28 May 2014

ကမ္ဘာ့အကောင်းဆုံးအစားအသောက်များတွင် မုန့်ဟင်းခါးပါဝင်



အမေရိကန်နိုင်ငံအခြေစိုက် နာမည်ကြီးသတင်းစာတစ်စောင်ဖြစ် သော နယူးယောက်တိုင်းမ်သတင်း စာက စုစည်းဖော်ပြသော ကမ္ဘာ့ အကောင်းအဆုံးအစားအသောက် များစာရင်းတွင်မြန်မာ့ရိုးရာစားစရာ တစ်မျိုးဖြစ်သော မုန့်ဟင်းခါးကို ထည့်သွင်းဖော်ပြခဲ့သည်ဟုသိရသည်။

နယူးယောက်တိုင်းမ် သတင်း စာသည် ကမ္ဘာအရပ်ရပ်မှရိုးရာ အစားအသောက်များကို လှည့် လည် လေ့လာမှုပြုလုပ်ပြီးနောက် အကောင်းဆုံးအစားအသောက်များ စာရင်းကို ထုတ်ပြန်လိုက်ခြင်းဖြစ် ပြီး မုန့်ဟင်းခါးကိုထိပ်တန်းအစား အသောက်များစာရင်း၌ ထည့်သွင်း ဖော်ပြခဲ့သည်။ ပျမ်းမျှရောင်းဈေး အမေရိကန်တစ်ဒေါ်လာတန်ဖိုး အောက်တွင်ရှိသော မြန်မာ့ရိုးရာ အစားအစာမုန့်ဟင်းခါးမှာ အရသာ ထူးခြားကောင်းမွန်သည့်အပြင် နံနက်စာအဖြစ်စားသုံးရန်သင့်တော် သောအခြေအနေမျိုးပိုင်ဆိုင်ထား သည်ဟု နယူးယောက်တိုင်းမ်က သုံးသပ်ချက်ပေးခဲ့သည်။

နယူး ယောက်တိုင်းမ်မှ တာဝန်ရှိသူများ သည် အစားအသောက်ဆိုင်ရာ ကျွမ်းကျင်သူများ၊အာဟာရဆိုင်ရာ ပညာရှင်များ၏ အကူအညီဖြင့် ကမ္ဘာအရပ်ရပ်မှ အစားအသောက် များကို လက်တွေ့လေ့လာမှုပြုလုပ် ခဲ့ခြင်းဖြစ်၍ မုန့်ဟင်းခါးမှာကမ္ဘာ့ ထိပ်တန်းအစားအစာတစ်ခုဖြစ်သည် ဟု ဆိုသည်။

The Union Daily

အားကစားသတင်း အတိုအစများ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_2118.html

ဆောက်သမ်တန်နည်းပြ ပိုချက်တီနိုက စပါးအသင်းက ငါးနှစ်စာချုပ်နဲ့
ခေါ်ယူလိုက်ပါတယ်။

လက်ရွေးစင်အသင်း လေ့ကျင့်ရေး အစီအစဉ်မှာ ခြေသလုံးဒဏ်ရာ ရခဲ့တဲ့ ဟော်လန် ကွင်းလယ်လူ ဗန်ဒါဗတ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ လွဲဖို့ရှိနေပါတယ်။

ယာဉ်မတော်တဆ ဖြစ်ရာတဲ့ ဂျာမနီ ကွင်းလယ်လူ ဒရက်စလာနဲ့ ဟိုဝီဒက်စ်တို့ဟာ မေ ၂၈ရက် လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်ပြီး ဒိုင်ကို စောဒက တက်ခဲ့တဲ့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီကို အရေးယူမယ်လို့ ယူအီးအက်ဖ်အေက အတည်ပြုခဲ့ပါတယ်။

အီတလီတိုက်စစ်မှူး ဘာလော့တယ်လီက သူတို့အသင်းမှာ သွေးအအေးဆုံး ကစားသမားက သူပဲလို့ ပြောခဲ့ပါတယ်။

ကာဒစ်ဖ်စီးတီးအသင်းဟာ မန်ယူတိုက်စစ်မှူး မာချီဒါကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။

@z (ရိုးရာလေး)

