1 Aug 2014

တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများ ပြန်လည်ရောင်းချမှုများရှိနေ


တည်ဆောက်ဆဲဖြစ်သော ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်ဗထူးလမ်းမပေါ်တွင်တည်ရှိသော တန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ဇူလိုင်လ ၂၉ ရက်နေ့က မြင်တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်တည်ဆောက်ဆဲဖြစ်သော ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်ဗထူးလမ်းမပေါ်တွင်တည်ရှိသော တန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ဇူလိုင်လ ၂၉ ရက်နေ့က မြင်တွေ့ရစဉ်။ ဓာတ်ပုံ – အောင်ဌေးလှိုင်


အခြေခံလူတန်းစားများနှင့် လူလတ်တန်းစား များ တိုက်ခန်းပိုင်ဆိုင်နိုင်ရန်ရည်ရွယ်ကာ ဆောက်
လုပ်လာခဲ့သော တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများမှာ ဈေးကွက်အတွင်း ပြန်လည် ရောင်းချမှုများ
ရှိနေကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များကပြောသည်။


“တန်ဖိုးမျှတတိုက်ခန်းတွေကို ဈေးကွက်ထဲမှာ ပြန်ရောင်းချလာတာ တွေ့လာရပါ တယ်။ ဥပမာ
- မုဒိတာတန်ဖိုးနည်းအိမ်ရာတွေဆောက်တုန်းက တိုက်ခန်းတစ်ခန်းကို ကျပ် သိန်း ၂၀၀ နဲ့ ဈေး
စဖွင့်လိုက်တယ်။ တစ်နှစ်အတွင်းမှာ ၃၀၀ ကနေ ၃၅၀၊ နောက်ပိုင်း ၅၀၀ အထိ ဈေးတွေဖြစ်ကုန်
တယ်”ဟု ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မှ ဦးခင်မောင်အေးက မြန်မာတိုင်း(မ်)ကို
ပြောသည်။


“တင်းတင်းကျပ်ကျပ် မထိန်းချုပ်ရင် မဆလခေတ်က ဆန်တို့၊ နို့ဆီတို့ ဝေသလိုပုံစံ မျိုး ပြန်ဖြစ်
သွားမှာပါပဲ။ တကယ်လိုအပ်နေတဲ့လူတွေ အများကြီးရှိတဲ့အတွက် လိုအပ်နေတဲ့ လူတွေ လက်
ထဲရောက်အောင် လက်ရောက် ပေးပြီး ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် ထိန်းချုပ် မှ အဆင်ပြေမှာပါ”
ဟု ၎င်းကပြောသည်။


တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများ ထပ်ဆင့်ပြန်လည်ရောင်းချမှုများသည် အဆို ပါ အိမ်ရာများ၏
မူလရည်ရွယ်ချက် ကို ပျက်ပြားစေသကဲ့သို့ မလိုလားအပ် သည့် ဈေးနှုန်းမတည်ငြိမ်မှုများလည်း
ဖြစ်ပွားစေနိုင်ကြောင်း ၎င်းကသုံးသပ်သည်။


မြောက်ဒဂုံမြို့နယ်အခြေစိုက် ဂလက်ဆီ အိမ်ခြံမြေအကျိုးဆောင် တာဝန်ရှိသူတစ်ဦး က အဆိုပါ
မြို့နယ်အတွင်းရှိ တန်ဖိုးမျှတ အိမ်ရာများဖြစ်ကြသော ဗိုလ်မင်းရောင်နှင့် ဗိုလ်ဗထူးအိမ်ရာများရှိ
တိုက်ခန်းများကို ၀ယ်လိုသူ အများအပြားရှိနေသော်လည်း ရောင်းသူနည်းပါးနေကြောင်း ပြော
သည်။


“တန်ဖိုးမျှတအိမ်ရာက ၀ယ်ချင်သူက များနေပေမယ့် ရောင်းသူက ရာခိုင်နှုန်းနည်း တယ်။
အရောင်းအ၀ယ် မရှိတာတော့ မဟုတ် ဘူး။ ရှိနေပါတယ်။ ဗိုလ်မင်းရောင်အိမ်ရာ ကိုတော့
လူကြိုက်ပိုများတယ်”ဟု ၎င်းက ပြောသည်။ ဗိုလ်မင်းရောင်အိမ်ရာသည် စင်ကာပူရှိအိမ်ရာများ
ပုံစံအတိုင်း ဆောက်လုပ်မည် ဖြစ်သဖြင့် အခြေခံအဆောက်အအုံ နည်း စနစ်များ ကောင်းမွန်နိုင်
သောကြောင့် လူကြိုက်များခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။


