10 Sept 2014

ခေါင်းတလားထဲ တရားမှတ်ရင်း ပျံလွန်တော်မူမယ့် ဆရာတော်


 
ထိုင်းနိုင်ငံမှာ ဟိုးလေး တကြော်ဖြစ်နေတဲ့ သတင်းတပုဒ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက နာမည်ကြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တပါးရဲ့ စိတ်ဝင်စားဖွယ် ကိစ္စပါ။


သက်တော် ၆၅ နှစ်ရှိပြီ ဖြစ်တဲ့ ဘုန်းတော်ကြီး Luang Pu Pim လို့ ကျော်ကြားတဲ့ ဆရာတော် Phra Khru Weruwan Chantarungsi ဟာ စက်တင်ဘာလ ၉ ရက်နေ့ အင်္ဂါနေ့ညမှာ အသက်ရှုပေါက်ဖောက်ထား တဲ့ ခေါင်း တလားထဲ ၀င်ကာ တရား ရှု မှတ်ပွားများရင်း ဘ၀နတ်ထံ ပျံလွန်တော်မူမယ်လို့ သူ့နောက်လိုက် ရဟန်း တော်များနဲ့ သာဝကတွေ ကို အမိန့် ရှိထားပါတယ်။ 


အခု ကြာသပတေးနေ့ နေ့လယ်ပိုင်း ကျရင် ခေါင်းတလားထဲ တရားရှုမှတ်ပွားများရင်း သူ သေဆုံးမှု ရှိ၊ မရှိ ကို တပည့်သာဝကတွေက စစ်ဆေးကြဖို့လည်း မိန့်မှာထားတယ်လို့ ဆိုပါတယ်။ 


သေဆုံး ဖို့ ခေါင်းတလားကို ကျောင်းဝန်းက ကွက်လပ်တခုမှာ ထားပေးဖို့လည်း မိန့်တော်မူပါတယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ရေးထားပါတယ်။ 


 ဒီသတင်းကြောင့် ဆရာတော် Luang Pu Pim ကို လေးစားကြည်ညိုကြတဲ့ တပည့် ဒကာ၊ ဒကာမတွေ လည်း အင်္ဂါနေ့မနက်ကတည်းက လက်ရှိဆရာတော်သတင်းသုံးတဲ့ ဘုန်းကြီးကျောင်းမှာ လာရောက် ခဲ့ကြတယ်။ 


ပြီးတော့ ဆရာတော်ကို လာရောက်ဖူးမျှော်သူတွေက တဦးချင်းစီ နောက်ဆုံး ရှိခိုးကန်တော့ကြပါတယ်။ လာရောက်ဖူးမျှော်သူတော်တော်များများကလည်း ကြာသပတေးနေ့ နေ့လယ်ထိ ဘုန်းတော်ကြီးကျောင်း မှာပဲ ဆရာတော်ရဲ့ ပျံလွန်တော်မှုမယ့် ကိစ္စကို စောင့်စားကြည့်ရှုဖို့ အစီအစဉ်တွေ ရှိကြတယ်လို့ သိရပါ တယ်။ 


ဆရာတော်ထံကလည်း အင်္ဂါနေ့ နေ့လယ်ပိုင်းထိ သူ့ရဲ့ နောက်ဆုံးတရားဒေသနာတွေကို ဟောပြောခဲ့ပါ တယ်။ အဲဒီနေ့က ဆရာတော်ဟာ အထူးသဖြင့်တော့ တောတောင်ထဲမှာ ဘ၀နဲ့ပတ်သက်ပြီး ဘယ်လို ကျင့်ကြံတဲ့ ကိစ္စ ကို အများဆုံး ဟောပြောခဲ့ပြီး လူဆိုတာ သေမျိုးဖြစ်တာကြောင့် ဘ၀ရဲ့ အနှစ်သာရ ဟာ ဘာတွေဆို တာကို ဟောပြာခဲ့တယ်လို့ဆိုပါတယ်။ 


 ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာတော်က ဒါဟာ မိမိကိုယ်မိမိသေကြောင်းကြံတဲ့ ကိစ္စမဟုတ်ကြောင်း၊ သူ့အနေ နဲ့ သေဖို့ အချိန်ကျရောက်နေခဲ့ပြီဖြစ်တယ်လို့ မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။ 


ဆရာတော်က တပည့်သာဝကတွေကို မှာကြားတာကလည်း သတိ တရား လက်ကိုင်ထားဖို့နဲ့ ပညာဥာဏ် ဆိုက်အောင် ကြိုးစားကြဖို့လည်း မှာကြားတယ်လို့ သိရပါတယ်။ 


ဒါနဲ့ပဲ အင်္ဂါနေ့ ညနေ ၆ နာရီက ဆရာတော် Luang Pu Pim ရဲ့ ကျောင်းဆောင်ထဲက ခေါင်းတလားကို အပြင်ကို ထုတ်ယူလာခဲ့ကြပါတယ်။ လာရောက်ဖူးမျှော်ကြသူ ဒကာ ဒကာမတွေကိုလည်း ထိုင်းစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ပြန်ကြဖို့ ဆရာတော်ရဲ့ တပည့်သာဝကတွေက ပြောဆိုကြတယ်လို့ ဆိုတယ်။ 

 
ဘုန်းကြီးကျောင်း ဂေါပကတွေက ပြောတာမှာတော့ ဆရာတော်ဟာ ည ၉ နာရီလောက်က ကျောင်းပြင်မှာ ထားတဲ့ ခေါင်းတလားထဲကို ၀င်ပြီးလဲလျောင်းလိုက်တယ်လို့ ဆိုပါတယ်။ 


ဆရာတော်အနေနဲ့ တရားရှုမှတ်ပွားများနိုင်ဖို့ လေပေါက်ဖောက်ထားတဲ့ ခေါင်းတလားထဲ ၀င်ရောက်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းမှာ အခြားအတည်ပြုချက်တော့မရဘူးလို့ ရေးထားပါတယ်။ 


ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက်ရောက်တော့လည်း ဆရာတော်ကို လာရောက်ဖူးမျှော်လိုသူတွေ၊ စူးစမ်းလိုသူတွေ နဲ့ ဘုန်းကြီးကျောင်းမှာ စည်ကားနေပါတယ်တဲ့။ တော်တော်များများကလည်း ပြန်သွားကြပြီး ကြာသပတေး နေ့ ကျရင် လာကြည့်မယ်လို့ ဆိုသူတွေလည်းရှိပါတယ်တဲ့။ 


ဆရာတော် Luang Pu Pim ရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး အငြင်းအခုန်တွေလည်းဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။ ဒါကတော့ ဒီလိုလုပ်ရပ်ဟာ ဗုဒ္ဓ ကျမ်းဂန်၊ ဗုဒ္ဓအဆုံးအမနဲ့ မလျော်ညီ ဘူးလို့ ဝေဖန်သူတွေလည်း ရှိပါတယ် တဲ့။ 


ဒီကိစ္စကို ဆရာတော်ရဲ့ တပည့်သာဝကတွေကတော့ ပယ်ချတယ်လို့ ဆိုပါတယ်။ 


ဆရာတော်ဟာ နှစ်ပေါင်းများစွာ တရားကျင့်ကြံနေခဲ့တာဖြစ်ပြီး တပည့်သာဝကတွေကလည်း ဆရာတော် ကို အလွန်ယုံကြည်ပြီး ကြည်ညိုလေးစားကြပါတယ်။ 


ဆရာတော်ရဲ့ သမီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် Chanakarn Srisombat က ပြောတာမှာတော့ သူတို့ မိသားစုဟာ ဖခင်ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၁၀ ကျော်ကတည်းက ပြင်ဆင်ခဲ့ဖူးတယ်လို့ ဆိုထား ပါတယ်။ 


