27 Jun 2014

ထိုင်းမှာ ယာယီနေထိုင် အလုပ်လုပ်ခွင့် ထုတ်ပေးမယ်

မဟာချိုင် ဒေသမှာ အစမ်းသဘော စတင် လုပ်ပေးမယ်

 ထိုင်းနိုင်ငံ မဟာချိုင် ဒေသမှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ယာယီ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် လက်မှတ်ကို ဇူလိုင် ၃ဝ ရက်နေ့က စပြီး ရက်ပေါင်း ၃ဝ အတွင်း ထိုင်း စစ်အစိုးရက ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။

ဆေးစစ်ခနဲ့ အခမဲ့ ဆေးကုသခွင့် အလုပ်လုပ်ခွင့် အပါအဝင် အသက်သာဆုံးနဲ့ အလွယ်ကူဆုံး ဆောင်ရွက်ပေးမယ့် အစီအစဉ်အရ တစ်ယောက်ကို ဘတ်ငွေ ၂၅ဝဝ နီးပါး အလုပ်သမားတွေ ဘက်က ကုန်ကျခံရ မှာဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ လူမှူရေးနဲ့ လုပ်အားခ တရားမျှတမှု ရှိရေးတို့ အတွက် လုပ်ဆောင်တာ ဖြစ်တယ် လို့လည်း ထိုင်း အစိုးရက ပြောပါတယ်။

အခု မဟာချိုင် ဒေသမှာ အစမ်းသဘော စတင် လုပ်ပေးတာ ဖြစ်ပြီး နောက်ပိုင်းမှာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ဆက်လက် လုပ်ဆောင် သွားဖို့ ရှိပါတယ်။

BBC Burmese


ဆွာရက်စ် ကိုက်တယ်။ ဘာလို့ ကိုက်လဲ ? Psychologist တွေအတော်များများက ချယ်ဆီး နဲ့ ပွဲစဉ်ပြီးကတည်းက ဆွာရက်စ် ဟာ စိတ်ရောဂါ အခံရှိတာကြောင့် ကုသမှုလိုတယ်လို့ အသေအချာပြောထား


၎ လ နိုင်ငံတကာပွဲ ၉ ပွဲ ၊ ကလပ်ပွဲက ပရီးမီးယားလိဂ် ၉ ပွဲ ၊ ချန်ပီယံလိဂ် ၃ ပွဲ ၊ လိဂ်ဖလား ၁ ပွဲ အားလုံးပေါင်း ၁၃ ပွဲ ပယ်ခံရတယ်။ ဆွာရက်စ် သူမှားလို့ သူပြစ်ဒဏ် ခံရတာမပြောလို။ လေ့ကျင့်ခန်း ကော ၊ ကစားကွင်း အတွင်းပါ မ၀င်ရဆိုတာတော့ နည်းနည်းများသွားပြီ။

ဒီနေရာမှာ အင်္ဂလိပ်မီဒီယာတွေ သတင်းအပြိုင်အဆိုင်တင်တာချင်းအတူတူတောင် ဝေဖန်ထောက်ပြတာထက် ရှုတ်ချတဲ့ သတင်းတွေကပိုများသလို ဖေ့ဘုတ်တခွင် နိုင်ငံတကာမှာလည်း ဒီဖြစ်ရပ်တစ်ခုတည်းကိုသာ ဇောင်းပေးပြီးအသားပေးဖော်ပြတယ်။ ဘီဘီစီ က Pat Navan နဲ့  အဲဗာတွန်နည်းပြ Martinez တို့ က ဆွာရက်စ် ဟာ စိတ်ပိုင်းဆိုင်ရာအကူအညီလိုနေတဲ့သူဖြစ်ကြောင်းထောက်ပြတာကလွဲလို့  ကျန်တဲ့သူအတော်များများ အခွင့်အရေးရတုန်းဆွမ်းကြီးလောင်းဆိုသလို ၂ နှစ်ပယ် တွေဘာတွေဆိုကြတယ်။

ဆွာရက်စ် ကိုက်တယ်။ ဘာလို့ ကိုက်လဲ ? Psychologist တွေအတော်များများက ချယ်ဆီး နဲ့ ပွဲစဉ်ပြီးကတည်းက ဆွာရက်စ် ဟာ စိတ်ရောဂါ အခံရှိတာကြောင့် ကုသမှုလိုတယ်လို့ အသေအချာပြောထားတယ်။ ဒါမျိုးကို သေချာမကုရင် ဆက်ဖြစ်နိုင်တာကြောင့် သူ့ အတွက် ဘေးမှာတစ်ယောက်ရှိဖို့ လိုအပ်တာကြောင့် လစ်ဗာပူးအသင်းက တတ်နိုင်သမျှ ကုပေးခဲ့တာ ၁ နှစ်ကျော်ဘာမှမဖြစ်ခဲ့ဘူး။ ဒီနေ၇ာမှာ မြန်မာပြည်က ကော ၊ နိုင်ငံခြားမီဒီယာအတော်များများကကော သတင်းရေးတွေတဲ့သူကလည်း လူပိန်းကြိုက် ပြီးပြီးရော သတင်းတွေတင်တာဟာလည်း ပိုဆိုးလာတယ်။ ဆွာရက်စ် ရဲ့ လုပ်ရပ်ဟာ လုံးဝ လက်မခံနိုင်စရာလုပ်ရပ်ဟုတ်ပေမယ့် သူ့ ဘ၀နောက်ကြောင်းကိုလည်း ဖော်ပြဖို့ လိုတယ်။ ဘာကြောင့် ဒီလိုဖြစ်လာလည်းဆိုတဲ့အကြောင်းရင်းကိုလည်းအားလုံးသိအောင်ဖော်ပြဖို့ လိုတယ်။ ရေးတဲ့မီဒီယာအချို့ က
 ရေးပေမယ့် ဆိုရှယ်မီဒီယာတွေအကုန်လုံးက ဖွလို့ ကောင်းတဲ့အကြောင်းပဲတင်ကြတယ်။

ဆွာရက်စ် ဟာ ငယ်ငယ်ကတည်း ဆင်းရဲတဲ့မိသားစုကနေပေါက်ဖွားလာတဲ့အပြင် ငယ်ရွယ်စဉ်ကတည်းက လူကြီးတွေရဲ့ အနိုင်ကျင့်တာ နှိပ်စက်တာခံခဲ့ရလို့ စိတ်ရောဂါ အနေနဲ့ နောက်ဆုံးသည်းမခံနိုင်တော့ရင် ပြန်ပြန်ကိုက်တတ်တဲ့အကျင့်ရှိတယ်။ အဲ့ဒီစိတ်ရောဂါ ဟာ အခုချိန်မပျောက်သေးဘူး။ သေချာမကုရင် နောက်လည်း ထပ်ကိုက်အုံးမှာပဲ။

