8 May 2014

ယောက်ျားလေး Vs မိန်းကလေး



ယောက်ျားလေးတွေက ချမ်းသာတဲ့ဒဏ်ကိုမခံနိုင်ဘူး ...
မိန်းကလေးတွေကျတော့ ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူး ...

ယောက်ျားလေးတွေရဲ့ အားနည်းချက်က ကိုယ့်ကိုယ်ကို အထင်ကြီးတာ...
မိန်းကလေးတွေရဲ့ အားနည်းချက်က သူတစ်ပါးကို အထင်ကြီးတာ ...

ယောက်ျားလေးတွေက သူတို့ချစ်တဲ့သူကို ဂရုစိုက်တတ်ကြတယ် ...
မိန်းကလေးတွေကျတော့ သူတို့ကို ဂရုစိုက်တဲ့သူကိုမှ ချစ်တတ်ကြတယ်...

ယောက်ျားလေးတွေက သ၀န်တိုခံရရင် စိတ်ရှုပ်တတ်ကြတယ် ...
မိန်းကလေးတွေကျတော့ သ၀န်တိုခံချင်လို့ တမင်အရွဲ့တိုက် ပြတတ် ကြတယ်..

ယောက်ျားလေးတွေက မကြာခဏ လိမ်ညာတတ်ကြတယ် ...
မိန်းကလေးတွေကျတော့ မကြာခဏ ဟန်ဆောင်တတ် ကြတယ် ....

ယောက်ျားလေးတွေက တစ်ခုခုမကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောတတ်ကြတယ် ...
မိန်းကလေးတွေက တစ်ခုခုမကျေနပ်တာရှိရင် စကားမပြောဘဲ တိတ်ဆိတ်နေတတ် ကြတယ် ...

♚TT♚
Heart Canteen

L.A.ColorsMyanmar


တယ်လီနောက ပထမတစ်နှစ်အတွင်း ဖိုက်ဘာကေဘယ် ကီလိုမီတာ ၂,၀၀၀ ခန့် ငှားရမ်းအသုံးပြုမည်


 
ပြည်တွင်းတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရရှိထားသော နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော အော်ပရေတာက ၀န်ဆောင်မှုစတင်ပေးမည့် တစ်နှစ်အတွင်း ဖိုက်ဘာကေဘယ် ဆက်ကြောင်း ကီလိုမီတာ အရှည် ၂,၀၀၀ (၁,၂၀၀ မိုင်ခန့်ကို ငှားရမ်းသုံးဆွဲသွား မည်ဖြစ်သည်ဟု တယ်လီနော မြန်မာ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

တယ်လီနောအနေဖြင့် ဖိုက်ဘာကေဘယ် အဓိကဆက်ကြောင်းကို ပြည်တွင်းရှိ Vendor များမှ ငှားရမ်း အသုံးပြုမည်ဖြစ်ကာ မိုဘိုင်းကွန်ရက် တည်ဆောက်ရန်အတွက် Radio Base Station များသို့ သွယ်တန်း ခြင်းကိုမူ ကိုယ်တိုင်ဆောင်ရွက်သွားမည် ဖြစ်သည်။

တယ်လီနော၏ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက “ဖိုက်ဘာကွန်ရက် ချိတ်ဆက်အသုံးပြုဖို့အတွက် ပြည် တွင်းရှိ ကေဘယ်ချိတ်ဆက်ထားတဲ့ Vendor တွေဆီက ငှားရမ်းသုံးဆွဲမှာပါ” ဟု ပြောသည်။

မိုဘိုင်းကွန်ရက်များ တည်ဆောက်ရာတွင် ဖိုက်ဘာကေဘယ်များ ဆက်သွယ်မှု နှင့် Micro wave ဖြင့် တည်ဆောက်ခြင်းများ ပြုလုပ်သွားရမည်ဟု ပြည်တွင်းနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် Amara Com-munication က အင်ဂျင်နီယာချုပ် ဦးကျော်နိုင်က ပြောသည်။ မိုဘိုင်းကွန်ရက် ချိတ်ဆက် တည်ဆောက် ရာတွင် မြို့တစ်မြို့နှင့်တစ်မြို့ရှိ စတေရှင်များသို့ ဖိုက်ဘာကေဘယ် ဆက်ကြောင်းများဖြင့် ချိတ်ဆက် အသုံးပြုရပြီး မြို့တွင်းရှိ မိုဘိုင်းစတေရှင်များသို့ ဆက်သွယ်ရာတွင်မူ Micro Wave ဖြင့် ချိတ်ဆက် အသုံး ပြုနိုင်သည်။

ဦးကျော်နိုင်က “ဆက်သွယ်ရေးကွန်ရက် တည်ဆောက်တဲ့အခါမှာ ဖိုက်ဘာ ကေဘယ်ဆက်ကြောင်းက မရှိမဖြစ် လိုအပ်ပါတယ်။ Micro wave နဲ့ ချိတ်ဆက်အသုံးပြုတဲ့အခါ Bandwidth ကို သတ်မှတ်ထားတဲ့ အတိုင်းအတာအထိပဲ အသုံးပြုနိုင်မယ်။ ဖိုက်ဘာ ကေဘယ်ဆက်ကြောင်းကတော့ လိုအပ်သလောက် Bandwidth ကို တိုးချဲ့ပြီး အသုံးပြုနိုင်တယ်။ တယ်လီနောက ဖိုက်ဘာကေဘယ် ကီလိုမီတာ ၂,၀၀၀ ကို အသုံးပြုနိုင်ရင် တစ်နိုင်ငံလုံး အနေအထားနဲ့ နေရာတော်တော်များများကို မိုဘိုင်းကွန်ရက် ချိတ်ဆက် ထား နိုင်လိမ့်မယ်” ဟု သုံးသပ်ပြောကြားသည်။

ယင်းအပြင် တယ်လီနောအနေဖြင့် မိုဘိုင်းကွန်ရက် ဖြန့်ကြက်မှုအတွင်း ဒေတာအသုံးပြုနှုန်း တိုးတက်မှု ကို စောင့်ကြည့်မည့်စနစ်များ တပ်ဆင်သွားမည် ဖြစ်သည်။ ယင်းသို့စောင့်ကြည့်ပြီး ဒေတာ အသုံးပြုမှုနှုန်း တိုးတက်လာသည်နှင့်အမျှ ရေဒီယိုအခြေစိုက်စခန်းများအတွင်း ဖိုက်ဘာ ချိတ်ဆက်မှုများ လိုအပ်လာမည် ဖြစ်ရာ လိုင်စင်သက်တမ်း ၁၅ နှစ်အတွင်း မြန်မာနိုင်ငံရှိ အင်တာနက်ဒေတာ အသုံးပြုမှု တိုးတက်နှုန်းပေါ် မူတည်ပြီး ဖိုက်ဘာလိုအပ်ချက်များကို ထပ်မံဆက်သွယ် တည်ဆောက်သွားမည်ဟု ဆိုသည်။

Mizzima News


ရှက်ကီးရာရဲ့ ဒီနှစ် ကမ္ဘာ့ဖလား သီချင်း La... La... La


ကမ္ဘာကျော် အဆိုတော် ရှက်ကီးရာရဲ့ လာ. လာ… လာ ဆိုတဲ့ သီချင်းသစ် မနေ့ကပဲ ယူကျု ပေါ်ရောက် လာပါတယ်။ 

ရှက်ကီးရာရဲ့ မြူးကြွ ဆွဲဆောင်မှု အပြည့်နဲ့ စပိန်ဘာသာနဲ့ သီဆို ဖျော်ဖြေထားတဲ့ La… La… La ကို ဧရာဝတီပရိသတ် တွေ နားဆင်ဖို့ တင်ပေးလိုက်ပါတယ်။ 

တရက်တာအတွင်း ယူကျုမှာ လူကြိုက်အများဆုံး တေးသီချင်း တပုဒ်ဖြစ်လာမယ့် ရှက်ကီးရာရဲ့ လာ… လာ… လာ သီချင်းဟာ အခု ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား သီချင်းလည်းဖြစ်ပါတယ်။ 



အရင်ကလည်း ရှက်ကီးရာရဲ့ Waka Waka သီချင်းက မြန်မာပရိသတ်တွေလည်း အသဲစွဲဖြစ်ခဲ့ပါတယ်။




အိမ့်သံစဉ် ~

ဧရာဝတီ



အမျိုးသမီး အဆိုတော် တစ်ဒါဇင်နဲ့ ရှိုးပွဲလုပ်တော့မည့် မေဆွိ


ခိုင်ဇာသွင်

ပရိသတ် အတွက် Two Ladies ရှိုးကို အောင်မြင်စွာတင်ဆက် ပေးနိုင်ပေးခဲ့သည့် မေဆွိက ယခုအခါ အမျိုးသမီး အဆိုတော် (၁၂) ယောက် (၁ ဒါဇင်) ဖြင့် ရှိုးပွဲ တစ်ခုကို ပြုလုပ် သွားမည်ဖြစ်ကြောင်းပြောသည်။ မဆွေက ပြီးခဲ့ အောက်တိုဘာမှာ မငယ် (မေခလာ)နဲ့ Two Ladies ကို လုပ်ခဲ့ ပြီးပြီ။အခုတော့ မဆွေက မိန်းကလေး နှစ်ယောက်ပွဲတောင် အောင်မြင်ခဲ့တယ်ဆို တော့ နောက်ထပ် မိန်းကလေးတွေ အများကြီး နဲ့ဆိုရင်ရော ဆိုတဲ့ အတွေးလေး ဖြစ်လာတယ်။ မဆွေက အနုပညာ သည်ပါ။ ပွဲပြီးဆိုတာနဲ့ နောက်မှာ ဘာဆက်လုပ်ရင်ကောင်းမလဲ ဆိုတာကို တွေးပါတယ်။ နောက်ပြီး မဆွေတို့က ဒီနေရာမှာ တင်ရပ်မနေဘဲ ၀ိုင်းစုတို့၊ အိုင်းရင်း တို့ ဆိုတာတွေကိုလည်း ဆိုလို့ ရတယ်ဆိုတာကို ပရိသတ် သိအောင်ပြချင် ပါတယ်။အဓိက ဒီဂီတ ရေစီးကြောင်းထဲမှာ မဆွေတို့ ရပ်မနေ ဘူး။ မျောပါလို့ ရတယ် ဆိုတဲ့ သဘောကို ဆောင်ချင်တဲ့ ရသလေးနဲ့ The Dozen Ladies ကို လုပ်တာပါ။ 
 
မဆွေတို့ အသိုင်း အ၀ိုင်းမှာရှိနေတဲ့ အနုပညာသည်တွေက မောင်နှမတွေပါ။ ဒီအနုပညာ မောင်နှမတွေ စည်းစည်းရုံးရုံးနဲ့ တင်ဆက်တာ ကို လုပ်ပြ မယ်ဆိုတဲ့ ဆန္ဒ အများကြီးပါတယ်။ ဒီရည်ရွယ်ချက် နှစ်ခု နဲ့ လုပ်ဖြစ်တာပါ။ မဆွေတို့ နောက်မှာ နာမည်ကြီးနေတဲ့ ကလေးတွေ ကိုလည်း လက်ကမ်း ကြိုပါတယ်။ မဆွေတို့ သီချင်းတွေကို သူတို့ ဟန်နဲ့၊ စတိုင်နဲ့ ပြန်ဆို နေကြတာကိုလည်း Welcome ပါ။အကုန် လုံး ကို လက်ကမ်း ကြိုဆိုပါ တယ်””ဟု မေဆွိ ကပြောသည်။

မေဆွိသည် ယခုလ (၁၁) ရက်တွင် Myanmar Event Park ၌ The Dozen Ladies ရှိုးပွဲကို ပြုလုပ်ရန် စီစဉ်ထားပြီး၊ ပါဝင်မည့် အမျိုး သမီးအဆိုတော် များမှာ မေဆွိ၊ မေခလာ၊ ကော်နီ၊ တင်ဇာမော်၊ ထွန်းအိန္ဒြာဗို၊ ရှင်ဖုန်း၊ ရေဗက္က၀င်း၊ ချစ်သုဝေ၊ ချမ်းချမ်း၊ ၀ိုင်းစုခိုင်သိန်း၊ အိုင်းရင်းဇင်မာ မြင့်၊ နီနီခင်ဇော် တို့ ဖြစ်ကြောင်း သိရသည်။

The Messenger




နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး။ အရည်အချင်းလည်း မရှိဘူးဟု ဆိုလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်


ကြူကြူဟန်၊ ဇွဲဉာဏ်

ရုပ်ရှင်၊ ဂီတ နယ်ပယ်နှစ်ခုစလုံးတွင် အောင်မြင်သည့် အသက်လေးဆယ်ကျော်အရွယ် ထပ်ဆင့်အကယ်ဒမီ ထွန်းအိန္ဒြာဗိုသည် အသက်အရွယ်အရ လိုက်ဖက်သည့် ဇာတ်ရုပ်များကိုသာ ရွေးချယ်သောကြောင့် ဇာတ်ကားရိုက်ကူးမှု နည်းလာခဲ့သည်။ သို့သော်လည်း ‘‘ကမ္ဘာတည်သရွေ့ သာမည့်လ’’ ဇာတ်လမ်းတွဲတွင်မူ ပါဝင်သရုပ်ဆောင်ရမည့်ဇာတ်ရုပ်ကို ကြိုက်နှစ်သက်သဖြင့် ဇာတ်ကားရိုက်ကူးမှု ကိုးလကျော်ကြာနားထားရာမှ ပြန်လည်လက်ခံရိုက်ကူးလျက်ရှိသည်။ ထို့အပြင် ဂီတလှုပ်ရှားမှုအနေဖြင့် သြစတြေးလျနိုင်ငံသို့ သွားရောက်၍ အင်န်အယ်လ်ဒီပညာရေးကွန်ရက်ရန်ပုံငွေအတွက် ဖျော်ဖြေကာ ရရှိသည့်အနုပညာကြေးများကိုလည်း လှူဒါန်းခဲ့သည်။ ၎င်းလေးစားသော ဒေါ်အောင်ဆန်းစုကြည်၏ အင်န်အယ်လ်ဒီပါတီလှုပ်ရှားမှုများတွင် အနုပညာဖြင့် တတ်စွမ်းသမျှ ပါဝင်ခဲ့သည့် ထွန်းအိန္ဒြာဗို ရှေ့ဆက်လျှောက်လှမ်းမည့် ဘ၀ခရီးလမ်းအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး- အခုရိုက်နေတဲ့ဇာတ်လမ်းတွဲရဲ့ ဘယ်အချက်ကို သဘောကျလို့ ဒီကားကို လက်ခံဖြစ်ခဲ့တာပါလဲ။ ဒီကားမှာ အစ်မက ဘယ်လိုဇာတ်ရုပ်နဲ့ ပါဝင်သရုပ်ဆောင်ထားပါလဲ။

ဖြေ- ဇာတ်လမ်းတစ်ခုလုံးက အစ်မဇာတ်ပဲ။ အဓိက ကာရိုက်တာနဲ့ သရုပ်ဆောင်ခွင့်ရတဲ့ဇာတ်ဆိုတော့ လက်ခံခဲ့တာပါ။ ဇာတ်ကားနာမည်က ‘‘ကမ္ဘာတည်သရွေ့ သာမည့်လ’’။ ဒီကားက မိခင်မေတ္တာကိုဖော်ကျူးတဲ့ ဇာတ်ကားပုံစံပါ။ အစ်မကတော့ အမေနေရာက သရုပ်ဆောင်ထားပါတယ်။

  မေး- ကိုးလကျော်ကြာ ဇာတ်ကားရိုက်နားပြီးမှ ဇာတ်ကြိုက်လို့ ပြန်ရိုက်တဲ့ ဇာတ်လမ်းတွဲက အစ်မအတွက် ဘယ်လိုအပြောင်းအလဲကိုခံစားရစေလဲ။ အားရကျေနပ်မှုကောရရဲ့လား။

  ဖြေ- ဇာတ်ကြိုက်လို့လည်း လက်ခံခဲ့တယ်။ ရိုက်လာတာ ရက်ပေါင်းလေးဆယ်လောက်ရှိပြီ။ ဇာတ်ညွှန်းတွေကလည်း ကောင်းတယ်ဆိုတော့ ဒီကားကိုကျေနပ်ပါတယ်။ နောက်ပြီး အလုပ်ကိုနားပြီး ပြန်လုပ်တာဖြစ်တဲ့အတွက် စိတ်ရော၊ လူရော အားအင်ပြည့်နေသလို ခံစားရတယ်။ အရင်ကဆိုရင် ဒီတစ်ကားရိုက်ပြီး နောက်ကားအတွက် ခေါင်းထဲမှာ စီစဉ်နေရတယ်။ တစ်ကားနဲ့တစ်ကား ကြားမှာနားရက်မရှိဘဲနဲ့ စိတ်ကိုပြင်ဆင်ရတာရော၊ လိုအပ်တဲ့ပစ္စည်း၊ အ၀တ်အစားကအစ လုပ်ခဲ့ရတာဆိုတော့ တော်တော်လေးတော့ ပင်ပန်းခဲ့တယ်။ ဒီဇာတ်လမ်းတွဲကတော့ အေးအေးလူလူပါပဲ။

  မေး- ဇာတ်လမ်းတွဲအနေနဲ့ ပထမဆုံးရိုက်ကူးတာဆိုတော့ အရင်ကရိုက်ခဲ့တဲ့ ရုပ်ရှင်၊ ဗီဒီယိုရိုက်ရတာနဲ့ နှိုင်းယှဉ်ရင် ဘယ်လိုကွာခြားမှုရှိလဲ။

  ဖြေ- ဇာတ်လမ်းတွဲတွေက ဇာတ်ကိုချုံ့စရာမလိုဘူး။ ဗီဒီယိုကားဆိုရင် တစ်နာရီခွဲအတွင်း ၀င်အောင်ရိုက်ရတာဆိုတော့ ချုံ့ရတယ်။ ဒီဇာတ်လမ်းတွဲဆိုရင် ဇာတ်အိမ်ကလည်း နဂိုကတည်းကကြီးတယ်။ တော်ရုံတန်ရုံအပြောနဲ့ ပြမယ့်နေရာမျိုးမှာ အရုပ်နဲ့ပြနိုင်တယ်။ အဲဒီလိုမျိုး သေသေချာချာလေး အချိန်ရပြီး ရိုက်ကူးခွင့်ရတယ်။

မေး- မြန်မာနိုင်ငံမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးမှုများလာပေမယ့် ကိုရီးယားဇာတ်လမ်းတွဲတွေကို ပရိသတ်အားပေးမှုများနေတာက ဘာကြောင့်လို့ ထင်ပါသလဲ။ အခုရိုက်တဲ့ ဇာတ်လမ်းတွဲအပေါ်မှာကော ဘာတွေမျှော်လင့်ထားလဲ။

  ဖြေ- အဲဒါက အချက်အများကြီးရှိတယ်။ ဆင်ဆာအပြောင်းအလဲကအစ၊ ငွေကြေးဖြုန်းတီးနိုင်မှုအင်အားကလည်း မတူဘူး။ သူများနိုင်ငံမှာရှိတဲ့ ဇာတ်လမ်းတွဲဆိုတာက သူတို့တစ်နိုင်ငံတည်း ပြတာမဟုတ်ဘူး။ World Wide ကြီး မဟုတ်ရင်တောင်မှ နိုင်ငံခြားတိုင်းပြည်တွေကို ရောင်းစားနိုင်တယ်။ ဥပမာ ကိုရီးယားဆို မြန်မာပြည်ကို ရောက်နေပြီ။ ဒါလည်း တခြားတိုင်းပြည်ကို ရောင်းတာပဲလေ။ အစ်မတို့ဆီမှာကျတော့ ပြည်တွင်းဈေးကွက်တောင်မရှိတာ။ အဲဒါကို တည်ဆောက်နေရတာကြောင့် ဈေးကွက်မှာလည်း ယှဉ်လို့မရဘူး။ ဈေးကွက်ကျဉ်းတဲ့အတွက်ကြောင့် ပြန်ရှာလို့ရမယ့် ပိုက်ဆံကလည်း နည်းတယ်။ အဲဒီအတွက် အရင်းကို သူတို့လို အများကြီး ဖြုန်းလို့မရဘူး။ ကိုယ်ပြန်ရမယ့် ၀င်ငွေနဲ့မျှအောင် ရင်းရတာဖြစ်တဲ့အတွက် အရင်းလည်း မတူဘူး။ အမြတ်လည်းမတူဘူး။ အရာရာမတူဘူး။ နောက်တစ်ခုက တည်းဖြတ်တဲ့အပိုင်းမှာဆိုရင်လည်း တချို့ကားတွေမှာ ကြော်ငြာဝင်တယ်ပြီးပြန်စရင် ပြီးပြီးသားအခန်းတွေ တော်တော်များများကို ပြန်ပြနေတော့ ဇာတ်လမ်းတွဲကြည့်ရတဲ့ အချိန်နည်းနည်းမှာမှ Repeat တွေများပြီး ကြည့်ရတဲ့သူ စိတ်မရှည်ဘူး။ အစ်မကိုယ်တိုင်တောင် စိတ်မရှည်ဘူး။ အဲဒါမျိုး မဖြစ်စေချင်ဘူး။ အားနည်းချက်တွေကတော့ အများကြီးရှိပါတယ်။ ဒါကလည်း အစ်မတစ်ယောက်တည်း အမြင်ပါ။ ဒီဇာတ်လမ်းတွဲက မြန်မာပရိသတ်ကြိုက်မယ့် ဇာတ်လမ်းပုံစံပါပဲ။ တချို့ဇာတ်ကားတွေလိုမျိုး ကြော်ငြာဝင်တဲ့အချိန်တွေမှာ Repeat တွေ မပါအောင် တည်းဖြတ်ရင်တော့ ပရိသတ်အတွက် သွက်သွက်လက်လက်နဲ့ ကြည့်လို့ကောင်းမယ့် ကားတစ်ကားဖြစ်မှာပါ။

  မေး- ဂီတဘက်မှာလည်း တစ်ကိုယ်တော်ခွေအသစ်တွေ လုပ်နေတယ်ဆိုတော့ အဲဒီအခွေအကြောင်း ပြောပြပေးပါဦး။ ဒီအခွေကို ပရိသတ်လက်ထဲ ဘယ်တော့လောက်ထည့်ပေးမလဲ။

  ဖြေ- တစ်ကိုယ်တော်ခွေကလုပ်ဖို့ ရည်ရွယ်နေတုန်းပဲရှိသေးတယ်။ လုပ်ပြီးသားသီချင်းတွေကို ပြန်နားထောင်ကြည့်တော့ မကြိုက်ဘူး။ အခု မေလထဲ ခရီးထွက်မယ်။ ပြန်လာမှ အစအဆုံးပြန်လုပ်မယ်။ ဒီတစ်ခါတော့ လင်းလင်းကဦးစီးပြီး လုပ်ပေးလိမ့်မယ်။ သီချင်းတွေလည်း ပြန်ရေးရမှာဆိုတော့ အဆင်သင့်ပြန်ဆိုဖို့ဆိုရင် ဒီနှစ်ထဲမှာတော့ အဆင်ပြေမှာမဟုတ်ဘူး။ နောက်ပြီး အစ်မက သြဂုတ်လလောက်မှ မြန်မာပြည်ပြန်ရောက်မှာဆိုတော့ နောက်နှစ်လောက်မှပဲ ထွက်ဖို့သေချာလိမ့်မယ်။

