12 Jun 2014

ဦးသိန်းစိန် လူကြိုက်ပိုများဆိုသည့် အိုင်အာရ်အိုင်စစ်တမ်း တုံ့ပြန်မည်


ဧပြီလဆန်းတွင် ထုတ်ပြန်ခဲ့သည့် International Republican Institute (IRI) ၏ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စစ်တမ်းပါ ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကို လူကြိုက်ပိုများသည်ဆိုသည့် အချက်အလက်အပေါ် လိုအပ်ပါက သက်ဆိုင်သူတို့နှင့် ရုပ်သံက တိုက်ရိုက် ဆွေးနွေးခန်းပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ နိုင်ငံတကာနှင့် လူထုဆက်ဆံရေး တာဝန်ခံ ဦးတိုးကျော်လှိုင်က မဇ္ဈိမကို ဇွန်လ ၈ ရက်တွင် ပြောသည်။

“စစ်တမ်းကောက်တုန်းက မေးတဲ့မေးခွန်းတွေက အရမ်းယေဘူယျဆန်တယ်။ စစ်တမ်းထဲကအချက်တော်တော်များများကို ထောက်ပြလို့ရတယ်။ လိုအပ်ရင် ကျွန်တော်တို့က အဲဒီအဖွဲနဲ့ တိုက်ရိုက်ဆွေးနွေးတာကို ရုပ်သံကတိုက်ရိုက်လွှင့်တာထိ လုပ်ဖို့ရှိတယ်” ဟု ဦးတိုးကျော်လှိုင်က ပြောသည်။

ယင်းထုတ်လွှင့်မှုအတွက်ကို ပုဂလိက ရုပ်သံလိုင်းတစ်ခုနှင့် ဆွေးနွေးကာ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်တမ်းပါ အချက်အလက်မှားယွင်းမှုအပေါ် ပြန်လည်သက်သေပြနိုင်ရေးအတွက် အစည်းဝေးတစ်ရပ်ကို ယနေ့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

IRI စစ်တမ်းကို ပြည်နယ်နှင့်တိုင်း ၁၄ ခုရှိ မြို့ပြနေရာ ၉၂ နေရာ၊ ကျေးလက်ဒေသ ၂၀၈ နေရာတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃,၀၀၀ ကို မေးမြန်းကောက်ယူခဲ့သည်ဟု စစ်တမ်းတွင် ဖော်ပြပါရှိသည်။

ယင်းစစ်တမ်းပါ အချက်အလက်များ မှားယွင်းမှုကို ထောက်ပြနိုင်ရန် ဇွန်လ ၁၅ ရက် တော်ဝင်နှင်းဆီတွင် ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကို လူကြိုက်ပိုများပါ ခေါင်းစဉ်ဖြင့် စာရေးဆရာဦးဖေမြင့်၊ ကယန်း ပြည်သစ်ပါတီမှ ဗိုလ်မှူးကြီး စောလွင်နှင့် ဆရာမောင်သံတိုင် ဘောဂဗေဒတို့က ဆွေးနွေးကြမည်ဖြစ်ပြီး ယင်းသည် စစ်တမ်းပါအချက်များ မှားယွင်းမှုကို စတင် သက်သေပြခြင်းဖြစ်သည်ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲကို စစ်တမ်းကောက်ယူခဲ့သည့် IRI နှင့် အထောက်အပံ့ပေးခဲ့သည့် USIAD တို့ကိုလည်း ဖိတ်ကြားထားသည်။

IRI ကို USAID က အထောက်အပံ့ပေးထားခြင်းဖြစ်ပြီး စစ်တမ်းကောက်ယူမှုကို ပြည်တွင်းအခြေစိုက် MSR (Myanmar Savory Resarch) အဖွဲ့က ကောက်ယူခြင်းဖြစ်ပြီး ကောက်ယူရရှိသည့် အချက်အလက်များကို သမ္မတထံ တင်ပြပြီးမှသာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဦးတိုးကျော်လှိုင်က ဆိုသည်။