ဆွာရက်စ် ဘောလုံးကစားတဲ့စတိုင်ဟာ နေမား မက်ဆီ တို့ ရော်နယ်ဒိုတို့ လိုပဲ လိမ်ခေါက်ပြီးတိုက်စစ်ဆင်တာကြောင့် အမြဲအချခံရလေ့ရှိတယ်။ ဒိုင်တွေရဲ့ ကာကွယ်မှုအပြည့်မရရင် အဲ့ဒီပွဲမှာလူးလိမ့်နေအောင်ခံရတယ်။ Pat Navin က ဆွာရက်စ် ရဲ့ လုပ်ရပ်ဟာ မှားပေမယ့် ဒိုင်လူကြီးဟာ အီတလီနောက်ခံလူတွေ ဥပဒေ ပြင်ပကနေ ဆွာရက်စ် ကို ပွဲစဉ်တပွဲလုံး လူချကစားခဲ့တာ ထိထိရောက်ရောက်ပြစ်ဒဏ်ပေးခဲ့ရင် ဒီပြသနာဟာဖြစ်လာမှာမဟုတ်ဘူးလို့ ထောက်ပြတယ်။

ဒီနေရာမှာ လူချခံရတာများရင် အေးပါတယ်ဆိုတဲ့ မက်ဆီ တို့ တောင် မခံနိုင်လို့ တံတွေး နဲ့ ပြန်ထွေးတဲ့ဗီဒီယိုသက်သေတွေရှိတယ်။ ရော်နယ်ဒို တဖက်အသင်းကို ခြေထောက်နဲ့ လိုက်နင်းတဲ့ဗီဒီယိုတွေလည်းသက်သေရှိတယ်။ ဒါပေမယ့် မီဒီယာတွေ မထောက်ပြတာက ဆွာရက်စ် လူချလို့ အနီကတ် ထိဖူးတယ်ဆိုတာ သူ့ ကစားသမားဘ၀မှာမရှိတာပဲ။

ကန်တိုနာ ကွန်ဖူးကစ် နဲ့ ပရိသတ်ကိုကန်တယ်။ သူ့ ပရိသတ်တွေမသိချင်ယောင်ဆောင်ပြီး ဆက်ထောက်ခံခဲ့တာပဲ။ မနှစ်က ဟာဇက် ဘောကောက် ကလေးကို ခြေထောက်နဲ့ ကန်တယ်။ ဘာမှမဖြစ်သလိုပဲပြီးသွားတယ်။ နာမည်ကြီး ကတ်ပတိန် တစ်ယောက်လူ ချလို့ ကစားသမားဘ၀ဆုံးသွားတဲ့သူတွေရှိတယ်။ ဘာအသံမှမထွက်လာဘူး။ ဒီကာနီယို ဒိုင်လူကြီးကို ပွဲကန်နေတုန်း တွန်းထုတ်တယ်။ ဇီးဒန်း က ကမ္ဘာ့ ဖလားဖိုင်နယ်မှာ မာတာ၇ာဇီ ကို ခေါင်းနဲ့ တိုက်တယ်။ ဘာမှမဟုတ်သလိုပြီးသွားတဲ့အပြင် ဖီဖာ က ဂုဏ်ပြုဆုတောင်ပေးထားသေးတယ်။ တခြား ကစားသမားတွေဆက်ပြောနေရင် List ကဆုံးမှာတောင်မဟုတ်ဘူး။ အခု ပရီးမီးယားလိဂ်မှာ လည်းဒိုင်လစ်ရင်လစ်သလို မခုတ်တတ်တဲ့ကြောင် လုပ်နေတဲ့ကစားသမားတွေအများကြီးပဲ။

ဆွာရက်စ် မှားတယ်ဆိုပေမယ့် ဝေဖန်ထောက်ပြတာထက် ပိုတဲ့ လူမျိုးရေးခွဲခြားမှုတွေ ၊ မုန်းတီးမှုတွေများနေတာ တအားသိသာတယ်။ဆွာရက်စ် မိဘမဲ့ကလေးကျော်ငးသွားပြီး လှူတဲ့ပုံတွေဆိုရှယ် မီဒီယာပေါ်မတက်လာဘူး ၊ ကစားကွင်းသွားတုန်း လမ်းဘေးမှာ စိတ်ဝေဒနာရှင်ကလေးလေးက ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ ကားဆင်းရပ် ပြီး ဆေးကုသငွေပါလှူသွားတဲ့ပုံတွေ မီဒီယာပေါ်မတက်လာဘူး။ ဥရုဂွေး ဆင်းရဲသားရပ်ကွက် မှာကျောင်းလှူတဲ့သတင်းတွေ မီဒီယာမှာအကျယ်တ၀င့်မတတ်လာဘူး။ ဘောလုံးကွင်းပြင်ပ မှာ လူတကာ ချီးကျူးရတဲ့ ယောင်္ကျားကောင်းတစ်ယောက်ဆိုတဲ့ သတင်းတွေမတက်လာဘူး။

ဆွာရက်စ် ကိစ္စ နဲ့ ဆက်စပ်ပြီး စဉ်းစားမိလိုက်တာက လူတွေဟာ ကောင်းရင်သာချီးကျူးဖို့ လက်တွန့် နေလိမ့်မယ် ။ မှားပြီဆိုရင်တော့ ဘာမှမစဉ်းစားတော့ပဲ ဆွမ်းကြီးလောင်းဖို့ သာ အားသန်ကြတာများတဲ့လူတွေသာများတယ်ဆိုတာ သင်ခန်းစာရလိုက်တယ်။

အခုလက်ရှိပြစ်ဒဏ်ကတော့ သူ့ အမှားနဲ့ သူမို့ လက်ခံလို့ ရတယ်။ သူလည်း ဆေးကုသဖို့ အချိန်ရသွားသလို အေးအေးဆေးဆေးနားရတာပေါ့လို့ မှတ်လိုက်ပါတယ်။ ဒါပေမယ့် လူတွေဟာ အကြောင်းရင်းကို သေချာမဖတ် မလေ့လာပဲ သူတပါးရဲ့ အမှားနဲ့ အားနည်းချက်ကို အတင်းဇွတ်ကြီး ဖိနှိပ်နေလို့ ရေးရတော့တာပဲ။

(ADMIN – NHTL)

Liverpool Fan Club


MH-370 အလိုအလျောက်စနစ်ဖြင့် ပျံသန်းနေစဉ် ပျက်ကျသွားခြင်း ဖြစ်မည်ဟု သြစတြေးလျ ထုတ်ပြန်