Google ရဲ့ စတီယာရင်နဲ့ ခြေနင်းတွေမပါတဲ့ ကွန်ပျူတာ ထိန်းချုပ်ကား


ပုံမှာ တွေ့မြင်နေရတဲ့ အတိုင်းပဲ ကားပုံစံက သိပ်ကို ချစ်စရာကောင်းပါတယ်။ လုံးလုံး မို့မို့လေးနဲ့ ကာတွန်းကားထဲက ကားပုံစံလေးနဲ့ သွားဆင်နေပါတယ်။ Google ဟာသူရဲ့ ကိုယ်တိုင်မောင်းနင်တဲ့
ကားပရောဂျက်ကို နှစ်တော်တော်များများ ဆောင်ရွက်
ထားခဲ့တာပါ။ အခုတော့ ဖြစ်လာခဲ့ပါပြီ။ နောက်ခံလုပ်ဆောင်မူတွေထဲကနေ အနာဂတ်ပုံစံ ကားလေးကို စတင် စမ်းသပ်မောင်းနှင်တော့မှာ ဖြစ်ပါတယ်။
အခု အနာဂတ် ရှေ့ပြေးပုံစံလေးဖြစ်တဲ့ ထိုကားမှာ စတီယာရင်၊ မှန်နဲ့ ခြေနင်း တစ်စုံတစ်ရာတောင်မပါပါဘူး။ မိုင်အားဖြင့် လောလောဆယ် တစ်နာရီကို မိုင် ၂၅ ထိပြေးနိင်မှာ ဖြစ်ပြီး ကွန်ပျူတာနဲ့ အပြည့်အ၀ကို ဆက်သွယ် ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ ဘရိတ်တွေကလည်း အော်တို မတ်တစ် စနစ်တွေပါပဲ။ သို့ပေမဲ့ ရောင်းချမှာ မဟုတ်ကြောင်းနဲ့ သူရဲ့ ပါတနာတွေနဲ့ သူငယ်ချင်းတွေအတွက်သာ ဈေးကွက်ဆီကို သယ်ဆောင်လာမှာ ဖြစ်တယ်လို့ Google ကပြောကြားခဲ့ပါတယ်။

ကားမတော်တဆဖြစ်မူ တစ်စုံတစ်ရာကို သက်သာအောင်လည်း ကားမှာ လေကာ တွေကို လိုက်လျောညီထွေစွာ တပ်ဆင်ထားပါတယ်။ မကြာမီ အော်တိုမတ်တစ်ယာဉ်တွေ အပြည့်အ၀ ခွင့်ပြုရေးအတွက် ဥပဒေ အသစ်ကိုတော့ မျှော်လင့်ရမှာဖြစ်ပြီး ရရှိလာပါကကျတော်တို့မျှော်လင့်ထားတဲ့ ကားပေါ်ဒရိုင်ဘာနေရာက စာရိုက်ခြင်း ၊ စားခြင်းနဲ့ အိပ်မောကျခြင်းတွေကို အပြည်ွှအ၀ လုပ်လာနိင်စေမှာ ဖြစ်ပါတယ်။

Aung Heine ...
Smart Pro Journal


ပုဒ်မ ၄၃၆ အကြောင်း သိကောင်းစရာ



ပုဒ်မ ၄၃၆ တွင် “(က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀ ၊အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။

(ခ) ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များ မှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ဟုလည်းကောင်း ပြဋ္ဌာန်းထားသည် ကိုတွေ့ရှိရပါသည်။

အထက်ဖော်ပြပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃ ခုကို လေ့လာလျှင် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေသည် မ ဆ လ တပါတီ ၁၉၇၄ ခုနှစ် အခြေခံဥပဒေနှင့် ကန့်သတ်ပုံခြင်း တပုံစံတည်း ဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်နိုင်ပါသည်။

ပါလီမန် ဒီမိုကရေစီ ခေတ်က ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် ပုဒ်မများကို လုံးဝကန့်သတ်ထားချက် မပါရှိပါ။ ဆန္ဒခံယူပွဲ ကျင်းပရန်လည်း မလိုအပ်ပါ။ ကိုယ်စားလှယ် အမတ် သုံးပုံ နှစ်ပုံမဲဖြင့် အတည်ပြု ဆုံးဖြတ်ခဲ့သည့် သာဓကကို တွေ့ရပါသည်။