အဲဒီတုန်းက ဆရာတော်ဟာ ဘုန်းကြီးကျောင်းနားက ဂူ တခုထဲမှာ ဖျားနားခဲ့ပြီး တကြိမ် သေဆုံးခဲ့ဖူးကာ ထူးထူးဆန်းဆန်း အသက်ပြန်ရှင်ခဲ့တာဖြစ်တယ်လို့ ဆရာတော်ရဲ့ သမီးဖြစ်သူကပြောပါတယ်။ 
အဲဒီတုန်းက သူ့အနေနဲ့ Weruwan ဘုန်းကြီးကျောင်းဆောက်လုပ်ကာသာသနာ ပြုဖို့ အသက်ပြန်ရှင်ခဲ့တာ လို့ ဖခင်ဖြစ်သူက ပြောခဲ့တဲ့အကြောင်း၊ အခုတဖန် ဆရာတော်ရဲ့ မွေးနေ့ဖြစ်တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ လ ၉ ရက်နေ့မှာ တဖန် ပြန်လည် သေဆုံးရမှာဖြစ်တယ်ဆိုတာလည်း ဖခင်ဖြစ်သူက မှာကြားခဲ့တယ်လို့ သမီးဖြစ်သူက ဆိုထားပါတယ်။ 


ဧရာဝတီ

တန်ဖိုးရှိတဲ့ အချိန်တွေကို မကုန်လွန်ပါစေနဲ့

www.stunningmesh.com
 
အလံတိုင်ရဲ့ထိပ်မှာ ပုစဉ်းတစ်ကောင် နားနေတာကို ပိတုန်း တစ်ကောင်က မကျေမနပ်နဲ့ နေရာလုပါ တယ်။ ပိတုန်းရဲ့ ကိုယ်လုံးက ပုစဉ်းထက်စာရင် ကြီးတော့ ကိုယ်လုံးနဲ့ ၀င်တိုက်လိုက်ရင် ပုစဉ်း လွင့်ထွက် သွားလိမ့်မယ်လို့ ပိတုန်းက ထင်ပုံရပါ တယ်။ ဒါပေမယ့် ပိတုန်း ဘာလုပ်လုပ် ပုစဉ်းက ခန္ဓာကိုယ်ကို ထောင်ပြီး အလံတိုင်ထိပ်က သံကွင်း ကလေးကို သူ့ခြေတွေနဲ့ ဖက်တွယ်ထားတော့ ပိတုန်းလည်း ပုစဉ်းကို အလံတိုင်ထိပ်က ရွေ့သွား အောင် ဘယ်လိုမှ တွန်းထုတ်လို့ မရဘူးဖြစ်နေ ပါတယ်။ အဲဒါနဲ့ ပိတုန်းက အခြားတစ်နေရာကို ပျံသွားပြီး အလံတိုင်ထိပ်ကပုစဉ်း ထွက်သွားတဲ့ အချိန်ကိုစောင့်ပါတယ်။ ခဏနေတော့ ပုစဉ်းက နားနေရတာလည်း ကြာပြီ၊ အနားမှာလည်း ပိတုန်းကို မတွေ့တာနဲ့ အနီးအနားကို ထပျံပါတယ်။ အဲဒီမှာ ပိတုန်းက ချောင်းနေတဲ့ နေရာက ထွက်လာပြီး အလံတိုင်ထိပ်ကို တန်းတန်းမတ်မတ် အမြန်ဆုံး ပျံလာပါတယ်။ ဒါပေမယ့် ပုစဉ်းက ပိတုန်းမရောက်ခင် အလံတိုင်ထိပ်ကို ပြန်ဦးထားပြီး အရင်တုန်းကလိုပဲ ခန္ဓာကိုယ်ကိုထောင်၊ ခြေတွေနဲ့ အလံတိုင် ထိပ်က သံကွင်းကလေးကို တွယ်ထားပြန်ပါတယ်။ ပိတုန်းလည်း ပုစဉ်းကို လှည့်ပတ် တွန်းတိုက်ပြီး ဘာမှ မတတ်နိုင်တာနဲ့ လက်လျှော့ပြီး ထွက်သွားပါတော့တယ်။
 

