12 Sept 2014

ကမ္ဘာ့ပထမဆုံးနေစွမ်းအင်သုံးလေယာဉ် မြန်မာ့လေပိုင်နက် အတွင်း ဝင်ရောက်ရပ်နားမည်


ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံးလေယာဉ် ကမ္ဘာပတ်မည့်အစီ အစဉ်တွင် မြန်မာ့လေပိုင်နက်အတွင်း ဝင် ရောက်ပျံသန်း ရပ်နားခွင့်ကို သမ္မတဦးသိန်းစိန် က ခွင့်ပြုလိုက်ကြောင်း သိရသည်။


စက်တင်ဘာ ၅ ရက်က ပြုလုပ်သော သမ္မတဦးသိန်းစိန်နှင့် ဆွစ်ဇာလန်သမ္မတ Burkhalter တို့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် ဆွစ်ဇာလန်နိုင်ငံ၌ တွေ့ဆုံစဉ် ဆွစ်ဇာလန် သမ္မတ၏ တောင်းဆိုမှုအား သမ္မတဦးသိန်းစိန် က ခွင့်ပြုလိုက်ခြင်းဖြစ်သည်။


''မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ် ကထက်စာရင် နိုင်ငံရေးပွင့်လင်းလာမှုက တိုး တက်လာနေပြီ။ ခုတွေ့ဆုံပွဲကစပြီး နောက် ပိုင်း ပုံမှန်တွေ့ဆုံမှုတွေ လုပ်ဖို့ရှိသလို နောက် လာမယ့်အချိန်မှာပဲ Solar Impluse လေ ယာဉ်ဟာ မန္တလေးလေဆိပ်ကို ဆင်းသက်ဖို့ ရှိပါတယ်'' ဟု အဆိုပါတွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။


အဆိုပါပြောကြားချက်ကို သမ္မတဦးသိန်း စိန်ကခွင့်ပြုခဲ့ပြီး လာမည့် ၂ဝ၁၅ ခုနှစ် မတ်လ အတွင်း မြန်မာနိုင်ငံရှိ မန္တလေးလေဆိပ်သို့ ဆင်းသက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။


ဆွစ်ဇာလန်ရှိ ကမ္ဘာ့ပထမဆုံး လောင် စာမလိုဘဲ ပျံသန်းနိုင်သည့် နေစွမ်းအင်သုံး လေယာဉှ်Solar Impluse 2 အား ၁၂ နှစ် ကြာ စမ်းသပ်တီထွင်ပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံတကာလေပိုင်နက်အတွင်း ဖြတ်
သန်းကာ ကမ္ဘာပတ်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါလေယာဉ်အား ၂ဝ၁၄ ဇွန် ၂ ရက် တွင် ဆွစ်ဇာလန်နိုင်ငံအတွင်း စမ်းသပ်မောင်း နှင်ခဲ့ပြီး အဆိုပါ စမ်းသပ်မောင်းနှင်မှုမှာ ကမ္ဘာ့ ပထမဆုံး လောင်စာအသုံးမပြုဘဲ နေစွမ်းအင် ဖြင့်သာ ကမ္ဘာတစ်ပတ် စမ်းသပ်မောင်းနှင် မည့် အကြိုမောင်းနှင်မှုတစ်ရပ်သာဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြပါရှိသည်။

အဆိုပါ လေထုညစ်ညမ်းမှုကို ကာကွယ် နိုင်မည့် နေစွမ်းအင်သုံးလေယာဉ်မှာ လက်ရှိ ကမ္ဘာ့အကြီးဆုံး ဘိုးရင်း ၇၄၇ ထက် ပိုမိုကြီး မားကာ အလေးချိန်မှာ ကားတစ်စီးထက် ပိုမို ပေါ့ပါးကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် မတ်လအတွင်း ကမ္ဘာပတ် မည့်ခရီးစဉ် စတင်မည်ဖြစ်ကာ အာရေဗျပင် လယ်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ် လေပိုင်နက် များအတွင်း ဖြတ်သန်းမောင်းနှင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ မန္တလေးလေဆိပ်တွင် ခေတ္တ ရပ်နားမည်ဖြစ်ကြောင်း သိရသည်။
 