  မေး- မေလထဲမှာ အမေရိကားဖျော်ဖြေရေးခရီးသွားဖို့ရှိတော့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ။

  ဖြေ- အဲဒီပွဲအတွက်ကတော့ ရှိုးမှာဝတ်မယ့် အင်္ကျီပြင်ဆင်ရတာပါပဲ။ ကျန်တဲ့အပိုင်းအနေနဲ့က တီးဝိုင်းဆိုရင်လည်း Plus Three ဆိုတော့ အတီးတောင် အထူးတလည် တိုက်စရာမလိုတဲ့ တီးဝိုင်းပါ။ မြန်မာနိုင်ငံကနေ မေလ ၁၃ ရက် ထွက်မယ်။ နှစ်လလောက်ကြာမယ်။ ဒီကို ဇူလိုင် ၁၅ ရက် လောက် ပြန်ရောက်မယ်။

  မေး- နိုင်ငံရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းမှာ ကိုယ်တတ်နိုင်တဲ့ အနုပညာနဲ့ ကူညီဆောင်ရွက်မှုတွေရှိတော့ တကယ်လို့ အနုပညာအလုပ်တွေ နားလိုက်တဲ့အချိန်ကျရင် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ရည်ရွယ်ထားတာရှိလား။

  ဖြေ- ရည်ရွယ်ထားတာမရှိဘူး။ ခုတောင် အနုပညာအလုပ်က နားတယ်လို့ ပြောလို့ရတယ်။ စိတ်ကြိုက်ဇာတ်ကို တစ်နှစ်နေမှ တစ်ကားလာလာ၊ ၂ နှစ်နေမှ တစ်ကားလာလာ၊ တစ်သက်လုံးမလာလည်း မရိုက်တော့ဘူး။ အဲဒီအခါကျတော့ အလုပ်လုပ်နေဆဲလို့တောင် ပြောလို့မရတော့ဘူး။ အမ်မတို့အသက်အရွယ်က လှလှပပ ငယ်ငယ်ရွယ်ရွယ် ဇာတ်ရုပ်တွေနဲ့လည်း ရိုက်လို့မရတော့ဘူး။ အဲဒီလို ဇာတ်အိမ်ဖွဲ့တဲ့ ဇာတ်တွေနဲ့လည်း မလိုက်တော့ဘူး။ အသက်အရွယ်အရ ဇာတ်တွေလည်း အရမ်းရှားသွားပြီ။ အဲဒါကို ထပ်ပြီးစိစစ်လက်ခံဖြစ်တော့ ဒီကားပြီးရင် ရိုက်ဖြစ်ချင်မှရိုက်ဖြစ်မှာ။ နိုင်ငံရေးလုပ်မလားဆိုရင် နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘာမှမသိဘူး။ အဓိက အမေစုကို ကြည်ညိုတဲ့ စိတ်တစ်ခုတည်းနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းတာ။ နိုင်ငံရေးလုပ်မယ်ဆိုရင်လည်း အများကြီးလေ့လာပြင်ဆင်ရဦးမှာဆိုတော့ လုပ်ဖြစ်မှာမဟုတ်ပါဘူး။

  မေး- ဆရာကြီးဦးဝင်းတင်ရဲ့ ဈာပနအခမ်းအနားကိုလည်း တက်ရောက်ခဲ့တာဆိုတော့ နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဆုံးရှုံးသွားတာက ပြည်သူတွေအတွက် ဘယ်လောက်ထိ နစ်နာမှုတွေရှိတယ်လို့ထင်ပါသလဲ။

  ဖြေ- အများကြီးဆုံးရှုံးတာပါ။ နိုင်ငံရေးလုပ်ကြတဲ့သူတွေတော့ အများကြီးပဲ။ ဘဘလိုလူမျိုးကျတော့ နိုင်ငံတော်အဆင့်ဆုံးရှုံးမှုလို့ ပြောလို့ရပါတယ်။

ေ မေး- အစ်မရဲ့မွေးရပ်မြေက ရပ်မိရပ်ဖတွေက ၂၀၁၅ ခုနှစ် မိုးကုတ်အမတ်အဖြစ် ရွေးချယ်ခံဖို့ ဆန္ဒရှိကြတယ်လို့ သိရပါတယ်။ အစ်မရဲ့သဘောထားကရော ဘယ်လိုရှိပါသလဲ။

  ဖြေ- အစ်မကိုယ်တိုင် နိုင်ငံရေးနဲ့ပတ်သက်တဲ့ အရည်အချင်းတွေလည်းမရှိဘူး။ နောက်တစ်ခုက လက်ရှိမြင်နေရတဲ့ အစ်မတို့နိုင်ငံရဲ့လွှတ်တော်က ပျင်းစရာကောင်းတယ်။ အဲဒါကြောင့် စိတ်မ၀င်စားပါဘူး။
 
7Day News


ဧရာဝတီဘဏ် အွန်လိုင်းဘဏ်စနစ် မကြာခင်စတင်မည်ဟု ဆို


နိုင်ငံတကာ Visa Card ကို မိတ်ဆက်အပြီး တစ်လအကြာမှာတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးဖြစ်မယ့် Internet Banking ကို ဧရာဝတီဘဏ်က မကြာခင် သုံးစွဲတော့မယ်လို့ မေလ ၇ရက်နေ့မှာ ပြောဆိုလိုက်ပါပြီ။ အင်တာနက် အသုံးများလာမယ့် အချိန်မှာ အွန်လိုင်းဘဏ် အလုပ်ဖြစ်ပါ့မလား။

မြန်မာနိုင်ငံဟာ ဘဏ်နဲ့ချိတ်ဆက်ပြီး လုပ်ငန်းလုပ်ကိုင်တာ အားနည်းတာကြောင့် ဘဏ်လုပ်ငန်းအပြင် အင်တာနက်ဘဏ်စနစ်ကို လူထုကြားမှာ CSR သဘောမျိုး မျှဝေသွားဖို့ရှိတယ်လို့ ဧရာဝတီဘဏ်က ဆိုပါတယ်။ ၂၄နာရီပတ်လုံး ငွေလွှဲငွေထုတ်နဲ့ ငွေပေးချေမှုတွေကို လုပ်ဆောင်နိုင်မယ်လို့ ဦးဖြိုးအောင်က ဆိုပါတယ်။

Visa ကတ်တွေမိတ်ဆက်ချိန်တုန်းက ဦးဇော်ဇော်က ဧရာဝတီဘဏ်အနေနဲ့ ပထမဆုံး အွန်လိုင်းဘဏ်ကို လုပ်မယ်လို့လည်း ပြောခဲ့ဖူးပါတယ်။ ကွန်ပျူတာနဲ့ ဖုန်းတွေကနေ ဘဏ်စာရင်းကို ချိတ်ဆက်ပြီး လုပ်ကိုင်ဖို့ ဗဟိုဘဏ်မှာ စမ်းသပ်တင်ပြချက် အောင်မြင်ခဲ့လို့ ဒုတိယအကြိမ် Presentation ပြီးရင်တော့ မကြာခင် မိတ်ဆက်တော့မယ်လို့ ဆိုပါတယ်။

လုံခြုံရေးစနစ်ကိုလည်း OTP လို့ခေးတဲ့ ကုတ်နံပတ်ပါတဲ့ Data အပြင် Two Factor Numerical Authentication အသုံးပြုထားတာကြောင့် လုံခြုံမှုအပြည့်ရှိပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ငွေပေးငွေချေ စနစ်ကြောင့် ခြစားမှုကိုလည်း လျှော့ချနိုင်သလို e-Government အတွက်လည်း ထိရောက်တယ်လို့ ဆိုပါတယ်။

Kamayut Media



ဘုရားကျောင်းကန်သွားမည့် အမျိုးသမီးများ သတိထားဖို့ပါနော်......

ဘုရားကျောင်းကန်သွားမည့် အမျိုးသမီးများ သတိထားဖို့ပါနော်.......

ရှင်စောပု မိဖုရားကြီးက ဘုန်းကြီးကျောင်းသွားခါနီး သူ့အခြွေအရံများကို ပြောနေသည်မှာ -
ထိပ်ထား တစ်ခုသတိပေးချင်သေးတယ်။ သမီးတော်တို့ရော သေသေချာချာနားထောင်ကြနော်။
ယခုမယ်မယ်တို့ သွားရမှာက ရဟန်းတော်တွေ သီတင်းသုံးတဲ့ နေရာ၊ မယ်မယ်တို့ ချယ်သထား
တာက တကယ့်ပွဲလမ်းသဘင်သွားမယ့်အတိုင်းပဲ။ မိန်းမတစ်ရောက်ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ အမူအရာတွေဟာ ဆန့်ကျင်ဘက် ဖြစ်တဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။ အဆန်းတကြယ်
ပြင်ဆင်မွမ်းမံမှုက ညှို့ယူလိုက်တဲ့အတွက် သူတို့မှာ ပူလောင်တဲ့ဆန္ဒ ဖြစ်လာနိုင်တယ်လေ။
ဒီလို သူ့စိတ်ကို အမှောင်ရိပ်လွှမ်းသွားတာနဲ့ တပြိုင်နက် သူ့မှာ အပြစ်ဖြစ်ရသလို သူ့ကိုပူလောင်အောင် ၀တ်ဆင်ထားတဲ့ မိန်းမမှာလည်း တန်းတူ အပြစ်ဖြစ်ရတယ်။ ဒီတော့ ကိုယ့်ရဲ့
အနေအထိုင်ကြောင့် တစ်ပါးသူတစ်ဦးကို ဘယ်တော့မှ အမှောင်မလွှမ်းသွားပါစေနဲ့။
သမီးတော်တို့ . . . ရဟန်းတော်တွေဆိုတာကလည်း အာသဝေါကုန်းခမ်းကြသေးတာ မဟုတ်ဘူး။
ပုထုဇဉ်တွေပဲဖြစ်လို့ ပြာဖုံးနေတဲ့ မီးခဲတွေပါပဲ။ ဒီမီးခဲတွေကို သမီးတော်တို့ရဲ့ တပ်မက်စရာ ရူပါရုံဆိုတဲ့ လေပြေတစ်ချက်မွေ့လိုက်ရင် . . . ထိပ်ထား မဆက်ပါရစေနဲ့တော့ကွယ် . . . ။
ဒါကြောင့် သင့်တင့်ရုံပဲ ပြင်ဆင်ကြ၊ ခေါင်းကပန်းတွေဖြုပ်လိုက်။ မှုံနံ့သာတွေကိုလည်း ဖျက်လိုက်ကြပါဦး။ လုံလုံခြုံခြုံဝတ်ဆင်ပြီး မြင်ရသူစိတ်ထဲမှာ နှမငယ် သမီးငယ်တစ်ယောက်လို
ကရုဏာပွားလာအောင် ပြောဆို ဆက်ဆံကြပါကွယ်။
မသန်းသန်း (မန်းတက္ကသိုလ်)၏ ရှင်စောပု အမည်ရှိ စာအုပ်မှ။
ဒါကြောင့်ဆရာတော်ဘုရားကြီးတွေ ဆုံးမကြတယ်။
ပစ္စည်း ၊ မာတု ၊ ထိုနှစ်ခု
ဘိက္ခု သေမင်း ဓားနှစ်စင်း။ တဲ့ . . . .


ဘုရားကျောင်းကန်သွားမည့် အမျိုးသမီးများ သတိထားဖို့ပါနော်....... ရှင်စောပု မိဖုရားကြီးက ဘုန်းကြီးကျောင်းသွားခါနီး သူ့အခြွေအရံများကို ပြောနေသည်မှာ - ထိပ်ထား တစ်ခုသတိပေးချင်သေးတယ်။ သမီးတော်တို့ရော သေသေချာချာနားထောင်ကြနော်။ ယခုမယ်မယ်တို့ သွားရမှာက ရဟန်းတော်တွေ သီတင်းသုံးတဲ့ နေရာ၊ မယ်မယ်တို့ ချယ်သထား တာက တကယ့်ပွဲလမ်းသဘင်သွားမယ့်အတိုင်းပဲ။ 
 
မိန်းမတစ်ရောက်ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ အမူအရာတွေဟာ ဆန့်ကျင်ဘက် ဖြစ်တဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။ အဆန်းတကြယ် ပြင်ဆင်မွမ်းမံမှုက ညှို့ယူလိုက်တဲ့အတွက် သူတို့မှာ ပူလောင်တဲ့ဆန္ဒ ဖြစ်လာနိုင်တယ်လေ။ ဒီလို သူ့စိတ်ကို အမှောင်ရိပ်လွှမ်းသွားတာနဲ့ တပြိုင်နက် သူ့မှာ အပြစ်ဖြစ်ရသလို သူ့ကိုပူလောင်အောင် ၀တ်ဆင်ထားတဲ့ မိန်းမမှာလည်း တန်းတူ အပြစ်ဖြစ်ရတယ်။ ဒီတော့ ကိုယ့်ရဲ့ အနေအထိုင်ကြောင့် တစ်ပါးသူတစ်ဦးကို ဘယ်တော့မှ အမှောင်မလွှမ်းသွားပါစေနဲ့။ သမီးတော်တို့ . . . ရဟန်းတော်တွေဆိုတာကလည်း အာသဝေါကုန်းခမ်းကြသေးတာ မဟုတ်ဘူး။ 
 
ပုထုဇဉ်တွေပဲဖြစ်လို့ ပြာဖုံးနေတဲ့ မီးခဲတွေပါပဲ။ ဒီမီးခဲတွေကို သမီးတော်တို့ရဲ့ တပ်မက်စရာ ရူပါရုံဆိုတဲ့ လေပြေတစ်ချက်မွေ့လိုက်ရင် . . . ထိပ်ထား မဆက်ပါရစေနဲ့တော့ကွယ် . . . ။ ဒါကြောင့် သင့်တင့်ရုံပဲ ပြင်ဆင်ကြ၊ ခေါင်းကပန်းတွေဖြုပ်လိုက်။ မှုံနံ့သာတွေကိုလည်း ဖျက်လိုက်ကြပါဦး။ လုံလုံခြုံခြုံဝတ်ဆင်ပြီး မြင်ရသူစိတ်ထဲမှာ နှမငယ် သမီးငယ်တစ်ယောက်လို ကရုဏာပွားလာအောင် ပြောဆို ဆက်ဆံကြပါကွယ်။ မသန်းသန်း (မန်းတက္ကသိုလ်)၏ ရှင်စောပု အမည်ရှိ စာအုပ်မှ။ ဒါကြောင့်ဆရာတော်ဘုရားကြီးတွေ ဆုံးမကြတယ်။ ပစ္စည်း ၊ မာတု ၊ ထိုနှစ်ခု ဘိက္ခု သေမင်း ဓားနှစ်စင်း။ တဲ့ . . . .

 ရှင်စောပု မိဖုရားကြီးက ဘုန်းကြီးကျောင်းသွားခါနီး သူ့အခြွေအရံများကို ပြောနေသည်မှာ -ထိပ်ထား တစ်ခုသတိပေးချင်သေးတယ်။ သမီးတော်တို့ရော သေသေချာချာနားထောင်ကြနော်။ယခုမယ်မယ်တို့ သွားရမှာက ရဟန်းတော်တွေ သီတင်းသုံးတဲ့ နေရာ၊ မယ်မယ်တို့ ချယ်သထားတာက တကယ့်ပွဲလမ်းသဘင်သွားမယ့်အတိုင်းပဲ။ မိန်းမတစ်ရောက်ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ အမူအရာတွေဟာ
ဆန့်ကျင်ဘက် ဖြစ်တဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။ အဆန်းတကြယ်ပြင်ဆင်မွမ်းမံမှုက ညှို့ယူလိုက်တဲ့အတွက် သူတို့မှာ ပူလောင်တဲ့ဆန္ဒ ဖြစ်လာနိုင်တယ်လေ။ဒီလို သူ့စိတ်ကို အမှောင်ရိပ်လွှမ်းသွားတာနဲ့ တပြိုင်နက် သူ့မှာ အပြစ်ဖြစ်ရသလို သူ့ကိုပူလောင်အောင် ၀တ်ဆင်ထားတဲ့ မိန်းမမှာလည်း တန်းတူ အပြစ်ဖြစ်ရတယ်။ ဒီတော့ ကိုယ့်ရဲ့
အနေအထိုင်ကြောင့် တစ်ပါးသူတစ်ဦးကို ဘယ်တော့မှ အမှောင်မလွှမ်းသွားပါစေနဲ့။

သမီးတော်တို့ . . . ရဟန်းတော်တွေဆိုတာကလည်း အာသဝေါကုန်းခမ်းကြသေးတာ မဟုတ်ဘူး။
ပုထုဇဉ်တွေပဲဖြစ်လို့ ပြာဖုံးနေတဲ့ မီးခဲတွေပါပဲ။ ဒီမီးခဲတွေကို သမီးတော်တို့ရဲ့ တပ်မက်စရာ ရူပါရုံဆိုတဲ့ လေပြေတစ်ချက်မွေ့လိုက်ရင် . . . ထိပ်ထား မဆက်ပါရစေနဲ့တော့ကွယ် . . . ။
ဒါကြောင့် သင့်တင့်ရုံပဲ ပြင်ဆင်ကြ၊ ခေါင်းကပန်းတွေဖြုပ်လိုက်။ မှုံနံ့သာတွေကိုလည်း ဖျက်လိုက်ကြပါဦး။ လုံလုံခြုံခြုံဝတ်ဆင်ပြီး မြင်ရသူစိတ်ထဲမှာ နှမငယ် သမီးငယ်တစ်ယောက်လို
ကရုဏာပွားလာအောင် ပြောဆို ဆက်ဆံကြပါကွယ်။

မသန်းသန်း (မန်းတက္ကသိုလ်)၏ ရှင်စောပု အမည်ရှိ စာအုပ်မှ။

ဒါကြောင့်ဆရာတော်ဘုရားကြီးတွေ ဆုံးမကြတယ်။
ပစ္စည်း ၊ မာတု ၊ ထိုနှစ်ခု
ဘိက္ခု သေမင်း ဓားနှစ်စင်း။ တဲ့ . . . .



စကားပြောဆိုတဲ့အခါ


 
လူကြီးတွေနဲ့ စကားပြောဆိုတဲ့အခါ သူရဲ့ကြီးရင့်တဲ့ အတွေ့အကြုံကို ရိုသေလေးစားဖို့ မမေ့ပါနဲ့

ယောက်ျားတွေနဲ့စကားပြောဆိုတဲ့အခါ သူ့မျက်နှာသာကိုထိန်းသိမ်းပေးဖို့ မမေ့ပါနဲ့

မိန်းမတွေနဲ့စကားပြောဆိုတဲ့အခါ သူ့စိတ်ခံစားချက်ကိုဂ ရုစိုက်ပေးဖို့ မမေ့ပါနဲ့

ကိုယ့်အထက်လူကြီးနဲ့ စကားပြောဆိုတဲ့အခါ သူ့ရာထူးဂုဏ်ကိုလေးစားဖို့ မမေ့ပါနဲ့

လူငယ်လူရွယ်တွေနဲ့ စကားပြောဆိုတဲ့အခါ သူတို့ရဲ့ပွင့်လင်းမှုကို မမေ့ပါနဲ့

ကလေးငယ်တွေနဲ့ စကားပြောဆိုတဲ့အခါ သူတို့ရဲ့အပြစ်ကင်းမှုကို မမေ့ပါနဲ့

ပြောတတ်ဆိုတတ်တာဟာ အသိပညာတစ်မျိုးဆိုရင် နားထောင်တတ်ခြင်းဟာလည်း အနုပညာတစ်ရပ်ဖြစ်ပါတယ်....