အလံတိုင်ထိပ်နေရာကို ဘာဖြစ်လို့ ပုစဉ်းနဲ့ ပိတုန်း လုနေကြသလဲ မသိပါဘူး။ အလံတိုင်ထိပ်ထက် မြင့်တဲ့ သစ်ကိုင်းလို၊ သစ်ပင်ထိပ်ဖျားလို အခြားနေရာတွေလည်း အများကြီးပါပဲ။ ဒါပေမယ့် ရက်အတော်ကြာတဲ့ အထိ ပုစဉ်းက အလံတိုင်ထိပ်မှာ ရှိနေတုန်းပဲ၊ အခြားကို ခဏတစ်ဖြုတ် ပျံသွားတဲ့အခါ ရှိပေမယ့် မကြာခင် ပြန်လာ တယ်။ ပိတုန်းကလည်း မကြာမကြာလာပြီး ပုစဉ်းကို လှည့်ပတ် ရန်ရှာတယ်။
 

အလုပ်ထဲမှာ ရာထူးနေရာ၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ နာမည်ကောင်း စတာတွေနဲ့ ပတ်သက်ပြီး ဦးထားတဲ့သူက ဦးထား၊ ၀င်လုတဲ့သူက ၀င်လု လုပ်နေကြတာကို တွေ့တဲ့အခါ ပုစဉ်းနဲ့ပိတုန်း ဖြစ်ပျက်နေပုံနဲ့ တူတယ်လို့ တွေးမိ ပါတယ်။ နှစ်ဖက်စလုံး သိပ်ပြီးမသက်သာ လှပါဘူး။ မလုပ်ချင်တာ တွေကို ရက်လနှစ်တွေအကြာကြီး လုပ်နေကြ ရသလို လုပ်ချင်တာတွေကို လည်း ကာလကြာမြင့်စွာ မလုပ်နိုင်ဘဲရွှေ့ဆိုင်း ထားကြရပါတယ်။ ကျယ် ပြောတဲ့ ကောင်းကင်ပြာကြီးထဲမှာ တိမ်တွေ အဖြူရောင် မီးခိုးရောင် စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့ လွင့်မျောသွားကြတာတွေ၊ မြေပြင်ပေါ်မှာ ဖြူနီဝါညို အရောင်အမျိုးမျိုးရှိတဲ့ ပန်းတွေ ဖူးပွင့်နေကြတာတွေ၊ လေပြေ လေညှင်းကလေး တိုက်လာ လိုက်၊ ခပ်ကြမ်းကြမ်း လေကြမ်းတိုက်လာ လိုက် ဖြစ်နေချိန်မှာ ငှက်ကလေးတွေ တစ်ကျီကျီနဲ့ ဟိုဟိုသည်သည် ပျံသန်း သွားနေတာတွေကို မတွေ့မြင်မခံစားနိုင်တော့ဘဲ အလံတိုင်ထိပ် ဆိုတဲ့ နေရာကလေး တစ်ခုထဲကို သဲသဲမဲမဲ ဂရုပြု အာရုံစိုက်နေတာကို သူတို့အစား ဘေးနားက မြင်ရတဲ့သူတွေ စိတ်မောစရာ ဖြစ်ပါတယ်။
 

