19 May 2014

ပွေးနာ၊ ယားနာ၊ အရေပြားရောဂါများကို သုံပုရာသီးနှင့် ကုမယ်



သိထားလျှင် အသုံးဝင်မယ့် နည်းလမ်းလေး ဖြစ်ပါတယ်။ အရေပြားမှ ဖြစ်တတ်တဲ့ ယားနာများ ပွေးနာ စတဲ့ရောဂါတွေ အပြင် အမည်းကွက်များ ပေါက်ခြင်းနှင့် အမွေးများ ကျွတ်ခြင်း စသော ရောဂါ များကို သုံပုရာသီး ရှိရုံဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

သုံပုရာသီး လတ်လတ်ဆတ်ဆတ် တစ်လုံးကို တစ်ခြမ်းခြမ်းလိုက်ပါ။ ထိုခြမ်းပြီးသား အခြမ်းဖြင့် ရောဂါဖြစ် တဲ့ နေရာမျးကို ပွတ်ပေးခြင်းအားဖြင့် ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ သံပုရာသီးမှာ ပါဝင်သော အက်စစ် ဓာတ်ဟာ ပိုးမွှားများကို သေစေနိုင်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။


ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ
-------------------------------------------------


ကင်ဆာသုတေသနပြုလုပ်သူ အသက် ၁၅ နှစ်သား ကမ္ဘာ့အမြင့်မားဆုံး သိပ္ပံဆုရရှိ


လော့စ်အိန်ဂျလိစ်၊ မေ ၁၇

Intel ကုမ္ပဏီကကြီးမှူးကျင်းပသည့် နိုင်ငံတကာသိပ္ပံနှင့် အင်ဂျင်နီယာပွဲ (ISEF) တွင် လူငယ်မျိုးဆက်သစ် တီထွင်ပညာရှင်များကို ဆုချီးမြှင့်ရာ၌ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော့စ်တွန် လက်တင် အထက်တန်း ကျောင်းမှ နာသန်ဟန်းက အမြင့်ဆုံးဆု (ဒေါ်လာ ၇၅,ဝဝဝ) ကိုရရှိသွားကြောင်း Student Science သတင်းတွင် ဖော်ပြထားသည်။

ပုံတွင်တွေ့ရသည့်အတိုင်း ယခုနှစ်အတွက် အမြင့်မားဆုံး သိပ္ပံနှင့် တီထွင်ဆုရှင်များမှာ ဝဲဘက်အစွန်မှ ရှန်နွန်လီသည် စင်ကာပူနိုင်ငံမှဖြစ်ပြီး အသက် ၁၇ နှစ်၊ အလယ်မှ လန်းနတ် ကလင်းဝေါ့သည် ဂျာမနီနိုင်ငံမှဖြစ်ပြီး အသက် ၁၅ နှစ်နှင့် ယာစွန်မှ နာသန်သည် အမေရိကန်ပြည်ထောင်စုမှဖြစ်ပြီး အသက် ၁၅ နှစ်တို့ဖြစ်ကြကြောင်း ISEF ကသတင်းထုတ်ပြန် ထားသည်။

နာသန်သည် ကင်ဆာရောဂါနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုအတွက် အဖွဲ့က အမြင့်ဆုံးဆု အဖြစ် သတ်မှတ်ကာ ရွေးချယ်ပေးခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုနှစ်အတွက် နိုင်ငံပေါင်း ၇ဝ မှ လူငယ်ပညာရှင် ၁,၇၈၇ ဦး၏ တီထွင်မှုများကို ISEF အဖွဲ့က ရွေးချယ်ပြီးဆန်ခါတင် စစ်ဆေးကာ နောက်ဆုံးအဆင့်သို့တက်နိုင်သူတိုင်းအတွက် ဆုချီးမြှင့် ရန် ဒေါ်လာ ၅ သန်း အထိ သုံးစွဲခဲ့ကြောင်း ယင်းသတင်းကဆိုသည်။

ယခုနှစ်အတွက် ဒုတိယဆုရရှိသူ ရှန်နွန်လီနှင့် လင်းနတ်တို့သည် ဒေါ်လာ ၅ဝ,ဝဝဝ စီအသီးသီးရရှိ သွားကြပြီး၊ အိန္ဒိယနိုင်ငံမှ ဆန်ခါတင်စာရင်းဝင်သူကျောင်းသား ရှစ်ဦးရှိကြောင်း Tech First Post သတင်းတွင် ရေးသားထားသည်။

မောက္ခပညာရေး magazine


ပျာက်ဆုံးနေဆဲ မလေးရှားလေကြောင်းလိုင်းလေယာဉ် MH370 အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကား trailer ထွက်ရှိ


\
ဒီနှစ်အစောပိုင်းက ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ မလေးရှားလေယာဉ် MH370 ကို အခြေခံရိုက်ကူး ထားတဲ့ ဇာတ်ကား ‘The Vanishing Act’ ရဲ့ trailer ထွက်ရှိလာပါပြီ။

အိန္ဒိယဒါရိုက်တာ Rupesh Paul ရိုက်ကူးတဲ့ ဒီဇာတ်ကားဟာ ဒီနှစ် ကိန်းစ်ရုပ်ရှင်ပြပွဲမှာ ပြသဖို့ ရွေးချယ် ခံထား ရပြီး ဇာတ်ကားပိုစတာမှာတော့ ‘ ပျောက်ဆုံးသွားသော မလေးရှားလေယာဉ်ရဲ့ လူမသိ ဇာတ်ကြောင်း’ လို့  ဖော်ပြထားပါတယ်။

ဒီနှစ်အစောပိုင်းမှာ ကမ္ဘာတစ်ခုလုံး မှင်တက်စေခဲ့တဲ့ မလေးရှားလေယာဉ်ပျောက်ဆုံးမှုအပြီး Paul ဟာ မလေးရှားဂျာနယ်လစ်တစ်ယောက်နဲ့ တွေ့ ဆုံခဲ့ရပြီး လေယာဉ်ဘယ်လိုဖြစ်ခဲ့သလဲဆိုတဲ့ သီအိုရီကို ဂျာနယ်လစ် က ပြောပြခဲ့ရာကစလို့ ဇာတ်ကားရိုက်ကူးဖို့ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ဇာတ်ညွှန်းအတွက် Paul ဟာ ရက် ၂၀ အချိန်ယူခဲ့ရပြီး ဒီသီအိုရီနဲ့ ဇာတ်သိမ်းမှာဖြစ်တယ်လို့  သိရပါတယ်။ ဒီသီအိုရီကို ပြောပြခဲ့တဲ့ ဂျာနယ်လစ်ကို အခုအချိန်ထိ အမည်မဖော်ပြသေးဘဲ သူဟာ ဒီဇာတ်ကားရဲ့ အဓိကရင်းနှီးထည့်ဝင်သူတစ်ဦးလည်းဖြစ်တယ်လို့ Paul က ပြောပြခဲ့ပါတယ်။