လက်ရှိ အာဏာရ ကြံ့ဖွံ့အစိုးရနှင့် ကြံ့ဖွံ့လွှတ်တော်ကို ကြည့်မည်ဆိုလျှင် တမိုးလုံး ဖျောက်ဆိတ်ဟု ပြောရမည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း နှင့် တပ်မတော် လူထွက် ကြံ့ဖွံ့အမတ်များက ပြည်ထောင်စု လွှတ်တော်တွင် ၇၅ ရာခိုင်နှုန်းကျော်အောင် နေရာယူထားပြီးဖြစ်သောကြောင့် ကြံ့ဖွံ့နာယက ဗိုလ်သန်းရွှေ ရေးဆွဲထားခဲ့သော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သည့်နည်းနှင့်မျှ ဖြည့်စွက် ပြင်ဆင် အစားထိုးရန် ဖြစ်နိုင်ချေ ရှိမည် မဟုတ်ပါ။

ပြင်ဆင်ရန် အလွန်ခက်ခဲလွန်းသည့် ပြဋ္ဌာန်းချက်များဖြင့် ကန့်သတ်ထားသည်ကိုသာ တွေ့ရှိရပါသည်။ ပြင်ဆင်နိုင်ရန် ဆိုပါလျှင် ပုဒ်မ ၄၃၆ (က) (ခ) တခုလုံးကို ပယ်ဖျက်ပစ်ရပါမည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကဲ့သို့သာဖြစ်သင့်ပါသည်။ ကန့်သတ်ပုဒ်မများ လုံးဝမပါရှိဘဲ၊ သုံးပုံနှစ်ပုံ မဲဖြင့် အတည်ပြု ဆုံးဖြတ်နိုင်ရပါမည်။

ဦးမျိုး (ဥပဒေ)
https://www.facebook.com/constitutionmya


မမြင်ချင် မကြားချင် မြန်မာ့လက်ရွေးစင်


မြန်မာလူမျိုးတွေဟာ ဘောလုံးဆိုရင် အရူးအမူး ခုံမင်အားပေးကြပါတယ်။ လူဦးရေ သန်းခြောက်ဆယ်ရှိတဲ့ မြန်မာနိုင်ငံဟာလည်း ဘောလုံးနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းဟာလည်း ထည်ဝါခမ်းနားပါတယ်။ အာရှချန်ပီယံ ဖြစ်ခဲ့သလို မြူးနစ် အိုလံပစ်ကိုလည်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

အခု အာရှတိုက်မှာ စွာနေတဲ့ ဂျပန် အသင်းတို့၊ တောင်ကိုရီးယား အသင်းတို့၊ အစ္စရေး အသင်းတို့ဆိုတာ မြန်မာအသင်းက သူတင် ကိုယ်တင် ကစားနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ဆိုရှယ်လစ် စနစ်အောက်မှာ ပန်းတိုင်ကို ရှာဖွေရင်းနဲ့ ဘောလုံး အသင်းကလည်း ရပ်ကွက်ထဲမှာ အရက်သမားသား လူမလေးစား ဆိုသလို ဖြစ်ခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေး ကာလ တစ်လျှောက်လုံး ခေါင်းမဖော်နိုင်ခဲ့တဲ့
မြန်မာ့ဘောလုံး လောကဟာ ပရော်ဖက်ရှင်နယ် ဆုကြေးစား စနစ်ကို ပြောင်းလဲခဲ့ပြီးတဲ့ နောက်မှာ မျှော်လင့်ချက်တွေ အသစ်တစ်ဖန် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ စာသင်ကျောင်းမှာ ကတည်းက ရိုက်ချိုးဖျက်ဆီးခြင်း ခံခဲ့ရတဲ့ စိတ်ဓာတ်တွေဟာ အောင်မြင်မှုတွေရဖို့ အရာမရောက်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲဟာ နှစ်ပေါင်း လေးဆယ့်လေးနှစ်ကြာမှ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ နည်းတူ မြန်မာ ဘောလုံးအသင်းရဲ့ အောင်ပွဲကိုလည်း နိုင်ငံသားတွေ အားလုံးက မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ချန်ပီယံ ဖြစ်သွားတဲ့ ထိုင်းအသင်းကို သရေကစားပြီး နိုင်သင့်တဲ့ ပွဲတွေမှာ ဉာဏ်ပညာ နည်းပါးမှုတွေနဲ့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရလို့ ဘောလုံး ပရိသတ်တွေက ဒေါသပေါက်ကွဲမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ အပြစ်တွေ့ရင် သူတစ်ပါးကို လက်ညှိုးထိုးပြီး အပြစ်ပုံချတတ်တဲ့ မြန်မာတွေရဲ့ အကျင့်စရိုက်ကြောင့် မြန်မာအသင်းရဲ့ အရှုံးဟာ နည်းပြ ဖြစ်တဲ့ တောင်ကိုရီးယား လူမျိုး ပက်ဆောင်ဟွာ အပေါ်မှာ ကျရောက်ခဲ့ပါတယ်။ ဒီအရှုံးနဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာ ရခဲ့တဲ့ မြန်မာဘောလုံး ပရိသတ်တွေ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ တောင်းပန်မှုကို မရရှိခဲ့ပါဘူး။ လုပ်ပုံကိုင်ပုံက သင်းပါတယ်။