နိုင်းနိုင်းစနေ


အိပ်ရေးပျက်နေသူများ ရှောင်သင့်သော အားအစာ



(၁) ကော်ဖီ

(၂) ကြက်သွန်ဖြူ ၊ ကြက်သွန်နီ

(၃) လက်ဖက်ရည်

(၄) ဆီကြော် အစားအစာများ

(၅) ငရုပ်သီး

(၆) ပြောင်းဖူး

(၇) ချောကလက်

 
 
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


နာကျင်မှုဝေဒနာများကို ပြေလျော့စေမယ့် သဘာဝနည်းလေးများ



(၁) တကိုယ်လုံးက ကြွက်သားတွေ နဲ့  အရိုးများနာကျင်ကိုက်ခဲနေပါသလား? ဂျင်းလက်တဆစ်လောက် ကို နေ့ တိုင်းစားပေးပါ။ (အဆစ်ရောင်ရောဂါတွေအပြင်၊ အဆစ်တွင်းရှိ အရိုးနုများပျက်စီးတဲ့ရောဂါ တို့ကိုပါ ၇၅ရာခိုင်နှုန်းလောက် သက်သာသွားစေ နိုင်ပါတယ်)

(၂) သွားကိုက်ပြီး သွားဖုံးတွေရောင် ကိုင်းနေပါသလား? လေးညှင်းပွင့် ၂-ပွင့်ကို အာခံတွင်းထဲ မှာ ဖြည်းဖြည်းချင်းမြှု့ံ၍ ၀ါးပေးပါ။

(၃) ဘာအစာမှ စားချင်စိတ်မရှိဘဲ လေပူထနေပါသလား? ပန်းသီးတစ်ခြမ်းကို အခွံနွှာပြီးနောက် ညက်ညက်ဝါးစားပေးလိုက်ပါ။

(၄) နားကိုက်နေပါသလား? ကြက်သွန်ဖြူ ၃-တက် လောက်စားပါ။

(၅) ခေါင်းအုံပြီး ကိုက်ခဲနေပါသလား? ချယ်ရီသီး လက်တဆုပ်စာလောက် နေ့ စဉ်စားပေးပါ။

(၆) အူရောင်ငန်းဖျား ရောဂါဖြစ်နေပါသလား? အဆီများတဲ့ ငါးများဖြစ်ကြတဲ့ ဆယ်လ်မွန်၊ တူနာ၊ ငါးသေတ္တာငါးများနှင့် ပင်လယ်ငါးအမျိုးမျိုး တို့ စားပေးပါ။

(၇) ကျန်းမာရေးအတွက် ဘက်စုံ ကောင်းချင်ပါသလား? အဆီမပါတဲ့ ဒိန်ချဉ်ကို နေ့ စဉ် ၂ ခွက်လောက် သောက်ပေးပါ။

(၈) ခန္ဓာကိုယ်တစ်ခုလုံး (နာတာရှည်)နာကျင်ကိုက်ခဲနေပါသလား? နနွင်း မှုန့် စစ်စစ်ကို နေ့ စဉ် လ္ဘက်ရည် ဇွန်း ၄-ပုံ ၁-ပုံ လောက် သောက်ပေးပါ။ (အရိုး/အကြောနဲ့  ကိုယ်တိုင်းကိုယ်ပ ရောင်ရမ်းနာတွေကို သက် သာစေတဲ့အပြင် ကင်ဆာရောဂါများ၊ မျက်လုံး ရေတိမ်စွဲခြင်း နဲ့ အယ်လ်ဇိုင်းမား(ခေါ်)ဦးနှောက် အကြို ဇရာ ရောဂါတွေကို မဆိုးဝါးလာအောင် ထိန်းထားပေးနိုင်ပါ တယ်)

(၉) အမျိုးသမီးရောဂါ ဖြစ်နေပါသလား? ကွေကာအုပ်(အကြမ်း) နေ့ စဉ်စားပေးပါ (သားအိမ်အတွင်းမြှေး များကို ကောင်းကျိုးပြုပါတယ်)

(၁၀) ခြေစွယ်ငုပ်ပြီး ပြည်တည်နေပါသလား? ဇလုံတစ်ခုထဲမှာ ရေနွေး ၁-ခွက်ကို ဆားစားပွဲတင်ဇွန်း ၁ ဇွန်းနှုန်းဖြင့်ရော၍ ခြေထောက်ထဲ့စိမ်ပေးပါ။ (မိနစ်၂၀ ခန့်ကြာအောင် တနေ့  ၂-ကြိမ်ကျ ခြေထောက် စိမ်ပေးရပါမယ်)

(၁၁) လေပွနေပါသလား? နာနတ်သီး လတ်လတ်ဆတ်ဆတ် ၁-စိပ် လောက်ကို ညက်ညက် ၀ါးစားပေး လိုက်ပါ။

(၁၂) မှင်ရောဂါကြောင့် အသားတွေရောင်ကိုင်း နာကျင်နေပါသလား? ပူစီနံရွက်များများစားပါ (သို့ မဟုတ်) ပူစီနံရွက်အဆီလိမ်း ပေးပါ။

(၁၃) ခါးနာနေပါသလား? နေ့ စဉ် စပျစ်သီး လက်တဆုပ်လောက် စားပေးပါ။

(၁၄) သွေးယားယံခြင်း ရောဂါခံစားနေရပါသလား? သောက်ရေသန့် သန့်  ၈-ခွက်လောက် နေ့  စဉ်သောက်သုံးပေးပါ။ (သွေးရောဂါအမျိုးမျိုး တို့ကို ပျောက်ကင်းစေတဲ့အပြင် သွေးသန့် စေပါတယ်)

(၁၅) ဆီးလမ်းကြောင်းပိုးဝင်ပြီး ဆီးအိမ်ရောင်နေပါသလား? ဘလူးလယ်ရီသီးကို လက်တဆုပ် စာလောက် နေ့ စဉ်စားပေးပါ။

(၁၆) နာတာရှည် ကိုယ်ရေပြားရောင်ရမ်းနာ ဖြစ်နေပါသလား? သဘာဝ ပျားရည်စစ်စစ် ကို တနေ့  ၄-ကြိမ်လောက် လိမ်းပေးပါ။

(၁၇) ကိုယ်ခံအားနည်းလို့  မကြာခဏ နေမကောင်းဖြစ်နေပါသလား? အိုမီဂါ ၃ ဖက်တီး အက်ဆစ်ကြွယ်ဝ တဲ့ အ၀ါရောင် ဂုန် လျှော်စေ့(ဂုန် လျှော်ပင်ရဲ့ အစေ့)ကို နေ့ စဉ် လ္ဘက်ရည်ဇွန်း ၃-ဇွန်းစားပေးပါ။ (အမျိုးသမီး များ သားမြတ်(ရင်သား) ရောင်ရမ်းနာ ကျင်မှုကိုပါ ပျောက်ကင်းစေပါတယ်)

့(၁၈) ခေါင်းတခြမ်း ကိုက်နေပါသလား? ကော်ဖီပူပူလေး ဖျော်သောက်လိုက်ပါ။

(၁၉) ခြေသလုံးသားတွေ မကြာခဏ ကြွက်တက်နေပါလား? ပိုတက်စီယမ်ကြွယ်ဝတဲ့ ခရမ်းချဉ်သီး မှည့်မှည့်ကို နေ့ စဉ်စားပေး ပါ။ (ကိုင်းခရမ်းချဉ်သီး မဟုတ်ပါ)

(ဆောင်းပါးရှင်… ပေါက်ပေါက်… မျှဝေသည်)
(ကိုးကား….Healthy and Natural World)
--
promise.pauk


မုန်တိုင်းဝင်နိုင်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ရန် မိုး/ဇလပညာရှင်သတိပေး


 
ကပ္ပလီပင်လယ်ပြင်တွင် စတင်ဖြစ်ပေါ်သည့် လေဖိအား နည်းရပ်ဝန်းသည် မုန်တိုင်းအဖြစ် အားကောင်း ကာ မေလ ၂၀ ရက် နောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသ ကို တစ်နာရီလေတိုက်နှုန်း ၄၆ မိုင်ခန့်ဖြင့် ဖြတ်သန်း သွားနိုင်ကြောင်း အမေရိကန်နိုင်ငံအခြေစိုက် မိုးလေဝသဌာနများက သတင်းထုတ်ပြန်လိုက်သောကြောင့် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်မှုများပြုလုပ်ထားသင့်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင် က သတိပေးထားသည်။

ဆိုင်ကလုန်းမုန်တိုင်းအဆင့် သို့ရောက်ရှိလာမည့် လေဖိအား နည်းရပ်ဝန်းတစ်ခုသည် မေလ ၁၉ ရက်တွင် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း၌ စတင်ကာ မေလ ၂၀ နှင့် ၂၁ ရက်များတွင် မြစ်ဝကျွန်း ပေါ်ဒေသ ကိုဖြတ်၍ ဘင်္ဂလားပင် လယ်အော်အရှေ့တောင်ပိုင်းသို့ ဝင်ရောက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် လေထုလေ့လာရေးအမျိုးသား ဗဟိုဌာန (NCAR) က မေလ ၆ ရက်တွင် သတင်းထုတ်ပြန်ထား သည်။

‘‘တကယ်တိကျသေချာတဲ့ ခန့်မှန်းချက်တွေထုတ်ပြန်ပေးနေ တဲ့ဌာနမို့လို့ သတိထားဖို့လိုတယ်။ ဒီမုန်တိုင်းက အနောက်တောင် မုတ်သုံလေကိုပါ ဆွဲခ်ါလာမယ့် မုန်တိုင်းဖြစ်လာနိုင်တယ်’’ ဟု ဒေါက်တာထွန်းလွင် ကပြောကြားသည်။

အဆိုပါမုန်တိုင်းသည် ကပ္ပ လီပင်လယ်ပြင်မှ ဘင်္ဂလားပင် လယ်အော်သို့ဖြတ်သန်းချိန်တွင် မုန်တိုင်း၏ ညာဘက်ခြမ်း၌ ကျ ရောက်နေသည့် မြစ်ဝကျွန်းပေါ် ဒေသ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းတောင်ပိုင်းတို့တွင်လေပြင်းတိုက်ခတ်မှု တစ်နာရီ လျှင်၄၆ မိုင်နှုန်းအထိ ရှိလာနိုင်သောကြောင့် ကြိုတင်ကာကွယ်မှုများပြုလုပ်ထားရန် လိုအပ်ကြောင်း နိုင်ငံတကာမိုးလေဝသဌာနများ၏ ခန့်မှန်းချက်များကို ကိုးကား၍ ဒေသတွင်းရာသီဥတုသတင်း အချက်အလက်များထုတ်ပြန်ပေးနေသည့် mmweather information blog က သတိပေးထားသည်။

မေလပထမပတ်က ဘင်္ဂ လားပင်လယ်အော်တွင် မုန်တိုင်း ငယ်တစ်လုံးဖြစ်ခဲ့ပြီး အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင် ငံကမ်းခြေသို့ ရွေ့လျားသွားကာ မြန်မာနိုင်ငံ အတွက် မုန်တိုင်းအန္တရာယ်ကင်း ဝေးခဲ့သည်။ သို့သော် မှတ်တမ်း များအရ မေလတွင် မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်လေ့ရှိသောကြောင့် သတိပြုရမည့်ကာလ သို့ ရောက်ရှိနေကြောင်း မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်နှင့် မိုး/ဇလဌာနက သတိပေးထားသည်။

7Day Daily


တစ်လုတ်စားဖူး သူ့ကျေးဇူး အရူးကလွဲရင် သိတတ်ရမယ်

 
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ”လူ ဦးရေစာရင်း” ဆိုတာကြီး ကိုတော့ ကောက် ပြီးသွားရင် ဘာဆက်လုပ်ကြ ဦးမလဲဆို တာ စိတ်ဝင်စားတဲ့ သူတွေလည်း ရှိသ လို၊ လုံးဝ စိတ် မဝင်စားတဲ့ သူတွေလည်း ရှိကြပါလိမ့်မယ်။ လူတော်တော် များများ ဟာ ကိုယ့်မိသားစုရဲ့ နေရေး ထိုင်ရေး နဲ့ စားနပ် ရိက္ခာ ကိစ္စ ပူပန် ရုန်းကန်လှုပ်ရှား အလုပ်တွေ များနေ ကြရတော့၊ ကိုယ့်ဆီ ကိုလာပြီး စာရင်းတွေ ကောက်တာကို တာဝန် ဝတ္တရား တစ်ခု လိုပဲ သဘောထား ပြီး မေးသမျှ ဖြေလိုက်ကြ ရုံပါပဲ။ နိုင်ငံ တစ်နိုင်ငံရဲ့ လူဦးရေ တိုးပွားမှု ကိစ္စဟာ အဲဒီ့နိုင်ငံရဲ့ ကုန်ပစ္စည်း ထုတ်လုပ်မှုနဲ့ အဓိက ဆက်စပ်နေတယ် ဆိုတာ ကျွန် တော် တို့နိုင်ငံက အနှိမ်ခံ၊ အနှင်ခံ၊ နယ် နှင်ခံ၊ နင်းပြား လူတန်းစား ဘဝ ရောက် သထက် ရောက်နေကြ ရပြီဖြစ်တဲ့ ကျေး ဇူးရှင် တောင်သူ လယ်သမား အများစု သိစေချင် ပါတယ်။
 
 ကျွန်တော် တို့ မြန်မာ နိုင်ငံဟာ လယ်ယာ စိုက်ပျိုးရေး က ရရှိတဲ့ ဆန်စပါး ကို အဓိကထားပြီး ပြည်ပပို့ကုန် လုပ်လို့ ဝင်ငွေ ရှာနေတဲ့ နိုင်ငံလည်းဖြစ် တော့ တောင်သူ လယ်သမားတွေ ရဲ့ လယ်ယာမြေတွေဟာ သိပ် အရေး ကြီးနေ ပါတယ်။ ကျွန်တော်ပြောချင် တာက ဒီလို အဓိက ကျတဲ့ တောင်သူ လယ်သမား အများစု ရဲ့ ”အသားကျပြီးသား” လယ်ယာမြေကောင်း၊ လယ် ယာမြေဟောင်း ဘိုး ဘွား ပိုင်တွေကို အကြောင်း အမျိုးမျိုး ပြပြီး အစိုးရ ဆိုတဲ့ လူတန်းစားက သိမ်း ယူမသွားကြဖို့ဖြစ်ပါတယ်။

ဒီနေရာ မှာတော့ အမေရိကန်ပြည် ထောင်စုမှာ ကျွန်တော် နေထိုင်ခဲ့တုန်းက စာကြည့်တိုက် တစ်ခုမှာ ဖတ်ခဲ့ရဖူးတဲ့ ဆောင်းပါးပေါင်းချုပ် တစ်အုပ်မှာ စာ ရေးဆရာ နဲ့ ပညာရှင် သုတေသန သမား တစ်ယောက်ဖြစ်တဲ့ Malthus မောလ် သပ်စ်ရဲ့ လူဦးရေ စာရင်းကောက်ယူ ရေးနဲ့ ပတ်သက်တဲ့၊ အတွေးအခေါ်၊ အမြော်အမြင်၊ အယူ အဆလေး တချို့ကို ကျွန်တော် မှတ်သား ထားခဲ့သမျှ ပြန်ပြော ချင်ပါတယ်။ သူဆိုလိုတာ ကတော့ နိုင်ငံ တစ်နိုင်ငံမှာ လူဦးရေ ဆိုတာ တိုးပွားနှုန်း ရှိသလို လျော့ပါး သွားနှုန်း လည်း ရှိမယ်။ လူဦးရေ ဆိုတာ စားသောက်နိုင်မှု အပေါ် မှာ မူတည်တယ်။ ထုတ်ကုန်မှာ လည်း မူတည်တယ်။ လူဦးရေ တိုးလာပြီ ဆိုရင် အဲဒီ့နိုင်ငံ ရဲ့ တောင်သူ လယ်သမားတွေ က သီးနှံတွေကို ပိုပြီး အထွက်တိုးအောင် စိုက်ပျိုးကြ ရတော့မယ်။ အကောင်းဆုံး လယ်ယာမြေတွေ ကို ထွန်ယက်ကြရ မယ်။
 
 လယ်ယာမြေညံ့ ဖျင်းသွား ရင် သီး နှံကောင်းတွေ ရတော့မှာ မဟုတ်ဘူး။ ဒါ ကြောင့် လူဦးရေ တိုးပွားလာတဲ့ တိုင်း ပြည်တိုင်းမှာ စက်ရုံ အလုပ်ရုံကို ဦးစား ပေးတဲ့ တိုင်းပြည်က စက်ရုံ အလုပ်ရုံတွေ၊ စက်ကိရိယာ ပစ္စည်း တိုးတက်ကောင်း မွန်ဖို့နဲ့၊ အလုပ်သမားတွေ ရဲ့ ရပိုင်ခွင့် အခွင့်အရေးကို ပိုပြီး ဂရုစိုက်မြှင့်တင် ပေးဖို့ လိုအပ်သလို၊ လယ်ယာ စိုက်ပျိုး ရေးကို အခြေခံ တဲ့နိုင်ငံတွေ ကလည်း ကိုယ့်တိုင်းပြည် က လယ်သမား၊ ယာသ မားတွေရဲ့ အခွင့်အရေး ကို ပိုပြီး ဂရု စိုက်ဆောင်ရွက် ပေးကြရမှာ အဲဒီ့နိုင်ငံ၊ အဲဒီ့ တိုင်းပြည် မှာရှိတဲ့ အုပ်ချုပ်သူလူ တန်းစား အစိုးရတွေရဲ့ အဓိက တာဝန် ဝတ္တရား သာဖြစ်တယ်လို့  ပညာရှင် မောလ်သပ်စ် ကရေးပါတယ်။

တချို့ စီးပွားရေး မဖွံ့ဖြိုးသေးတဲ့ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်နိုင်ငံတွေ မှာတော့ လူဦးရေ တိုးပွားမှု ကိစ္စကို ကန့် သတ်ချက် ရှိလာတယ်။ အိမ်ထောင်ရှင် တွေ ရဲ့ ကလေးမွေးဖွားမှု ဦးရေကို ကန့် သတ်တာပါ။ ဒါကိုတော့ ပညာရှင် စာ ရေးဆရာ မောလ်သပ်စ် က “Moral Restraint” လို့ခေါ်ပါတယ်။ နိုင်ငံ ရဲ့ စီး ပွားရေး၊ လူမှုရေး၊ ပညာရေး ၊ ကျန်းမာ ရေး အသုံးစရိတ်တွေ တစ်စထက် တစ်စ ပို သုံးစွဲနိုင်လောက်အောင် တဖြည်းဖြည်း ဘတ်ဂျက်ငွေ တိုးမြှင့် လာနိုင်ခဲ့ရင် စော စောတုန်း ကသူပြောခဲ့ တဲ့ အိမ်ထောင် သည်တွေ အပိုင်းကဏ္ဍမှာ သားသမီးမွေး ဖွားမှု ဦးရေကန့်သတ်မှု “Moral Rest-raint” ကိုလည်း ဖြေလျှော့မှုပေး သွား နိုင်ပြီလို့ ဆိုပါတယ်။ သူက ဘာ ဆက် ရေးခဲ့လဲ ဆိုရင် တကယ်လို့ နိုင်ငံတစ် နိုင်ငံမှာ လူဦးရေက နည်းပါးနေတယ်။ “Moral Rest-raint” ဖြစ်နေတယ် ဆိုရင် လည်း တစ်ဖက်မှာ တိုင်းပြည်ရဲ့ ကုန် ထုတ် လုပ်မှုပိုင်း အတွက် အလုပ်သမား ဦးရေ က ထပ်တူ အချိုးကျ နည်းပါး သွားနိုင်ပါ တယ်တဲ့။
 
 ဥပမာ အားဖြင့် သူရေးထား တဲ့ထဲမှာ တစ်ချိန်တုန်း က ၁၉ ရာစု နှစ် အပိုင်း အခြားတွေရဲ့ ဗြိတိန်နိုင်ငံက လူ ဦးရေ စာရင်း ကိစ္စလည်း ပါဝင်ပါတယ်။ ဗြိတိန်က သူ့နိုင်ငံ လူဦးရေ တိုးပွားလာ တာကို စက်မှုလုပ်ငန်း တိုးတက် ထွန်း ကားမှုနဲ့ နှိုင်းယူ ချိန်ဆပြီး စက်မှုလက်မှု တိုင်းပြည် Manufacturing Country ဖြစ်လာအောင် အစိုးရ ပိုင်းက ဝီရိယ၊ လုံ့လစိုက်ထုတ် အလုပ်တွေ ပိုလုပ်ခဲ့ရတဲ့ အကြောင်းရေး ထားပါတယ်။ 
 
ကိုယ့်တိုင်း ပြည်က ထုတ်လုပ်တဲ့ ကုန်ပစ္စည်း အရည် အသွေး ကောင်းသထက် ကောင်းအောင်၊ လူဦးရေ တိုးတက်လာတဲ့ လုပ်အားနဲ့ ဖန် တီး သွားနိုင်သလို နိုင်ငံတကာ ဈေးကွက် International Market ကိုလည်း မျက်နှာပန်းလှလှ ထိုးဖောက် ဝင်ရောက် နိုင်တဲ့အကြောင်း ပညာရှင် မောလ် သပ်စ် က ထောက်ပြရေးသား ထားပါတယ်။ တိုင်းပြည်ရဲ့ တိုးတက်လာတဲ့ လူ ဦးရေထဲမှာ အတတ်ပညာရှင် နဲ့ အသိ ပညာရှင်တွေ လည်း ပါဝင်လာပြီ ဆိုတော့ ဒီလို ပညာရှင်တွေ ကို အစိုးရပိုင်းက ကိုယ့်နိုင်ငံမှာ မပျော်ပိုက်ဘဲ တခြား ပြည်ပနိုင်ငံတွေကို သွားပြီး အလုပ်မလုပ် ဖို့၊ အကောင်းဆုံး အခွင့်အရေး၊ အခွင့် အလမ်းတွေ ပေးပြီး စည်းရုံးနိုင် ရမယ်လို့ ပညာရှင်က ပညာပေး ရေးသားထားပါ တယ်။ သူက ဘာကို ဥပမာပြလဲ ဆိုရင် ၁၈၈ဝ ပြည့်နှစ်က ၁၉ဝဝ ပြည့်နှစ် ကာ လအတော အတွင်းမှာ အီတလီနိုင်ငံ ထဲ ကနေပြီး တခြား တိုင်းပြည်တွေ ကို ထွက် ခွာသွားကြတဲ့ လူဦးရေ အထွက်နှုန်းဟာ သိသိသာသာ များပြားခဲ့ဖူးတာ ကို ဥပမာ ပြထားပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျ တော့ ပညာရှင် တချို့ဟာ ကိုယ့်ပြည် တွင်းမှာ ကိုယ်တတ်ထားတဲ့ ”ပညာ” ကို အသုံးချခွင့် ပြည့်ပြည့်ဝဝ မရလို့၊ တခြား မှာသွား ပြီး အောက်ခြေသိမ်း အလုပ် တွေနဲ့ငွေ တန်ဖိုးအရ ကိုယ့်ဘဝကို နှိမ့်ချ ပြီး ဝမ်းစာဖွေ ရှာနေကြရတာ တွေ့ကြ၊ မြင်ကြ ရမှာဖြစ်ပါတယ်။ ကိုယ့်ပြည်တွင်း မှာ လုပ်ကိုင် စားကြမယ် ဆိုပြန်တော့ လည်း ဟိုး…ဒီကေဘီအေ နယ်မြေ ဆုံစည်းမြိုင်ကို ကြေကွဲဝမ်းနည်းမှု များ စွာနဲ့ မိသားစုပေါင်း များစွာ ကိုယ့် အထုပ်လေးတွေ ကိုယ်ပိုက်လို့ က တိုက် ကရိုက်၊ ကစဥ့် ကလျားပြောင်းရွှေ့သွား ရရှာတဲ့၊ တကယ့် ဓားမဦးချတောင်သူ လယ်သမားတွေရဲ့ ဘဝဟာ ရင်နာရင် နင့်ဖွယ်ရာ အတိ ဖြစ်ခဲ့ရပါတယ်။

ကျွန်တော် ဖတ်ရှုလေ့လာခဲ့ရတဲ့ ပညာရှင် စာရေးဆရာ Malthus ရဲ့ စာအုပ်လေးထဲမှာ စိတ်ဝင်စားစရာ အ ကောင်းဆုံး အချက်တစ်ချက် ကိုလည်း တွေ့ခဲ့ရပါတယ်။ အဲဒါ ကတော့ သူတို့ရဲ့ အနောက်နိုင်ငံမှာ လယ်သမား မိသားစု တစ်စု ဆိုပါတော့။ အဲဒီ့မိသားစုကို သက် ဆိုင်ရာ အစိုးရက လူဦးရေ စာရင်းကောက် ယူလိုက်တဲ့ အခါ လူဦးရေ စာရင်းကများ ပြီး မိသားစုရဲ့ စားဝတ်နေရေးက ဝင်ငွေ နဲ့ထွက်ငွေ မမျှတဘဲ ကျပ်တည်းဆင်းရဲ နေတယ် ဆိုပါတော့။ အဲဒါကို သူတို့ နိုင်ငံရဲ့ အစိုးရက စနစ် တစ်ခုနဲ့ ဖြေရှင်း ပေးတယ်။ အဲဒီစနစ်က မိသားစု များတဲ့ တောင်သူ လယ်သမားတွေက လစာငွေ ထောက်ပံ့ ဖြည့်ဆည်းပေးတဲ့ စနစ်ပါ။ မိသားစု ပိုပြီးများတဲ့ လယ် သမားတွေ ဆိုရင် လစာငွေလည်း ပိုပြီးအထောက် အပံ့ရကြတဲ့ စနစ် ဖြစ်ပါတယ်။ 
 
အဲဒီစနစ် ကြောင့် တောင်သူ လယ်သမားတွေဟာ ကိုယ့်လယ်မြေ၊ ကိုယ့် အိမ်ရာမှာ၊ အိုး မကွာ၊ အိမ်မကွာဘဲ ကိုယ့်လယ်ယာ လုပ် ငန်းကို ပိုပြီး ကျန်းမာ ရွှင်လန်းစွာ လုပ် ကိုင်နိုင်ကြသလို၊ ကိုယ့်မှာ ရှိရင်းစွဲ စပါး သီးနှံရောင်းချ လို့ရတဲ့ ငွေအပြင် အစိုးရ က ထောက်ပံ့တဲ့ လစာငွေကိုလည်း အပို အလျှံရကြတဲ့ အတွက် စားဝတ်နေရေး သက်သာချောင်ချိမှု ပိုပြီး ရရှိနိုင်ခဲ့ကြ တယ်လို့ သိလိုက် ရပါတယ်။ သူတို့အ တွက် အစိုးရ က ကျင့်သုံး လုပ်ဆောင်ပေး ခဲ့တဲ့ စနစ်ကိုတော့ ဗဟုသုတ ရနိုင်ဖို့ ပြောပြရမယ်ဆိုရင် “Speenhamland System” စပင်းဟမ်းမ်လန်းဒ် စနစ်” လို့ ခေါ်ကြပါတယ်။

