21 Aug 2014

မလေးရှားကို အနိုင်ယူပြီး ပွဲတိုင်း ၃ ဂိုးသွင်းသည့် စံချိန်နှင့် မြန်မာအသင်း ဗိုလ်လုပွဲတက်

 
 
ယနေ့ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ဘရူနိုင်းနိုင်ငံ၌ ယှဉ်ပြိုင်ကစားခဲ့သော မြန်မာ ယူ ၁၉ အသင်းနှင့် မလေးရှား ယူ ၂၁ အသင်းတို့၏ ဘရူနိုင်း ဘုရင့်ဖလား အကြိုဗိုလ်လုပွဲစဉ်တွင် မြန်မာအသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူ ပြီး ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန်
တက်ရောက်သွားသည်။


မြန်မာအသင်းသည် မလေးရှား အသင်းအပေါ် ကစားကွက်အသာ ခြေအသာ ဖြင့် ကစားနိုင်ခဲ့ပြီး
ပထမပိုင်းတွင် သွင်းယူသော သွင်းဂိုး ၃ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည်
အုပ်စုပွဲ ၄ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာတွင်လည်း ပြိုင်ဘက်အသင်းတိုင်းကို ၃ ဂိုးသွင်းပြီး အနိုင်ယူခဲ့သည်။
ယနေ့ အကြိုဗိုလ်လုပွဲတွင်လည်း မလေးရှားကို ၃ ဂိုးပြတ်အနိုင်ရရှိပြီး ပွဲတိုင်း ၃ ဂိုးသွင်းသည့် စံချိန်ကို
ဆက်ထိန်းနိုင်ခဲ့သည်။ မြန်မာအသင်းသည် ဗိုလ်လုပွဲအဖြစ်ထိုင်းနှင့် ဗီယက်နမ်အသင်းတို့မှ အနိုင်ရသည့် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 
 
 
အဆိုပါဗိုလ်လုပွဲကို  (၂၃-၈-၂၀၁၄) ရက်နေ့ ဒေသစံတော်ချိန် ည (၈း၃၀) မြန်မာစံတော်ချိန် ည (၇) နာရီတွင် ဆက်လက်ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး၊ ယင်းပွဲစဉ်ကိုလည်း MRTV မှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်
ဖြစ်ကြောင်း သိရှိရသည်...


NayMin

ဝက်သားတုတ်ထိုး အလွယ်လုပ်နည်း


ဝက်သားတုတ်ထိုးလုပ်ရာမှာ ပါဝင်ပစ္စည်းများ ( ၂၀- ၃၀ ယောက်စာ)


- ၀က်အစုံ ( နားရွက် 6ခု၊ အမြီး- ၅ ခု ၊ ကလီစာ၊ အသဲ ၊ကျောက်ကပ်၊ အူချို၊ အူမ၊လျှာ = ၁ကီလိုခွဲ စီ ၊ အသား – တစ်ကီလို) လန်ဒန်မှာရနိုင်တာများပါ။
 

-ပျားရည် ၅၀ ဂရမ် ( အစား သကြားကိုပိုသုံးနိုင်ပါတယ်)
-သကြား ၅၀ ဂရမ်
- five spices powder (တရုတ်မဆလာ )စားပွဲတင်3 ဇွန်း
- ginger paste စားပွဲတင် ၈ဇွန်း
-သစ်ဂျပိုး – ၅ခု
-နာနတ်ပွင့် ၃-၄ ခု
-ခရုဆီ – စားပွဲတင်ဇွန်း ၁၂ဇွန်း
-ပဲငံပြာရည် အနောက် – စားပွဲတင်၂၀ ဇွန်း ( ၂၅၀ မီလီခန့်)


ဝက်အူများလှန်လှောပြီးဆေးကာ ကလီစာများကို သန့်စင်ထားပါ။ ဂျင်း၊ ပျားရည်၊ ပဲငံပြာရည်၊ ဆား၊ အသားမှုန့်တို့ဖြင့်နယ်ထားပါ


