်ရေးအတွက် လေ့လာကျက်မှတ်ရာတွင် နောက်ဆုံးဖြစ်ပေါ်ပြောင်းလဲမှုများကို
 သေချာမှတ်သားထားပါ။ မျက်ချေမပြတ်ပါစေနှင့်။ သင့်အား အင်တာဗျူးလုပ်သူက လက်ရှိရာထူးတာဝန်ရှိသူတဦးဦး၏အမည်ကိုမေးသည့်အခါ မိမိအင်တာဗျူးလုပ်နေချိန်တွင် ရာထူးနှင့်တာဝန်တရားဝင်ရှိနေသူ၏ အမည်ကိုသာဖြေရပါမည်။ မှားဖြေမိလျှင် လက်သင့်ခံလိမ့်မည်မဟုတ်ပါ။

ဤမေးခွန်း(၁ဝဝ)အား ဖြေရာတွင် အပိုဆောင်းအဖြေမှန်များ ရှိကောင်းရှိနိုင်ကြောင်းကို ဤ ဋ္ဌာနမှသိထားပြီးဖြစ်သော်လည်း အောက်တွင်ပေးထားသည့် အဖြေများကိုသုံး၍ပြန်ဖြေရန် တိုက်တွန်းအပ်ပါသည်။

အမေရိကန်အစိုးရ

A: အမေရိကန်ဒီမိုကရေစီစနစ်၏အခြခံမူများ

  1. နိုင်ငံ၏ အမြင့်ဆုံးဥပဒေမှာ မည်သည်နည်း။
● ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြစ်ပါသည်။

  1. ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက မည်သည့်အလုပ်လုပ်သနည်း။
● အစိုးရဖွဲ့စည်း ခန့်အပ်ပေးသည်။
● အစိုးရ၏လုပ်ငန်းတာဝန်နှင့်အဓိပ္ပာယ်တို့အား အတိအကျသတ်မှတ်ပေးသည်။
● အမေရိကန်ပြည်သူတို့၏ အခြေခံအခွင့်အရေးများအား ကာကွယ်ပေးသည်။

  1. ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအစတွင် စာလုံး (၃)လုံးဖြင့် ကိုယ်တိုင်အစိုးရဖြစ်ကြောင်းအယူအဆကိုရေးထားသည်။ မည်သည့်စကားလုံးနည်း။
● ပြည်သူများဖြစ်သည့်ကျွန်ုပ်တို့သည်။ (We the People)

  1. ပြင်ဆင်ချက်ဆိုသည်မှာ မည်သည်နည်း။
● ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အပြောင်းအလဲပြုလုပ်ခြင်းဖြစ်သည်။
● ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ထပ်မံဖြည့်စွက်ခြင်းဖြစ်သည်။

  1. ဖွဲ့စည်းအုပ်ချုပ်ပုံ၏ (၁ဝ)ကြိမ်မြောက်ပြင်ဆင်ချက်ကို မည်သို့ခေါ်သနည်း။ (*)
● ဘီလ် အော်ဖ် ရိုက်စ်(နိုင်ငံသားအခွင့်အရေးပြင်ဆင်ချက်ဥပဒေ)

  1. ပထမဆုံးပြင်ဆင်ချက်တွင်ဆိုထားသည့် လွတ်လပ်ခွင့် သို့မဟုတ် ရပိုင်ခွင့်(၁)ခုမှာ မည်သည်နည်း။
● လွတ်လပ်စွာ ပြောဆိုခွင့်၊
● ဘာသာရေးလွတ်လပ်ခွင့်၊
● လွတ်လပ်စွာစုရုံးခွင့်၊
● သတင်းစာလွတ်လပ်ခွင့်၊
● အစိုးရထံအသနားခံစာ/အယူခံစာတင်ပိုင်ခွင့်၊

  1. ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြင်ဆင်ချက်ပေါင်း မည်မျှရှိသနည်း။
● (၂၇) ချက်ရှိပါသည်။
သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
  1. လွတ်လပ်ရေးကြေညာစာတမ်းက ဘာလုပ်ခဲ့သနည်း။
● (ဂရိတ်ဗြိတိန်ထံမှ) လွတ်လပ်ရေးရယူကြောင်း ကြေငြာခဲ့သည်။
● (ဂရိတ်ဗြိတိန်ထံမှ) လွတ်လပ်ရေးရရှိကြောင်း အတိအလင်းထုတ်ဖော်ကြေညာခဲ့သည်။
● (ဂရိတ်ဗြိတန်ထံမှ) အမေရိကန်ပြည်ထောင်စုသည် လွတ်လပ်သောတိုင်းပြည်ဖြစ်ကြောင်း ဖွင့်ဆိုခဲ့သည်။

  1. လွတ်လပ်ရေးကြေညာစာတမ်းတွင်ပါသည့် ရပိုင်ခွင့်(၂)ခုမှာ မည်သည်တို့နည်း။
● အသက်(ဘဝ)၊
● လွတ်လပ်ခွင့်၊
● ပျော်ရွှင်သုခရရှိစေမှု၊

  1. ဘာသာရေးလွတ်လပ်ခွင့်ဆိုသည်မှာ မည်သည်နည်း။
● မည်သည့်ဘာသာကိုမဆို ကိုးကွယ်ဆောင်ရွက်ပိုင်ခွင့် သို့မဟုတ် ဘာသာတရားတခုခုကို မကိုးကွယ်မဆောင်ရွက်ပိုင်ခွင့်။

  1. အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးစနစ်မှာ မည်သည်နည်း။ (*)
● အရင်းရှင်စီးပွားရေးစနစ် ဖြစ်သည်။
● ဈေးကွက်စီးပွားရေးစနစ် ဖြစ်သည်။

