1 Jul 2014

ဂျိမ်းစ်ဘွန်း အရှုံးပေးရသည့် တရုတ်ကျောင်းသားများ၏ စာခိုးချ ကိရိယာများ

Image and video hosting by TinyPic



 တရုတ်ကျောင်းသားတွေရဲ့ ဘဝမှာတော့ စိတ်ပင်ပန်းဆုံးနဲ့ စိတ်ဖိစီးမှုအများဆုံးအချိန်ဟာ အမျိုးသားကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေတဲ့အချိန်ပါ။

လူသန်းပေါင်းများစွာဟာ ဒီစာမေးပွဲအတွက် အချိန်ယူပြင် ဆင်ကာ ဖြေဆိုကြပါတယ်။
အချို့ကလည်း ဒီစာမေးပွဲမှာ အကြံဖန်လုပ်ဖို့ အဆင့်မြင့် ကိရိယာပေါင်းများစွာကို တီထွင်ကြပါတယ်။
ဒီလိုကိရိယာတွေထဲက တစ်ခုကတော့ ကင်မရာပါတဲ့ မျက်မှန်တစ်လက်ဖြစ်ပြီး Liaoning ပြည်နယ် Shenyang မြို့က စာမေးပွဲခန်းတစ်ခုမှာ ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Image and video hosting by TinyPic

စာမေးပွဲခိုးချသူဟာ ကြွေစေ့ပြားသေးသေးလေးတစ်ခုကို အသုံးချပြီး ဒီကိရိယာကို ထိန်းချုပ်မှာဖြစ်ပါတယ်။
စာမေးပွဲမေးခွန်းကို ဖြူမည်းဓာတ်ပုံရိုက်ပြီး အပြင်ဘက်ကို ပို့ပေးသွားမှာ ဖြစ်ပါတယ်။ အပြင်ဘက်က လက်ခံသူဟာ အဖြေတွေကို ပြန်ပို့ပေးရမှာဖြစ်ပေမဲ့ အဖြေတွေပြန်ပို့နည်းကိုတော့ သတင်းက မဖော်ပြခဲ့ပါဘူး။

Image and video hosting by TinyPic

တရုတ်အာဏာပိုင်တွေဟာ ဒီနှစ်မှာ စာမေးပွဲခိုးချသူ အရေအတွက်ကို မထုတ်ပြန်ခဲ့ပေမဲ့  China News နဲ့ China Radio International တို့ကတော့ ကျောင်းသားတွေသုံးခဲ့တဲ့ ကိရိယာတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။

Sichuan ပြည်နယ်မှာတော့ ကျောင်းသား အယောက် ၄၀ ဟာ အဆင့်မြင့်ဘောပင်တွေကို အသုံးပြုခဲ့ကြပါတယ်။ ဘောပင်ဟာ မေးခွန်းကို ပို့ပေးသွားမှာဖြစ်ပြီး အလွန်သေးငယ်တဲ့ နားကြပ်ဖူးလေးနဲ့ အဖြေကို ပြန်လည်လက်ခံသွားမှာဖြစ်ပါတယ်။

အခြားပြည်နယ်တစ်ခုမှာ ဖမ်းမိခဲ့တဲ့ပစ္စည်းကတော့ အင်္ကျီတစ်ထည်ဖြစ်ပါတယ်။
ဝါယာကြိုးများ၊ ပလပ်များ၊ နိုကီယာ ဖုန်းအဟောင်းများနဲ့ ပေါင်းစပ်တီထွင်ထားတာ ဖြစ်ပါတယ်။ Guangzhou ပြည်နယ် Fuzhou မြို့မှာတော့ ပိုက်ဆံအိတ်နဲ့ပြုလုပ်ထားတဲ့ ကိရိယာကို စာမေးပွဲဖြေသူ ယောကျာ်းလေးတစ်ဦးဆီကနေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Image and video hosting by TinyPic
Image and video hosting by TinyPic