ကန်ဘာရာ၊ ဇွန် ၂၆

မလေးရှား လေကြောင်းလိုင်းပိုင် MH-370 လေယာဉ်သည် အလိုအလျောက် မောင်းနှင်စနစ်ဖြင့် ပျံသန်းစဉ် ဆီကုန်ကာ ပျက်ကျသွားခြင်း ဖြစ်ရန် သေချာသလောက်ရှိပြီး ရှာဖွေရေး လုပ်ငန်းများကို အိန္ဒိယသမုဒ္ဒရာ၏ ယခုထက်ပိုမို၍ တောင်ဘက်ပိုင်းကျသော ဧရိယာတွင် ပြောင်းရွှေ့ ပြုလုပ်သွားမည်ဟု သြစတြေးလျ အာဏာပိုင်များက ကြေညာလိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

မတ်လ ၈ ရက်နေ့က လူပေါင်း ၂၃၉ ဦးကို တင်ဆောင်ကာ ပျောက်ဆုံးသွားသော MH-370 လေယာဉ်ကို သြစတြေးလျနိုင်ငံ ဦးဆောင်သော နိုင်ငံတကာ ရှာဖွေရေး တပ်ဖွဲ့ဝင်များက အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ရှာဖွေနေသည်မှာ လေးလနီးပါး ရှိပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ ခိုင်မာသော အထောက်အထား တစ်ခုမျှ ရှာဖွေတွေ့ရှိခြင်း မရှိသေးချေ။

ရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် ကာလတစ်လျှောက် တွေ့ရှိခဲ့ရသည့် အချက်အလက်များကို ကျွမ်းကျင်သူများက ပြန်လည်သုံးသပ် ပြီးသည့် နောက်တွင် MH-370 လေယာဉ်သည် အလိုအလျောက် မောင်းနှင်စနစ်ဖြင့် ပျံသန်းရင်း ပျက်ကျသွားခြင်းဖြစ်ရန် သေချာသလောက်နီးပါး ရှိသည်ဟု သြစတြေးလျ ဒုတိယဝန်ကြီးချုပ် ဝါရင်ထရက်စ်က ကြေညာခဲ့သည်။

ဝါရင်ထရက်စ်၏ ကြေညာချက်ကို သြစတြေးလျ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဘေးအန္တရာယ်ကင်းရှင်းရေး ဗျူရို၏ အကြီးအကဲ မာတင်ဒိုလန်ကလည်း ထောက်ခံခဲ့ပြီး “MH-370 လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းကို ပျံသန်းခဲ့ပြီး ဆီကုန်တဲ့အထိ အလိုအလျောက် မောင်းနှင်စနစ်နဲ့ မောင်းနှင်ခဲ့တာ ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကြာသပတေးနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဝါရင်ထရက်စ်က ယခုအခါတွင် ရှာဖွေတွေ့ရှိသည့် အချက်အလက်များကို ပြန်လည်သုံးသပ်သည့် လုပ်ငန်းစဉ် ပြီးဆုံးသွားပြီ ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ပိုမိုဝေးလံသော နေရာတွင် ရှာဖွေရေး ဧရိယာအသစ်တစ်ခု သတ်မှတ်ပြီးပြီ ဖြစ်ကြောင်းနှင့် ထိုရှာဖွေရေး ဧရိယာအသစ်သည် စတုရန်း ကီလိုမီတာ ၆၀,၀၀၀ ခန့် ကျယ်ဝန်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“MH-370 လေယာဉ်နဲ့ ဂြိုဟ်တုအကြား နောက်ဆုံးဆက်သွယ်မှု ရရှိခဲ့တဲ့ အချက်အလက်ပေါ် မူတည် ရေးဆွဲထားတဲ့ ပျံသန်းမှု လမ်းကြောင်းအရ ရှာဖွေရေး ဧရိယာအသစ်ကို သတ်မှတ်ထားတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ယခု အသစ်သတ်မှတ်လိုက်သော ရှာဖွေရေး ဧရိယာသည် သြစတြေးလျနိုင်ငံ ပက်သ်မြို့ အနောက်ဘက် ကမ်းရိုးတန်းနှင့် မိုင် ၁၁၀၀ ခန့် ကွာဝေးပြီး ရှာဖွေရေး ဧရိယာအသစ်သည် MH-370 လေယာဉ်ပျက်ကျခဲ့သည့် နေရာဖြစ်ရန် အလားအလာများစွာ ရှိသည်ဟု မစ္စတာထရက်စ်က ပြောကြားထားသည်။

လက်ရှိအချိန်တွင် တရုတ်သင်္ဘော တစ်စင်းနှင့် သြစတြေးလျ သင်္ဘောတစ်စင်းသည် ရှာဖွေရေး ဧရိယာအသစ်၏ ရေအောက်ကြမ်းပြင်ကို မြေပုံထုတ်ခြင်းလုပ်ငန်း လုပ်ဆောင်နေပြီး လုပ်ငန်းပြီးဆုံးရန် အချိန်သုံးလခန့် ကြာမြင့်မည် ဖြစ်သည်။

ပင်လယ်ကြမ်းပြင် မြေပုံထုတ်ခြင်းလုပ်ငန်း ပြီးဆုံးမှ လေယာဉ်ရှာဖွေခြင်း လုပ်ငန်းကို စတင် လုပ်ဆောင်နိုင်မည် ဖြစ်ကာ အချိန်အားဖြင့် တစ်နှစ်ခန့် ကြာမြင့်နိုင်သည်ဟု သြစတြေးလျ အာဏာပိုင်များက ခန့်မှန်းထားသည်။

The Voice Weekly


ကမ္ဘာ့အချမ်းသာဆုံး လူငယ်လူရွယ်များ



အနုပညာ နယ်ပယ်တွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများတွင်ဖြစ်စေ အောင်မြင်မှုများ ရရှိပြီးနောက် ကြွယ်ဝချမ်းသာလာသည့် လူငယ်လူရွယ်များစွာ ရှိသည်။

အချို့သော လူငယ်များသည် အောင်မြင်မှုအပြင် ကံကြမ္မာ ထောက်ပံ့မှုများကြောင့်ပါ ဆယ်ကျော်သက် အရွယ်ကတည်းက သန်းကြွယ်သူဌေးလေးများ ဖြစ်လာကြသည်များလည်း ရှိသည်။

အမျိုးမျိုး အဖုံဖုံသော အကြောင်းများကြောင့် အသက်ငယ်ငယ်နှင့် သန်းကြွယ်သူဌေးလေးများ ဖြစ်လာခဲ့သည့် လူငယ်များ အနက်မှ အကြွယ်ဝဆုံး ၁၀ ဦးကို ကောက်နုတ် ဖော်ပြလိုက်ရပါသည်။