  1. တရားဥပဒေစိုးမိုးရေးဆိုသည်မှာ မည်သည်နည်း။
● လူတိုင်း ဥပဒေကိုလိုက်နာရမည်။
● ခေါင်းဆောင်များက ဥပဒေကိုနာခံရမည်။
● အစိုးရက ဥပဒေကိုနာခံရမည်။
● ဥပဒေအထက်တွင် မည်သူမျှမရှိစေရ။


B: အစိုးရဖွဲ့စည်းထားပုံစနစ်

  1. အစိုးရအဖွဲ့၏အစိတ်အပိုင်း(သို့မဟုတ်) ဋ္ဌာနဆိုင်ရာအမည်(၁)ခုအား ပြောပါ။
● ကွန်ဂရက်စ်၊
● ဥပဒေပြုလွှတ်တော်၊
● နိုင်ငံတော်သမ္မတ၊
● အုပ်ချုပ်ရေးအဖွဲ့(အစိုးရ)
● တရားရုံးများ၊
● တရားရေးဆိုင်ရာ၊

  1. အစိုးရဋ္ဌာနတခုခု အာဏာအလွန်အကျွံသုံးမရစေရန် မည်သို့တားမြစ်ထားသနည်း။
● ဋ္ဌာနတခုနှင့်တခု အပြန်အလှန်ထိန်းညှိထားခြင်း၊
● အာဏာကို တနေရာထဲတွင်စုပုံပေးမထားပဲ ဖြန့်ခွဲထားခြင်း၊

  1. အုပ်ချူပ်ရေးအဖွဲ့(အစိုးရ)တွင်တာဝန်အရှိဆုံးမှာ မည်သူနည်း။
● နိုင်ငံတော်သမ္မတဖြစ်သည်။

  1. ပြည်ထောင်စုဥပဒေများကို မည်သူကပြုသနည်း။
● ကွန်ဂရက်စ်၊
● အထက်လွှတ်တော်(ဆီးနိတ်)နှင့် အောက်လွှတ်တော် (ဟောက်စ်အော့ဖ်ရီပဆင်န်တေးတဗ်စ်)၊
● (ပြည်ထောင်စု (သို့) အမျိုးသား) ဥပဒေပြုလွှတ်တော်၊

သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
  1. အမေရိကန်ကွန်ဂရက်စ်၏အစိတ်အပိုင်း (၂)ခုမှာ မည်သည်တို့နည်း။ (*)
● အထက်လွှတ်ဆော်(ဆီးနိတ်)နှင့် အောက်လွှတ်တော်(ဟောက်စ်အော့ဖ်ရီပရီဆန်င်တေးတဗ်စ်)

  1. အမေရိကန်တွင် ဆီနိတ်တာ(အထက်လွှတ်တော်အမတ်) မည်မျှရှိသနည်း။
● (၁ဝဝ) ရှိပါသည်။

  1. ဆီနိတ်တာများအား ဘယ်နှနှစ်အတွက် ရွေးကောက်ကြသနည်း။
● (၆)နှစ်အတွက်ရွေးကောက်သည်။

  1. လက်ရှိ သင်နေသည့်ပြည်နယ်၏ ဆီနိတ်တာများအနက် တစ်ဦးအမည်ကိုပြောပြပါ။ (*)
● အဖြေအမျိုးမျိုးကွဲပြားနိုင်ပါမည်။ (District of Columbia (D.C.) တွင်နေသူများနှင့် အမေရိကန်ပိုင်နယ်နမိတ်များအတွင်း နေထိုင်သူများ)
ဒီစီတွင် ဆီနိတ်တာမရှိသလို ဆီနိတ်တာမရှိသည့် အမေရိကန်ပိုင်နယ်နမိတ်များရှိသည်)

  1. အောက်လွှတ်တော်(ဟောက်စ်အော့ဖ်ရီပရီဆန်င်တေးတဗ်စ်)တွင် မဲပေးခွင့်ရှိသူ မည်မျှရှိသနည်း။
● လေးရာသုံးဆယ့်ငါးဦး(၄၃၅)ရှိသည်။

  1. အောက်လွှတ်တော်အမတ်(ဟောက်စ်အော့ဖ်ရီပရီဆန်င်တေးတဗ်စ်)ကို ဘယ်နှနှစ်အတွက် ရွေးကောက်ကြသနည်း။
● (၂) နှစ်အတွက်ရွေးကောက်သည်။

  1. လက်ရှိ သင်နေသည့်ပြည်နယ် အောက်လွှတ်တော်အမတ်(ရီပရီဆန်င်တေးတဗ်စ်)၏အမည်ပြောပြပါ။
● အဖြေအမျိုးမျိုးကွဲပြားနိုင်ပါမည်။ (လွှတ်တော်တွင်မဲပေးပိုင်ခွင့်မရှိသည့် ကိုယ်စားလှယ်များ (သို့မဟုတ်) ဒေသကော်မရှင်နာများသာရှိသည့် နယ်နမိတ်များတွင်နေထိုင်သူများမှာ ထိုသူတို့၏အမည်ကိုပြောပြရန်သာ လိုလိမ့်မည်။ နေထိုင်ရာနယ်နမိတ်ရှိကိုယ်စားလှယ်သည် လွှတ်တော်တွင် မဲပေးပိုင်ခွင့်မရှိကြောင်းဖော်ပြသည့် အထောက်အထား(စာ)ပါလျှင်လည်း လက်ခံပါမည်)

  1. ဆီနိတ်တာ(အထက်လွှတ်တော်အမတ်)သည် မည်သူ့ကို ကိုယ်စားပြုသနည်း။
● အဆိုပါပြည်နယ်တွင်နေထိုင်သူအားလုံးကို ကိုယ်စားပြုသည်။

