1 Sept 2014

CDMA 800 MHz ဖုန်း အင်တာနက် ချို့ယွင်းမှု ပြန်လည်ကောင်းမွန်ကြောင်း ကြေညာ

အင်တာနက်စနစ် ချို့ယွင်းခဲ့သော CDMA 800 MHz ဖုန်းများ ယခုအခါ ပြန်လည်ကောင်းမွန်သွားပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ကြေညာသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ CDMA 800 MHz မိုဘိုင်းဖုန်း ကွန်ရက်မှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် သြဂုတ်လ ၃၀ ရက်မှစ၍ အင်တာနက် ဝန်ဆောင်မှုများ ဆက်သွယ်မှု ယာယီ ပြတ်တောက်ခဲ့ကြောင်း၊ သြဂုတ်လ ၃၁ ရက်တွင် ပြန်လည်ကောင်းမွန်ခဲ့သော်လည်း ၎င်းရက်နေ့တွင် အဆိုပါဖုန်း၏ အင်တာနက်ဝန်ဆောင်မှုမှာ ပြန်လည်ချို့ယွင်းခဲ့ကြောင်း သိရသည်။

 ဆက်လက် ပြုပြင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁ ရက်တွင် ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာသည်။

 
http://www.internetjournal.com.mm/

ကင်ဆာ ဆဲလ်တွေကို သေစေတဲ့ ဒူးရင်းသြဇာရွက်

 
 
၂၀၁၃ခုနှစ်၊ သြဂုတ်လ (၁၃)ရက်နေ့ မှာ Healthy Foods and Herbal Medicines (ခေါ်) အင် တာ နက် ကျမ္မာရေး သတင်းကဏ္ဍ တွင် ဒူးရင်းသြဇာရဲ့ ဆေးစွမ်း ထက်မြက်ပုံကို အောက်ပါအ တိုင်းဖော်ပြသွား ခဲ့ပါ တယ်။

ကမ္ဘာပေါ်မှာ စားစရာ သစ်သီးဝလံများ အမျိုးအစား စုံလင်လှသလို၊ ဆေးဘက် ၀င်သစ်သီးများ လည်း ရှိကြရာ၊ ၄င်းတို့ အနက်မှ ထူး ထူးခြားခြား ဒူးရင်းသြဇာ ပင်ရဲ့  ဆေးစွမ်း ထက်မြက်ပုံကို မျှဝေလိုက်ပါရစေ။ Guyabano(ခေါ်)soursop လို့ အမည်ရတဲ့ ဒူးရင်းသြဇာ ပင်တို့  ပေါက်ရောက်ရာ ဇစ်မြစ် မှာ ဖိလစ်ပိုင်နဲ့  တောင်အမေရိကတိုက်ရှိ အပူပိုင်းဒေသများဖြစ်ပါတယ်။ အသီး၊ အရွက်၊ ပင်စည်အခေါက်၊ အပင်မြစ်၊ အစေ့ စတဲ့ အပင်တစ်ပင်လုံး ဆေးဘက်ဝင် တယ်လို့ ဆို ပါတယ်။ အစိမ်းရောင်အသီးရဲ့  အပေါ်ယံအခွံ တွေမှာ ဓာတ်ပုံ မှာ ဖော်ပြထားတဲ့အတိုင်း အဖု အထစ်ေ တွနဲ့  ကြမ်းတမ်းသော်လဲ၊ မှည့်လာတဲ့အခါ အနံ့ က စတော်ဘယ်ရီ လိုလို/ နာနတ်သီး လိုလို ရောထားတဲ့ ရနံ့ လေးပါ။ အသီးထဲရှိ အဖြူရောင် အနှစ်သားများက အရသာချဉ်ပြုံးပြုံးေ လးဖြစ် ပါတယ်။
 

