6 Jul 2014

မန်းပဋိပက္ခမငြိမ်သက်မှုများနှင့် ပတ်သက်၍ ၁၆ ဦးကို ထိန်းသိမ်းထား

Photo: မန်းပဋိပက္ခမငြိမ်သက်မှုများနှင့် ပတ်သက်၍ ၁၆ ဦးကို ထိန်းသိမ်းထား
Monday, July 7, 2014

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများနှင့် ပတ် သက်၍ လူ၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ညမထွက်ရ အမိန့်မလိုက်နာသူ ၃၄၆ ဦးကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူထားကြောင်းဇူလိုင် ၆ ရက်တွင် အစိုးရကထုတ်ပြန်ကြေညာသည်။

 မန္တလေးမြို့မငြိမ်သက်မှု များအတွင်း ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ စုစုပေါင်းအမှု ၁၅ မှုရှိ ကြောင်း၊ ယင်းအမှုများအနက် လက်နက်ပုဒ်မ ၁၉ (က) နှစ်မှု၊ ရဲအက်ဥပဒေပုဒ်မ ၃၅ (ဃ) သုံးမှု၊အခြားအမှု သုံးမှုတို့နှင့် ပတ်သက်ပြီး သံသယရှိသူ ၁၆ ဦး အားဖမ်းဆီး၍ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အစိုးရ၏ထုတ်ပြန်ချက်တွင် ရေး သားထားသည်။

သို့သော်လည်း လူသတ်မှု နှစ်မှု၊ နာကျင်စေမှု သုံးမှု၊ မီးရှို့မှုတစ်ခု၊ပြစ်မှု ပုဒ်မ ၃၂၄/၁၁၄ တစ်မှုတို့၏ လက်သည်တရားခံများကို စုံစမ်းဆဲဖြစ်ကြောင်းလည်းထုတ်ပြန်ထားသည်။

လူနှစ်ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရခဲ့သည့် မန္တလေးမြို့ဖြစ်စဉ်များကြောင့် ဇူလိုင် ၃ ရက်က မန္တလေးမြို့နယ် ခြောက်မြို့နယ်၌ ည ၉နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် ပုသိမ်ကြီးမြို့နယ်တွင်ပါ ဇူလိုင် ၄ ရက်၌ပုဒ်မ ၁၄၄ ထပ်မံထုတ်ပြန်ခဲ့သည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သော်လည်း လိုက်နာမှုမရှိသည့် အောင်မြေသာစံမြို့နယ်၊ ချမ်း အေးသာစံမြို့နယ်၊ မဟာအောင် မြေမြို့နယ်၊ ချမ်းမြသာစည်မြို့ နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့မှ ၁၄၅ ဦးအားပညာပေးကာကိုယ်တိုင် ခံဝန်ချက်ဖြင့် ပြန်လည်စေလွှတ်ခဲ့ကြောင်း၊ဇူလိုင် ၄ ရက်တွင် မန္တလေးခရိုင်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ ၁၀၀ဦး၊ ဇူလိုင် ၅ ရက်တွင် ၁၀၁ ဦးတို့အား ပုဒ်မ ၁၈၈ ဖြင့်  အရေးယူဆောင်ရွက်ထားကြောင်း သတင်းထုတ်ပြန်သည်။

မန္တလေးမြို့တွင် ဆူပူလှုပ်ရှားမှုများမဖြစ်စေရန် လှည့်လည်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ညီညီဇော်)
7Day Daily

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများနှင့် ပတ် သက်၍ လူ၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ညမထွက်ရ အမိန့်မလိုက်နာသူ ၃၄၆ ဦးကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူထားကြောင်းဇူလိုင် ၆ ရက်တွင် အစိုးရကထုတ်ပြန်ကြေညာသည်။

မန္တလေးမြို့မငြိမ်သက်မှု များအတွင်း ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ စုစုပေါင်းအမှု ၁၅ မှုရှိ ကြောင်း၊ ယင်းအမှုများအနက် လက်နက်ပုဒ်မ ၁၉ (က) နှစ်မှု၊ ရဲအက်ဥပဒေပုဒ်မ ၃၅ (ဃ) သုံးမှု၊အခြားအမှု သုံးမှုတို့နှင့် ပတ်သက်ပြီး သံသယရှိသူ ၁၆ ဦး အားဖမ်းဆီး၍ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အစိုးရ၏ထုတ်ပြန်ချက်တွင် ရေး သားထားသည်။

သို့သော်လည်း လူသတ်မှု နှစ်မှု၊ နာကျင်စေမှု သုံးမှု၊ မီးရှို့မှုတစ်ခု၊ပြစ်မှု ပုဒ်မ ၃၂၄/၁၁၄ တစ်မှုတို့၏ လက်သည်တရားခံများကို စုံစမ်းဆဲဖြစ်ကြောင်းလည်းထုတ်ပြန်ထားသည်။

လူနှစ်ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရခဲ့သည့် မန္တလေးမြို့ဖြစ်စဉ်များကြောင့် ဇူလိုင် ၃ ရက်က မန္တလေးမြို့နယ် ခြောက်မြို့နယ်၌ ည ၉နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် ပုသိမ်ကြီးမြို့နယ်တွင်ပါ ဇူလိုင် ၄ ရက်၌ပုဒ်မ ၁၄၄ ထပ်မံထုတ်ပြန်ခဲ့သည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သော်လည်း လိုက်နာမှုမရှိသည့် အောင်မြေသာစံမြို့နယ်၊ ချမ်း အေးသာစံမြို့နယ်၊ မဟာအောင် မြေမြို့နယ်၊ ချမ်းမြသာစည်မြို့ နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့မှ ၁၄၅ ဦးအားပညာပေးကာကိုယ်တိုင် ခံဝန်ချက်ဖြင့် ပြန်လည်စေလွှတ်ခဲ့ကြောင်း၊ဇူလိုင် ၄ ရက်တွင် မန္တလေးခရိုင်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ ၁၀၀ဦး၊ ဇူလိုင် ၅ ရက်တွင် ၁၀၁ ဦးတို့အား ပုဒ်မ ၁၈၈ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းထုတ်ပြန်သည်။
 
7Daily

အာဂျင်တီးနားနဲ့ နယ်သာလန် ကမ္ဘာ့ဖလား ဆီးမီးဖိုင်နယ်တက်

  
ဘယ်လ်ဂျီယံကို အနိုင်ရ အောင်ပွဲခံနေကြတဲ့ အာဂျင်တီးနားကစားသမားတွေနားက ဘယ်လ်ဂျီယံကစားသမား Marouane Fellaini (ဂျူလိုင် ၅၊ ၂၀၁၄)
 
ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် နောက်ဆုံးပွဲစဉ်တွေကို စနေနေ့က ဆက်လက် ကျင်းပရာမှာ အာဂျင်တီးနားအသင်းနဲ့ နယ်သာလန်အသင်းတို့ ဆီးမီးဖိုင်နယ်ကို အသီးသီး တက်သွားကြပြီ ဖြစ်ပါတယ်။
Brasilia မြို့မှာ ကျင်းပတဲ့ ပထမပွဲစဉ်မှာ အာဂျင်တီးနားနဲ့ Belgium အသင်းတို့ ကစားကြတာမှာ အာဂျင်တီးနား တိုက်စစ်မှူး Gonzalo Higuain ပွဲစပြီး ၁၀ မိအကြာမှာ ၁ လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးလိုက်တာ ဖြစ်ပါတယ်။ အာဂျင်တီးနား တိုက်စစ်မှူး Lionel Messi က ၂ ဂိုးမရှိနဲ့ အနိုင်ရဖို့အတွက် အခွင့်သာခဲ့ပေမယ့်လည်း သူကန်တဲ့ဘောလုံးကို Belgium ဂိုးသမားက လက်စွမ်းပြပြီး ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

ပွဲစဉ်တလျှောက် နှစ်ဖက်စလုံး အကြိတ်အနယ် ကစားခဲ့ကြတာမှာ နှစ်ဖက်စလုံးက ဂိုးသွင်းခွင့်တွေ အကြိမ်ကြိမ် ရရှိခဲ့ပေမယ့်လည်း ဂိုးကံခေပြီး အာဂျင်တီးနားက ၁ ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီးမီးဖိုင်နယ်ကို တက်သွားခဲ့တာ ဖြစ်ပါတယ်။

Fonte Nova မှာ ကျင်းပတဲ့ နောက်ဆုံး ကွာတားဖိုင်နယ်ပွဲကို နယ်သာလန်နဲ့ Costa Rica အသင်းတို့ ကစားကြရာမှာ နှစ်ဖက်စလုံးက ဂိုးသွင်းခွင့် အကြိမ်ကြိမ် ရခဲ့ပေမယ့် သတ်မှတ်ချိန် မိနစ် ၉၀ ပြည့်သွားတဲ့အချိန်မှာရော၊ နောက်ပိုင်း ဆက်ကစားတဲ့ အချိန်ပို မိနစ် ၃၀ မှာရော နှစ်ဖက်စလုံးက ဂိုးမသွင်းနိုင်ဘဲ ဖြစ်နေတာပါတယ်။

ပွဲစဉ်တလျှောက် နယ်သာလန်အသင်းက ဘောလုံးရချိန် ပိုများပြီး ဖိဖိစီးစီး ကစားသွားပေမယ့် Costa Rica ဂိုးသမားရဲ့ လက်စွမ်းပြတာရော၊ နယ်သာလန်အသင်း ဂိုးကံခေတာရောကြောင့် ပင်နယ်တီ ကန်ပြီး အဆုံးအဖြတ် ပေးလိုက်ရတာ ဖြစ်ပါတယ်။ ပင်နယ်တီကန်တဲ့အခါမှာတော့ ပွဲပြီးခါနီးမှာ အစားထိုးဝင်လာတဲ့ နယ်သာလန် ဂိုးသမားက Costa Rica အသင်းဖက်က ကန်တဲ့ ပင်နယ်တီ ၂ လုံးကို ကာကွယ်ပေး လိုက်နိုင်တဲ့အတွက် နယ်သာလန်အသင်း ၄ ဂိုး၊ ၃ ဂိုးနဲ့ အနိုင်ရသွားပြီး ဆီးမီးဖိုင်နယ် တက်သွားတာ ဖြစ်ပါတယ်။

ပထမဆီးမီးဖိုင်နယ်ပွဲကို ဘရာဇီးနဲ့ ဂျာမနီအသင်းတို့ ဇူလိုင်လ ၈ ရက်၊ အင်္ဂါနေ့မှာ ကစားကြမှာဖြစ်ပြီး ဒုတိယ ဆီမီးဖိုင်နယ်ပွဲကိုတော့ နယ်သာလန်နဲ့ အာဂျင်တီးနားအသင်းတို့ ဇူလိုင်လ ၉ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ကစားကြမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)


နည်းပညာ နဲ့ ငယ်ရွယ်သော ကလေးများကြား


ကျတော်တို့ အသုံးပြုနေတဲ့ နည်းပညာရဲ့ အကျိုးဆက်ကို အနည်းငယ် တင်ပြပါရစေ။ အဓိက နုနယ်တဲ့ ကလေးတွေကြားမှာပေါ့။ ခေတ်ရဲ့ ရေစီးကြောင်းအရ ကျတော်တို့ အပါအ၀င်ကလေးသူငယ်တွေ တော်တော် များများဟာ အင်တာနက်၊ ဂိမ်း၊ စာရိုက်ခြင်း တွေကြားမှာ သူတို့လည်း ပါဝင်လာတာကို တွေ့ရပါတယ်။ ကျတော်တို့ ပြည်တွင်းကတော့ ကလေးတွေကြားမှာ
(ပတ်ဝန်းကျင်မှာ ) တွေ့နေရတာပေါ့ဗျာ..

အဓိက ဂိမ်းဆော့လို့ မျက်စိ ပြသနာပါပဲ။ ဟုတ်ပါတယ်။ ကျတော် ကိုယ်တိုင်က ငယ်ငယ်က ဂိမ်းဆိုင်မှာပဲ အနေများလို မျက်မှန် တပ်ခဲ့ရတာ အခုထိပါ။ ပုံမှန်အရွယ်ရောက် ပြီးသား လူတွေအတွက် ကတော့ ပြသနာ ကြီးကြီးမားမား မဆိုနိင်ပေမဲ့ အခုမှ ကြီးထွားဖွံ့ဖြိုးမူကို အားယူနေတဲ့
ကလေးတွေအတွက်ကတော့ စိုးရိမ်စရာပါ။ သူတို့ မိဘတွေ အတွက် ပြောပါတယ်။ အဲ ဘယ်လို ဖြစ်သလဲဆိုတော့ အဖြစ်ကဒီလိုပါ။ အဓိက က မိဘတွေရဲ့သွန်သင်မူကလည်း သိပ်ကို အရေးကြီးပါတယ်။