  1. အချို့ပြည်နယ်များ အဘယ့်ကြောင့် အခြားပြည်နယ်များထက် အောက်လွှတ်တော်အမတ်(ရီပရီဆန်င်တေးတဗ်စ်) ပိုများနေကြသနည်း။
● ပြည်နယ်တွင်းနေထိုင်သူ လူဦးရေကြောင့်၊
● လူဦးရေ ပိုများနေခြင်းကြောင့်၊
● အခြားပြည်နယ်များထက် လူဦးရေပိုများနေခြင်းကြောင့်၊

  1. နိုင်ငံတော်သမ္မတကို ဘယ်နှနှစ်အတွက် ရွေးကောက်ကြသနည်း။
● (၄) နှစ်အတွက်ရွေးကောက်သည်။

  1. နိုင်ငံတော်သမ္မတကို မည်သည့်လတွင် မဲပေးရွေးကောက်ကြသနည်း။ (*)
● နိုဝင်ဘာလတွင် ရွေးကောက်သည်။

  1. လက်ရှိ အမေရိကန်ပြည်ထောင်စုသမ္မတအမည်။ (*)
● ဘရက်ခ်အိုဘားမား (Barack Obama)
● အိုဘားမား (Obama)

  1. လက်ရှိ အမေရိကန်ပြည်ထောင်စု၏ ဒုသမ္မတအမည်။
● ဂျိုးဇက် အာရ် ဘိုင်ဒန် ဂျူနီယာ (Joseph R. Biden, Jr.)
● ဂျိုး ဘိုင်ဒန် (Joe Biden)
● ဘိုင်ဒန် (Biden)
သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
  1. သမ္မတအနေနှင့် ရာထူးတွင်ဆက်လက်မထမ်းဆောင်နိုင်လျှင် မည်သူ သမ္မတဖြစ်လာမည်နည်း။
● ဒု သမ္မတသည် သမ္မတဖြစ်လာမည်။

  1. သမ္မတရော ဒု သမ္မတပါ တာဝန်မထမ်းဆောင်နိုင်တော့လျှင် မည်သူ သမ္မတဖြစ်လာမည်နည်း။
● အောက်လွှတ်တော်ဥက္ကဋ္ဌ (The Speaker of the House)

  1. တပ်မတော်တွင် မည်သူက ကာကွယ်ရေးဦးစီးချုပ်ဖြစ်သနည်း။
● နိုင်ငံတော်သမ္မတသည် ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပါသည်။

  1. မည်သူလက်မှတ်ထိုးမှ ဥပဒေတခုအတည်ဖြစ်သနည်း။
● နိုင်ငံတော်သမ္မတ လက်မှတ်ထိုးမှဖြစ်ပါသည်။

  1. ဥပဒေကြမ်းကို ဗီတိုအာဏာမည်သူသုံး၍ပယ်ခလျနိုင်သနည်း။
● နိုင်ငံတော်သမ္မတတွင် ဗီတိုအာဏာသုံးခွင့်ရှိပါသည်။

  1. ကက်ဘိနက်အဖွဲ့က ဘာလုပ်သနည်း။
● သမ္မတအား အကြံပေးရပါသည်။

  1. ကက်ဘိနက်နှင့်အဆင့်တူ ရာထူး (၂)မှာ မည်သည်တို့နည်း။
● စိုက်ပျိုးရေးဝန်ကြီး
● ကုန်သွယ်ရေးဝန်ကြီး
● ကာကွယ်ရေးဝန်ကြီး
● ပညာရေးဝန်ကြီး
● စွမ်းအင်ဝန်ကြီး
● ကျန်းမာရေးနှင့်လူသားရေးရာဝန်ဆောင်မှုဝန်ကြီး
● အမိမြေလုံခြုံရေးဝန်ကြီး
● မြို့ပြဖွံ့ဖြိုးရေးနှင့်အိုးအိမ်ဝန်ကြီး
● ပြည်ထဲရေးဝန်ကြီး
● အလုပ်သမားဝန်ကြီး
● နိုင်ငံခြားရေးဝန်ကြီး
● သယ်ယူပို့ဆောင်ရေးဝန်ကြီး
● ဘဏ္ဍာရေးဝန်ကြီး
● စစ်ပြန်စစ်မှုထမ်းဟောင်းရေးရာဝန်ကြီး
● နိုင်ငံတော်ရှေ့နေချုပ်
● ဒု သမ္မတ

  1. တရားရေးဋ္ဌာနက ဘာလုပ်သနည်း။
● ဥပဒေများအားပြန်လည်သုံးသပ်ခြင်း၊
● ဥပဒေများအား ရှင်းလင်းဖွင့်ဆိုပြခြင်း၊
● (အငြင်းပွားမှု) အမှုအခင်းများအား ဖြေရှင်းပေးခြင်း၊
● ဥပဒေတရပ်ရပ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှုရှိ/မရှိအား အဆုံးအဖြတ်ပေးခြင်းတို့ဖြစ်သည်။

  1. အမေရိကန်ပြည်ထောင်စု၏အမြင့်ဆုံးရုံးတော်မှာ မည်သည်နည်း။
● ဗဟိုတရားရုံးဖြစ်သည်။


သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
  1. ထို ဗဟိုတရားရုံးတွင် တရားသူကြီးမည်မျှရှိသနည်း။
● (၉) ဦးရှိပါသည်။

  1. လက်ရှိ အမေရိကန်ပြည်ထောင်စုဗဟိုတရားရုံး၏ တရားသူကြီးချုပ်မှာ မည်သူနည်း။
● ဂျွန် ရောဘတ် (John G. Roberts, Jr.)