 
 ရန်ကုန်တိုင်းမ်



သမ္မတ ဦးသိန်းစိန် ၂၀၁၅ မှာ အရွေးမခံတော့ဖို့ မန္တလေးမှာ ဆန္ဒပြ (ရုပ်/သံ)


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ဥရောပ ခရီးစဉ်အတွင်းမှာ တိုင်းပြည်အခြေအနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒအပေါ်မူတည်ပြီး ၂၀၁၅ ခုနှစ်မှာ သမ္မတအဖြစ် ရွေးကောက်ခံဖို့ ဆုံးဖြတ်မယ်လို့ ပြောကြားခဲ့တာကို ကန့်ကွက်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု MDCF အဖွဲ့ဝင်တွေက ဒီနေ့ မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။


သမ္မတအနေနဲ့  လက်ရှိတာဝန်ယူထားတဲ့ကာလမှာ ပြည်သူတွေရင်ဆိုင်နေရတဲ့ စားဝတ်နေရေး အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ပျက်ကွက်နေတဲ့အတွက် ကန့်ကွက်တာဖြစ်ကြောင်း MDCF အဖွဲ့ဝင် ကိုသိန်းအောင်မြင့်က ပြောပါတယ်။


"ပြည်သူတွေလည်း ထင်သာမြင်သာပြောဆို ဧရာဝတီမြစ်ဆုံကိုတောင် ပြီးဆုံးအောင် မရပ်နိုင်ဘူးဗျာ၊ သူ့သက်တမ်း တာဝန်ထမ်းဆောင်နေတဲ့ကာလမှာ ရပ်တန့်ထားတဲ့အနေအထား ဖျက်သိမ်းလိုက်တဲ့ အနေအထားတွေကိုတောင် မဆောင်ရွက်နိုင်ဘူး၊ အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေး အနေအထားတွေ၊ လက်ရှိအလုပ်အကိုင်ရှားပါးတဲ့ ပြဿနာတွေ၊ မြေယာကိစ္စတွေပေါ့နော်၊ အားလုံးမြင်တွေ့နေတယ်၊ မြေယာကိစ္စတွေလည်းမဖြေရှင်းဘူး၊ အဲ့ဒီတော့ အဲ့ကိစ္စတွေကို မဖြေရှင်းပဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန်ကို တန်းပြီးတော့မျှော်မှန်းတယ်ဆိုတာဟာ တော်တော်စိတ်လည်းမကောင်းပါဘူး၊ ယနေ့ လက်တလောဖြေရှင်းရမယ့် ဒီကိစ္စတွေကို ဖြေရှင်းပြီးမှသာလျှင် နောက်အနာဂတ်ကို မျှော်မှန်းသင့်ပါတယ်"


ဆန္ဒပြပွဲမှာ တောင်သူလယ်သမားနဲ့ အလုပ်သမားအရေး ကူညီသူများအဖွဲ့နဲ့ MDCF က အဖွဲ့ဝင် ၁၄ ယောက် ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက လယ်ယာမြေပြဿနာ၊ အခြေခံလုပ်ခလစာ ပြဿနာကိုလည်း ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။


 
RFA Burmese

ဓမ္မစေတီ ခေါင်းလောင်း ရန်ကုန်မြစ်ထဲ မရှိကြောင်း သမိုင်းသုတေသီတွေပြော (ရုပ်/သံ)


ဓမ္မစေတီ ခေါင်းလောင်းကြီး ရန်ကုန်မြစ်ထဲ မရှိဘူးလို့ သမိုင်းပညာရှင်တွေနဲ့ သမိုင်းသုတေသီတွေက ထုတ်ဖေါ် ပြောဆိုလိုက်ပါတယ်။

 

DVB TV

မအိုဆေး...