ဒီကိရိယာ က ကင်မရာအသေးလေးတစ်လုံးနဲ့ ပူးတွဲအလုပ်လုပ်မှာပါ။ ကင်မရာကိုတော့ ရေသန့်ဘူးထဲမှာ ထည့်ထားပါတယ်။ အဖြေပြန်လည်လက်ခံမယ့် ပစ္စည်းကိုတော့ ချိုင်းခြားမှာ ထားထားတယ် လို့ဆိုပါတယ်။
အမျိုးသား ကောလိပ်ဝင်ခွင့် စာမေးပွဲတွေဟာ တရုတ်ကျောင်းသားတွေအတွက် အလွန်အရေးကြီးပါတယ်။ သူတို့ တက်ရမဲ့တက္ကသိုလ်တွေကို ဒီစာမေးပွဲတွေက ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။
Image and video hosting by TinyPic
စာမေးပွဲကျင်းပရာ နေရာတွေမှာ ရဲတွေကိုအစောင့်ချထားပြီး အနီးအနားမှာ ဆူဆူညံ့ညံ့အသံထွက်ပါက ထွက်တဲ့လူကို ဒဏ်တပ်သွားမှာ ဖြစ်ပါတယ်။

photo>> kotaku.com
Phothutaw


ပြဿနာ ဖြစ်ပွားမှုများသော ပီနန်းဒေသများကို အဖမ်းဆီးစတင်


ပြဿနာ ဖြစ်ပွားမှုများသော ပီနန်းဒေသများကို အဖမ်းဆီးစတင်
****************************************************************

သတင်း
မလေးရှား (28.6.2014)

နိုင်ငံခြားသားများကြောင့် မှုခင်းဖြစ်ပွားသော ပီနန်းရှိ ဒေသအချို့ကို မနေ့ကစတင်ပြီး အော်ပရာစီ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း မလေးရှားသတင်းဌာနအချို့တွင် ယနေ့ ကြော်ငြာသွားခဲ့သည် ။

ပီနန်း ၊ ဘက်တာဝေါ့ (BM) နေရာ အချို့ကို အော်ပရာစီဖမ်းစီးမှုများပြုလုပ်သွားခဲ့ပြီး တစ်ရက်တည်း မြန်မာနိုင်ငံသား တရားမဝင်နေထိုင်သူ 22 ဦး နှင့် ရက်သားကလေးအပါအဝင် အင်ဒိုနီးရှားနိုင်ငံသား 5 ဦး စုစုပေါင်း 27 ဦး ကိုဖမ်းဆီးပြီးဖြစ်ကြောင်းသိရသည် ။

လွန်ခဲ့သော ရက်အနည်းငယ်အတွင် ပီနန်းတွင် မြန်မာနိုင်ငံသား 2 ဦး သတ်ခံခဲ့ရပြီး တစ်ဦး အရေးပေါ်ကုသနေရကြောင်းသိရသည်

မြန်မာနိုင်ငံမှ တာဝန်ရှိသူများ သွားရောက်စုံစမ်းသောအခါ အသတ်ခံရသူ 2 ဦးလုံး တရားမဝင်နေထိုင်သူများဖြစ်ကြောင်းသိရသည် ။ ထို လူသတ်မှုများကြောင့်ဖမ်းဆီးခံရနေရသူများတွင် ပတ်ဝန်ကျင်မှ မြန်မာတရားမဝင်အလုပ်သမား နှင့် တရားမဝင်အလုပ်သမားများကိုခန့်အပ်သော အလုပ်ရှင် ၊ မန်နေဂျာများကိုပါ ဖမ်းဆီးထားကြောင်းကိုလည်းသွားရောက်ခဲ့ သူများထံမှ သိရသည်။

ယခု Kampung Bagan Lebai Tahir ဖမ်းဆီးမှုတွင် ထိုအရပ်မှ နေထိုင်သူများ၏ တိုင်တန်းမှုများကြောင့် ဖမ်းဆီးရကြောင်း ၊ တိုင်တန်းသူများကိုလည်း ဖမ်းဆီးသူအရာရှိHasbullah က သတင်းဌာနများသို့ရှင်းပြသွားခဲ့သည် ။