“မဲပေါက်ထားတဲ့လူတွေ ပြန်ရောင်းကြတယ်ဆိုတာက အကြောင်းရင်း အမျိုးမျိုးနဲ့ ပါ။ မဲပေါက်ပြီး
မှ မလိုချင်တော့တာ၊ ငွေကြေး မတတ်နိုင်တော့တာ၊ အစရှိသဖြင့် အကြောင်းရင်းအမျိုးမျိုးကြောင့်
ပါ။ လက်ရှိအချိန် အထိ စီးပွားဖြစ်ရောင်းနေတာမျိုးမဟုတ်ဘဲ ကိုယ်ရေးကိုယ်တာအခက်အခဲရှိလို့
ခင်မင်သူ အချင်းချင်း ပြန်ရောင်းချနေကြတဲ့ အနေ အထားမျိုးပဲ ရှိပါသေးတယ်” ဟု ၎င်းက
ပြောသည်။


“လောလောဆယ် အပြင်မှာကတော့ မူလ ပေါက်ဈေးထက် အနည်းဆုံး သိန်း ၅၀ အလိုက် ပေးပြီး
ဝယ်နေကြတယ်” ဟု ၎င်းကပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တိုက်ခန်းလျှောက်လွှာများ ခေါ်ယူရာတွင် လျှောက်ထားသူနှင့် လျှောက်လွှာတွင် ဖော်ပြထားသော
ပိုင်ဆိုင်ခွင့်ရှိသူ သို့မဟုတ် ၎င်း၏ မိသားစုဝင်များသည် အခြား အိမ်ခန်း၊ မြေနှင့် အရစ်ကျ ၀ယ်ယူ
မှုများကို လျှောက်လွှာမတင်မီ လ ၃၀ အတွင်းသော်လည်းကောင်း၊ လျှောက်လွှာတင်ပြီး ၀ယ်ယူ
ခွင့်ရရှိပြီးချိန်နှင့် အခန်းတန်ဖိုး အကျေအလည် ပေးဆောင်ပြီးချိန်တွင် သော်လည်းကောင်း ၀ယ်
ယူခြင်း၊ ပိုင်ဆိုင်ခြင်း မပြုလုပ် ရန် တားမြစ်ထားသည်။ ၎င်းပြင် အိမ်ခန်းကို ငါးနှစ်အတွင်း လွှဲပြောင်း
ရောင်းချ ခြင်း မပြုလုပ်ရန်နှင့် သတ်မှတ်ချိန် ကျော်လွန်၍ ပြုလုပ်လိုပါက ရန်ကုန် မြို့တော်စည်
ပင်သာယာရေး ကော်မတီသို့ တင်ပြလျှောက်ထားပြီး ခွင့်ပြုချက်ရရှိမှသာ လွှဲပြောင်းရောင်းချခွင့်
ရှိကြောင်း သတ်မှတ်ထားပြီးဖြစ်သည်။


ထိုသို့ သတ်မှတ်ရခြင်းမှာ ဈေးကစားရန် ၀ယ်ယူမှုများကြောင့် အိမ်ရာဈေးနှုန်းများ မြင့်မားလာခြင်း
မှ ကာကွယ်ရန်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် အိမ်ခန်းလျှောက်ထားမည့်သူနှင့်
မိသားစုတွင် အဓိကပါဝင်သူများသာ အမှန်တကယ်နေထိုင်ရမည်ဖြစ်ပြီး အငှားချထား ခြင်းမပြု
လုပ်ရဟုလည်း စည်းကမ်း သတ် မှတ်ချက်တွင် ဖော်ပြပါရှိပြီးဖြစ်သည်။


သို့သော် စည်းကမ်းချက်နှင့် သွေဖည်ကာ ရောင်းချနေမှုများအတွက် ထိရောက်သည့် အရေးယူ
မှုမျိုးကို မတွေ့ရှိရပေ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာန
တာဝန်ရှိသူတစ်ဦးက အဆိုပါ လွှဲပြောင်းရောင်းဝယ် မှုများကို အရေးယူသွားမည်မဟုတ်သော်
လည်း မိမိတို့သဘောအလျောက် လွှဲပြောင်းရောင်းချမှုများတွင် ပိုင်ရှင်အမည်ပေါက်လွှဲပြောင်း
ပေးမည်မဟုတ်ကြောင်း ပြောသည်။


