4 Oct 2014

မေတ္တာတရား ကြီးမားသူ



“သူတို့ကျွေးမွေးဖို့အတွက် အန်တီပိုင်ဆိုင်တဲ့ ခြံလေးတွေကို ရောင်းချပြီး ဘဏ်ထဲမှာ သတ်သတ် ငွေထည့်ထားတယ်” ဟု ပြောလာသူမှာ ခွေးအကောင် ၃၀၀ နီးပါးကို မွေးမြူထားသည့် အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်သန်းဝေ ဖြစ်သည်။


လွန်ခဲ့သည့် နှစ် ၂၀ ကျော် ကတည်းက ထိုကဲ့သို့ ခွေးများကို သူမွေးမြူ စောင့်ရှောက်ထားခြင်း ဖြစ်သည်။ လမ်းဘေးတွင် စွန့်ပစ်ခံထားရသော ခွေးများလည်း ပါသည်။ အိမ်တွင် လာရောက် စွန့်ပစ်ထားသော ခွေးများ၊ ဒုက္ခိတ ခွေးများကိုလည်း သူကျွေးမွေး စောင့်ရှောက်ထားသည်။ အားလုံးကို သူ့သားသမီးနှင့် မခြား အရိပ်တကြည့်ကြည့်နှင့်။


သားသမီး သုံးဦး၏ မိခင်လည်းဖြစ်သူ ဒေါ်ခင်သန်းဝေသည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် နန္ဒဝန်ရပ်ကွက်၊ ရပ်ကွက်ကြီး (၉)၊ အိမ်အမှတ် (၄၉၉-က) တွင် နေထိုင်ပြီး ခွေးများ မွေးရန်အတွက် ယခုခြံကို ဝယ်ယူခဲ့ကာ တိုက်အိမ်လေး ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်ခင်သန်းဝေ၏ ခင်ပွန်းဖြစ်သော ဗိုလ်ကြီးအငြိမ်းစား ဦးတွမ်သည် ယခုလက်ရှိတွင် ကျန်းမာရေး အခြေအနေအရ အိပ်ရာထဲမှ မထနိုင်ဖြစ်နေပြီး ခင်ပွန်းကိုလည်း ပြုစုရင်း တစ်ဖက်တွင်လည်း ၎င်းချစ်ခင် ပြုစုစောင့်ရှောက်နေသည့် ခွေးအကောင် ၃၀၀ နီးပါး၏ နေ့စဉ် အလုပ်တာဝန်များကိုလည်း မမောမပန်းနိုင် အိမ်အကူ မောင်နှစ်မ နှစ်ဦးနှင့် လုပ်ဆောင်လျက် ရှိသည်။


“အိမ်မှာ မွေးထားပြီးတဲ့ ခွေးတွေကို ဘယ်သူလာတောင်းတောင်း မပေးဘူး။ သူတို့အတွက် တစ်နေ့ ကုန်ကျစရိတ်က ကျပ် ၆၀,၀၀၀ နီးပါး ကုန်ပေမယ့်လည်း အန်တီက သူတို့အတွက် လာလှူရင်လည်း သိပ်ပြီးတော့ လက်မခံဘူး” ဟု ဒေါ်ခင်သန်းဝေက ဆိုသည်။
အဆိုပါခွေးများ နာမကျန်း ဖြစ်ခဲ့သော အခါများတွင်လည်း ကိုယ်တိုင် ဆေးဝါးများဖြင့် ကုသပေးသကဲ့သို့ ကာကွယ်ဆေးထိုးသည့် အချိန်တွင်လည်း ဆရာဝန်များကို ခေါ်ကာ သေသေချာချာ ဆေးဝါးများ ကုသပေးလျက် ရှိသည်။


ဒေါ်ခင်သန်းဝေ၏ သားသမီး သုံးဦးမှာ အစိုးရဝန်ထမ်းများ ဖြစ်ကြပြီး သူ့တို့ဘဝကို သူတို့ဘာသာ ရပ်တည်နိုင်ကြပြီ ဖြစ်သည်။ လက်ရှိတွင် ခင်ပွန်းကို ပြုစုစောင့်ရှောက်ရင်း ကိုယ်ပိုင်လုပ်ငန်း အဖြစ် ခြံများကို ဝယ်ရောင်းလုပ်ကိုင်ခဲ့သည်။ ထိုသို့ စီးပွားရေးလုပ်၍ ငွေကြေးများ ရလာပါက ပျော်ရွှင်ရကြောင်း၊ ပျော်ရွှင်ရသည့် အကြောင်းရင်းမှာလည်း မွေးမြူထားသော ခွေးများကို ဒီထက်မက အစာဝဝလင်လင် ကျွေးမွေးလို၍ ဖြစ်ကြောင်း ဒေါ်ခင်သန်းဝေက ဆိုသည်။