ဆီပူတွင်သကြားချည်းများများထဲ့ရဲလာအောင် ကြော်ပါ။ သကြားများစီးကပ်လာပြီး ရဲလာရင် ကျောက်ကပ် နဲ့ ဝက်အသား ကလွဲပြီး ကျန်ကလီဇာများ အားလုံးကိုထည့် ပြီးကြော်ပေးပါ။ နီရဲလာပါမယ်နော်။


ကြော်ပြီးလို့ရဲလာရင် ဝက်အစုံ ( ကျောက်ကပ် နဲ့ ဝက်အသား) ကလွဲရင် အကုန်ရောပြုတ်လို့ရပါပြီ၊ ဘာလို့လဲဆိုတော့ အသား ကျန်တာတွေနူးခါနီးမှ ရေထပ်ထဲ့ပြီး ပြုတ်ပါမယ်၊ အစ ကတည်းကပြုတ်ရင် နူးလွန်းပြီး ကြေကုန်မှာမို့ပါ။ကျောက်ကပ် ကတော့သူနဲ့ အတူရောပြုတ်ရင် အကုန် နံကုန်မှာ ဆိုးလို့ပါ။


ဒီတော့ ကျောက်ကပ်လေးကိုမနံအောင်ဘယ်လို ပြုတ်ရလဲပြောပြမယ်နော် ၊အိသက် အမေ ( (လှည်းတန်း-အင်းစိန်) ဓနုဖြူ – ဒေါ်စောရီ ဆိုင် ) ရဲ့နည်းလေးပါနော်၊ ကျောက်ကပ်ကို ရေစင်စင် ဆေးပြီး ဂျင်း ၊ ရှာလကာရည် ၊ (ဝက်သားတုတ်ထိုးအတွက်ဆိုတော့five spices powder လေးနဲနဲရယ်၊ သစ်ဂျပိုးခေါက်လေး ရယ် ) ရောပြုတ် ၊ကျက်ရင် အရည်တွေ သွန်ပစ်လိုက်ပါ၊ ပြီးမှ ခုနက ပြုတ်ထားပြီသား ဝက်အစုံနဲ့ ရောပေးပါ။ 


အားလုံးနူးအိလာကာနီးရင် ကြက်ဥပြုတ်လေးတွေ အခွံခွါပြီးသားလေးတွေပါ ရောပြီ ၅မိနစ် လောက် ထပ်ပြုတ်ပြီရင် ရပါပြီ၊ 


အရသာရှိတဲ့ကြက်ဥညိုညိုလေးတွေရလာပါမယ်။ ခရုဆီနောက်ဆုံးမှာရောမွှေပေးလိုက်ပါ။
အိသက်ကတော့ electric pan ထဲ အကုန်လှီးပြီးစီထား ပြုတ်ရေလေးနဲ့မီးလျှော့ပြီးတည်ထားလိုက်ပါတယ်၊အချဉ်လေးတို့ပြီး ပူပူလေးစားကြည့်ပါနော်၊


အချဉ်ရည်လေးကလွယ်ပေမဲ့ရေးပေးမယ်နော်
ထန်းညက်ခဲ ၂ ခဲလောက်ကိုပျစ်ပျစ်ကျိုပြီး မကျည်းရည်ထဲသို့ ထည့်ပါ။
ကြက်သွန်ဖြူ၊ဂျင်း၊ငရုတ်သီးစိမ်း၊နံနံပင်၊ဆား တို့ကို ညက်အောင် ထောင်းပြီးထည့်ပါ။ ထို့နောက် ငံပြာရည်နှင့်ငရုတ်ဆီ အချဉ်တို့ကို အသင့်အတင့်ထည့်ကာ နှံ့အောင် ရောမွှေပြီးလျှင် ဝက်သားတုတ်ထိုး အတွက် အချဉ်ရည်လေး ရပါပြီ။

============

Danuphyu Daw Saw Yee (London) —

Ref>>>>ကိုစိန်သန်း<<<
 
 