ဘုံဘေမှာ ဆိုက်ကပ်ထားတဲ့ Aerobus လေယာဉ်တစ်စီးပေါ်မှာ trailer ကို ခြောက်ရက်ကြာ ရိုက်ကူးခဲ့ရပြီး ဒီဇာတ်ကားအတွက် သရုပ်ဆောင်ပေါင်း ၂၀၀ ကျော်လိုအပ်မယ်လို့ Paul က ဆိုခဲ့ပါတယ်။ လာမယ့် သြဂတ်စ် လမှာ ထုတ်လွှင့်နိုင်ဖို့ ရည်ရွယ်ထားကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

Variety မဂ္ဂဇင်းက တွေ့ ဆုံခဲ့ရာမှာ “ လူတွေက ကျွန်တော့်ကို တစ်ချက်မေးကြတယ်။ ခင်ဗျားက ဒီသီအိုရီကို ပြောနေပြီး ဥပမာ ရုတ်တရက် လေယာဉ်ကြီးကို ပြန်တွေ့ တယ်ဆိုပါစို့ ။ ပြီးတော့ ခင်ဗျား သီအိုရီနဲ့ လည်း လုံးဝ တစ်လွဲဖြစ်နေတယ်။ ခင်ဗျား ရင်းနှီးမြှပ်နှံမှုတွေ အကုန် ရေစုန်မျောမှာနော်တဲ့။ ဟုတ်ပါတယ် ကျွန်တော်တို့  အရူးကြီးတွေ ဖြစ်သွားလိမ့်မယ်။ ဒါဟာ ကျွန်တော်ရင်ဆိုင်နေရတဲ့ အကြီးဆုံး စိန်ခေါ်မှုပါပဲ” လို့ Paul က ပြောပြခဲ့ပါတယ်။

ဒီဇာတ်ကားကြောင့် လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည်တွေ နဲ့ မိသားစုဝင်တွေ ထိခိုက်နစ်နာမှု မရှိစေရဘူးလို့  လည်း သူက အာမခံခဲ့ပါတယ်။

“ ကမ္ဘာပေါ်မှာ ရှိတဲ့လူအကုန်လုံး ဘာဖြစ်သွားခဲ့လဲဆိုတာ သိချင်ကြမှာပါ” လို့ သူက ထပ်လောင်းပြော ကြားခဲ့ပါတယ်။

Kamasutra 3 D ဇာတ်ကားကြီးကို ရိုက်ကူးခဲ့သူ Rupesh Paul ဟာ သူ့ ဇာတ်ကားရဲ့ ဇာတ်သိမ်းမှာ သေနတ်တွေ ဂြိုလ်သားတွေ လည်း ပါဝင်မှာမဟုတ်ပါဘူးတဲ့။

Ref: Metro.co.uk
Trend Myanmar



နာမည်ကျော် ရော့ခ်အဆိုတော်ကြီး လေးဖြူ ရဲ့မွေးနေ့

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_4720.html

ယနေ့ မေလ ၁၉ ရက်နေ့ဟာ မြန်မာပြည်ရဲ့နာမည်ကျော် ရော့ခ်အဆိုတော်ကြီး လေးဖြူ ရဲ့မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပြီး အနုပညာဖြင့် လူမှုကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ပေါ်ပြူလာဂျာနယ်မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Popular Journal

ကျာက်တည်သူများ ကျောက်ကြေစေမည့် သဘာဝဆေးနည်း



ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ ကျောက်ကပ်တို့မှာ ကျောက်တည်နေလျှင် သဘာဝနည်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။

၁။ အုန်းသီးနုနု တစ်လုံးကို ခူးလိုက်ပါ။ (အောက်ကို ပြုတ်မကျစေရပါ)

၂။ အုန်းသီးထိပ်ပိုင်းလေးကို ဖြတ်ပြီး လှော်ထားသည့် ငရုတ်ကောင်း ၅ စေ့ခန့်ကို အမှုန့်ကြိတ်ပြီး ထည့်စိမ်ထားလိုက်ပါ။

၃။ တစ်နာရီခန့် စိမ်ထားပြီးလျှင် ၄င်းအုန်းစိမ်းရည်ကို သောက်ပေးနိုင်ပါတယ်။

၎။ မနက်အိပ်ယာထခါစမှာ သောက်ရေ မတ်ခွက်အပြည့်ဖြင့် တစ်ခွက် သောက်ပေးပါ။

ဆီးများများ သွားလိုက်လျှင် ကျောက်များကြေ၍ ကျသွားပါလိမ့်မည်။ တစ်ပတ်ကို တစ်ကြိမ်သောက်ပေးနိုင်ပြီး ၃ ပတ်ခန့်ဆိုလျှင် သက်သာပျောက်ကင်းသွားပါလိမ့်မည်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား။ ။ မြန်မာ့ဆေးကျမ်း၊ ရိုးရာဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ



အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကို ဘယ်တော့မှ ဖွင့်ဟလေ့မရှိတဲ့ အကြောင်းအရာများ


မေသော် on 2014-05-17 11:29  
ချစ်သူတွေကြားမှာတောင် လျှို့ဝှက်ထားတဲ့အရာတွေ ရှိနိုင်ပါတယ်။ ဒါဟာ ဖောက်ပြန်မှုနဲ့လည်း မဆိုင်ပါဘူး။ နောက်တစ်ယောက်ကို ချစ်နေတာမျိုး၊ စိတ်ဝင်စားနေတဲ့ အကြောင်းအရာမျိုးလည်း လုံးဝမဟုတ်ပါဘူး။ သို့ပေမယ့် ကိုယ့်ချစ်သူ ကို ယောင်္ကျားလေးတွေအနေနဲ့ ဖွင့်ဟပြောလေ့မရှိတဲ့ အကြောင်းအရာတစ်ချို့ကတော့

၁။သင့်ရဲ့သူငယ်ချင်း (သိုမဟုတ်) ညီမလေး (သို့မဟုတ်) အမေ က ဆွဲဆောင်မှုရှိတယ်ဆိုတာ

ကိုယ့်သူငယ်ချင်းကောင်မလေးက ဆွဲဆောင်မှုရှိတယ်ဆိုတာမျိုး ကိုယ့်ကိုလာပြောရင် အနည်းဆုံးတော့ သင်စိတ်ကသိကအောက်ဖြစ်မယ်ဆိုတာ သင့်ချစ်သူကောင်လေးက သိပြီးသားပါ။ သူဘယ်တော့မှ ဖွင့်မပြောပါဘူး။ နောက်ပြီး သင့်ညီမလေးကလည်း အရမ်းချစ်ဖို့ကောင်းတယ်ဆိုတာမျိုးကိုလည်း သူတို့ ဘယ်တော့မှ ဖွင့်မပြောဘူး စိတ်ချ။