  1. ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်ထောင်စု(ဗဟို)အစိုးရပိုင်သောအာဏာအချို့ ရှိပါသည်။ မည်သည့် (၁)ခုဖြစ်သနည်း။
● ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခွင့်၊
● စစ်ကြေညာပိုင်ခွင့်၊
● တပ်မတော်ဖွဲ့စည်းထူထောင်ခွင့်၊
● စာချုပ်စာတမ်းများချုပ်ဆိုပိုင်ခွင့်၊

  1. ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်နယ်များပိုင်သောအာဏာအချို့ ရှိပါသည်။ မည်သည့် (၁)ခုဖြစ်သနည်း။
● ပညာရေးကိစ္စနှင့်ကျောင်းများဖြည့်ဆည်းပေးပိုင်ခွင့်၊
● ကာကွယ်မှုပေးခြင်း(ရဲတပ်ဖွဲ့)၊
● လုံခြံမှုပေးခြင်း(မီးသတ်တပ်ဖွဲ့)၊
● ယဉ်မောင်းလိုင်စင်ထုတ်ပေးခြင်း၊
● ဇုန်နယ်မြေခွဲသတ်မှတ်ခြင်းနှင့်မြေယာသုံးစွဲခွင့်ပြုခြင်း၊

  1. လက်ရှိ သင်နေသည့်ပြည်နယ်၏ ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) မှာ မည်သူနည်း။
● အဖြေအမျိုးမျိုးကွဲပြားနိုင်ပါမည်။ (District of Columbia D.C. တွင်နေသူများက ဒီစီတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး Governor  မရှိကြောင်း ဖြေရပါမည်)

  1. သင်နေထိုင်ရာပြည်နယ်၏ ပြည်နယ်မြို့တော်အမည် ပြောပါ။
● အဖြေအမျိုးမျိုးကွဲပြားနိုင်ပါမည်။ (District of Columbia D.C. တွင်နေသူများက ဒီစီသည် ပြည်နယ်မဟုတ်ကြောင်းနှင့် ပြည်နယ်မြို့တော်မရှိ ကြောင်းဖြေရပါမည်။ အမေရိကန်ပိုင်နယ်နမိတ်များတွင်နေထိုင်သူများက နယ်နမိတ်၏မြို့တော်အမည်ကို ဖြေရပါမည်)

  1. အမရိကန်ပြည်ထောင်စုရှိ အဓိကနိုင်ငံရေးပါတီကြီး(၂)မှာ မည်သည်တို့နည်း။
● ဒီမိုကရက်တစ်ပါတီ(Democratic) နှင့် ရီပတ်ဘလီကင်န်ပါတီ(Republican)

  1. လက်ရှိသမ္မတသည် မည်သည့်ပါတီမှဖြစ်သနည်း။
● ဒီမိုကရက်တစ်ပါတီ (Democratic Party)မှဖြစ်သည်။

  1. အောက်လွှတ်တော်ဥက္ကဋ္ဌ (Speaker of House of Representatives) ၏အမည် ပြောပြပါ။
● ဂျွန် ဘိုဟ်နာ (John Boehner)

C: ရပိုင်ခွင့်နှင့်တာဝန်များ
  1. ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်အမှတ်(၄)တွင် မဲပေးခွင့်ရှိသူများနှင့်ပတ်သက်၍ ပြင်ဆင်ချက် (၄)ခုပါရှိသည်။ (၁)ခုကိုဖော်ပြပါ။
● အသက်(၁၈)နှစ် နှင့်အထက် နိုင်ငံသားဖြစ်သူများ၊
● မဲပေးရန်အတွက်(မဲပေးစစ်တမ်းကောက်) ပိုက်ဆံမပေးရ၊
● နိုင်ငံသားတိုင်း(အမျိုးသမီး အမျိုးသားမဟူ) မဲပေးခွင့်ရှိသည်၊
● မည်သည့်လူမျိုးဖြစ်စေ နိုင်ငံသားအမျိုးသားဖြစ်က မဲပေးခွင့်ရှိသည်၊

  1. အမေရိကန်နိုင်ငံသားများအတွက်သာလျှင်ရှိသည့် တာဝန်ဝတ္တရား(၁)ခု။ (*)
(တရားရုံးတွင်) ဂျူရီလူကြီးတာဝန်၊
ပြည်ထောင်စုရွေးကောက်ပွဲတွင်မဲပေးရန်တာဝန်၊
သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
  1. အမေရိကန်နိုင်ငံသားအတွက်သာလျှင်ပေးသည့် ရပိုင်ခွင့်။
● ပြည်ထောင်စုရွေးကောက်ပွဲတွင် မဲပေးခွင့်၊
● ပြည်ထောင်စုရုံးဋ္ဌာနများတွင် အလုပ်လုပ်ခွင့်။

  1. အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သူတိုင်း၏ ရပိုင်ခွင့် (၂)ခု။
● လွတ်လပ်စွာထုတ်ဖော်ရေးသားပိုင်ခွင့်၊
● လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊
● လွတ်လပ်စွာစုရုံးပိုင်ခွင့်၊
● အစိုးရထံ လွတ်လပ်စွာအယူခံ အသနားခံစာတင်ပိုင်ခွင့်၊
● လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်၊
● လက်နက်ကိုင်ဆောင်ပိုင်ခွင့်၊

  1. တိုင်းပြည်အပေါ်သစ္စာစောင့်သိပါမည်ဟုဆိုသည့်အခါ မည်သည့်အပေါ်သစ္စာခံသည်ကို ပြသခြင်းဖြစ်သနည်း။
● အမေရိကန်ပြည်ထောင်စုကို၊
● အလံတော်ကို၊