အရက်ကို မအိုဆေးဟူ၍ သုံးနှုန်းပြီး ရေးထားတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်ဖူးပါသည်။ ရုတ်တရက် ဘယ်လိုပါလိမ့်ဆိုပြီး နားမလည်သလို ဖြစ်သွားပါသည်။ ဆုံးအောင် ဖတ်လိုက်မှပဲ သဘောပေါက် သွားပါသည်။ ဆိုလိုတာကတော့ အရက်ကို စွဲစွဲမြဲမြဲသောက်တဲ့ သူဟာ မအိုလိုက်ရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရလို့ အရက်ကို မအိုဆေးလို့ တင်စားခေါ်တာ ဖြစ်လေသည်။ အရက် အလွန်အကျွံ သောက်ပြီး တွေ့ရာအိပ်လို့ လေဖြတ်သွား တာတွေ၊ အသည်း ကင်ဆာဖြစ်တာတွေ၊ အသည်းမှာ ဆန်ခါပေါက်ဖြစ်ပြီး အသက်ငယ်ငယ် ရွယ်ရွယ် လေးဆယ်ကျော် ငါးဆယ်လောက်တွေမှာ သေကုန်ကြတာ။ ဒါ့ကြောင့် အရက်ကို မအိုဆေးလို့ခေါ်တာ ဖြစ်လေသည်။


ကျွန်တော်တို့ ရပ်ကွက်လမ်းထိပ်မှာ အရက်ဖြူဆိုင်လို့ ရေးထားတဲ့ ဆိုင်းဘုတ်လေးနဲ့ အရက်ဆိုင်တစ်ဆိုင် ရှိပါ သည်။ ဆိုင်ရှေ့ကနေ ဖြတ်သွားတိုင်း ဆိုင်ထဲမှာ အမြဲတမ်းလိုလို လူတွေစည်ကားနေတာ တွေ့ရသည်။ အရက် ဆိုင်ထဲကို ၀င်သွားတဲ့သူတွေ ဆိုင်ထဲက ထွက်လာတဲ့သူတွေကို ကြည့်လိုက်တော့ လက်လုပ်လက်စား ဆင်းရဲသား လူတန်းစားတွေပဲ ဖြစ်သည်။ မျက်နှာတွေက ဖောသွပ်သွပ်ပုံစံတွေနဲ့ လူတွေက တုန်တုန်ချည့်ချည့်ပုံစံ၊ ငေးငေးငိုင်ငိုင်ပုံစံတွေ ဖြစ်နေသည်။ အရက်ကို အကြောင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ သောက်ကြသည်။ တချို့က စီးပွားရေး အဆင်မပြေလို့ သောက်သည်၊ စိတ်ညစ်လို့ သောက်သည်။ တချို့က အောင်မြင်လို့သောက်သည်၊ ပျော်လို့သောက်သည်။ တချို့က မသောက်ရမနေနိုင်လို့သောက်သည်။ အပေါင်းအသင်းကောင်းလို့သောက်သည်။


အရက်သမားတွေက ပုံစံအမျိုးမျိုးနဲ့ဖြစ်သည်။ တချို့က သောက်ပြီးတော့ သွေးဆူသည်။ တချို့က စကားများသည်။ ရမ်းတတ်သေးသည်။ ပြဿနာရှာသည်။ မိသားစုတစ်ခုမှာဆိုရင် အိမ်ထောင်ဦးစီးက အရက်သောက်လာလို့ကတော့ မိသားစုအားလုံး စိတ်ညစ်ရသည်။ စကားပြောလို့ဆိုလို့ မကောင်းတော့။ အရက်သမားတစ်ယောက်၏ ဆိုးကျိုးသည် သူကိုယ်တိုင်သာမက သူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း သူ့သားသမီးအထိပါ ရိုက်ခတ်နိုင်လေသည်။ အရက်မူးနေလို့ကတော့ မကောင်းမှုလုပ်ရမှာ မကြောက်တော့။ ဘာမဆို လုပ်ရဲကိုင်ရဲဖြစ်လာသည်။ ဒါ့ကြောင့် မကောင်းမှုလုပ်တဲ့နေရာမှာ အရက်ကိုရဲဆေးအဖြစ် သောက်ကြသည်။