၂။ပင့်ကူလို အကောင်မျိုးကို သူတို့ကြောက်တယ်ဆိုတာ

သတ္တ၀ါအသေးစားလေးတွေ ပင့်ကူ၊ အိမ်မြှောင်စတာတွေကို သူတို့ကြောက်ပါတယ်လို့ ကိုယ့်ကိုဖွင့်ဟမယ်လို့ မထင်ပါနဲ့။ ဒါမျိုးတွေကို သူတို့ရှက်ကြပါတယ်။

၃။အနာဂတ်ကိုတွေးရင် ကြောက်စရာကောင်းတယ်ဆိုတာ

အမျိုးသားတစ်ယောက်အနေနဲ့ အနာဂတ်ကို တွေးကြည့်ရင် ကြောက်နေလိမ့်မယ်လို့ သင်ဘယ်တော့မှတွေးဖူးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့လည်း အနာဂတ်ကိုတွေးလိုက်ရင် စိတ်ပူနေတာမျိုး၊ ကြောက်နေတာမျိုးတွေ ရှိတတ်ပါတယ်။

၎။ဟိုဟာ မလုပ်တတ်၊ ဒီဟာ မလုပ်တတ်ဖြစ်နေတတ်တာ

အိမ်မှာ တစ်ခုခုပျက်လို့ ပြင်ဖို့လိုလာရင် သူကဘေးကပဲ ကြည့်နေရပြီး ဘာမှမလုပ်တတ်ပါဘူးလို့ သင့်ကို ဘယ်တော့မှ ဖွင့်ဟလိမ့်မယ် မထင်ပါနဲ့။ ဒါမျိုးကိုလည်း သူတို့ရှက်တတ်ပါတယ်။

၅။သင်ဝါသနာပါတဲ့အရာတွေကို သူမကြိုက်တာ

သင်က ငါးမျှားတာ ၀ါသနာပါတယ်ဆိုရင် သူအောင့်အီးပြီး ဘေးကနေ ထိုင်နေပေးလိမ့်မယ်။ ဒါမှမဟုတ် သင်စကိတ်စီးတာ ၀ါသနာပါတယ်ဆိုရင်လည်း သူက လိုက်ပြီးအဖော်လုပ်ပေးလိမ့်မယ်။ ဒါပေမယ့် ဒါတွေကို သူလုံးဝမကြိုက်ဘူး ဆိုတာကိုတော့ ဖွင့်ဟလိမ့်မယ် မထင်ပါနဲ့။

၆။သင်မကြိုက်တဲ့အရာတွေကို သူမြတ်နိုးတယ်ဆိုတာ

ဒါလည်း အချက် ၅ကအတိုင်းပါပဲ။ တစ်ခါတစ်လေ ကိုယ်လုံးဝမကြိုက်တဲ့အရာတွေကို သူနှစ်သက်နေတာမျိုးတွေ ရှိတတ်ပါတယ်။ သူကိုလည်း သူရေငုံနှုတ်ပိတ် မပြောပဲ ထားပါလိမ့်မယ်။

၇။သင့်အိမ်ကလူတွေနဲ့ ပတ်သက်ပြီး သူဘာတွေ မနှစ်သက်ဘူးဆိုတာ

ကိုယ့်အိမ်အကြောင်း သူလည်း သိသင့်သလောက် သိနေပြီဆိုပါစို့။ အဲ့ဒီလိုအချိန်မှာ မင်းအမေကတော့ မမိုက်ဘူး၊ မင်းအဖေကတော့ ဘယ်လို ဆိုပြီး သူ မဝေဖန်မိအောင် နေပါလိမ့်မယ်။

Ref:cosmopolitan.com
trend myanmar


အမျိုးသားရေးသစ္စာဖောက်လို့ခေါ်တာ နည်းတောင်နည်းသေး တယ်တဲ့လား


မျိုးစောင့်ဥပဒေကြမ်းကို ကန့်ကွက်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို အမျိုးသားရေး သစ္စာဖောက်လို့ စွပ်စွဲထားတဲ့ (မဘသ)လို့ခေါ်တဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)က ဒီလိုစွပ်စွဲချက်တွေကို အတည်ပြုလိုက် ပါပြီ။ ဘာ့ကြောင့် ဒီလိုစွပ်စွဲရတာလဲ။

မျိုးစောင့်ဥပဒေကြမ်းတွေကို အစိုးရက ဦးဆောင်ပြီးရေးဆွဲနေချိန်မှာ ဘယ်လိုအချက်အလက်တွေ ပါဝင်တယ်ဆိုတာ ဘယ်သူမှမသိသေးဘဲ ကန့်ကွက်ဝေဖန်နေတာ သဘာဝမကျသလို နောက်ကွယ်မှာ မသမာတဲ့ရည်ရွယ်ချက်တွေရှိနေတယ်လို့ မဘသက မေလ ၁၇ရက်နေ့မှာ တုံ့ပြန်ခဲ့ပါတယ်။

အမျိုးသမီးအဖွဲ့တွေ၊ အရပ်အဖွဲ့အစည်း ၁ဝဝကျော်က ကန့်ကွက်လို့ မန္တလေးတိုင်း မဘသက အမျိုးသားရေး သစ္စာဖောက်လို့ သတ်မှတ်တာဟာ ကန့်ကွက်တဲ့သူတွေက အပြင်းအထန်ကန့်ကွက်တယ်ဆိုတဲ့စကားလုံး သုံးစွဲလို့ တန်ပြန်စွပ်စွဲခဲ့တာဖြစ်တယ်လို့ ဓမ္မစက္ကဦးမောင်မောင်က အတည်ပြုပါတယ်။

ရန်ကုန်မြို့ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မဘသနဲ့ ကြံ့ခိုင်ရေးပါတီ ဘယ်လိုမှ ပတ်သက်မှုမရှိတဲ့အကြောင်း၊ သံဃာတွေ မဲပေးခွင့်တောင်းဆိုသွားမယ်ဆိုတာလည်း မဘသရဲ့ ဆုံးဖြတ်ချက်မဟုတ်တဲ့အကြောင်း စွပ်စွဲချက်တွေကိုလည်း ငြင်းဆိုခဲ့ပါတယ်။