 

by mizzima

‘Love Locks’ တံတားလို့နာမည်ကြီးတဲ့ ပဲရစ်က တံတားအကာအရံ ပြုတ်ကျ

 
ကမ္ဘာလှည့်ခရီးသည်များအတွက် ပဲရစ်က အထင်ကရတံတားတစ်ခုဖြစ်တဲ့ တံတားအကာ သံဇကာများတွင် သော့ခတ်ထားလေ့ရှိသည့် ထိုတံတားအကာဟာ သော့များ၏အလေးချိန်ကြောင့် ကွာကျခဲ့ကြောင်း သိရသည်။

ကံကောင်းသည်မှာ ကွာကျသော တံတားအကာ အရံမှာ မြစ်ထဲသို့ ပြုတ်ကျခြင်း မဟုတ်ဘဲ တံတားပေါ်သာ ပြုတ်ကျခြင်းဖြစ်သည့် အတွက် အလွန်အသွားအလာများသော ထိုမြစ်အတွင်းက သဘောင်္ာတွေ ၊ လှေတွေ ၊ ခရီးသွးတွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ခြင်းဖြစ်သည်။

ထိုတံတားသို့ လာရောက်လည်ပတ်သူများဟာ အချစ်သင်္ကေတ အနေနဲ့ သော့ပေါ်တွင်စာရေး သော့ခတ်ပြီး သော့ကို မြစ်ထဲပစ်ချလေ့ရှိကြပြီး ထိုတံတားဟာ ကမ္ဘာလှည့်ခရီးသည်များအား ပဲရစ်မြို့၏ တခုတ်တရ ဆွဲဆောင်နိုင်စွမ်းရှိသော နာမည်ကြီးတံတားလည်း ဖြစ်သည်။

ယခုအခါ ထိုတံတားအား ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။

Source : Dailymail

ပီနန်ဆရာတော်ထံ သရုပ်ဆောင်ဦးဇင်ဝိုင်း(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း) ရဲ့ လျှောက်ကြားချက်



၂၀၁၄ မတ်လအတွင်းက…မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့် ပတ်သက်သည့် ကျောင်းကိစ္စ သာသနာရေးဆိုင်ရာ
ရှင်းလင်းပွဲကို တက်ရောက်လာတဲ့ သရုပ်ဆောင်ဦးဇင်ဝိုင်း(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း) ရဲ့
လျှောက်ကြားချက်။

” ပီနန်ဆရာတော်ဘုရားကြီးအမှူးပြုသော သံဃာတော်အရှင်သူမြတ်များကို တပည့်တော်ရိုသေစွာဦးခိုက်ရှိခိုးပါတယ်ဘုရား။

အရှင်ဘုရားတို့ ရှင်းလင်းပြောပြမိန့်တော်မူခဲ့တဲ့ အချက်အလက်တွေကို လေ့လာလိုက်ရင်
ဓမ္မ၀ိနယအရသော်လည်းကောင်း၊ လောကဥပဒေအရ လည်းကောင်း
ပီနန်ဆရာတော်ဘုရားကြီးပိုင်တယ်ဆိုတာ ရှင်းလင်းနေပါပြီ။

အခုပဲ တပည့်တော်အနေနဲ့ ၀န်ခံလျှောက်ထားပါရစေဘုရား။တပည့်တော်တို့ ရုပ်ရှင်သမားများက ကွင်းနေရာမရတော့
ဒီကျောင်းကြီးပေါ်မှာ လာပြီး ရုပ်ရှင်ရိုက်ကြပါတယ်ဘုရား။

တပည့်တော်ကိုယ်တိုင် ဒီကျောင်းကြီးပေါ်မှာသေဖူးပါတယ်ဘုရား။တပည့်တော်ကိုယ်တိုင် ဒီကျောင်းကြီးပေါ်မှာ
တရားသူကြီးလုပ်ပြီး ထောင်ချခဲ့ဖူးပါတယ်ဘုရား။

ဒီကျောင်းကြီးပေါ်မှာ အချုပ်ခန်းဆက်တင်ဖန်တီးလို့ တပည့်တော်ကိုယ်တိုင် တရားခံလုပ်ပြီး
အချုပ်ခန်းထဲမှာ နေခဲ့ရဖူးပါတယ်ဘုရား။