ဒါပေမဲ့ ပုစဉ်းနဲ့ ပိတုန်းတို့ဟာ အလံတိုင်ထိပ်ကို လုဖို့အတွက် မလုပ်ချင်တာတွေကို လုပ်နေကြရတယ်၊ လုပ်ချင် တာတွေကိုကျတော့ မလုပ်နိုင်ဘဲ ရွှေ့ဆိုင်းထားကြရတယ်၊ ကောင်းကင်ပြာကြီး၊ တိမ်ရောင်စုံ၊ အရောင်အသွေး စုံတဲ့ ပန်းအမျိုးမျိုး၊ လေပြေလေညှင်းနဲ့ လေကြမ်း၊ ငှက်ကလေးတွေ စသည်ဖြင့် ပတ်ဝန်းကျင်ရဲ့ သာယာမှုတွေ ကိုလည်း မခံစားနိုင်ကြဘူးလို့ထင်မြင်တာဟာ တကယ်ရောအမှန်တရားနဲ့ နီးစပ်ရဲ့ လား။ အလံတိုင်ထိပ်ကို လုနေတာဟာ ပုစဉ်းနဲ့ ပိတုန်းရဲ့ စိတ်အစဉ်မှာ တကယ့်အနှစ်သာရ ဘ၀အဓိပ်္ပာယ်နဲ့ ပြည့်ဝတဲ့တိုက်ပွဲကြီးကို ဆင်နွှဲနေ တာလား စဉ်းစားစရာ ရှိပါတယ်။
 

ရာထူးနေရာ၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ နာမည်ကောင်းတွေကို အသိစိတ်ထဲမှာ တကယ့်အနှစ်သာရ ဘ၀အဓိပ်္ပာယ်လို့ ထုတ်ဖော်ယူဆ ထားတာမျိုးမရှိပေမယ့် လက်တွေ့လုပ်ရပ်တွေက အဲဒီအတိုင်း ယူဆထား သလိုမျိုး ဖြစ်နေတတ်ပါ တယ်။ အထူးသဖြင့် ရာထူးနေရာ၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ နာမည်ကောင်းရှိသူတွေကို လူတော်တွေ၊ ရာထူးနေရာ၊ လုပ်ပိုင် ခွင့်၊ ခံစားခွင့်၊ နာမည်ကောင်းမရှိသူတွေကို လူညံ့တွေလို့ သတ်မှတ်တဲ့ ပတ်ဝန်းကျင်မှာ မွေးဖွားကြီးပြင်း လာသူတွေအဖို့ပတ်ဝန်းကျင်ရဲ့ အယူအဆတွေကို အလိုအလျောက် လက်ခံမိပြီး ဘယ်သူတွေအတွက် ဘယ်နေ ရာ ဘယ်အချိန်တွေမှာ ဘယ်လောက် အတိုင်းအတာ အထိဆိုရင် မှန်တယ်၊ ဘယ်သူတွေအတွက်၊ ဘယ်နေရာ ဘယ်အချိန်တွေမှာ ဘယ်လောက် အတိုင်းအတာထက် ကျော်လွန်မယ်ဆိုရင်တော့ မမှန်တော့ဘူး စသည်ဖြင့် မစိစစ်မိတော့ဘဲ လူပုဂ်္ဂိုလ် အချိန်နေရာမရွေး ဘယ်လောက် အတိုင်းအတာ အထိဖြစ်ဖြစ် အားလုံးအတွက် လုံးဝ 
ဥဿုံ မှန်ကန်တဲ့ အမှန်တရား အနေနဲ့ လက်ခံမိတတ်ပါတယ်။ တကယ်တော့ လူမှုလောကထဲက အမှန် တရားတွေ ဆိုတာ များသောအားဖြင့် လူပုဂ်္ဂိုလ် အချိန်နေရာ ရွေးပါတယ်၊ ဘယ်လောက် အတိုင်းအတာအထိပဲ မှန်တယ်ဆိုတဲ့ အကန့်အသတ်တွေ လည်း ကျိန်းသေပေါက် ရှိပါတယ်။ အဲဒီလိုမျိုး သူ့နေရာနဲ့သူမှ မှန်ကန်တဲ့ အမှန်တရားတွေကို အားလုံးအတွက် လုံးဝဥဿုံမှန်ကန်တဲ့ အမှန်တရား တွေလို့မှားယွင်းပြီး ယုံကြည်လက်ခံ မိနေတာမျိုး၊ အသိမဲ့ ကျင့်သုံး မိနေတာမျိုး မဖြစ်ဖို့ လိုပါတယ်။