ဒါကြောင့် ကျွန်တော်ပြောချင် တာက ဘာမှ ဘဝမှာ မျှော်လင့်ချက် ရောင်ခြည်ရယ် လို့ ကြီးကြီးမားမား မရှိ ရှာကြသေးတဲ့ ကျွန်တော် တို့နိုင်ငံရဲ့ အဓိက ကျေးဇူး ရှင် တောင်သူ လယ်သ မား၊ မိသားစုတွေ အပေါ်မှာ ဘယ်လို အစိုးရမျိုးက ပဲဖြစ်ပါစေ၊ နိုင် ထက်က လူ ညှဉ်းပန်းနှိပ်စက် လို့ သူတို့ရဲ့ ဇာတိမြေနဲ့ ဝေးသ ထက် ဝေးအောင်၊ နယ်နှင်တဲ့ လုပ်ရပ်မျိုးတွေကို ရပ်တန်းက အမြန်ဆုံးရပ် ပြီး စိတ်ရောလူပါ ကျဉ်းကျပ်နေကြ ရတဲ့ သူတို့ဘဝ အတွက် ကောင်းမွန်တဲ့ ထွက် ပေါက်လေးတွေ ဖန်တီးပေးဖို့ပါပဲဗျာ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ဆောင်းဝင်းလတ်

Popular Myanmar News Journal

ရော်နယ်ဒင်ဟို၊ ကာကာ နှင့် ကော်တင်ဟိုတို့ ချန်လပ်ထားခံရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ဘရာဇီးအသင်း၏ ၂၃ ယောက်လူစာရင်းထွက်ရှိ

Photo: ရော်နယ်ဒင်ဟို၊ ကာကာ နှင့် ကော်တင်ဟိုတို့ ချန်လပ်ထားခံရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ဘရာဇီးအသင်း၏
၂၃ ယောက်လူစာရင်းထွက်ရှိ
Thursday, May 8, 2014

နည်းပြစကိုလာရီ၏ ဘရာဇီးလက်ရွေးစင်အသင်းတွင် အင်္ဂလန်ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကစားသမား (၆)ဦးပါဝင်ပြီးတော့ ကော်တင်ဟို၊ ကာကာ၊ ရော်နယ်ဒင်ဟို နှင့် ရော်ဘင်ဟိုတို့တော့ မပါဝင်လာတော့ပါဘူး။ ချယ်ဆီးစတား ကစားသမားများဖြစ်တဲ့ ရာမီးရက်၊ ၀ီလီယံ၊ လူးဝစ် နှင့် အော်စကာတို့ပါဝင်ခဲ့သလို ဖာနန်ဒင်ဟို နှင့် ပေါ်လင်ဟို တို့လည်းပါဝင်လာပါတယ်။ ဘရာဇီးအသင်းသည် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရသည့်အခိုက်မှာ ကမ္ဘာ့ဖလားအား ခြောက်ကြိမ်မြောက်အဖြစ် ရယူနိုင်ရေး မျှော်လင့်ချက် ထားရှိလျှက်ရှိပြီး ပြိုင်ပွဲအတွင်းမှာ ဘာစီလိုနာ တိုက်စစ်မှုး နေးမား၏ စွမ်းဆောင်ရည်များကို မြင်တွေ့ရဖွယ်ရှိသည်ဟု သုံးသပ်နေကြသည်။ အသင်းခေါင်းဆောင်အဖြစ် PSG အသင်းမှာ ကစားနေသည့် နောက်ခံလူ သီအာဂို ဆေးဗားမှ တာဝန်ယူမည်ဟု သိရသည်။ နည်းပြစကိုလာရီသည် ဘရာဇီးအသင်းကို ကိုင်တွယ်ခဲ့စဉ်က ဂျပန် နှင့် ကိုရီးယားတွင် ကျင်းပခဲ့သည့် ၂၀၀၂ ကမ္ဘာ့ဖလားကို ရယူပေးခဲ့ပြီး ပြီးခဲ့သည့် နှစ်က ကွန်ဖရက်ဒေးရှင်းဖလားပြိုင်ပွဲတွင် ဥရုဂွေး၊ စပိန် နှင့် အီတလီအသင်းများကို အနိုင်ရရှိခဲ့ကာ ချန်ပီယံဆုကို ပူပူနွေးနွေးရယူပေးထားပြန်သည်။ ပြိုင်ပွဲမတိုင်ခင်မှာ ပနားမား နှင့် ဆာဘီးယားအသင်းတို့ဖြင့် ခြေစမ်းကစားမည်ဖြစ်ပြီး၊ ဇွန်လ ၁၂ ရက်နေ့မှာတော့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ် ခရိုအေးရှားအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို့နောက်မှာ အုပ်စုတွင်း ပြိုင်ဘက်များဖြစ်တဲ့ မက္ကဆီကို နှင့် ကင်မရွန်းအသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ဘရာဇီး လူစာရင်း။ ။
ဂိုး။ ။ ဂျုလီယို ဆီဆာ (Toronto FC)၊ ဂျက်ဖာဆန် (Botafogo)၊ ဗစ်တာ (Gremio)
နောက်တန်း။ ဒါနီရယ် အဲလ်ဗက် (Barcelona)၊ မိုင်ကွန် (Internazionale)၊မာဆယ်လို (Real Madrid)၊ မက်ဝဲလ် (PSG)၊ ဒေးဗစ် လူးဝစ် (Chelsea)၊ သီအာဂို ဆေးလ်ဗား (PSG)၊ ဒန်တဲ (Bayern Munich)၊ ဟီနရီကွေး (Napoli)။ 
အလယ်တန်း ။ ။ ပေါ်လင်ဟို (Tottenham)၊ ရာမီးရက် (Chelsea)၊ ဖာနန်ဒင်ဟို (Manchester city)၊ အော်စကာ (Chelsea)၊ ၀ီလီယံ (Chelsea)၊ လူးဝစ် ဂူစတာဗို (Wolfsburg)၊ ဟာနနီ (Internazionale)၊ ဘာနာဒ် (Shakhtar Donetsk)
ရှေ့ တန်း။ ။ ဖရက်ဒ် (Fluminense)၊ နေမား (Barcelona)၊ ဟော့ခ် (Zenit St Petersburg)၊ ဂျို (Atlético Mineiro)

Football Café
 
နည်းပြစကိုလာရီ၏ ဘရာဇီးလက်ရွေးစင်အသင်းတွင် အင်္ဂလန်ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကစားသမား (၆)ဦးပါဝင်ပြီးတော့ ကော်တင်ဟို၊ ကာကာ၊ ရော်နယ်ဒင်ဟို နှင့် ရော်ဘင်ဟိုတို့တော့ မပါဝင်လာတော့ပါဘူး။ ချယ်ဆီးစတား ကစားသမားများဖြစ်တဲ့ ရာမီးရက်၊ ၀ီလီယံ၊ လူးဝစ် နှင့် အော်စကာတို့ပါဝင်ခဲ့သလို ဖာနန်ဒင်ဟို နှင့် ပေါ်လင်ဟို တို့လည်းပါဝင်လာပါတယ်။

ဘရာဇီးအသင်းသည် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရသည့်အခိုက်မှာ ကမ္ဘာ့ဖလားအား ခြောက်ကြိမ်မြောက်အဖြစ် ရယူနိုင်ရေး မျှော်လင့်ချက် ထားရှိလျှက်ရှိပြီး ပြိုင်ပွဲအတွင်းမှာ ဘာစီလိုနာ တိုက်စစ်မှုး နေးမား၏ စွမ်းဆောင်ရည်များကို မြင်တွေ့ရဖွယ်ရှိသည်ဟု သုံးသပ်နေကြသည်။ 
 
အသင်းခေါင်းဆောင်အဖြစ် PSG အသင်းမှာ ကစားနေသည့် နောက်ခံလူ သီအာဂို ဆေးဗားမှ တာဝန်ယူမည်ဟု သိရသည်။ နည်းပြစကိုလာရီသည် ဘရာဇီးအသင်းကို ကိုင်တွယ်ခဲ့စဉ်က ဂျပန် နှင့် ကိုရီးယားတွင် ကျင်းပခဲ့သည့် ၂၀၀၂ ကမ္ဘာ့ဖလားကို ရယူပေးခဲ့ပြီး ပြီးခဲ့သည့် နှစ်က ကွန်ဖရက်ဒေးရှင်းဖလားပြိုင်ပွဲတွင် ဥရုဂွေး၊ စပိန် နှင့် အီတလီအသင်းများကို အနိုင်ရရှိခဲ့ကာ ချန်ပီယံဆုကို ပူပူနွေးနွေးရယူပေးထားပြန်သည်။
 
 ပြိုင်ပွဲမတိုင်ခင်မှာ ပနားမား နှင့် ဆာဘီးယားအသင်းတို့ဖြင့် ခြေစမ်းကစားမည်ဖြစ်ပြီး၊ ဇွန်လ ၁၂ ရက်နေ့မှာတော့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ် ခရိုအေးရှားအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို့နောက်မှာ အုပ်စုတွင်း ပြိုင်ဘက်များဖြစ်တဲ့ မက္ကဆီကို နှင့် ကင်မရွန်းအသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဘရာဇီး လူစာရင်း။ ။

ဂိုး။ ။ ဂျုလီယို ဆီဆာ (Toronto FC)၊ ဂျက်ဖာဆန် (Botafogo)၊ ဗစ်တာ (Gremio)
နောက်တန်း။ ဒါနီရယ် အဲလ်ဗက် (Barcelona)၊ မိုင်ကွန် (Internazionale)၊မာဆယ်လို (Real Madrid)၊ မက်ဝဲလ် (PSG)၊ ဒေးဗစ် လူးဝစ် (Chelsea)၊ သီအာဂို ဆေးလ်ဗား (PSG)၊ ဒန်တဲ (Bayern Munich)၊ ဟီနရီကွေး (Napoli)။
အလယ်တန်း ။ ။ ပေါ်လင်ဟို (Tottenham)၊ ရာမီးရက် (Chelsea)၊ ဖာနန်ဒင်ဟို (Manchester city)၊ အော်စကာ (Chelsea)၊ ၀ီလီယံ (Chelsea)၊ လူးဝစ် ဂူစတာဗို (Wolfsburg)၊ ဟာနနီ (Internazionale)၊ ဘာနာဒ် (Shakhtar Donetsk)
ရှေ့ တန်း။ ။ ဖရက်ဒ် (Fluminense)၊ နေမား (Barcelona)၊ ဟော့ခ် (Zenit St Petersburg)၊ ဂျို (Atlético Mineiro)

 
Football Café

ကမ္ဘာ့အရပ်အရှည်ဆုံး သတို့သမီး


ကမ္ဘာ့ အရပ်အရှည်ဆုံး သတို့သမီးက ဘရာဇီးနိုင်ငံက ဆယ်ကျော်သက်မလေး Elisany ဖြစ်ပါတယ်။
သူဟာ အရပ် ၆ ပေ ၈ လက်မရှိပြီး သူနဲ့ လက်ထပ်မယ့် သတို့သားဟာ အရပ် ၅ ပေ ၄လက်ပဲရှိပါတယ်။
တကယ်တော့ ဒီဆယ်ကျော်သက်မိန်းကလေးဟာ မြန်မာနိုင်ငံက ကိုဝင်းဇော်ဦးခံစားနေရတဲ့ ခန္ဒာကိုယ် ပုံမှန်ထက် ကြီးထွားမှုများတဲ့ Gigantism ကို ခံစားနေရသူဖြစ်ပါတယ်။ 
 

သူတို့ စုံတွဲဟာ ချစ်သူသက်တမ်း ၃ နှစ်ရှိပြီး အတူ နေထိုင်လာတာ တနှစ်ရှိပါပြီတဲ့။ သူက အသက် ၁၈ နှစ် ရှိပြီး သူတို့ရဲ့ မင်္ဂလာပွဲကိုမကြာခင်မှာကျင်းပတော့မှာပါ။ Elisany ဟာ ဘရာဇီးနိုင်ငံရဲ့ တက်သစ်စ မော်ဒယ် တဦးလည်း ဖြစ်ပြီး သူ့ ခင်ပွန်းလောင်းကတော့ ဇနီးသည်အတွက်ကို ဂုဏ်ယူလို့ မဆုံးဖြစ်နေပါတယ်တဲ့။
 
 

သူတို့ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကပဲ သူတို့ ၂ ယောက် စတင် တွေ့ဆုံခဲ့တဲ့ ဘရာဇီး ကမ်းခြေတခုမှာ သူရဲ့ ချစ်သူ Francinaldo က လက်ထပ်ခွင့် တောင်းခံခဲ့ပါတယ်။ ပထမ ပိုင်းမှာ သူ့အနေနဲ့ လက်ထပ်ခွင့် တောင်းတဲ့အခါ စိုးရိမ်မှုတွေ ဖြစ်ခဲ့ရတာပါတဲ့။
 
 
 
 
 
 ချစ်သူ မော်ဒယ်မလေးက သူ့မှာ Gigantism ရောဂါခံစားနေရတာ ကြောင့် သူ့ရဲ့ လက်ထပ်ခွင့်ကို လက်ခံ ပါ့မလားလို့ တွေးပူခဲ့ရတာပါတဲ့။
အခုတော့ မကြာခင်မှာ အပြန်အလှန် နားလည်မှုတွေရှိကြတဲ့ သူတို့ ၂ ယောက်ရဲ့ မင်္ဂလာပွဲကို ဘုရားကျောင်း တခုမှာပဲ ကျင်းပမှာဖြစ်ပါတယ်။ 
 
 

 ဧရာဝတီ


လာမည့်နှစ် သူငယ်တန်း တက်ရောက်မည့် သူတိုင်းကို အသက်ပြည့်၊ မပြည့် တင်းကျပ်မည်

 
 
 လာမည့်နှစ် သူငယ်တန်း တက်ရောက်မည့် သူတိုင်းကို အသက်ပြည့်၊ မပြည့် တင်းကျပ်မည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာ မူလတန်းကျောင်းများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စ၍ သူငယ်တန်း တက်ရောက်မည့် သူတိုင်းကို အသက် ၅ နှစ် ပြည့်၊ မပြည့် တင်းကျပ်စွာ စစ်ဆေးမည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောကြားသည်။

မေလ ၇ ရက်နေ့တွင် အလုံမြို့နယ်၊ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသော ကျောင်းဖွင့်ရာသီ မတိုင်မီ သတ်မှတ်ချက် စည်းမျဉ်း စည်းကမ်းများ အကြောင်း ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။

ကျောင်းအပ် လက်ခံစဉ် အသက်ငါးနှစ် မပြည့်ပါက အသက် တစ်လလိုလျှင် သက်ဆိုင်ရာ ကျောင်းအုပ်ခွင့်ပြုချက်၊ အသက် နှစ်လလိုလျှင် မြို့နယ် ပညာရေးမှူး ခွင့်ပြုချက်နှင့် အသက် သုံးလလိုလျှင် သက်ဆိုင်ရာ အခြေခံပညာ ဦးစီးဌာနအထိ ခွင့်ပြုချက် တင်ရမည် ဖြစ်ကြောင်း၊ အဆိုပါ ကျောင်းအပ်လက်ခံ စာရင်းများကို ကျောင်းစစ်ဆေးရေး အဖွဲ့က လာရောက်စစ်ဆေးရန် စီစဉ်ထားကြောင်း ဒေါ်စန်းစန်းရီက ပြောဆိုသည်။

“စာသင်ဖို့ အဆင်သင့် ဖြစ်တဲ့ ကလေးကိုပဲ လက်ခံပေးပါ။ အဆင်သင့် မဖြစ်သေးရင် နောက်နှစ်မှ ကျောင်းထားဖို့ မိဘကို နားလည်အောင် ပြောပြပါ” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် သူငယ်တန်း ကျောင်းဝင်ခွင့် အသက်ကို အသက်ငါးနှစ် သတ်မှတ်ထားသော်လည်း အချို့ အခြေခံပညာ ကျောင်းများတွင် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမနှင့် မိဘများက နားလည်မှုနှင့် အသက်မပြည့်သော ကလေးငယ်များကို ကျောင်းအပ် လက်ခံလေ့ ရှိသည်။
နိုင်ငံတကာ ကလေးသူငယ် ပညာရှင်များက အသက်မပြည့်မီ ပညာသင်ကြားခြင်းသည် ဉာဏ်ရည် ဖွံ့ဖြိးမှု ခြားနားချက်ကြောင့် ကလေး၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးကို ထိခိုက်စေကြောင်း သုတေသနစာတမ်းများ ဖတ်ကြားလေ့ ရှိသည်။

ပညာရေး ဝန်ကြီးဌာန၏ စနစ်သစ်အရ ကျောင်းအပ်သော ကလေးငယ်၏ အသက် မှန်ကန်ကြောင်း အုပ်ထိန်းသူ၏ သဘောတူလက်မှတ် ကောက်ခံပြီး ယင်းစာရင်းအတိုင်း စစ်ဆေးရေးက စစ်ဆေးကာ တင်းတင်းကျပ်ကျပ် ဆောင်ရွက်မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယခု ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ကို မေလ နောက်ဆုံးပတ်တွင် လက်ခံရန် စီစဉ်နေကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းထံမှ သိရသည်။

The Voice Weekly


ပရဟိတလုပ်ငန်းတွေ လုပ်နေတယ်ဆိုတာ ပေါ်ပင်ဖြစ်ချင်လို့ မဟုတ်ပါဘူးလို့ ဆိုလိုက်တဲ့ နန်းခင်ဇေယျာ

 
နိုင်ငံ့ဂုဏ်ဆောင် Miss ဖြစ်တဲ့ နန်းခင်ဇေယျာက ပရဟိတလုပ်ငန်းတွေကို ပုံမှန်လုပ်ဖြစ်နေတဲ့ အနုပညာရှင်တစ်ဦးပါ။ ခုလို ပရဟိတလုပ်ဖြစ်ပုံအကြောင်းတွေကို သူမကို မေးဖြစ်တဲ့အခါ ‘အနုပညာရှင်တွေ ပရဟိတ လုပ်တာကို တချို့က အောင်မြင်ချင်လို့ထင်ကြတယ်။ အမှန်က အနုပညာရှင်တွေ ပရဟိတလုပ်ရင် ပြည်သူတွေက သိတယ်။

ပြည်သူတွေကလဲ ဥပမာ ရန်ကုန်မှာရှိတဲ့ မရမ်းချောင်းမှာဆို တီဗီရောဂါ
သည်တွေရှိတယ်။ အဲဒီမှာကိုယ်က သွားလိုက်တယ်။ သြော် ဒီနေရာမှာ ဒီလိုမျိုးလူတွေရှိပါလားဆိုတာ ပရိသတ်က သိသွားတယ်။ အဲဒီမှာပရိသတ်က သိသွားပြီးတော့ အဲဒီကို သွားလှူကြတယ်။ အနုပညာရှင်တွေပရဟိတလုပ်မှ ပိုသိကြတယ်။ တစ်ခါတလေ ပြည်သူတွေ သိတာမျိုးလဲ ရှိပါတယ်။


မသိတဲ့နေရာတွေလဲ ရှိတယ်ပေါ့နော်။ အဲဒီလိုအခါမျိုးကျရင် အနုပညာရှင်တွေ ပြောမှ ပရိသတ် သိတာမျိုးလဲ ရှိတယ်လေ။ ညီမတို့ပရဟိတ လုပ်တယ်ဆိုတာ ပေါ်ပင်ဖြစ်ချင်လို့မဟုတ်ဘူး။ ပေါ်ပင် လုပ်ချင်တဲ့သူတွေကတော့ တစ်လ နှစ်လထက် ပိုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ညီမတို့ပရဟိတ လုပ်တယ်ဆိုတာ ပရဟိကို တကယ် လုပ်ချင်စိတ်ရှိလို့ လုပ်တာပါ။ ဒါပေမဲ့ လုပ်တဲ့ ချိန်မှာလဲ တကယ်ပေးဆပ်ပြီး လုပ်တာလား ။ မလုပ်တာလားဆိုတာ သိနိုင်ပါတယ်။ အခုလိုပရဟိတ လုပ်နေရတဲ့တွက်လဲ အရမ်းကို ကျေနပ်မိပါတယ်။

တချို့ဆို မိဘမဲ့လေးတွေရှိတယ်။ မိထွေးနဲ့နေရပြီးတော့ စိတ် မပျော်ရွှင်ရတဲ့ ကလေးတွေအတွက် စိတ်ထွက်ပေါက်အနေနဲ့ အားပေးစကားက အလွန်ကို လိုအပ်ပါတယ်။ အဲဒီအခါကျရင် သူတို့ရဲ့ စိတ်ထဲမှာ ပျော်ရွှင်မှုတွေရလာအောင် အားပေးစကားပြောရတဲ့ခါ ကိုယ်ကိုတိုင်လဲ ပျော်ရွှင်မိတယ်။ ဒါတွေက ဘယ်အရာနဲ့မှလဲ မလဲနိုင်ဘူး။’လို့ သူမက ပြောပြခဲ့ပါတယ်။

Trend Myanmar


ကွက်လပ်လေးတွေ ဖြည့်ပေးပါ


ကွက်လပ်လေးတွေ ဖြည့်ပေးပါ

(Written by: ညီအောင်ညီ)

"နေတတ်ရင် ကျေနပ်စရာ၊ ပျော်စရာတွေချည်းပဲ" လို့ ကျွန်တော်တို့ ပြောမိတတ်ကြပါတယ်။ အဲဒီစကားက အားလုံးကို ကိုယ်စားမပြုမှန်းသိကြမှာပါ။ ကျေနပ်စရာမရှိသေးတဲ့ ဘ၀ပေးအခြေအနေမျိုးစုံမှာ နေကြရသူတွေ၊ ပျော်စရာဆိုတာထက် နေရေး၊ စားရေးကိုပဲ မိုးလင်းမိုးချုပ် စက်ဝိုင်းသံသရာထဲမှာပဲ တ၀ဲဝဲလည်နေကြရတော့ ပျော်စရာဆိုတာ "သီးခြားကမ္ဘာ" တစ်ခုအဖြစ်သာ ရှိနေကြရသူတွေ ကျွန်တော်တို့နိုင်ငံထဲမှာ အများကြီးပါပဲ။

"သတ္တ၀ါအားလုံးဟာ တစ်ခုခုတော့ အမြဲလိုအပ်နေတယ်" ဆိုတဲ့ "ဘုရားဟောစကားတော်" ရှိပါတယ်။ လူတိုင်းဟာ "ကွက်လပ်လေး" တွေကိုယ်စီနဲ့ပါ။ လစ်ဟာနေတဲ့ ကွက်လပ်လေးတွေကို ကိုယ်ချင်းစာတရား ရှေ့တန်းတင်ပြီး လူသားအချင်းချင်း ဖြည့်ဆည်းပေးကြမယ်ဆိုရင် "သာယာတဲ့ လောက၊ ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ လောက" ကို မြင်တွေ့နိုင်၊ ပီတိဖြစ်နိုင်ကြမှာပါ။