မြန်မာနိုင်ငံတွင် အရက်သောက်သုံးခြင်း အပါအ၀င် အခြားသော အကြောင်းအမျိုးမျိုးကြောင့် နှစ်စဉ်လူဦးရေ ၁၅၀၀ ခန့် မိမိကိုယ်မိမိ အဆုံးစီရင်မှုများ ရှိနေပြီး၊ ယခု ၂၀၁၄ ခုနှစ် ပထမခြောက်လအတွင်း၌ မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ သူဦးရေ ၉၀၀ ခန့်ရှိကြောင်း စစ်တမ်းတစ်ခုက ဆိုပါသည်။ မိမိကိုယ်မိမိ အဆုံးစီရင်သူအများစုဟာ စိတ်ကျရောဂါ ဖြစ်နေသူများ ဖြစ်သည်။ စိတ်ကျရောဂါဖြစ်နေသူများထဲမှ အရက်ကြောင့်ဖြစ်တဲ့ စိတ်ကျရောဂါဝေဒနာရှင်တွေက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေက အများဆုံးဖြစ်သည်ဟု ဆိုပါသည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများအရ ကမ္ဘာ့လူဦးရေ သန်း ၂၀၀၀ ကျော်သည် အရက်ကို စွဲစွဲမြဲမြဲ သောက်သုံး ကြကြောင်း၊ သန်း ၈၀ နီးပါးသည် အရက်၊ ယမကာကြောင့်ဖြစ်သည့် နာမကျန်းမှုများ ဖြစ်နေကြောင်းနှင့် အသက် ၁၅ နှစ်အထက် လူတစ်ဦးသည် တစ်နှစ်လျှင် အရက် ၆ ဒသမ ၂ လီတာသောက်ပြီး အရက်ကို စွဲစွဲမြဲမြဲ သောက် သုံးသူများထဲမှ ၂၅ ရာခိုင်နှုန်းသည် တရားမ၀င်ရောင်းချသောအရက်ကို သောက်သုံးနေကြကြောင်း သတင်းတစ်ခု က ဆိုပါသည်။


အရက်သောက်သည့်အခါ တစ်ကြိမ်တစ်ခါ များများသောက်လျှင်ပင် အရက်သောက်သည်ဟု သတ်မှတ်ထားပြီး တစ်ပတ်အတွင်း အနည်းဆုံးတစ်ကြိမ်အဖြစ် အီသနော အရက်ပြန်ပါဝင်မှု ရာခိုင်နှုန်း ၆၀ ရှိသော အရက် သို့မဟုတ် ယမကာအရည် တစ်ခုခုသောက်ခဲ့လျှင် အရက်သောက်သည်ဟု သတ်မှတ်ထားကြောင်း၊ ထိုကဲ့သို့ အရက်သောက်သူများသည် အမေရိကန်၊ အာဖရိက၊ ဥရောပတိုက်ရှိ နိုင်ငံများတွင် လူဦးရေ၏ ရာခိုင်နှုန်း ၃၀ အထက်တွင်ရှိနေပြီး မြန်မာနိုင်ငံတွင်မူ လူဦးရေ၏ ရာခိုင်နှုန်း ၂၀ ခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်းနှင့် ထိုကဲ့သို့ သောက်သုံးသူများသည် မတော်တဆ ထိခိုက်မှု၊ ခိုက်ရန်ဒေါသဖြစ်ပြီး လူကိုပါ ထိခိုက်ဒဏ်ရာရစေမှု အများဆုံးဖြစ်ကြောင်း သိရသည်။