၁၀။ ဂျပ်စတင်ဘီဘာ



ဘီဘာသည် YouTube မှတစ်ဆင့် စတင်လူသိများလာပြီး အသက်(၁၈)နှစ်အရွယ်တွင် ကမ္ဘာသိ အဆိုတော်လေးတစ်ဦး ဖြစ်လာခဲ့သည်။ ကနေဒါ ပေါ့ပ်ဂီတ ကြယ်ပွင့်သည် ယခုအခါ အသက်(၂၀)သာ ရှိသေးသော်လည်း ဒေါ်လာ ၅၃ သန်းမျှ ကြွယ်ဝနေပြီ ဖြစ်သည်။ ၎င်း၏ Baby သီချင်းသည် ဘီဘာကို ကမ္ဘာ့နာမည်အကြီးဆုံး အဆိုတော်တစ်ဦး ဖြစ်လာအောင် တွန်းတင်ပေးခဲ့သည်။

၉။ အင်ဒီရာရို့စ်ဂျိမ်းစ်



ဂျိမ်းစ်၏ ချမ်းသာကြွယ်ဝလာပုံကမူ အတန်ငယ် ထူးခြားသည်။ သူမသည် ကာလသားကြိုက် မဂ္ဂဇင်းကြီး Soho ကို ဖြန့်ဝေပေးသည့် သူဌေးကြီး ပေါလ်ရေမွန်၏ မြေးမလေး ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ရေမွန်သေဆုံးသွားပြီးနောက် ၎င်း၏အမွေကို လေးနှစ်ကြာ အမွေဆက်ခံနိုင်သည့် အရွယ်တွင် ဂျိမ်းစ်က ခွဲဝေရရှိခဲ့သည်။ သူမသည် ဒေါ်လာသန်း ၆၀ မျှ ချမ်းသာကြွယ်ဝနေပြီ ဖြစ်သည်။

၈။ မိုင်လေဆိုင်းရပ်စ်



ဆယ်ကျော်သက်ဘဝတွင် စတင်အောင်မြင်ပြီး ကြွယ်ဝလာသည့် အနုပညာရှင် နောက်တစ်ဦးမှာ ဆိုင်းရပ်စ်ဖြစ်သည်။ Disney ၏ အစီအစဉ်များတွင် ပါဝင်ရင်း နာမည်ကျော်လာသည့် အဆိုတော်မင်းသမီးလေးသည် ယခုအခါ အသက်(၂၁)နှစ် ရှိနေပြီဖြစ်ပြီး ဒေါ်လာ သန်း ၁၀၀ မျှထိ ပိုင်ဆိုင်ထားသည်။

၇။ အမ်မာဝပ်ဆန်



Harry Potter ရုပ်ရှင်ဇာတ်လမ်းတွဲများသည် ကလေးများ၏ စိတ်နှလုံးကို သိမ်းကျုံးညှို့ယူခဲ့ဖူးသည်။ အဆိုပါ ဟောလိဝုဒ်ရုပ်ရှင်များတွင် အစဉ်တစိုက် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဗြိတိသျှ ရုပ်ရှင်မင်းသမီးလေးသည်လည်း ဇာတ်ကားများ၏ အောင်မြင်မှု အရှိန်အဝါကြောင့် ဝင်ငွေကောင်းခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် သူဌေး ဖြစ်လာခဲ့သည်။ အသက်(၂၄)နှစ်ရှိ အမ်မာသည် ဒေါ်လာသန်းပေါင်း ၁၂၀ ကျော် ကြွယ်ဝသူတစ်ဦးဖြစ်သည်။

၆။ ဒါကိုတာဖန်နင်း



ဖန်နင်းသည် ကလေးသရုပ်ဆောင် ဘဝကတည်းက ဟောလိဝုဒ်တွင် လူသိများခဲ့သူ ဖြစ်သည်။ ၎င်းအသက် (၁၀)နှစ်ခန့်က နာမည်ကျော်မင်းသား တွမ်ခရုစ်နှင့်အပြိုင် War of the Worlds ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့ဖူးသည်။ ဟောလိဝုဒ်၌ တက်လမ်းကောင်းမွန်သည့် မင်းသမီးငယ်တစ်ဦးအဖြစ် ရပ်တည်နေသည့် အသက်(၂၀)အရွယ် မိန်းကလေးသည် ယခုအခါ ဒေါ်လာသန်းပေါင်း ၁၃၀ မျှ ပိုင်ဆိုင်နေပြီဖြစ်သည်။

၅။ ဆယ်လီနာဂိုမက်ဇ်



ဂျပ်စတင်ဘီဘာက ဂိုမက်ဇ်သည် ၎င်းနှင့်တွဲနေ၍ နာမည်ပိုကြီးလာကြောင်း စွပ်စွဲခဲ့ဖူးသော်လည်း အမှန်တကယ်အားဖြင့် ဘီဘာ၏ ချစ်သူဟောင်းသည် ဘီဘာထက်ပင် ပိုမိုချမ်းသာကြွယ်ဝနေပြီ ဖြစ်သည်။ ဂိုမက်ဇ်သည် အသက်(၂၁)နှစ်သာ ရှိသေးသော်လည်း ဒေါ်လာ သန်း ၁၅၀ ကျော် ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ၎င်းသည် အဆိုတော်တစ်ဦးအနေဖြင့်ရော၊ ဟောလိဝုဒ်၏ တက်သစ်စ မင်းသမီးလေးတစ်ဦးအဖြစ်ပါ ပရိသတ် အခိုင်အမာ ရှိနေသည်။

၎။ အန်းဂက်စ်ဂျုံးစ်



ဂျုံးစ်သည် ဟောလိဝုဒ်တွင် ခေတ်တစ်ခုကို အစပြုမည့် မင်းသားငယ်တစ်လက်အဖြစ် သတ်မှတ်ညွှန်းဆို ခံထားရသည်။ ၎င်းသည် အသက်(၂၀)မျှသာ ရှိသေးသော်လည်း ကြွယ်ဝမှု အစုစုသည် ဒေါ်လာ သန်း ၁၆၀ မျှထိ ရှိနေပြီ ဖြစ်သည်။ Two and a Half Men ဇာတ်လမ်းတွဲများတွင် ချာလီရှင်းနှင့်အပြိုင် သရုပ်ဆောင်ရင်း ဂျုံးစ်၏ အောင်မြင်မှုက ပိုမိုကျယ်ပြန့်လာခဲ့သည်။