“အဲဒီလိုမျိုးတွေ ဖြစ်မှာစိုးလို့ အစ ကတည်းက စည်းကမ်းချက်မှာ ငါးနှစ်အတွင်း လွှဲပြောင်းရောင်း
ချခြင်း မပြုရဘူးလို့ ထည့် ထားတာ။ ရောင်းတာ မရောင်းတာက သူတို့ သဘောပါပဲ။ ဒါကို စည်
ပင်က ကြားဝင် ကြပ်မတ်စရာမလိုပါဘူး။ စည်းကမ်းချက်မှာ တော့ အကုန်ပြောထားပြီးသားဖြစ်
တဲ့ အတွက် ကျွန်တော်တို့ကတော့ နာမည် ပြောင်းပေးမှာမဟုတ်ပါဘူး”ဟု အဆိုပါ တာဝန်ရှိသူ
က ပြောသည်။


သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကမူ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းတစ်ခန်း
မဲပေါက်ထားသော်လည်း မိသားစုအခြေအနေအရ အရစ်ကျ ပေးသွင်း နိုင်ခြေမရှိသောကြောင့်
ပြန်လည်ရောင်းလိုခြင်းဖြစ်ကြောင်း ပြောသည်။ “ပထမအရစ်တင် သိန်း ၇၀ ကျော်လောက် သွင်း
ရမယ်။ အစကတော့ ကိုယ်ပိုင်တိုက်ခန်း လေး တစ်ခန်းပိုင်ချင်တဲ့ရည်မှန်းချက်နဲ့ လျှောက်လိုက်တာ။


တကယ်လည်း ရပြီး အရစ် ကျနဲ့သွင်းရတော့မယ်ဆိုတော့ ကိုယ့်ဝင်ငွေနဲ့ တစ်လကို သိန်း ၇၀
ရေရှည်မသွင်းနိုင် လောက်ဘူးဆိုတာ သဘောပေါက်လာတယ်။ အဲဒါကြောင့် ပြန်ရောင်းဖို့စဉ်းစား
ရတာ” ဟု ၎င်းကပြောသည်။ လက်ရှိ ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်အိမ်ရာများ၏ အခန်းဈေးနှုန်းများ
မှာ အနည်းဆုံး ၅၆၅ စတုရန်းပေ တစ်ခန်းအတွက် ကျပ်သိန်း ၂၃၀ ၀န်းကျင်ဖြစ်ပြီး အများဆုံး
၉၂၇ စတုရန်းပေတစ်ခန်းအတွက် ကျပ် ၃၄၇ သိန်းဝန်းကျင် ရှိသည်။ အခန်းများကို အရစ်ကျ
ဝယ်ယူမှု နှင့် ဘဏ်ချေးငွေဖြင့်ဝယ်ယူမှု နည်းလမ်း နှစ်မျိုးမှ တစ်မျိုးမျိုးဖြင့် ၀ယ်ယူခွင့်ရှိသည်။


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တည်ဆောက်လျက်ရှိသော တန်ဖိုးမျှတအိမ်
ရာစီမံကိန်းလေးခုရှိပြီး ဗိုလ်ဗထူးအိမ်ရာမှာ အရင်ပြီးစီးမည်ဖြစ်ကာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်
က ဗိုလ်မင်းရောင်အိမ်ရာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်က ဧရာဝဏ်အိမ်ရာနှင့် ဒဂုံမြို့သစ်
(အရှေ့ပိုင်း) က မင်းရဲကျော်စွာအိမ်ရာတို့မှာ ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။

mmtimes


Photoshop နဲ့ပြုပြင်ထားတဲ့ သူမရဲ့ကိုယ်တုံးလုံးပုံတွေကို ဖျက်ပစ်ဖို့ နှောင့်နှေးခဲ့တဲ့အတွက် Facebook ကိုတရားစွဲတဲ့ အမျိုးသမီး



Meryem Ali ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့မိတ်ဆွေဟောင်းကတင်ခဲ့တဲ့ Photoshop နဲ့ပြုပြင်ခံထားရတဲ့ သူမရဲ့ဝတ်လစ်စလစ်ပုံကို ဖျက်ပစ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် Facebook ဆီကနေ လျော်ကြေး အမေရိကန်ဒေါ်လာ ၁၂၃ သန်းရရှိဖို့ တရားစွဲနေပါပြီ။ အဲဒီ့တရားစွဲဆိုမှုမှာ အဲဒီ့မိတ်ဆွေဖြစ်သူ Adeel Shah Khan က Ali ရဲ့ နာမည်ကိုသုံးကာ account အတူတစ်ခုဖွင့်ခဲ့ပြီး ဝတ်လစ်စလစ်ပုံ အတုဖြစ်အောင် photoshop နဲ့ပြုပြင်ထားတဲ့ သူမရဲ့ ဓာတ်ပုံတွေကို တင်ခဲ့တယ်လို့ဆိုပါတယ်။