၁၉၇၆ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ National Cancer Institute မှ ဆေးသုတေသီများ၏ အကြိမ် ၂၀ ကျော်မျှ အဖန်ဖန်အခါခါ လက်တွေ့ စမ်းသပ်ချက်များအရ၊ ဒူးရင်းသြဇာပင် ရဲ့ အရွက်က ကင်ဆာရောဂါဖြစ်စေတဲ့ malignant ဆဲလ်များကို သေကျေဖျက် ဆီးပေးပါတယ်တဲ့။ the Journal of Natural Products(ခေါ်) ဆေးဂျာနယ် တစ်ခုမှာ ဖော်ပြထားတာကတော့ ဒူးရင်းသြဇာ ရွက်ပြုတ်ရည်က Adriamycin လို့ ခေါ်တဲ့ ကင်ဆာရောဂါ ခီမိုဆေးထက် အဆပေါင်း ၁၀၀၀၀ (တစ်သောင်း)တိတိ ပို၍ဆေးစွမ်း ထက်မြက်ပါတယ်တဲ့။ ကင်ဆာဝေဒနာ သည်တွေကို ခီမိုဆေး သွင်းတဲ့အခါ၊ မကောင်းတဲ့ကင်ဆာဆဲလ်များသာမက၊ ကောင်းတဲ့ ဆဲလ်တွေကိုပါ တပြိုင်တည်း သတ်ပစ်တာဖြစ်ပါတယ်။ သို့ သော် ဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ မကောင်း တဲ့ ကင်ဆာဆဲလ်တမျိုးတည်းကိုသာ ရွေးသတ်ပေးပါတယ်တဲ့။ အထူးသဖြင့် ဦးနှောက်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အမျိုးသားများ ဆီးကြိတ်ကင်ဆာ တို့ ကို ပိုမိုအကျိုးသက်ရောက်စေ ပါတယ် လို့ ဆိုပါတယ်။
 

ဆေးဖော်စပ်နည်းက အင်မတန် လွယ်ပါတယ်။ မရင့်လွန်း/မနုလွန်းတဲ့ လတ်လတ်ဆတ်ဆတ် ဒူးရင်းသြဇာရွက် ၄၀ နဲ့  ရေသန့်  ၁-လီတာဘဲ လိုအပ်ပါတယ်။(အရွက်ထဲက အာနိသင်တွေမပျက်အောင် ဖြစ်နိုင်ရင် လတ်လတ် ဆတ်ဆတ် အရွက်ကိုသာသုံးပါ။ အရွက်များတာရှည်ခံအောင် သိမ်းဆည်းသိုလှောင်လိုပါက အရွက်ကို နေပူမှာ အခြောက်မခံပါနဲ့ ။ သူ့ အလိုလို လေဖြင့်ခြောက် သွားပါစေ) ဦးစွာ ရေကိုဆူတောင်တည်ပါ။ ရေဆူတာနဲ့ တပြိုင် နက်တည်း အရွက်ထဲ့ပါ။ အဖုံးမ ဖုံးပါနဲ့ ။ အရွက်ရွှေညိုရောင် ပြောင်းတဲ့အထိ မိနစ် ၂၀ လောက် မီးဖိုပေါ် ဆက် တည်ပေးပါ။ ပြီးရင် အအေးခံပေးပါ။ 
 

ထိုဒူးရင်းသြဇာ ရွက်ပြုတ်ရည်ကို ၁-ဖန် ခွက်စီဖြင့် နံက်-နေ့ -ညစာ မစားခင် နာရီဝက်ခန့် အလိုမှာ သောက်ပေးရ မှာပါ။ တစ်နေ့  ၃-ကြိမ် (စုစုပေါင်း ၃-ခွက်) သောက်ပေးပါ။ (နံက်ပိုင်း သောက်ပြီးနောက်၊ နေ့ လည် နဲ့ ည သောက်ရန် ကျန်နေတဲ့ ၂-ခွက်စာကို ရေခဲသေတ္တာထဲ သိမ်းထားနိုင်ပါတယ်။ သို့ သော် ရေခဲသေတ္တာထဲ အချိန် ၈ နာရီထက်ပိုပြီး သိမ်းမထားပါနဲ့ ။ ဆေးအာနိသင်ပျက်ပြယ်သွားပါတယ်) ဤနည်းအတိုင်း ရက် ၃၀ တိတိ သောက် ပေးရ မှာဖြစ်ပါတယ်။ ဖော်ပြပါ ဆေးညွှန်းပမာဏအတိုင်းသာ သောက်သင့်ပြီး ရောဂါပျောက်ချင်လွန်းလို့  ပိုမသောက်ပါနဲ့ တဲ့။ ထိုရွက်ပြုတ်ရည်သောက်တဲ့အခါမှာလည်း သူ့ ချည်းသက်သက်သောက်ပါ။ အခြား ဆေးဝါး (သို့ မဟုတ်) အစားအစာ(သို့ မဟုတ်)အရသာကောင်းစေရန်သကြား၊ဆား တို့ေ ရာ စပ်၍မသောက်ပါနဲ့ ။ 
 