အိမ်မှာ တီဗီက တစ်လုံးတည်းရှိတော့ ကာတွန်းလိုင်းက မကြာခဏလာနေတဲ့ ကာတွန်းကားကိုလည်း သားတော်မောင်က အလွတ်မပေး၊ ဦးဦးတွေ၊မမေတွေကလည်း ကိုးရီးယားကား ကိုက်နေကြတာ ဆိုတော့ သားသားလေးကို ဂျီမကျအောင် ဂိမ်းစက်လေးတွေနဲ့ ချော့ရတော့တာပေါ့။ အဲဒီမှာ ကောင်လေးက ကာတွန်းကားရယ်၊ တီဗီဂိမ်းရယ် လိုင်းနှစ်လိုင်း ပူးပြီး မျက်စိက အများတကာ အလယ်မှာ ပုတ်ခတ် ပုတ်ခတ် ဖြစ်လာပါတယ်။ ဆရာဝန်ပြ ကြည့်တော့ မျက်စိ အာရုံကြော အားနည်းတာ ပါလို့ ပြောပါတယ်။ ဒါကတစ်ချက်ပါ။

ကျန်တာကတော့ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ ဖြစ်ပါတယ်။ ဂိမ်းတွေထဲ အင်တာနက်တွေထဲ စိတ်ရောက်နေတဲ့ အခါ အမေ (သို့ ) အဖေက တစ်ခုခုကို
စေခိုင်းတဲ့ အခါ ပြောတဲ့ အခါ ဂိမ်းကို သဲကြီးမည်းကြီး ဆော့နေတော့ အလေးမမူစရာတွေ နဲ့ ဖြစ်လာပြီး ကြာလာရင် မိသားစု ဆက်ဆံရေးမှာ ထိခိုက်စေပါတယ်။

နောက်တစ်ခုက စိတ်မရှည်တော့ခြင်း
ဆုံး ဖြတ်ချက်တိုင်းဟာ စိတ်ရှည်မူနဲ့အတူလာတာဖြစ်ပြီး ဘ၀ကို လျှောက်လှမ်းတဲ့နေရာမှာ သည်းခံမူက သိပ်ကို အရေးကြီးလှပါတယ်။ အထူးသဖြင့် အခုမှ ဘ၀ကို အစပျိုး သင်ယူနေတဲ့ ကလေးတွေဆီမှာပေါ့။ လေ့လာမူတွေအရ နည်းပညာကို မမှန်မကန်စွာ အသုံးပြုနေခြင်းကြောင့် ကလေးတွေမှာရှိတဲ့ သည်းခံမူဟာ လျှင်မြန်စွာ ပျောက်ကွယ် လာနေပြီးလို့ သိရပါတယ်။ ဟုတ်ပါတယ်။ ဥပမာ တစ်ခု အနေနဲ့ အင်တာနက် သုံးတဲ့ အခါ ပေ့ခ်ျတွေကို ကြည့်ဖို့ Load အချိန်ကိုကျော်ပြီး မြန်မြန်ရတာတွေ များလာတဲ့ အခါ သူတို့ရဲ့ ငယ်ရွယ်တဲ့ အသိမှာ ဒါတောင် မြန်မြန်ရသေးတာ တစ်ခြား ကိစ္စတွေက ဘာလို့ မရတာလဲလို့ မသိစိတ်မှာ စွဲသွားပါတော့တယ်။ ဒါဟာ ကြီးပြင်လာတဲ့ အခါ ပြန်ဖျက်ဖို့ ခက်တဲ့ အသိနက်နက် တစ်မျိုးပါပဲ။

နောက်ကျန်တာတွေကတော့ စာမရေးလိုတော့ခြင်းပါ။
ဒါကတော့ အွန်လိုင်း ချက်တင်၊ Shortcuts တွေဆီက နေ ပေါက်ဖွားလာတဲ့ ဆိုးကျိုးတစ်ရပ်ပါပဲ။ သူတို့ဟာ တိုးတက်လာတဲ့ ဒီဂျစ်တယ်
ကွန်မြူနစ်ကေရှင်ပေါ်မှာ မှီခိုသထက် မှီခိုလာပြီး ခက်ခဲတဲ့ စကားလုံးတွေကို မပေါင်းလို၊ မသိလိုကြတော့ပါဘူး။ ဒါအပြင် သဒ္ဒါကျကျရေးသားမူတွေကိုလည်း
ငြင်းပယ်လာကြပါတယ်။

ဒါကြောင့် နည်းပညာ တိုးတက်လာမူနဲ့ လိုအပ်လာမူရဲ့ နောက်မှာ ရှင်သန်ရင်း အသက်အရွယ်တစ်ခုရဲ့ နောက်မှာ မိဘတွေကလည်း သူတို့ကလေးတွေကို
မျက်စိနဲ့ အခြား အရာတွေ ထိခိုက်အောင် လွန်လွန်ကျွံကျွံ မသုံးစေဘဲ ဆင်ခြင်စေသင့်ကြောင်း အသိပေး ရေးသားလိုက်ရပါတယ်။

Credit : YoYarLay


ကံကောင်းခြင်း ဒဿ န



နေ့လယ် ထမင်းစား ဆင်းချိန်မှာ သားတို့ကျောင်းက ဆရာမက ကျွန်မကို ဖုန်းလှမ်း ဆက်တယ်။
" 'အံ့အံ့'တစ်ယောက် ဝရန်တာမှာ ဘောလုံးကစားရင်း ဘယ်ဘက်မျက်လုံး ဘောလုံးထိလို့ မျက်မှန်ပါ ကွဲသွားတယ်"

ကျွန်မစိုးရိမ်တကြီး ကျောင်းလိုက်သွားပြီး သွေးထွက်နေတဲ့ဘယ်မျက်လုံးကို လက်နဲ့အုပ်ထားတဲ့အံ့အံ့ကို ဆေးရုံပို့လိုက်တယ်။
ဆရာဝန်က "တော်သေးတယ်.. မှန်ကွဲစတွေက မျက်ခွံကိုပဲထိပြီး မျက်ဆံကိုမထိမိလို့။ ဒါပေမယ့် ၆ချက်ချုပ်လိုက်ရတယ်" ပြောတယ်။

အိမ်ပြန်ရောက်တော့ ဝရန်တာမှာ ဘောလုံးကစားတဲ့အံ့အံ့ကို ကျွန်မ မအောင့်နိုင်ဘဲ ဆူမိတယ်။
"ဝရန်တာမှာ ဘောလုံးမဆော့ရဘူးလို့ ဆရာမပြောထားတာ မဟုတ်လား၊ ဘာလို့ ဆရာမစကား နားမထောင်ရတာလဲ အံ့အံ့"