ယခုအချိန်တွင် ဒေါ်ခင်သန်းဝေမှာ အသက်အရွယ်အရ စီးပွားရေး မလုပ်ဆောင်တော့ဘဲ ပိုင်ဆိုင်သည့် ခြံသုံးခြံကို ရောင်းချပြီး ဘဏ်ထဲတွင် အပ်နှံကာ ခွေးများကို ကျွေးမွေး စောင့်ရှောက်ထားပြီး ၎င်းမရှိတော့သည့် နောက်တွင်လည်း ၎င်းမွေးမြူထားခဲ့သည့် ခွေးများ နောင်ရေးအတွက်ပါ စီစဉ်ထားသည်။


“အခု ခြံတစ်ခြံကို သိန်းငါးထောင်ကျော်နဲ့ ဈေးစကား ပြောထားတာ ရှိတယ်။ ဒီခြံ အရောင်းအဝယ် တည့်သွားရင် ရတဲ့ ပိုက်ဆံကို လေးပုံပုံပြီး ဘဏ်ထဲမှာ အပ်နှံထားလိုက်မယ်။ သုံးပုံကတော့ သားသမီးတွေအတွက် တစ်ပုံကတော့ အန်တီ့ခွေးတွေ အတွက်ပါ။ သားသမီးတွေကိုလည်း စာချုပ်နဲ့ ချုပ်ဆိုပြီး ခွဲဝေပေးမှာ။ သူတို့အတွက် ပေးထားတဲ့ သုံးပုံကို အကုန်လုံး မထုတ်ယူခိုင်းဘဲ အတိုးသာ ထုတ်ခိုင်းမယ်။ အန်တီ့ခွေးတွေ အတွက်ထားတဲ့ တစ်ပုံကိုတော့ လုံးဝ မထုတ်ယူရဘူး” ဟု ခွေးလေးများကို အစာကျွေးရင်း အန်တီ ဒေါ်ခင်သန်းဝေက ဆိုလိုက်သည်။


ယခုလက်ရှိတွင် ခွေးအကောင် ၃၀၀ နီးပါးကို နေ့စဉ် ပြုစုစောင့်ရှောက်နေသော သူ့အတွက် ခွေးများနှင့် ပတ်သက်သော ဖြစ်ရပ်များလည်း ရှိသည်။

ခွေးမလေး ချောစုအပေါ် ဒေါ်ခင်သန်းဝေ သံယောဇဉ် အရှိဆုံးဖြစ်သည်။ လွန်ခဲ့သည့် ၁၅ နှစ်ကျော် ကတည်းက မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးတွင် ချောစုကို တွေ့ရှိကာ အိမ်တွင် ခေါ်ယူမွေးမြူခဲ့ခြင်း ဖြစ်သည်။ ယနေ့အချိန်အထိ ချောစုအကြောင်း တွေးမိ၊ ပြောမိလျှင် မျက်ရည် မဆည်နိုင်သေး။ 



“ဒီခွေးမလေးက အရမ်းလိမ္မာတယ်။ လူဝင်စား ခွေးမလေးလို့တောင် ထင်ရတယ်။ အန်တီ့ကိုလည်း အရမ်းချစ်တယ်။ သူက အနက်ရောင် ခွေးပုမျိုးလေး” ဟု သူက ဝမ်းနည်းစွာ ဆိုသည်။
သူ့အနားတွင်သာ မသေဆုံးခင် အချိန်အထိ ချောစု နေသွားခဲ့သည်။ ဒေါ်ခင်သန်းဝေမှာ တစ်ညလုံး မေတ္တာပို့၊ အမျှဝေပေးခဲ့ပြီး နံနက် ၁ နာရီလောက်တွင် ချောစု သေဆုံးသွားခဲ့သည်။ သူ မွေးမြူထားသော ခွေးများ သေဆုံးခါနီး အချိန်တိုင်းတွင် အမြဲမေတ္တာပို့ကာ သူ ဆုတောင်းပေးလေ့ ရှိသည်။


“နောက်ဘဝတွေမှာ အခုဘဝလို ခွေးဘဝ ဘယ်တော့မှ မရောက်ပါစေနဲ့။ ခွေးမဖြစ်ပါစေနဲ့လို့ပေါ့။ သူတို့သေသွားရင်လည်း အန်တီ ဘယ်တော့မှ လွှင့်မပစ်ဘူး၊ ခြံထဲမှာပဲ အမြဲ ကောင်းကောင်းမွန်မွန် မြှုပ်နှံပေးတယ်” ဟု ဒေါ်ခင်သန်းဝေက ငိုရင်းပြောဆိုသည်။


The Voice


လမ်းခွဲဖို့ စဉ်းစားထားပြီးမှ အဲ့ဒီလူနဲ့ ပြန်တွဲသင့်သလား

Photo: လမ်းခွဲဖို့ စဉ်းစားထားပြီးမှ အဲ့ဒီလူနဲ့ ပြန်တွဲသင့်သလား
Saturday, October 4, 2014
 