သူတစ်ပါးရဲ့ လိုအပ်ချက်များကို အထူးသဖြင့် နှလုံးသားရဲ့ လိုအပ်ချက်များကို ဖြည့်စွက်ပေးနိုင်ရပါလို၏လို့ သီတဂူဆရာတော်ကြီးရဲ့ အဓိဋ္ဌာန်တစ်ခုကို သတိရမိပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ လူအချင်းချင်း၊ ပြည်သူအချင်းချင်းရဲ့ လိုအပ်ချက်၊ လစ်ဟာချက်၊ ကွက်လပ်လေးတွေကို စိတ်ကောင်း၊ စေတနာကောင်းလေးတွေယှဉ်ပြီး ဖြည့်ဆည်းကြရမှာပါ။

ပြီးခဲ့တဲ့ "လ" က "သပြေ" (Tha Byae) ကလေးလူငယ် ပညာရေး၊ ကျန်းမာရေးထောက်ပံ့မှုအဖွဲ့နဲ့အတူ "စေတနာဝန်ထမ်း" အဖြစ် ပါဝင်အားဖြည့်ရင်း ဆင်းရဲနွမ်းပါးတဲ့ ကလေးသူငယ်များကို အခမဲ့ပညာသင်ပေးနေတဲ့ "သီလရှင်စာသင်ကျောင်း" တစ်ကျောင်းကို ရောက်ခဲ့ပါတယ်။ "သပြေအဖွဲ့" ဆိုတာက ကိုရီးယားနိုင်ငံရောက်မြန်မာများနဲ့ ကိုရီးယားမိတ်ဆွေအချို့ရဲ့အား ဖြည့်ကူညီမှုနဲ့ ကလေးသူငယ်ပညာရေး၊ ကျန်းမာရေးထောက်ပံ့မှုတွေကို ဆောင်ရွက်နေတဲ့ ပြည်တွင်း NGO အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံအတွင်းမှာရှိတဲ့ စာကြည့်တိုက်ပေါင်း "၃၁၀" ကျော်နဲ့ စာသင်ကျောင်းအချို့မှာ ကလေးဗဟိုပြု၊ ကလေးစာပေ၊ စာအုပ်တွေ ရိုက်နှိပ်ပြီး အခမဲ့ဖြန့်ဝေလှူဒါန်းနေတဲ့ အဖွဲ့အစည်းငယ်တစ်ခုပါပဲ။

အဲဒီသပြေအဖွဲ့ရဲ့ Plan တွေထဲက "ပျော်ရွှင်စရာ ကလေးကမ္ဘာ" ဆိုတဲ့ အစီအစဉ်လေးကို သဘောကျနှစ်သက်ခဲ့မိပါတယ်။ ကလေးတွေရှိတဲ့နေရာကိုသွားပြီး "ကလေးဖတ်စာအုပ်တွေ"၊ "ကလေးကစားစရာတွေ"၊ အရောင်ခြယ်လို့ရမယ့် ပန်းချီကာတွန်း စာရွက်လေးတွေကိုယူသွားပြီး ကလေးတွေပျော်ရွှင်စေဖို့ ၀န်ဆောင်မှုအပြည့်ပေးတဲ့ ပျော်ရွှင်စရာကလေးကမ္ဘာ အစီအစဉ်လေးပါပဲ။

ကလေးကစားကွင်းတွေ၊ ပန်းခြံတွေမှာ ကစားနိုင်၊ အပန်းဖြေနိုင်တဲ့ ကလေးတွေရှိသလို အဲဒီနေရာတွေကို ငွေကြေးချို့တဲ့မှုအပါအ၀င် အခြားအကြောင်းအမျိုးမျိုးကြောင့် အပန်းမဖြေနိုင်၊ မကစားနိုင်တဲ့ ဆင်းရဲချို့တဲ့တဲ့ ကလေးတွေလည်း အများကြီးရှိပါတယ်။ ပျော်ရွှင်စရာကလေးကမ္ဘာ အစီအစဉ်ဟာ လိုအပ်နေတဲ့ကလေးတွေရဲ့ ကွက်လပ်အချို့ကို အချိန်ပိုင်းအနေနဲ့ ဖြည့်ဆည်းပေးခြင်းပါပဲ။

ပထမဆုံးရတဲ့ ကြည်နူးမှုကတော့ ကလေးတွေ ပျော်ရွှင်နေကြခြင်းကြောင့်ပါပဲ။ သူတို့မဖတ်ဖူးတဲ့ စာအုပ်စာပေတွေကို ၀မ်းသာအားရဖတ်ကြပါတယ်။ သူတို့မ၀ယ်နိုင်တဲ့ ကစားစရာပစ္စည်းအချို့ကို စိတ်ကြိုက်ကိုင်တွယ်ကစားခွင့်ရကြပါတယ်။ သူတို့ရေးဆွဲချင်တဲ့ပုံတွေ၊ သူတို့အရောင်ခြယ်ချင်တဲ့ပုံတွေကို စိတ်ကြိုက်ရေးခြယ်ခွင့်ရကြပါတယ်။ သူတို့လေးတွေရဲ့ ၀မ်းသာအားရကစားနေကြပုံတွေ၊ စာဖတ်နေကြတဲ့ပုံတွေ၊ ပုံအရောင်ခြယ်နေကြပုံတွေကိုကြည့်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံမှာ "စာဖတ်ခွင့်၊ ကစားခွင့်၊ ပျော်ရွှင်ခွင့်" ဆုံးရှုံးနေတဲ့ကလေးတွေ ဘယ်လောက်တောင်များနေပါလိမ့်လို့ တွေးနေခဲ့မိပါတယ်။

ဆင်းရဲချို့တဲ့တဲ့ ကလေးသူငယ်တွေကို အဲဒီလိုပွဲလေးတွေလုပ်ပေးတဲ့အခါမှာ သူတို့ရဲ့ "မီးခဲပြာဖုံး" ဖြစ်နေတဲ့ ထက်မြက်မှု၊ လိမ္မာမှုလေးတွေကိုတွေ့မြင်ရသလို သူတို့ရဲ့ဆန္ဒ၊ သူတို့ရဲ့ခံစားမှု၊ အတိမ်အနက်၊ သူတို့ရဲ့ ရည်မှန်းချက်တွေကိုလည်း သိခဲ့၊ ကြားခဲ့ရပါတယ်။ တတ်နိုင်သရွေ့ ဖြေရှင်းပေးချင်ခဲ့ပါတယ်။ စိတ်မကောင်းစရာတစ်ခုက ကလေးတွေကို ပျော်ရွှင်အောင်လုပ်ပေးတဲ့အဖွဲ့အစည်းတွေ နည်းပါးနေသေးတယ်။ ကလေးသူငယ်တွေကို ဗဟိုပြုတဲ့အဖွဲ့အစည်းလေးတွေ များများရှိစေချင်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ဖြစ်တဲ့ ကလေးငယ်တွေရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတွေကို ကျွန်တော်တို့နိုင်ငံသားတွေကပဲ ၀ိုင်းဝန်းမြှင့်တင်ပေးကြရမှာပါ။

"နိုင်ငံတစ်နိုင်ငံ၏ ကလေးများအကြောင်းကို ကျွန်ုပ်အားပြောပြပါ။ ထိုနိုင်ငံ၏ အနာဂတ်ကို ကျွန်ုပ်ဟောကိန်းထုတ်ပြပါမည်" ဆိုသောစကားကို ဗြိတိသျှနန်းရင်းဝန် "ဒစ္စရေလီ" က ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ကလေးများအကြောင်းကို ပြောကြမည်ဆိုလျှင် အားတက်စရာကောင်းသော ကလေးများအကြောင်းပဲ ဖြစ်စေချင်တာပါ။

လူဦးရေထူထပ်လာမှုထဲမှာ စီးပွားရေးကျပ်တည်းမှု၊ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားနေမှုများက တချို့သောကလေးငယ်များရဲ့ အခွင့်အရေးတွေကို ဆုံးရှုံးစေခဲ့ပါတယ်။ အကြိမ်ကြိမ်ဖြစ်နေတဲ့ တိုက်ပွဲတွေရှိနေတဲ့ ဒေသတွေ၊ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာလည်း ကလေးတွေရဲ့အခွင့်အရေးတွေ ဆုံးရှုံးနေခဲ့သလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်ကြေကွဲမှုတွေရှိနေခဲ့ပါတယ်။ ကလေးတွေရဲ့ အနာဂတ်၊ နိုင်ငံရဲ့အနာဂတ်ဟာ စိုးရိမ်စရာတွေ ဖြစ်ခဲ့တယ်ဆိုတာ အားလုံးအသိပါပဲ။

ကျွန်တော်တို့နိုင်ငံမှာ ဆင်းရဲမှုကြားထဲက ရုန်းကန်လှုပ်ရှားနေရတဲ့ကလေးတွေ၊ မပြည့်စုံတဲ့ကလေးတွေ၊ မိဘမဲ့ကလေးတွေ၊ ကိုယ်လက်အင်္ဂါမပြည့်စုံတဲ့ကလေးတွေ၊ ဆွံ့အနားမကြားတဲ့ကလေးတွေ စသဖြင့် ကွက်လပ်ဖြစ်နေတဲ့ကလေးတွေ အများကြီးရှိနေပါတယ်။ ကလေးများဟာ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်လေးများပါပဲ။ အနာဂတ်မှာ အညွန့်တလူလူတက်နိုင်မယ့် ကလေးတွေရဲ့အရေးကိုလည်း မေ့မထားသင့်ပါဘူး။

အဖွဲ့အစည်းဖြစ်မှ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်ကိုယ်တိုင်ချို့တဲ့တဲ့ ကလေးတွေအတွက် ကိုယ်တတ်စွမ်းသမျှ စွမ်းဆောင်မြှင့်တင်ပေးကြမယ်ဆိုရင်လည်း ကွက်လပ်ဖြည့်ခြင်းတစ်မျိုးပါပဲ။ အဖွဲ့အစည်းတွေ အနေနဲ့လည်း အင်နဲ့အားနဲ့ ကွက်လပ်ဖြည့်ကြတာပါပဲ။ ကျွန်တော်တို့နိုင်ငံက အနာဂတ်လေးများအတွက် ကျွန်တော်တို့နိုင်ငံသားတွေ အားလုံးဝိုင်းဝန်းပြီး ကွက်လပ်ဖြည့်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လစ်ဟာနေတဲ့ ကွက်လပ်လေးတွေ အများကြီးရှိနေကြောင်းပါ။

Eleven Media Group


သန်းခေါင်စာရင်း အတွက် ၂ လတိုးပြီး ဆက်လက် ကောက်ယူမည်

Photo: သန်းခေါင်စာရင်း အတွက် ၂ လတိုးပြီး ဆက်လက် ကောက်ယူမည်
Thursday, May 8, 2014

 သန်းခေါင်စာရင်း, လူဝင်မှုကြီးကြပ်ရေး, ဦးခင်ရီ
ကရင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကွင်းဆင်းနေသော ဝန်ကြီး ဦးခင်ရီ (ဓာတ်ပုံ – ရွှေတံခါးမှူး / Facebook)

 
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အပြီးသတ်ကောက်ယူရန် ၂ လ ထပ်မံ တိုးချဲ့ထားပြီး ကချင်ပြည်နယ်တွင် ကျေးရွာ ၉၇ ရွာနှင့် ရခိုင်ပြည်နယ်တွင် ခရိုင် ၅ ခုအနက် ခရိုင် ၃ ခုတို့ စာရင်းကောက်ယူရန် ကျန်သေးကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေလ ၇ ရက်နေ့က ကျင်းပသည့် သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက “နောက်ဆုံးကောက်ယူထားတဲ့ စာရင်းတွေအရ ကချင်ပြည်နယ်မှာ စာရင်းပေါက်တာ ၁၆၀၄ ရွာ ရှိပါတယ်။ အဲဒီထဲက ကျေးရွာ အုပ်စုပေါင်း ၂၅ အုပ်စုက ကျေးရွာ ၉၇ ရွာမှာ လုံခြုံရေး အခြေအနေအရ သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့ပါဘူး” ဟု ကချင်ပြည်နယ်နှင့် ပတ်သက်၍ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ခံမှု အခြေအနေနှင့် ပတ်သက်၍လည်း ၀န်ကြီး ဦးခင်ရီက “တနိုင်ငံလုံးမှာ ဘင်္ဂါလီဦးရေက အရင်က ကောက်ခံထားတဲ့ စာရင်းအရ ၁. ၃၃ မီလီယံ ရှိပါတယ်။ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ နေထိုင်တဲ့ ဘင်္ဂါလီက ၃ သိန်းကျော် ရှိတယ်။ အဲဒီ ၃ သိန်းကျော်လုံးကို ကောက်လို့ ရပါတယ်။ ရခိုင်ပြည်နယ်မှာ ခရိုင် ၅ ခု ရှိပါတယ်။ ခရိုင် ၂ ခုက ဘင်္ဂါလီတွေက သန်းခေါင်စာရင်း အကောက်ခံပါတယ်။ ခရိုင် ၃ ခုပဲ ကျန်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ၂ သောင်းကျော်လောက် ထပ်မံ ကောက်ခံရရှိပြီးပါပြီ” ဟု မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

နယ်မြေလုံခြုံမှု မရှိသေးဘဲ ပဋိပက္ခဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်း သန်းခေါင်စာရင်း ကောက်ခံမှုကို ဆက်လက် ဆောင်ရွက်နိုင်ရန် ဧပြီလ ၁၀ ရက် နောက်ဆုံး သတ်မှတ်ရက်အပြင် နောက်ထပ် ၂ လခန့် နောက်ဆုတ်ထားကြောင်း သိရှိရသည်။

ထပ်တိုးထားသည့် ၂ လအတွင်း ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် တတ်နိုင်သမျှ ကောက်ခံသွားရန် စီစဉ်ထားပြီး အားလုံး ကောက်ခံ၍ မရခဲ့လျှင် ခန့်မှန်းလူဦးရေစာရင်းဖြင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာနှင့် ယှဉ်လျှင် ကချင်နှင့် ရခိုင်ပြည်နယ်မှ စာရင်းအရေအတွက်သည် ၂ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း ဝန်ကြီး ဦးခင်ရီက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ခံထားသည့် တနိုင်ငံလုံးရှိ လူဦးရေစာရင်း အရေအတွက်များကို လာမည့် သြဂုတ်လ အတွင်း မြို့နယ်အဆင့်ရှိ လူဦးရေ စာရင်းအထိ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ
ကရင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကွင်းဆင်းနေသော ဝန်ကြီး ဦးခင်ရီ
 ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အပြီးသတ်ကောက်ယူရန် ၂ လ ထပ်မံ တိုးချဲ့ထားပြီး ကချင်ပြည်နယ်တွင် ကျေးရွာ ၉၇ ရွာနှင့် ရခိုင်ပြည်နယ်တွင် ခရိုင် ၅ ခုအနက် ခရိုင် ၃ ခုတို့ စာရင်းကောက်ယူရန် ကျန်သေးကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေလ ၇ ရက်နေ့က ကျင်းပသည့် သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက “နောက်ဆုံးကောက်ယူထားတဲ့ စာရင်းတွေအရ ကချင်ပြည်နယ်မှာ စာရင်းပေါက်တာ ၁၆၀၄ ရွာ ရှိပါတယ်။ အဲဒီထဲက ကျေးရွာ အုပ်စုပေါင်း ၂၅ အုပ်စုက ကျေးရွာ ၉၇ ရွာမှာ လုံခြုံရေး အခြေအနေအရ သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့ပါဘူး” ဟု ကချင်ပြည်နယ်နှင့် ပတ်သက်၍ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ခံမှု အခြေအနေနှင့် ပတ်သက်၍လည်း ၀န်ကြီး ဦးခင်ရီက “တနိုင်ငံလုံးမှာ ဘင်္ဂါလီဦးရေက အရင်က ကောက်ခံထားတဲ့ စာရင်းအရ ၁. ၃၃ မီလီယံ ရှိပါတယ်။ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ နေထိုင်တဲ့ ဘင်္ဂါလီက ၃ သိန်းကျော် ရှိတယ်။ အဲဒီ ၃ သိန်းကျော်လုံးကို ကောက်လို့ ရပါတယ်။ ရခိုင်ပြည်နယ်မှာ ခရိုင် ၅ ခု ရှိပါတယ်။ ခရိုင် ၂ ခုက ဘင်္ဂါလီတွေက သန်းခေါင်စာရင်း အကောက်ခံပါတယ်။ ခရိုင် ၃ ခုပဲ ကျန်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ၂ သောင်းကျော်လောက် ထပ်မံ ကောက်ခံရရှိပြီးပါပြီ” ဟု မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

နယ်မြေလုံခြုံမှု မရှိသေးဘဲ ပဋိပက္ခဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်း သန်းခေါင်စာရင်း ကောက်ခံမှုကို ဆက်လက် ဆောင်ရွက်နိုင်ရန် ဧပြီလ ၁၀ ရက် နောက်ဆုံး သတ်မှတ်ရက်အပြင် နောက်ထပ် ၂ လခန့် နောက်ဆုတ်ထားကြောင်း သိရှိရသည်။

ထပ်တိုးထားသည့် ၂ လအတွင်း ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် တတ်နိုင်သမျှ ကောက်ခံသွားရန် စီစဉ်ထားပြီး အားလုံး ကောက်ခံ၍ မရခဲ့လျှင် ခန့်မှန်းလူဦးရေစာရင်းဖြင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာနှင့် ယှဉ်လျှင် ကချင်နှင့် ရခိုင်ပြည်နယ်မှ စာရင်းအရေအတွက်သည် ၂ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း ဝန်ကြီး ဦးခင်ရီက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ခံထားသည့် တနိုင်ငံလုံးရှိ လူဦးရေစာရင်း အရေအတွက်များကို လာမည့် သြဂုတ်လ အတွင်း မြို့နယ်အဆင့်ရှိ လူဦးရေ စာရင်းအထိ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ


တရားဝင် မှတ်ပုံတင် ထားခြင်း မရှိသော အချိုရည် တစ်မျိုး မန္တလေးဈေးကွက် တွင် ရောင်းချမှုရှိနေ


(မန္တလေး-မေ ၈)

မန္တလေးမြို့ စားသောက်ကုန် ဈေးကွက် တွင် တရားဝင် မှတ်ပုံတင် ထားခြင်း မရှိသော summer အမည်ရှိ အချိုရည် တစ်မျိုးကို တွေ့ရှိ ရ ကြောင်း မန္တလေး တိုင်းဒေသကြီးကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာမှ သိရသည်။

အဆိုပါ အချိုရည် သည် summer ကုမ္ပဏီ လီမိတက် ကထုတ်လုပ် သည်ဟု သာပါရှိပြီ ထုတ်သည့် ရက် စွဲ၊ ကုန်ဆုံးရက် စွဲ ထုတ်လုပ်သည့် နေ ရာ ဖုန်း နံပါတ် မပါ ရှိ ကြောင်း ထို အချိုရည်သည် တရားဝင် မှတ်ပုံတင် ထားခြင်း လည်း မရှိ ကြောင်း သိ ရသည်။

ကျွန်တော် တို့ က ဈေးကွက် ထဲ ကိုဆင်း တာပေါ့ နော် ဈေးကွက် ထဲကို ဆင်းပြီးလိုက် ကြည့်တယ် လိုက် ကြည့်တဲ့ အချိန်မှာ ဒီပစ္စည်းတစ်ခုကို သွားတွေ့ရတယ်။ အဲဒီ summerက အချိုရည် ဘူးကြီး တစ်ဘူးကို ၄၀၀ နဲ့ ရောင်းတယ်။ ဒီ လောက် အချိုရည် ဘူးကြီးကို ၄၀၀ နဲ့ ရောင်းတယ် ဆိုတာကြီး က ဒါ မဖြစ် နိုင် တဲ့ဈေးကြီးဖြစ် နေတယ် အဲဒီမှာ မြေပြင် ဆင်းတဲ့ အဖွဲ့က ဝယ်လာတယ်။ ဝယ်လာပြီးတော့ ကြည့်လိုက် တဲ့ အချိန် ကျတော့ ထုတ်လုပ်ရက်စွဲ တွေ၊ကုန်ဆုံးရက်စွဲ တွေ ၊ဘာတွေနဲ့ ဖျော်ထား တယ် ဆိုတာမပါဘူး ၊လိပ်စာလည်း မပါလာဘူး အဲဒါနဲ့ ကုမ္ပဏီများ မှတ်ပုံတင် ရုံးကို ဒီsummer ကုမ္ပဏီ အ နေ နဲ့ သူတို့ ဆီမှာ တရားဝင် မှတ်ပုံတင် ထားတာ ရှိမရှိ ဆိုပြီးတော့ စုံစမ်းလိုက် တဲ့ အချိန်ကျတော့ ဒီကုမ္ပဏီ ဟာ သူတို့ ဆီမှာ မှတ်ပုံတင် ထားတာ မရှိပါဘူး ဆိုပြီးတော့ ပြောပါ တယ် ဟု အထက် ပါ ဌာနမှ ဒုတိယ တိုင်းဦးစီးမှုး ဦးအေးမင်းထွန်းက ပြောသည်။

အဆိုပါ အချိုရည် ကို ဖုန်းနံပါတ် လိပ်စာ မပါရှိသည့် အတွက် ထုတ်လုပ် သူမသိ ရ သေးဘဲ စုံစမ်း နေ ဆဲဖြစ် ကြောင်း ဓါတ်ခွဲစမ်းသပ်ရန် အတွက်လည်း ဆောင် ရွက် နေ ကြောင်း ပြည်တွင်းက ထုတ်လုပ် တယ် ဆိုတာ လည်း သိ ရှိ ကြောင်း မန္တလေး တိုင်းဒေသကြီး ကူးသန်းရောင်း ဝယ် ရေးနှင့် စားသုံးသူ ရေးရာဌာနမှသိ ရသည်။

ထို့အတူ မန္တလေး စားသောက် ကုန် ဈေးကွက် အတွင်း ပဲဆီ ဟုတံဆိပ် တပ်ပြီး ပဲဆီမဟုတ်သော ဆီများလည်း ဝင် ရောက် လျက် ရှိကြောင်း လည်း ဆီစက်လုပ် ငန်းရှင် အချို့ က ပြောကြားသည်။

ခက်ဆစ်
Popular Myanmar News Journal

အဆိပ်များနဲ့ဝေးရာ


တွင်းတကာ့တွင်းတွေထဲ အနက်ဆုံးနဲ့ ပြန်တက်ရအခက်ဆုံးတွင်းကတော့ ဆင်းရဲတွင်းပဲထင်ပါရဲ့။ အဲဒီတွင်းကြီးထဲကနေ အပေါ်ပြန်ရောက်ဖို့ မြန်မာပြည်သူတွေ ဘယ်လောက်များ ကြိုးစားရုန်းကန်ရဦးမလဲ။ ဘာတွေများထပ်ပြီး ပေးဆပ်ကြရဦးမလဲ။ ဆက်ပြီး ရင်ဆိုင်ဖို့ အင်အားမရှိသူတွေကတော့ အဆုံးစီရင်ပြီး အရှုံးပေး လိုက်ကြတယ်။ အရှုံးမပေးနိုင်သူ တွေကတော့ ပြည်တွင်းမှာတစ် မျိုး၊ ပြည်ပမှာတစ်ဖုံ ဒုက္ခရောင်စုံ တွေနဲ့ နပန်းလုံးလို့ကောင်းတုန်း။