မျိုးစောင့်ဥပဒေကို သေချာမသိဘဲ မကန့်ကွက်ဖို့နဲ့ ဒီဥပဒေကြမ်းတွေဟာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစေဖို့ ဦးတည်ထားတာကြောင့် သေချာလေ့လာပြီးမှ သဘောထားမှတ်ချက်ပေးပါလို့ မဘသရဲ့ ဥပဒေအကြံပေး ဦးအေးပိုင်က ဆိုပါတယ်။

မျိုးစောင့်ဥပဒေကြမ်းဆိုင်ရာ ရှင်းလင်းပွဲကို အမျိုးသားရေးဝါဒီ ဦးပါမောက္ခနဲ့ ကိုရဲမင်းဦးတို့လည်း တက်ရောက်ခဲ့သလို ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ဥက္ကဌ ဦးသုဝေလည်း တက်ရောက်ခဲ့ပါတယ်။ အမျိုးသားရေး သစ္စာဖောက်လို့ မန္တလေးတိုင်း မဘသက စွပ်စွဲပြီးနောက်ပိုင်း The Voiceနဲ့ မြန်မာပို့စ်ဂလိုဘယ် သတင်းစာ၂စောင်ကိုလည်း အမျိုးသားရေးသစ္စာဖောက်အဖြစ်စွပ်စွဲခဲ့သလို ဒီမိုကရေစီရေး အင်အားစုတွေကိုပါ စွပ်စွဲတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်နေပါတယ်။

Kamayut Media 

တပ်မတော်အနေနှင့် အာဏာ မမက်မောကြောင်း ပြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_8416.html


မန္တလေး၊ မေ ၁၈

အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်များတွင် တပ်မတော်က အာဏာ မက်မောခြင်း မရှိကြောင်းပြရန် ပြည်သူလူထုအတွက် အကောင်းဆုံး အခြေခံဥပဒေ တစ်ရပ် ဖြစ်စေရန် ပြင်ဆင်ပေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသည်။

မေလ ၁၈ ရက်တွင် မန္တလေးမြို့ အောင်ပင်လယ် အားကစားကွင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြုလုပ်သော အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲနှင့် လူထုဆန္ဒလက်မှတ် ကောက်ယူရေး အခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခြေခံဥပဒေ ပြင်ဆင်တဲ့ နေရာမှာ တပ်မတော်က ကျုပ်တို့တွေ အာဏာ မက်မောလို့၊ အထူးအခွင့်အရေး မက်မောလို့၊ နေရာမက်မောလို့ လုပ်နေတာ မဟုတ်ဘူး ဆိုတာကို သက်သေ ထူလိုက်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ်လို့ ပြောပေမယ့် တစ်နည်းအားဖြင့် စိန်ခေါ်မှုလို့လည်း ပြောနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်သူလူထု၏ ထောက်ခံမှု ရယူထားခြင်းမ ရှိဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခရာကျသည့် ဆုံးဖြတ်ပိုင်ခွင့်များ ရယူထားခြင်း ကိစ္စကို တပ်မတော်သားများ ကိုယ်တိုင် ပြန်လည် သုံးသပ်သင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“တပ်မတော်ရဲ့ တာဝန်ဆိုတာ ပြည်သူကို ကာကွယ်ဖို့၊ တိုင်းပြည်ကို ကာကွယ်ဖို့၊ ပြည်သူကို အုပ်ချုပ်ဖို့လို့ ကျွန်မ ဘယ်တော့မှ မကြားဖူးပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ပူးပေါင်းကာ ၂၀၁၄ ခုနှစ် မေလအတွင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့၌ အခြေခံဥပဒေ ပုဒ်မ (၄၃၆) အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်းကို လွှတ်တော်ကတစ်ဆင့် ပြင်ဆင်ပေးရန် လူထုဆန္ဒ ကောက်ယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန်အတွက် မေလ ၂၇ ရက်နေ့ကနေ ဇူလိုင် ၁၉ ရက်အထိ လူထုဆန္ဒ လက်မှတ်များ ကောက်ခံသွားမည် ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ NLD ပါတီ ရုံးခန်းများတွင် သွားရောက် လက်မှတ်ရေးထိုးနိုင်ကြောင်း ကြေညာထားသည်။

NLD ပါတီက ယင်းသို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်း ပုဒ်မ (၄၃၆) ကို ပြင်ဆင်ရန် လှုပ်ရှားမှုများ ပြုလုပ်လျက် ရှိသော်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကမူ အဆိုပါ ပုဒ်မကို ထိန်းထိန်းသိမ်းသိမ်း ပြင်ဆင်သင့်ကြောင်း ၎င်း၏ မိန့်ခွန်းများအတွင်း အကြိမ်ကြိမ် ပြောဆိုထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံတော် အချုပ်အခြာအာဏာကို အထိခိုက်မခံဘဲ ဥပဒေဘောင် အတွင်းက ဆောင်ရွက်ရမည် ဖြစ်ကြောင်း မေလ ၁၅ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့ မြို့တော်ခန်းမ ၁ တွင် ပြုလုပ်ခဲ့သည့် ၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုညစာ စားပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သည်။
“ဒီကိစ္စတွေကြောင့် တိုင်းပြည် ဆူဆူပူပူဖြစ်ဖို့ ဘယ်သူမှ မလိုလားပါဘူး။ ကိုယ့်တိုင်းပြည် ဆူပူမှုဖြစ်ရင် ကိုယ့်တိုင်းပြည်ပဲ နစ်နာမှာပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

သို့သော် ပြည်ထောင်စုလွှတ်တော်ကမှု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီတစ်ရပ်ကို အဖွဲ့ဝင် ၃၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်သူ့လွှတ်တော် အမတ် ၁၀ ဦး၊ အမျိုးသားလွှတ်တော် အမတ် ၁၀ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇ ဦးတို့ဖြင့်၂၀၁၄ ခုနှစ် ဇန်ဝါရီလအတွင်းက ဖွဲ့စည်းခဲ့သည်။

The Voice Weekly

မိန်းမနဲ့ ယောက်ျား


Written by  စိုပြေ (သံချောင်းပါတီ)

ကျုပ်တို့ အမျိုးသားများ တယ်လည်း အခွင့်အရေး နည်းသကိုးဗျ။ မိန်းမများကတော့ အခွင့်အရေးတွေ များလိုက်တာ။ ယောက်ျားနဲ့ မိန်းမ ယှဉ်လို့ရရင် ယောက်ျားတွေအနေနဲ့ မိန်းမတွေလောက် အခွင့်အရေး မရတာ အမှန်ပါပဲဗျာ။

