15 May 2014

နေပြည်တော်အမြန်လမ်းမကြီးအတွက် အမေရိကန်အစိုးရသို့ အကူအညီတောင်း


ယာဉ်တိမ်းမှောက်မှုများနှင့် လူသေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်နေသည့် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး အတွက် အကူအညီပေးရန် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)ဥက္ကဋ္ဌ ဦးသိန်းညွန့်က အမေရိကန်အစိုးရသို့ မေတ္တာရပ်ခံထားသည်ဟု မဇ္ဈိမကို ပြောသည်။

အမေရိကန်နိုင်ငံ အကြီးတန်း နိုင်ငံခြားရေးအရာရှိ Raymond D Richhart နှင့် အမေရိကန် သံရုံး နိုင်ငံခြားရေးအရာရှိ Robert McDonald တို့သည် မေ ၁၃ ရက်က အမျိုးသား ဒီမိုကရေစီ
ပါတီသစ်ရုံးသို့ လာရောက်စဉ် မေတ္တာ ရပ်ခံခဲ့ခြင်းဖြစ်သည်။

“သူတို့ဘက်ကလည်း အမေရိကန်အစိုးရကို တင်ပြပေးမယ်လို့ ပြော သွားတယ်”ဟု ဦးသိန်းညွန့်က ပြော သည်။
“နေပြည်တော် အမြန်လမ်းက ၃၆၆ မိုင် ရှည်လျားတယ်။ တစ်မိုင်ကို တစ်ဦးနှုန်း သေဆုံးနေတယ်။ အခုဆို သေဆုံးသူ ၃၆၇ ဦးရှိပြီ။ ကတ်္တရားလမ်း အမြန်ဆုံးတည်ဆောက်ဖို့လိုအပ်တယ်
”ဟု ၎င်းက ဆိုသည်။
အမေရိကန်နိုင်ငံ၏ နောက်ဆုံးပေါ် နည်းပညာများနှင့် ဆောင်ရွက်ပေး မည်ဆိုပါက ယင်းလမ်းနှင့် ပတ်သက်ပြီး ပြည်သူများ၏အသက်များ ဆုံးရှုံးနေသည့် အခြေအနေများကို လျော့နည်းအောင် လုပ်နိုင် မည်ဟု ဆိုသည်။

အမေရိကန် အကြီးတန်းနိုင်ငံခြားရေး အရာရှိများနှင့်အမျိုးသား ဒီမိုကရေစီ ပါတီသစ်တို့သည် ယခင် ကလည်း နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီးဖြစ်သည်။
ဧပြီလ ၁၂ ရက် သန်းခေါင်ကျော် နံနက် ၂ နာရီကျော်က ခရီးသည် တင်ယာဉ်ကြီးနှင့် အိမ်စီးကား တစ်စီးတို့တိုက်မိ၍ မီးလောင်ရာမှ လူ ၁၂ ဦး သေဆုံးခဲ့ပြီးနောက် မေ ၁၂ ရက်၊ ည ၇ နာရီက ရာဇာမင်းအဝေးပြေးကား တိမ်းမှောက်ခဲ့ရာ ၁၄ ဦး သေဆုံးခဲ့သည်။

Mizzima - News in Burmese

လေယာဉ်စီးသူတွေ သွေးပျက်စေခဲ့တဲ့ အဖြစ်

Photo: လေယာဉ်စီးသူတွေ သွေးပျက်စေခဲ့တဲ့ အဖြစ်
Friday, May 16, 2014

န်ဒန်ကနေ အီတလီကို လေယာဉ်နဲ့ အားလပ်ရက် အပန်းဖြေခရီးသွားကြသူ ဒါဇင်နဲ့ ချီတဲ့ လူတွေဟာ သူတို့ရဲ့ လေယာဉ် ပြူတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တဲ့အခါမှာတော့ သူတို့ဟာ အိပ်မက်ဆိုးကြီး တခုကို မြင်လိုက်ကြတာပါဘဲ။
လေယာဉ်စီးခရီးသည်တွေလည်း သူတို့လေယာဉ်ဟာ လေထဲမှာ အတောင်ပံတဖက်ရဲ့ အစိပ်အပိုင်းတခု က ပြုတ်ကျတော့မယ့် အခြေအနေဖြစ်နေတာ အခု ပြသမယ့် ဗီဒီယိုက ပြသပါလိမ့်မယ်။
The CityJet airliner လေကြောင်းလိုင်းက လေယာဉ်ဟာ London City လေဆိပ်ကနေ အီတလီနိုင်ငံ Florence ဦးတည်ပျံသန်းလာခဲ့စဉ် လေယာဉ် တောင်ပံတဖက်ရဲ့ အစိပ်အပိုင်းတခုဟာ ချောင်ပြီး ပြုတ် ထွက် သွားခဲ့တာဖြစ်တယ်လို့ မေလ ၁၅ ရက်နေ့ The Mirror သတင်းတခုမှာ ဖော်ပြပါတယ်။
ခရီးသည်တွေလည်း ကျယ်လောင်တဲ့ အသံတခုကြားလို့ ပြူတင်းပေါက် အပြင်ကို လှမ်းကြည့် လိုက်တော့ 
လေယာဉ်မှာတွဲလောင်းကျနေတဲ့ လေယာဉ်အစိပ်အပိုင်းတခုကိုတွေ့လိုက်ကြတာလို့ ပြန်ပြောပြပါတယ်။
လေယာဉ်ပေါ်ပါသွားတဲ့ Telegraph သတင်းစာက သတင်းသမား Cole Moreton က လေယာဉ်တက် လိုက်တဲ့ အချိန်မှာ ထူးဆန်းတဲ့ အသံတခုကြားလိုက်ရပြီး လေယာဉ်ဘယ်ဘက်တောင်ပံက ၆ ပေလောက် ရှိတဲ့ အစိပ်အပိုင်းတခု ချောင်ပြီး ပြုတ်ထွက်သွားတာမြင်လိုက်ရပြီး တွဲလောင်းကျနေတယ်လို့ ပြောပါတယ်။
ခရီးသည်တွေကလည်း အရေးပေါ် သတိပေးမှုကို လေယာဉ်ဝန်ထမ်းကဆင့် လေယာဉ်မှူးဆီ အကြောင်း ကြား လိုက်တယ် တဲ့။
အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေရဲ့ တိုင်ပင်မှုတွေမပြီးခင် လေယာဉ်ဟာ သိမ်းမြစ်ကို ပတ်ဝဲပျံသန်း ခဲ့ပြီးနောက်ဆုံး လေဆိပ်ကို ပြန်လည့်လာခဲ့ပါတယ်။
ဂျက်လေယာဉ်ပေါ် ပါတဲ့ ခရီးသည် ၆၁ ဦးလည်း ထိခိုက်မှုမရှိ ခဲ့ပါဘဲ လေဆိပ်ကို အောင်မြင်စွာပြန်ဆင်း သက်နိုင် ခဲ့တယ် လို့ သိရပါတယ်။
ဒီခရီးသည်တွေကို နောက် ၂ နာရီလောက်အကြာ အခြား လေယာဉ်တစင်းနဲ့ မူလ ခရီးစဉ်အတွက် စီစဉ် ပေးလိုက်တယ်လို့ သိရပါတယ်။
ဒီလေယာဉ်ခရီးသည်တွေ ဘယ်လောက် သွေးပျက်သွားမလဲဆိုတာ အခု ဗွီဒီယိုကို ကြည့်ရင်သိနိုင်ပါတယ်။
http://www.youtube.com/watch?v=ejqmYWzu3Og

အိမ့်သံစဉ် 
The Irrawaddy (Burmese Version)
 
န်ဒန်ကနေ အီတလီကို လေယာဉ်နဲ့ အားလပ်ရက် အပန်းဖြေခရီးသွားကြသူ ဒါဇင်နဲ့ ချီတဲ့ လူတွေဟာ သူတို့ရဲ့ လေယာဉ် ပြူတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တဲ့အခါမှာတော့ သူတို့ဟာ အိပ်မက်ဆိုးကြီး တခုကို မြင်လိုက်ကြတာပါဘဲ။

လေယာဉ်စီးခရီးသည်တွေလည်း သူတို့လေယာဉ်ဟာ လေထဲမှာ အတောင်ပံတဖက်ရဲ့ အစိပ်အပိုင်းတခု က ပြုတ်ကျတော့မယ့် အခြေအနေဖြစ်နေတာ အခု ပြသမယ့် ဗီဒီယိုက ပြသပါလိမ့်မယ်။
The CityJet airliner လေကြောင်းလိုင်းက လေယာဉ်ဟာ London City လေဆိပ်ကနေ အီတလီနိုင်ငံ Florence ဦးတည်ပျံသန်းလာခဲ့စဉ် လေယာဉ် တောင်ပံတဖက်ရဲ့ အစိပ်အပိုင်းတခုဟာ ချောင်ပြီး ပြုတ် ထွက် သွားခဲ့တာဖြစ်တယ်လို့ မေလ ၁၅ ရက်နေ့ The Mirror သတင်းတခုမှာ ဖော်ပြပါတယ်။

ခရီးသည်တွေလည်း ကျယ်လောင်တဲ့ အသံတခုကြားလို့ ပြူတင်းပေါက် အပြင်ကို လှမ်းကြည့် လိုက်တော့
လေယာဉ်မှာတွဲလောင်းကျနေတဲ့ လေယာဉ်အစိပ်အပိုင်းတခုကိုတွေ့လိုက်ကြတာလို့ ပြန်ပြောပြပါတယ်။
လေယာဉ်ပေါ်ပါသွားတဲ့ Telegraph သတင်းစာက သတင်းသမား Cole Moreton က လေယာဉ်တက် လိုက်တဲ့ အချိန်မှာ ထူးဆန်းတဲ့ အသံတခုကြားလိုက်ရပြီး လေယာဉ်ဘယ်ဘက်တောင်ပံက ၆ ပေလောက် ရှိတဲ့ အစိပ်အပိုင်းတခု ချောင်ပြီး ပြုတ်ထွက်သွားတာမြင်လိုက်ရပြီး တွဲလောင်းကျနေတယ်လို့ ပြောပါတယ်။
ခရီးသည်တွေကလည်း အရေးပေါ် သတိပေးမှုကို လေယာဉ်ဝန်ထမ်းကဆင့် လေယာဉ်မှူးဆီ အကြောင်း ကြား လိုက်တယ် တဲ့။

အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေရဲ့ တိုင်ပင်မှုတွေမပြီးခင် လေယာဉ်ဟာ သိမ်းမြစ်ကို ပတ်ဝဲပျံသန်း ခဲ့ပြီးနောက်ဆုံး လေဆိပ်ကို ပြန်လည့်လာခဲ့ပါတယ်။
ဂျက်လေယာဉ်ပေါ် ပါတဲ့ ခရီးသည် ၆၁ ဦးလည်း ထိခိုက်မှုမရှိ ခဲ့ပါဘဲ လေဆိပ်ကို အောင်မြင်စွာပြန်ဆင်း သက်နိုင် ခဲ့တယ် လို့ သိရပါတယ်။

ဒီခရီးသည်တွေကို နောက် ၂ နာရီလောက်အကြာ အခြား လေယာဉ်တစင်းနဲ့ မူလ ခရီးစဉ်အတွက် စီစဉ် ပေးလိုက်တယ်လို့ သိရပါတယ်။

ဒီလေယာဉ်ခရီးသည်တွေ ဘယ်လောက် သွေးပျက်သွားမလဲဆိုတာ အခု ဗွီဒီယိုကို ကြည့်ရင်သိနိုင်ပါတယ်။

http://www.youtube.com/watch?v=ejqmYWzu3Og

အိမ့်သံစဉ်
The Irrawaddy (Burmese Version)


လူပေါင်း ၃၆ဝကျော် သေဆုံးခဲ့ပြီး နောက် ရန်ကုန်-မန္တလေးလမ်းမကြီး အား အဆင့် သုံးဆင့် ဖြင့် နိုင်ငံ တကာအဆင့် မြှင့် ရန် အစိုးရဆုံးဖြတ်

Photo: လူပေါင်း ၃၆ဝကျော် သေဆုံးခဲ့ပြီး နောက် ရန်ကုန်-မန္တလေးလမ်းမကြီး အား အဆင့် သုံးဆင့် ဖြင့် နိုင်ငံ တကာအဆင့် မြှင့် ရန် အစိုးရဆုံးဖြတ်
Thursday, May 15, 2014

ရန်ကုန်၊ မေ ၁၄- လူ ၁၄ဦးအ သက်ဆုံးရှုံးခဲ့ရသည့် ရာဇာမင်းခရီး သည်တင်အမြန်ဘတ်စ်ကား ရန်ကုန် -မန္တလေးလမ်းမကြီး၌ တိမ်းမှောက် မှုဖြစ်အပြီး ၄၈နာရီအတွင်း အဆို ပါ သေမင်း တမံလမ်း မကြီးအား နိုင်ငံ တကာအဆင့် မြှင့်တင်ရန် အစိုးရ က ဆုံးဖြတ် လိုက်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြီး တန်းအရာရှိကြီးတစ်ဦးက ဒီမိုကရေ စီတူဒေးသို့ အတည် ပြုပြော ကြား သည်။

''ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးကို အဆင့်သုံးဆင့်ထားပြီး နိုင်ငံတကာအဆင့်မီ အဝေးပြေးလမ်း မကြီးဖြစ်အောင် ဆောင် ရွက်သွား မှာဖြစ်ပါတယ်။ Fully Access Control အဆင့်ရ အောင် အဆင့် မြှင့်တင်သွားမယ်'' ဟု အဆိုပါအရာ ရှိကြီးတစ်ဦးက ပြောကြားသည်။
အဆင့်မြှင့်တင်ရေးဆောင်ရွက် ရာတွင် ပထမ အဆင့်အနေဖြင့် တံတား များအား အဆင့်မြှင့်တင်သွားမည် ဖြစ်ပြီး ယခုလေးလမ်းသွားအဆင့်မှ ခြောက်လမ်းသွားနှင့် နောက်ဆုံး အဆင့်ရှ စ်လမ်း သွားတံတား အဆင့် ပြုပြင် တည် ဆောက်သွားမည်ဖြစ် သည်။ ဒုတိယအဆင့်အနေဖြင့် အ မြန်လမ်းမကြီးအား ရှစ်လမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့ဖောက်လုပ် သွားမည်ဖြစ်သည်။

နောက်ဆုံး အဆင့်အနေဖြင့် လမ်းတစ်လျှောက် စီစီတီဗွီကင်မရာများ တပ်ဆင်သွား ပြီး ယာဉ်သွားလာမှုအခြေအနေများ ကို ဗဟိုထိန်းချုပ်ဌာနမှ စောင့်ကြည့် ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ''မြင့်နေတဲ့ လမ်းလယ် ကျွန်း တွေကိုနှိမ့်မယ်။ ပြီးရင် ခြံစည်းရိုး တွေကာမယ်။ လမ်းတစ်လျှောက် ဘေးဝဲယာမှာ Guard Rail တွေ အပြည့်တပ်ဆင်သွားမယ်။ လမ်းပေါ် ကို ကျွဲ၊ နွား တိရစ္ဆာန်တွေ၊ မော်တော် ဆိုင်ကယ်တွေ၊ လူတွေ ဖြတ်သန်း လို့မရအောင် ဆောင်ရွက်ခြင်းဖြစ် ပါတယ်။ အဲဒီအပြင် အမြန်လမ်းမ ကြီးနှင့်အပြိုင် ဝဲယာတစ်ဖက်တစ် ချက်မှာ ရွာတွေက လူတွေ အသုံး ပြုနိုင်မယ့် ယာဉ်ကြောတစ်ကြောပါ လမ်းတွေဖောက်သွားပေးဖို့ စီမံ ချက်တွေ ရေးဆွဲထားပါတယ်''ဟု အဆိုပါအရာရှိက ပြောသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးတစ်လျှောက်တွင် အပြည့်အဝ ထိန်းချုပ်နိုင်ရန် စီစီတီဗွီကင်မရာ အလုံး ၄ဝဝတပ်ဆင်ပါက လုံလောက် မှုရှိကြောင်း တွက်ချက်ထားပြီးဖြစ် သည်ဟုလည်း သိရ သည်။ အဆိုပါလမ်း အား နိုင်ငံတကာ အဆင့်မီလမ်းအဖြစ် မြှင့်တင်ရာတွင် USAID က ၁ဝကီလိုမီတာအရှည် ရှိသော လမ်းပုံစံတစ်ခုကို ရှေ့ပြေး တည်ဆောက်ရန် နည်းပညာ အကူ အညီ များပေးမည်ဟုလဲ သိရသည်။
ရန်ကုန်-မန္တလေးလမ်းမကြီး အဆင့်မြှင့်တင်ရန်အတွက် နိုင်ငံ တော်ဘဏ္ဍာအပြင် နိုင်ငံတကာမှ နည်းပညာနှင့် ငွေကြေး အကူအညီ များ ရယူဆောင်ရွက်သွားမည်ဟု သတင်း ရရှိ သည်။ ''အဆင့်တွေအားလုံးပြီးသွား ရင်တော့ ဒီလမ်းမကြီး ဟာ နိုင်ငံတ ကာမှာတွေ့ရတဲ့ အမြန်လမ်းမကြီး တွေအတိုင်းဖြစ်လာမှာဖြစ်ပြီး လက် ရှိကွန်ကရစ်လမ်းမကြီးတွေကနေ နိုင်လွန် ကတ္တရာ လမ်းမကြီးတွေအ သွင်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်'' ဟု ထိုအရာရှိကြီးကပြောဆိုသည်။
ရန်ကုန်-မန္တလေးလမ်းမကြီးအဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မေ ၁၅ရက် (ယနေ့) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရထားဝန်ကြီးဌာန၌ ပြုလုပ်မည့် သတင်း စာ ရှင်းလင်းပွဲ တွင် ရှင်းလင်းပြောကြားမည်ဟု သတင်းရရှိသည်။
၂၀၀၉ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ သည့် အဆိုပါလမ်းတွင် ယာဉ်တိမ်း မှောက်မှုကြောင့် ၃၆၇ ဦးသေဆုံးခဲ့ ပြီး ယခုနှစ်တွင် အဆိုပါအမြန်လမ်း တွင် ယာဉ်တိမ်းမှောက်မှု ၁၂မှုဖြစ် ပွားခဲ့ ကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - သက်ပိုင် (အလင်းပန်းချီ)
[--Democracy today Daily Newspaper--]