အဓိက ပြဿနာက ဆင်းရဲ လို့။ ဆင်းရဲခြင်းနောက်မှာ ကပ်ပါ နေတဲ့ ပြဿနာတွေကလည်းများ မှများ။ အခုပဲကြည့်လေ။ မထိတ် သာမလန့်သာသတင်း။ လှည်းကူး မြို့နယ်ထဲက စက်ရုံတစ်ရုံမှာ  အ လုပ်သမားတွေကို ကျွေးတဲ့ နံနက် စာပဲပြုတ်ထမင်းကြော်ထဲ ဆားနဲ့ ယမ်းစိမ်းမှားထည့်သတဲ့။ ကံ ကောင်းလို့မသေတယ်။ လူ သုံး ဆယ်ကျော်အရေးပေါ်ရောက် ကုန်ရော။ ဆေးဦးသွားလို့ပေါ့။

အရင်လတွေကလည်း အ လှူတချို့မှာ အစာအဆိပ်သင့်တဲ့ သတင်း မကြာခဏတွေ့မိပါ တယ်။ ပူပြင်းတဲ့ရာသီမှာအစား အစာတွေကို တစ်ရက်စောပြီး ချက်ထားတော့ ရာသီကြောင့် ဓာတ်ပြောင်းသွားပြီး အစာအ ဆိပ်သင့်တာ။ နဂိုချက်ထားတုန်း က အကောင်း။ အခုဟာကတော့ ယမ်းစိမ်းကိုစားမိလို့ဖြစ်တဲ့ နိုက် ထရိုက်ပွိုင်စင်။ ဆားပုလင်းနဲ့ ယမ်းစိမ်းရောထားမိလို့ မှားထည့် မိတာဖြစ်မှာ။

အမှတ်တမဲ့ကြည့်ရင်တော့ ဆားနဲ့ ယမ်းစိမ်းအရောင်ချင်း၊ အ ရသာချင်းတခြားစီ။မှားစရာလား။ ဒီလောက်တောင် ပေါ့ဆရသလားလို့ အပြစ်တင်စရာပေါ့။ဒါပေမဲ့ အဲဒီလိုမှားရခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်နိုင်ခြေတွေမှ အများကြီးရယ်။ ကျွန်မတို့ မြန်မာအခေါ် ‘မီးဖိုချောင်’ဆိုတဲ့ အစားအသောက်တွေ ခုတ်ထစ် ကြော်လှော် ချက်ပြုတ်တဲ့နေရာတွေကို ၀င်ကြည့်ဖူးပါသလား။ အိမ်တွေရဲ့ မီးဖိုချောင်တွေကတော့ ကိုယ့်မိသား စုအတွက် သီးသန့်မို့ ပထမတန်း စားသန့်ပြန့်မနေတောင် မညစ် ပတ်အောင်တော့ ဂရုစိုက်ကြပါ တယ်။ ကျန်းမာရေးဗဟုသုတရှိ တဲ့အပေါ် မူတည်လို့ပေါ့။

ဒါပေမဲ့ လူအများစာပြင်ဆင် ချက်ပြုတ်ကြတဲ့ ထမင်းဆိုင်၊စား သောက်ဆိုင်၊ အဆောင်၊ဘုန်းကြီး ကျောင်းစသဖြင့် မီးဖိုချောင်ကြီး တွေကတော့ နေရာတိုင်းမဟုတ် တောင် အများအားဖြင့်သန့်ရှင်းမှု အားနည်းတတ်ကြတယ်။ အထူး သဖြင့် ရန်ကုန်မြို့လိုနေရာအ ကျယ်အ၀န်းအခက်အခဲ၊ အမှိုက် စွန့်စရာခက်ခဲတဲ့အရပ်တွေက လူ အများစားဖို့ ချက်ပြုတ်စရာနေရာ တွေဟာ ပိုပြီးညစ်ပတ်လာကြ တယ်။ အရှေ့မျက်နှာစာမှာသာ စားချင်စဖွယ်သပ်သပ်ရပ်ရပ်ပြင် ဆင်ထားပေမယ့် ချက်တဲ့ပြုတ်တဲ့ နေရာတွေဝင်ကြည့်မိလို့ကတော့ စားချင်စိတ်ကုန်သွားလိမ့်မယ်။ အဲဒီ လိုတန်ရာတန်ကြေးပေးစားရတဲ့နေရာမျိုးတွေမှာတောင်သန့်ရှင်းမှုအားနည်းနေရင် အလကား ကျွေးတဲ့နေရာတွေမှာဖြစ်သလို စီ မံကျွေးနေတာရင်လေးစရာပါ။

အခု ဆားနဲ့ ယမ်းစိမ်းမှားစား တဲ့ နေရာက စက်ရုံတစ်ရုံရဲ့ အ လုပ်သမားတွေကို မနက်စာကျွေး တဲ့ အဆောင်။ တကယ်တော့ အ ဆောင်ထမင်းဟင်းဆိုတာ အလုပ် သမားကို အလုပ်သမားက ပြန်ချက်ကျွေးနေကြရတာ။ အစားအစာကို စနစ်တကျစီမံချက်ပြုတ်တဲ့စားဖိုမှူးတွေကို ငှားထားတာမဟုတ်ဘူး။ ကျွန်မလုပ်ခဲ့ဖူးတဲ့ လှိုင်သာယာ စက်မှုဇုန်ထဲက စက်ရုံတစ်ရုံမှာ အဲဒီလိုနေစရာပေး။ ထမင်းကျွေးတဲ့ အဆောင်မျိုးရှိတယ်။ တကယ့်ကို မှ ဖြစ်သလို။ အလုပ်ရှင်ရဲ့ ရည်ရွယ်ချက်က သူလက်ခံထားတဲ့ အော်ဒါအချိန်မီပြီးရေးအတွက် လိုအပ်တဲ့ အလုပ်သ

မားကိုလိုချင် တဲ့အချိန်ခေါ်ခိုင်းနိုင်ဖို့အဓိက။

အားလုံးသိကြတဲ့အတိုင်း နိုင်ငံအနှံ့က လူငယ်တွေကိုယ့်ရပ် ကိုယ့်ရွာမှာ အိုးမကွာအိမ်မကွာ လုပ်ကိုင်စားချင်ကြပေမယ့် အ လုပ်ကမရှိ။ ရှိတဲ့အလုပ်က မစား လောက်။ အဲဒီတော့ အလုပ်လုပ် ချင်စိတ်သာရှိ လုပ်စရာပေါတဲ့ ရန်ကုန်မြို့ကို အနယ်နယ်အရပ် ရပ်က အလုပ်လက်မဲ့တွေတက် လာကြတယ်။ အလုပ်ရှာကြ တယ်။ ဒါပေမဲ့ ရရာအလုပ်ကို ငွေ ရရင်ပြီးရော ၀င်မလုပ်ရဲဘူး။ နေ ရေးထိုင်ရေးကရှိသေးတာ။ ကိုယ် နေရမယ့်နေရာနဲ့အဆင်ပြေမယ့် အလုပ်ကိုရွေးကြရတယ်။

အဲဒီလို အလုပ်သမားတွေရဲ့ အဓိကပြဿနာကိုသိထားတဲ့ အ လုပ်ရှင်တွေက ကိုယ့်စက်ရုံမှာအ လုပ်သမားမလုံလောက်တဲ့ကိစ္စမ ဖြစ်ရအောင် အလုပ်ခေါ်ကတည်း က နေစရာပေးမယ်။ ထမင်းကျွေး  မယ်ဆိုတဲ့ မက်လုံးတွေပေးပြီးခေါ် ကြတယ်။ စက်မှုဇုန်နဲ့ နီးတဲ့ရပ် ကွက်ထဲက မြေနေရာကျယ်ကျယ် မှာ ပျဉ်ထောင်သွပ်မိုးထရံကာအ ဆောင်ကြီးတွေဆောက်ပြီး အ ဆောင်နေချင်တဲ့ နယ်ကအလုပ် သမားတွေကို ပေးနေခိုင်းတယ်။

ထမင်းကျွေးတယ်ဆိုတာက လည်း တကယ့်ကိုထမင်းဝရုံလေး ပါ။ ဖြစ်ဖြစ်မြောက်မြောက်အာ ဟာရမပါ။ အလုပ်သမားတစ် ယောက်ကို ဆန်နဲ့ထမင်းဖိုးမပါ ဟင်းအတွက် တစ်နေ့ငါးရာနှုန်း လောက်ပဲ အကုန်ခံတာ။ စာဖတ် သူတွက်ကြည့်ပေါ့။ လူတစ် ယောက်စာ တစ်နပ်ကိုငွေလေးနှစ် ရာကျော်နဲ့ ဘာဟင်းစားရမှာလဲ။ အသီးအရွက်ပဲစားရတော့မပေါ့။ အလုပ်သမားတွေဘာများ စောဒကတက်ရဲမလဲ။ နေစရာပေး၊ စားစရာကျွေးတာတောင်ကျေးဇူးတင်ရဦးမှာ။ ရွေးချယ်ခွင့်မရှိ။ ဆင်းရဲခြင်းအကြောင်းတရားက ပေးတဲ့ ဒုက္ခတွေ။

အလုပ်သမားတစ်ယောက် ဟာ လုံလောက်တဲ့လုပ်ခလစာ သာရကြည့်။ ဒီလိုဘယ်သူမှမနေ ချင်ဘူး။ ဘယ်သူမဆို အလုပ်က ပြန် ကိုယ့်အိမ်လေးမှာ အေးအေး ချမ်းချမ်းအနားယူ။ အိမ်က ချက် ပေးလိုက်တဲ့ ထမင်းချိုင့်လေးနဲ့ အလုပ်ထဲမှာစား။ အဲဒီလိုသာနေ ချင်ကြတော့မပေါ့။ အခုတော့ အ လုပ်သမားတစ်ယောက်ရဲ့ ၀င်ငွေ နဲ့အဆပေါင်းများစွာမြင့်တက်နေ တဲ့ နေထိုင်စားသောက်စရိတ်တွေ ကြောင့် အလုပ်ရှင်ထားရာနေ၊ စေရာသွား၊ ပြုသမျှနုနေကြရ တာ။

စားဖိုဆောင်ဝန်ထမ်းဆိုတာ လည်း ဘာထူးလဲ။ကျွမ်းကျင် အဆင့်စားဖိုမှူးတွေမှမဟုတ်ဘဲ။ ထမင်းဟင်းချက်တတ်တယ်။ လူအများစာချက်နိုင်တယ်ဆို ခန့်လိုက်တာပဲ။ စားဖိုဆောင်နဲ့ပတ်သက်လို့ ကျန်းမာရေးဗဟုသုတ ဘာမှမရှိ၊မသိ။ တစ်နေ့တစ်နေ့ရာနဲ့ချီတဲ့ အလုပ်သမားတွေ အချိန်မီစားနိုင်ဖို့ မနက်မီး၊ ညမီး ဆက်ပြီး ချက်ပြုတ်နေကြရတာ။ မီးဖိုဆောင်သန့်ရှင်းရေးလုပ်ဖို့နေနေသာသာ သူတို့ကိုယ်သူတို့တောင်အနိုင်နိုင်။စက်ရုံတာဝန်ရှိသူကလည်း ထိုနည်းလည်းကောင်း။ အဆင်ပြေနေရင်ပြီးရော။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ အခုလိုလည်းဖြစ်ရော ပြဿနာတက် ရော။

တော်သေးတာပေါ့။ ဆားနဲ့ ယမ်းစိမ်းမှားလို့။ ဆေးရုံလည်းအ ချိန်မီရောက်လို့။ မဆလာနဲ့ကြွက် သတ်ဆေးမှားထည့်ရင်တော့ ပြီး ပါလေရော။ တကယ်တော့ ဒီကိစ္စဟာ လေးလေးနက်နက်ထားစဉ်း စားရမယ့်ကိစ္စပါ။ အခုနိုင်ငံတ ကာ ရင်းနှီးမြှုပ်နှံသူတွေက မြန် မာ့နိုင်ငံရေးအရွေ့ကို သိမ်မယုံ သေးလို့ အုံနဲ့ကျင်းနဲ့ဝင်မလာသေး တာ။ ၂၀၁၅နောက်ပိုင်းစက်မှုဇုန် တွေအပြည့် စက်ရုံတွေလည်ပတ် တော့မယ်ဆိုရင် လုပ်ငန်းလိုအပ် ချက်ပြည့်အောင် ကိုယ့်စက်ရုံမှာ အလုပ်သမားမြဲအောင် မက်လုံး တွေမျိုးစုံသုံးပြီး ခေါ်ကြမှာပဲ။

သက်ဆိုင်ရာမြို့နယ်အလုပ် သမားရုံးက တာဝန်ရှိသူတွေအနေနဲ့ စက်ရုံတွေကိုစစ်ဆေးတဲ့အခါ အလုပ်ရှင်တွေ မျက်နှာချိုသွေး၊ လာဘ်လာဘပေးတာတွေကို သာ ယာပြီး ပြန်မသွားကြပါနဲ့။ စက်ရုံ ကြီးရဲ့ ဘွိုင်လာတွေ၊ မီးသွယ် တန်းတာတွေ၊ လူမှုဖူလုံရေး၊ အ ချိန်ပိုခိုင်းတဲ့ ကိစ္စတွေသာမကအ လုပ်သမားတွေကို စက်ရုံကစီစဉ် ပေးထားတဲ့နေရာတွေ၊ အစားအ သောက်ကျွေးမွေးတဲ့ ကိစ္စတွေကို ပါ  တကယ့်ကျန်းမာရေးနဲ့ ညီညွတ် ရဲ့လားဆိုတာ တိကျစွာစစ်ဆေး သင့်ပါတယ်။ မညီညွတ်ရင် ချက် ချင်းပြင်ခိုင်းသင့်ပါတယ်။ မလိုက် နာရင် ထိရောက်စွာအရေးယူသင့် ပါတယ်။

အလုပ်ရှင်ဆိုတာကတော့ ကုန်ကျစရိတ်နည်းလေ သူ့အ တွက် အမြတ်ကြမ်းလေးမို့ ငွေပို ကုန်မယ့် ကိစ္စမျိုးတွေလုပ်ချင်မှာ မဟုတ်ပါဘူး။ ဘာမှမဖြစ်ဘဲ အ ဆင်ပြေနေသေးသရွေ့ မှိန်းပြီး လုပ်နေမှာပါ။တကယ်ဖြစ်တော့ အသက်ပေးရမှာ ကိုယ့်လူမျိုးအ လုပ်သမားတွေ။ ကိုယ့်နိုင်ငံသား ကို ကိုယ်ကစပြီးတန်ဖိုးထားပြမှ တိုင်းတစ်ပါးက ရင်းနှီးမြှုပ်နှံသူ တွေကလည်း တန်ဖိုးထားဆက် ဆံမှာပေါ့။

ဆင်းရဲတွင်းက အလွတ်ရုန်း ဖို့ ပြိုင်တူတွန်းကြရမယ့်အချိန်မှာ အသက်အန္တရာယ်အတွက်လည်း သတိရှိကြရပါမယ်။ အခုအဖြစ် အပျက်ကို နမူနာယူလို့ ၀ိုင်းဝန်း ဂရုစိုက်စောင့်ကြည့်ကြမယ်ဆို ရင်တော့ လစာနည်း၊ ဆင်းရဲသား အလုပ်သမားလေးတွေအဆိပ်အ တောက်ကင်းတဲ့ အစားအစာတွေ ကို စိတ်ချလက်ချစားနိုင်လိမ့်မယ် ဆိုတာ ယုံကြည်မိပါတယ်။

ဂျေလှသင်
7day daily


အမှိုက်ကင်းစင်ရေး နာရေးကူညီမှုအသင်း လုပ်ဆောင်မည်

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုံ ဟောပြောပွဲ (ဓာတ်ပုံ - ကိုကျော်သူ)

ရန်ကုန်မြို့မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ အမှိုက်ကင်းစင်ရေးအတွက် မြန်မာနိုင်ငံက အလိုအပ်ဆုံးသူတွေအတွက် လူမှုအကူအညီတွေပေးနေတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) က လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။

ရန်ကုန်မြို့မှာ အမှိုက်ကို စနစ်တကျ မစွန့်ပစ်တာတွေ၊ အမှိုက်တွေ လမ်းပေါ်မှာ ပွနေတာ တွေကြောင့် နာရေး ကူညီမှုအသင်းအနေနဲ့ အမှိုက်စနစ်တကျ စွန့်ပစ်အောင် ဦးဆောင်ပြီး လုပ်မယ်လို့ အသင်းရဲ့ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်က ဒီဗွီဘီကို ပြောပါတယ်။
“ကျမတို့ အမှိုက်ကောက်တာထက် လူတွေကို အမှိုက်ကို စနစ်တကျ စွန့်ပစ်တက်အောင်လို့ ဦးဆောင်ပြီးတော့ပေါ့နော်။ ကျမတို့ ကောက်ရင် လူတွေက နည်းနည်းရှက်လာပြီးတော့ သူတို့ပါ ပါဝင်လာပြီး ကောက်တတ်လာမယ်။ နောက်ထပ် ပစ်ဖို့ အားနာလာမယ်ဆိုတဲ့ အခြေအနေမျိုးကို သွားချင်တာလေ။ ပထမဆုံးက ကျမတို့ ဒီအတိုင်းလျှောက်ကောက်တာထက် သူတို့ကို ပညာပေးဖို့ ဟောပြောပွဲလေးတွေ လုပ်ဖို့ ပြင်ဆင်နေတယ်။”

နာရေးကူညီမှုအသင်း(ရန်ကုန်)အနေနဲ့ အသင်းရုံးအခြေစိုက်ရာ မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်မှာ အမှိုက်စနစ်တကျ စွန့်ပစ်မှုတွေကို ပထမဆုံး စံပြအဖြစ် လုပ်ဆောင်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် အသင်းအနေနဲ့ ပညာပေးအနေနဲ့ လာမယ့် မေလ ၁၀ ရက်နေ့ကျရင် အသင်းသူ အသင်းသားတွေနဲ့ သူတို့မိသားစုတွေကို ပညာပေးမှာဖြစ်ပြီး ၁၅ ရက်နေ့ ကျရင်တော့ ရပ်ကွက်က လူတွေကိုခေါ်ပြီး ဟောပြောပွဲလုပ်ဆောင်မယ်လို့ ပြောပါတယ်။

အမှိုက်နဲ့ ပတ်သက်ရင် အများက စည်ပင်အလုပ်လို့ သတ်မှတ်ကြပေမယ့် စည်ပင်သာယာ ရေးဌာနအနေနဲ့ အမှိုက်သိမ်းဖို့ဖြစ်ပြီး စနစ်တကျ အမှိုက်စွန့်ဖို့ကတော့ ပြည်သူရဲ့ တာဝန်ဖြစ်တယ်လို့လည်း ဒေါ်ရွှေဇီးကွက်က ပြောပါတယ်။

“အဲဒီလိုပဲ ထင်ခဲ့ကြတာပဲနော်။ စည်ပင်ရဲ့အလုပ် ကိုယ်နဲ့မဆိုင်ဘူးပေါ့နော်။ စည်ပင် အလုပ်ကတော့ တကယ့်တကယ် အမှိုက်ကို သိမ်းရမယ်။ အမှိုက်ကို စနစ်တကျ စွန့်ပေးရမယ်။ ဒါပေမယ့် အမှိုက်တွေ လမ်းပေါ်မှာ ပွနေတာ။ အမှိုက်တွေ စနစ်တကျ မစွန့်ပစ်တာ တွေက ပြည်သူလူထုတာဝန် ဖြစ်သွားပြီ။ ပြည်သူလူထုက အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်ရမယ်။ အဲဒီလို စနစ်တကျစွန့်ပစ်တတ်အောင်လို့ ကျမတို့က လေ့ကျင့်ပေးချင်တာပါ။”

ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ နာရေးကူညီမှုအသင်းအနေနဲ့ အမှိုက်ကောက်ဖို့ လုပ်ဆောင်ခဲ့ရာမှာ စည်ပင်သာယာရေး အဖွဲ့ကနေပြီး ခွင့်ပြုချက်မရရှိခဲ့ပါဘူး။

ဒီနှစ်တော့ မြို့နယ်က စည်ပင်သာယာရေးအဖွဲ့နဲ့ ဆွေးနွေးထားပြီး သူတို့အဖွဲ့အနေနဲ့ ၀ိုင်းဝန်း ကူညီဖို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဟောပြောပွဲအတွက်တော့ ခွင့်ပြုချက် တောင်းခံထားပြီး အခုချိန်ထိ တစုံတရာ အဖြေမရသေးဘူးလို့ သိရပါတယ်။

DVB Burmese 


သရဲတစ္ဆေရန်ကို ကာကွယ်နည်း


       သရဲ တစ္ဆေစသည်တို့ဟာ ပြိတ္တာအမျိုးစားထဲမှာ ပါဝင်ပါတယ်။ အကျီးတန်အရုပ်ဆိုးပြီး ၀ဋ်ကျွေးခံစားနေရသူတွေပါ။ ညအမှောင်ဟာ သူတို့ရဲ့ လုပ်ရှုားသွားလာချိန်ကာလပေါ့။ သူတို့ကို တွေ့မြင်ရတဲ့သူတွေဟာ အသည်းထိတ်အောင် ကြောက်လန့် ထွက်ပြေးတတ်ကြပါတယ်။ မတွေ့မြင်သော်လည်း အမှောင်ထဲ တစ်ယောက်တည်းသွားလာတဲ့အခါ အသည်းငယ်သူများ စိတ် ချောက်ချား ကြောက်လန့်တတ်ကြတယ်။ နာနာဘာဝ ၀ိနာဘာဝ ဘီလူး၊ သရဲ၊ တစ္ဆေကြောက်တတ်တဲ့သူများဟာ မေတ္တာအားနည်း လို့ပါ။ မေတ္တာအားနည်းတော့ စိတ်မလုံခြုံဘူး။ စိတ်မလုံခြုံတော့ ကြောက်စိတ်တွေ ၀င်လာတာပေါ့။
       ဘုရားရှင်ကိုယ်တော်မြတ်က ရဟန်းတွေကို မိန့်တော်မူတယ်။