ပတ်ဆောင်ဟွာမှာ အပြစ်ရှိလို့ ပတ်ဆောင်ဟွာကို ထုတ်ပြီး ဆားဗီးယား လူမျိုး အီဘရာမိုဘစ်ခ်ျ အစားထိုးကာ ဗိုလ်အောင်ဒင် ပြန်လာပြီဆိုတဲ့ အပေါက်ချိုး ခဲ့ပါတယ်။ မိုဘစ်ခ်ျ အတွက် ပထမဦးဆုံး စာမေးပွဲကတော့ AFC Challenge Cup ဖြစ်ပါတယ်။ ပထမဆုံးပွဲမှာ တစ်ယောက်လျော့နဲ့ အိမ်ရှင် မော်လ်ဒိုက်ကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရတော့ မြန်မာ ဘောလုံးသမားတွေဟာ အမျိုးသား သူရဲကောင်းတွေ ပြန်ဖြစ်လာပါတယ်။

ဒါပေမဲ့ ပါလက်စတိုင်းနဲ့ ဒုတိယပွဲကစပြီး မူလ ဂုဏ်သတ္တိတွေ ပြသလာပါတယ်။ ကွင်းထဲမှာ အချင်းချင်း အော်ဟစ်မာန်မဲကြတယ်။ အသင်းလိုက် စုစည်းမှုကို အလေးမထားဘဲ တစ်ယောက်ကောင်း ကစားတယ်။ ပွဲတစ်ခုလုံးကို ဆင်ခြင်သုံးသပ်နိုင်တဲ့ ဉာဏ်စွမ်းမရှိဘဲ ကိုယ်ကာယ သက်သက်နဲ့ ဘောလုံး ကစားတဲ့ သူတွေကို ကျွန်တော်တို့ တိုင်းပြည်က ရွေးချယ်ခဲ့တာပါ။

ဒီအတွက် ဒုတိယပွဲမှာ နှစ်ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး တတိယပွဲမှာလည်း သရေကျရင်တောင် အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်ပေမဲ့ ပွဲတိုင်းရှုံးထားတဲ့ ကာဂျစ္စတန်ကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ ဒါဟာ မြန်မာဘောလုံး ပရိသတ် အတွက် မချိတင်ကဲ ဖြစ်ရတယ်လို့ ပြောစရာ လိုမယ် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုအရှုံးတွေကို မြန်မာဘောလုံး အသင်းက တိုင်းပြည် အတွက် အမြဲတမ်း လက်ဆောင်ပေးလို့ပါပဲ။

ဒါ့ကြောင့် နည်းပြပဲ လဲလဲ၊ တိုက်စစ်မှူးတွေပဲ ပြောင်းပြောင်း မြန်မာ ပရိသတ်တွေကတော့ မမြင်ချင်၊ မကြားချင် မြန်မာ့ လက်ရွေးစင်လို့ ဆိုနေကြပါတယ်။

http://www.tomorrow.com.mm/?q=articles%2F526
Tomorrow