စဉ်းစားကြည့်လေ။ အမျိုးသမီးရေးရာ အဖွဲ့ဆိုပြီး ရှိတယ်။ အမျိုးသားရေးရာ အဖွဲ့ဆိုပြီး ရှိမှမရှိပဲ။ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ရှိတယ်။ ဖခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ရှိလို့လား။ အချို့ကတော့ ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုပြီးရှိတယ်။ အမျိုးသမီး ဒီမိုကရေစီအဖွဲ့ချုပ် မရှိဘူးတဲ့။ တကယ်တော့ဗျာ သူတို့ဆိုလိုတဲ့ အမျိုးသားဆိုတာ National ကို ဆိုလိုတာဗျ။ Men ကို ဆိုလိုတာ မဟုတ်ဘူးတဲ့။ ဒါကြောင့်လည်း NLD ဆိုပြီး ဖြစ်နေတာပေါ့။ ယောက်ျားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဆိုရင် MLD ဖြစ်ရမှာပေါ့လေ။

ထားပါတော့ဗျာ။ အခွင့်အရေး တောင်းတာ ဆိုရင်လည်း ကြည့်လိုက်ပါဦး.....။ အမျိုးသမီး အခွင့်အရေးတွေပဲ တောင်းနေကြတယ်။ ကျုပ်တို့ အမျိုးသားများ တစ်ခါမှ အခွင့်အရေး မတောင်းခဲ့ဖူးပါဘူး။ ကျုပ်တို့ အမျိုးသားအခွင့်အရေး တောင်းတာဆိုလို့ ကိုယ့်မိန်းမဆီက အရက်သောက်ခွင့်နဲ့ ဘောလုံးပွဲ ကြည့်ခွင့်လောက် တောင်းတာပါ။ ဒါလည်း တစ်ခါတလေမှ ရတာပါ။ သူတို့ မိန်းမတွေလို ကြီးကြီးကျယ်ကျယ် တစ်နိုင်ငံလုံးနဲ့ချီပြီး အမျိုးသမီးအခွင့်အရေး မတောင်းဖူးပါဘူး။

NGO ဆိုရင်လည်း ကြည့်လိုက်ပါဦးဗျာ။ အမျိုးသမီး အခွင့်အရေးအတွက် လုပ်နေတဲ့ NGO ပဲ ရှိတယ်။ အမျိုးသား အခွင့်အရေးအတွက် လုပ်တဲ့ NGO ရှိတယ်လို့ကို မကြားဖူးပါဘူးဗျာ။

အဲ့ဒီလိုမျိုး ပြောတော့ အမျိုးသမီးတွေ ပြန်ပြောတယ်။ သူတို့ကို ယောက်ျားတွေက အခွင့်အရေး မပေးဘဲ နှိမ်ထားတဲ့အတွက် အခွင့်အရေးတွေ တောင်းရတာပါတဲ့။ ကျုပ်တို့က ဘယ်မှာများ ချုပ်ချယ် ထားလို့ပါလဲဗျာ။ မိန်းမတွေကို ယောက်ျားတွေက တန်းတူလို အခွင့်အရေး ပေးထားတာပဲလေ။ အလုပ်လုပ်ချင်သလား။ လုပ်ရမယ်။ လုပ်ခွင့် ပေးထားတာပဲ။ အရက်သောက်ချင်သလား။ သောက်လေ။ ဖဲရိုက်မလား။ ရိုက်လေ။ ဟင်းမချက်ချင်ဘူးလား။ အပြင်မှာ ဝယ်စားကြမယ်လေ။

အားလုံးကို တန်းတူထားတာပါပဲဗျာ။ နှိမ်တယ်လို့ကို မရှိရပါဘူး။ ဒါကိုများ သူတို့က အခွင့်အရေးတွေ ထပ်လိုချင်သေးတယ်တဲ့။
သူတို့တောင်းတဲ့ အခွင့်အရေး....။ သူတို့ရော သိရဲ့လား မသိပါဘူး။
အဲ့...ဒီလို ပြောလိုက်တော့ သူတို့က သိတယ်ဗျ။ အလုပ်မှာ ယောက်ျားတွေနဲ့ တန်းတူအခွင့်အရေး ရဖို့တဲ့...။ သူတို့ ပြောတာက ရာထူးကြီးတွေမှာ ယောက်ျားတွေချည်းပဲတဲ့။ မိန်းမရာထူးကြီးတာ နည်းတယ်တဲ့။ ဒါကတော့ ကြိုးစားရမှာပဲဗျ။ အခုဆို စစ်ဗိုလ်မမတွေ ခေါ်နေပြီလေ။ စစ်ဗိုလ်မမတွေလည်း စစ်တပ်ထဲက အနားယူပြီး အရပ်ဘက်ကို ပြောင်းရင်း ရာထူးကြီးကြီး ရမှာပေါ့ဗျာ။ အခုလည်း ရာထူးကြီးကြီး ယောက်ျားတွေ ဆိုတာ စစ်တပ်က အနားယူထားတဲ့ လူတွေပဲ မဟုတ်လား။ သူတို့ ပြောပြန်တယ်။ လွှတ်တော်ထဲမှာလည်း မိန်းမနည်းတယ်တဲ့။ ဒါတော့ မပြောနဲ့လေ။ ဒီမိုကရေစီ။

လွှတ်တော်ထဲမှာ မိန်းမနည်းတယ် ဆိုပြီး စစ်တပ်လူတွေလို လွှတ်တော်ထဲ ဝင်တိုင်ခွင့် ပေးလို့မှ မရတာ။ အရွေးခံပေါ့။ အမျိုးသမီးတွေ များများ ဝင်အရွေးခံပြီး နိုင်ရင် အမျိုးသမီးအမတ်တွေ များလာမှာပေါ့လေ။

နောက်ပြီး ပြောသေးတယ်။ အမျိုးသားဆိုတဲ့ အသုံးအနှုန်းတဲ့....။ သတင်းစာထဲမှာ ကြည့်လိုက်ရရင်လည်း အမျိုးသားလုံခြုံရေး၊ အမျိုးသားအမြင်၊ အမျိုးသားလွှတ်တော် ဆိုတဲ့ အမျိုးသားနဲ့ သက်ဆိုင်တာတွေပဲ များနေတယ်တဲ့။ ဒါက အမျိုးသမီးတွေကို သတ်သတ်နှိမ်တာ ဆိုပဲ။ အဲ့ဒါတော့ စောစောက ပြောပြီးပြီပါကော....။ အမျိုးသားဆိုတာ National ကို ပြောတာလို့။ Men ကို ပြောတာ မဟုတ်ဘူးလို့။