၃။ အီယန်သီဖူလာဂါ



ဖူလာဂါသည် ၎င်း၏ လှပမှုနှင့် ဖက်ရှင်အမြင် ပြည့်ဝမှုတို့ကြောင့် အထိုက်အလျောက် လူသိများသူ ဖြစ်သည်။ သို့သော်လည်း ကမ္ဘာ့အချမ်းသာဆုံး လူငယ်များစာရင်းတွင် တတိယချိတ်ရသည့် အဓိကအကြောင်းရင်းမှာ ကံကြမ္မာကြောင့် ဖြစ်သည်။ သူမအသက် (၁၈)နှစ်အရွယ် ၂၀၀၈ ခုနှစ်က EuroMillions ထီပေါက်ပြီး ဒေါ်လာ ၁၀ သန်းကျော် ရရှိခဲ့သည်။ ထိုငွေများကို စနစ်ကျကျ ရင်းနှီးမြှုပ်နှံရင်း တစ်စထက်တစ်စ တိုးပွားလာရာ ခြောက်နှစ်အကြာတွင် ဖူလာဂါ၏ ကြွယ်ဝမှု အစုစုသည် ဒေါ်လာသန်း ၁၉၀ ဖိုးမျှ ရှိနေပြီဖြစ်သည်။

၂။ နစ်ခ်ဂျိုနက်စ်



Jonas Brothers အမျိုးသား အဆိုတော် အဖွဲ့မှ နာမည်အကြီးဆုံး ဖြစ်ခဲ့သည့် နစ်ခ်သည် စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးအနေဖြင့်ပါ လူသိများသည်။ Jonas Brothers အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သော်လည်း ၎င်းအနေဖြင့် အနုပညာ နယ်ပယ်တွင် သီးခြားလှုပ်ရှားနေဆဲ ဖြစ်သည်။ အသက်(၂၁)နှစ်အရွယ်တွင် ၎င်း၏ ပိုင်ဆိုင်မှု တန်ဖိုးသည် ဒေါ်လာသန်း ၂၀၀ မျှထိ ရှိနေသည်။

၁။ ဂျေဒန်စမစ်သ်


နာမည်ကျော် ဟောလိဝုဒ်မင်းသား ဝီလ်စမစ်သ်၏ သားဖြစ်ပြီး အသက်(၁၅)နှစ်မျှသာ ရှိသေးချိန်၌ ဒေါ်လာ ၂၁၅ သန်းမျှထိ ချမ်းသာနေသူ ဖြစ်သည်။ ထို့ကြောင့်လည်း ယခုစာရင်းတွင် အသက်အငယ်ဆုံးနှင့် အချမ်းသာဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ Karate Kid ဇာတ်ကားတွင် ဂျက်ကီချန်းနှင့်အပြိုင် သရုပ်ဆောင်ခဲ့သလို ဖခင်နှင့် တွဲဖက်ကာ After Earth ဇာတ်ကားတွင် ပါဝင်ခဲ့ခြင်းက ၎င်းအတွက် သရုပ်ဆောင်ကြေး အများအပြား ရရှိလာစေခဲ့သည်။ စမစ်သ်၏ အသက်မှာ ငယ်လွန်းသေးသော်လည်း အနုပညာပါရမီ ပြည့်ဝထက်သန်လွန်းသဖြင့် ဖခင်၏ခြေရာကိုနင်းကာ ဟောလိဝုဒ်၏ အထင်ကရ ကြယ်ပွင့်တစ်ဦး ဖြစ်လာမည်ဟုလည်း ခန့်မှန်းချီးကျူးခံထားရသည်။

_Top10 for Everything
7day daily


ပီနန်ဆရာ တော်ကြီးအား ပြန်လည်အပ်နှင်းပါက ဆရာတော်အရှင်ဆန္ဒာဓိက ကျပ်သိန်း ၃ဝဝ လှူဒါန်းသွားမည်



မဟာသန္တိသုခကျောင်းကို ပီနန်ဆရာတော်ကြီးအား ပြန်လည်အပ်နှင်းပါက ကျောင်းတော်ကြီးအား ပြန်လည်ပြုပြင်ရာတွင်အသုံးပြုရန် ဆရာ တော်အရှင်ဆန္ဒာဓိကမှ ကျပ် သိန်း ၃ဝဝ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

ပီနန်ဆရာတော်မှာ ကမ္ဘာအနှံ့လှည့်လည်သာသနာပြုနေသော ဆရာတော်တစ်ပါးဖြစ်ပြီး ၎င်းလက်အောက်တွင် မဟာသန္တိသုခကျောင်းတော်မှာများစွာ တိုးတက်လာ မြှာ ဖစ်ပြီး ပညာတတ်သံဃာတော်များလည်းများစွာ ပေါ်ထွန်းလာနိုင်ကြောင်း ထို့ကြောင့် ကျောင်းတော်ကြီးအား ပီနန်ဆရာတော်ဘုရားထံ ပြန်လည်အပ်နှံ မည်ဆိုပါ က ငွေကျပ်သိန်း ၃ဝဝ လှူဒါန်းမည်ဖြစ်ကြောင်း ဆရာတော်အရှင်ဆန္ဒာဓိကမှ ဇွန်လ ၂ဝ ရက်နေ့ NLD  ရုံးချုပ် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပါဝင်လက် မှတ်ရေး ထိုး အပြီးတွင် မိန့်ကြားသည်။

”ပီနန်ဆရာတော်ကြီးကိုသာ အပ်နှင်းလိုက်ပါ။ သိန်း ၃ဝဝ လှူဒါန်းပါ့မယ်”ဟု ဆရာတော်က မိန့်ကြားသည်။  ထို့အပြင် သံဃာငါးသိန်းကို ကိုယ်စားပြုခြင်းကြောင့် သိမ်းယူ သည် ဟုဆိုသော် အဆိုပါ သံဃာငါးသိန်းအား မဲဆန္ဒလက်မှတ်ကောက်ခံခိုင်းပါက ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းမှာ ပီနန်ဆရာတော်ဘက်မှရှိနေမှာဖြစ်ပြီး လှူ ဒါန်းသူများမှာ ဘုရားရှင်လက်ထက် သံဃာတော်များ၊ လက်ရှိသံဃာတော်များ၊ နောင်ဖြစ်လာမည့်သံဃာတော်များအတွက်စသည့် သံဃာအားလုံးအတွက်ရည်းစူး၍ လှူဒါန်းခြင်း မည်ေ ကြာင်း၊ ကမ္ဘာတွင် ဗုဒ္ဓဘာသာပြန့်ပွားရေးဦးတည်ချက်သာ အဓိကကျကြောင်း ဆရာတော်အရှင်ဆန္ဒာဓိကမှ ဆက်လက် မိန့်ကြားသည်။