ရန်ကုန်၊ မေ ၁၄- လူ ၁၄ဦးအ သက်ဆုံးရှုံးခဲ့ရသည့် ရာဇာမင်းခရီး သည်တင်အမြန်ဘတ်စ်ကား ရန်ကုန် -မန္တလေးလမ်းမကြီး၌ တိမ်းမှောက် မှုဖြစ်အပြီး ၄၈နာရီအတွင်း အဆို ပါ သေမင်း တမံလမ်း မကြီးအား နိုင်ငံ တကာအဆင့် မြှင့်တင်ရန် အစိုးရ က ဆုံးဖြတ် လိုက်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြီး တန်းအရာရှိကြီးတစ်ဦးက ဒီမိုကရေ စီတူဒေးသို့ အတည် ပြုပြော ကြား သည်။

''ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးကို အဆင့်သုံးဆင့်ထားပြီး နိုင်ငံတကာအဆင့်မီ အဝေးပြေးလမ်း မကြီးဖြစ်အောင် ဆောင် ရွက်သွား မှာဖြစ်ပါတယ်။ Fully Access Control အဆင့်ရ အောင်
အဆင့် မြှင့်တင်သွားမယ်'' ဟု အဆိုပါအရာ ရှိကြီးတစ်ဦးက ပြောကြားသည်။
အဆင့်မြှင့်တင်ရေးဆောင်ရွက် ရာတွင် ပထမ အဆင့်အနေဖြင့် တံတား များအား အဆင့်မြှင့်တင်သွားမည် ဖြစ်ပြီး ယခုလေးလမ်းသွားအဆင့်မှ ခြောက်လမ်းသွားနှင့် နောက်ဆုံး အဆင့်ရှ စ်လမ်း သွားတံတား အဆင့် ပြုပြင် တည် ဆောက်သွားမည်ဖြစ် သည်။ ဒုတိယအဆင့်အနေဖြင့် အ မြန်လမ်းမကြီးအား ရှစ်လမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့ဖောက်လုပ် သွားမည်ဖြစ်သည်။

နောက်ဆုံး အဆင့်အနေဖြင့် လမ်းတစ်လျှောက် စီစီတီဗွီကင်မရာများ တပ်ဆင်သွား ပြီး ယာဉ်သွားလာမှုအခြေအနေများ ကို ဗဟိုထိန်းချုပ်ဌာနမှ စောင့်ကြည့် ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ''မြင့်နေတဲ့ လမ်းလယ် ကျွန်း တွေကိုနှိမ့်မယ်။ ပြီးရင် ခြံစည်းရိုး တွေကာမယ်။ လမ်းတစ်လျှောက် ဘေးဝဲယာမှာ Guard Rail တွေ အပြည့်တပ်ဆင်သွားမယ်။ လမ်းပေါ် ကို ကျွဲ၊ နွား တိရစ္ဆာန်တွေ၊ မော်တော် ဆိုင်ကယ်တွေ၊ လူတွေ ဖြတ်သန်း လို့မရအောင် ဆောင်ရွက်ခြင်းဖြစ် ပါတယ်။ အဲဒီအပြင် အမြန်လမ်းမ ကြီးနှင့်အပြိုင် ဝဲယာတစ်ဖက်တစ် ချက်မှာ ရွာတွေက လူတွေ အသုံး ပြုနိုင်မယ့် ယာဉ်ကြောတစ်ကြောပါ လမ်းတွေဖောက်သွားပေးဖို့ စီမံ ချက်တွေ ရေးဆွဲထားပါတယ်''ဟု အဆိုပါအရာရှိက ပြောသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးတစ်လျှောက်တွင် အပြည့်အဝ ထိန်းချုပ်နိုင်ရန် စီစီတီဗွီကင်မရာ အလုံး ၄ဝဝတပ်ဆင်ပါက လုံလောက် မှုရှိကြောင်း တွက်ချက်ထားပြီးဖြစ် သည်ဟုလည်း သိရ သည်။ အဆိုပါလမ်း အား နိုင်ငံတကာ အဆင့်မီလမ်းအဖြစ် မြှင့်တင်ရာတွင် USAID က ၁ဝကီလိုမီတာအရှည် ရှိသော လမ်းပုံစံတစ်ခုကို ရှေ့ပြေး တည်ဆောက်ရန် နည်းပညာ အကူ အညီ များပေးမည်ဟုလဲ သိရသည်။
ရန်ကုန်-မန္တလေးလမ်းမကြီး အဆင့်မြှင့်တင်ရန်အတွက် နိုင်ငံ တော်ဘဏ္ဍာအပြင် နိုင်ငံတကာမှ နည်းပညာနှင့် ငွေကြေး အကူအညီ များ ရယူဆောင်ရွက်သွားမည်ဟု သတင်း ရရှိ သည်။ 
 
''အဆင့်တွေအားလုံးပြီးသွား ရင်တော့ ဒီလမ်းမကြီး ဟာ နိုင်ငံတ ကာမှာတွေ့ရတဲ့ အမြန်လမ်းမကြီး တွေအတိုင်းဖြစ်လာမှာဖြစ်ပြီး လက် ရှိကွန်ကရစ်လမ်းမကြီးတွေကနေ နိုင်လွန် ကတ္တရာ လမ်းမကြီးတွေအ သွင်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်'' ဟု ထိုအရာရှိကြီးကပြောဆိုသည်။
ရန်ကုန်-မန္တလေးလမ်းမကြီးအဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မေ ၁၅ရက် (ယနေ့) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရထားဝန်ကြီးဌာန၌ ပြုလုပ်မည့် သတင်း စာ ရှင်းလင်းပွဲ တွင် ရှင်းလင်းပြောကြားမည်ဟု သတင်းရရှိသည်။

၂၀၀၉ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ သည့် အဆိုပါလမ်းတွင် ယာဉ်တိမ်း မှောက်မှုကြောင့် ၃၆၇ ဦးသေဆုံးခဲ့ ပြီး ယခုနှစ်တွင် အဆိုပါအမြန်လမ်း တွင် ယာဉ်တိမ်းမှောက်မှု ၁၂မှုဖြစ် ပွားခဲ့ ကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - သက်ပိုင် (အလင်းပန်းချီ)


ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့် ရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းဆိုမည်ဟု မဘသဆို

Photo: ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့် ရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းဆိုမည်ဟု မဘသဆို

ရန်ကုန်၊ မေ ၁၄

လာမည့် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သံဃာတော်များ ဝင်ရောက် မဲပေးခွင့် ရရှိရေးအတွက် သံဃာတော်များ ဆန္ဒပြုလက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ (ဗဟို) မကွေးကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက The Voice သို့ မိန့်ကြားသည်။

ပြည်ထောင်စု လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် သံဃာတော်များ မဲပေးခွင့် မရှိဟု ဆိုသော အချက်ကို ပယ်ဖျက်ပေးရန်အတွက် သံဃာတော်ထုများ လက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော် သံဃာ့မဟာနာယကနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက မိန့်ဆိုသည်။

“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အစည်းအဝေးမှာ တင်ပြမယ်။ မရရင် သီးသန့် အစီအစဉ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲအမီ  လုပ်ဆောင်မယ်။ နိုင်ငံတော်အရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု ၎င်းက ဆက်လက် မိန့်ကြားသည်။

သို့သော်လည်း သံဃာတော်များက လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ရန် ကြိုးပမ်းခြင်းသည် သံဃာတော်များအကြား ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများ ဖြစ်ပေါ်လာနိုင်ပြီး သံဃာ့ဝိနည်းများဖြင့် လျော်ညီခြင်း မရှိကြောင်း နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဝင် ဆရာတော် အရှင်သီရိက မိန့်ကြားသည်။
“မဲပေးခွင့် မရှိတာထက် ပေးခွင့် ပြုလိုက်ရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာကို ဝိနည်းကျွမ်းကျင်တဲ့ ဆရာတော်များနှင့် တိုင်ပင် ဆွေးနွေးသင့်ပါတယ်” ဟု ၎င်းက မိန့်ဆိုသည်။

သံဃာတော်များသည် နိုင်ငံအတွင်း နေထိုင်ကြသူများ ဖြစ်သောကြောင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိသင့်ကြောင်း ရခိုင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
“ပါတီထောင်ခွင့် မရှိရင်တောင်မှ မဲပေးခွင့်တော့ ပြင်ပေးသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲ မဲပေးခွင့်ကို ပြင်ဆင်လိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောကြားသည်။

“အရင်တုန်းကတော့ ဘာသာရေး ပုဂ္ဂိုလ်တွေကို နိုင်ငံရေးထဲမှာ ဝင်ရောက် ပတ်သက်ခြင်း မရှိဖို့ တားမြစ်ခဲ့တာတွေ ရှိတယ်။ သံဃာတော်တွေမှာ ပါတီစွဲတွေ ဖြစ်ပြီး ကွဲပြားနိုင်စရာတော့ ရှိတယ်” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

သေဆုံးသွားသူများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသော လွှတ်တော် ကိုယ်စားလှယ်များ၏ လစ်လပ် မဲဆန္ဒနယ်များအတွက် ပွင့်လင်းရာသီတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ရာ နိုင်ငံရေးအရ အလွဲသုံးစား မလုပ်ရန်နှင့် ဘာသာရေး အကြောင်းပြ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ပါက ဥပဒေအတိုင်း ထိရောက်စွာ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရွေးကောက် တင်မြှောက်ခြင်း အခန်း (၉) ပါ လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း ပုဒ်မ ၃၉၂ တွင် သာသနာ့ ဝန်ထမ်းများ၊ ထောင်ဒဏ်ကျ ခံနေရသူများ၊ စိတ်ပေါ့သွပ် နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခြင်း ခံရသူများ၊ လူမွဲအဖြစ် ဆုံးဖြတ်ကြေညာ ခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူများ၊ ရွေးကောက်တင်မြောက်ခြင်း ဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်း ခံရသူများ ဆန္ဒမဲ ပေးပိုင်ခွင့် မရှိကြောင်း ဖော်ပြပါရှိသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားခဲ့သည်။
 
လာမည့် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သံဃာတော်များ ဝင်ရောက် မဲပေးခွင့် ရရှိရေးအတွက် သံဃာတော်များ ဆန္ဒပြုလက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်း ဆိုသွားမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ (ဗဟို) မကွေးကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက The Voice သို့ မိန့်ကြားသည်။

ပြည်ထောင်စု လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် သံဃာတော်များ မဲပေးခွင့် မရှိဟု ဆိုသော အချက်ကို ပယ်ဖျက်ပေးရန်အတွက် သံဃာတော်ထုများ လက်မှတ် ကောက် ခံကာ နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော် သံဃာ့မဟာနာယကနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက မိန့်ဆိုသည်။

“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အစည်းအဝေးမှာ တင်ပြမယ်။ မရရင် သီးသန့် အစီအစဉ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲအမီ လုပ်ဆောင်မယ်။ နိုင်ငံတော်အရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု ၎င်းက ဆက်လက် မိန့်ကြားသည်။

သို့သော်လည်း သံဃာတော်များက လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ရန် ကြိုးပမ်းခြင်းသည် သံဃာတော်များအကြား ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများ ဖြစ်ပေါ်လာနိုင်ပြီး သံဃာ့ဝိနည်းများဖြင့် လျော်ညီခြင်း မရှိကြောင်း နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဝင် ဆရာတော် အရှင်သီရိက မိန့်ကြားသည်။
“မဲပေးခွင့် မရှိတာထက် ပေးခွင့် ပြုလိုက်ရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာကို ဝိနည်းကျွမ်းကျင်တဲ့ ဆရာတော်များနှင့် တိုင်ပင် ဆွေးနွေးသင့်ပါတယ်” ဟု ၎င်းက မိန့်ဆိုသည်။

သံဃာတော်များသည် နိုင်ငံအတွင်း နေထိုင်ကြသူများ ဖြစ်သောကြောင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိသင့်ကြောင်း ရခိုင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
“ပါတီထောင်ခွင့် မရှိရင်တောင်မှ မဲပေးခွင့်တော့ ပြင်ပေးသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲ မဲပေးခွင့်ကို ပြင်ဆင်လိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောကြားသည်။

“အရင်တုန်းကတော့ ဘာသာရေး ပုဂ္ဂိုလ်တွေကို နိုင်ငံရေးထဲမှာ ဝင်ရောက် ပတ်သက်ခြင်း မရှိဖို့ တားမြစ်ခဲ့တာတွေ ရှိတယ်။ သံဃာတော်တွေမှာ ပါတီစွဲတွေ ဖြစ်ပြီး ကွဲပြားနိုင်စရာတော့ ရှိတယ်” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

သေဆုံးသွားသူများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသော လွှတ်တော် ကိုယ်စားလှယ်များ၏ လစ်လပ် မဲဆန္ဒနယ်များအတွက် ပွင့်လင်းရာသီတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ရာ နိုင်ငံရေးအရ အလွဲသုံးစား မလုပ်ရန်နှင့် ဘာသာရေး အကြောင်းပြ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ပါက ဥပဒေအတိုင်း ထိရောက်စွာ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရွေးကောက် တင်မြှောက်ခြင်း အခန်း (၉) ပါ လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း ပုဒ်မ ၃၉၂ တွင် သာသနာ့ ဝန်ထမ်းများ၊ ထောင်ဒဏ်ကျ ခံနေရသူများ၊ စိတ်ပေါ့သွပ် နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခြင်း ခံရသူများ၊ လူမွဲအဖြစ် ဆုံးဖြတ်ကြေညာ ခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူများ၊ ရွေးကောက်တင်မြောက်ခြင်း ဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်း ခံရသူများ ဆန္ဒမဲ ပေးပိုင်ခွင့် မရှိကြောင်း ဖော်ပြပါရှိသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများ တွင်လည်း ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် က ထုတ်ပြန်ထားခဲ့သည်။

The Voice Weekly

၂၀၁၄ အာရှဖလား(အမျိုးသမီး) ဘောလုံးပြိုင်ပွဲအုပ်စု(ခ)၊ မြန်မာ ၀-၁၂ တောင်ကိုးရီးယား (FT)

Photo: ၂၀၁၄ အာရှဖလား(အမျိုးသမီး)
ဘောလုံးပြိုင်ပွဲအုပ်စု(ခ)
Friday, May 16, 2014

မြန်မာ ၀-၁၂ တောင်ကိုးရီးယား (FT)

နှစ်သင်းကြားအဆင့်အတန်းအလွန်
ကွာဟမှု၊လူကောင်အရွယ်အစားချင်း
မတရားကွာဟမှုစသည်တို့ကြောင့်
အာရှထိပ်သီး၊ကမ္ဘာ့တန်းဝင်အသင်း
တစ်သင်းကိုရှုံးသင့်သည်ထက်ပိုမို
အရေးနိမ့်သွားခဲ့တယ်လို့
မြင်မိပါတယ်။မြန်မာအမျိုးသမီး
လက်ရွေးစင်အသင်းဟာလာမယ့်
မေလ ၁၇ ရက်နေ့၊မြန်မာစံတော်ချိန်
ည ၄း၄၅ မှာ တရုတ်အမျိုးသမီး
လက်ရွေးစင်အသင်းနဲ့ဆက်လက်
ယှဉ်ပြိုင်ကစားရမှာပါ။