ယခုကျမှ ငါတို့ရဲ့ ဒီလုပ်ရပ်တွေဟာမူလပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲနဲ့ လုပ်ခဲ့ရတာပါလားဆိုတာ
တွေးပြီး ဒီအကုသိုလ်ကို ကြောက်မိပါတယ်ဘုရား။

သူတို့ ဒီကျောင်းက ထွက်ခွါဖို့ ဘယ်လိုပင် စာထုတ်ကြသော်လည်း ဒီကျောင်းကြီးကနေ
တစ်ဖ၀ါးမှ မခွါဖို့ ဒီအကုသိုလ်ကို ချေပတဲ့အနေနဲ့ တပည့်တော် လျှောက်ထားပါရစေဘုရား။

၃၁ ရက်နေ့မှာ လိုအပ်လာမယ်ဆိုရင်တပည့်တော်တို့အနုပညာသမားများက
ဆရာတော်ဘုရားကြီးရှေ့ကနေ မားမားမတ်မတ်ကာကွယ်ပါ့မယ်ဘုရား။

မီးလောင်ဗုံးနဲ့ ထုတော့လဲ ကုသိုလ်ကံပေါ့ဘုရား။

ဒါဟာ တပည့်တော်တို့အနုပညာသမားများရဲ့ပြန်ပေးဆပ်သင့်တဲ့ ၀ဋ်ကြွေးခြေ ကျေးဇူးဆပ်ခြင်းပါဘုရား။

ခွင့်ပြုပါဘုရား။ ”

ဦးဇင်ဝိုင်း
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း၊

MH370 သတင်းအမှန်ပေးနိုင်လျှင် ကန်ဒေါ်လာ ၅ သန်း ရမည်



ဇွန်လ ၈ ရက်နေ့ကမှ ကြေညာလိုက်တဲ့ သတင်း ဖြစ်ပြီး ယင်း ကြေညာချက် အရ ပျောက်ဆုံးနေသော MH370 လေယာဉ် အကြောင်း အစအန တွေ့ရှိ သတင်းမှန် ပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၅ သန်း ရရှိမှာ ဖြစ်ကြောင်း သိရ ပါတယ်။

ဒီအတွက် MH370 လေယာဉ်ပေါ် လိုက်ပါသွားသူများရဲ့ ကျန်ရှိ မိသားစုများက စုစည်းလို့ ပေးအပ်မယ့် ဆုကြေးငွေ ဖြစ်ပါတယ်။ ဒီအတွက် ကို သေချာ စစ်ဆေးပြီး အမှန်တကယ် တွေ့ရှိ သတင်း ပေးနိုင်သူ ကိုသာ ပေးအပ် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူကနေ ပေကျင်း မြို့ကို ပြန်သန်းစဉ် အိန္ဒိယ သမုဒ္ဒရာ ထဲသို့ ထိုးကျ နှစ်မြှုပ်သွားတယ်လို့ ခန့်မှန်း ထားကြတဲ့ လေယာဉ် ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည်ကော၊ လေယာဉ် ဝန်ထမ်း အပါအဝင် ၂၃၉ ဦး ပါဝင် ပါတယ်။
နောက်ဆုံးရ သတင်း အနေနဲ့ သြစတေးလျ ကမ်း အလွန် အန္ဒိယ သမုဒ္ဒရာ ကြမ်းပြင် အောက်မှာ Low Frequency အသံ လိုင်း ကြားရပြီး ရှာဖွေမှု ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

MH370 လေယာဉ်ကို ကိုယ်တိုင် ဆယ်ထုတ် စရာမလိုပဲ အစအန သတင်း ပြောပြ ရုံမျှသာ အမေရိကန်ဒေါ်လာ ၅ သန်း ရရှိမှာမို့ နိုင်ငံတကာမှာ ပုဂ္ဂလိက ရှာဖွေရေး အဖွဲ့အစည်း များစွာ ပါဝင် လာကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)


အလုပ်သမားသစ်များ လေဆိပ်တွင် 24 နာရီသာ သူဌေးစောင့်ခွင့်ပြုတော့မည့် မလေးရှား

 
မလေးရှားသို့ရောက်ရှိသူများအား လဝက မှ စစ်ဆေးနေပုံ
 

ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi
 
(12.6.2014)