  1. အမေရိကန်နိုင်ငံသားဖြစ်လာသည့်အခါ သင် စောင့်ထိန်းပါမည်ဟုပြုသော ကတိကဝတ်(၁)ခုကိုပြောပါ။
● အခြားနိုင်ငံများအပေါ်သစ္စာစောင့်သိခြင်းအား စွန့်လွှတ်ပါမည်။
● အမေရိကန်ပြည်ထောင်စုဥပဒေနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ကာကွယ်ပါမည်။
● အမေရိကန်ပြည်ထောင်စုဥပဒေများအား လိုက်နာပါမည်။
● (လိုအပ်ပါက) အမေရိကန်တပ်မတော်တွင် အမှုထမ်းပါမည်။
● (လိုအပ်ပါက) တိုင်းပြည်အတွက်(အလွန်အရေးကြီးသည့်အလုပ်အား) အလုပ်အကျွေးပြုပါမည်။
● အမေရိကန်ပြည်ထောင်စုအား သစ္စာစောင့်သိပါမည်။

  1. မည်သည့်အသက်အရွယ်ရှိသောနိုင်ငံသားသည် သမ္မတရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသနည်း။
● အသက် (၁၈)နှစ် နှင့် အထက်၊

  1. အမေရိကန်များ မိမိတို့ဒီမိုကရေစီစနစ်တွင် ပါဝင်ဆောင်ရွက်နိုင်သည့်နည်းလမ်း(၂)ခုမှာ မည်သည်တို့နည်း။
● မဲပေးခြင်း၊
● နိုင်ငံရေးပါတီဝင်ခြင်း၊
● မဲဆွယ်ပွဲတွင် ကူညီခြင်း၊
● အရပ်ဘက်အဖွဲ့အစည်းများ အစုအဝေးများတွင်ပါဝင်ခြင်း၊
● လူမှုအဝန်းအဝိုင်းများတွင် ပါဝင်ခြင်း၊
● ကိစ္စတခုခုတွင် သင့်ကိုယ်ပိုင်အမြင်အား ရွေးကောက်ခံအရာရှိအား တင်ပြခြင်း၊
● ဆီနိတ်တာ(အထက်လွှတ်တော်အမတ်)နှင့် ရီပရီဆန်င်တေးတဗ်စ်(အောက်လွှတ်တော်အမတ်)အား တွေ့ရန်တောင်းဆိုခြင်း၊
● ကိစ္စတခုခု(သို့)မူဝါဒတခုခုတွင် လူသိရှင်ကြားထောက်ခံခြင်း ဆန့်ကျင်နိုင်ခြင်း၊
● ရာထူးရာခံ(ရုံး)တခုခုကို ဦးဆောင်နိုင်ခြင်း၊
● သတင်းစာ၌ ရေးသားဖော်ပြနိုင်ခြင်း၊

  1. ဗဟိုအစိုးရဝင်ငွေခွန်ဆောင်လျှောက်လွှာပုံစံကို မည်သည့်ရက်နောက်ဆုံးထား၍ သင် ပို့နိုင်သနည်း။ (*)
● ဧပြီလ (၁၅)ရက်နေ့။

  1. စစ်ထဲဝင်ချင်လျှင် စာရင်းသွင်းချိန်တွင်ရှိရမည့်အသက်။
● အသက်(၁၈)နှစ်။
● အသက် (၁၈)နှစ် နှင့် (၂၆)နှစ်အကြား။

သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
အမေရိကန်သမိုင်း

A: ကိုလိုနီကာလနှင့်လွတ်လပ်ရေး
  1. ကိုလိုနီနယ်ချဲ့များ အမေရိကားသို့ရောက်လာခြင်းမှာ မည်သည့်အကြောင်းအချက်ကြောင့်နည်း။ (၁)ခုပြောပါ။
● လွတ်လပ်ခွင့်ရှိခြင်းကြောင့်
● နိုင်ငံရေးလွတ်လပ်မှုရှိသောကြောင့်၊
● ဘာသာရေး လွတ်လပ်ခြင်းကြောင့်၊
● ကြီးပွားရေးအခွင့်အလမ်းရှိခြင်းကြောင့်၊
● ယင်းတို့၏ဘာသာတရားကို ကျင့်ကြံဆောင်ရွက်နိုင်မှုကြောင့်၊
● နှိပ်စက်ညှဉ်းဆဲခြင်းဘေးမှလွတ်ရန်၊

  1. ဥရောပသားများရောက်မလာခင်က အမေရိကားတွင်မည်သူများနေကြသနည်း။
● အမေရိကန်အင်ဒီးယန်းများ၊
● ဇာတိဖွားအမေရိကန်များ၊

  1. အမေရိကန်သို့ခေါ်ဆောင်ခြင်းခံရပြီး ကျွန်အဖြစ်အရောင်းစားခံရသည်မှာ မည်သူတွေနည်း။
● အာဖရိကန်များ၊
● အာဖရိကတိုက်မှပြည်သူများ၊

  1. ကိုလိုနီသမားများက အဘယ့်ကြောင့် ဗြိတိသျှတို့အားတိုက်ထုတ်ကြသနည်း။
● အခွန်အကောက်မြင့်မားသောကြောင့်(အခွန်သာကောက်ယူနေသော်လည်းမည်သည့်ကိုယ်စားပြုမှုမှမရခြင်း)

● ဗြိတိသျှတပ်များ ယင်းတို့အိမ်များတွင် တက်နေခြင်းကြောင့်(တပ်စွဲခြင်း၊ စတည်းချခြင်း)၊
● သူတို့၌ ကိုယ်ပိုင်အစိုးရမရှိခြင်းကြောင့်၊