The Top Soccer League Channel
 
   မြန်မာ ၀-၁၂ တောင်ကိုးရီးယား (FT) နှစ်သင်းကြားအဆင့်အတန်းအလွန်ကွာဟမှု၊လူကောင်အရွယ်အစားချင်းမတရား
ကွာဟမှုစသည်တို့ကြောင့်အာရှထိပ်သီး၊ကမ္ဘာ့တန်းဝင်အသင်းတစ်သင်းကိုရှုံးသင့်သည်ထက် ပိုမိုအရေးနိမ့်သွားခဲ့တယ်လို့
မြင်မိပါတယ်။

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာလာမယ့် မေလ ၁၇ ရက်နေ့၊မြန်မာစံတော်ချိန် ည ၄း၄၅ မှာ တရုတ်အမျိုးသမီးလက်ရွေးစင်အသင်းနဲ့ဆက်လက်ယှဉ်ပြိုင်ကစားရမှာပါ။

The Top Soccer League Channel
 

သည်းခြေမှကျောက်ကို သဘာဝနည်းဖြင့် ဖယ်ရှားနည်း

Photo: သည်းခြေမှကျောက်ကို သဘာဝနည်းဖြင့် ဖယ်ရှားနည်း
Friday, May 16, 2014

အစာစားပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ၀မ်းဗိုက်နာနေခြင်း၊ အစာမကြေသလိုခံစားခြင်း၊ အသည်းမှာ နာနေခြင်း စသည့်ဖြစ်နေလျှင် အသည်းမှာ ကျောက်တည်နေပါပြီ။
ဆေးများစုံနေအောင် သောက်သော်လည်း မပျောက်၍သော်၎င်း၊ ဆေးရုံတက်၍ ခွဲစိပ်ရန်အဆင်မပြေ၍သော်၎င်း ရောဂါဝေဒနာကို ခံစားနေလျှင် အောက်ပါ သဘာဝကုထုံးလေးဖြင့် ကုသနိုင်ကြပါတယ်။
၁။ တစ်နေ့ကို ပန်းသီး ၄ လုံးစားပေးပါ။ သို့မဟုတ် ပန်းသီးဖျော်ရည်(Apple Juice) ၄ ခွက် သောက်ပေးပါ။

၂။ ၅ ရက်ဆက်တိုက် စားပါ။ (အစားအစာများကိုလည်း ပုံမှန်စားနိုင်ပါတယ်)
၃။ ၆ ရက်မြောက်နေ့မှာ ညစာမစားပဲ ညနေ ၆ နာရီခန့်နှင့် ည ၈ နာရီခန့်မှာ ဆားခါးတစ်ဇွန်းကို ရေနွေးတစ်ခွက်နဲ့ သောက်ပေးပါ။
၎။ ညအိပ်ယာမ၀င်ခင် ၁၀ နာရီခန့်မှာ သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီစစ်စစ် ထမင်းစားဇွန်း တစ်ဇွန်းခန့်ကို သံပရာရည်နှင့် သေချာစွာ ရောမွှေပြီး သောက်ပေးပါ။

ပန်းသီးသည် သည်းခြေမှ ကျောက်များကို ပျော့သွားစေနိုင်ပါသည်။ သဘာဝဆေးဖက်ဝင် သစ်သီးဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးလည်း မရှိပါ။ ဆားခါးသည် သည်းခြေ၏ အိတ်ပြွန်များကို ပွင့်စေပါသည်။ ဆီသည် သည်းခြေမှ ကျောက်များကို လွယ်ကူချောမွေ့ စွာ လျောကျသွားစေနိုင်ပါသည်။
နောက်တစ်နေ့ နံနက်အိပ်ယာမှာ ရေအ၀သောက်ပြီး ၃ မိနစ်ခန့် လမ်းလျှောက်ပေးပါ။ ပြီးလျှင် ၀မ်းသွားသည့်အခါ ကျောက်များပါသွားလိမ့်မည်။
ကျောက်ရောဂါကို ခံစားနေရသော ဝေဒနာရှင်များ သက်သာပျောက်ကင်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း သဘာဝကုထုံးဆေးနည်းလေးကို ဒါနပြုလိုက်ပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ ကြေးမုံသတင်းစာ
ကျန်းမာရေးသတင်းများ 
 
 အစာစားပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ၀မ်းဗိုက်နာနေခြင်း၊ အစာမကြေသလိုခံစားခြင်း၊ အသည်းမှာ နာနေခြင်း စသည့်ဖြစ်နေလျှင် အသည်းမှာ ကျောက်တည်နေပါပြီ။
ဆေးများစုံနေအောင် သောက်သော်လည်း မပျောက်၍သော်၎င်း၊ ဆေးရုံတက်၍ ခွဲစိပ်ရန်အဆင်မပြေ ၍သော်၎င်း ရောဂါဝေဒနာကို ခံစားနေလျှင် အောက်ပါ သဘာဝကုထုံးလေးဖြင့် ကုသနိုင်ကြပါတယ်။
၁။ တစ်နေ့ကို ပန်းသီး ၄ လုံးစားပေးပါ။ သို့မဟုတ် ပန်းသီးဖျော်ရည်(Apple Juice) ၄ ခွက် သောက်ပေးပါ။

၂။ ၅ ရက်ဆက်တိုက် စားပါ။ (အစားအစာများကိုလည်း ပုံမှန်စားနိုင်ပါတယ်)
၃။ ၆ ရက်မြောက်နေ့မှာ ညစာမစားပဲ ညနေ ၆ နာရီခန့်နှင့် ည ၈ နာရီခန့်မှာ ဆားခါးတစ်ဇွန်းကို ရေနွေး တစ်ခွက်နဲ့ သောက်ပေးပါ။
၎။ ညအိပ်ယာမ၀င်ခင် ၁၀ နာရီခန့်မှာ သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီစစ်စစ် ထမင်းစားဇွန်း တစ်ဇွန်းခန့်ကို သံပရာရည်နှင့် သေချာစွာ ရောမွှေပြီး သောက်ပေးပါ။

ပန်းသီးသည် သည်းခြေမှ ကျောက်များကို ပျော့သွားစေနိုင်ပါသည်။ သဘာဝဆေးဖက်ဝင် သစ်သီးဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးလည်း မရှိပါ။ ဆားခါးသည် သည်းခြေ၏ အိတ်ပြွန်များကို ပွင့်စေပါသည်။ ဆီသည် သည်းခြေမှ ကျောက်များကို လွယ်ကူချောမွေ့ စွာ လျောကျသွားစေနိုင်ပါသည်။
နောက်တစ်နေ့ နံနက်အိပ်ယာမှာ ရေအ၀သောက်ပြီး ၃ မိနစ်ခန့် လမ်းလျှောက်ပေးပါ။ ပြီးလျှင် ၀မ်းသွားသည့်အခါ ကျောက်များပါသွားလိမ့်မည်။

ကျောက်ရောဂါကို ခံစားနေရသော ဝေဒနာရှင်များ သက်သာပျောက်ကင်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း သဘာဝကုထုံးဆေးနည်းလေးကို ဒါနပြုလိုက်ပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ ကြေးမုံသတင်းစာ
ကျန်းမာရေးသတင်းများ


ဖွဲ့စည်းပုံပြင်ရေး ဥပဒေဘောင်တွင်းကလုပ်ဖို့ ဦးသိန်းစိန်ပြော

Photo: ဖွဲ့စည်းပုံပြင်ရေး ဥပဒေဘောင်တွင်းကလုပ်ဖို့ ဦးသိန်းစိန်ပြော 
Friday, May 16, 2014

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပညာရေးဝန်ကြီး အပါအဝင် ပြည်ထောင်စုဝန်ကြီး တချို့ဟာ မန္တလေးမြို့ကို ဒီကနေ့ရောက်ရှိလာပြီး မန္တလေးတိုင်းအတွင်း ၄၅ ရက်တာလုပ်ခဲ့တဲ့ စာမတတ်သူပပျောက်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လုပ်အားပေး ဆရာ ဆရာမတွေနဲ့ သင်တန်းသားတွေကို ဂုဏ်ပြုညစာစားပွဲနဲ့ ဧည့်ခံခဲ့ပါတယ်။

ဒီပွဲမှာ သမ္မတဦးသိန်းစိန်က မကြာခင်ကြုံတွေရတော့မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တရားမျှတပြီးလွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့ကို ဥပဒေဘောင်အတွင်းက လုပ်ကိုင်ကြဖို့ ၊ ဒီကိစ္စတွေကြောင့် တိုင်းပြည် ဆူဆူပူပူ ဖြစ်မှာကို ဘယ်သူကမှ လိုလားမှာ မဟုတ်ကြောင်း ပြောသွားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲတွေ လုပ်မယ့်ခရီးစဉ်မတိုင်ခင် ချိန်ကိုက်လာတာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်တုံးကလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ပွဲမတိုင်ခင် မန္တလေးကို ဦးသိန်းစိန် ဒီလိုပဲ လာရောက်ခဲ့ဘူးပြီး စစ်ကိုင်းတက္ကသိုလ်အဆင့် ပေးသွားခဲ့တာမျိုးရှိခဲ့တယ်လို့ မန္တလေးမြို့က မြန်မာနိုင်ငံရှေ့နေများကွန်ယက်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက သုံးသပ်ပါတယ်။

ဦးသိန်းစိန်ဟာ နန်းတွင်းထဲကို သွားရောက်လေ့လာစစ်ဆေးခဲ့သလို အထွေထွေရောဂါကု ဆေးရုံကြီးနဲ့ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးကိုလည်း သွားရောက်စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း) 
 
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပညာရေးဝန်ကြီး အပါအဝင် ပြည်ထောင်စုဝန်ကြီး တချို့ဟာ မန္တလေးမြို့ကို ဒီကနေ့ရောက်ရှိလာပြီး မန္တလေးတိုင်းအတွင်း ၄၅ ရက်တာလုပ်ခဲ့တဲ့ စာမတတ်သူပပျောက်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လုပ်အားပေး ဆရာ ဆရာမတွေနဲ့ သင်တန်းသားတွေကို ဂုဏ်ပြုညစာစားပွဲနဲ့ ဧည့်ခံခဲ့ပါတယ်။

ဒီပွဲမှာ သမ္မတဦးသိန်းစိန်က မကြာခင်ကြုံတွေရတော့မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့ကို ဥပဒေဘောင်အတွင်းက လုပ်ကိုင်ကြဖို့ ၊
ဒီကိစ္စတွေကြောင့် တိုင်းပြည် ဆူဆူပူပူ ဖြစ်မှာကို ဘယ်သူကမှ လိုလားမှာ မဟုတ်ကြောင်း ပြောသွား ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲတွေ လုပ်မယ့်ခရီးစဉ်မတိုင်ခင် ချိန်ကိုက်လာတာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်တုံးကလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ပွဲမတိုင်ခင် မန္တလေးကို ဦးသိန်းစိန် ဒီလိုပဲ လာရောက်ခဲ့ဘူးပြီး စစ်ကိုင်းတက္ကသိုလ်အဆင့် ပေးသွားခဲ့တာမျိုးရှိခဲ့တယ်လို့ မန္တလေးမြို့က မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက သုံးသပ်ပါတယ်။

ဦးသိန်းစိန်ဟာ နန်းတွင်းထဲကို သွားရောက်လေ့လာစစ်ဆေးခဲ့သလို အထွေထွေရောဂါကု ဆေးရုံကြီးနဲ့ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးကိုလည်း သွားရောက်စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည်

Photo: ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည်
Friday, May 16 ,2014

အရပ်သားအစိုးရ လက်ထက်တွင် ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦတင်အေးက ပြောကြားသည်။

မေလ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် Sky Star ဟိုတယ်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ ကျင်းပမည့် ရက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ နောက်ဆုံးပတ် ဒါမှမဟုတ် ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပပေးနိုင်မှာပါ။ သေချာမယ့် ရက်ကို ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းအတွက် လစ်လပ် မဲဆန္ဒနယ်များ ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တို့ကို စမ်းသပ် ကောက်ယူရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်များ အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ကျင်းပမည့်ရက် တရားဝင် ကြေညာပြီးမှသာ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို အပြီးသတ် ရွေးချယ်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။
“အောင်နိုင်မယ်၊ မအောင်နိုင်ဘူး ဆိုတာက လူထုက ရွေးချယ်ပါလိမ့်မယ်။ လုပ်စရာ ရှိတာကို လုပ်ရမှာပေါ့” ဟု ၎င်းကဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အောင်နိုင်ရေးသာမက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကို စတင် လုပ်ဆောင်နေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးဦးက ပြောကြားသည်။
“ကြားဖြတ် ဆိုတာက လစ်လပ်နေတဲ့ ကိုယ်စားလှယ်တွေကို အစားထိုးတာပါ။ အထွေထွေ ရွေးကောက်ပွဲ ဆိုတာ အစိုးရအသစ် ရွေးတာလေ။ အဲဒီတော့ နှစ်ခုစလုံးကို အာရုံစိုက်ထားပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လစ်လပ်နေသော မဲဆန္ဒနယ် ၄၅ နေရာအတွက် ကျင်းပပေးခဲ့သည်။

နယ်မြေအေးချမ်းမှု မရှိသော ဒေသများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသူ၊ သေဆုံးသွားသူ ကိုယ်စားလှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ဒုတိယ အကြိမ်မြောက် ရွေးကောက်ပွဲကို ယခုနှစ် ပွင်းလင်းရာသီတွင် ကျင်းပပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ပြောကြားထားသည်။

ယခုနှစ်အတွင်း ကြာဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်နေသော မဲဆန္ဒနယ် မြို့နယ်များမှာ ဖားကန့်၊ ဗန်းမော်၊ မိုးကောင်း၊ ဝိုင်းမော်၊ လှိုင်းဘွဲ့၊ ဟားခါး၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ဒီပဲယင်း၊ မြိတ်၊ ထားဝယ်၊ ကံမ၊ ရေနံချောင်း၊ အောင်မြေသာဇံ၊ မိုးကုတ်၊ ဂွ၊ မင်းပြား၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ အင်စိန်၊ ပန်းဘဲတန်း၊ ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဆိပ်ကမ်း၊ နမ့်ခမ်း၊ တာချီလိတ်၊ မိုင်းယောင်း၊ တန့်ယန်း၊ ပန်းတနော်၊ ရေကြည်မြို့နယ်တို့ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

The Voice Weekly
 
 အရပ်သားအစိုးရ လက်ထက်တွင် ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦတင်အေးက ပြောကြားသည်။
မေလ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်
 
 Sky Star ဟိုတယ်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင်
 ရွေးကောက်ပွဲ ကျင်းပမည့် ရက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ နောက်ဆုံးပတ် ဒါမှမဟုတ် ဒီဇင်ဘာ ပထမပတ်အတွင်း
ကျင်းပပေးနိုင်မှာပါ။ သေချာမယ့် ရက်ကို ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းအတွက် လစ်လပ် မဲဆန္ဒနယ်များ ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တို့ကို စမ်းသပ် ကောက်ယူရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်များ အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ကျင်းပမည့်ရက် တရားဝင် ကြေညာပြီးမှသာ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို အပြီးသတ် ရွေးချယ်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။
“အောင်နိုင်မယ်၊ မအောင်နိုင်ဘူး ဆိုတာက လူထုက ရွေးချယ်ပါလိမ့်မယ်။ လုပ်စရာ ရှိတာကို လုပ်ရမှာပေါ့” ဟု ၎င်းကဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အောင်နိုင်ရေးသာမက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများကို စတင် လုပ်ဆောင်နေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးဦးက ပြောကြားသည်။
“ကြားဖြတ် ဆိုတာက လစ်လပ်နေတဲ့ ကိုယ်စားလှယ်တွေကို အစားထိုးတာပါ။ အထွေထွေ ရွေးကောက်ပွဲ ဆိုတာ အစိုးရအသစ် ရွေးတာလေ။ အဲဒီတော့ နှစ်ခုစလုံးကို အာရုံစိုက်ထားပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လစ်လပ်နေသော မဲဆန္ဒနယ် ၄၅ နေရာအတွက် ကျင်းပပေးခဲ့သည်။

နယ်မြေအေးချမ်းမှု မရှိသော ဒေသများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသူ၊ သေဆုံးသွားသူ ကိုယ်စားလှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ဒုတိယ အကြိမ်မြောက် ရွေးကောက်ပွဲကို ယခုနှစ် ပွင်းလင်းရာသီတွင် ကျင်းပပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ပြောကြားထားသည်။

ယခုနှစ်အတွင်း ကြာဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်နေသော မဲဆန္ဒနယ် မြို့နယ်များမှာ ဖားကန့်၊ ဗန်းမော်၊ မိုးကောင်း၊ ဝိုင်းမော်၊ လှိုင်းဘွဲ့၊ ဟားခါး၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ဒီပဲယင်း၊ မြိတ်၊ ထားဝယ်၊ ကံမ၊ ရေနံချောင်း၊ အောင်မြေသာဇံ၊ မိုးကုတ်၊ ဂွ၊ မင်းပြား၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ အင်စိန်၊ ပန်းဘဲတန်း၊ ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဆိပ်ကမ်း၊ နမ့်ခမ်း၊ တာချီလိတ်၊ မိုင်းယောင်း၊ တန့်ယန်း၊ ပန်းတနော်၊ ရေကြည်မြို့နယ်တို့ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