မလေးရှားလေဆိပ်သို့ရောက်ရှိလာမည့် အလုပ်သမားသစ်များအား ခေါ်ယူသည့်အလုပ်ရှင်သည် 24 နာရီအတွင် မဖြစ်မနေလာရောက်ကြိုရတော့မည်ဖြစ်ကြောင်း ယနေ့ မလေးထုတ်သတင်းဌာနများတွင် ကြော်ငြာသွားခဲ့သည် ။
အကြောင်းမှာ မလေးနိုင်ငံသို့ဝင်ရောက်လာသူများ ထွက်ခွာသူများအားလုံး စာရွက်စာတမ်းအတုများ ကိုင်ဆောင်ခြင်းကို ထိထိရောက်ရောက်တားမြစ်သွားရန်ဖြစ်ကြောင်း လည်းသိရသည်။

လွန်ခဲ့သော 3 လက ဖြစ်ပွားခဲ့သည့် MH370 ပျောက်ဆုံးမှုတွင် fake passport ( ပျောက်ဆုံးပတ်စပို့) 2 အုပ်ကိုင်ဆောင်ခရီးသွားသူ ၂ဦးပါဝင်ခဲ့ပြီး ထို့သို့မဖြစ်စေရန် မလေးရှား လဝက စနစ်များ နှင့် လေဆိပ်များတွင် SYSTEM UPGRADE ပြုလုပ်ရန်ရှိသည်များအားလုံး ပြုလုပ်သွားမည်ဖြစ်သလို ၊
နိုင်ငံတကာ ပျောက်ဆုံး ပတ်စပို့များ အား ချက်ချင်းသိနိုင်ရန် မလေးအစိုးရမှ INTERPOL နှင့်တွဲဖက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းလည်း ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi လေဆိပ် တွင်ပြောကြားသွားခဲ့သည် ။

ထို့အတူ ဝန်ကြီးမှ လေဆိပ် လုံခြုံရေး နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရေး အတွက် မလေးရှား ရှိ နိုင်ငံတကာလေဆိပ်များကို မှာကြားထားပြီးဖြစ်သလို လဝက အဝင်အထွက်များ အားလုံးကို HD-CCTV များတပ်ဆင်သွားမည်ဖြစ်ကြောင်း ဝန်ကြီင်္းမှပြောကြားသွားခဲ့သည် ။

ထိုမျှမက နိုင်ငံတကာမှ ရောက်ရှိလာသော နိုင်ငံခြားသား အလုပ်သမားကိုလည်း ခေါ်ယူသူ လုပ်ငန်းရှင်မှ 24 နာရီအတွင်း စာရွက်စာတမ်းများဖြင့် လာရောက် ခေါ်ဆောင်ရန် နှင့် 24 နာရီ ကျော်ပါက ဆိုင်ရာတိုင်းပြည်များသို့ ပြန်လည်ပို့ဆောင်သွားမည်ဟု ဆက်လက်ပြောကြားသွားခဲ့သည် ။
ထိုသို့ပို့ဆောင်ရန်အတွက် လေယာဉ်လက်မှတ် နှင့် ကုန်ကျစရိတ်များကို အလုပ်သမားခေါ်ယူမည့် လုပ်ငန်းရှင်များက တာဝန်ယူရမည်ဖြစ်ကြောင်းသိရသည် ။

သို့အတွက် မလေးရှားသို့ အသစ်လာရောက် မည့် မြန်မာအလုပ်သမားများ အားလုံးသည် မိမိတို့ အေးဂျင်းများ ၊ အလုပ်ရှင်များအား တိကျစွာ 24 နာရီအတွင်း မဖြစ်မနေ လာရောက်ခေါ်ဆောင်ရန် မေးမြန်း ထားရမည်ဖြစ်သည် ။
24 နာရီကျော်လွန်သည်အထိ လုပ်ငန်းရှင် သို့ အေးဂျင်းမှ လာရောက် မခေါ်ဆောင်ပါက လေဆိပ်မှ ပြန်လည်ထွက်ခွာရမည်ဖြစ်သည် ။
 
REF : THESTAR , MALAYMAILONLINE ,

ဘာသာပြန် မလေးရှားရောက် မြန်မာများ FACEBOOK စာမျက်နှာ
www.facebook.com/mmrinm