"သားမဆော့ဘူး မေမေ။ သားအိမ်သာအသွားမှာ 'ဂျယ်ဂျယ်' ကန်လိုက်တဲ့ ဘောလုံးကြောင့် ထိသွားတာ။ ဆရာမက သားမလိမ္မာဘူးဆိုပြီး စိတ်ဆိုးတယ် မေမေ" နောက်တစ်နေ့ ကျောင်းကို ကျွန်မလိုက်သွားပြီး ဆရာမကို အကျိုးအကြောင်း ပြောပြခဲ့တယ်။ ဂျယ်ဂျယ်ကို မျက်မှန်ဖိုး မလျှော်စေဘူးလို့ ကျွန်မပြောမှ ဂျယ်ဂျယ်ကခေါင်းငုံ့ပြီး "အဲဒီနေ့က အံ့အံ့ကျွန်တော်တို့နဲ့ ဘောလုံးမကစားခဲ့ပါဘူး" လို့ ဝန်ခံခဲ့တယ်။ အဲဒီအချိန်ကျမှ ဆရာမက "အံ့အံ့က အမြဲလိမ္မာတဲ့ ကလေးတစ်ယောက်ပါ" လို့ လေသံပြောင်းသွားခဲ့တယ်။
ညနေကျောင်းဆင်းချိန်မှာ ခါတိုင်းလိုပဲ အံ့အံ့ကို ကျွန်မသွားကြိုခဲ့တယ်။ အံ့အံ့က ဂျယ်ဂျယ်ကိုတွေ့တော့ ဝမ်းသာအားရ "see you ဂျယ်ဂျယ်" လို့ နှုတ်ဆက်လိုက်တယ်။

"ဂျယ်ဂျယ်ကြောင့် မျက်မှန်ကွဲပြီး ဒဏ်ရာရခဲ့တာတောင် သူ့ကို စိတ်မဆိုးဘူးလား အံ့အံ့" ကျွန်မ တအံ့တသြ မေးလိုက်တယ်။ "မဆိုးပါဘူး မေမေကလဲ... သူတမင်လုပ်တာမှ မဟုတ်တာ" ကလေးငယ်ရဲ့စိတ်က အညှိုးအထေးမရှိ ဖြူစင်လွန်းခဲ့တယ်။

 "ဒါပေမယ့် အံ့အံ့သွေးတွေ အများကြီးထွက်ပြီး ဆရာမကတောင် အံ့အံ့ကို မလိမ္မာဘူးလို့ အထင်လွဲသွားတယ် မဟုတ်လား။ ဒဏ်ရာကို ၆ချက်တောင် ချုပ်လိုက်ရတယ်။ ပြီးတော့ မျက်မှန်ဖိုးလည်း အလျှော်မရခဲ့ဘူး" ကျွန်မ မကျေမနပ်ဆိုတော့.....

"ကိစ္စမရှိပါဘူး မေမေ။ နောက်ဆုံးတော့ သားမဆိုးမှန်း ဆရာမသိသွားတာပဲ မဟုတ်လား။ ကံကောင်းလို့ မှန်ကွဲစတွေ မျက်လုံးထဲ မဝင်ခဲ့တာ၊ ကံကောင်းလို့ ဘောလုံးကစားတဲ့ ကျောင်းသားတွေ အပြစ်ပေးမခံရတာ" ဆိုင်ကယ်နောက်မှာထိုင်နေတဲ့ အံ့အံ့က သူ့ခေါင်းကို ကျွန်မကျောပေါ်ကပ်ပြီး...
 "မေမေ.. သိလား။ ဂျယ်ဂျယ်မှာ မေမေမရှိတော့ဘူး။ အလုပ်လက်မဲ့ သူ့ဖေဖေက ဂျယ်ဂျယ်ကို အမြဲ ရိုက်နှက်တတ်တယ်။ ကံကောင်းလို့ သူ့ကို မေမေမျက်မှန်မလျှော်ခိုင်းတာ.. သူ့ဖေဖေသာသိရင် သူအရိုက်ခံရမှာ"

ကျွန်မခါးကို အံ့အံ့တင်းတင်းလေး တိုးဖက်လိုက်ပြီး "ကံကောင်းလို့ သားမှာ သားကိုချစ်တဲ့ ဖေဖေမေမေရှိသေးတယ်။ အော်.. မေမေ မျက်မှန်ကို သားမုန့်ဖိုးထဲကနေစုပြီး ဝယ်လိုက်မယ်နော်" အိမ်ထဲကို ပျော်ပျော်ရွှင်ရွှင် ပြေးဝင်သွားတဲ့ သားကိုကြည့်ပြီး ကျွန်မ မျက်ရည်ဝဲမိတယ်။
 သားရယ်.... သားကို မေမေအားနာလိုက်တာ... သားမလိမ္မာဘူးလို့ ဆရာမ အထင်လွဲမှာကိုပဲ မေမေတွေးခဲ့မိတယ်၊ တခြားသူကြောင့် သား ဒဏ်ရာရ နာကျင်တာကိုပဲ အမေမြင်ခဲ့မိတယ်။ သားရဲ့ "ကံကောင်းလို့" ဆိုတဲ့စကားက ဘယ်အရာကို ကြင်နာခြင်း၊ သဘောထားကြီးခြင်း၊ ခွင့်လွှတ်ခြင်း၊ တန်ဖိုးထားခြင်းလို့ ခေါ်တယ်ဆိုတာ မေမေ့ကို သင်ခန်းစာ ပေးလိုက် သလိုပါပဲ။ ကျေးဇူးတင် ပါတယ် သားရယ်....