Gas မီးဖိုနဲ့ ချက်ပြုပ်သူများသတိထားပါ


သင်ဟာ ဓာတ်ငွေ့ကိုသုံးပြီး ချက်ပြုတ်နေသူတစ်ယောက်ဆိုရင်တော့ ဒီစာလေးကိုဂရုတစိုက်ဖတ်ပြီး မှတ်သားစေချင်ပါတယ်… ဒီလိုအဖြစ်အပျက်ဟာ အိမ်ထောင်စုအများစုမှာ ဖြစ်တတ်တဲ့အမှားဖြစ်လို့ သင့်အနေနဲ့ ဒီလိုမျိုးမကြုံရအောင် လုပ်ဆောင်ထားရပါမယ်…


အိမ်တစ်အိမ်ရဲ့ မီးဖိုချောင်ထဲမှာ အိမ်ရှင်မတစ်ယောက်ဟာ မီးလောင်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်ဆိုးတစ်ခုဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်…


ဘယ်လိုဖြစ်သလဲဆိုတော့ ဓာတ်ငွေ့အိုးနဲ့ ဟင်းချက်နေတုန်းမှာဖြစ်ပါတယ်… အမျိုးသမီးဟာ ပန်းကန်ဆေးစင်နားမှာ ပိုးဟပ်တွေကိုတွေ့ပါတယ်… ဒါကြောင့် insect killer တစ်ဗူးကို ဆွဲယူပြီး ချက်ပြုတ်နေတဲ့ ဓာတ်ငွေ့မီးဖိုနားမှာ ဖြန်းမိခဲ့ပါတယ်…


ချက်ချင်းဆိုသလို ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အမျိုးသမီးကို မီးတောက်တွေက တမဟုတ်ချင်းဝါးမြိုသွားပါတယ်… သူမခန္ဓာကိုယ်ရဲ့ ၆၅ ရာခိုင်နှုန်းအထိ လောင်ကျွမ်းခံလိုက်ရပါတယ်…


သူမရဲ့အမျိုးသားဟာ အလောတကြီးပြေးလာခဲ့ပြီး မီးငြိမ်းသတ်ဖို့ကြိုးစားခဲ့ပါတယ်… သူ့အဝတ်အစားတွေလည်း မီးလောင်ခံလိုက်ရပါတယ်…. အမျိုးသားဖြစ်သူကတော့ ဆေးရုံကိုအချိန်မီပို့ဆောင်နိုင်ပြီး ကုသမှုခံခဲ့ရပေမဲ့ သူ့ဇနီးဖြစ်သူ ဆေးရုံရောက်တာနဲ့ သေဆုံးကြောင်းကြားရတဲ့အတွက် ပူဆွေးဝမ်းနည်းနေခဲ့ရပါတယ်….


နားလည်ထားရမှာက insect killer spray တွေမှာ အငွေ့ပျံလွယ်ပြီး မီးလောင်လည်းလွယ်တဲ့ ငွေ့ရည်တွေပါဝင်ပါတယ်… (insect killer တွေတင်မကပါဘူး… Air Freshener တွေ… အရက်ပြန်နဲ့ မီးလောင်လွယ်တဲ့ တခြား spray တွေအကုန်လုံးကိုလည်း သတိထားရပါမယ်…)

ဒါတွေနဲ့ ဖြန်းလိုက်တဲ့အခါမှာ သေးငယ်တဲ့ အမှုန်အစက်လေးတွေအဖြစ် ခွဲဖြာပြီး အလျင်အမြန်ပျံ့နှံ့သွားပါတယ်… ဒီအထဲက အစက်တစ်စက်ကို မီးညှိလိုက်ရုံနဲ့တင် လေထဲမှာရှိတဲ့ အောက်ဆီဂျင်၊ မီးဖိုးကထွက်တဲ့ ဓာတ်ငွေ့တို့နဲ့ ရောစပ်ပြီး ပေါက်ကွဲသွားစေနိုင်ပါတယ်…


ဒါကြောင့် သင့်မိသားစုတွေနဲ့ မိတ်ဆွေတွေကို ဒီအကြောင်းနဲ့ပတ်သက်ပြီး ပညာပေးဆွေးနွေးတာမျိုး ဖြန့်ဝေတာမျိုး တတ်နိုင်သလောက်လုပ်ပေးပါ… လူ့အသက်ပေါင်းများစွာကယ်တင်နိုင်ဖို့အတွက် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပါတယ်….

Ref: Daily Health Tips