Ali က facebook ဟာသူမရဲ့ပုံတွေအတွက် အကြိမ်းပေါင်းများစွာ အကြောင်းကြားခဲ့ပေမယ့်လည်း မြန်သင့်သလောက် မြန်မြန်မဖျက်ခဲ့ဘူးလို့ ခံစားရတာဖြစ်ပါတယ်။ ပြီးတော့သူမ တရားစွဲဆိုရတဲ့ ဒေါ်လာ ၁၂၃ သန်းဆိုတာ ဂဏန်းအစဉ်အတိုင်း ရေးထားလို့ဆိုတဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ ဒါဟာ ဒီပုံတွေကို တွေ့သွားနိုင်ခဲ့တဲ့ Facebook အသုံးပြုသူပေါင်း ၁.၂၃ ဘီလီယံ တစ်ယောက်ချင်းစီရဲ့ ၁၀ ရာခိုင်နှုန်း ဖြစ်တာကြောင့်ပါ။ အထူးသဖြင့် Ali ရဲ့ကိုယ်ရေးကိုယ်တာကို ထိခိုက်ခံနေရချိန်းမှာ Facebook က သူမရဲ့စောဒကတက်မှုတွေကို အရေးတယူမလုပ်ခဲ့တာကြောင့် ဒီကိစ္စက အလွန်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ Ali ရဲ့ရှေ့နေကယုံကြည်နေပါတယ်။

Ref:cosmopolitan.com

 Trend Myanmar

Viber က မြန်မာ့ရေခံမြေခံနှင့် ကိုက်ညီသော စတစ်ကာရုပ်ပုံများကို အခမဲ့ဖြန့်မည်ဟုဆို


Viber ကုမ္ပဏီမှ မြန်မာ့ ရေခံမြေခံနှင့် ကိုက်ညီသော စတစ်ကာ ရုပ်ပုံလေးများကို အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဗိုလ်တထောင် မြို့နယ် 50 Street Bar ၌ မီဒီယာများနှင့် တွေ့ဆုံစဉ် Viber ကုမ္ပဏီ၏ ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ မန်နေဂျာ Crystal Lee ကပြောသည်။


စတစ်ကာတွေကို မြန်မာ့ရေခံမြေခံ ယဉ်ကျေးမှုကို အခြေခံပြီးတော့ လုပ်မှာဖြစ်ပါတယ်။ ဒီစတစ်ကာတွေကို အခု စတင် လုပ်ဆောင်နေပါပြီ။ ကျွန်မတို့ ကြိုးစားနေပါ တယ်။ လအနည်းငယ်အတွင်း ရနိုင်အောင် စီစဉ်ပါမယ်။ အဲဒီစတစ်ကာတွေဟာ မြန်မာပြည် တစ်ပြည်လုံး ယဉ်ကျေးမှုအရလည်း အသုံးပြုလို့ရတဲ့ ရုပ်ပုံလေးတွေဖြစ်ဖို့ ကြိုးစားနေပါတယ် ဟု ၎င်းက ဆက်ပြောသည်။


၎င်းစတစ်ကာ၏ နမူနာရုပ်ပုံတွင် I Love Myanmar ဟူသော စာသားများနှင့် မြန်မာ အပျိုလေးတစ်ဦး ဆံထုံးတွင် ပန်းပန်ကာ ပါးပြင်တွင် သနားခါးလူးထားသော ပုံ၊ နောက်ခံတွင် ဆုလစ်မွန်းချွန်နှင့် ထန်းပင် ထန်းလက်များ ရေးဆွဲထားကြောင်း သိရသည်။ ယခုကဲ့သို့ ဒေသခံတိုင်းပြည်၏ ရေခံ မြေခံနှင့် ကိုက်ညီအောင် အိနိ္ဒယနိုင်ငံနှင့် ဘရာဇီးနိုင်ငံများတွင်လည်း Viber က ပြုလုပ်ခဲ့ကာ အောင်မြင်မှုလည်း ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။


Viber စတစ်ကာကို ပထမ အခမဲ့ပေးပါမယ်။ နောက်တစ်ဆင့်မှာတော့ အခမဲ့နဲ့ ၀ယ်ယူခြင်းတွဲပြီး ထွက်လာမယ်ဟု Crystal Lee က ပြော သည်။ Viberသည် နိုင်ငံပေါင်း (၁၉၃) နိုင်ငံတွင် သုံးစွဲသူ သန်းပေါင်း (၃၇၀) ကျော်ရှိပြီး ယူကေ၊ ဗီယက်နမ်၊ ရုရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ အစ္စရေး၊ အိနိ္ဒယ၊ ဆိုက်ပရပ်စ်၊ ဘရာဇီးနှင့် ဘီလာရုစ် နိုင်ငံများတွင် ရုံးခွဲများ ဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံတွင် ဇူလိုင်လ (၃၀) ရက်နေ့၌ Viber သုံးစွဲသူပေါင်း ငါးသန်းရှိ နေပြီ ဖြစ်ကြောင်း Viber က ကြေညာခဲ့သည်။
See More: http://messengernewsjournal.com/News/Local/detail.php?id=19888