Credit : Nine Nine Sanay


ကျပ် (၆၃)သိန်း တန်ဖိုးရှိ ကတ်သမျှင်ငါးတစ်ကောင် ဖမ်းဆီးရမိ



သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်သုခရပ်ရှိ ကမ်းနီးစိန်ပိုက်လုပ်ငန်းရှင် ဦးဖေလှိုင်၏ငါးဖမ်းလှေမှ (၃-၇-၂၀၁၄)ရက်နေ့ ကျိုက္ခမီမီးပြအနီး၊ တပ်မြေမှ (၈)မိုင်ခန့်အကွာတွင်
ကမ်းနီးစိန်ပိုက် (ကက္ကူရံပိုက်) ဖြင့် တန်ဖိုးရှိကတ်သမျှင်ငါးတစ်ကောင် ဖမ်းဆီးရမိခဲ့ပါသည်။

ငါး၏အရွယ်အစားမှာအလျား(၄)ပေ၊ အနံ(၁၁)လက်မရှိပြီး အလေးချိန်မှာ(၁၇)ပိဿာ (၅၀) ကျပ်သား ရှိပြီး အဆိုပါ ငါးအား အကောင်လိုက်ရောင်းချခဲ့ရာ ကျိုက္ခမီမြို့နယ်၊ အောင်သုခရပ်ကွက်နေ ဦးခင်ဝင်းမှ တန်ဖိုး ကျပ် (၆၃)သိန်းပေး၍ ၀ယ်ယူခဲ့ကြောင်းသိရှိရပါသည်။

မွေးရေ/ကျေးလက် ၀န်ကြီးဌာန
Government Organization


မန္တလေးမြို့အခြေအနေ ပြန်လည်တည်ငြိမ်စပြု ၁၆ ဦးကို ဖမ်းဆီးထားသော်လည်း လူသတ်မှု ကျူးလွန်သူများ ဖမ်းမမိသေး


ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်း ဖက်မှုများ ဖြစ်ပေါ်နေသော မန္တလေးမြို့တွင် ဇူလိုင် ၄ ရက်ည မှစ၍ အကြမ်းဖက်မှုများ ဖြစ်ပွား မှုမရှိတော့ဘဲ ပြန်လည်တည်ငြိမ် စပြုလာပြီဖြစ်သည်။

ဇူလိုင် ၄ ရက်ညမှ စတင် ၍ ဇူလိုင် ၅ ရက် တစ်ရက်လုံး အုပ်စုဖွဲ့အကြမ်းဖက်သည့် ထူး ခြားဖြစ်စဉ်များ ဖြစ်ပွားမှုမရှိတော့ ဘဲ အခြေအနေ ပြန်လည်တည်ငြိမ်စပြုလာပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သတင်းရရှိသည်။

‘‘အခုလက်ရှိအနေအထား အတိုင်း ပြောပါမယ်။ ဒါ ကျွန် တော်တို့ ရရှိထားတဲ့ အခြေအနေ ကတော့ ထိန်းနိုင်တယ်လို့ ယူဆ လို့ရပါတယ်’’ ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောသည်။

ဇူလိုင် ၅ ရက် တစ်နေ့လုံး မန္တလေးမြို့တွင် အေးအေးချမ်း ချမ်းရှိနေပြီး ဈေးများ၊ ကျောင်း များ ပုံမှန်အတိုင်း ဖွင့်လှစ်ထား ကြောင်း၊ အုပ်စုဖွဲ့အကြမ်းဖက်မှု များ ဖြစ်ပွားခဲ့သော မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အနောက် ခြမ်းရှိ နေရာများနှင့် ဈေးချိုတော် အနီးတစ်ဝိုက်တွင်လည်း အစ္စ လာမ်ဘာသာဝင်များ၏ ဈေးဆိုင် အချို့မှလွဲ၍ ပုံမှန်အတိုင်းသွား လာလှုပ်ရှားမှုများ ရှိနေသည်ဟု မြို့ခံများက ပြောသည်။

‘‘ဈေးပိတ်လိုက်ရတဲ့အထိ မဖြစ်ပေမယ့် လူက တော်တော် ကျဲသွားတယ်။ နယ်တွေကလည်း ကောလာဟလတွေကြောင့် မ လာကြဘူး။ အရင်ကတည်းက အရောင်းအဝယ်အေးနေတာ။ အ ခုလို ဖြစ်လိုက်တော့ ပိုဆိုးသွား တယ်။ ဈေးချိုတော်ကတော့ အစ ကနေ ပြန်စရမယ့် အခြေအနေရှိ တယ်’’ဟု မန္တလေးဈေးချိုတော်မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြော သည်။

အနည်းငယ်တည်ငြိမ်မှု ရှိ လာပြီဆိုသော်လည်း အစ္စလာမ် ဘာသာဝင်အများစုမှာ စိုးရိမ်နေ ဆဲဖြစ်ပြီး အချို့မှာ ပြင်ဦးလွင်မြို့ အပါအဝင် နီးစပ်ရာမြို့များသို့ သွားရောက်နေထိုင်မှုများ ရှိနေ သည်ဟု သတင်းရရှိသည်။

မန္တလေးမြို့အနှံ့တွင် ရဲတပ် ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက် နေပြီး ဇူလိုင် ၃ ရက်မှစတင်ကာ မန္တလေးမြို့တွင် ည ၉ နာရီမှ နံ နက် ၅ နာရီအတွင်း ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သည်။

ရက်အကန့်အသတ်မရှိ ပုဒ်မ၁၄၄ ထုတ်ပြန်ထားသော်လည်း မြို့၏ တည်ငြိမ်အေးချမ်းမှုအပေါ် မူတည်သုံးသပ်ကာ ပြန်လည်ရုပ် သိမ်းပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် မန္တလေးပဋိပက္ခနှင့် ပတ်သက်၍ ၁၆ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က ပြောကြားသည်။

 သို့သော်လည်း အုပ်စုဖွဲ့ လူသတ်မှုကျူးလွန်ခဲ့သူများကိုမူ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။

‘‘လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး’’ ဟု ဝန်ကြီးချုပ်ကပြောပြီး အုပ်စု ဖွဲ့ လူသတ်မှုကျူးလွန်သူများအား ဖြစ်နိုင်ခြေ အနေအထား၊ ဆက် စပ်သတင်းများအပေါ် အခြေခံပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ကြိုးစား ဆဲဖြစ်သည်ဟု ပြောသည်။ အုပ်စု ဖွဲ့သတ်ဖြတ်ခံရသူ ကိုထွန်းထွန်း နှင့်အတူ ဆိုင်ကယ်အတူစီးပြီး အ သက်ဘေးမှ လွတ်မြောက်ခဲ့သည့် ကိုထွေး (ခ) ကိုသိန်းနိုင်ထွေး မျက်မြင်သက်သေရှိသော်လည်း အ ခင်းဖြစ်ပွားပြီး သုံးရက်ကြာသည့် တိုင် တရားခံမဖော်ထုတ်နိုင်သေး ဟုဆိုသည်။

မန္တလေးအဓိကရုဏ်းဖြစ်စဉ် များအပေါ် အစိုးရအဖွဲ့၏ ကိုင် တွယ်မှုနှင့် အရေးယူမှုတွင် အားနည်းချက်များစွာ ရှိနေသည် ဟု မြို့ခံအချို့က ဝေဖန်သည်။ အုပ်စုဖွဲ့ အကြမ်းဖက်သူများကို ထိ ထိရောက်ရောက် ဖမ်းဆီးအရေး ယူစေလိုကြပြီး ထိုသို့လုပ်ဆောင် မှသာ နောင်တွင် အုပ်စုဖွဲ့အ ကြမ်းဖက်မှုများ ရှောင်ကြဉ်ပြီးမြို့တည်ငြိမ်မည်ဟု မြို့ခံများက ပြောသည်။