ဒီစကားလုံး ကိစ္စကလည်း တော်တော် လက်ပေါက်ကပ်တာပဲဗျာ။ National ကို ဘယ်ပညာရှိကများ အမျိုးသားလို့ ဘာသာပြန်လိုက်လဲ မသိဘူး။ အဲ့ခေတ်တုန်းကတော့ နိုင်ငံကို အမျိုးသားတွေ အုပ်ချုပ်နေတဲ့ ခေတ်မို့ ထင်တယ်လေ။ နောက်ပိုင်း အမျိုးသမီးတွေ အုပ်ချုပ်တဲ့ အခါများ ဆိုရင်တော့ National ကို အမျိုးသမီးလို့များ ပြင်လိုက်မလားမသိ။

အချို့ အခွင့်အရေးတွေကတော့ ယောက်ျားတွေက ပေးထားပေမယ့် မိန်းမတွေကိုယ်တိုင် စိတ်ထားပြောင်းမှ ဖြစ်မှာလေ။ အမျိုးသမီးတွေကို တန်းတူအခွင့်အရေး ပေးပါတယ်။ ကျိုက်ထီးရိုးဘုရား ရွှေကပ်လေ၊ ရွှေတိဂုံ အထက်ပစ္စယာ တက်လေ ဆိုတော့ သူတို့က မတက်ရဲဘူးဗျ။ မိုးကြိုးပစ်မှာ ကြောက်တယ် ဆိုလားပဲ။ အဲ့ဒါသာကြည့်.... သူတို့ မိန်းမတွေကို သတ်သတ်နှိမ်ထားတဲ့ ဘုရားပေါ် မတက်ရတဲ့ ကိစ္စကိုတော့ မတွန်းလှန်ဘူး။ စကားအဖြစ် ပြောတာပါဗျာ။ ဒါမျိုးတော့ လုပ်လို့ ဘယ်ဖြစ်မလဲ။ ဘာသာရေးကိုဗျ။ မိုးကြိုးပစ်တာက နောက်မှ၊ အဆဲခံရမှာက အရင်လေ။ ဘုရားပေါ်တက်ရခြင်း၊ မတက်ရခြင်းက ဘဝမှာ သိပ်မှ အရေးမပါတာ။

နောက်တစ်ခု ပြောသေးတယ်ဗျ။ ယောက်ျားတွေက ကားပေါ်မှာဖြစ်ဖြစ်၊ လူပြတ်တဲ့နေရာမှာ ဖြစ်ဖြစ် မိန်းမတွေကို ဟိုကိုင်ဒ်ီကိုင်၊ ဟိုပွတ်ဒီပွတ် လုပ်တာတဲ့။ ဒါတော့ ခင်ဗျားတို့လည်း ယောက်ျားတွေကို ပြန်ကိုင်ပေါ့လို့ ပြောလို့ မဖြစ်ပြန်ဘူး။ မိန်းမနဲ့ ယောက်ျားက သဘာဝချင်း တူတာမှ မဟုတ်တာ။ မိန်းမတွေက ကိုယ်ချစ်တဲ့လူကို တစ်ကိုယ်လုံး ပုံပေးချင် ပေးပေမယ့် ကိုယ်မသိတဲ့ ယောက်ျားက လက်ညှိုးလေးနဲ့ တို့တာကိုတောင် စိတ်သိပ်ဆိုးတာ။ ယောက်ျားများကတာ့ ကိုယ်နဲ့ သိသိမသိသိ နည်းနည်းလေး အသားယူလိုက်ရမှာ ဝန်မလေးတဲ့ လူမျိုးကိုး။

အမျိုးသမီးအခွင့်အရေး များတာကို ပြောရရင် မိန်းမနဲ့ ယောက်ျား သဘောတူလို့ အတူတူအိပ်တာတောင် မိန်းမက အခြားတစ်ခုခုကြောင့် စိတ်ဆိုးတဲ့အခါ အဓမ္မကျင့်ပါတယ် ဆိုပြီး တိုင်လို့ ရသေးတာပဲ။ မိန်းမနဲ့ ယောက်ျား ရန်ဖြစ်ရင်လည်း မိန်းမက တူနဲ့ထုပြီး ယောက်ျားက လက်သီးနဲ့ ထိုးရင်လည်း ယောက်ျားပဲ ထောင်ကျတာလေ။

ပြောတာတွေလည်း ဘာတွေမှန်းကို မသိတော့ပါဘူးဗျာ။ နောက်ဆုံးတော့လည်း မိန်းမနဲ့ ယောက်ျားက သဘာဝခြင်း မတူဘူး။ မိန်းမက အားနွဲ့တယ်။ ယောက်ျားက အားကြီးတယ်။ ဒီတော့လည်း မညီမမျှ ဖြစ်မှာစိုးလို့ အားနည်းတဲ့ လူဘက်မှာ ဥပဒေကို ထားလိုက်တာပဲလို့ မှတ်လိုက်ကြရအောင်။

The Voice Weekly



ရထားစီး ကားစီးတဲ့ မိန်းကလေးများအတွက် နှာဘူးယောင်္ကျားများ နောက်ကနေ ထောက်လှမ်းခြင်း မခံရအောင် ကာကွယ်မည့် အ၀တ်အစားလာပြီ


အေသင်အောင်

အမျိုးသမီးတွေဟာ မီးရထားစီးနင်း တဲ့အခါ၊ ဘတ်စ်ကား စီးနင်းတဲ့ အခါတွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။ ဒီပြဿနာကို ပြေလည်စေဖို့ ဟောင်ကောင်မှာအခြေစိုက်နေထိုင်တဲ့ အမေရိကန်အမျိုးသမီး မက်ဒါမော့စ်ကထူးခြားတဲ့အ၀တ်အစားကို တီထွင် မိတ်ဆက် ပြသခဲ့ပါတယ်။ အဖြူရောင်နဲ့ ပန်းရောင်ရောစပ်ချုပ်လုပ်ထားတဲ့ အ၀တ်အစားဟာ ထီးပုံသဏ္ဍန်နဲ့ ဆင်တူပြီး ကိုယ့်နားကို အန္တရာယ်ပြုသူ ရောက်မလာ အောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။ ဒီအ၀တ်အစားကို ချုံ့နိုင်၊ ချဲ့နိုင်အောင် ပြုလုပ်ထားပြီး အန္တရာယ်ပေးနိုင်သူလို့ ယူဆပါက ဆန့်ထုတ်နိုင်အောင်စီစဉ် ထားခြင်းဖြစ်ပါတယ်။
 