Messenger News Journal


Ooredoo ဆင်းမ်ကတ်များ ပြင်ပပေါက်ဈေး ကျပ် တစ်သောင်းမှ အပူးနံပါတ်များ ကျပ် ငါးသောင်းခန့် မြင့်တက်ပြီး ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားကောင်း


သာကေတမြို့နယ်အတွင်းရှိ မိုဘိုင်းအရောင်းဆိုင်ရှေ့တွင် အော်ရီဒူးဆင်းမ်ကတ် ၀ယ်ယူနေသူများအား ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-စောရည်နန္ဒာ)
 
 
Ooredoo ကုမ္ပဏီမှ ရောင်းချသည့် တန်ဖိုးနည်း ၁၅ဝဝ တန် မိုဘိုင်းဆင်းမ်ကတ်များမှာ ပြင်ပတွင် ပေါက်ဈေး ကျပ် တစ်သောင်း မှ အပူးနံပါတ်ဆင်းမ်ကတ်များမှာ ကျပ် ငါး သောင်းခန့်အထိ မြင့်တက်လျက်ရှိပြီး ရန်ကုန်မြို့ရှိ အရောင်းဆိုင်များတွင် ပစ္စည်းများပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မိုဘိုင်းအရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။


အော်ရီဒူးကုမ္ပဏီအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကို ဩဂုတ်တတိယအပတ်တွင် ရောင်းချမည်ဟု ပြောကြားထားသော်လည်း မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် ဇူလိုင် ၂၉ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး မိုဘိုင်းအရောင်းဆိုင်များတွင် လူများစွာ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူခဲ့ကြောင်း သိရသည်။


“ကျွန်တော်တို့ဆိုင်မှာက ဆင်းမ်ကတ်တွေရပါတယ်။ ဒါပေမဲ့ မနက်ကတည်းက ကုန်သွားတယ်။ လာဝယ်တဲ့သူတွေက အများကြီးပဲ။ တချို့ဆိုရင် အော်ဒါမှာထားတဲ့သူတောင် ရှိတယ်။ မှတ်ပုံတင်နဲ့ ဓာတ်ပုံတစ်ပုံပါ ရင်ရတယ်။ စစရောင်းချင်းဆိုတော့ လူတွေက တစ်ယောက်တည်းနဲ့ အများကြီးလာဝယ်ကြတယ်။ ဒါကြောင့်လည်း လိုသလောက်မရတာပါ။ ကျွန်တော်တို့ကိုလည်း အများကြီးမချပေးထားတော့ ရောင်းရတာ အဆင်မပြေဘူး။ နောက်ပိုင်းဆိုရင် လိုသလောက်ကို ရောင်းပေးသွားမှာပါ”ဟုToday Mobile  အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


အော်ရီဒူးမှ ထုတ်လုပ်သည့် မိုဘိုင်းဆင်းမ်ကတ်များကို ရန်ကုန်မြို့ရှိ မိုဘိုင်းအရောင်းဆိုင်တိုင်းတွင် ရောင်းချခြင်းမဟုတ်ဘဲ  မိုဘိုင်းဆိုင်အနည်းငယ်တွင်သာ ဝယ်ယူနိုင်ကြောင်း သိရသည်။ ဒါကြောင့် အချို့မိုဘိုင်းအရောင်းဆိုင်များအနေဖြင့် ဈေးပိုမိုတင်ရောင်းချကြောင်း သိရသည်။


“ကျွန်တော်က တာမွေမှာ နေတာပါ။ အော်ရီဒူးဆင်းမ်ကတ်တွေ ရောင်းပေးတယ်ဆိုလို့သွားဝယ်တာ တစ်ကတ်ကို ၅ဝဝဝ ဆိုတော့ မဝယ်တော့ဘူး။ ဒါက မဖြစ်သင့်ဘူး။ ကုမ္ပဏီကလည်း သူတို့ကို အမြတ်တွေပေးတာပဲ။ ဝယ်တဲ့သူတွေကိုတော့ အဲဒီလို မလုပ်သင့်ဘူး။ ဒါ့ကြောင့် တစ်ပတ်လောက် စောင့်လိုက်ဦးမယ်။ ပြီးရင် အရမ်းကို ပေါသွားမှာ ပါ။ အခုက လူတိုင်းက သုံးချင်လို့ လိုက်ပြီး အသည်းအသန်ဝယ်နေတော့ ဈေးက ပိုမြင့်လာတာပေါ့”ဟု တာမွေမြို့နယ်တွင် နေထိုင်သူ ကိုမောင်မောင်က ဆိုသည်။