7day daily


ကမ္ဘာ့အဆင်းရဲဆုံးစာရင်းတွင် မြန်မာအဆင့် ၁၂ ၌ ရပ်တည်


ကမ္ဘာ့ဘဏ်က နောက် ဆုံးထုတ်ပြန်သည့် နိုင်ငံပေါင်း နှစ်ရာကျော်ပါဝင်သော ကမ္ဘာ့အ ချမ်းသာဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက အောက်ဆုံး ၁၂ နိုင်ငံ၌ ပါဝင်ရပ်တည်နေကြောင်း သတင်းရရှိသည်။

နိုင်ငံပေါင်း ၂၁၅ နိုင်ငံ ပါဝင်သောစာရင်းတွင် မြန်မာနိုင်ငံ က အောက်ခြေမှစ၍ ရေတွက် လျှင် အဆင့် ၁၂ နေရာ၌ ရပ် တည်နေခြင်းဖြစ်ပြီး ဒေသတွင်း အာဆီယံနိုင်ငံများတွင် အောက် ဆုံးရောက်ရှိနေကြောင်း အဆိုပါ စာရင်း၌ ဖော်ပြသည်။

ကမ္ဘာ့ဘဏ်က တစ်နိုင်ငံ လုံး၏ အသားတင်ထုတ်လုပ်မှု နှင့် ၀န်ဆောင်မှုတန်ဖိုးကို နိုင်ငံ့လူဦးရေနှင့် အချိုးကျ တွက်ချက်သောနည်း (GDP per ca-pital) ဖြင့် တွက်ချက်ထားသည့် စာရင်း၌ ဒေသတွင်း ဒုတိယ အဆင်းရဲဆုံးဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံကြားတွင် အဆင့်ငါးဆယ်ကွာခြားနေပြီး အီသီယိုးပီးယား၊ ကျူးဘား၊ မြောက်ကိုရီးယား၊ ဆိုမာလီယာ စသည့်နိုင်ငံတို့က မြန်မာနိုင်ငံ အထက်တွင် ရပ်တည်နေသည်။

‘‘အစိုးရသစ်လက်ထက်မှာ လည်း ဘာမှပြောင်းလဲ မလာဘူး။ အားမနာတမ်းပြောရရင် ပိုဆိုး လာသလိုပဲ။ လှိုင်သာယာလို နေ ရာမျိုးသွားကြည့်ရင် အလုပ်သ မားတွေ အလုပ်ရဖို့ ထိုင်စောင့်နေ ကြတယ်။ နေ့စားအလုပ်သမား တွေ အရမ်းပိုများလာတယ်။ အဲ ဒါကောင်းတဲ့ လက္ခဏာမဟုတ် ဘူး။ အဓိက အချက်ကတော့ ပညာရေးနိမ့်ကျသွားတဲ့အတွက် တိုင်းပြည်နိမ့်ကျသွားတာပါပဲ’’ ဟု စီးပွားရေးအကြံပေးပညာရှင် ဦးရဲမြင့် (စွန့်ဦးတီထွင်) က ပြောကြားသည်။

ကမ္ဘာ့စီးပွားရေးလေ့လာဆန်းစစ်ချက်အရ မြန်မာနိုင်ငံ၏ နှစ် စဉ် GDP သည် ၂၀၁၀ပြည့်နှစ်မှစ၍ မြင့်တက်လာခဲ့သော်လည်း ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ တိုးတက်ကြီးထွားမှု အတက်၊ အကျမရှိ ပုံမှန်အတိုင်းဖြစ်တည်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

သမ္မတဦးသိန်းစိန်၏ စီးပွား ရေးနှင့် လူမှုရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးမြင့်က မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်အထိ ၀င်ငွေနိမ့်ကျသော နိုင်ငံများစာရင်းတွင် ပါဝင်နေဦးမည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာက မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသော ဆွေးနွေးပွဲ၌ ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံသား များ၏ တစ်ဦးချင်း အသားတင် ထုတ်လုပ်နိုင်မှုသည် အိမ်နီးချင်း နိုင်ငံများထက် နိမ့်ကျနေသကဲ့သို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ တွင်လည်း အိမ်နီးချင်းနိုင်ငံများ ထက် လျော့ကျနေသည်။

ကမ္ဘာ့ဘဏ်၏ ကမ္ဘာ့အချမ်း သာဆုံး ထိပ်တန်းနိုင်ငံများနေရာ တွင် လူဇင်ဘတ်၊ နော်ဝေး၊ ကာတာ၊ မကာအို၊ ဆွစ်ဇာလန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ ဆွီဒင်၊ စင်ကာပူ၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က အစဉ်အတိုင်း ရပ်တည်နေသည်။

7day daily


ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များနှင့် နိုင်ငံတော်သမ္မတ ပထမဆုံးအကြိမ် တွေ့ဆုံမည်


သမ္မတသက်တမ်း သုံး နှစ်ကျော်အတွင်း ရုပ်ရှင်၊ ဂီတ၊ သဘင်၊ အနုပညာနယ်ပယ်အသီးသီးမှ အနုပညာရှင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သမ္မတဦးသိန်းစိန်သည် ဇူ လိုင် ၁၂ ရက်တွင် အနုပညာရှင် များနှင့် တွေ့ဆုံမည်ဖြစ်သည်။

လွန်ခဲ့သည့် ခြောက်လခန့် ကတည်းက အနုပညာအသိုင်း အ၀ိုင်းက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခွင့် တောင်းထားသော် လည်း မည်သို့မျှ အကြောင်းမ ပြန်ခဲ့ပေ။ ယခုအမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်ပါတီ ဦးဆောင် လှုပ်ရှားနေသည့် ပုဒ်မ ၄၃၆ လက်မှတ်ရေးထိုးမှုများ အရှိန်မြင့်လာ ချိန်တွင်မှ သမ္မတက တွေ့ဆုံရန် အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်ဟု သရုပ်ဆောင်ဇာဂနာက ဆို သည်။