National Cancer Institute မှ ဆေးသုတေသီများက-

(၁) အထက်ပါဆေးညွှန်းတိုင်း ၁-တိတိသောက်ပြီးနောက်မှာ ကင်ဆာဆဲလ်အခြေအနေကို ဆရာ ၀န်ဖြင့် စစ်ဆေးကြည့်ပါ။

(၂) အကယ်၍ ကင်ဆာလက္ခဏာအခြေအနေမထူးခြားသေးပါက၊ ရွက်ပြုတ်ဆေးရည် သောက်တာကို ၁၀-ရက်(ခဏ)ရပ်ထား ပြီး၊ ၁၀-ရက်ပြည့်တဲ့နောက်နေ့ မှာ ပုံမှန် တနေ့  ၃-ကြိမ်ကျ ၁-လ တိတိ ထပ်သောက်ပါ။

(၃) ဒုတိယအကြိမ် ၁လတိတိ ထပ်သောက်ပြီးနောက် ကင်ဆာဆဲလ်အခြေအနေကို ဆရာဝန်ဖြင့် စစ်ဆေးကြည့် ပါဦး။ကင်ဆာ ဝေဒနာသိသိသာသာလျော့ပါးသွားပါက၊ ဆေးသောက်တာရပ်မပစ်ဘဲ ကင်ဆာဆဲလ် လုံးဝ မကျန်တော့တဲ့အထိ ဆက်သောက် ပေးပါ။

++++++++++++++++++++++++++++++++++

အရွက်ပြုတ်ရည်က အထက်ဖော်ပြပါ ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးနိုင်သလို၊ ဗီတာမင်နဲ့  သတ္တုဓာတ်တို့ ကြွယ်ဝစွာ ပါရှိသော ဒူးရင်းသြဇာသီးစားခြင်းဖြင့် ဆီးချို၊ အရိုးအဆစ်မြစ်ေ ရာင်ရ မ်း နာများ၊ ခါးနာခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ခေါင်းတစ် ခြမ်းကိုက်ခြင်း၊ သွေးအားနည်းရောဂါ၊ ၀မ်းချုပ်ခြင်း၊ ခြေဖနောင့်ကွဲခြင်း၊ တို့ ကို သက်သာစေတဲ့အပြင်၊ ကိုယ်ခံစွမ်းအား တိုးပွားရုံ သာမက၊ အရိုးကိုလည်း ကျန်းမာကြံ့ခိုင်စေတယ်လို့ ဖော်ပြ ထားပါတယ်။

ကိုးကား။ Healthy Foods and Herbal Medicines (Guyabano @ soursop))

(ဆောင်းပါးရှင်… ပေါက်ပေါက်..မျှဝေသည်)

promise.pauk


မဟာသန္တိသုခ ပီနန်ဆရာတော် ရဲ့စာ သက်သေခံ အဖြစ်လက်ခံ

 
လန်ဒန်သာသနာ့ရံသီဝိဟာရ ဆရာတော်ဦးဥတ္တရ

မဟာသန္တိသုခ ကျောင်းပိုင်ဆိုင်မှု နဲ့ ဆက်နွယ်ပြီး၊ တရားရင်ဆိုင်နေရတဲ့ သံဃာ ငါးပါး အမှုမှာ ပီနန်ဆရာတော်ကြီး က မဟာသန္တိသုခ ကျောင်း ကို ပိုင်ဆိုင်ကြောင်း၊ အထောက်အထား ကို တရားရုံးတော်မှာ သက်သေခံ အဖြစ် တင်ပြခွင့် လျှောက်ရာမှာ တရားရုံးက လက်ခံခဲ့ပါတယ်။