အော်ရီဒူးမှ ရောင်းချသည့် ဆင်းမ်ကတ်များသည် ဖုန်းနံပါတ် ဝ၉-၉၉ ဖြင့်စပြီး ဖုန်းကတ်များတွင် မိနစ် ၉ဝဝ အပိုထည့်သွင်းပေးထားကြောင်း သိရသည်။ ငွေဖြည့်ကတ်များကိုလည်း ငွေကျပ် တစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်မှ ငါးထောင်ထိ ထည့်သွင်းနိုင်အောင် ပြုလုပ်ထားကြောင်းသိရသည်။

news-eleven


မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဘ၀ဖြင့် ကျော်ကြားခဲ့သည့် ဦးစိုးမြင့် ဂျာမနီနိုင်ငံတွင် ဇနီးနှင့် အခြေချနေထိုင်မည်


မေတ္တာရှင် ရွှေပြည်သာ ဆရာတော်မှ လူဝတ်လဲ လိုက်သော ဆရာ ဦးစိုးမြင့် အနေဖြင့် အင်္ဂလိပ်စာများကို သင်ယူ၍ ပြည်ပနိုင်ငံများသို့ စာအုပ်ထုတ်ဝေဖြန့်ချီ သွားမည်ဖြစ်ကြောင်းနှင့် အိမ်ထောင်ဖက်နှင့်အတူ ဂျာမနီ နိုင်ငံတွင် အခြေချ နေထိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

 
မေတ္တာရှင် ရွှေပြည်သာ ဆရာတော် လူဝတ်လဲပြီး ဦးစိုးမြင့် အမည်ဖြင့် ဂျာမနီ နိုင်ငံတွင် ယင်း၏ အိမ်သူနှင့်အတူ လေးငါးနှစ်ခန့် နေထိုင်ရန် ရည်ရွယ်ထားပြီး အင်္ဂလိပ်စာကို အဓိကထားသင်၍ စာအုပ်ထုတ်ရန် ရည်ရွယ်ထားပြီး ရရှိသည့် အကျိုးအမြတ်များကိုလည်း ယခင်က လုပ်ကိုင်ခဲ့သော ပရဟိတ လုပ်ငန်းများကို ဆက်လက် လှူဒါန်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
“သူက ငယ်ဖြူလည်းဖြစ်တော့ အတန်းပညာက သိပ်မသင်ခဲ့ရဘူး။ အင်္ဂလိပ်စာ တတ်ဖို့ဆိုတာ ပိုဆိုးတယ်။ ဒါကြောင့် သူဂျာမနီနိုင်ငံကို ရွေးချယ်ခဲ့တာပါ။ ဟိုမှာက ထမင်းစားရေးသောက်ကအစ အင်္ဂလိပ်လိုပဲ အဓိကထား ပြောနေကြတာပါ။
 
 
 သူက အဲဒီမှာ အင်္ဂလိပ်စာသင်ရင်း စာအုပ် ထုတ်မှာပါ” ဟု ညီဖြစ်သူ ဦးစိုးတင့်မှ ပြောသည်။ယခုလက်ရှိ ဦးစိုးမြင့်သည် ဂျာမနီနိုင်ငံတွင် အင်္ဂလိပ်စာ သင်ယူပြီး ပြည်ပနိုင်ငံများသို့ စာအုပ် ထုတ်ဝေရခြင်း ရည်ရွယ်ချက်မှာ ပြည်တွင်း၌ စာအုပ်ထုတ်လျှင် ရရှိသည့်ငွေမှာ ပြည်တွင်းမှငွေများ ဖြစ်သည့် အတွက် ပြည်တွင်းမှ သူများကို ပြန်လှူလျှင် ကိုယ့်နိုင်ငံက ငွေနဲ့ ပြန်လည်ပတ်သလိုမျိုး ဖြစ်မှာ စိုးသောကြောင့် ပြည်ပနိုင်ငံများသို့ စာအုပ်ထုတ်ပါက ပြည်ပမှ ၀င်ငွေများ ရရှိလာသည့်အပြင် အကယ်၍ စာအုပ်တစ်အုပ်ပေါက် သွားပါကလည်း ဒေါ်လာ သန်းချီ ရနိုင်သောကြောင့် ပြည်တွင်း၌ မထုတ်ပဲ ပြည်ပမှ ၀င်ငွေများဖြင့်သာ မိမိ၏ စားဝတ်နေရေးကို ဖြေရှင်းသလို ပရဟိတ လုပ်ငန်းများကိုလည်း ဆက်လက် လှူဒါန်းသွားမည်ဟု သိရသည်။
 