  1. လွတ်လပ်ရေးကြေညာစာတမ်းကို မည်သူရေးသားခဲ့သနည်း။
● (သောမတ်စ်) ဂျက်ဖါဆင် (Thomas) Jefferson

  1. လွတ်လပ်ရေးကြေညာစာတမ်းကိုမည်သည့်နေ့တွင် အတည်ပြုခဲ့သနည်း။
● ဇူလိုင်လ (၄)ရက်၊ (၁၇၇၆) ခုနှစ်၊

  1. ပြည်ထောင်စုထူထောင်စ မူလ (၁၃)ပြည်နယ်ရှိသည်။ (၃)ပြည်နယ်အမည် ပြောပါ။
● နူးဟမ့်ပ်ရှိုင်းယား၊
● မက်ဆာချူးဆက်၊
● ရိုးဒ်အိုင်လင်င်န်းဒ်၊
● ကွန်နက်တီကပ်၊
● နူးယော့ခ်၊
● နူးဂျာစီ၊
● ပင်န်ဆယ်လ်ဗေးနီးယား၊
● ဒဲလ်ဝဲယား၊
● မေရီလန်းဒ်၊
● ဗာဂျီနီးယား၊
● နော့သ်ကယ်ရိုလိုင်းနား၊
● ဆော့က်သ်ကယ်ရိုလိုင်းနား၊
● ဂျော်ဂျီယာ၊


သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
  1. ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးညီလာခံ၌ ဘာဖြစ်ခဲ့သနည်း။
● ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ရေးဆွဲခဲ့ကြသည်။
● နိုင်ငံထူထောင်သူဖခင်ကြီးများက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ရေးဆွဲခဲ့ကြသည်။

  1. မည်သည့်အချိန်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြသနည်း။
● (၁၇၈၇) ခုနှစ်တွင်ဖြစ်သည်၊

  1. ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေလမ်းကြောင်းအား ပြည်ထောင်စုဝါဒီသတင်းစာများက
  2.  ထောက်ခံရေးသားခဲ့ကြသည်။ ရေးသူအမည်ပြောပါ။
● (ဂျိမ်းစ်) မယ်ဒီဆင် (James) Madison
● အလက်ဇင်န်းဒါးဟယ်လ်မင်တန် (Alexander) Hamilton
● (ဂျွန်) ဂျေး (John) Jay
● ပျူးဘလီးယပ်စ်

  1. ဘင်ဂျမင်ဖရန်ကလင် ကျော်ကြားလာခြင်းအကြောင်း (၁)ချက်မှာ မည်သည်နည်း။
● အမေရိကန်သံတမန်၊
● ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာညီလာခံတွင်ပါဝင်ခဲ့သည့် အသက်အရွယ်အကြီးဆုံးပုဂ္ဂိုလ်၊
● အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသော စာတိုက်ဋ္ဌာနမင်းကြီး၊
● သနားစရာဆင်းရဲသားလေးရစ်ချာ့ဒ်၏မြေပုံ”စာအုပ်ရေးသူ၊
● အခမဲ့စာကြည့်တိုက်လုပ်ငန်းကို အစပထမပြုခဲ့သူ၊

  1. ကျွန်ုပ်တို့တိုင်းပြည်၏ ဖခင်မှာမည်သူဖြစ်သနည်း။
● (ဂျော့ခ်ျ) ဝေါ်ရှင်တန် (George) Washington

  1. ပထမဆုံး သမ္မတကြီး မည်သူဖြစ်သနည်း။
● (ဂျော့ခ်ျ) ဝေါ်ရှင်တန် (George) Washington


B: (၁၈ဝဝ) ခုနှစ်များ
  1. (၁၈ဝ၃)ခုနှစ်တွင် ပြင်သစ်ထံမှ အမေရိကန်ကဝယ်ယူလိုက်သည့် နယ်မြေ။
● လူဝီဇီးယားနား နယ်နမိတ်။
● လူဝီဇီးယားနား၊

  1. (၁၈၈၀)ခုနှစ်များတွင် အမေရိကန်ကတိုက်ခဲ့သည့်တိုက်ပွဲများအနက် (၁)ခု၏အမည်ပြောပါ။
● (၁၈၁၂) စစ်ပွဲ (War of 1812)
● အမေရိကန် မက္ကဆီကန်စစ်ပွဲ၊
● အမေရိကန်ပြည်တွင်းစစ်၊
● စပန်းနစ်ရှ်အမေရိကန်စစ်ပွဲ၊

  1. တောင်ပိုင်းနှင့် မြောက်ပိုင်းအကြားဖြစ်ခဲ့သည့် အမေရိကန်စစ်ပွဲအမည်ပြောပါ။
● ပြည်တွင်းစစ်ကြီး (The Civil War)
● ပြည်နယ်များအကြားကစစ်ပွဲ (The War between the States)

  1. ပြည်တွင်းစစ်ကြီးဖြစ်လာစေသည့် ပြဿနာ(၁)ခု၏အမည် ပြောပါ။
● ကျေးပိုင်ကျွန်ပိုင်စနစ်၊
● စီးပွားရေးအကြောင်းအချက်များ၊
● ပြည်နယ်များ၏အခွင့်အရေးများ၊
သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
  1. သမ္မတအေဗရာဟင်မ်လင်ကွန်းလုပ်ခဲ့သည်များအနက် အရေးကြီးကိစ္စ(၁)ခု၏အမည်ကိုပြောပါ။
● ကျေးကျွန်များအား လွတ်လပ်ခွင့်ပေးလိုက်ခြင်း၊ (ကျွန်အဖြစ်မှလွှတ်လိုက်ကြောင်းကြေညာထုတ်ပြန်ခြင်း)
● ပြည်ထောင်စု (Union) ကို ကယ်တင်ခြင်း (သို့မဟုတ်) ကာကွယ်ထိန်းသိမ်းခြင်း၊
● ပြည်တွင်းစစ်ကာလအတွင်း အမေရိကန်ပြည်ထောင်စုကို ဦးဆောင်ခဲ့ခြင်း၊