 အ၀တ်အစားရဲ့ အောက်ခြေပိုင်းကို ထီးဖွင့်ထားသလိုဖြစ်အောင် ပြုလုပ်ထားတာမို့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ကြုံတွေ့ရ တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အများ နဲ့သက်ဆိုင်တဲ့ နေရာတွေကိုသွားလာတဲ့အခါ နေရာယူတဲ့ အ၀တ်အထည်ဝတ်ဆင်လိုက်ခြင်းကြောင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ကာကွယ်နိုင်ကြောင်း မက်ဒါမော့က ဆိုခဲ့ပါတယ်။ အ၀တ်အစားအတွင်းမှာငြမ်းပုံစံကော်ချောင်းတွေထည့်ထားတာမို့ ပြန့်ကားသွားအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။

ကမ္ဘာတစ်ဝန်းမှာ မြေအောက်မီးရထားစီးနင်တဲ့ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ကြုံတွေ့နေရပြီး ပြီးခဲ့တဲ့ နှစ်ပတ်က လော့စ်အိန်ဂျလိစ်မြို့မှာပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ မြေအောက်မီးရထား စီးနင်းတဲ့ အမျိုးသမီးငါးဦးမှာ တစ်ဦးစော်ကား ခြင်းခံနေရတယ်လို့သိရပါတယ်။ တိုကျိုမြို့ မှာလည်း ရုံးတက်၊ ရုံးဆင်းချိန်မှာ အမျိုးသမီးတွေ စော်ကားခံရမှုများပြားလာတာမို့ အမျိုးသမီးသီးသန့် စီးနင်းတဲ့ ယာဉ်တွေကို စီစဉ်ပေးနေ ရပါတယ်။ မက်ဒါမော့ကသူ့ရဲ့အ၀တ်အစားကို ကျယ်ပြန့်စွာ ရောင်းချနိုင်ဖို့ စီစဉ်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။


The Messenger




ဗမာဝတ်စုံကို အနောက်တိုင်းနဲ့ပေါင်းပြီးပုံသွက်သွက်လေးတွေချုပ်ရတာနှစ်သက်တဲ့ ဒီဇိုင်နာ ဌေးဌေးတင်


ဒီဇိုင်နာလောကထဲမှာ နေရာတစ်နေရာကို အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူအဖြစ် နာမည်တွင်နေသူကတော့ ဒီဇိုင်နာဌေးဌေးတင်ပဲဖြစ်ပါတယ်။ သူမဟာ ၈၈ခုနှစ်ကတည်းက လက်မချုပ်နဲ့
စချုပ်တတ်ပြီဖြစ်ပြီး ဂျပန်စင်တီမီတာနည်းနဲ့ ချုပ်လုပ်ခဲ့တာကတော့ ၃နှစ်ကျော်လောက်ပဲရှိသေးသူပါ။ ဒီဇိုင်နာသက်တမ်းတစ်လျှောက် သူမတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ရရှိပိုင်ဆိုင်ထားတဲ့အောင်မြင်မှုတွေအပေါ်သူမရဲ့ ခံယူချက်တွေကတော့…….။

-ဒီဇိုင်နာလောကထဲကို စ၀င်ဖြစ်ခဲ့ပုံလေးပြောပြပေးပါဦး။

အစ်မက ဒီအလုပ်ကို ငယ်ငယ်ကတည်းက ၀ါသနာပါတယ်။ ဆော့တာကအစ အချုပ်၊ အလုပ်ကို စိတ်ဝင်စားခဲ့တဲ့အတွက် အကျီင်္ံချုပ်တိုင်း ကစားခဲ့တယ်။ မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက်လဲ ဒီအလုပ်က သင့်တော်တယ်လို့ထင်တဲ့အတွက် ရွေးချယ်ခဲ့တယ်။ ကိုယ်လဲဝါသနာပါတယ်ဆိုတော့ ဒီအလုပ်က အခုချိန်မှာတော့ အစ်မနဲ့အဆင်ပြေဆုံးပါပဲ။

-အစ်မအားသာတဲ့ အချုပ်အလုပ်အပိုင်းက။

အစ်မပိုနှစ်သက်တာက Evening Grown ပေါ့။ ဒါပေမဲ့ လူပိုအ၀တ်များပြီး စီးပွားဖြစ်တာကိုတော့ များသောအားဖြင့် အချုပ်များတယ်။ လူကြီး၊ လူလတ်၊ လူငယ်အကုန်လုံးက မြန်မာဝတ်စုံတွေပဲ အချုပ်များတယ်။ Evening ကတော့ လူငယ်ပဲပေါ့နော်။



-အစ်မရဲ့လက်ဦးဆရာက ဘယ်သူများဖြစ်မလဲ။

ငယ်ငယ်က အစ်မက လက်မချုပ်နဲ့သင်ခဲ့တုန်းက နယ်ကဆရာမနဲ့ပေါ့နော်။ အရမ်းကြီးတော့မဟုတ်ဘူးပေါ့နော်။ အခြေခံပဲပေါ့။ အဲဒါက ဆရာမဒေါ်သိန်းသိန်းမြင့်ပါ။ ခုနောက်ပိုင်း စင်တီမီတာနဲ့သင်ပေးတာကတော့ Dozo က ဒေါ်သီတာဝင်းပါ။

-အစ်မချုပ်တဲ့အခါ အားနည်းချက်၊ အားသာချက်ရှိရင်လဲပြောပြပေးပါဦး။

အစ်မကတော့ မျှပါတယ်။ အားနည်းချက်ရှိတယ်လို့ကိုယ့်စိတ်ထဲမှာထင်တိုင်း ပြန်ပြင်လိုက်တယ်။ ဂရုစိုက်ပြီးပြန်ပြင်တယ်။ အမှားအယွင်းသိပ်မရှိဘူးပဲပြောရမှာပေါ့နော်။ အားသာချက်ကတော့ အစ်မကပုံဆန်းလေးတွေချုပ်ပြီးထွင်တယ်။ နောက်ပြီးတော့ အစ်မက Cutting ပိုင်းကို အဓိကထားတယ်။ လူတိုင်းက Cutting ကောင်းကောင်းလေးတွေနဲ့ဆိုရင် အကျီင်္ံပုံက ရိုးနေရင်တောင်ပဲ ဆန်းသွားတယ်လို့ထင်ရတယ်ပေါ့နော်။



-အစ်မချုပ်တဲ့အခါ သူများနဲ့မတူတဲ့ ထူးခြားချက်တွေက။

အရမ်းထူးထူးခြားခြားကြီးအစ်မက မထွင်တဲ့အတွက် သိပ်မရှိဘူးပေါ့နော်။ အစ်မက မြန်မာဝတ်စုံဆိုရင်လဲ အနောက်တိုင်းနဲ့ပေါင်းစပ်ပြီးတော့ ခေတ်ဆန်ဆန်လေးတွေ ရွေးတယ်။ ရွေးပြီးလို့ရှိရင် ပုံသွက်သွက်လေးတွေ ချုပ်လေ့ချုပ်ထရှိတယ်။ အဲဒါက အစ်မရဲ့ထူးခြားမှုပေါ့နော်။