ဦးစိုးမြင့်သည် ယခင်က တရားဟောရာတွင်လည်း ပြည်ပနိုင်ငံများတွင် အများဆုံး ဟောကြားခဲ့ပြီး ပြည်ပမှ ရရှိသည့် ဓမ္မပူဇာ ငွေများဖြင့် ပြည်တွင်းမှ ပရဟိတ လုပ်ငန်းများကို ထောက်ပံ့ပေးခဲ့သလို အချိန်တန်ပါက ရဟန်းဘ၀သို့ ပြန်လည်ဝင်ရောက်မည် ဖြစ်ကြောင်းနှင့် ရောက်ရှိပါကလည်း တရားဟောခြင်း၊ ပရဟိတ လုပ်ငန်းများကို လုပ်ကိုင်ခြင်း မပြုတော့ပဲ တရားအားထုတ်မှု တစ်ခုတည်းကိုသာ လုပ်ဆောင်သွားမည် ဖြစ်သလို ယခုလည်း နောက်ဆုံးအနေနဲ့ စွန့်စားခြင်း ပြုလုပ်ခြင်း ဖြစ်ကြောင်းကို ဦးစိုးမြင့်၏ ညီ ဦးစိုးတင့်မှ ထပ်မံပြောကြားခဲ့သည်။

Tomorrow


အာဖရိကတွင် အခမဲ့ အွန်လိုင်းဝန်ဆောင်မှုများ အသုံးပြုနိုင်မည့် Internet.org app ကို Facebook မိတ်ဆက်


Facebook သည် Wikipedia, Google, Facebook, Facebook Messenger ကဲ့သို့သော ဆိုက်များကို အာဖရိကတွင် အခမဲ့ အသုံးပြုနိုင်မည့် Internet.org app သစ်တစ်ခုကို မိတ်ဆက်ပေးခဲ့သည်။

၎င်းသည် Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်ခ်၏ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မိုဘိုင်းအင်တာနက် အသုံးပြုနိုင်စေရန် ရည်ရွယ်ထားသည့် Internet.org ၏ ပဏာမ ခြေလှမ်းတစ်ရပ်ဖြစ်သည်။

“အခုအချိန်မှာ ဇမ်ဘီယာက လူဦးရေ ၁၅ ရာခိုင်နှုန်းကသာ အင်တာနက်ကို အသုံးပြုနိုင်ပါသေးတယ်။ ဒါကြောင့် သိပ်မကြာခင်မှာ လူတိုင်းဟာ အင်တာနက်ကို အခမဲ့ အသုံးပြုပြီး အလုပ်ရှာဖွေခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှု အကူအညီများရယူခြင်း၊ Facebook လိုမျိုး tool များကို အသုံးပြုပြီး ချစ်သူခင်သူများနှင့် ဆက်သွယ်မှု ပြုလုပ်ခြင်း စတာတွေကို ပြုလုပ်နိုင်ပါတော့မယ်” ဟု ဇူကာဘတ်ခ်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

Internet.org app ကို ဇမ်ဘီယာနိုင်ငံရှိ Airtel ကို သုံးစွဲသူများက ပထမဦးဆုံး အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။

သုံးစွဲသူများသည် Internet.org app ကို Android အတွက် download ပြုလုပ်ပြီးနောက် မတူညီသည့် ဆိုက် ၁၃ ခုကို အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။ အနာဂတ်တွင် အဆိုပါ အစီအစဉ်ကို အခြားနိုင်ငံများတွင်လည်း အသုံးပြုနိုင်ရန် Facebook စီစဉ်လျက်ရှိသည်။

Ref: NBCNews
 

အော်ရီဒူးဖုန်းလိုင်းများ ဈေးနှုန်းကြီးမြင့်၍ ဝေဖန်ခံရ



ဈေးကွက်အတွင်းသို့ရောက်ရှိလာသည့် အော်ရီဒူးဖုန်းလိုင်းများသည် အသုံးပြုရန်အတွက် ဈေးနှုန်းကြီးမြင့် နေသည်ဟု လက်တွေ့အသုံးပြုနေသူများနှင့် စောင့်ကြည့်လေ့လာသူများက ဝေဖန်ခဲ့သည်။