  1. ကျွန်အဖြစ်မှလွှတ်လိုက်ကြောင်းကြေညာချက်က မည်သည့်အရာကိုပြုလုပ်ခဲ့သနည်း။
● ကျေးကျွန်များအားလွတ်လပ်ခွင့်ပေးလိုက်ခြင်း၊
● ပြည်ထောင်စုကြီးတခုလုံးတွင် ကျေးကျွန်များအား လွတ်လပ်ခွင့်ပေးလိုက်ခြင်း၊
● ပြည်ထောင်စုကြီးတွင်ပါဝင်သည့်ပြည်နယ်များရှိကျေးကျွန်များအား လွတ်လပ်ခွင့်ပေးလိုက်ခြင်း၊
● တောင်ပိုင်းပြည်နယ်အများစုတွင် ကျေးကျွန်များအား လွတ်လပ်ခွင့်ပေးလိုက်ခြင်း၊

  1. စူဇန် ဘီ အန်သော်နီ (Susan B. Anthony) ဘာလုပ်ခဲ့သနည်း။
● အမျိုးသမီးများအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သည်၊
● နိုင်ငံသားရပိုင်ခွင့်များအတွက် တိုက်ပွဲဝင်ခဲ့သည်၊

C: များမကြာမီကအမေရိကန်သမိုင်းနှင့် အခြားအရေးကြီးသည့် သမိုင်းဝင်အကြောင်းချက်များ
  1. (၁၉၉ဝ) ပြည့်နှစ်များက အမေရိကန်ပြည်ထောင်စုကတိုက်ခဲ့သည့် စစ်ပွဲ(၁)ခု၏အမည်ကိုပြောပါ။ (*)
● ပထမကမ္ဘာစစ်ကြီး (World War I)
● ဒုတိယကမ္ဘာစစ်ကြီး (World War II)
● ကိုရီးယားစစ်ပွဲ (Korean War)
● ဗီယက်နမ်စစ်ပွဲ (Vietnum War)
● (ပါရှန်း) ပင်ယ်ကွေ့စစ်ပွဲ (Persion) Gulf War

  1. ပထမကမ္ဘာစစ်ဖြစ်ချိန်က အမေရိကန်သမ္မတမှာ အောက်တွင်ဖော်ပြထားသူဖြစ်ပါသလား။
● (ဝုဒ်ရိုးလ်) ဝယ်လ်ဆင် (Woodrow) Wilson

  1. မဟာစီးပွားပျက်ကပ်ကြုံချိန်နှင့် ဒုတိယကမ္ဘာစစ်တွင် သမ္မတဖြစ်နေသူမှာ မည်သူနည်း။
● (ဖရန်ကလင်) ရုစ်ဗဲ့လ် (Franklin) Roosevelt

  1. ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်ပြည်ထောင်စုတိုက်ခဲ့သည်မှာ မည်သူနည်း။
● ဂျပန် (Japan)    ● ဂျာမဏီ (Germany)        ● အီတလီ (Italy)          

  1. အိုက်စင်ဟောင်ဝါ သမ္မတမဖြစ်မီက ဗိုလ်ချုပ်ဖြစ်ခဲ့ဖူးသည်။ မည်သည့်စစ်ပွဲတွင် သူ ပါဝင်ခဲ့သနည်း။
● ဒုတိယကမ္ဘာစစ် (World War II)

  1. စစ်အေးကာလအတွင်းက အမေရိကန်ပြည်ထောင်စု အဓိကစိုးရိမ်မှုမှာ မည်သည်နည်း။
● ကွန်မြူနစ်ဝါဒဖြစ်သည်။

  1. လူမျိုးအသားအရောင်ခွဲခြားမှုအား အဆုံးသတ်သွားစေခဲ့သည့်လှုပ်ရှားမှုမှာ မည်သည်နည်း။
● နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှု Civil Rights (Movement)

  1. မာတင်လူသာကင်းဂျူနီယာ ဘာလုပ်ခဲ့သနည်း။ (*)
နိုင်ငံသားအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သည်။
အမေရိကန်အားလုံး တန်းတူရေးအတွက် အလုပ်လုပ်ခဲ့သည်။

သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
  1. စက်တင်ဘာလ (၁၁)ရက်၊ (၂ဝ၁၁)နေ့၌ အမေရိကန်ပြည်ထောင်စုတွင် မည်သည့်အဖြစ်အပျက် ဖြစ်ခဲ့သနည်း။
● အကြမ်းဖက်သမားများက အမေရိကန်ပြည်ထောင်စုအား တိုက်ခိုက်ခဲ့သည်။

  1. အမေရိကန်ပြည်ထောင်စုတွင်ရှိသည့် အမေရိကန်အင်ဒီးယန်းလူမျိုး(၁)မျိုး၏အမည်ကို ပြောပါ။
● ချီရိုးကီး
● နာဗာဂျို
● စီယောက်စ်
● ချစ်ပီဝါ
● ချော့ခက်တော
● ပျူဘလို
● အပါချီ
● အီရိုကျူးရိုးစ်
● ကရိက်
● ဘလက်ဖိထ်
● ဆမီနိုးလ်
● အာရဝက်
● ရှောင်န်နီး
● မိုဟီဂန်
● ဟူရွန်
● အိုနိုင်းဒါ
● လိုကိုတာ
● ခရိုး
● တီးတွန်
● ဟိုပီ
● အီနူယိတ်