The Voice Weekly

အမြန်လမ်း လေးလမ်းသွားကို ရှစ်လမ်းသွားအဖြစ် ပြုပြင်ပါက ဘီလီယံ ၅၅၀ ကျော် ထပ်မံကုန်ကျမည်

 

ကျပ် ၉၁၇ ဘီလီယံခန့် ကုန်ကျထားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း လေးလမ်းသွားကို စံချိန်စံညွှန်းမီ ရှစ်လမ်းသွားအဖြစ် ပြုလုပ်ပါက ကျပ် ဘီလီယံ ၅၅၀ ခန့် ထပ်မံကုန် ကျမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က The Voice သို့ ပြော ကြားသည်။

“တစ်မိုင်ကို ၂ ဒသမ ၅ ဘီလီယံ ကုန်ခဲ့တာ။ ခုဆက်လုပ်ရင် ၆၀ ရာခိုင်နှုန်းအထက် ကုန်ဦးမယ်” ဟု ၎င်းကဆိုသည်။

အမေရိကန်အစိုးရ၏ နည်းပညာ အကူအညီဖြင့် ပြုပြင်ရန် စီစဉ်လျက် ရှိသော အမြန်လမ်းကို လမ်းတစ်ခြမ်းလျှင် ယာဉ်လေးစီး မောင်းနှင်နိုင်သည့် ရှစ်လမ်းသွားအဖြစ် ပြုလုပ်သွားမည် ဖြစ်သောကြောင့်
ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
အဆိုပါလမ်း ထပ်မံ ဖောက်လုပ်ခြင်းကို မကြာမီ ပြုလုပ်ရန် စီစဉ်ထားသော်လည်း သတ်မှတ်ထားသည့် အချိန်ကာလကိုမူ ၎င်းက ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

အဆိုပါ လေးလမ်းသွားကို လက်ရှိ အချိန်တွင် မိုင် ၃၀ ကျော်အထိ နိုင်လွန်ကတ္တရာ ထပ်ပိုးခင်းနေပြီး ပြုပြင်ရေးလုပ်ငန်းနှင့် ရှစ်လမ်းသွားလမ်း ဆက်လက် လုပ်ဆောင်ပါက အဝေးပြေးယာဉ်များ သွားလာနိုင်ရန် လမ်းနေရာပေး၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားနိုင်သည့် အခြေအနေများ လျော့ကျရန် အချက်ပြမီး ပြု လုပ်ခြင်း၊ ရောင်ပြန်များ တပ်ဆင်ခြင်း၊ လမ်းအချက်ပြ သင်္ကေတနှင့် မိုင်နှုန်းတိုင်း ကိရိယာ တပ်ဆင်ခြင်း လုပ်ငန်းများ၏ လုပ်ဆောင်ပြီးစီးမှု အခြေအနေမှာ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း တစ်လမ်းသာ ဖောက်လုပ်ထားသော်လည်း အမြန်လမ်းဆိုင်ရာ ဥပဒေကို ရေးဆွဲပြီးစီးပါက ပြည်သူ့လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း ဒုဝန်ကြီး ဦးစိုးတင့်က ထပ်လောင်း ပြောဆိုသည်။

The Voice Weekly

၁၆-၅- ၂၀၁၄ မှ ၂၂-၅-၂၀၁၄ အထိ ၇ ရက်သားသမီးဟောစာတမ်း



တနင်္ဂနွေ
ဤတပတ် ကံဇာတာကောင်းတဝက် ၊ မကောင်းတဝက် ဖြစ်ပါတယ်။ လုပ်ငန်း တစ်ချို့ ထစ်ငေါ့ မှု့ ဖြစ်မည်။ သို့သော် အဆင်ပြေမှုရမည်။ ကျန်းမာရေး ဂရုစိုက်ပါ။ခေါင်းကိုက် ၊ ခေါင်းခဲ ၊ မူးဝေမှု၊ အော့အန်မှု၊ အစာမကြေမှုတို့ ဖြစ်တတ်တယ်။ ငွေကြေးကိစ္စ အဆင်ပြေမည်။ စက် ၊ ရွှေ တို့ဝင်ခြင်း ၊ ထွက်ခြင်း ဖြစ်မည်။ အချစ်ရေး ကောင်းတယ်။ ယာယီ ခရီးလေးတွေရောက်မည်။

အကျိုးပေးဂဏန်း - ၁၊၆၊၄။
အထူးဟော - လူယုံမထားရ။
ယတြာ - အိမ် ဘုရားကို ရေသပ္ပါယ်ပါ။

တနင်္လာ

ဤတပတ် အားလုံးအဆင်ပြေမည်။ ရည်ရွယ်ချက်များ တစ်ခုပြီးမှ တစ်ခု လုပ်ပါ။ ဆက်တိုက်ကံကောင်း လိမ့်မည်။ မနာလို ဝန်တို သူရှိနေ၍ သတိထားပါ။ စကားကို အလွန်အကျွံ ကတိမခံနှင့်။ ခရီးထွက်ရန်ရှိမည်။ လမ်းခရီးအန္တရာယ်လုံးဝမရှိပါ။ အချစ်ရေး မမျှော်လင့်ဘဲ ယူဖြစ်မည်။ အကြီးအကဲ မိဘတို့က လုံးဝသဘောမတူဖြစ်နေမည်။ ငွေဝင်မည်။ စက်ဝင်မည်။ ရွှေထွက်မည်။ ခြေ ၁ ဖက် ထိခိုက်မိမည်။ အထင်လွဲခံရမည်။  
 
 အကျိုးပေးဂဏန်း - ၂၊ ၄၊၆။
အထူးဟော - သတိမလွတ်စေနှင့်။
ယတြာ - တနင်္လာ နံနက်မှာ ငါးအရှင် သက်စေ့ မွေးနေ့ မှာ လွှတ်လိုက်ပါ။

အင်္ဂါ

အကြီးအကဲတွေနှင့် အဆင်ပြေသော်လည်း အောက်လက်ငယ်သားလူတွေက အကောင်းမမြင် အပြစ်တင်မှု ဖြစ်မည်။ စကားပြောဆင်ခြင်ပါ။ လွတ်လပ်မှုတွေဝါသနာပါခြင်းကြောင်း ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားမှု့များ အောင်မြင်မည်။ လုပ်ငန်း ကူးပြောင်းမှုနေရာအိမ်ပြောင်းရွှေ့ မှု ဖြစ်မည်။ အိမ်ထောင်ဖက်အပြင် နောက် ၁ယောက်နှင့် ဖောက်ပြန်မှုတွေဖြစ်မည်။ အချစ်ရေးမှာ ချစ်သူ ထပ်တွေ့မည်။
 
အကျိုးပေးဂဏန်း - ၃၊၉၊၆။
အထူးဟော - အားလုံးအဆင်ပြေမှု့တွေဖြစ်မည်။
ယတြာ - အင်္ဂါနေ့မှာ အိမ်ဘုရားကို အုန်းဆွမ်းကပ်ပါ။

ဗုဒ္ဓဟူး

          အပြောတစ်ခြား အလုပ်တစ်ခြား ဖြစ်တတ်၏။ ကိုယ့်အတွက် နှင့် သူများ စိတ်အနှောင့်အယှက် မဖြစ်စေနှင့်။ အချစ်ရေးမှာ သူများချစ်သူ ကိုယ်ရည်းစားဖြစ်တတ်သည်။ လူလိမ် ၊ ငွေလိမ် ခံရမည်။ ပညာရေးအောင်မြင် မှု့တွေရမည်။ ပြည်တွင်း၊ပြည်ပ ခရီးများ သွားဖြစ်မည်။ ကူညီသူပေါ်မည်။ စပ်တူရှယ်ယာ လုပ်ငန်းများအောင်မြင်မည်။ 

အကျိုးပေးဂဏန်း - ၄၊၉၊၂။
အထူးဟော - ဆုံးဖြတ်ချက် မမှားစေနှင့်။
ယတြာ -  အိမ်ဘုရားကို ရေအေး ရေသက်စေ့ ရေသပ္ပါယ်ပါ။

ကြာသပတေး

မပြတ်သားလျှင် ကိုယ်ခံရမည့်ကိန်းဖြစ်တတ်သည်။ ပွင့်လင်း ၊ပြတ်သားမှု ၊ ဆုံးဖြတ်ချက် ခိုက်မာမှု  ရှိသင့်သည်။ လူခင်ခြင်း မုန်းရတတ်သည်။ အဝေးမိတ်ဆွေ ကူညီမှု့ရမည်။ အနီးမိတ်ဆွေညံ့တယ်။ လူရွေးပေါင်းဖြစ်မည်။ လုပ်ငန်းပြောင်းလဲမှု့ အချစ်ရေးပြောင်းလဲမှု့ အိမ်ထောင်ရေး ဖောက်ပြန်မှု့ တို့ဖြစ်ကိန်းကြုံမည်။ စက် ၊ မြေ ၊ အိမ် ၊ ကား တို့ပြောင်းလဲမှု ဝင် ၊ ထွက်မှုဖြစ်မည်။ ငွေအစုလိုက်ဝင်ခြင်း ၊ 
ထွက်ခြင်းတို့ဖြစ်မည်။ လူယုံမထားရ။

အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၄။
အထူးဟော - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
ယတြာ - ကြာသပတေးနေ့နံနက်တွင် အောင်သပြေ ၁၉ ညွန့် အိမ်ဘုရားကို ကပ်၍ ဆုတောင်းပါ။
 
သောကြာ
ရည်ရွယ်ချက်များ ၊ ဆုံးဖြတ်ချက်များ ၊ ဆောင်ရွက်မှုများ ခိုင်မာအောင် ကြိုးစားပါ။ စိတ်ဓာတ်ကြံ့ခိုင်မှ သင့် ဘဝ ဖြောင့်ဖြူးမည်။ ခရီးယာယီတွေရောက်မည်။ အပေါင်းအသင်းတချို့နှင့် စိတ်ဝမ်းကွဲ မည်။ ချေးသောငွေ ပြန်မရတတ်ပါ။ လုပ်ငန်း ကိစ္စ အဆင်ပြေမည်။ အချစ်ရေးကိစ္စ ပြောင်း လဲမှု့ ဖြစ်ကုန်မယ်။ စက် ၊ မြေ ၊ အိမ်တို့ ပြုပြင် မှု့ နှင့် ပြောင်းလဲမှုတွေဖြစ်မည်။ စပ်တူစီးပွားရေးမလုပ်ရ။ ထီထိုးထားပါ။ လူမျိုးကွဲ နှင့် စပ်တူထိုးပါ။ အရှေ့တောင်အရပ်အသွား အလာဆင်ခြင်ပါ။
 
အကျိုးပေးဂဏန်း - ၆၊၉၊၁။
အထူးဟော - စဉ်းစားဆင်ခြင်မှုရှိပါစေ။
ယတြာ - သောကြာနေ့မှာ ဘုရားကို ရွှေသင်္ကန်းကပ်ပါ။ 

စနေ
စကားပြောဆင်ခြင်ပါ။ စကားထဲမှ အမှားပါတတ်သောကာလဖြစ်သည်။ အတိုက်အခံ၊ ပြိုင်ဆိုင်သူ ပေါ်မည်။ သည်းခံမှု့ဖြင့် အနိုင်ယူပါ။ လုပ်ငန်း ၊ ပညာရေး ၊ စီးပွားရေး ၊ အချစ်ရေး အားလုံးကောင်းမည်။ အလုပ်အကိုင် တိုးတက်မှုတို့ရှိခြင်း ၊ အလုပ်ရခြင်း၊ ဝင်ငွေကောင်းခြင်း တို့ဖြစ်မည်။ မမျှော်လင့်ဘဲ ခရီးသွားရမည်။ အဝေးက မိတ်ဆွေ များ သူငယ်ချင်းများ အကူအညီရမည်။ အနီးမိတ်ဆွေ ဂရုစိုက်ပါ။ ခြေ ဖျား ၊ လက်ဖျားများခိုက်မိခြင်း ၊ အနာရခြင်း ဖြစ်တတ်သည်။ အန္တရာယ်မရှိပါ။ စာမေးပွဲ ဖြေဆိုမှု များအောင်မြင်မည်။   
 
အကျိုးပေးဂဏန်း         - ၂၊၇၊၄။
အထူးဟော               - တိုးတက်မှု ဖြစ်မည်။
ယတြာ           - စနေနေ့တွင် ဆွမ်းလောင်းပါ။ 


Ref : http://www.myanmartharkaung.net




မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေလွှဲလုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုလုပ်နိုင်မည့် မိုဘိုင်းပိုက်ဆံစနစ်ကို အူရီဒူးက မြန်မာနိုင်ငံတွင် မိတ်ဆက်မည်

ရန်ကုန်၊ ကာတာတယ်လီကွန်း(အူရီဒူး)က အရှေ့ အလယ်ပိုင်း၊ အာဖရိကနှင့် အရှေ့တောင်အာရှ ဒေသ တို့တွင် မိုဘိုင်းပိုက်ဆံ ဦးဆောင်ဦးရွက် အစီအစဉ် Mobile Money ကို စတင်လိုက် ခြင်းသည် ဘဏ်လုပ်ငန်းစနစ်ချည့်နဲ့အားနည်း လှသော မြန်မာနိုင်ငံအတွက် ကြီးမားသော ခြေ လှမ်းတစ်ရပ် ဖြစ်လာမည်ဟု Gulf Times သတင်းစာက ရေးသားလိုက်သည်။

သန်း ၆ဝ ခန့်ရှိမည်ဟုခန့်မှန်းထားသော မြန်မာနိုင်ငံတွင် လူဦးရေစုစုပေါင်း၏ ရာခိုင် နှုန်း ၈ဝ မှာ ဘဏ်ဝန်ဆောင်မှုများနှင့်ဝေးနေ ပြီး အချို့ဆိုလျှင် ဘဏ်စာရင်းပင်ဖွင့်ထားနိုင် ခြင်းမရှိကြောင်း အဆိုပါသတင်းက ဆက်လက် ရေးသားထားသည်။
ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းရန် အတွက် အူရီဒူးက မိုဘိုင်းဖုန်းသုံးကာ ငွေလွှဲ နိုင်သည့် မိုဘိုင်းပိုက်ဆံစနစ်ကို မိတ်ဆက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ တွင် မြန်မာနိုင်ငံ၌
လူဦးရေ၏ ၁၂ရာခိုင်နှုန်း ခန့်သာ မိုဘိုင်းဖုန်းသုံးစွဲနိုင်ရာ မိုဘိုင်းဆက်သွယ် ရေးအော်ပရေတာ အသစ်များကြောင့် လာမည့် နှစ်အနည်းငယ်အတွင်း လူဦးရေထက်ဝက်ခန့် မိုဘိုင်းဖုန်းသုံးစွဲနိုင်မည့် အလားအလာရှိနေ ကြောင်းလည်း ဈေးကွက်သုတေသနပညာ ရှင်များက ခန့်မှန်းထားကြသည်။

CB Bank IT ဌာနမှ ဦးဇေယျာအောင် က ''Mobile Banking စနစ်ကတော့ ဘဏ် တွေအတွက် ဝန်ဆောင်မှုတစ်ခုပေါ့။ အခုလိုမျိုး ဖုန်းကနေ ငွေလွှဲတဲ့စနစ် လုပ်နိုင်ပြီဆိုရင်တော့ ဘဏ်တွေကို လာစရာမလိုတော့ဘူးပေါ့။ အခု အစ်ကိုတို့က မြန်မာ့ဆက်သွယ်ရေးနက်ဝပ်ကို ပဲ သုံးနေရတာဆိုတော့ ဒီလိုမျိုးလုပ်မယ်ဆိုရင် ဆက်သွယ်ရေးလိုင်းတွေ ကောင်းဖို့တော့ လို မယ်။ ဖုန်းနဲ့ငွေလွှဲတာတွေ လုပ်တော့မယ်ဆို တော့ ကတ်သုံးတာကနေ ဖုန်းနဲ့ပဲအလုပ်လုပ် တော့မှာပေါ့။
 
 ဘဏ်တွေအနေနဲ့ကျတော့ မိုဘိုင်း ပိုက်ဆံစနစ်ကိုကျင့်သုံးရင် ထိခိုက်မှုအနည်း ငယ်ရှိတယ်။ ဘာလဲဆိုတော့ ဘဏ်ကိုမလာ တော့တဲ့အတွက် ဝန်ဆောင်ခတွေ မရှိတော့ ဘူးပေါ့။ ဒီလိုဖုန်းနဲ့ငွေလွှဲမှုတွေလုပ်လို့ သုံးစွဲ သူကလဲ ဘာမှစိုးရိမ်စရာမလိုဘူး။ အာဖရိက က သုံးဖူးတဲ့ နမူနာတွေယူပြီး အသုံးပြုတယ်။ Mobile Banking စနစ်မှာပေါ့'' ဟု ပြောသည်။