 ‘‘ဒီမနက်မှာ  သမ္မတက နောက်အပတ် စနေနေ့ (ဇူလိုင် ၁၂)မှာ တွေ့ခွင့်ပြုမယ်လို့ ပြော ပါတယ်။ ကိုလူမင်းတို့ဆို သုံးလပိုင်းကတည်းက စာတင်ထားတာ။ တွေ့မယ့်တွေ့တော့ ရုပ်ရှင်တစ် ခုတည်း မဟုတ်ဘဲ ဂီတနဲ့ သဘင်ကိုပါ တွေ့ဖို့စီစဉ်လိုက်တာ။ သမ္မတတက်လာပြီးတည်းက အနုပညာသမားတွေဟာ အခက်အခဲတွေ၊ ပြောချင်တာတွေတစ် ခုမှ တွေ့ပြီး ပြောခွင့်မရသေးဘူး။ အခု ၄၃၆ ကိစ္စကလည်း ရှိနေတော့ကဲ . . . မင်းတို့ဘာရင်ဖွင့်ကြမလဲ ဆိုပြီး သူ့ဘက်ဆွဲခေါ်ချင်လို့ တွေ့ ခွင့်ပေးတာလို့ ကျွန်တော်ထင် တယ်’’ဟု ဇာဂနာကပြောသည်။

 ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းနှင့် မြန်မာ့ငြိမ်း ချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) နှစ်နေရာအနက် အဆင်ပြေသည့် နေရာတွင် တွေ့ ဆုံမည်ဖြစ်ကြောင်း သိရသည်။

အစိုးရသစ် လက်ထက်အ တွင်း ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပ ညာရှင်များသည် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်နှင့် ၎င်း၏ အိမ်ခြံဝင်းအတွင်း နှစ်ကြိမ်ခန့် တွေ့ဆုံခဲ့သည်။ ထို့အပြင် ဒေါ် အောင်ဆန်းစုကြည်ဆန္ဒရှိသည့် ပညာရေး၊ ကျန်းမာရေးရန်ပုံငွေ ဖျော်ဖြေပွဲများတွင် အနုပညာရှင် များက၀န်းရံခဲ့သည်။

အထူးသဖြင့် ပုဒ်မ ၄၃၆ ပြင် ဆင်ရေး လက်မှတ်ရေးထိုးလှုပ် ရှားမှုတွင် အနုပညာရှင်များ ပါဝင်လက်မှတ်ရေးထိုးသည့် ပုံရိပ်များ အွန်လိုင်း စာမျက်နှာများ တွင် နေရာယူခဲ့ပြီး လက်မှတ်ရေး ထိုးသူပေါင်း သုံးသန်းကျော်ရရှိ ထားသည်ဟု NLD က ထုတ်ပြန် လိုက်ပြီးနောက် ယခုကဲ့သို့ သမ္မတဦးသိန်းစိန်က ရန်ကုန်တွင် အနုပညာရှင်များနှင့်တွေ့ဆုံရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

7day daily


သင့်ရဲ့လက်ကိုင်ဖုန်းကြောင့် သင်တို့ရဲ့ချစ်သူဘဝ အနှောင့်အယှက်ဖြစ်နိုင်တဲ့ အရာများ

 
လက်ကိုင်ဖုန်းကျေးဇူးကြောင့် ချစ်သူဘဝကို ရောက်သွားပေမယ့် အမှားအယွင်းတစ်ခုခုကြောင့် အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြထားတဲ့ အချက်တွေကနေ သင်ယူပြီးတော့ သင့်လက်ကိုင်ဖုန်းကို တရားခံမဖြစ်သွားအောင် ကြိုတင်သတိထားနိုင်ပါတယ်။

သူ့ရဲ့ Like ကို သေချာဆန်းစစ်ပါ။

ကိုယ်တင်ထားတဲ့ပုံ၊ စာတိုဖြစ်ဖြစ်ပေါ့ သူက Like လုပ်ပေးတိုင်း သူက အကုန်လုံးကို သဘောကျနေတယ်လို့ အဓိပ္ပာယ်ဖွင့်လို့မရပါဘူး။ ဒီလိုပြောလိုက်လို့ နည်းနည်းတော့ အောက်သွားလိမ့်မယ်။ သူပျော်နေလို့လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် သင့်ရဲ့တချို့ပုံတွေ သူတကယ်သဘောကျနေတာတွေလည်း ရှိပါတယ်ဆိုတာ သတိရစေချင်ပါတယ်။

ခံစားချက်ကို ကိုယ်စားပြုတဲ့ သင်္ကေတလေးတွေကို အရမ်းအသုံးပြုခြင်း။

မိန်းကလေးတွေကတော့ သုံးရတာနှစ်သက်ပေမယ့် ယောင်္ကျားလေးတွေကတော့ သိပ်သဘောမကျတတ်ကြပါဘူး။ သင် လိုတာထက်ပိုသုံးတယ်ဆိုရင်တော့ တစ်ဖက်လူက ဒါမရင့်ကျက်တဲ့အပြုအမူ ဒါမှမဟုတ် သင်ချစ်စရာကောင်းအောင် တော်တော်ကြိုးစားနေတဲ့ပုံပဲ ဆိုပြီးတော့ ယူဆသွားနိုင်ပါတယ်။ တခါတလေတော့သုံးပါ…. အလွန်အကျွံမသုံးမိပါစေနဲ့ပေါ့။

မသေချာမစစ်ပဲ စာပို့လိုက်တာမျိုး။

သင်အလျင်လိုနေတဲ့အချိန်မျိုးမှာဆိုရင် ပထမစာလုံးတူတဲ့ နာမည်တွေဆီကို  စာမှားပြီးပို့နိုင်ပါတယ်။ ပို့မိရင်တော့ ရှက်စရာကောင်းပါတယ်။ ဒါကြောင့် စာမပို့ခင်မှာ ဘယ်သူ့ဆီပို့နေလဲ ဘယ်လိုစာမျိုးလဲဆိုတာ သေချာစစ်ဆေးပြီးမှ ပို့ပါ။

ကိုယ့်အတွင်းကိစ္စနဲ့ပတ်သတ်ရင် စည်းကမ်းရှိပါ။

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ သင့်ရဲ့ဟာသရိုက်ထားတဲ့ပုံတွေကို သူ့သူငယ်ချင်း တစ်ယောက်ယောက်ကို သူပြကောင်းပြနိုင်ပါတယ်။ ဒါကြောင့် သူနဲ့ပတ်သတ်တဲ့ သူငယ်ချင်းတွေကြား မပျံ့စေချင်တဲ့ အကြောင်းတွေရှိရင် သူ့ကို မပို့ပါနဲ့။