       "ရဟန်းတို့...၊ အမျိုးသားမရှိ မိန်းကလေးတွေကြီးပဲ ရှိတဲ့အိမ်ဟာ မလုံခြုံဘူး။ လူဆိုးသူခိုးတွေ လူရမ်းကားတွေက ၀င်ရောက် နှောက်ယှက်စော်ကားဖျက်ဆီးနိုင်တယ်။ အဲလိုပဲ မေတ္တာမပွားတဲ့သူတွေကို ဘီလူး၊ သရဲ၊ တစ္ဆေ၊ မှင်စာတွေဟာ အလွယ်တကူ ၀င်ရောက် ခြောက်လန့်အန္တရာယ်ပြုနိုင်တယ်။
       ရဟန်းတို့...၊ ယောကျာင်္းလေးတွေချည်းပဲ ရှိတဲ့အိမ်ကို လူဆိုးသူခိုး လူရမ်းကားများ မ၀င်ရဲကြဘူး။ အနိုင်ကျင့်မစော်ကားရဲ ကြဘူး။ ထို့တူ မေတ္တာပွားများနေတဲ့သူကို ဘီလူး၊ သရဲ၊ တစ္ဆေစသည်များ မနှောက်ယှက်ရဲကြပါဘူး။

       ရဟန်းတို့...၊ နောက်ဥပမာတစ်ခုက အသွားချွန်ပြီး ထက်နေတဲ့ လှံကို ထိခိုက်ရှမှာစိုးတဲ့အတွက် မည်သူမျှ လက်နဲ့ သွားမဆုပ် ကိုင်ကြပါဘူး။ ထို့အတူပဲ ဘီလူး၊ သရဲ၊ တစ္ဆေ၊ မှင်စာစသည်တို့ဟာလည်း မေတ္တာပွားနေတဲ့သူတွေကို အန္တရာယ်ပြုလိုသည့်တိုင် သွားမထိရဲကြပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် မေတ္တာပွားနေတဲ့သူကို အန္တရာယ်ပေးခြင်းဟာ သူတို့အတွက် ဆိုးကျိုးပဲ ဖြစ်မယ်ဆိုတာ သိလို့ပါ။

       ဒါကြောင့် တစ်ယောက်တည်း ညအမှောင် သရဲ တစ္ဆေကြောက်တတ်သူများ မေတ္တာပွားနေလိုက်ပါ။ “ဒီအနီးတ၀ိုက်မှာရှိတဲ့ နာနာဘာဝ ၀ိနာဘာဝ သရဲ၊ တစ္ဆေ၊ ဘီးလူး ပြိတ္တာများ ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ဘေးကင်းပါစေ။”ဟု အကြိမ်ကြိမ် စိတ်ပါလက်ပါ မေတ္တာပွားလိုက်ပါ။ ထိုသို့မေတ္တာပွားနေခြင်းဖြင့် ဘ၀လုံခြုံမှုကိုရှိပြီး အကြောက်တရားမှ ကင်းဝေးပါလိမ့်မယ်။

မေတ္တာအရှိန်အ၀ါကြောင့် အားလုံးဘေးကင်းကြပါစေ။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ


သရဲအား သွားရောက် စိန်ခေါ်မိသူ


ကျွန်တော့် အဖေက စစ်သားဆိုတော့ အဖေတာဝန်ကျရာနေရာကို ကျွန်တော်တို့ မိသားစုက လိုက်နေရပါတယ်…။ ဒါကြောင့် နေရာတော်တော်များများကိုကျွန်တော် ရောက်ဖူးပြီး မရိုးလှတဲ့ အတွေ့အကြုံ အသစ် များစွာကိုလည်း ရရှိခဲ့ရပါတယ်..။ကျွန်တော့်အနေနဲ့ အရင်တုန်းက ပြောခဲ့သလိုပါပဲ…၊ ကျွန်တော့်မှာ ထူးခြားတဲ့ ပါရမီခေါ်မလား..၊ကံပဲ နိမ့်တယ် ခေါ်မလား..၊ ကျွန်တော် ဟာ သရဲ၊ ၀ိဥာဉ် ၊ တို့ရဲ့ ခြောက်လှန့်ခြင်း ကိုအကြိမ်ပေါင်းများစွာ ခံခဲ့ရပါတယ်…။ဒီလိုဖြစ်ရပ်မျိုးတွေမှာ ကြောက်စရာသိပ်မကောင်းခဲ့တဲ့ဖြစ်ရပ်မျိုးတွေ ရှိပေမယ့် တစ်ချို့ဖြစ်ရပ်တွေကတော့အသည်းငယ်သူတွေအဖို့တော့သည်းချေပျက်နိုင်လောက်တဲ့ ဖြစ်ရပ်မျိုးတွေပါ…။ အဲ့ဒီထဲက ဖြစ်ရပ် တစ်ခုကို ကျွန်တော် ဒီပို့စ်လေးမှာ ဖောက်သည်ချပြီးပြောပြပါ့မယ်…။

ကျွန်တော့် အမေက ရှမ်းစစ်စစ်ပါ…။ စစ်သားဖြစ်တဲ့အညာသား အဖေက ရှမ်းပြည်နယ်ဖက်မှာ တာဝန်ကျရာ ကနေ အမေနဲ့ အကြောင်းပါခဲ့ပါတယ်..။ အမေ့ရဲ့ရွာဖြစ်တဲ့ မိုင်းယော်ဆိုတဲ့ရွာလေးက လားရှိုးကနေ မိုင် ၁၀၀ လောက် ကွာဝေးတဲ့ နေရာမှာရှိပါတယ်…။ တစ်နေ့မှာ… ရွာကို မရောက်ဖြစ်တာကြာပြီ ဖြစ်တဲ့ အမေက ရွာကို အလည်သွားမယ်..၊တစ်ခါမှ မရောက်ဖူးသေးတဲ့ ကျွန်တော့်ကိုလည်း အမျိုးတွေနဲ့ မိတ်ဆက်ပေးပြီး ခေါ်သွား မယ်လို့ပြောပါတယ်…။ ကျွန်တော်ကလည်း တစ်ခါမှ မရောက်ဖူးသေးတဲ့ ကိုယ့်ဆွေမျိုးတွေရှိရာ ရွာကိုသွား လည်ရမှာ ဆိုတော့ ပျော်လို့ရွှင်လို့ပေါ့ဗျာ…။အဲ့ဒီအချိန်တုန်းက ကျွန်တော့်အသက်ကက ၁၂ နှစ်သားအရွယ်လောက်သာ ရှိပါအုံးမယ်…။ မိုင်းယော်ဆိုတဲ့ ရွာကလည်း ကားလမ်းတောင် ကောင်းကောင်းမပေါက်သေးတဲ့ခေတ်မှာ အတော်ကို ခက်ခက်ခဲခဲ သွားလာ ရပါတယ်.. (အခုတော့ လမ်းတွေပေါက်ပြီး မြို့ တစ်ခုဖြစ်နေပါပြီ…)…။


ကားကို တစ်နေကုန် စီးလိုက်..ဗွက်နစ်ရင် ဆင်းတွန်း လိုက်…လုပ်ပြီး ၁၅ နာရီလောက်ကြာအောင်စီးလို့အပြီးမှာ အမေတို့ရွာ ကို ရောက်ပါတော့တယ်…။ကျွန်တော် ရွာကိုရောက်ပြီးမှ သိခဲ့ရတာကရွာက အယူသည်းမှုတွေကိုပါ..။ ထုံးစံ ဓလေ့လို့လည်း ပြောလို့ ရမှာပေါ့လေ…။ ဥပမာ – ဗိုက်ကြီးသည်ခရီးသည်ကို ရွာမှာရှိတဲ့ ဘယ်သူ့အိမ်မှာမှ ညအိပ်/ညနေ နေခွင့်မပြုပါဘူး..၊ အဲ့လိုပဲ လင်မယားခရီးသည်ကိုလည်းရွာမှာ တည်းခွင့်မပေးပါဘူး..။ တစ်ခြား အယူတွေ လည်းအများကြီးရှိပြီး အခုချိန်ထိတောင်ဒီအယူတွေ ရှိပါသေးတယ်…။ အဲ… ပိုဆိုးတာက… ရွာမှာ စုန်း.၊ ကဝေတွေ တတ်တဲ့ လူတွေလည်း အများသားဆိုပဲ…၊ အမေ ကတော့ သတိပေးတယ်..။ စကားပြောရင်သတိထားဖို့..၊ သူများတွေ စိတ်တိုအောင် မပြောဖို့..၊ အမြင်ကတ်အောင် မနေဖို့ ဘာညာပေါ့ဗျာ…။ ကျွန်တော်ကို့ အမေ သက်သက် ကြောက်အောင် ခြောက်ပြောတယ် ပဲ မှတ်နေခဲ့တာပါ..။ ကိုယ်တိုင်ကြုံမှပဲဒီအဖြစ်အပျက်တွေကို ကျွန်တော် ယုံကြည်ခဲ့ ရပါတော့တယ်….။

တစ်နေ့ ကျွန်တော့် ဦးလေးနဲ့ ရွာထဲလမ်းလျှောက်ထွက်လာရင်း သရဲမွေးတယ်လို့ နာမည်ကြီးတဲ့ အိမ်ကို ဦးလေးက ကျွန်တော့်ကိုအဝေးကနေ ပြပါတယ်..။ အိမ်က တဲကုပ်သာသာလေးဖြစ်ပြီး လူတွေနဲ့ ဝေးတဲ့ ရွာပြင်စပ်စပ်မှာတစ်လုံးတည်း တည်ရှိနေပါတယ်..။ ကျွန်တော် ဒီနေရာကို မှတ်ထားလိုက်တယ်..။ လူကလည်း ငယ်ငယ်…၊စူးစမ်းချင်စိတ်ကလည်းရှိတာမို့ ဒီနေရာ ကို ငါပြန်လာခဲ့အုံးမယ်လို့ စိတ်တေးထားလိုက်ပါတယ်..။ လူကြီးတွေ လစ်တဲ့ တစ်နေ့မှာ ကျွန်တော်အဲ့ဒီ အိမ်ကို ထွက်ခဲ့ပါတယ်..။ အချိန်ကတော့ နေ့လည်ကြီးပါ…၊ ညဘက်ထွက်ရအောင်တော့ ကျွန်တော်သတ္တိ မကောင်းပါဘူး..။ အဲ့ဒီတဲရှေ့ရောက်ပြီဆိုရင်ပဲ ကျွန်တော် ရပ်ပြီး သေချာကြည့်လိုက်တယ်…။ ဘာမှန်းမသိတဲ့ ၀မ်းနည်းတဲ့ ခံစားမှု တစ်ခုကို ကျွန်တော်ခံစားလာရပြီး ဒီအချိန်မှာပဲ ကျွန်တော့်တစ်ကိုယ်လည်းကြက်သီးမွေးညှင်းတွေ တဖြန်းဖြန်းထလာခဲ့ပါတယ်…။ ကျွန်တော် ကြောက်ကြောက်လန့်လန့်နဲ့ ခဲလုံးကိုကောက်ပြီးအိမ်ကို လေးငါးချက်လောက်ပေါက်လိုက်ပါတယ်…။ ပြီးတော့ သေးနဲ့လှည့်ပန်း လိုက်ပြီး “နင့်ကိုငါ မကြောက်ဘူးဟေ့…” ဆိုပြီးအော်ကာ အိမ်ကို ကျွန်တော် ထွက်ပြေးခဲ့ပါတော့တယ်…။ လုံးဝ မရပ်မနားပဲ အိမ်ကို တောက်လျှောက်ပြန်ပြေးခဲ့ရာမှာလမ်းမှာတော့ ကျွန်တော် တစ်ခါ ချော်လဲခဲ့ပါတယ်…။
ကျွန်တော် အဲ့ဒီနေ့ကစပြီး နောက်တစ်ပတ်အတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကျွန်တော် လုံးဝ မမှတ် မိတော့ပါ..။ အောက်ပါ ဖြစ်ရပ်များကအမေက ကျွန်တော့်ကို ပြန်ပြောပြခြင်းအား ရေးသားထားခြင်း ဖြစ်ပါသည်…။

ကျွန်တော် အိမ်ကို ချွေးတလုံးလုံးနဲ့ကမူးကတိုး ပြန်ပြေးလာပြီး အရမ်းကို မောဟိုက်နေပါတယ်..။ ကျွန်တော် ရှမ်းလို ရေသောက်ချင်တယ်လို့လှမ်းတောင်းပါသတဲ့ (ကျွန်တော် ခုချိန်ထိ ရှမ်းစကားလုံးဝကိုမတတ်ပါ..) အမေတို့ကတော့ အံ့သြလို့ပေါ့…။ အဲ့ဒီအချိန်မှာပဲ နောက်ဖေးမီးဖိုချောင်ထဲပြေးဝင်သွားပြီးအမဲသားရေခြောက် တွေကို အစိမ်းလိုက် ကိုက်စားနေပါတယ်..။ အမေတို့က ကျွန်တော့်ကို ၀ိုင်းပြီးချုပ်ပြီး မေးမြန်းကြပါတယ်..။ ဘယ်သွားခဲ့လဲ..? ဘယ်လုပ်ခဲ့လဲ ? ဘာစားခဲ့လဲ ဆိုတာတွေကိုပေါ့ဗျာ…။ကျွန်တော် ဘာမှကို ပြန်မဖြေပဲ ရုန်းပဲ ရုန်းနေပါသတဲ့..။ အမေပြောတာကတော့ အဲ့ဒီအချိန်မှာကျွန်တော်ဟာ ကျွန်တော်မဟုတ်တဲ့ တစ်ခြား တစ်ယောက် ဖြစ်နေတယ်ဆိုတာကိုပါပဲ…။ အမေတို့က ကျွန်တော့်ကို ဘုန်းကြီးတွေပင့်ပြီးကမ္မ၀ါဖတ်..၊ ပရိတ်ရွတ်လုပ်ပေးကြတယ်လို့ပြောပါတယ်..။ ကျွန်တော်ကတော့ မထူးခြားလာပါဘူး..၊နေ့တိုင်း နေ့ဘက်တွေဆိုငြိမ်ပြီး အိပ်နေတတ်ပေမယ့် ညသန်းခေါင်ချိန်ရောက် ရင် ထပြီး မီးဖိုချောင်ထဲမှာရှိသမျှ အသားစိမ်း၊ ငါးစိမ်းကို အကုန်စားပါသတဲ့..။ အထူးခြားဆုံးကတော့ ည (၁၂) ထိုးတိုင်းအိမ်ရှေ့ဟင်းလင်းပြင်ကိုထွက်ပြီး ရှမ်းသီချင်းအော်ဆိုကာ ရှမ်းအက ကို ကတော့တာပဲဖြစ်ပါတယ်…၊

အမေတို့ခမျာ ကြောက်ပြီး ဘယ်လို ခံစားနေရမလဲ စဉ်းသာ စဉ်းစားကြည့်လိုက်ပါတော့ဗျာ.။

နောက်ဆုံးလားရှိုးကိုပြန်ခေါ်ပြီး ကုဖို့ပဲ စီစဉ်ကြပါတော့တယ်…။

အဲ့ဒီအချိန်မှာ ဦးလေးဖြစ်သူက ကျွန်တော့်ကိုရွာစွန်က အိမ်ကို တစ်ခါခေါ်ပြဖူးကြောင်း ပြောပြလိုက်တော့ အဖိုး၊ အဖွားတို့ကို ဦးလေးဖြစ်သူကိုဆူပူကြိမ်းမောင်းလိုက်တာများ ဦးလေးခမျာ ငိုတောင်ငိုရတယ်လို့ ပြောပါတယ်.။

အဖြေက သေချာနေပြီလေ..ကျွန်တော် အခုလို ဖြစ်တာ အဲ့ဒီခြံရဲ့ လက်ချက်ပဲဆိုတာ..။ အဘိုးက ချက်ချင်းပဲ အဲ့ဒီခြံကို ထွက်သွားတယ်..နောက်ကနေအဘွားက ငှက်ပျောပွဲ၊ အုန်းပွဲနဲ့ လိုက်သွားတယ်..။ ခြံရှေ့မှာ အဘိုးအပါအ၀င် အသက်ကြီးတဲ့လူကြီးလေးငါးခြောက်ယောက်လောက်က လက် အုပ်ချီပြီး ဘုရားစာမဟုတ်တဲ့ ရှမ်းဂါထာတွေကို သံပြိုင်ရွတ်ဆိုကြပါတယ်။ အဲ့ဒီအချိန်မှာပဲ အဲ့ဒီတဲထဲက အသက် (၈၀) လောက်ရှိပြီ ဖြစ်တဲ့ အဘွားအိုတစ်ယောက် ထွက်လာပါတယ်..။အမေပြောပြတဲ့ အဘွားအို ပုံစံကို ကျွန်တော် မမှတ်မိတော့ပါ..။

တော်တော့်ကို ကြောက်စရာကောင်းကြောင်းတော့မှတ်မိပါသည်..။ အဘွားအိုက ရှမ်းလို… “အေး..နောက်ခါငါ့အိမ်ဘက် လာမဆော့စေနဲ့..၊ ငါ့သားတွေက အရင်လို ငါ့စကား သိပ်နားမထောင်တော့ဘူး..”လို့ပြောပြီး ဆေးလေးတစ်လုံး လာပေးပါတယ်…ပြီးတော့ ချက်ချင်းပဲ အိမ်ထဲပြန်ဝင်သွားပါတယ်…။ကျွန်တော် ပြန်မှတ်မိတာကတော့ အဲ့ဒီဆေးသောက်ပြီးနောက်ပိုင်းကာလတွေကိုပါ..။ ကျွန်တော် ဒီတစ်ပတ်ထဲ ဘယ်ရောက်ပြီး ဘာတွေလုပ်နေသလဲဆိုတာကတော့တော်တော်ကိုပြောဖို့ခက်တဲ့ ကိစ္စတစ်ခုပါ..။ ကျွန်တော် မဟုတ်တဲ့ ကျွန်တော့်ကို ၀င်ပူးတဲ့ရှမ်းကောင်လေးက ဟို အဘွားကြီးရဲ့ ရေနစ်ပြီးသေသွားတဲ့ သားလို့လည်း ပြောကြပြန်ပါတယ်..။ ကျွန်တော်တော့ မစဉ်းစားတတ်တော့ပါဘူး..။

အဘိုးတို့ ပြောကြတာကတော့ သူတို့က ဘယ်သူ့ကိုမှ ဒုက္ခမပေးတတ်ကြောင်း၊ သူ့တို့ဟာသူတို့နေကြတာဖြစ်ကြောင်းနဲ့ အဘွားကြီးမှာ ကျွန်တော့်အရွယ် သား (၃) ယောက်ရှိကြောင်း၊ ချောင်းထဲရေဆင်းကူးရင်း သုံးယောက်လုံး သေဆုံးသွားရာမှာ ကလေးတွေကို ခြံထဲမှာပဲ မြှပ်ထားကြောင်း၊ညဘက်ဆိုရင် အဲ့ဒီအိမ်မှ စကားပြောသံတွေ ကြားရကြောင်း ကျွန်တော် ပြန်ကြားသိရပါတယ်…။

ကျွန်တော်နဲ့ အမေကတော့ ကျွန်တော် ဆေးသောက်လို့နေကောင်းပြီး နောက်တစ်ရက်မှာပဲ လားရှိုးကို ပြန်လာခဲ့ကြပါတယ်..။ အခုချိန်မှာတော့ ဒီလိုမျိုးကိစ္စတွေအဲ့ဒီရွာလေးမှာ မရှိလောက်တော့ပါဘူး..၊ အခွင့်အခါကြုံရင်တော့ နောက်တစ်ကြိမ်သွားလည် ဖို့ကြိုးစားလိုက်ပါအုံး မယ်ဗျာ….။

One of Admins
ခေတ္တ – ဝါးနက်ချောင်းကျေးရွာ၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
Admin :ကြွေရုပ်
Ygn News (www.YgnNews.com)


အမှတ်မှားကြတဲ့ သိပ္ပံပညာ




Written by - ဒေါက်တာခင်မောင်ညို

“ဓာတုဗေဒနဲ့ ပတ်သက်လို့သာ ပြောရတာပါ။ ကျွန်တော် မပြောချင်ဘူး ဆရာညိုရေ”

ကိုဘသစ်ထံ ကျွန်တော်ရောက်တော့ သူက ညည်းတွားနေတာကို တွေ့ရတယ်။

“ဘာများပါလဲ”

“သိပ္ပံပညာကို ကျွန်တော်တို့က သစ္စာရှိကြရတယ်။ မှားလို့မရတာတွေ အများကြီးရှိတယ်”

“ဒါပေါ့။ ပညာရပ်ကို သစ္စာဖောက်လို့ မရဘူး။ ၀ိဇ္ဇာဘာသာရပ်မှာတော့ တို့တစ်တွေ့ အငြင်းပွားလို့ ရပေမယ့် သိပ္ပံဘာသာရပ်မှာတော့ မှားလို့မရဘူး။ ဓာတ်လိုက်ရင် ၀န်ကြီးလည်းသေ၊ သမ္မတလည်းသေ။ သူတောင်းစားလည်း သေတာပဲ။ ဒါပေမဲ့ အမှားအချို့ကိုတော့ သည်းခံလို့ ရကောင်းပါတယ်”

“ဟုတ်ကဲ့။ ဂျာနယ်လစ်တွေကတော့ လုပ်တတ်ကိုင်တတ် လာကြတယ်။ သူတို့က ပညာရှင်တွေကို မေးထားတာကို ပြောတာပါ။ အဲဒီ ပညာရှင်တွေကလည်း ဒေါက်တာ (ဆရာဝန်၊ ပါရဂူ) တွေဆိုတော့ အမှားတွေ ပြောလို့မသင့်ဘူး”

“ဘာဖြစ်လို့လဲ”

“သူတို့ ယူထားတဲ့ဘွဲ့တွေဟာ ပညာရဲ့ အထိမ်းအမှတ်တွေလေ။ သူတို့မသိဘဲ ရမ်းသန်းပြောတယ်ဆိုရင် သူတို့ကို အထင်သေးတာနဲ့ မပြီးဘူး။ ပညာကိုလည်း အထင်သေးတာပေါ့။ သူတို့ ပညာသင်ခဲ့တဲ့ကျောင်းတွေ နိုင်ငံတွေကိုလည်း အထင်သေးတော့တာပေါ့။ ခုဟာက “ဒေါက်တာ” ဆိုတဲ့ ဘွဲ့တွေကို ခံယူထားတဲ့လူတွေ ပြောတာတွေပါ”

“သူတို့ သတိထားသင့်ပါတယ်။ သူတို့ပြောတာက ဘာအကြောင်းအရာတွေ ပါလို့လဲ”

“Themos ဆိုတဲ့ ရေနွေးဓာတ်ဘူး အကြောင်းပါ။ မြန်မာတွေ အများစုကတော့ ဓာတ်ဘူးလို့ပြောတဲ့ Themos Flask အကြောင်းနဲ့ ပတ်သက်နေတယ်။ ရေနွေးဓာတ်ဘူးအကြောင်း မှားပြောကြတာပါ”

“ဒီအကြောင်းကတော့ ပညာရှင်တွေရယ်လို့ မဟုတ်ပါဘူး။ အင်တာနက်ထဲဝင်ပြီး Wikipedia လို စွယ်စုံကျမ်းမှာ Themos ဆိုပြီး ရိုက်ထည့်ကာကြည့်လိုက်ရင် ရတာပါပဲ။ အနောက်တိုင်းလို ခေတ်မီတိုးတက်တဲ့ နိုင်ငံရပ်ခြားမှာတော့ ဓာတ်ဘူးအကြောင်းကို မူလတန်း ကလေးကအစ သိပါတယ်။ သူတို့ ဘာတွေပြောလို့လဲ”