ပုစဉ်းနဲ့ ပိတုန်းလို အချင်းချင်းရန်လုပ်ပြီး အလံတိုင်ထိပ် နေရာ ကလေးကိုလုရင်း တန်ဖိုးရှိတဲ့ အချိန်တွေကို မကုန်လွန်စေဘဲ အလိုရှိသလောက် အလံတိုင်တွေ စိုက်ထူနိုင်တဲ့ အောင်မြင်သူ လူသားအဖြစ်ကို ရရှိအောင် ကြိုးစားကြဖို့ ဖြစ်ပါတယ်။


ဆရာသုတ
JOB Seeker Journal



မလေးရှားနိုင်ငံမှ နာမည်အကြီးဆုံး Proton ကားထုတ်လုပ်သည့် ကုမ္ပဏီ မြန်မာနိုင်ငံ၌ အရောင်းပြခန်း ဖွင့်လှစ်ရန် စီစဉ်


ရန်ကုန် ၊ ၁၀-၉-၂၀၁၄
မလေးရှား နိုင်ငံမှ နာမည် အကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်သည့် Proton ကုမ္ပဏီသည် ရန်ကုန်မြို့ နှင့် မန္တလေး မြို့ကြီးများ၌ Proton ယာဉ်များ သီးသန့် ရောင်းချမည့် Proton ယာဉ် အရောင်း ပြခန်းကို ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


" Proton ကားက မလေးရှား နိုင်ငံရဲ့ ပြည်တွင်းဖြစ် ထုတ်လုပ်တဲ့ ကားကောင်း တွေပါ ၊ ကားတွေရဲ့ ဈေးနှုန်းကလည်း ဂျပန်ကား တွေရဲ့ ဈေးနှုန်းထက် အများကြီး သက်သာ ပါတယ် ၊ မလေးရှား နိုင်ငံထုတ် Proton ကားတွေကို မြန်မာ ပြည်သူတွေ ကြိုက်ကြမယ် လို့ ထင်ပါတယ် ၊ ဒါကြောင့် မြန်မာနိုင်ငံ အတွင်းမှာ Proton ကားတွေကို ရောင်းချဖို့ ရည်ရွယ်ပြီး Proton ယာဉ် အရောင်းပြခန်း တွေ ဖွင့်လှစ်ဖို့ စီစဉ် ထားတာပါ .. " ဟု ၄င်းက ပြောသည်။


Proton ကားကုမ္ပဏီ သည် မြန်မာနိုင်ငံ ၌ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် Proton ယာဉ် အရောင်း ပြခန်းများ ဖွင့်လှစ်ရန် စီစဉ် ထားပြီး ၂၀၀၉ ခုနှစ် မော်ဒယ်လ် အထက် ကားများကိုသာ တင်သွင်း ရောင်းချ သွားမည် ဖြစ်ကြောင်းလည်း သိရသည်။


အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံ ၌ Proton ယာဉ် အပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံကိုလည်း တည်ဆောက် သွားရန် စီစဉ်ထားကြောင်း သိရသည်။ Proton ယာဉ် အရောင်းပြခန်း ဖွင့်လှစ်သည့် အခါတွင် Proton Four Wheel ယာဉ်များထက် Proton ဆလွန်း များကိုသာ အဓိက ရောင်းချ သွားမည် ဖြစ်သည်။ Proton ကား အများစုသည် ဓာတ်ဆီကား အမျိုးအစားများ ဖြစ်ပြီး ဒီဇယ်ကား နည်းကြောင်း သိရသည်။


မလေးရှား နိုင်ငံ၌ ယင်းနိုင်ငံထုတ် Proton ကားများအား အသုံးပြုမှု များပြား၍ အစီးရေ သိန်းနှင့်ချီ၍ ရောင်းချ ရကြောင်း သိရှိရသည်။


မင်းသော်တာလွင်

#Themyawadydaily