အရက်မသောက်ရ မနေနိုင်သည့် အရက်စွဲရောဂါရှိသူများ အပါအ၀င် အရက်ကို စွဲစွဲမြဲမြဲသောက်သူများသည် အရက်ကြောင့် အစာဝင်သည့်လမ်းကြောင်း အာခံတွင်းမှစ၍ အစာမျိုသည့်ပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမမှအသည်း၊ ကစီအိမ်၊ ကျောက်ကပ် စသည့် အရေးကြီးအစိတ်အပိုင်းများကို အရက်၏အဆိပ်ကြောင့် ပျက်စီးစေကြောင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများသာမက ဦးနှောက်နှင့် အာရုံကြောများကိုပါ ထိခိုက်စေနိုင်ကြောင်း ကျန်းမာရေး စစ်တမ်းများက ဆိုပါသည်။


မြန်မာနိုင်ငံတွင်ဖြစ်ပွားသော လူသတ်မှု၊ ဒုစရိုက်မှု၊ ကားတိုက်မှုစသော မကောင်းမှုပြုလုပ်သူများကို စစ်ဆေးကြည့် လိုက်လျှင် အရက်စသည့် မူးယစ်ဆေးဝါး သုံးစွဲထားသည်ကို တွေ့ရတာများလေသည်။ မြန်မာနိုင်ငံတွင် အမျိုးသား၊ အမျိုးသမီးလူငယ်များတွင် အရက်သောက်သုံးမှုနှုန်း တစ်ရှိန်ထိုးမြင့်တက်လာသည်။ အရက်သောက်သုံးသူများ၏ ရာခိုင်နှုန်း ၇၀ မှာ တရားဝင်တင်သွင်းထားခြင်းမရှိသည့် အရည်အသွေးမမီ အရက်များဖြစ်နေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံ များ၏ အရက်သောက်သုံးမှုနှုန်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် ငါးနှစ်အတွင်းက သုတေသနပြုလုပ်ခဲ့ရာ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် အရက်သောက်သုံးမှုနှုန်းမှာ ယခင်ကထက် ၂၄ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်းနှင့် ယင်းတို့အနက် အရှေ့တောင်အာရှနိုင်ငံများမှာ ၆၈ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ဥရောပနိုင်ငံ အပါအ၀င် အခြားအရက် သောက်သုံးမှုနှုန်း များပြားသည့် နိုင်ငံများထက် နှစ်ဆကျော်မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ထားချက်များအရ သိရ သည်။


မြန်မာနိုင်ငံတွင် ရန်ကုန်၊ တောင်ကြီးနှင့် မော်လမြိုင်မြို့များရှိ အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ ၅၀၀၀ နီးပါးကို သုတေသန ပြုလုပ်ချက်အရ အရက်ဖြူသောက်သုံးမှုမှာ ၄၅ မှ ၇၅ ရာခိုင်နှုန်း၊ ၀ီစကီသောက်သုံးမှုမှာ ၁၀ ရာခိုင်နှုန်း အောက်၊ ရိုးရာခေါင်ရည် သောက်သုံးမှုမှာ ၁၀ ရာခိုင်နှုန်းနီးပါး၊ ဘီယာသောက်သုံးမှုမှာ ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းသုတေသန ပြုလုပ်ချက်များအရ သိရသည်။