အရာရှိက သံသယရှိသူ 111 ဦး ဖမ်းဆီးမိကြောင်း ၊ ထိုထဲမှ 27 ဦးသာ ဖမ်းဆီးထားကြောင်း ၊ ဖမ်းဆီးသူ အင်အား 149 ဦးဖြင့်ဖမ်းဆီးခြင်းဖြစ်ကြောင်း ၊ နံနက် 2 နာရီတွင်စတင်ဖမ်းဆီးခြင်းဖြစ်ကြောင်းသိရသည် ။ ဖမ်းဆီးမှုတွင် အချို့မှာ ပုန်းအောင်းရန်ကြိုးစားကြောင်း နှင့် ခုတင်အောက်အထိရှာဖွေဖမ်းဆီးခဲရကြောင်းကိုလည်း ENFORCEMENT အရာရှိက သတင်းဌာနသို့ပြောကြားသွားခဲ့သည် ။

.
ပီနန်း - Butterworth တွင် လွန်ခဲ့သော အပတ်က မြန်မာ 2 ဦး အား အုပ်စုဖွဲ့ ရန်ရှာ မှု့ကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်းထန် ရရှိမှု နှင့် ပြီးခဲ့သည့် ရက်ပိုင်းက KEDAH တွင် ဆိုင်ကယ်စီးနင်းလာသော မြန်မာတစ်ဦးအား ရှေ့မှ ဓားဖြင့် ရန်ပြုမှုကြောင့် လည်ပင်းပြတ်ရှဒဏ်ရာရကာ နေရတွင်ပင်သေဆုံးကြောင်း မလေးနိုင်ငံထုတ် သတင်းများတွင် ဆက်တိုက်ဖော်ပြထားသည် ။ ထိုမှုခင်းများကြောင့်လည်း မြန်မာနိုင်ငံသားများစွာအဖမ်းခံထားရကြောင်း ကို ပီနန်းရှိ မြန်မာအရေးဆောင်ရွက်နေသူများထံမှ သတင်းရရှိသည် ။

ဆက်လက် ထူးခြားဖြစ်စဉ်များ နှင့် သိသင့်သည်များရှိပါက မလေးရှားရောက်မြန်မာများ facebook မှဆက်လက်တင်ဆက်ပေးပါမည် ။

Ref : The Star , New Straight Time ,
Photo Thestar သတင်းဌာန

ဘာသာပြန် : မလေးရှားရောက်မြန်မာများ facebook
မူရင်းသတင်း - www.facebook.com/mmrinmy

မြန်မာပြည်မှ နေရာတိုင်း ၊ မြို့တိုင်းကို 3D ရုပ်ကြွ ကောင်းကင်မြင်ကွင်းနဲ့ကြည့်ရှုလိုသူတွေအတွက်


 မြန်မာပြည်မှ နေရာတိုင်း ၊ မြို့တိုင်းကို 3D ရုပ်ကြွ ကောင်းကင်မြင်ကွင်းနဲ့ကြည့်ရှုလိုသူတွေအတွက် 3D map Myanmar [Burma] v1.0 for Android ကိုတင်ပေးလိုက်ပါတယ်။ အဆောက်အဦးတွေ ၊ မြေမျက်နှာသွင်ပြင်တွေကို 3D ရုပ်လုံးရုပ်ကြွတွေနဲ့ကြည့်ရှုနိုင်မှာဖြစ်သလို 2D ရုပ်ထွက်နဲ့လည်း ပြောင်းလဲရှာဖွေကြည့်ရှုနိုင်ပါတယ်။ ဒီ app လေးမှာပါဝင်တဲ့ feature တွေကတော့
- 3D and 2D map

- 3D and 2D compass

- Navigation

- Search Points of Interest

- My location

- Go to the position according to the coordinates

- Image Search

- Themes map

- Map layers (Natural Earth, Grid, MapQuest Aerial)

- Sharing

- Waypoints

3D map Myanmar [Burma] v1.0 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
 
 
Credit : http://www.mm-mpxteam.net