ပီနန်ဆရာတော်ကြီးနှင့် နိုင်ငံတော် သံဃာမဟာနာယက(မဟန)ကြားအငြင်းပွားနေသော အဆိုပါ ကျောင်းတိုက်အား ယခုလ ၁၁ ရက် နေ့တွင် အာဏာပိုင်အဖွဲ့အစည်းမှ ဝင်ရောက်ချိတ်ပိတ်ခြင်းခံခဲ့ရပြီး အင်္ဂလန်ဆရာတော်အပါအဝင် သံဃာငါးပါးကိုလည်း သာသနာညှိုးနွမ်းစေမှုဖြင့် လူဝတ်လဲစေကာ အမှုဖွင့်ခံခဲ့ရသည်။  အဆိုပါ သံဃာ ငါးပါးအား ဇွန် ၂ဝ ရက်နေ့က ပြုလုပ်သော ရုံးချိန်းတွင်အာမခံပေးခဲ့ပြီး ဇွန်၂၇ ရက်နေ့ချိန်းဆိုထားကာ ကျောင်းတိုက်ကြီးပြန်လည်ရရှိရေးအတွက် ဥပဒေဘောင် အတွင်းမှ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဆရာတော်များက မိန့်ကြားထားသည်။

ဖိုးလပြည့်

Popular News


MH370 လေယာဉ်ကို ရှာဖွေမည့် ဇုန်နေရာအသစ် သတ်မှတ်ကြေညာ

Photo: MH370 လေယာဉ်ကို ရှာဖွေမည့် ဇုန်နေရာအသစ် သတ်မှတ်ကြေညာ

27.6.2014

ပျောက်ဆုံးနေသည့် MH370 ခရီးသည်တင် လေယာဉ်ကို ဖြန့်ကျက်ရှာဖွေမည့် ဧရိယာသစ်ကို ဩစတြေးလျက အစိုးရက ကြေညာချက်ထုတ်ပြန် အတည်ပြုခဲ့သည်။

မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်သည် မတ်လ(၈)ရက်နေ့ ကတည်းက လိုက်ပါသွားသူ (၂၃၉)ဦးနှင့်အတူ အကြောင်းရင်း မသိရဘဲ ပျောက်ကွယ်သွားခဲ့ပြီး ယခုအခါ ဂြိုဟ်တုပုံရိပ်များကို အခြေခံ တွက်ချက်ကာ နေရာသစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

လေယာဉ်သည် ကွာလာလမ်ပူမှ တရုတ်နိုင်ငံ၊ ဘေဂျင်းသို့ ဦးတည်ပျံသန်းရင်း တောင်တရုတ်ပင်လယ် ရေပြင်ထက်တွင် အဆက်အသွယ် ပြတ်သွားသော်လည်း ဂြိုဟ်တုမှ ဖမ်းယူသော ပုံရိပ်များအရ လာလမ်းအတိုင်း ပြန်လှည့်ကာ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းသို့ ဦးတည်ပျံသန်းရင်း ပျက်ကျသွားသည်ဟု ယူဆရသည်။

ယခင်က နယ်နိမိတ် သတ်မှတ် ရှာဖွေမှုများ အောင်မြင်မှု မရခဲ့သည့်နောက် ယခုတစ်ကြိမ်တွင် ဩစတြေးလျ အနောက်ဘက်ကမ်းလွန်မှ ကီလိုမီတာ (၁၈၀၀)မျှ အကွာအဝေးတွင် ဧရိယာ သတ်မှတ်ကာ လေယာဉ်ပျက်ကို ရှာဖွေသွားမည် ဖြစ်သည်။ ဩစတြေးလျ ဒုတိယဝန်ကြီးချုပ် ဝါရန်ထရက်စ် ကြေညာသည့် နေရာသည် ယခင်ရှာဖွေခဲ့သည့် ဧရိယာ၏ တောင်ဘက်ပိုင်းသို့ ရောက်ရှိသွားသည်ကို တွေ့ရသည်။

“လေယာဉ်က အလိုအလျောက် မောင်းနှင်စနစ်နဲ့ ဆက်ပြီး ပျံသန်းနေရာက လောင်စာကုန်ချိန်မှာ ပျက်ကျသွားဖို့ ဖြစ်နိုင်ခြေ အရမ်းများတယ်။ လေယာဉ် ပျံသန်းသွားနိုင်တဲ့ လမ်းကြောင်းတွေကိုတော့ ဂြိုဟ်တုက ရိုက်ယူထားတဲ့ ပုံရိပ်တွေကို အခြေခံ တွက်ချက်ထားတာ ဖြစ်ပါတယ်”ဟု ထရက်စ်က ရှာဖွေရေးဇုန်သစ်ကို သတင်းထုတ်ပြန် ကြေညာရင်း မှတ်ချက်ပေး ပြောကြားသွားသည်။

လေယာဉ်နှင့်အတူ လိုက်ပါသွားသူများ၏ ကျန်ရစ်သူ မိသားစုများမှာမူ လနှင့်ချီ ကြာမြင့်လာသည့်တိုင် ရှာဖွေရေး လုပ်ငန်းစဉ်များ၌ ရလဒ်တိုးတက်မှု ရှိမလာခြင်းအတွက် စိတ်ပျက်လျက်ရှိသည်။

7Day News

MH370 လေယာဉ်ကို ရှာဖွေမည့် ဇုန်နေရာအသစ်ကို ဖော်ပြထားသည့် မြေပုံ
MH370 လေယာဉ်ကို ရှာဖွေမည့် ဇုန်နေရာအသစ်ကို ဖော်ပြထားသည့် မြေပုံ

 ပျောက်ဆုံးနေသည့် MH370 ခရီးသည်တင် လေယာဉ်ကို ဖြန့်ကျက်ရှာဖွေမည့် ဧရိယာသစ်ကို ဩစတြေးလျက အစိုးရက ကြေညာချက်ထုတ်ပြန် အတည်ပြုခဲ့သည်။

မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်သည် မတ်လ(၈)ရက်နေ့ ကတည်းက လိုက်ပါသွားသူ (၂၃၉)ဦးနှင့်အတူ အကြောင်းရင်း မသိရဘဲ ပျောက်ကွယ်သွားခဲ့ပြီး ယခုအခါ ဂြိုဟ်တုပုံရိပ်များကို အခြေခံ တွက်ချက်ကာ နေရာသစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

လေယာဉ်သည် ကွာလာလမ်ပူမှ တရုတ်နိုင်ငံ၊ ဘေဂျင်းသို့ ဦးတည်ပျံသန်းရင်း တောင်တရုတ်ပင်လယ် ရေပြင်ထက်တွင် အဆက်အသွယ် ပြတ်သွားသော်လည်း ဂြိုဟ်တုမှ ဖမ်းယူသော ပုံရိပ်များအရ လာလမ်းအတိုင်း ပြန်လှည့်ကာ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းသို့ ဦးတည်ပျံသန်းရင်း ပျက်ကျသွားသည်ဟု ယူဆရသည်။