ရပ်ကွက်ထဲက ဆင်းရဲသားလူတန်းစားများသည် အမိန့်ရ အရက်ဖြူဆိုင်လေးများမှာ အရည်အသွေးမမီတဲ့ အပေါစား အရက်များကို နှစ်ရာဖိုး၊ သုံးရာဖိုး စသည် သွားသွားသောက်နေကြသူများဖြစ်သည်။ အရက်သည် တန်ဖိုးနည်းပြီး အပေါစားဖြစ်လေ လူကိုဒုက္ခပေးမှု များလေဖြစ်လေသည်။ သူတို့ကိုကြည့်ရတာက အသားအရေ တွေက ပွယောင်းယောင်း၊ မျက်နှာတစ်ခုလုံးက ဖောပြီးနီနေသည်။ လက်ချောင်းတွေက တုန်တုန်ချည့်ချည့်။ ထိုသူတွေ ရှေ့ဆင့်နောက်ဆင့်ဆိုသလို သေကုန်ကြပြီး ဒါကို သင်ခန်းစာယူရကောင်းမှန်း မသိကြ။ အရက်ဆိုင်မှာ လူက စည်ကားမြဲ။ နောက်တက်လူငယ်များကလည်း လက်တည့်စမ်းလို့ကောင်းတုန်းပင်။ အရက်သမား တစ်ယောက် အိုသည်အထိ နေသွားတာ မတွေ့ဖူးသလောက် ရှားသည်။ သူတို့သည် မအိုလိုက်ကြရ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘ၀ပျက်ကြတာ များပါသည်။


အိုသည်အထိ ကျန်းကျန်းမာမာ နေချင်လျှင်တော့ အရက်ဆိုတဲ့ မအိုဆေးကိုတော့ ရှောင်ကြည်နေရပေလိမ့်မည်။ အရက်သောက်သုံးမှု လျော့နည်းသွားပါလျှင် ဒုစရိုက်မှုများလည်း နည်းပါးသွားပေလိမ့်မည်။

(ဆောင်းပါးရှင် - စိုးခိုင်ညိန်း)
 
 
Eleven Media Group


အနုပညာ လမ်းမပေါ်ရောက် ခင်ဝင့်ဝါရဲ့ စိတ်ခံစားချက်

 
 
(ရန်ကုန်၊ စက်တင်ဘာ ၈ )

အနုပညာ လမ်းပေါ် စပြီးရောက်တုန်း က ကိုယ်ပိုင် အချိန်တွေ ဆုံးရှုံးတာ ရှိသလို စိတ်မှာ တစ်မျိုးကြီး ခံစားခဲ့ ရကြောင်း ခင်ဝင့် ဝါက ပြောသည်။


”Miss တစ်ယောက် ဖြစ်တယ်။ အခု အနုပညာတွေ လည်းလုပ်တယ်။ ဒီလောက မှာ ကိုယ်က တဖြည်းဖြည်း သင်ယူပြီး အသား ကျလာပါပြီ။ အခု ဇာတ်ကားတွေ ရိုက်ကူး ရတာရော၊ ပရဟိတ အလုပ်မှာရော တောက် လျှောက်လုပ် လာတဲ့အခါမှာ ကျောင်းတက် ပြီး ပညာသင် ရသလိုပါပဲ” ဟု ခင်ဝင့်ဝါက ပြောသည်။


”အနုပညာလောက မှာ အားကျတဲ့ လူတွေ အများကြီး ရှိတယ်။ ပရဟိတမှာ တော့ ဦးကျော်သူတို့ ဇနီးမောင်နှံကို အား အကျဆုံးပဲ။ ခင်ဝင့်ဝါ အလှူတွေ၊ ပရ ဟိတ တွေမှာ ပါဝင်တာ ပေါ်ပြူလာ ဖြစ်ချင်လို့ မဟုတ်ပါဘူး။ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်မို့ လုပ်လာတာပါ” ဟု ၄င်းက ပြောသည်။


ခင်ဝင့်ဝါက လတ်တလောမှာ ဒါရိုက် တာ ပန်းချီစိုးမိုး ရိုက်ကူးသည့် ‘ကျွန်တော့် ရည်းစား ဘုရား မှာနေသည်’ ဇာတ်သိမ်းပိုင်း ကို ရိုက်ကူးလျက် ရှိပြီး ချောင်းသာတွင် ဇာတ်ကား အသစ် သွားရိုက်မည် ဖြစ်သည်ဟု သိရသည်။


ထူးထူး
 
Popular Journal