မိုဘိုင်းပိုက်ဆံစနစ်ကို မြန်မာနိုင်ငံတွင် ခပ်မြန်မြန်ကျင့်သားရ သုံးစွဲသွားနိုင်ဖွယ်ရှိသည့် အပြင် ငွေလွှဲ လုပ်ငန်း သာမက ငွေစုဆောင်းခြင်း နှင့် ရင်းနှီးမြှုပ်နှံခြင်းများစသည့် ဘဏ္ဍာငွေ ကြေးဝန်ဆောင်မှု များကိုပါ ပြည်သူများသုံးစွဲ လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ထိုစနစ်ကျင့်သုံးနိုင်ရေး အတွက် နိုင်ငံတော်ဘဏ်လေးဘဏ်နှင့် ပုဂ္ဂလိ ကဘဏ် ၁၆ ဘဏ်အပြင် သက်ဆိုင်ရာဝန်ကြီး ဌာနနှင့် ပြောဆိုဆွေးနွေးခဲ့ရာတွင် ၄င်းတို့က ကန့်ကွက်မှုမရှိခဲ့ကြ ဟုလည်း သတင်းက ရေး သားထားသည်။

''မိုဘိုင်းဖုန်းကနေတစ်ဆင့် ငွေလွှဲတဲ့အလုပ်ဟာ ဦးစားပေးမခံရတဲ့ လူ တွေရဲ့နေ့စဉ်ဘဝကိုပြောင်းလဲပေးနေပါတယ်။ သူတို့ဟာ အချိန်မရွေး နေရာ မရွေး ဘယ်တုန်းကမှထင်မထားခဲ့တဲ့ မိုဘိုင်းဖုန်းသုံးပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်နိုင်ကြပါပြီ''ဟု မြန်မာမိုဘိုင်း ပိုက်ဆံအစီအစဉ်အတွက် နည်းပညာပံ့ပိုး သည့် နည်းပညာကုမ္ပဏီ အိုဘာသာနည်းပညာမှ အမှုဆောင် ပန်ကပ်ခ်ဂူလာတီက ပြောဆိုကြောင်းလည်း သတင်းစာတွင် ဖော်ပြထားသည်။

Yangon Media Group


ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး လူဦးရေ ၅၀၀၀ ကျော်ဖြင့် ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်၍ ဆန္ဒထုတ်ဖော်

Photo: ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး လူဦးရေ ၅၀၀၀ ကျော်ဖြင့် ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်၍ ဆန္ဒထုတ်ဖော်
Friday, May 16, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေကို ထောက်ခံသော်လည်း ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးအတွက် ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များက ဦးဆောင်၍ လူဦးရေ ၅၀၀၀ ကျော်ဖြင့် မေလ ၁၅ ရက်နေ့ နံနက်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးချိုမြင့်ခိုင်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၂၀၀၀ နှင့်အတူ ဆန္ဒထုတ်ဖော်ပွဲသို့ ဇလွန်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၇၁ အုပ်စုမှ ဒေသခံ ၃၅၀၀ ခန့်က ထော်လာဂျီ ၁၈၅ စီး၊ မော်တော် ၆ စီးဖြင့် ပူပေါင်း ပါဝင်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

ဇလွန်မြို့ အဒါလမ်းတွင် စုရပ်လုပ်ခဲ့ပြီး ဒူးယားလမ်း၊ ဆန်တန်းရပ်ကွက်၊ လမ်းမတော်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဇလွန်ပြည်တော်ပြန် ဘုရားကြီး လမ်းထောင့်အထိ စီးတန်း လမ်းလျှောက်ကာ ပြည်ထောင်စုသားစစ်စစ် ဒီမိုကရေစီအရေး တို့အရေး၊ ပြည်ထောင်စုသား ဒီမိုကရေစီအရေး ၅၉ (စ) ထောက်ခံပေးရေး တို့အရေး၊ အမျိုးဘာသာ သာသနာ တိုးတက်စေဖို့ ယဉ်ကျေးမှုနှင့် အညီ ဆောင်ရွက်စို့ ဟူသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးချိုမြင့်ခိုင်က ရှင်းပြသည်။

လေးမျက်နှာ မြို့နယ်တွင် မေလ ၃ ရက်နေ့ နံနက် ၉ နာရီကလည်း လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ဦးဆောင်ကာ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးအတွက် လူဦးရေ တစ်ထောင်ဖြင့် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြောင်း ယင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် မြို့နယ်ကော်မတီဝင် ဦးကြည်ဝင်းက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်နှစ်ရပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌကြီးတို့က ပြောဆိုထားပြီး ဖြစ်သောကြောင့် ဖွဲ့စည်းပုံ အခြေံခံဥပဒေ မပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ခြင်း မဟုတ်ဘဲ ပုဒ်မ ၅၉ (စ) တစ်ခုတည်းကိုသာ မပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ယင်းမြို့နယ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက ပြောဆိုသည်။

လက်ရှိအချိန်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များက ဧရာဝတီတိုင်းဒေသကြီး၌သာမက မြန်မာနိုင်ငံ ဒေသအနှံ့တွင် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်လျက်ရှိရာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆန့်ကျင်ဘက် ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်လာနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး NLD အလုပ်အမှုဆောင် ဦးဝိုင်းမောင်စိုးက သုံးသပ် ပြောဆိုသည်။

The Voice weekly
 
 
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေကို ထောက်ခံသော်လည်း ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးအတွက် ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များက ဦးဆောင်၍ လူဦးရေ ၅၀၀၀ ကျော်ဖြင့် မေလ ၁၅ ရက်နေ့ နံနက်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးချိုမြင့်ခိုင်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၂၀၀၀ နှင့်အတူ ဆန္ဒထုတ်ဖော်ပွဲသို့ ဇလွန်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၇၁ အုပ်စုမှ ဒေသခံ ၃၅၀၀ ခန့်က ထော်လာဂျီ ၁၈၅ စီး၊ မော်တော် ၆ စီးဖြင့်
ပူပေါင်း ပါဝင်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

ဇလွန်မြို့ အဒါလမ်းတွင် စုရပ်လုပ်ခဲ့ပြီး ဒူးယားလမ်း၊ ဆန်တန်းရပ်ကွက်၊ လမ်းမတော်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဇလွန်ပြည်တော်ပြန် ဘုရားကြီး လမ်းထောင့်အထိ စီးတန်း လမ်းလျှောက်ကာ ပြည်ထောင်စု သားစစ်စစ် ဒီမိုကရေစီအရေး တို့အရေး၊ ပြည်ထောင်စုသား ဒီမိုကရေစီအရေး ၅၉ (စ) ထောက်ခံပေးရေး တို့အရေး၊ အမျိုးဘာသာ သာသနာ တိုးတက်စေဖို့ ယဉ်ကျေးမှုနှင့် အညီ ဆောင်ရွက်စို့ ဟူသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးချိုမြင့်ခိုင်က ရှင်းပြသည်။

လေးမျက်နှာ မြို့နယ်တွင် မေလ ၃ ရက်နေ့ နံနက် ၉ နာရီကလည်း လေးမျက်နှာ မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ဦးဆောင်ကာ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးအတွက် လူဦးရေ တစ်ထောင်ဖြင့် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြောင်း ယင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် မြို့နယ်ကော်မတီဝင် ဦးကြည်ဝင်းက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်နှစ်ရပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌကြီးတို့က ပြောဆို ထားပြီး ဖြစ်သောကြောင့် ဖွဲ့စည်းပုံ အခြေံခံဥပဒေ မပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ခြင်း မဟုတ်ဘဲ ပုဒ်မ ၅၉ (စ) တစ်ခုတည်းကိုသာ မပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ယင်းမြို့နယ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် များက ပြောဆိုသည်။

လက်ရှိအချိန်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များက ဧရာဝတီတိုင်းဒေသကြီး၌ သာမက မြန်မာနိုင်ငံ ဒေသအနှံ့တွင် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်လျက်ရှိရာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆန့်ကျင်ဘက် ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်လာနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး NLD အလုပ်အမှုဆောင် ဦးဝိုင်းမောင်စိုးက သုံးသပ် ပြောဆိုသည်။

The Voice weekly


ကြက်သွန်နီဖြင့် လိပ်ခေါင်းရောဂါကို ကုမယ်



ငွေကြေး အကုန်အကျ သက်သာပြီး ထိရောက်လွယ်ကူစေလို့ မျှဝေပေးလိုက် ရပါတယ်။ အဲဒါကတော့ ကြက်သွန်နီဖြင့် လိပ်ခေါင်းရောဂါကို ကုသခြင်းပင် ဖြစ်ပါတယ်။

အသုံးပြုပုံကတော့

ကြက်သွန်နီလတ်လတ် ဆတ်ဆတ်ကို ယူလိုက်ပါ။ ပြီးနောက် အရည်ညစ်လိုက်ပါ။ အရည်ညစ်ပြီးသည့် အထဲကို ကြွေဇွန်းတစ်ဝက် သကြားထည့်လိုက်ပါ။ တစ်နေ့ တစ်ကြိမ်သောက် ပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ ကို သက်သာစေပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


ဦးနှောက်ကောင်းစေဖို့ ဆောင်ရန်/ရှောင်ရန် နည်းလမ်းလေးများ



လူတစ်ကိုယ်လုံး နိစ္စဓူဝကောင်းစွာပြုမူ လှုပ်ရှားတွေးခေါ်နိုင်ရန် ဦးနှောက်က စက်ရုပ်သဖွယ် အလုပ် လုပ်ပေးနေရပါသည်။ အိပ်ပျော် နေစဉ်မှာပင် အိပ်မက်မက်ခြင်းဖြင့် ဦးနှောက်ကအလုပ် ရှုပ်ေ နရဆဲဖြစ်၏။ ဦးနှောက် အားပြည့်စေရန်အတွက် လုံလောက်သော သဘာဝဂလူး ကို့ စ် နှင့် အောက်စီဂျင်တို့  မရှိမဖြစ် လိုအပ်ပါသည်။ ထိုမှသာ အာရုံစူးစိုက်မှု၊ အတွေးခေါ် စွမ်းရည်နှင့် မှတ်ဥာဏ်တို့ ကို အထောက်အ ကူဖြစ်စေမည်။

“ဘယ်ဘက်အခြမ်း ဦးနှောက်သန်သူ၏ လက္ခဏာများမှာ” - သိပ္ပံ ပညာရပ် စိတ်ဝင်စားသူ၊ သင်္ချာ အတွက် အချက်ဝါသနာပါသူ၊ ခင်မင်ရင်းနှီးလွယ်သူ၊ တိကျပြတ်သားသူ၊ ဖြောင့်မတ်သူ၊ အသေးစိတ်တွက်ချက်သူ၊ ဗျူဟာဆန်ဆန်တွေးတတ်သူ၊ လက်တွေ့ကျ မှုကို သဘောကျသူ၊ ဘာသာစကားနှင့် ဝေါဟာရများ လေ့လာ ရန်လွယ်ကူသူ၊ အီကွေးရှင်းများ တွက်ချက်ဝါသနာပါသူ၊ ကိန်းဂဏန်းများဖြင့် ဆော့ကစားနေတတ်သူ၊ အမိန့်နာခံတတ်သူ၊ သဘာဝအတိုင်း ပုံသေနည်းစံနစ်မှန်ကန်အောင် လုပ်တတ်သူ၊ မိမိ ကိုယ်ကို မည်သူ မည်ဝါ သေချာသိသူ တို့ ဖြစ်သည်။

“ညာဘက်အခြမ်း ဦးနှောက်သန်သူ ၏ လက္ခဏာများမှာ” - အတွေးအမြင်သစ်များ စဉ်းစား လုပ်တတ်သူ၊ လွတ်လွပ်မှုကို သဘောကျသူ၊ သံယောဇဉ်ကြီးသူ၊ အကြောင်းအရင်းကို ဖော် ထုတ်ပြောဆိုတတ်သူ၊ စွန့်စားလိုစိတ်ရှိသူ၊ ရယ်မောလောင်ပြောင် တတ်သူ၊ အနုပညာဆန်ဆန် ခံစားတတ်သူ၊ သီချင်းများ ခရေဇီဖြစ်သူ၊ ဗလာမျက်နှာပြင်ကို ဆေးရောင်ခြယ်ပေးတတ်သူ၊ စိတ်ကူး ယဉ်လွန်းသူ၊ ပန်းချီဆရာ၊ ကဗျာဆရာ၊ တွေးခေါ်ပညာရှင်များ နှင့် မိမိ ကိုယ်ကို ကျေနပ်နေတတ်သူတို့ ဖြစ်သည်။

****************************************
မွေးရာပါ ဦးနှောက်ဥာဏ်စွမ်းရည်နိမ့်ကျခြင်းကို မဆိုလိုသော်လည်း၊ မိမိ၏နေထိုင်စားသောက်မှု ပုံစံမမှန်ဘဲဘေးပယောဂကြောင့် ဦးနှောက်ပျက်စီးစေသည်။ ကွန်ပြူတာဂိမ်းမ်ဆော့ခြင်း၊ အချိန်ြ ပည့် တီဗွီကြည့်ခြင်းတို့ သည် ဦးနှောက် မှတ်ညဏ်ရည်စွမ်းအား ကို အထောက်အကူ မဖြစ်စေနိုင်ပါ။
 
 နိုင်ငံ တကာ ဆေးသုတေသီများ၏ လေ့လာစမ်းစစ်ချက်များအရ၊ ဦးနှောက်ပျက်စီးစေသော အဓိက အကြောင်း ရင်းများမှာ (၁) နံက်စာလုံးဝမစားခြင်း (၂) နံက်စာအလွန်အကျွံစားခြင်း (၃) ဆေးလိပ်သောက်ခြင်း (၄) လိုအပ် သည်ထက်ပို၍ အစားကြူးခြင်း (၅) လေထုညစ်ညမ်းခြင်း (၆) ညအိပ်ချိန်မလုံလောက်ခြင်း (၇) ဦးခေါင်းကို စောင်/ခေါင်း အုံးတို့  ဖြင့်ဖုံး ၍အိပ်ခြင်း (၈) ကျန်းမာရေးချို့ တဲ့နေချိန်မှာ ဦးနှောက်ကို မတန် တဆအသုံးပြုခြင်း (၉) စိတ်ဝင်စားတက်ကြွစွာ စဉ်းစား တွေးခေါ် မှုမရှိခြင်း (၁၀) စကားနည်းခြင်း တို့ ကြောင့်ဖြစ်သည်ဟု ဆို၏။ ထို့ ပြင် အမေရိကန် အမျိုးသားကျန်းမာရေးဌာ၏ နောက်ဆုံးစမ်း သပ်လေ့လာချက်အရ တဆက်တည်း ရပ်နားခြင်းမရှိ လက်ကိုင်ဖုန်း(ဟန်းဖုန်း) ကို မိနစ် ၅ဝ ကြာမျှပြောခြင်း ဖြင့် ဖုန်းထဲမှ ထွက်ရှိလာသော လျှပ်စစ်သံလိုက် စက်ကွင်းများသည် ဦးနှောက်ကင်ဆာဖြစ်စေနိုင်သည်ဟု သတိပေးထားသည်။
ဦးနှောက်ကောင်းစေရန်အတွက်-

(၁) အ၀လွန်ခြင်းနှင့် ရောဂါဘယ ထူပြောခြင်းတို့ သည် ဦးနှောက်ကို ထိခိုက်စေသကဲ့သို့ ၊ ပုံမှန် လေ့ကျင့်ခဏ်း မလုပ်ခြင်းက လည်း သွေးပြန်ကြောများကို ကောင်းစွာအလုပ် မလုပ်ေ စတော့ဘဲ၊ နှလုံးသွေးကြောပိတ်ဆို့ ကာ ဦးနှောက်ဆီသို့  အောက်စီဂျင် ပြတ်လပ်စေသဖြင့် သွက်သွက်လက်လက် လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ကခုန်ခြင်း စသည်ဖြင့် လေ့ကျင့်ခဏ်းလုပ်သင့်သည်။

(၂) စိတ်ဓာတ်ကျခြင်းနှင့် စိတ်ဖိစီးမှုများသောအချိန်တွင် ဦးနှောက်ကို ဘေးဥပါသ်ဖြစ်စေေ သာ သွေးထဲရှိ cortisol ဟိုမုန်းဓာတ် များ မြင့်မားစွာထွက်ရှိလာစေ၏။ ထို့ ကြောင့် စိတ်ဖိစီး မှုများကို အတတ်နိုင်ဆုံး နည်းနိုင်သမျှ နည်းအောင် မိမိဖာသာ ဖြေဖျောက် ပေးရမည်။

(၃) လူတစ်ဦး အိပ်ချိန်သည် ၇ နာရီမှ ၈ နာရီခန့် ကြာမြင့်ရမည်ဖြစ်ပြီး၊ နှစ်ခြိုက်စွာ အိပ်ပျော်နေ စဉ်အတွင်း ဦးနှောက် က အလို အလျောက် မှတ်ဥာဏ်စွမ်းရည်ကို မြှင့်တင်ပေးနေ၏။