ယခင်က နယ်နိမိတ် သတ်မှတ် ရှာဖွေမှုများ အောင်မြင်မှု မရခဲ့သည့်နောက် ယခုတစ်ကြိမ်တွင် ဩစတြေးလျ အနောက်ဘက်ကမ်းလွန်မှ ကီလိုမီတာ (၁၈၀၀)မျှ အကွာအဝေးတွင် ဧရိယာ သတ်မှတ်ကာ လေယာဉ်ပျက်ကို ရှာဖွေသွားမည် ဖြစ်သည်။ ဩစတြေးလျ ဒုတိယဝန်ကြီးချုပ် ဝါရန်ထရက်စ် ကြေညာသည့် နေရာသည် ယခင်ရှာဖွေခဲ့သည့် ဧရိယာ၏ တောင်ဘက်ပိုင်းသို့ ရောက်ရှိသွားသည်ကို တွေ့ရသည်။

“လေယာဉ်က အလိုအလျောက် မောင်းနှင်စနစ်နဲ့ ဆက်ပြီး ပျံသန်းနေရာက လောင်စာကုန်ချိန်မှာ ပျက်ကျသွားဖို့ ဖြစ်နိုင်ခြေ အရမ်းများတယ်။ လေယာဉ် ပျံသန်းသွားနိုင်တဲ့ လမ်းကြောင်းတွေကိုတော့ ဂြိုဟ်တုက ရိုက်ယူထားတဲ့ ပုံရိပ်တွေကို အခြေခံ တွက်ချက်ထားတာ ဖြစ်ပါတယ်”ဟု ထရက်စ်က ရှာဖွေရေးဇုန်သစ်ကို သတင်းထုတ်ပြန် ကြေညာရင်း မှတ်ချက်ပေး ပြောကြားသွားသည်။

လေယာဉ်နှင့်အတူ လိုက်ပါသွားသူများ၏ ကျန်ရစ်သူ မိသားစုများမှာမူ လနှင့်ချီ ကြာမြင့်လာသည့်တိုင် ရှာဖွေရေး လုပ်ငန်းစဉ်များ၌ ရလဒ်တိုးတက်မှု ရှိမလာခြင်းအတွက် စိတ်ပျက်လျက်ရှိသည်။

7Day News

မြန်မာ မိုလ်ဘိုင်းဖုန်း နိုင်ငံခြားမှာ သုံးနိုင်မယ်


 မြန်မာ နိုင်ငံက မိုလ်ဘိုင်း ဖုန်းတွေကို International Roaming လို့ခေါ်တဲ့ နိုင်ငံရပ်ခြား သွားရောက်တဲ့ အခါမှာလည်း အသုံးပြု နိုင်တော့မှာ ဖြစ်ပါတယ်။

International Outbound စနစ် ဖြစ်တဲ့ ဒီလို နိုင်ငံ ရပ်ခြားမှာ အသုံးပြု နိုင်မယ့် အစီ အစဉ်ကို ဇူလိုင် လဆန်းမှာ စတင်ဖို့ မြန်မာ စာတိုက်နဲ့ တယ်လီဖုန်း ဆက်သွယ်ရေး MPT ကနေ ဆောက်ရွက် နေပြီ ဖြစ်ပါတယ်။

ငွေဖြည့်ကဒ်သုံးနဲ့ ငွေဖြည့်စရာ မလိုပဲ နောက်မှ ကျသင့်ငွေ ရှင်းရတဲ့ မိုလ်ဘိုင်း ၂ မျိုး စလုံး အတွက် အသုံးပြု နိုင်အောင် ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဆက်သွယ်ရေးနဲ့ သတင်း အချက် အလက် နည်းပညာ ဌာန နေပြည်တော် ဌာနခွဲရဲ့ ဒုတိယ အထွေထွေ မန်နေဂျာ ဦးသိန်းဟုတ်က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံခြား မထွက်ခင် မိုလ်ဘိုင်း ဖုန်းတွေကို ရန်ကုန်မှာ မှတ်ပုံ အရင် တင်ရမှာ ဖြစ်ပြီး၊ ငွေဖြည့် သွားရမှာ ဖြစ်တယ်လို့ လည်း ဦးသိန်းဟုတ်က ပြောပါတယ်။

မြန်မာ အိမ်နီးချင်း နိုင်ငံတွေ အကုန်လုံး အပါအဝင် နိုင်ငံပေါင်း ၃၀ မှာ မြန်မာ မိုလ်ဘိုင်းဖုန်းတွေကို ယူသွား အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

International Inbound စနစ်မျိုးလို နိုင်ငံခြားက မိုလ်ဘိုင်းတွေ မြန်မာ နိုင်ငံ အတွင်း အသုံးပြု တာတွေ ကတော့ ဆီးဂိမ်း မတိုင်ခင် ကတည်းက အသုံးပြု လို့ ရနေတာ ဖြစ်ပါတယ်။
 
 http://www.maungpauk.org

ကွမ်းစားနှပ်ဆေးရည် များသည် ကျန်းမာရေးကို ထိခိုက်စေနိုင်


 မြန်မာ့ရိုးရာ ဧည့်ခံ အစားအသောက် များတွင် ကွမ်း ၊ ဆေး ၊ လက်ဖက် ဟူ၍ ဆိုစကား ရှိသည်။ ကွမ်းယာသည် မြန်မာမှုတွင် ဧည့်ခံ ပစ္စည်း ဖြစ်သော်လည်း ယနေ့ ကာလတွင် စီးပွားဖြစ် ရောင်းချလျက် ရှိသော ရောင်းကုန် တစ်ခု ဖြစ်လာသည်။ ကွမ်းယာ ကို နှစ်ခြိုက် ခုံမင်စွာ စားသုံးလေ့ ရှိသော ခေတ်လူငယ် များသည် နှပ်ဆေးရည် များဖြင့် စားသုံးလေ့ ရှိရာ ၄င်း နှပ်ဆေးရည်အား ရေရှည်စွဲ၍ စားသုံး မိပါက အစာအိမ် အူလမ်းကြောင်း ကင်ဆာ ဖြစ်ပေါ် စေနိုင်ကြောင်း အစာအိမ် နှင့် အူလမ်းကြောင်း ဆိုင်ရာ အထူးကု ဆရာဝန် တစ်ဦးက ပြောပြသည်။