ပီနန်ဆရာတော်ကြီး က စာနှစ်စောင်ပေးပို့ ရာမှာ၊ တစောင်က နိုင်ငံတော် သမ္မတဆီ ဖြစ်ပြီး၊ နောက်တစောင်က သံဃာ့မဟာနာယက ဆီ ပေးပို့ခဲ့တာပါ။ သမ္မတ ဆီ ပေးပို့တဲ့ စာမှာ အခုလို နှစ်ဖက် အငြင်းပွားနေတဲ့ ကိစ္စမှာ၊ အရင် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် က လွှဲခဲ့တဲ့ အတွက်၊ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ရဲ့ ကိုယ်စား၊ လက်ရှိ အစိုးရ က တာဝန်ရှိလို့ ဥပဒေခုံရုံး အဖြစ် မျှမျှတတ စစ်ဆေးပေးပါရန်၊ မေတ္တာရပ်ခံစာ ဖြစ်ကြောင်း၊ ဆရာတော် ဦးဥတ္တရ က ဘီဘီစီ ကို မိန့်ပါတယ်။


နိုင်ငံတော် သံဃာ့မဟာနယက အဖွဲ့ဆီ၊ ပီနန်ဆရာတော်ကြီး ပေးစာ ကို တရားရုံးတော် က လက်ခံခြင်းက သက်သေခံ အဖြစ် သဘောထားတဲ့ အကြောင်း၊ ကြားနာ စစ်ဆေးမှု ကို လာမဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ တာမွေ တရားရုံးမှာ စစ်ဆေး ဖို့ မနေ့ က၊ အမိန့်ချလိုက်ပါတယ်။


အမှုသွား အမှုလာ အရ၊ ဘုန်းကြီးတွေ ကို မတရား ဖမ်းဆီး ချုပ်နှောင်ခြင်း အပေါ်မှာလည်း၊ အမှုမှန် စစ်ဆေးခွင့် ရတဲ့ သဘောရှိပုံလည်း ဆရာတော် က မိန့်ပါတယ်။ တရားသူကြီး အနေနဲ့ အပြစ်ရှိမရှိ၊ ဆုံးဖြတ်နိုင်သလို အပြစ်မရှိကြောင်း ကိုလည်း၊ လျှောက်လဲ ပိုင်ခွင့် ရှိခြင်းဟာ အကျိုးရလဒ် ဖြစ်ကြောင်း လည်း ဆရာတော် က မိန့်ပါတယ်။


သံဃာ့မဟာနာယက ကို ဆရာတော် ဘက် က ပြန်လှန်တရားစွဲတဲ့ ဦးတိုက်လျှောက်လွှာ ကို မြို့နယ်တရားရုံး သုံးရုံး က လက်မခံတဲ့ အတွက်၊ မြန်မာတနိုင်ငံလုံး က တရားရုံးတော် တွေ က လက်မခံရင်၊ ယူကေ နိုင်ငံ မှ တဆင့်၊ နိုင်ငံတကာ ဥပဒေ နဲ့ အညီ တရားစွဲဖို့ အစီအစဉ် ရှိကြောင်း ဆရာတော် ဦးဥတ္တရ က ဘီဘီစီ ကို မိန့်ပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

Ooredoo ၏ အင်တာနက် အသုံးပြုခကို 1MB လျှင် ၂၅ ကျပ်မှ ၁၀ ကျပ်သို့ လျှော့ချ

 
အင်တာနက် အသုံးပြုရာတွင် ဈေးနှုန်းကြီးမြင့်သည်ဟု ဝေဖန်ခြင်း ခံနေရသည့် Ooredoo သည် ၎င်းတို့၏ မိုဘိုင်းဖုန်းလိုင်းမှ အင်တာနက် အသုံးပြုခကို 1MB လျှင် ၁၀ ကျပ်သို့ စတင်လျှော့ချ ပေးလိုက်ပြီ ဖြစ်ကြောင်း ကုမ္ပဏီမှ CEO ဖြစ်သူ Mr. Ross Cormack က ယနေ့ ပြောကြား လိုက်သည်။