-အစ်မသုံးစွဲတဲ့ ပစည်းတွေကရော။

တချို့ကလဲ ဈေးအသင့်အတင့်ဆိုလဲ အသင့်အတင့်ပုံလေးတွေအစ်မချုပ်ပေးတယ်။ အစ်မသုံးလေ့သုံးထရှိတာကတော့ ကွာလတီကောင်းကောင်းနဲ့ဈေးကြီးတာတွေပေါ့။

-အစ်မဆီမှာ သင်တန်းသူရောလက်ခံလား။

လက်ခံပါတယ်။ မြန်မာဝတ်စုံသီးသန့်လဲရှိတယ်။ Basic Course ကို ငါးသိန်းယူတယ်။ မြန်မာဝတ်စုံကို ခြောက်သိန်းခွဲယူတယ်။သင်တန်းကာလက သုံးလပေါ့နော်။ မတတ်ရင်လဲ တတ်တဲ့ အထိသင်ပေးတယ်။

-၂၀၁၄ထဲမှာရော ဘယ်လို အရောင်တွေခေတ်စားမယ်လို့ထင်လဲ။

အရောင်တွေ ကတော့ လူတိုင်းနဲ့လိုက်မယ့်အသားရောင်ကိုအစ်မက ရွေးချင်တယ်။ ကာလာကတော့ ကိုယ်ကြိုက်တဲ့ကာလာကိုသုံးခွင့်ရှိတယ်။ အရောင်တိုင်းလိုလိုကို အခုက ၀တ်နေကြပြီဆိုတော့လေ။

-အစ်မဆီမှာလာအပ်တဲ့အခါကျရင်ရော ဘယ်လိုပုံစံလေးတွေဝတ်တာများလဲ။

ပွဲတက်တွေပိုများနေတယ်။ Dailyနည်းတယ်။ ပွဲတက်ပိုများတယ်။ ပုံစံကတော့ Elegant ဖြစ်တဲ့ပုံစံတွေပဲ ချုပ်တာများတယ်။ Accessorie ဆိုလဲ တန်ဖိုးကြီးကြီးလေးတွေ သုံးတာများတယ်။ တချို့ကလဲ Accessorie လျှော့သုံးတာကြိုက်တယ်။



-လာအပ်တဲ့ သူရဲ့စိတ်ကူးအတိုင်းပဲချုပ်ပေးတာလား။ အစ်မစိတ်ကူးအတိုင်းရောမချုပ်ပေးဘူးလား။

သူတို့လိုချင်တဲ့ပုံစံကို အစ်မအိုင်ဒီယာနဲ့ညှိနှိုင်းပြီး ချုပ်ပေးပါတယ။် အစ်မသဘောဆိုရင်တော့ ပိတ်စကိုကြည့်ပြီး သေချာလေးချုပ်ပေးတယ်။

-ဒီဇိုင်းပညာနဲ့ပတ်သတ်ပြီးလေ့လာမှုလေးတွေရှိရင်လဲပြောပြပေးပါဦး။

အရင်လက်မချုပ်နဲ့ရော၊အခုစင်တီမီတာနဲ့ရော အစ်မနဲ့အဆင်ပြေနေတယ်။ လေ့လာတာတော့ နိုင်ငံခြားကတ်တလောက်နဲ့ ဖက်ရှင်တီဗီတွေကြည့်တယ်။ အဲဒါလေးတွေ အပြင်လူတွေ ဘာကို အဓိကထားပြီးဝတ်နေသလဲဆိုတာတွေ လေ့လာဖြစ်တယ်။

-အစ်မဖွင့်ထားတဲ့ဆိုင်လေးတွေရှိရင်လဲပြောပြပေးပါဦး။

ဖွင့်ထားတာက ဗိုလ်ချုပ်ဈေးမှာ တစ်ဆိုင်၊ ညောင်ပင်လေးဈေးမှာ အခန်းနံပါတ် ၃၁၈ ၊၃လွှာမှာတစ်ဆိုင်၊  ဒီဇင်ဘာလလောက်ဆိုရင် ပြည်သူ့ရင်ပြင်မှာလည်း ထပ်ဖွင့်ဖို့ရှိပါတယ်။

-ဆိုင်မှာက ပိုးထည်ပါတွဲရောင်းလား။

ရောင်းပါတယ်။ ပိုးထည်တွေက အမရပူရကယူတာပါ။ ထိုင်းပိုးကတော့ ဘန်ကောက်ကပါ။ဇာတွေကလဲဘန်ကောက်ကပဲ။

-အစ်မချုပ်ပေးခဲ့တဲ့ အနုပညာရှင်တွေက။

အနုပညာရှင်တော်တော်များများကို ချုပ်ပေးဖူးတယ်။ ပြောရရင်အများကြီးပဲ။ ပင်တိုင်အပ်တာကတော့ သဉ္ဇာနွယ်ဝင်း၊ ပုလဲဝင်း၊မိုးယုစံ၊ ချမ်းချမ်းအများကြီးပါပဲ။ နောက်ပြီးနန်းဆုပင်တိုင်အပ်တယ်။


-အခုလိုအောင်မြင်လာတဲ့အပေါ် အစ်မရဲ့စိတ်ခံစားမှုက။

ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုမှာ အောင်မြင်မှုတစ်ခုရတဲ့အတွက် ကျေနပ်တယ်။ ၀မ်းလဲသာတယ်။ ဒီအလုပ်က မိန်းကလေးတွေနဲ့လဲသင့်တော်တယ်။ ကိုယ်လဲအရမ်းကိုပဲဖြစ်ချင်ခဲ့တဲ့ ဆန္ဒဖြစ်တဲ့အတွက် အစ်မဘ၀မှာအပျော်ဆုံးပါပဲ။

-အစ်မဆီမှာ ချုပ်တဲ့ ကာစတမ်မာတွေကိုရော ဘာပြောချင်သေးလဲ။

အစ်မဆီမှာမှမဟုတ်ပါဘူး။ ကိုယ်နဲ့လိုက်ဖက်မဲ့အရောင်နဲ့ဒီဇိုင်းကို သေချာတတ်သိနားလည်တဲ့ ဒီဇိုင်နာတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီးမှ ၀တ်စုံလေးတွေကိုဖန်တီးပါ။ အစ်မဆီမှာ ချုပ်တဲ့ customerတွေလဲ စိတ်ကျေနပ်မှုအပြည့်အ၀ရရှိအောင်အစ်မက ချုပ်ပေးမှာပါ။

Trend Myanmar