" ကွမ်းစား နှပ်ဆေးရည် တွေက အစားအသောက် နဲ့ ဆေးဝါးဆိုင်ရာ ကြီးကြပ် ကွပ်ကဲမှု ရဲ့ ခွင့်ပြုချက် ရယူပြီး ထုတ်လုပ် ထားတဲ့ စားသောက် ကုန်စည် မဟုတ်သလို ဓာတုဗေဒ ဒြပ်ပေါင်း ပစ္စည်း အချို့နဲ့ ရောစပ် ထုတ်လုပ် ထားတာကြောင့် စားသုံးမိပါက ကျန်းမာရေး ထိခိုက် စေနိုင် ပါတယ် ... " ဟု အဆိုပါ အထူးကု ဆရာဝန်ကြီး က ဆက်လက်၍ ပြောပြသည်။

ကွမ်းစား နှပ်ဆေးရည် များအား ရေရှည် စားသုံးခြင်းကြောင့် အစာအိမ် အူလမ်းကြောင်း အတွင်း ကင်ဆာဖြစ်၍ ဆေးဝါး ကုသမှု ခံယူသူ များစွာ ရှိခဲ့ရာ ၁၅ ရာခိုင်နှုန်း သာလျှင် အသက်ရှင် ကျန်းမာပြီး ကျန် ၆၅ ရာခိုင်နှုန်း မှာ လူ့သက်တမ်းစေ့ နေထိုင် နိုင်ခြင်း မရှိကြောင်း စောင့်ကြည့် လေ့လာ နေသူများ၏ မှတ်တမ်းအရ သိရသည်။

အဆိုပါ ကွမ်းစား နှပ်ဆေးရည် များသည် သဘာဝ မဟုတ်သော အနံ့အသက် များနှင့် သဘာဝ မဟုတ်သော အချို အရသာ ဓာတ်များအား ရောစပ် ထုတ်လုပ်ထားရာ ဓာတုဗေဒ ဒြပ်ပေါင်းအချို့ ပါဝင်လျက် ရှိသည်ကို စမ်းသပ် တွေ့ရှိရကြောင်း ၊ ၄င်း ဒြပ်ပေါင်းစု များတွင် လူ၏ ကိုယ်ခန္ဓာ အတွင်းပိုင်းရှိ အစိတ်အပိုင်း များအား ချေဖျက်နိုင်သည့် ဒြပ်ပေါင်းစု များလည်း ပါဝင်ကြောင်း ၊ ယင်းကြောင့် ပါးစောင် ကင်ဆာ နှင့် လည်ချောင်း ကင်ဆာ များ ဖြစ်ပွား ရသည်ဟု သုတေသန စာတမ်းများက ဆိုသည်။

ကွမ်းစား နှပ်ဆေးရည် ဖော်စပ်ရာတွင် အဓိက မရှိမဖြစ် လိုအပ်သည်မှာ ဆေးရွက်ကြီး ဖြစ်သည်။ ၄င်း ဆေးရွက်ကြီး ၏ ရုက္ခဗေဒ အမည်ရင်းမှာ နီကိုရှားနား တေဗကန် ( Nicotianna Tabaccum ) ဟု ခေါ်ထွင်၍ ဆိုလင်းနေးစီး ( Solanaceae ) ခရမ်းမျိုးရင်းဝင် အပင် တစ်မျိုးဖြစ်သည်။ ၄င်း၏ မူလ သဘောအရ အဆိပ်အတောက် များကို ပယ်စေနိုင်သော သတ္တိ ရှိသော်လည်း ဓာတုဗေဒ ဒြပ်ပေါင်းများ နှင့် ရောစပ် သုံးစွဲခြင်းကြောင့် လူ၏ ကျန်းမာရေး ကို ထိခိုက် စေခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကိုတိုး (ချင်းတွင်း)

#Themyawadydaily

နစ်မြုပ်နေတဲ့ စီးပွားရေး ပြန်လည်ဦးမော့ လာစေတဲ့ယတြာ (ထူးခြားသော ကုန်းဘောင်ခေတ် ယတြာ)



သင်သည် အလုပ်ကို ကြိုးစား၍ လုပ်ကိုင်၏။ သို့ရာတွင် သင်၏ အလုပ်သည် အောင်မြင်မှု့မရှိပဲ ဆုံးရှုံးမှု့ များနှင့် ကြုံတွေ့နေရ၏။ သင်၏ စီးပွားရေး လုပ်ငန်းသည် ဦးမော့မလာပဲ နစ်မြုတ်နေ၏။ အလွယ်ပြော ရပါမူ သင်သည် လှော်ရင်းနစ်နေ၏။ ထိုအခါမျိုးတွင် သင်၏အသက်ကို (၄)နှင့်မြှောက်ပါ။ ရသော အရေ အတွက်ကို မုန့်လုံးရေပေါ် လုပ်ပါ။ ထိုအထဲမှ မုန့်လုံးရေပေါ် (၁၀)လုံးကို နံနက်(၁၀)နာရီ တိတိတွင် အိမ်ဘုရားတွင် လှူပါ။

သင်၏ အသက်ကို (၇) ဖြင့်စားပါ...

(၁)-ကြွင်းလျှင်.............တနင်္ဂနွေနေ့တွင်ပြုလုပ်ပါ။
(၂)-ကြွင်းလျှင်............တနင်္လာနေ့တွင် ပြုလုပ်ပါ။
(၃)-ကြွင်းလျှင်............အင်္ဂါနေ့တွင်ပြုလုပ်ပါ။
(၄)-ကြွင်းလျှင်............ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ပါ။
(၅)-ကြွင်းလျှင်............ကြာသပတေးနေ့တွင် ပြုလုပ်ပါ။
(၆)-ကြွင်းလျှင်............သောကြာနေ့တွင် ပြုလုပ်ပါ။
အကြွင်းမရှိပဲ ပြတ်သွားလျှင် စနေနေ့တွင် ပြုလုပ်ပါ။

(၁၀)-လုံးတိတိကို မြတ်စွာဘုရားအား ကပ်လှူပြီးလျှင် ပိုသောမုန့်လုံးများကို အိမ်နီးနားချင်းများအား ဝေ လိုက်ပါ။ ဤယတြာသည် ကုန်းဘောင်ခေတ်တွင် အသုံးပြုခဲ့သော ရှေးယတြာဖြစ်ပါသည်။ ထိုယတြာ လုပ်ပြီးသည်နှင့် နစ်မြုတ်နေသော သင်၏ စီးပွားရေးလုပ်ငန်းသည် ဦးမော့လာပေလိမ့်မည်။ အလွန် ထူးခြားသော ယတြာ ဖြစ်သည်။ စီးပွားရေး လှော်ရင်း နစ်နေသူများ ပြုလုပ်သင့်ပါသည်။

ဦးတည်ရာ ကမ်း နစ်မြုပ်ခြင်း ယိုယွင်းခြင်းအလျဉ်းကင်းစွာဖြင့် သို့ အမြန်ဆုံးရောက်နိုင်ကြပါစေ
မြန်မာ့ရိုးရာဗေဒင်ပညာရပ်