ယခင်က Ooredoo သည် ၎င်းတို့၏ အင်တာနက်အသုံပြုခကို 1MB လျှင် ၂၅ ကျပ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုသူများ၏ ဝေဖန် အကြံပြု ချက်အရ 1MB လျှင် ၁၀ ကျပ်အဖြစ်သို့ သြဂုတ်လ ၃၁ ရက်တွင် စတင်ပြောင်းလဲ ကောက်ခံသွားမည်ဟု Mr. Ross Cormack က ဆိုသည်။ Ooredoo သည် ၎င်း၏ ပုံမှန် အင်တာနက်အသုံးပြုခကို 1MB လျှင် ၁၀ အဖြစ်သို့ လျှော့ချပေးခဲ့သော်လည်း ယခင် သတ်မှတ် ထားသည့် နေ့စဉ် ၊ အပတ်စဉ်၊ လစဉ် အင်တာနက် Data Plan များကို ပြင်ဆင် သတ်မှတ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ Data Plan အရ တစ်လအတွင်း အသုံးပြုသည့် 1GB ကို ၁၂,၀၀၀ ကျပ် ကောက်ခံထားသည်။ ပုံမှန်အားဖြင့် 1MB လျှင် ၁၀ ကျပ်ဖြင့် အသုံးပြုပါက 1GB လျှင် ၁၀,၂၄၀ ကျပ်သာ ကျသင့်မည် ဖြစ်သည့်အတွက် Data Plan များမှာ ဈေးနှုန်းပိုမို မြင့်မားနေမည် ဖြစ်သည်။


Ooredoo ၏အဆိုအရ ၎င်းတို့၏ Data Plan သည် ပရိုမိုးရှင်းများ ထပ်မံပါဝင်သည့်အတွက် အသုံးပြုရန် 
သင့်လျော် သည့် အနေအထားဖြစ်သည်ဟု သိရသည်။ Ooredoo ၏ ကွန်ရက်သည် လက်ရှိအချိန်၌ လူဦးရေ ၉ မီလီယံ ကို လွှမ်းခြုံထားကြောင်း၊ အသုံးပြုသူ လူဦးရေ ၁ မီလီယံကျော်ကို ပိုင်ဆိုင်ထားပြီဖြစ်သည့် Ooredoo သည် လာမည့် နှစ်ပတ်အကြာ ကာလအတွင်း လူဦးရေ ၁၂.၃ မီလီယံကို ကွန်ရက် လွှမ်းခြုံပေး မည် ဖြစ်ကြောင်း Mr. Ross Cormack က ပြောသည်။ ထို့အပြင် ရန်ကုန်မြို့၌ ကွန်ရက်ကောင်းမွန်ခြင်း မရှိသေးသည်ကိုလည်း ၎င်းတို့ အနေဖြင့် သိရှိထားကြောင်း ပြောဆိုခဲ့သည်။
Internet Journal

သင့်ကိုယ်သင်ဆင်းရဲနေပြီလို့ ထင်နေပြီလား


သင့်ကိုယ်သင်ဆင်းရဲနေပြီလို့ ထင်နေပြီလား
==============================

တကယ်လို့ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေကလဲ အဆင်သင့်၊၀တ်စရာ အ၀တ်အထည်တွေကလဲ အဆင်သင့်၊ပြန်ပြီး အိပ်စရာ အိမ်ကလဲအဆင်သင့် ရှိနေတယ်ဆိုရင်
သင်ဟာ ကမ္ဘာ့လူဦးရေ ၇၅ ရာခိုင်နှုန်းထက်ချမ်းသာ ပါတယ်။ကမ္ဘာ့လူဦးရေ ၇၅ ရာခိုင်နှုန်းဟာ သင့်လောက် မချမ်းသာလို့ပါ။

တကယ်လို့ သင့်ပိုက်ဆံအိတ်ထဲမှာ ငွေအချို့ရှိတယ်။ရှိတဲ့ငွေနဲ့ သင်သွားလိုရာသွားနိုင်တယ်ဆိုရင် သင်ဟာ ၁၈ ရာခိုင်နှုန်းသော ကမ္ဘာ့လူချမ်းသာတွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်နေပါပြီ။

သင်ဒီနေ့ နေမကောင်းမဖြစ်ပဲ ကျန်းကျန်းမာမာ အသက်ရှင်နေတယ်ဆိုရင် သင်ဟာ လူတစ်သန်းထက်ပိုကံကောင်းပါတယ်။ကမ္ဘာပေါ်မှာ တစ်ပတ်လျှင်လူတစ်သန်းလောက် ရောဂါတွေကြောင့်သေဆုံးနေရပါတယ်။