“တိတိကျကျ ပြောမှဖြစ်မယ် ဆရာညိုရေ။ ခင်ဗျားကရေးလိုက်ရင် ပြဿနာတက်နိုင်တယ်။ အကြောင်းကတော့ ယခုနှစ် ဧပြီ ၃၀ ရက်ထုတ်တဲ့ နေ့စဉ်သတင်းစာတစ်စောင်မှာ ရေးထားတာပါ။ ခေါင်းစဉ်က “ဓာတ်ဘူးအတွင်း ကြာရှည်ထားသည့် ရေကျက်အေးကို သောက်သုံးခြင်းသည် အန္တရာယ်ဖြစ်စေနိုင်သည်ဟုဆိုသော ယူဆချက် မှားယွင်းနေဟုဆို” ဖြစ်တယ်”

“အဲဒါ မှားလို့လား”

“ဒါမမှားပါဘူး။ သူတို့သုံးယောက် ဆွေးနွေးထားတယ်။ အဲဒီ သူတို့သုံးယောက်လုံးပြောတဲ့ စကားတွေကို နားထောင်ကြည့်ပါဦး။ ဓာတ်ဘူးတွေအထဲမှာ Silver Mirroring လုပ်ထားတာကို ပြဒါးပါတယ်လို့ ပြောနေကြလို့ပါ။ Silver ဆိုတာ Ag ပါ။ ပြဒါး (မာကျူရီ) Hg ပါ။ Ag နဲ့ Hg က တခြားဆီပါပဲ။

“ဒါက မြန်မာတွေ အမှတ်မှားတဲ့ ကိစ္စပါ။ ကြည့်မှန်တွေမှာ Silver Mirroring လုပ်တာကို ပြဒါးသုတ်တယ်လို့ ပြောကြတယ်။ အချို့ စာအုပ်တွေကလည်း ဒီလိုပဲရေးတယ်။ ဒီတော့ ဓာတ်ဘူးမှာလည်း ပြဒါးသုတ်တယ်ပဲ ပြောလေ့ရှိတာကိုး”

“သာမန်လူတွေ အမှတ်မှားတာကိုတောင် ပြန်တည့်ပေးရမယ့် ခေတ်ပါ။ ဒီခေတ်ဟာ ပညာခေတ် (knowledge Age) ပါ။ ဒေါက်တာဆိုတဲ့သူတွေ မှားတာကတော့ ဘယ်လိုပြောရမှန်းတောင် မသိအောင် ဖြစ်နေပါတယ်”

“နေပါဦး။ ဒီသုံးယောက် ဘာတွေပြောလဲဆိုတာကို ရှင်းရှင်းပြောပါဦး”

“ပထမတစ်ယောက် ကျန်းမာရေးဦးစီးဌာနက အကြီးစားပါ။ သူပြောတာက ‘ပြဒါးက ရေနွေးနဲ့ မထိပါဘူး။ အပြင်မှာ သုတ်ထားတဲ့အတွက် ရေကဘယ်လောက်ကြာကြာ အန္တရာယ်ရှိ ရှိပါဘူး’ တဲ့”

“ဒုတိယ တစ်ယောက်ကရော”

“သူက ‘ဒီလိုညသိပ် ရေနွေးသောက်လို့ အဆိပ်ဖြစ်ပြီး အစာအိမ်ထိခိုက်တာကတော့ ရေနွေးဓာတ်ဘူးထဲမှာ မာကျူရီဓာတ်တွေ၊ ပြဒါးဓာတ်တွေ အများကြီးပါလို့ ဖြစ်တာ’ တဲ့”။

“သြော်သြော်။ ဖြစ်ရလေ။ နောက်တစ်ယောက်က ဘာပြောလဲ”

“သူက ‘ဓာတ်ဘူးတွေမှာ မာကျူရီဓာတ် ၁၅ 15 ppb ပဲရှိရင် ဓာတ်ပြုဖို့ အင်မတန် နည်းပါတယ်။ လက်ဖက်ခြောက်ခတ်တဲ့ ရေနွေးထည့်ရုံနဲ့ စိုးရိမ်စရာ မရှိဘူး။ အက်စစ်တွေ ဗေ့တွေသုံးမှ မာကျူရီက ဓာတ်ပြုတာ။ ရေနွေးအဖြူဆိုရင် ပိုတောင်မဖြစ်ဘူး’ လို့ ပြောသွားတယ်”

“အင်း သူတို့သုံးယောက်တောင်ပြောတော့ ကျွန်တော်သိထားတဲ့ (Knowledge) တောင် ဘယ်ပျောက်သွားမှန်း မသိတော့ဘူး”

“ဖော်ပြထားတဲ့ ဓာတ်ဘူးပုံကို ကြည့်ပါ”

“ဖန်ဘူးဟာနှစ်ထပ်။ လေဟာနယ် လုပ်ထားတယ်။ အထဲမှာ (Silvered) လုပ်ထားတယ်။ ကြည့်မှန်လိုပါပဲ။ ဒါကြောင့် ပြဒါးသုတ်ထားတယ်လို့ အမှတ်မှားကြတာပါ”

“ကြည့်မှန်လည်း (Silvered) လုပ်ထားတာပဲ မဟုတ်လား။ မြန်မာတွေကသာ ပြဒါးသုတ်ထားတယ် ပြောတာလေ။ ပြဒါးက ဒီလိုသုတ်လို့ မရဘူး။ အငွေ့ပြန်ကုန်မှာပေါ့။ ပြီးတော့ (Silvered) လို့ နိုင်ငံခြားကလာတဲ့ မှန်တွေမှာ ရေးထားတယ်”

“ကျွန်တော်က တက္ကသိုလ်မှာ အနှစ် ၂၀ ကျော် ဆရာလုပ်ခဲ့ပါတယ်။ ကျောင်းသားတွေကိုလည်း ဒီလို Silver Mirror Test ကို အကြိမ်ပေါင်းများစွာ လုပ်ပြခဲ့ဖူးတယ်။ အထူးသဖြင့် အင်္ဂလန်မှာရှိစဉ်က ခရစ္စမတ် လက်ဆောင်ပေးတဲ့အခါ အလကားရတဲ့ အရက်ပုလင်းခွံ လှလှတွေကို (Silvered) လုပ်ပြီး မီးအုပ်ဆောင်းအတွက် ဒါမှမဟုတ် ပန်းအိုးထိုးကာ လက်ဆောင်ပေးတယ်။ သူငယ်ချင်းတွေလည်း လာတောင်းကြတယ်။ ခုလောလောဆယ် Peru မှာကျောင်း ဆရာလုပ်နေတဲ့ မြန်မာပြည်သူ Alan တင်ဝင်းနဲ့ အတူလုပ်ကြတာပါ”

“ဒါကတော့ ရှင်းပါတယ်။ ဓာတ်ဘူးမှာ ပြဒါးမပါတဲ့အတွက် ပြဒါးဆိပ် မသင့်ဘူးဆိုတာကို ရှင်းရှင်းသိအောင်တော့ ပြည်သူတွေကို အသိပေးဖို့ လိုတာပေါ့”

“မှန်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဒါကို ဆရာညို့ကို ရေးစေချင်တာပါ။ ကျွန်တော်တို့ တစ်ခါကလည်း ဖြစ်ဖူးတယ်။ အဲဒါက နိုင်ငံခြားကုမ္ပဏီတစ်ခုက ခဲတံကြော်ငြာတော့ သူတို့ခဲတံတွေဟာ ခဲဆိပ်မသင့်ဘူးဆိုပြီး ကြော်ငြာတယ်”

“ဒါကတော့ ဘယ်ခဲတံမဆို ခဲဆိပ်သင့်စရာ မရှိပါဘူး”

“ဟုတ်ပါတယ်။ ခဲတံတွေရဲ့ ခဲဆန်တွေဟာ Graphite နဲ့လုပ်ထားတာပါ။ ခဲ (Lead) မပါဘူး။ ဒါပေမဲ့ အားလုံးက ခဲဆန်တွေကို ခဲ (Lead) လို့ပဲ ခေါ်ကြတာကိုး။ အမှတ်မှားကြတာပေါ့”

“ကျွန်တော်ကတော့ ပညာရှင်များကို မေတ္တာရပ်ခံချင်တယ်။ တတ်နိုင်သမျှ အမှားတွေကို မပြောကြပါနဲ့။ အမှားစကားကို အမှီပြုပြီး လိမ်ညာစားသောက်သူတွေက လူထုကို လှည့်ဖြားကြလို့ပါပဲ။ အကြောင်းအရာ တစ်ခုကို တတ်နိုင်သမျှ လေ့လာကြပါ။ Little knowledge is dangerous. ဆိုတာ ကြားဖူးတယ် မဟုတ်လား”

“ခင်ဗျားပြောဖူးတဲ့ Integrity ဆိုတဲ့စကားဟာ Little knowledge is dangerous. ဆိုတာနဲ့ ဆန့်ကျင်ဘက်ဆိုတာ သဘောပေါက်ပါတယ် ကိုဘသစ်ရယ်။ ကျွန်တော်တို့ဟာ Integrity ဆိုတဲ့ အပြည့်အ၀ တတ်သိဖို့ အရေးကြီးတယ်”

“မှန်ပါတယ်။ သင်္ဘောအကြီးကြီးမှာ အပေါက်သေးသေးလေးဟာ အရေးမကြီးဘူးလို့ မထင်ပါနဲ့။ ဒါဟာ Integrity နဲ့ ဆိုင်တာကို သတိရကြဖို့ပါ”

Eleven Media Group


သတိထားရမည့် သင်ခန်းစာတစ်ရပ်


ဘီဘီစီကလွင့်သွားတဲ့ သတင်းတပုဒ်ကို သတိရမပါတယ် ။ သတင်းထောက်က မဲန်ဒဲလား ထောင်ကျနေစဉ်တုန်းက ရိုက်ခဲ့တဲ့ သတင်းတပုဒ်ကို မဲန်ဒဲလား ထောင်ကလွတ်လာပြီး မဲန်ဒဲလား သမ္မတ ဖြစ်ပြီးနောက်မှာ သူရိုက်ခဲ့တဲ့ သတင်းရဲ့ ၂၅ နှစ်လောက်ကြာတဲ့ အချိန် အဲ့ဒီနေရာကိုပြန်သွားပြီး အရင် ရိုက်ခဲ့တဲ့ နေရာမှာ ကင်မရာထားပြီး ပြန်ရိုက်ပြပါတယ် ။
လမ်းကျဉ်းလေး တခုကို ထိပ်ကနေ ရိုက်ပြထားတဲ့ ရိုက်ချက်ပါ ။ နှစ်ပေါင်း ၂၅ နှစ် ကျော်ကြာပေမဲ့ အိမ်တွေက အရင်အိမ်တွေပဲ ဖြစ်နေပြီ လမ်းထဲ မှာ ကလေးတွေ ဆော့ကစားနေတာ အဝတ်တွေ ကြိုးတန်းပြီး လှမ်းထားတာ ၊လူတွေက ကင်မရာကို ဝိုင်းအုံကြည့်နေကြတာ အရာအားလုံးနီးပါးဟာ အတူတူပဲ ဖြစ်နေတာကို ရိုက်ပြသွားပါတယ် ။
တောင်အာဖရိကမှာ လူနည်းစု လူဖြူတွေ ကြီးစိုးနေရာကနေ အစိုးရအဖွဲ.ဝင်တွေဟာ လူမဲတွေ သမ္မတ ဖြစ်အောင် မဲန်ဒဲလားရဲ့ ပါတီက စွမ်းဆောင်ခဲ့ပါတယ် ။ မဲန်ဒဲလားကိုလည်း ဒီမိုကရေစီရဲ့ ပြယုဒ် အဖြစ် တင်စားလာကြတဲ့ အထိပါပဲ ။
ဆိုလိုတာက ဒီမိုကရေစီ ဖြစ်စဉ်တခု ဖြစ်ထွန်းခဲ့တယ်ပေါ့ ။
ကျန်တဲ့ အရာတွေကရော ဘာတွေ ဆက်ဖြစ်လာသလဲ။ မဲန်ဒဲလားဟာ လူမဲ အစိုးရဖြစ်အောင် စွမ်းဆောင်ခဲ့တာကလွဲရင် နိုင်ငံက ထူးထူးခြားခြား ဘာမှ မပြောင်းလဲခဲ့ဘူးလို့ ဆိုပါတယ် ။ အထက်ကပြောခဲ့တဲ့ သတင်းသမား ရိုက်ပြတဲ့ ရိုက်ချက်လိုပဲ အရာရာဟာ အရင်ကနဲ့ ဘာမှ မထူးခြားသွားပါဘူး ။
ဒီနေရာမှာ သံဝေဂရစရာတွေ တွေ.လိုက်ရတာက ၊ လူဖြူ အာဏာရှင် အစိုးရကို တော်လှန်လို့ လူမဲ အစိုးရဖြစ်လာစေတယ် ။ လူမဲ အစိုးရဖြစ်ပေါ် လာပြီးတဲ့ နောက်မှာ တက်လာတဲ့ လူမဲ အစိုးရက သူတို့ တိုက်လို့ ဒီမိုကရေစီရတာပါဆိုပြီး ၊ စိတ်ကြီးဝင်လို့ သက်ဦးဆံပိုင်တွေလို သူတို့ကို သူတို့ စိတ်ကြီးတွေဝင်လာပါလေရော ။ မဲန်ဒဲလား လက်ထက်မှာ မြို.ပြနေ လူတွေ ဝင်ငွေကောင်းခဲ့ကြပေမဲ့ တောနေလူတန်းစားတွေက ကုန်ဈေးနှုံးရဲ့ ဒဏ်ကို အလူးအလဲ ခံခဲ့ရတယ်လို့ ဆိုပါတယ် ။ လူတွေမျှော်လင့်သလို ချက်ချင်း နိဗ္ဗာန်ဘုံပေါ်ရောက်သွားတဲ့ အဖြစ်ကိုတော့ မရခဲ့ပါဘူး ။ မဲန်ဒဲလား နောက်ဆက်ခံတဲ့ သမ္မတ ဇူးမားဟာ နိုင်ငံပိုင်ငွေ ဒေါ်လာ သန်း ၂၀ ကို သူ့ရဲ့နေအိမ်အတွက် သုံးစွဲခဲ့တယ်လို့ အငြင်းပွားဖွယ် ပြဿနာတက်ခဲ့ပါတယ် ။ သမ္မတက မဟုတ်ပါဘူး ငြင်းလိုက်ရုံနဲ့ နောက်ဆက်တွဲ ဘာမှ ဖြစ်မလာ တော့ပါဘူး ။ 
အခုတော့ တောနေလူတန်းစားတွေနဲ့ လူငယ်တွေက မဲန်ဒဲလားရဲ့ ပါတီ ANC ကို အာဏာရှင် အစိုးရ ၊ ဒီမိုကရေစီ မဆန်တဲ့ အစိုးရ ၊ ပြည်သူတွေနဲ့ လူငယ်တွေအတွက်ကို မစဉ်းစားတဲ့ အစိုးရဆိုပြီး ထောက်ခံမှုတွေ ကျဆင်းနေပါယ် ။ ၂၀၀၉ ခုနှစ်က ၆၅.၉% နဲ့ မဲနိုင်ခဲ့ပေမဲ့ အခုတကြီမ်မှာ တော့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုကြပါတယ် ။ သို့သော်လည်း အချို. အကဲခတ်တွေကတော့ ANC က ၆၄% ထိ မဲရနိုင်တယ်လို့ ဆိုပါတယ် ။
၁၉၉၄ ကစလို့ လူဖြူလူမဲ တွဲရွေးကောက်ပွဲဝင်တာ ဒီအကြိမ်ဟာ ၅ ကြိမ်မြောက်ပါ ။ နှစ်ပေါင်း ၂၀ ကျော်ကာလမှာ နိုင်ငံတိုးတက်မှု ထင်သလောက် ရှေ.တန်းမရောက်နိုင်သေးပါဘူး ။ အာဖရိက နိုင်ငံတွေရဲ့ တိုးတက်မှု မြင့်မားလာခြင်းကြောင် တောင်အာဖရိက နိုင်ငံပါ တွဲလျက် မြင့်တက်လာတဲ့ အနေအထားတွေမှာပဲ ရှိနေပြီး ။ ထူးထူးခြားခြား ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့ခြင်းတော့ မရှိပါဘူး ။
တော်လှန်ရေးသမားတွေ မှာ တူညီကြတဲ့ အချက်တွေက -
၁ ။ တော်လှန်ရေးသမားသည် တော်လှန်ရေးသာသိပြီး နိုင်ငံတခုကို စီမံခန့်ခွဲနိုင်စွမ်းမရှိခြင်း
၂ ။ တော်လှန်ရေး အောင်မြင်ပြီးသည့်အခါ သူတို့ကိုယ်တိုင် အာဏာရှင်တွေ ဖြစ်ကုန်ကြခြင်း
၃ ။ တော်လှန်ရေး ကာလအတွင်း အတူ ဒုက္ခခံခဲ့သူတွေကို သင့်တော်သူတွေထက် အုပ်ချုပ်ရေးမှာ နေရာပေးခြင်း
၎ ။ နိုင်ငံ အရေးထက် သူတို့ရဲ့ ပုဂ္ဂိုလ်ရေးကို ပိုမို အာရုံစိုက်ခြင်းတွေကို တွေ.ရပါလိမ့်မယ် ။
ရဲသူရိန်မင်း
Myanmar Journal


ကိုယ်သင်းနံ့လေးမွှေးစေဖို့ (ယောက်ျားများအတွက်အထူး)


လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်သင်းနံ့လေးကောင်းမွန်မှသာ မိမိကိုယ်မိမိ ယုံကြည်မှု ရှိပြီး ပေါင်းသင်းဆက်ဆံရေး မှာလည်း အောင်မြင်မှာပါ။ တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ်တတ်ပါတယ်။

ဒါပေမဲ့ တကယ့်စစ်မှန် တဲ့ ကိုယ်သင်းနံ့ကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်ရတဲ့ အကြောင်းရင်း တွေထဲမှာ လိင်အမျိုးအစား အလိုက်လည်းကွာခြားပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ချွေးနံ့ပိုထွက် လေ့ရှိပါတယ်။ ဒါတွေအပြင်နေ့စဉ်စားသုံး နေတဲ့ အစားအစာတွေနဲ့ ဆေးဝါးတွေကလည်းချွေးနံ့ထွက်စေတဲ့ ကိစ္စတွေပါပဲ။

ကျန်းမာရေးချို့တဲ့ခြင်း၊ ဆေးပြင်းပြင်း များမှီဝဲခြင်း၊ အရက်သောက်ခြင်း၊ ဇင့်ဓာတ်လျော့နည်းခြင်းနဲ့ တစ်ကိုယ်ရေသန့် ရှင်းမှု မရှိခြင်းတွေကတော့ ခန္ဓာကိုယ် မှအနံ့ဆိုးထွက်စေတဲ့ အဓိက အကြောင်းအရာ တွေလို့ လေ့လာတွေ့ရှိရပါတယ်။
ချွေးနံ့သက်သာစေမည့် အစားအစာများအမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာများ၊ ဂျုံနဲ့လုပ်တဲ့ စားသောက်ဖွယ်ရာများ၊ အစိမ်းရောင်ခြယ်အသီးအနှံများ၊ဟင်းသီးဟင်းရွက်များနဲ့ မုန်လာဥနီကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းက ကိုယ်သင်းရနံ့ ကောင်းအောင် အထောက်အပံ့ဖြစ်စေပါတယ်။

ချွေးနံ့သက်သာစေမည့် အပြုအမူများ ချွေးနံ့သက်သာစေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။ နေ့စဉ် ရေမှန်မှန်ချိုးပြီး တစ်နေ့အဝတ် အစားတစ်နေ့ပုံမှန်လျှော်ပါ။ အဝတ်အစားများကို မလျှော်ဘဲထပ်တလဲလဲ ဝတ်ဆင်ခြင်းကိုတော့ လုံးဝရှောင်ကြဉ် သင့်ပါတယ်။ အခါအားလျော်စွာ ချွေးနံ့ထွက်စေတဲ့ နေရာများကို သန့်စင်တဲ့အဝတ်စ၊ တစ်သျှူးစတွေနဲ့ ပွတ်တိုက်ပေးပါ။ ရေများများသောက်ခြင်းကလည်း ချွေးနံ့ဆိုးများသက်သာစေတဲ့ နည်းလမ်းပါပဲ။ ပူပြင်းတဲ့ရာသီဥတုမှာအေးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများကိုသာဝတ်ဆင်ပါ။ ဒါပေမယ့်လက်ပြတ်အင်္ကျီဝတ်ဆင် ခြင်းကိုတော့ ရှောင်ကြဉ်ပါ။ ချွေးနံ့ကိုအတိုင်းသာ ပေါ်လွင်စေလို့ပါပဲ။

ချွေးနံ့သက်သာစေမည့် နည်းလမ်းများ
- ရှာလကာရည်ကတော့ ချွေနံ့အတွက် အစွမ်းထက်တဲ့ အိမ်တွင်းဆေးဝါးကောင်းပါပဲ။ ဂွမ်းနဲ့တို့ပြီးချွေးနံ့ထွက်စေတဲ့ ချိုင်းကြားနေရာတွေကို သုတ်လိမ်းပေးနိုင်ပါတယ်။ ချိုင်းမွေးနုတ်ပြီး ဒါမှမဟုတ် ရိတ်ပြီး စမှာတော့ ရှာလကာ ရည်ကို မသုံးဖို့သတိပြုပါ။
- မုန့်ဖုတ်ဆော်ဒါနဲ့ ရှောက်ရည်၊ သံပရာရည် စတာရောစပ်ပြီးသုတ်လိမ်းပေးခြင်းကလည်း ချွေးနံ့သက်သာစေပြီး ဘက်တီးရီးယားပိုးများကိုလည်း သေစေနိုင်ပါတယ်။

- ရေချိုးကန်ထဲမှာ ခရမ်းချဉ်သီးရည် ဒါမှမဟုတ် ပျားရည် အနည်းငယ်ထည့်ပြီး ၁၅ မိနစ်ခန့် ရေစိမ်ပေးခြင်းကလည်း ကိုယ်သင်းနံ့မွှေးစေနိုင်ပါတယ်။ အာလူးကို ပါးပါးလှီးပြီးချိုင်းကြားမှာ ကပ်ပေးပါ။ ခြောက်သွေ့သွားတဲ့အခါ ခွာပြီး ရေဆေးပေးရင် တစ်နေ့တာလုံး ချွေးနံ့ကင်းစင်စေမှာပါ။
- ခန္ဓာကိုယ် အနံ့ဆိုးထွက်စေတဲ့ အကြောင်းအရာတွေထဲမှာ ခြေဆီလို့ခေါ်တဲ့ ခြေထောက်မှ ထွက်တဲ့ ချွေးနံ့ကလည်း ပါဝင်ပါတယ်။ ဒါကြောင့်ခြေဖဝါးနဲ့ ခြေချောင်းလေးများကို နေ့စဉ် ချေးချွတ် သန့်စင်ပေးပြီး ဖိနပ်စီးရာမှာလည်း လေဝင် လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကိုစီးပါ။
 
By: Good Health