အော်ရီဒူးသည် မိုဘိုင်းဖုန်းလိုင်းများ စတင်ရောင်းချပေးခြင်းမပြုလုပ်ခင်က ၎င်းတို့မိုဘိုင်းဖုန်းလိုင်းများ ရောင်းချသည့်အခါ လူအများ အံ့အားသင့်စေသည့် ဈေးနှုန်းဖြစ်စေရမည်ဟု ကတိပေးပြောကြားထား သော်လည်း စတင်ရောင်းချသည့်အခါ ၎င်းတို့၏ အသုံးပြုခသတ်မှတ်ဈေးနှုန်းသည် အများအားဖြင့် ဈေးနှုန်း ကြီးမြင့်နေသည်ဟု သိရသည်။ အထူးသဖြင့် အော်ရီဒူးသတ်မှတ်ထားသည့် အင်တာနက်အသုံးပြုခသည် အသုံးပြုလိုသူများ မျှော်မှန်းထားသည့် ဈေးနှုန်းထက် မျာ ပြားနေသည်ဟု သိရသည်။ စမ်းသပ်သုံးစွဲသူများ၏ အဆိုအရ အော်ရီဒူးမှ အခမဲ့သုံးစွဲခွင့်ပြုထားသည့် အင်တာနက် Data 20MB သည် နှစ်မိနစ်အတွင်း အသုံးပြု၍ ကုန်ဆုံးသွားကြောင်းသိရသည်။

 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခင်က မိုဘိုင်းအင်တာနက်အသုံးပြုခကို မိနစ်အလိုက် ကောက်ခံသည့် စနစ်မှ Data နှင့် ကောက်ခံသည့် စနစ်သို့ ကူးပြောင်းရန် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလက ကြိုးစားခဲ့သည်။ အင်တာနက်အသုံးပြုများသည် Data နှင့် ကောက်ခံသည့် စနစ်ကို အပြည့်အ၀နားလည်ခြင်းမရှိသည့်အတွက် အစီအစဉ်ကို ထောက်ခံခဲ့ခြင်းမရှိဘဲ ကျသင့်ငွေများပြားမည်ဖြစ်သည့်အတွက် လက်မခံဟုသာ ပြန်လည် ပြောဆိုခဲ့ ကြသည်။ လွန်ခဲ့သော ၁ နှစ်ကျော်ကာလက မြန်မာ့ဆက်သွယ်ရေး ကောက် ခံမည်ဟူသော အင်တာနက်အသုံးပြုခဈေးနှုန်းသည် 100Kbps လျှင် မြန်မာငွေ ၂ ကျပ်ဖြစ်ပြီး ယနေ့ အော်ရီဒူးကောက်ခံသည့် ဈေးနှုန်းမှာ 1MB လျှင် မြန်မာ ကျပ်ငွေ ၂၅ ကျပ်ဖြစ်သည်။


နေ့စဉ် အင်တာနက်အသုံးပြုသူများ၏ တွက်ချက်မှုအရ မြန်မာဆက်သွယ်ရေး သတ်မှတ်ခဲ့သည့် အင်တာနက် အသုံးပြုခနှင့် အော်ရီးဒူးသတ်မှတ်သည့် အင်တာနက်အသုံးပြုခမှာ ထူးခြားစွာပြောင်းလဲလာခြင်းမရှိဟု သိရသည်။ အော်ရီဒူးမိုဘိုင်းဖုန်းလိုင်း အသုံးပြုသူများသည် အင်တာနက်အ သုံးပြုခနှင့် ကောက်ခံသည့် နှုန်းထားနှင့်ပတ်သက်၍ ဖေ့စ်ဘုတ်စာမျက်နှာပေါ်၌ များပြားသည်ဆိုကာ ဝေဖန် ပြောဆိုခဲ့သည်။ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ် ပါက အော်ရီဒူး သတ်မှတ်လိုက်သည့် အင်တာနက်နှုန်းထားမှာ အမှန်ပင် မြင့်မား သည်ဟုလည်း သိရသည်။


အလားတူ မိုဘိုင်းဖုန်းခေါ်ဆိုခများကိုလည်း တစ်မိနစ်လျှင် ၂၅ ကျပ်အောက် ကျသင့်မည်ဟု ပြောဆိုထားသည့် အော်ရီဒူးသည် ၎င်းတို့ မိုဘိုင်းဖုန်းအချင်း ချင်း ပြောဆိုသည့်အခါ၌သာ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်း ကောက်ခံပြီး မြန်မာ့ ဆက်သွယ်ရေး မိုဘိုင်းဖုန်းလိုင်းသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်း ကောက်ခံခဲ့သည်။ အော်ရီဒူး သတ်မှတ်သည့် အသုံးပြုခ ၀န်ဆောင်မှုနှုန်းထားများနှင့်ပတ်သက်၍ နှစ်ရက်တာကာလအတွင်း ဖေ့စ်ဘုတ် စာမျက်နှာ၌ လူအများစုက ဝေဖန်ပြစ်တင်ထားသည်။