(၄) အကယ်၍ သင်သည် သတိမေ့တတ်သူဖြစ်ပါက၊ မိမိလုပ်ဆောင်ရမည့် ကိစ္စရပ်များကို စာဖြင့် ချရေးထားကာ မကြာခဏ မြင်တွေ့ ဖတ်ရှုခြင်းဖြင့် သတိပြုမှတ်မိလာစေသည်။

(၅) သီချင်းနှင့် တေးဂီတ နားထောင်ခြင်း၊ လိုက်ဆိုခြင်းတို့ ကလည်း မှတ်ဥာဏ်ကို တိုးတက် လာစေသည်။ (နားကျပ်တပ်၍နား ထောင်ခြင်းကို မဆိုလိုပါ)

(၆) ဦးနှောက် တစ်ခုလုံး၏ ၅၅% ခန့် သည် အာရုံခံဆဲလ်အဆီများဖြင့် ဖွဲ့ စည်းထားသဖြင့်၊ အဆီ ဓာတ်ပါသော နွားနို့ သောက် ပေးခြင်းဖြင့် ဦးနှောက်ကို အစာကျွေးရာရောက်ပါသည်။ ထို့ေ ကြာင့် ကလေးငယ်များအတွက်သာမက၊ အရွယ်ရောက်ပြီးသူတိုင်း အတွက်လည်း အဆီပါေ သာ နွားနို့ သောက်ပေးသင့်သည်။

(၇) မိမိ၏ မှတ်ဥာဏ်ကို စမ်းသပ်လေ့ကျင့်ခဏ်းလုပ်သည့်အနေဖြင့် ညအိပ်ခါဝင်ချိန်တွင် တစ်ေ န့ တာလုပ်ဆောင်ခဲ့မှုများကို ရုပ်ရှင်ကြည့်နေရသလို ပြန်လည်စဉ်းစားခြင်း၊ မနေ့ က စားသောက် ခဲ့သော ဟင်းအမျိုးအမည် (သို့ မဟုတ်) လွန်ခဲ့သော ၂ ရက် က တွေ့ ဆုံခဲ့သော သူများ ကို ပြန်လ ည်စဉ်းစားပေးပါ။

(၈) ကျောင်းသားလူငယ်များ ကျောင်းစာများကို အသံကျယ်ကျယ်အော်ဖတ်ခြင်းကလည်း ဦးနှောက်နှ င့် နားထဲအထိပါ မိမိအသံ ကို စွဲမြဲစွာဖြင့် ပြန်လည်မှတ်မိစေနိုင်၏။

(၉) ဥာဏ်စမ်းပဟေဌိ များကို အဖြေညှိခြင်းဖြင့် ဦးနှောက်ကို ကောင်းစွာ အလုပ်လုပ်စေသည်။

(၁၀) နံက်စာတွင် ဗီတာမင်ဘီ ကြွယ်ဝသော ကြက်ဥတစ်လုံးကို နေ့ စဉ် ဖြည့်စွက်စာအဖြစ် စားပေးခြင်းဖြင့် ဦးနှောက်ဆဲလ် များကို ကောင်းကျိုးပြုသည်။

ဦးနှောက်ကို အားပေးသောအစားအစာများ။

နေ့စဉ် စားသုံးသော အစားအစာကယ်လိုရီ၏ ၂၀%ကို ဦးနှောက်မှ စုပ်ယူ သုံးစွဲလေ့ရှိရာ၊ မှတ် ဥာဏ်နှင့် ဦးနှောက် ကျန်းမာ ဖွံ့ဖြိုးမှု အတွက် မှန်ကန်သော အစာအာဟာရ ကို ရွေးချယ်တတ် ဘို့ လိုသည်။ ဦးနှောက် ကို အားပြုစေသော အဓိကအစားအစာ များမှာ သောက်ရေသန့် ၊ မက်မွန် သီး(အစိမ်း)၊ အချိုမထဲ့ထားသော မက်မွန်သီး ဖျော်ရည်၊ ပန်းသီး၊ ထောပတ် သီး၊ ပြောင်းဖူး၊ ဌက်ပျောသီး၊ အနက်ရောင်ချိုသော ဘယ်ရီသီးနှင့် အနီရောင်ချဉ်သော ဘယ်ရီသီး များ၊ ချယ်ရီ သီး၊ ဂရိတ်ဖရုသီး၊ ကီဝီသီး၊ သံပုရာသီး၊ သံလွင်ဆီ၊ လိမ္မော်သီး၊ အနီရောင်စပျစ်သီး၊ စတော် ဘယ်ရီ၊ ခရမ်းချဉ်သီး၊ မျောက်ဥ၊ ကြွေဥ၊ ၀ဥ၊ ကန်စွန်းဥ၊ ပဲပင်ပေါက်၊ ရှောက်သီး၊ သံပရိုသီး၊ သစ်တော်သီး၊ ဇီးသီး-ဇီးယို၊ တလည်းသီး၊ ရက်စ်ဘယ်ရီသီး၊ ဒေါက်ခွရွက်၊ သစ်ကြားသီး၊ ဆန်၊ ဂျုံ-ဆပ်-လူး၊ ရွှေဖရုံသီးနှင့်ရွှေဖရုံစေ့၊ ကလျာဏီပင်၊ ဝက်သစ်ချသီး၊ ပင်စိမ်းရွက်၊ စပျစ်ခြောက် ကညွတ်၊ မတ်ပဲ၊ ပဲနီလေး၊ ပဲပိစပ်၊ ၀ါ-စိမ်းနီ-လိမ္မော် ငရုပ်ချိုသီးများ၊ သကြားမုန်လာ၊ ပန်းဂေါ်ဖီ စိမ်း၊ မုန်လာဥနီ၊ အဆီနဲသော ချိစ်၊ မချိုသောဒိန်ချဉ်၊ ကိုကိုးမှုန့် နှင့်ပြုလုပ် ထား သော ချောက လက် အနက်ရောင်၊ အစိမ်းရောင်လ္ဘက်ရည်၊ တို့ ဟူး၊ တူနာငါး၊ အရေခွံမပါသော ကြက်သား၊ အဖြူရောင်ကြက်ဥ၊ ငါးကြီးဆီ၊ ပျားရည်၊ အရေခွံမပါသော ဘဲငန်းသား၊ ဆယ်လ်မွန်ငါး၊ အိုမီဂါ-၃ ဖက်တီး အက်ဆစ် ကြွယ်ဝသော ငါးများ စသည်တို့ ဖြစ်သည်။ ထို့ ပြင် တစ်နေ့လျှင် လက်ဖက် ရည် (သို့မဟုတ်) ကော်ဖီ အနည်းဆုံး တစ်ခွက်မျှ သောက်သုံးသော သူများသည် လုံးဝမသောက် သူများထက် ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေ ၃၄ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ကြောင်း အမေရိကန် အာဟာရဂျာနယ် တွင် ဖော်ပြထား၏။

ဦးနှောက်ကို ဘေးဖြစ်စေသော အစားအစာများ။

ဦးနှောက်ကို ကောင်းကျိုးမပြုသောအစားအစာများမှာ အရက်၊ အနံ့ အရသာထဲ့၍ပြုပြင်ထားသော အစား အစာများ၊ အရောင်တင် ဆိုးဆေးများ၊ ဆေးသကြား/အချိုမှုန့် တို့ ကဲ့သို့  အချိုဓာတ်ဖန်တီး ထားသော ဓာတုပစ္စည်းများ၊ ပြုပြင်ဖန်တီးထားသော ကွေကာ အုပ်၊ မုန့် လက်ကောက် နှင့် ဒိုး နတ် တို့ ကဲ့သို့ ဆီကြော်မုန့် အမျိုးအမျိုး၊ ကျွဲရိုင်းကဲ့သို့  အားဖြည့်အချိုရည်အမျိုးမျိုး၊ သကာ တင် လဲရည်၊ ဘယာကြော်၊ အဆီအနှစ်များများဖြင့် ချက်ထားသော ဟင်းလျာများ၊ သကြားအ လွန်အ ကျွံထဲ့ထားသော အချိုယ မကာများ၊ ဟိုက်ဒရိုဂျင်ထဲ့ထားသော အဆီများ၊ ဂျယ်လီ၊ သကြား တု၊ မုန့် ချိုများ၊ နီကိုတင်းဓာတ်ပါသော အစားအစာ များ၊ တာရှည်ခံအောင်ပြုလုပ်ထားေ သာမုန့် ထု ပ်နှင့် အရန်သင့်အစားအစာများ၊ ဆိုဒါ၊ ပေါင်မုန့် ဖြူ နှင့် ဆီအဟောင်းများဖြင့် ထပ်ခါ ထပ်ခါ ကြော်ထားသောအကြော်စုံ တို့ ဖြစ်သည်။

(ဆောင်းပါးရှင်… ပေါက်ပေါက်… မျှဝေသည်)
မှီငြမ်း ( The American National Health)
--
promise.pauk

ဒေါ်လာ တစ်ဘီလျံနီးပါး အကုန်အကျခံ ဖောက်လုပ်ခဲ့သည့် အမြန်လမ်းမကြီးသည် အမြန်လမ်းအင်္ဂါရပ်နှင့် ညီညွတ်ခြင်းမရှိသေးဘဲ အရည်အသွေးပိုင်း လိုအပ်နေဆဲဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ၀န်ခံပြောကြား

သတင်းစာရှင်းလင်းပွဲ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့် မီဒီယာများအား ရှင်းလင်းပြောကြားစဉ်

ဒေါ်လာ တစ်ဘီလျံနီးပါးအကုန်အကျခံ ဖောက်လုပ်ခဲ့သည့် ရန်ကုန်-မန္တလေး အမြန်လမ်းသည် အမြန်လမ်းအင်္ဂါရပ်နှင့် ညီညွတ်ခြင်း မရှိသေးဘဲ အရည်အသွေးပိုင်းဆိုင်ရာများ လိုအပ်နေဆဲဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က မေ ၁၅ ရက်တွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“အမြန်လမ်းဆိုတာကတော့ ရှစ်လမ်းသွားမှ အမြန်လမ်းအင်္ဂါရပ်နဲ့ ပြည့်စုံမှာပါ။ အခုဟာက လမ်းဖွင့်လိုက်ပေမယ့် လမ်းအင်္ဂါရပ်နဲ့ ပြည့်စုံခြင်း မရှိသေးပါဘူး။ မော်တော်ယာဉ်တွေ သွားလာနိုင်ဖို့ ဖွင့်လှစ်ခဲ့တာပါ။အမြန်လမ်းအင်္ဂါရပ်နဲ့ ညီညွတ်ဖို့ ဆက်လက်ဆောင်ရွက်ဆဲပါ”ဟု ဒုတိယဝန်ကြီးဦးစိုးတင့်က ပြောကြားသည်။

အမြန်လမ်းဖောက်လုပ်ရာတွင် ကွန်ကရစ်လမ်းတစ်မိုင်အတွက် မြေသားလုပ်ငန်းဆောင်ရွက်ခြင်းများ အပါအဝင် လမ်းတစ်မိုင်အတွက် ၂ ဒသမ ၅ ဘီလျံ ကျပ်ကုန်ကျကြောင်း ဒုတိယဝန်ကြီးကပြောကြားခဲ့ရာ ၃၆၆ မိုင် ၃ ဖာလုံအတွက် ဆိုပါက ကျပ်ဘီလျံ ၉ဝဝ ကျော် (အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါး)အထိ ကုန်ကျခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်း ဖွင့်ခဲ့သည် မှာ ငါးနှစ်ခန့် ရှိပြီဖြစ်သည့်အတွက် ကွန်ကရစ်လမ်း မြေသားနိမ့်ကျမှုများရှိလာကြောင်း၊ နိမ့်ကျသည့်နေရာများအား ကတ္တရာခင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အမြန်လမ်းမကြီးတလျှောက်တွင် မိုင် ၄ဝ ခန့် ကတ္တရာခင်းပြီးဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

အမြန်လမ်းအင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက် ရှစ်လမ်းသွားအထိ တိုးချဲ့ဖောက်လုပ်မည်ဖြစ်ကြောင်း၊ ယင်းသို့ ဖောက်လုပ်ရန်အတွက် ပြည်ပနိုင်ငံများသို့ အကူအညီများ တောင်းခံထားကြောင်း၊ အချို့အကူအညီများ ရရှိနေပြီဖြစ်ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာနှင့် ငွေကြေးကူညီမှုများပေးရန် ကမ်းလှမ်းထားမှုများရှိကြောင်း၊ အမေရိကန်နိုင်ငံကလည်း နည်းပညာဆိုင်ရာ အကူအညီပေးရန်ရှိကြောင်း၊ ရန်ကုန်မြို့တွင် သင်တန်းဖွင့်လှစ်ပေးရန်ရှိပြီး အမြန်လမ်းပေါ်တွင် လက်တွေ့သင်ကြားမှုများ ပြုလုပ်သွားရန်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ရှစ်လမ်းသွား လမ်းမအဖြစ် တိုးချဲ့မည့်အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းမှုကို ဒုတိယဝန်ကြီးက ရှစ်လမ်းသွားလမ်းအတွက် စီစဉ်နေဆဲဖြစ်ကြောင်း၊ အတိအကျတော့ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း၊ လက်ရှိတွင် အမြန်လမ်းမကြီး မဟုတ်သေးကြောင်း၊ အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ကွန်ကရစ်လမ်းကြောင့် ကားတာယာများမခံနိုင်ဘဲ တာယာပွင့်မှုများနှင့်ပတ်သက်၍ မေးမြန်းရာတွင် ကွန်ကရစ်လမ်းသည် မျက်နှာပြင် ကြမ်းတမ်းသည့်အတွက် တာယာများအား စားသည့်အတွက် တာယာများပါးသည်ကို သိရှိကြောင်း၊ နိုင်လွန်ကတ္တရာမှာ မျက်နှာပြင်ချောမွေ့သည့်အတွက် တာယာစားမှု သက်သာကြောင်း ဒုတိယဝန်ကြီး ဦးစိုးတင့်က ဆိုသည်။

၂ဝ၁၃ ခုနှစ်အတွင်းတွင် အမြန်လမ်းမကြီးတစ်လျှောက်တွင်လူကြောင့် ၆၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ ယာဉ်ကြောင့် ၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ လမ်းကြောင့် ၁ ဒသမ ၁၆ ရာခိုင်နှုန်း၊ ရာသီဥတုကြောင့် ဝ ဒသမ ၄ ရာခိုင်နှုန်း ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမြန်လမ်းမကြီးတွင် ယခုနှစ် ဧပြီ ၁ ရက်မှ မေ ၁၄ ရက်အထိ ယာဉ်မတော်တဆမှု ၁၈၆ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း၊ အရှိန်ပြင်းမောင်းနှင်ခြင်း၊ ယာဉ်မောင်းအိပ်ငိုက်ခြင်း၊ ဆိုင်ကယ်များနှင့် ထိခိုက်မိခြင်းများ စသည်ဖြင့် ဖြစ်ပွားခဲ့ကြောင်းနှင့် မတော်တဆမှုဖြစ်စဉ်များမှာ များပြားလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးစိုးတင့်က “ဒီလမ်းတစ်လျှောက်မှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်းဘုတ်တွေကို ထူထောင်ထားပါတယ်။ လမ်းအမှတ်အသားတွေကို ဒီထက်ပိုများအောင် ဆောင်ရွက်နေပါတယ်။ မိုင်နှုန်းပြ ကိရိယာတွေ၊ အချက်ပြဆိုင်းဘုတ်တွေကို ထပ်မံထူထောင်ဖို့လည်း ရှိပါတယ်” ဟု ပြော ကြားခဲ့သည်။

ရန်ကုန်မှ မန္တလေးသို့ ရှစ်နာရီခန့်ဖြင့် ရောက်ရှိရန် ရည်မှန်းဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အချို့မော်တော်ယာဉ်များသည် ၇ နာရီခန့်ဖြင့် အရောက်မောင်းနေကြောင်း၊ တစ်နာရီ ကီလို ၁ဝဝ သတ်မှတ်ထားသော်လည်း သတ်မှတ်မိုင်ကို ကျော်လွန်မောင်းနှင်သည့်အတွက် ယာဉ်မတော်တဆမှုများ ဖြစ်ပွားကြောင်း၊ ယာဉ်မောင်းနှင်သူများ သတိပြုရန်လိုကြောင်း ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောကြားသည်။

နိုင်ငံတကာစံနှုန်းများအရ ၈ လမ်းသွားလမ်းဖြစ်မှသာ အမြန်လမ်းအဆင့် ရောက်မည် ဖြစ်ကြောင်း၊ လမ်းဒီဇိုင်း မှားယွင်းမှုမရှိကြောင်း၊ လမ်းအကွေ့ဖြစ်ပါက ပြေပြစ်စွာကွေ့နိုင်ရန် စောင်းထားပေးရကြောင်း ကိုရီယား၊ တရုတ်နိုင်ငံများမှ ပညာရှင်များနှင့် တိုင်းတာမှုများ ပြုလုပ်ထားကြောင်း ဦးစိုးတင့်က ဆိုသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက “ဒီလမ်းမကြီးဖောက်လုပ်တုန်းက ဘဏ္ဍာရေးအကန့်အသတ်တွေ၊ နည်းပညာအကန့်အသတ်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မဖြစ်မနေလိုအပ်လို့ လုပ်ခဲ့တယ်လို့ ယူဆပါတယ်။