ထိစပ်စုစည်းနေသည့်အပိုင်းအခြားများ

A: ပထဝီ
  1. အမေရိကန်ပြည်ထောင်စုရှိအရှည်ဆုံးမြစ်နှစ်ခုမှ မြစ်(၁)ခု၏အမည်ကို ပြောပါ။
● မစ်ဇူရီ (မြစ်)
● မစစ္စပီ (မြစ်)

  1. အမေရိကန်ပြည်ထောင်စုအနောက်ဘက်ကမ်းရှိ သမုဒ္ဒရာအမည် ပြောပါ။
● ပစိဖိတ်က် (သမုဒ္ဒရာ)

  1. အမေရိကန်ပြည်ထောင်စုအရှေ့ဘက်ကမ်းရှိ သမုဒ္ဒရာအမည် ပြောပါ။
● အတ္တလန်တိတ်က်(သမုဒ္ဒရာ)

  1. အမေရိကန်ပြည်ထောင်စုပိုင်နယ်နမိတ်များ။
● ပျူတိုရီကို၊
● ယူအက်စ်ဗျာဂျင်န်းအိုင်းလင်န်းဒ်၊
● အမေရိကန်ဆမိုအာ၊
● နော့သင်န်းမာရီယားနာအိုင်းလင်န်းဒ်၊
● ဂူအမ်(ဂွမ် ဟုထွက်သည်)

သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
  1. ကနေဒါနိုင်ငံနှင့်နယ်စပ်ချင်းထိနေသည့် ပြည်နယ် (၁)ခုအမည် ပြောပါ။
● မိန်း၊
● နူးဟမ့်ပ်ရှိုင်းယား၊
● ဗားမွန့်တ်၊
● နူးယော့ခ်၊
● ပင်န်ဆယ်လ်ဗေးနီးယား၊
● အိုဟိုင်းယိုး၊
● မစ်ချီဂန်၊
● မင်နီဆိုးတား၊
● နော့သ်ဒါကိုတာ၊
● မွန်တားနား၊
● အိုင်ဒါဟို
● ဝေါ်ရှင်တန်၊
● အလက်စကာ၊


  1. မက္ကဆီကိုနှင့်နယ်စပ်ချင်းထိနေသည့်ပြည်နယ်(၁)ခုအမည် ပြောပါ။
● ကယ်လီဖိုးနီးယား၊
● အရီဇိုးနား၊
● နူးမက္ကဆီကို၊
● တက္ကဆက်၊

  1. အမေရိကန့်ပြည်ထောင်စု၏မြို့တော်အမည် ပြောပါ။ (*)
● ဝေါ်ရှင်တန် ဒီစီ၊

  1. လစ်ဘာတီရုပ်တု တည်ရှိရာနေရာ ပြောပါ။ (*)
● နူးယော့ခ် (ဆိပ်ကမ်း)
● လစ်ဘာတီအိုင်းလင်န်းဒ်
(နူးဂျာစီပြည်နယ်၊ နူးယော့ခ်စီးတီးအနီးရှိ ဟဒ်ဆန်မြစ်ကမ်းပါးတွင်ရှိသည်ဟုဆိုလည်း လက်သင့်ခံပါသည်)



B: သင်္ကေတများ

  1. နိုင်ငံတော်အလံတွင် ကန့်လန့်စင်း (၁၃)ခု အဘယ့်ကြောင့် ရှိရသနည်း။
● မူလထူထောင်စ ကိုလိုနီပြည်နယ်(၁၃)ခုကြောင့်ဖြစ်သည်။
● မူလထူထောင်စကိုလိုနီပြည်နယ် (၁၃)ခုကို ကိုယ်စားပြုသည်။

  1. နိုင်ငံတော်အလံတွင် အဘယ့်ကြောင့် ကြယ်ပွင့်(၅ဝ) ရှိရသနည်း။ (*)
ပြည်နယ်တခု ကြယ်တပွင့်နှုန်းဖြစ်သောကြောင့်၊
ကြယ်တပွင့်စီသည် ပြည်နယ်တခုစီအားကိုယ်စားပြုသောကြောင့်၊
● ပြည်နယ်ပေါင်း (၅ဝ)ရှိခြင်းကြောင့်၊

  1. နိုင်ငံတော်သီချင်းအမည်အား ပြောပါ။
● စတားစပင်န်ဂယ်လ်ဒ်ဘင်န်နား (Star-Spangled Banner)

သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် (*)  ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
C: အားလပ်ရက်များ
  1. လွတ်လပ်ရေးနေ့အား မည်သည့်ရက်တွင် ဆင်နွှဲကြသနည်း။
● ဇူလိုင်လ (၄)ရက်၊

  1.  အမေရိကန်ပြည်ထောင်စုအမျိုးသားရုံးပိတ်ရက် (၂)ရက်အမည် ပြောပါ။
● နူးယီးယားဒေး (နှစ်သစ်ကူးနေ့)
● မာတင်လူသာကင်းဂျူနီယာဒေး(မာတင်လူသာကင်းနေ့)
● ပရယ်ဆီးဒင်န့်စ်ဒေး (နိုင်ငံတော်သမ္မတများနေ့)
● မင်မိုရီရယ်လ်ဒေး (အောက်မေ့အမှတ်ရဖွယ်နေ့)
● အင်ဒီပင်န်းဒင်န့်စ်ဒေး (လွတ်လပ်ရေးနေ့)
● လေဘာဒေး (အလုပ်သမားနေ့)
● ကိုလမ်ဘစ်ဒေး (ကိုလမ်ဘတ်နေ့)၊ ဗက်ထရန်�
 
 (မျိုးမြင့်ချို-ဘာသာပြန်)