တကယ်လို့ သင်ဒီစာကိုဖတ်ပြီး၊စာကိုနားလည်တယ်ဆိုရင် သင်ကလူသန်းသုံးထောင်ထက်ပိုပြီး ကံကောင်းပါတယ်။ကမ္ဘာပေါ်က လူသန်းသုံးထောင်လောက်က မျက်စိမမြင်နိုင်၊စာမဖတ်နိုင်၊စိတ်ဝေဒနာ ခံစားနေရပါတယ်တဲ့။

တကယ်တော့ ဘ၀ဆိုတာ နာကျင်မှုတွေကို ညည်းညူနေရုံမျှမဟုတ်ပါဘူး။
တကယ်တော့ နေတတ်ရင်ကျေနပ်စရာပါပဲဗျာ။

 
Credit to Original Writer

နေပြည်တော်မှာ WCDMA ကတ်တွေငွေကျပ်၁၅၀၀နဲ့စရောင်းနေ



“နေပြည်တော်မှာWCDMA ကတ်တွေငွေကျပ်၁၅၀၀နဲ့စရောင်းနေ”
 
MPT မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ WCDMA SIM ကတ်တွေကို ၁၅၀၀ကျပ်နဲ့နေပြည်တော်ရှိဖုန်းအရောင်းဆိုင်တချို့မှာစတင်ရောင်းချပေးနေရာလူထုအများစုတန်းစီ
ဝယ်ယူနေတာကြပါတယ်။နံနက်ကိုးနာရီခွဲခန့်ကစတင်ရောင်းချပေးနေတာဖြစ်ပြီးမှတ်ပုံတင်တစ်ခုကိုSIM ကတ်တကတ်ဝယ်ယူခွင့်ရပါတယ်။ယနေ့ရောင်းချပေးတာက WCDMA ကတ်တွေဖြစ်ပြီးGSMကတ်တွေတော့ရောင်းချပေးခြင်းမရှိသေးပါဘူး။

ဆိုင်အများစုကတော့ရောင်းချပေးနိုင်ခြင်းမရှိကြသေးဘဲ Elite Asia Mega link | တာမိုးညဲချမ်းသာ စတဲ့distributor တွေနဲ့ချိတ်ဆက်ထားတဲ့အရောင်းဆိုင်တွေ မှာစတင်ရောင်းချလျှက်ရှိတယ်လို့သိရပါတယ်။


Author - မိုးမိုး
  
Kumudra

ရိုမေးနီးယား ရုပ်ရှင်ပွဲတော်မှာ မြန်မာဇာတ်ကား အထူးဆုရရှိ

 
မြန်မာလူငယ်ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူးတဲ့ The Monk (ရဟန်း) ဆိုတဲ့  ဇာတ်လမ်းရုပ်ရှင်ဟာ ရိုမေးနီးယားနိုင်ငံ ရုပ်ရှင်ပွဲတော်မှာ အထူးဆု ဆွတ်ခူးသွားပါတယ်။
ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့မှာကျင်းပတဲ့  ၁၁ ကြိမ်မြောက် anonimul International Independence Film Festival အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ  Premiere Special အထူးဆု ရရှိတာပါ။


မြန်မာ့ကျေးလက်က ကိုရင်ငယ်ဘ၀ကနေ အရွယ်ရောက်လာတဲ့ ရဟန်းတစ်ပါးကို ဇာတ်အိမ်တည် ထားတဲ့ အဲဒီဇာတ်ကားဟာ ပြသချိန်  ၉၄ မိနစ်ရှိပြီး   တောင်ကိုရီးယားနိုင်ငံမှာ ဒီနှစ် အောက်တိုဘာ ၂ ရက်နေ့ကနေ  ၁၁ ရက်နေ့အထိကျင်းပမယ့်  ၁၉ ကြိမ်မြောက် ဘူဆန်ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ လည်း ရွေးချယ်ခံထားရပါတယ်။


A Window on Asian Cinema  အာရှရုပ်ရှင်ပြတင်းဆိုတဲ့ အစီအစဉ်မှာ ပြသမှာဖြစ်ပြီး ဒီကဏ္ဍဟာ အရည်အချင်းရှိ ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ ရုပ်ရှင်ကားသစ်တွေကို အဓိကရွေးချယ်ပြသတာ ဖြစ်ပါတယ်။
 
 
Rfa