လမ်းပိုင်းအရည်အသွေး လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။ ဝန်ခံပါတယ်။ သို့သော်လည်း ခေတ်ကပြောင်းသွားပြီ။ ဒီလမ်းမကြီးပျက်နေတယ်။ ပိုက်ဆံတွေပုံပြီး သုံးလိုက်လို့ လုပ်လို့ရတဲ့ခေတ် မဟုတ်တော့ဘူး။ ကျွန်တော်တို့ အလုပ်တစ်ခုလုပ်ဖို့ ဒီခေတ်အရ အဆင့်ဆင့် ဘဏ္ဍာငွေရဖို့ အများကြီးကြိုးစားရပါတယ်။ အဲလိုသုံးလို့ရမယ်ဆိုရင် လမ်းရဲ့အရည်အသွေး တိုးတက်လာမှာပါ။ အဲဒီလို တိုးတက်မလာခင် ကျွန်တော်တို့လမ်းမကြီးဟာ အခုပြောနေသလို တော်တော်များ ချို့ယွင်းအားနည်းချက်တွေရှိသလားလို့ ကျွန်တော်တို့ ကိုယ့် ကိုယ်ကိုယ် မညှာစတမ်း သုံးသပ်ကြည့်လိုက်ပါ” ဟု ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကလည်း ၂ဝ၁၃ ခုနှစ် မေ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာပါ အမြန်လမ်းမကြီးမှာဖြစ်ပေါ်နေတဲ့ အန္တရာယ်များနှင့် ပတ်သက်သည့် အယ်ဒီတာ့အာဘော်အပေါ် ထိုစဉ်က ၎င်း၏ Facebook စာမျက်နှာပေါ်မှတစ်ဆင့် အခြား Facebook သုံးစွဲသူများ နှင့် အပြန်အလှန်ပြောကြားခဲ့ရာတွင် “ရိုးရိုးလေးစဉ်းစားကြည့်ရအောင်ဗျာ၊ တံတား ဆောက်ဆောက်၊ လမ်းဖောက်ဖောက် သူ့ခံနိုင်ဝန်၊ အရှိန်ကန့်သတ်ချက် ရှိပါတယ်။ ဆယ်တန် သတ်မှတ်ထားတဲ့ တံတားကို ကုန် တန် ၂ဝ တင်ပြီးဖြတ်လို့ တံတားကျိုးရင် တန်ပိုယာဉ်အပြစ်ပါပဲ။ 
 
အမြန်လမ်းမကြီးကို ဆောက်လုပ်ရေးလုပ်ငန်းက ကီလိုတစ်ရာနှုန်း မောင်းလို့ရအောင် ဒီဇိုင်းထုတ်ထားတယ်။ လမ်းကွေ့၊ တံတားစတာတွေကို ဒီမိုင်နှုန်းအတွက် တွက်ချက်လုပ်ထားတယ်။ ကီလိုတစ်ရာထက် ပိုမမောင်းရဖို့ အသိပေးဆိုင်းဘုတ်တွေ ထောင်ထားတယ်။ ဒီတော့ မတော်တဆမှုဖြစ်ပွားတယ်ဆိုရင် ဘယ်မိုင်နှုန်းနဲ့မောင်းနေချိန်မှာ ဖြစ်တာလဲလို့ အရင်ဆန်းစစ်တာ ပိုမကောင်းဘူးလား။ သတ်မှတ်အမြန်နှုန်းအောက်မောင်းရင်းနဲ့ ဖြစ်တယ်ဆိုရင်တော့ လမ်းဒီဇိုင်းပေါ့ဗျာ၊ ပိုမောင်းရင်းဖြစ်ရင်တော့ မောင်းသူမှာ တာဝန်မရှိပေဘူးလား။

လမ်းမကြီးမှာလည်း အချက်ပြသင်္ကေတတွေ၊ အတားအဆီးတွေ၊ မီးတွေလိုတာလည်း ရှိပါတယ်။ တချို့နေရာတွေမှာ မြေအသားမသေလို့ လမ်းသားကျွံဝင်နေတာလည်း ရှိပါတယ်။ ဒါ့ကြောင့်လည်း လမ်းတစ်လျှောက်မှာ ပြင်ဆင်နေတာတွေလည်း တွေ့မှာပါ။ သို့သော် ဖြစ်သမျှအပြစ်အားလုံး လမ်းအပေါ် ပုံချဖို့ မသင့်သလို ကမ္ဘာပေါ်မှာ ဘယ်သူမှမသုံးတဲ့စနစ်လို့ သဘောပေါက်စေတဲ့ အရေးအသားမျိုးတော့ ရှောင်သင့်တယ်ထင်တာပဲ”ဟု ၂ဝ၁၃ ခုနှစ် မေ ၂၇ ရက်တွင် ၎င်း၏Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

အမြန်လမ်း လုံခြုံရေးရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ ၂ဝဝ၉ မတ်လမှ ၂ဝ၁၃ ဧပြီလအထိ ယာဉ်မတော်တဆမှုပေါင်း ၄၃၂ မှု ဖြစ်ပွားကာ လူပေါင်း ၂၁၆ ဦး သေဆုံးလျက် ၆၇၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ မှ ဧပြီ ၂၂ ရက်အထိ အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်မတော်တဆမှု ၁၁၅ မှု၊ သေဆုံးသူ ၆၂ ဦးနှင့် ဒဏ်ရာရသူ ၂၈၆ ဦး ရှိခဲ့သည်။

Eleven Media group




ယာဉ်စီးခနှုန်းထား ပေးချေသည့် ပုံစံကို e-ticket စနစ်သို့ ပြောင်းလဲနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်မည်


ရန်ကုန် မေ ၁၄

ခရီးသည်များ အနေဖြင့် ယာဉ်စီးခပေး ချေရာတွင် ငွေသား ပေးချေနေရသည့် ပုံစံမှ e-ticket စနစ်သို့ ပြောင်း လဲနိုင်ရန် ပြင်ဆင် မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း မ-ထ-သ(ဗဟို) မှ သိရသည်။

e-ticket စနစ်ကို အသုံးပြုခြင်းအားဖြင့် ခရီးသွား ပြည်သူများ အနေဖြင့် ယာဉ်စီးခပိုမို ပေးနေရခြင်း ကင်းသွားမည် ဖြစ်သည့်အပြင် ယာဉ်လုပ်သားများနှင့် နေ့စဉ်ကြုံတွေ့နေရသည့် ပြဿနာများမှာလည်း နည်းပါးသွားမည် ဖြစ်ကြောင်း မ-ထ-သ(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ပြောကြားခဲ့သည်။

ကစ္စပနဒီကုမ္ပဏီမှ ယာဉ်စီးခပေးချေရာတွင် i-pay ကတ်များဖြင့် အသုံးပြုနိုင်ရန် စီစဉ်မှုများ ပြုလုပ်ခဲ့ပြီး ခရီးသည်တင် ယာဉ်များပေါ်တွင် စက်များ တပ်ဆင်ခဲ့သော်လည်း ယာဉ်လုပ်သားများမှ အကြောင်း အမျိုးမျိုးပြ၍ စက်များကို ပိတ်ထားခြင်းကြောင့် ခရီးသွား ပြည်သူများမှာ အသုံးပြုသူ လွန်စွာ နည်းပါးလာသည်။

ယာဉ်လုပ်သားများ e-ticket ပုံစံမျိုးကို မနှစ်သက်ရခြင်းမှာ ၎င်းတို့အတွက် အပိုဝင်ငွေ မရရှိခြင်း၊ရေဘူး၊ ကွမ်း၊ ဆေးလိပ်နှင့် ထမင်း စားသောက်ရာတွင် မိမိဝင်ငွေဖြင့် စားသောက်ရခြင်း စသည့် အချက်များကြောင့် ဖြစ်သည်ဟု ယာဉ်လုပ်သား အများစုက ပြောသည်။

ခရီးသည်တင် ယာဉ်လုပ်သား လောကတွင် ယာဉ်ပိုင်ရှင်များမှ ယာဉ်လုပ်သား များအား နေ့စဉ်ရရှိသည့် ဝင်ငွေများထဲမှ ယာဉ်မောင်းအား ၁၅ ရာခိုင်နှုန်းနှင့်ယာဉ် နောက်လိုက်အား ၈ ရာခိုင်နှုန်းပေးပြီး ယာဉ်လုပ်သားများ တစ်နေ့တာ စားသောက်သည့် ထမင်းဖိုး၊ ကွမ်းဖိုးများကို အဆိုပါ ယာဉ်စီးခများထဲမှ ပေးချေသည်ဟု ခရီးသည်တင် ယာဉ်ပိုင်ရှင်များ၏ ပြောပြချက်အရသိရသည်။

e-ticket ပုံစံမျိုးပြောင်းလိုက်တယ်။ ခရီးသွားပြည်သူ တွေကလည်း အသုံးပြုတယ်။ အဲဒါဆိုရင် ခရီးသည်တွေနဲ့ယာဉ် လုပ်သားတွေအကြား နေ့စဉ်ကြုံတွေ့ နေရတဲ့ ယာဉ်စီးခပိုတောင်းတဲ့ ပြဿနာတွေ ကင်းရှင်းသွားမယ်။ ဒါပေမဲ့ ဒီလိုလုပ်တာကို ယာဉ်လုပ်သားတွေက သဘောမကျဘူး။

ဘာလို့လဲ ဆိုတော့ သူတို့ ငွေမကိုင်ရတော့ အပိုဝင်ငွေမရှိတော့ဘူးလေ'' ဟု မ-ထ-သ (ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးလှသောင်းမြင့်က e-ticket အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ရှင်းလင်းပြောကြားသည်။

ထက်နေ

မြ၀တီ


မြန်မာနဲ့ စီးပွားရေး ဒဏ်ခတ်မှု အမေရိကန်သက်တမ်းတိုး




အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ ရန်ကုန် လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ကြပါတယ်။ ( နိုဝင်ဘာ ၁၉။ ၂၀၁၂။)

အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ်နဲ့တွဲပြီး စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ လုပ်တာကို ပိတ်ပင်ထားတဲ့ အရေးယူ ဒဏ်ခတ်မှု အမိန့်ကို သမ္မတ အိုဘားမားက နောက်ထပ် တစ်နှစ် သက်တမ်းတိုး လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း စိုးရိမ်စရာ အခြေအနေတွေ အချို့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒ ကို အလွန်အမင်း ခြိမ်းခြောက်မှု ဆက်ရှိနေ တာကြောင့် အရေးယူမှုကို အခုလို ထပ်ပြီး သက်တမ်းတိုးတာဖြစ်တယ်လို့ သမ္မတ အိုဘားမားရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက ပြောပြမှာပါ။

အခုလို သက်တမ်းတိုးလိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်မှု ဟာ လွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေတော့ မဟုတ်ဘဲနဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ထုတ်ပြန်တဲ့ အမိန့်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကြောင့် မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံမှုကို ကန့်သတ်တားမြစ်တဲ့ သမ္မတရဲ့ ၁၉၉၇ခုနှစ် မေလ ၂၀ရက်နေ့ ထုတ်ပြန်ချက် အဆက်ဖြစ်ပါတယ်။

၂၀၀၃ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၇ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၈ခုနှစ်မှာ တစ်ကြိမ် သက်တမ်းတိုးခဲ့ပြီး ၂၀၁၃ခုနှစ်မှာတော့ ပြင်ဆင်ချက်နဲ့အတူ သက်တမ်းတိုး ခဲ့တာပါ။ သမ္မတရဲ့ ဒီအမိန့် ထုတ်ပြန်ချက်အရ ဆိုရင်တော့ အမေရိကန် စီးပွားရေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြုပ်နှံ စီးပွားရေး လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့လည်း ခြွင်းချက်အနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်စပ် လုပ်ဆောင်တာကို ကန့်သတ် တားမြစ်ထားပါတယ်။

မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံကြတဲ့ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ လူ့အခွင့်အရေး ရူ့ထောင့်ကနေပြီးတော့ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ ကို စုံစမ်း သုံးသပ်ပြီးတော့ အများပြည်သူ သိအောင် အစီရင်ခံစာ ထုတ်ပြန်ပေး ရမှာဖြစ်ပါတယ်။

အခုလိုမျိုး သမ္မတအမိန့်နဲ့ ဒီအရေးယူမှုကို သက်တမ်းတိုးတဲ့အပေါ် အမေရိကန် အခြေစိုက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု အဖွဲ့ဖြစ်တဲ့ USCB (U.S Campaign for Burma) က ကြိုဆိုပါတယ်။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးမှာ လိုအပ် ချက်တွေ ရှိနေတုန်းပဲ ဆိုတာကို သမ္မတ အိုဘားမားက အသိအမှတ်ပြုလိုက် တာဖြစ် တယ်လို့ USCB ရဲ့ အမှုဆောင်ဒါရိုက်တာ Jennifer Quigley က VOA ကိုပြောပါတယ်။

"USCB နဲ့ တခြား အဖွဲ့အစည်းတွေအနေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဒီအရေးယူမှုကို ဆက် သက်တမ်းတိုးပေးဖို့ သမ္မတ အိုဘားမားထံကို အခုလ အစောပိုင်း တုန်းကပဲ တောင်းဆိုစာ ပို့ခဲ့တာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီးတော့ ရှိနေတာ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှု မလုပ်တာ၊ သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဆက်ပြီးတော့ ဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် အခုလိုမျိုး တောင်းဆိုရတာပါ။

သမ္မတအိုဘားမားအနေနဲ့ မြန်မာနိုင်ငံထဲ လိုအပ်ချက်တွေရှိနေတုန်းပဲ၊ ပြဿနာတွေ ရှိနေတုန်းပဲ ဆိုတာကို အသိအမှတ်ပြုပြီးတော့ အခုလို သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ်မှာ ဝမ်းမြောက်မိပါတယ်"

USCB အမှုဆောင်ဒါရိုက်တာ Jennifer Quigley ပြောဆိုသွားတာပါ။

သမ္မတ အိုဘားမားရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ အနျူမြူ အေဂျင်စီ IAEA ရဲ့ နျူကလီးယား ဘေးကင်း လုံခြုံမှုဆိုင်ရာ ဖြည့်စွက်ချက်ကို သဘောတူ လက်မှတ်ရေးထိုးတာ အပါအဝင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ရှိလာတာကို အသိအမှတ်ပြု ထားပါတယ်။

ဒါပေမဲ့လို့ လူနည်းစု တိုင်းရင်းသား ဒေသတွေ အထူးသဖြင့် ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေနဲ့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးနဲ့ စီးပွားရေး နယ်ပယ်မှာ စစ်တပ်က ဆက်ပြီးတော့ နေရာယူထားတဲ့ အခြေအနေတွေ ရှိနေတုန်းပဲလို့ သမ္မတ အိုဘားမားက သူ့ကြေညာချက် မှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့လို့ ဒီလိုအခြေအနေတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို အလွန်အမင်း ခြိမ်းခြောက်မှုအဖြစ် ဆက်ဖြစ်နေ တာကြောင့် သက်တမ်းတိုးဖို့ အတွက် ဆုံးဖြတ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ အခု ဒီသမ္မတရဲ့ အမိန့်စာမှာ ပါတဲ့အတိုင်း ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေးကို ထိခိုက်မှု ရှိမရှိ စုံစမ်း စစ်ဆေးပြီးတော့ အများပြည်သူကို ထုတ်ပြန်ပေးတဲ့နေရာမှာတော့ အားနည်းမှုတွေ ရှိနေတုန်းပဲလို့ USCB ကတော့ ဝေဖန်ပါတယ်။

"အခုအချိန်အထိတော့ မြန်မာနိုင်ငံထဲ အမေရိကန်ကနေ သွားရောက် ရင်းနှီးမြုပ်နှံကြတဲ့ ကုမ္ပဏီတွေဘက်က တင်ပြချက်တွေ ပြည့်စုံမှု မရှိသေးပါဘူး။ သူတို့လုပ်ငန်းတွေဟာ လယ်မြေသိမ်းယူမှုတွေနဲ့ မပတ်သက်ဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ချိုးဖောက်မှုတွေ မဖြစ်ခဲ့ပါဘူး ဆိုတာကို အသေအချာ စုံစမ်းစစ်ဆေးပြီး အစီရင်ခံနိုင်တာ ကုမ္ပဏီတစ်ခုပဲရှိပါတယ်။ အခြား ကုမ္ပဏီတွေ ရဲ့ အစီရင်ခံချက်တွေမှာတော့ မပြည့်မစုံဖြစ်နေတုန်းပါ။ ဒါကြောင့်မို့ လို့ ကျန်တဲ့ ကုမ္ပဏီတွေကို ဆက်ပြီးတော့ ပိုပြီးတော့ အသေးစိတ် ထုတ်ပြန်နိုင်ဖို့အတွက် ဖိအားပေးသွားမှာပါ။"