SMS နဲ့ပဲစကားပြောခြင်း။

စာလေးတွေနဲ့ ချစ်စကားဖလှယ်ရတာလည်း ရင်ခုန်ဖို့ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီစာလုံးတွေဟာ လူချင်းချိန်းတွေ့ဖို့ အစီအစဉ်ချပေးတဲ့ စာတိုလေးတွေဆိုတာကို သတိရစေချင်ပါတယ်။ ဆိုလိုချင်တာကတော့ သင်တို့ချိန်းတွေ့တဲ့အချိန်မှာ စာမှာသုံးတဲ့စကားလုံးနဲ့ အပြင်မှာ ပြောတဲ့စကားလုံး ကွာခြားနေတာမျိုးပေါ့။ လူတစ်ယောက် အတွင်းနဲ့အပြင် ကွာခြားလွန်းတာကလည်း မကောင်းပါဘူး။

အားရပါးရ ဖုန်းကို Scroll လုပ်တယ်ဆိုရင်…

Touch-screen ဖုန်းတွေမှာဆို အဖြစ်များပါတယ်။ အောက်ကစာတွေကို ဖတ်ချင်လို့ အပေါ်ကို ဆွဲတင်နေတုန်း လက်လွန်သွားပြီး Like သွားနှိပ်မိတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖုန်းအထိအတွေ့မှာ သတိထားပါ။

ပုံတွေတင်တဲ့အခါမှာ

ကိုယ့်ချစ်သူ သဝန်တိုသွားအောင် ဆိုပြီးတော့ အပြင်မှာရိုက်ထားတဲ့ပုံတွေကို တင်တာမျိုးမလုပ်သင့်ပါဘူး။ သူတကယ်လို့ စိတ်တိုသွားပြီး ပြဿနာဖြစ်လာမှ ဒုက္ခရောက်သွားနိုင်ပါတယ်။

ကိုယ့်အလှအပကိုအလေးပေးပြီးရိုက်ထားတဲ့ပုံများနေရင်….

ကိုယ့်ကိုယ်ကို သဘောကျတာက ကောင်းပါတယ်… ဒါပေမယ့် ကိုယ့်အလှအပကို အလေးပေးပြီး ရိုက်ထားတဲ့ ချစ်စရာပုံတွေ အင်တာနက်ပေါ် Post တာများနေတာမျိုးက မကောင်းပါဘူး (အထူးသဖြင့် ကောင်းလေးတွေကို စိတ်ပျက်လွယ်စေပါတယ်)။ အလှရိုက်ထားတဲ့ပုံတွေ Post လုပ်တာကို ခဏရပ်ထားပြီးတော့ အခြား သူငယ်ချင်းတွေနဲ့ အပျော်ရိုက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ပုံတွေကို တင်လိုက်ပါ။

သင်တို့ရန်ဖြစ်နေတဲ့အကြောင်း အားလုံးသိအောင် ဖြန့်ချလိုက်ပြီဆိုရင်…

သင့်ချစ်သူအပေါ် စိတ်ဆိုးတယ်ဆိုရင် အွန်လိုင်းပေါ် Post လုပ်ပြီး ပေါက်ကွဲတာမျိုး မလုပ်ပါနဲ့။ သင်တို့ ရန်ဖြစ်ရခြင်း အသေးစိတ်အကြောင်းကို တစ်ကမ္ဘာလုံး အသိပေးချင်တယ်ဆိုရင်တော့ ဒီနည်းကတော့ အကောင်းဆုံးပေါ့။

Ref:seventeen.com

Trend Myanmar


Viber မှ တစ်ဆင့် ချစ်ကြိုက်နေသည့် အမျိုးသမီးအား သတ်ပြီး လက်ဝတ်ရတနာများ ယူဆောင်ထွက်ပြေးနေသူကို ဘိုကလေးမြို့နယ်တွင် ဖမ်းဆီးရမိ


ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာဒုံမြို့နယ်တွင်ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့်  Viber
မှတစ်ဆင့် ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့်  ရွှေထည်များ
ယူဆောင်ထွက်ပြေးခဲ့သည့်အမှု မှ ကျူးလွန်သူအား ဇူလိုင် ၂ ရက်က ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

မင်္ဂလာဒုံမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းမြင့်က “ပြစ်မှုကျူးလွန်တဲ့သူက ဇာနည်ဆိုတဲ့သူ ဖြစ်ပါတယ်။ အောင်မိုးဇော်ဆိုတဲ့သူကတော့  ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ဖုန်းအမည်ပေါက်ပိုင်ရှင်ဖြစ်နေတော့ သူက ငါဒီလိုပြဿနာတက်ပြီ။ မင်းပါလိုက်ခဲ့မှ ရမယ်ဆိုပြီး အတူတူထွက်ပြေးသွားကြတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “သူတို့ပုန်းနေတဲ့နေရာက ရဲတွေအလှမ်းဝေးတဲ့နေရာ ဖြစ်တယ်။ သူတို့ဆီကနေ သက်သေခံပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အခုလက်ရှိ မင်္ဂလာဒုံရဲစခန်းမှာပဲ ချုပ်ထားပါတယ်” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ညနေ ၃ နာရီ ခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ် ဈေးရပ်ကွက် မင်္ဂလာဒုံဥယျာဉ်ပန်းခြံအတွင်းရှိ ဝါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးလူသေလောင်း တစ်လောင်း တွေ့ရှိခဲ့သည်။

သေဆုံးသူမှာ ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

သက်ဆိုင်ရာကစုံစမ်းရာ သေဆုံးသူမှာ  မင်္ဂလာဒုံမြို့နယ်ကနေ ရန်ကုန်မြို့ထဲ ဈေးကြီးများမှ အဝတ်အထည်များဝယ်ယူကာ တစ်ဆင့်ရောင်းချနေသော မ.......(၃၂)နှစ် ဖြစ်ကြောင်းနှင့် ဇွန် ၉ ရက် နံနက်ပိုင်းတွင်လည်း အဝတ်ဝယ်မည်ဆိုကာ နေအိမ်မှ ထွက်သွားခြင်းဖြစ်ပြီး အသတ်ခံရသည့်အမျိုးသမီးနှင့် ပြစ်မှုကျူးလွန်သူ ဇာနည်ဆိုသူတို့ မှာ Viber တွင် တွေ့ဆုံချစ်ကြိုက်ခဲ့ခြင်းဖြစ်ပြီး အသတ်ခံရကာ ပစ္စည်းများ လုယက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

အဆိုပါအမှုကို မင်္ဂလာဒုံမြို့မရဲစခန်းက (ပ)၂၅၈/ ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Eleven Media Group