USCB က အမှုဆောင် ဒါရိုက်တာ Jennifer Quigley ပြောဆိုသွားတာဖြစ် ပါတယ်။


လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံနေတဲ့ အမေရိကန် ကုမ္ပဏီတွေ ထဲ Western Union၊ Coca Cola အပါအဝင် လုပ်ငန်းငါးခုလောက်ပဲ အများပြည်သူ သိအောင် အစီရင်ခံထားတယ်လို့ သိရပါတယ်။

အမေရိကန်က ပြဋ္ဌာန်းပြီးသား အမေရိကန်ပြည်ထောင်စုရဲ့ အရေးပေါ် အက်ဥပဒေအရ အမေရိကန်လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ထိခိုက်လာနိုင်တဲ့ အခြေအနေမှာ သမ္မတအနေနဲ့ အခုလိုမျိုး အရေးယူ၊ အမိန့်ထုတ်ပြန်နိုင်တဲ့ အခွင့်အာဏာ ကို ပေးထားပါတယ်။

ဒါကြောင့်မို့လို့ ဒီလုပ်ပိုင်ခွင့်အရ သမ္မတ အိုဘားမားရဲ့ လက်မှတ်နဲ့ အရေးယူမှုကို သက်တမ်းတိုးတဲ့ အခုအမိန့်ကို အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် အကြီးအကဲတွေကိုပါ သမ္မတအိုဘားမားက လက်မှတ်ထိုး ပေးပို့ထားပါတယ်။
 
VOA


ဓာတ်ငွေ့မီးဖို (Gas မီးဖို) နဲ့ ချက်ပြုတ်သူများ သတိထားပါ


သင်ဟာ ဓာတ်ငွေ့ကိုသုံးပြီး ချက်ပြုတ်နေသူတစ်ယောက်ဆိုရင်တော့ ဒီစာလေးကိုဂရုတစိုက်ဖတ်ပြီး မှတ်သားစေချင်ပါတယ်… ဒီလိုအဖြစ်အပျက်ဟာ အိမ်ထောင်စုအများစုမှာ ဖြစ်တတ်တဲ့အမှားဖြစ်လို့ သင့်အနေနဲ့ ဒီလိုမျိုးမကြုံရအောင် လုပ်ဆောင်ထားရပါမယ်…

အိမ်တစ်အိမ်ရဲ့ မီးဖိုချောင်ထဲမှာ အိမ်ရှင်မတစ်ယောက်ဟာ မီးလောင်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်ဆိုးတစ်ခုဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်…

ဘယ်လိုဖြစ်သလဲဆိုတော့ ဓာတ်ငွေ့အိုးနဲ့ ဟင်းချက်နေတုန်းမှာဖြစ်ပါတယ်… အမျိုးသမီးဟာ ပန်းကန်ဆေးစင်နားမှာ ပိုးဟပ်တွေကိုတွေ့ပါတယ်… ဒါကြောင့် insect killer တစ်ဗူးကို ဆွဲယူပြီး ချက်ပြုတ်နေတဲ့ ဓာတ်ငွေ့မီးဖိုနားမှာ ဖြန်းမိခဲ့ပါတယ်…

ချက်ချင်းဆိုသလို ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အမျိုးသမီးကို မီးတောက်တွေက တမဟုတ်ချင်းဝါးမြိုသွားပါတယ်… သူမခန္ဓာကိုယ်ရဲ့ ၆၅ ရာခိုင်နှုန်းအထိ လောင်ကျွမ်းခံလိုက်ရပါတယ်…

သူမရဲ့အမျိုးသားဟာ အလောတကြီးပြေးလာခဲ့ပြီး မီးငြိမ်းသတ်ဖို့ကြိုးစားခဲ့ပါတယ်… သူ့အဝတ်အစားတွေလည်း မီးလောင်ခံလိုက်ရပါတယ်…. အမျိုးသားဖြစ်သူကတော့ ဆေးရုံကိုအချိန်မီပို့ဆောင်နိုင်ပြီး ကုသမှုခံခဲ့ရပေမဲ့ သူ့ဇနီးဖြစ်သူ ဆေးရုံရောက်တာနဲ့ သေဆုံးကြောင်းကြားရတဲ့အတွက် ပူဆွေးဝမ်းနည်းနေခဲ့ရပါတယ်….

နားလည်ထားရမှာက insect killer spray တွေမှာ အငွေ့ပျံလွယ်ပြီး မီးလောင်လည်းလွယ်တဲ့ ငွေ့ရည်တွေပါဝင်ပါတယ်… (insect killer တွေတင်မကပါဘူး… Air Freshener တွေ… အရက်ပြန်နဲ့ မီးလောင်လွယ်တဲ့ တခြား spray တွေအကုန်လုံးကိုလည်း သတိထားရပါမယ်…)

ဒါတွေနဲ့ ဖြန်းလိုက်တဲ့အခါမှာ သေးငယ်တဲ့ အမှုန်အစက်လေးတွေအဖြစ် ခွဲဖြာပြီး အလျင်အမြန်ပျံ့နှံ့သွားပါတယ်… ဒီအထဲက အစက်တစ်စက်ကို မီးညှိလိုက်ရုံနဲ့တင် လေထဲမှာရှိတဲ့ အောက်ဆီဂျင်၊ မီးဖိုးကထွက်တဲ့ ဓာတ်ငွေ့တို့နဲ့ ရောစပ်ပြီး ပေါက်ကွဲသွားစေနိုင်ပါတယ်…

ဒါကြောင့် သင့်မိသားစုတွေနဲ့ မိတ်ဆွေတွေကို ဒီအကြောင်းနဲ့ပတ်သက်ပြီး ပညာပေးဆွေးနွေးတာမျိုး ဖြန့်ဝေတာမျိုး တတ်နိုင်သလောက်လုပ်ပေးပါ… လူ့အသက်ပေါင်းများစွာကယ်တင်နိုင်ဖို့အတွက် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပါတယ်….

Ref: Daily Health Tips
နှိုင်းရင့်နွေမှတင်ဆက်သည်…


မြန်မာနိုင်ငံသို့ ထွက်ခွာမည့် မလေးရှားလေကြောင်းလိုင်းလေယာဉ် ကွာလာလမ်ပူလေဆိပ်၌ ရပ်ထားစဉ် ကားဝင်တိုက်မိ၍ ခရီးစဉ်ရွှေ့ပြောင်း

မေ ၁၅ ရက်က ကွာလာလမ်ပူ လေဆိပ်တွင် ရန်ကုန်သို့ ပျံသန်းမည့် မလေးရှားလေကြောင်းလိုင်းပိုင်လေယာဉ်ကို ကားတစ်စီးက ၀င်တိုက်မိစဉ်

မေ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ ထွက်ခွာမည့် မလေးရှားလေကြောင်းလိုင်း လေယာဉ်သည် ကွာလာလမ်ပူလေဆိပ်၌ ရပ်ထားစဉ် လေယာဉ်၏ ကိုယ်ထည်ပိုင်းကို ကားတစ်စီးက ဝင်တိုက်မိသောကြောင့် ခရီးစဉ်ရွှေ့ပြောင်းလိုက်ရကြောင်း မလေးရှားလေကြောင်းလိုင်းက ပြောကြားခဲ့သည်။ မလေးရှားလေကြောင်းလိုင်း ခရီးစဉ်အမှတ် MH 370 လေယာဉ် ပျောက်ဆုံးခဲ့ပြီးနောက် မလေးရှားလေကြောင်းလိုင်း၏ နောက်ဆုံးမတော်တဆမှုတစ်ခု ဖြစ်လာခဲ့သည်။

ယခု ကားတိုက်ခံရသည့် ဘိုးအင်း ၇၃၇-၈ဝဝ အမျိုးအစားလေယာဉ်ကို အသေအချာစစ်ဆေးမှုများ ဆောင်ရွက်နေရသောကြောင့် မြန်မာနိုင်ငံသို့သွားမည့် ခရီးသည်များကို အခြားလေကြောင်းခရီးစဉ်သို့ ရွှေ့ပြောင်းပေးလိုက်ရကြောင်း သိရသည်။

အဆိုပါလေယာဉ်သည် ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်၌ ရပ်ထားစဉ် လေယာဉ်၏ ကိုယ်ထည်အောက်ပိုင်းကို ကားတစ်စီးက ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အင်ဂျင်နီယာတွေက အပျက်အစီးကို စစ်ဆေးဖို့ အဲ့ဒီနေရာမှာ ရှိနေပါတယ်။ အကြိုစစ်ဆေးချက်တွေအရ လေယာဉ်ရဲ့ ဖွဲ့စည်းပုံအပိုင်းကို ထိခိုက်မှု တစ်စုံတစ်ရာမရှိပါဘူး။ ဒါပေမယ့် စေ့စပ်သေချာတဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့လိုအပ်တာကြောင့် လေယာဉ်ကိုဆက်ပြီး ရပ်ထားရတာပါ”ဟု မလေးရှားလေကြောင်းလိုင်း ပျံသန်းရေးဆိုင်ရာ ညွှန်ကြားရေးမှူး အီဇန်အစ္စမေးက ပြောကြားခဲ့သည်။ သူက ခရီသည်များ လုံခြုံရေးသည် ထိပ်တန်းအဆင့်၌ ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။ ဧပြီလကလည်း ၎င်းတို့လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းသည် ပျံတက်စဉ် တာယာတစ်လုံး ကွဲထွက်သွားသောကြောင့် ကွာလာလမ်ပူသို့ ပြန်လှည့်ခဲ့ရသည်။

Eleven Media group


ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူများအတွက် ပေးသော အာမခံငွေ အစိုးရ အရှုံးပေါ်



နေပြည်တော်၊ မေ ၁၅

မေလ ၁၂ ရက်နေ့တွင် နေပြည်တော် အမြန်လမ်းတွင် တိမ်းမှောက်ခဲ့သော ရာဇာမင်း ခရီးသည်တင် ယာဉ်ပေါ်ပါ ခရီးသည် ၁၄ ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူများအတွက် မြန်မာ့အာမခံလုပ်ငန်းမှ ပေးအပ်ရသော အာမခံငွေမှာ အစိုးရအနေနှင့် အရှုံးပေါ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက The Voice သို့ ပြောသည်။

“လူတစ်ယောက် အသက်ထိခိုက်တဲ့ကြေးက ခရီးသည် တစ်သောင်းရဲ့ ပရီမီယံကြေး ဖြစ်နေတော့ အရှုံးပေါ်တာပေါ့။ အထူးခရီးသွား အသက် အာမခံကြေးကို ကျပ် ၃၀၀ ဖြင့် မေလ ၈ ရက်မှ ခရီးသွားကားများတွင် စီစဉ်ပေးခဲ့ပြီးနောက် မေလ ၁၂ ရက်တွင် ရာဇာမင်း ယာဉ်တိမ်းမှောက်မှုကြောင့် ပေးအပ်ရသည့် အာမခံကြေးနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ရာဇာမင်းယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၁၄ ဦးအတွက် အထူးခရီးသွား အသက်အာမခံကြေး ကျပ် ၆၃၀ သိန်း ပေးအပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများအတွက် ဒဏ်ရာရ အခြေအနေအရ အများဆုံး ကျပ် ၂၄ သိန်းအထိ ပေးအပ်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အထူးခရီးသွား အသက်အာမခံ ပေးသည့် လုပ်ငန်းသည် မတော်တဆမှုများ များပြားလာပါက ထပ်မံ အရှုံးပေါ်လာနိုင်စရာ အကြောင်းရှိသော်လည်း ခရီးသွားပြည်သူကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးထားသော အစီအစဉ် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ရာဇာမင်း ခရီးသည်တင် ယာဉ်သည် မေလ ၁၂ ရက်နေ့က နေပြည်တော်-ရန်ကုန် ၁၉၇ မိုင် ၆ ဖာလုံတွင် တိမ်းမှောက်ခဲ့ပြီး နေပြည်တော် ကုတင်တစ်ထောင် ဆေးရုံနှင့် လယ်ဝေးဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး မေလ ၁၅ ရက်နေ့တွင် ဒဏ်ရာရသူ ၃၀ ကျော်မှ လေးဦးမှာ ဆေးရုံမှ ပြန်ဆင်းသွားပြီ ဖြစ်ကြောင်း နေပြည်တော်ကောင်စီဝင် ဦးစောလှက ပြောကြားသည်။

The Voice Weekly


မလေးရှား ရွှေ့ပြောင်း အလုပ်သမားတွေအတွက် သတင်းကောင်း (ရုပ်/သံ) (သတင်းထူး)


မလေးရှားက ရွှေ့ပြောင်း အလုပ်သမားတွေအတွက် သတင်းကောင်းလေးပါ.. နှစ်နိုင်ငံ သဘောတူညီမှုရပြီးဆိုတဲ့အကြောင်း Video လေးကို တင်ပေးလိုက်ပါတယ်..။

မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မလေးရှားနိုင်ငံရှိအထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အန္တရာယ်ကင်းရှင်းစွာ တရားဝင် နေထိုင်၊ သွားလာ၊ အလုပ်လုပ်ကိုင်ခွင့် ရရှိရန် ရည်ရွယ်ပြီး ကျင်းပသော မြန်မာနိုင်ငံမှ Diamond Palace Company Limited နှင့် မလေးရှားနိုင်ငံမှ Duktimegah Sdn, Bhd Company တို့၏ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မေလ (၁၂) ရက်နေ့ ည (၇) နာရီခွဲက Grand Amara Hotel တောင်ငူခန်းမတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။


MRTV



 

 
Video Upload By : Win Kabar Kyaw


လာမည့်ရာသီတွင် ချန်ပီယံဆု အရယူသွား မည်ဟု မော်ရင်ညိုကြုံးဝါး


ချဲလ်ဆီးအသင်းနည်းပြ မော်ရင်ညိုက လာမည့် ရာသီတွင် ချန်ပီယံဆု အရယူသွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ယခုနှစ် ဘောလုံးရာသီတွင် မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဆုရရှိ သွားခဲ့ပြီး ချဲလ်ဆီး အသင်းမှာမူ တတိယနေရာတွင်သာ ရပ်တည် ခဲ့သည်။ မော်ရင်ညိုက ချဲလ်ဆီးအသင်းသည် ယခုရာသီတွင် ချန်ပီယံဆုရယူရန် ရေပန်းစား ခြင်းမရှိဘဲ ရာသီသစ်တွင်သာ ချန်ပီယံဆုကို ရယူနိုင်သည့် အခွင့်အရေးရှိ နေသည် ဟု ဆိုခဲ့ ဖူးသည်။

မော်ရင်ညိုက ကျွန်တော့်ကစားသမား တွေအပေါ် ယုံကြည်မှု အပြည့်ရှိပါတယ်။ လာမယ့် ရာသီသစ်စတာနဲ့ ကျွန်တော်တို့က ကြောက်ရွံ့တဲ့ စကားလုံးတွေ ချန်ပီယံမဖြစ်နိုင်တဲ့ အကြောင်း တွေကို ပြောကြားတော့မှာ မဟုတ်ပါဘူး။ ချန်ပီယံဆုကို အရယူသွားဖို့ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ ရလဒ်ထွက်ပေါ်ခဲ့ပေမယ့် အဆင့် (၃) နေရာ သာရခဲ့လို့ မပျော်ရွှင်မိပါဘူး။
 
 ပြောင်းလဲမှုတွေ ပြုလုပ်တဲ့ ကာလမှာ ထွက်ပေါ်လာတဲ့ ရလဒ်ကို ကျေနပ်ပေမယ့် အဆင့် (၃) နေရာကိုပဲ ရယူနိုင်ခဲ့ခြင်း အပေါ် ပျော်ရွှင်နေမှာ မဟုတ်ပါဘူး။ လာမယ့် ရာသီမှာ ပိုကောင်း အောင် ကစားသွားရမှာဖြစ်ပါတယ်။ ကျွန်တော်ရော ကစားသမားတွေပါ အကောင်းဆုံး ပြုလုပ်သွားရမှာဖြစ်ပါတယ် ဟု ပြောကြားခဲ့သည်။ ထို့အပြင် မော်ရင်ညိုက လာမည့် ရာသီတွင် ချဲလ်ဆီး အသင်းကို ပိုမိုတောင့်တင်းမှုရှိရန် ဆန္ဒရှိနေသည်။ မော်ရင်ညိုသည် ကစားသမားများကို ပိုမိုကြိုးစားသွား ရန် သတိပေးထားပြီး အကောင်းဆုံးပေးဆပ်လိုခြင်း မရှိသည့် ကစားသမားများ အသင်းမှထွက်ခွာနိုင်ကြောင်း ဆိုခဲ့သည်။

Messenger News Journal