အကြောင်းအမျိုးမျိုးနဲ့ ပြသနာတွေ ခဏခဏတက်ရလွန်းလို့ လက်တွဲဖြုတ်လိုက်ဖို့ စဉ်းစားထားပြီးသားသူကို နောက်ထပ်ပြန်လည်လက်တွဲဖို့ သင့်မှာယုံကြည်မှုရှိရဲ့လား။ သူ့ကိုလက်ခံချင်သေးလား။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာရင် စဉ်းစားကြည့်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီမေးခွန်းလေးတွေ ဖြေပြီးရင်တော့ သင်သူနဲ့ပြန်ပေါင်းထုတ်ဖို့ အိုကေမလား၊ ပထမ ဆုံးဖြတ်ချက်ကိုပဲ အတည်ပြုသင့်သလားဆိုတာ သေချာသွားစေမှာပါ။

၁။ သူနဲ့ထပ်ပြီး ပြသနာတွေ မတက်တော့ဘူး၊ သူအမှားတွေကို ခွင့်လွှတ်ပေးနိုင်ပြီဆိုတာ သေချာပါသလား။

ဘယ်လိုလမ်းခွဲခဲ့ကြလဲဆိုတာကို သေသေချာချာ ပြန်စဉ်းစားပါ။ သင့်ရဲ့နှလုံးသားနဲ့စဉ်းစားပြီးတော့ ဦးနှောက်နဲ့ဖြေရှင်းပါ။ ချစ်ရဲ့သားနဲ့ အခြားသော ပြသနာတွေဆိုရင်တော့ နှစ်ဦးအတူဖြေရှင်းဖို့ ကြိုးစားနိင်ပါတယ်။ အဲ့ဒီလို မဟုတ်ဘူး သူက  ဖောက်ပြန်တာကြောင့်၊ အချိန်တိုင်း ပြသနာရှာနေတာကြောင့်၊ ကိုယ့်အပေါ်အလေးမထားတာတွေကြောင့်ဆိုရင်တော့ သင့်ကို နောက်ထပ်တစ်ကြိမ်ပိုလှည့်စားဖို့၊ ပိုခံရဖို့ပဲဆိုတာ သိထားပါ။ သင်ဒီကိစ္စတွေကို ကျော်လွှားနိုင်မလားဆိုပြီးတော့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပါ။

၂။ ဒီလိုလုပ်ခြင်းဟာ သင့်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်လား။

အတိတ်ကတော့ အတိတ်ပေါ့။ ဒါပေမယ့် သင့်ဘဝမှာ ဒီလူကို ပြန်ရလိုခြင်းအကြောင်းပြချက်ကို သင့်စိတ်ထဲမှာ အဖြေရှိနေဖို့ လိုအပ်ပါတယ်။ ယခုနဲ့အနာဂတ်အတွက် ဘယ်အရာက အကောင်းဆုံးလဲဆိုတာကို သင်ထည့်စဉ်းစားပါ။

၃။ အရင်လိုပဲ ဆက်ဆံရေးက ပြန်ကောင်းလာမှာသေချာလား။

ဒုတိယအကြိမ် ပြန်ပတ်သက်ကြတဲ့အခါ အရင်ကလို ပြန်ပြီးကြည်နူးခွင့်တွေ ရှိဦးမလား၊ ပြန်အဆင်ပြေနိုင်ဦးမလား။ ဘာတွေပြောင်းလဲလာနိုင်လဲ ဆိုတာကို သင်သေချာ ပြန်မေးခွန်းထုတ်ကြည့်ပါ။ ဒီလိုပြဿသနာမျိုးကိုပဲ နောက်တစ်ကြိမ် ထပ်မှား ပြန်တောင်းပန် အဲလိုနဲ့ သံသရာလည်သွားနိုင်ပါတယ်။

၎။ ဒီဘဝနဲ့သင် နေသားကျပြီလား။

သင်အသည်းကွဲပြီး တစ်ယောက်တည်းနေတာကို နေသားကျနေပြီလား။ ဒါမှမဟုတ် သင်ပြန်ပြီးတော့ သူနဲ့ပတ်သက်မှုကိုပဲ အမြဲတောင့်တနေလား။ သူ့ကို တစ်ချိန်လုံး လွမ်းနေမိလား။ ဆက်ဆံရေးက အရမ်းရှုပ်ထွေးတယ်လို့ ခံစားမိရင် အဲ့ဒီကနေ သင်ရုန်းထွက်ကြည့်ပါ။ သင်လွတ်လပ်မှုတွေကို ခံစားနေရတယ်ဆိုရင်တော့ သေချာပါတယ်။ ပြန်မလှည့်ပါနဲ့တော့။

Ref: teenvogue.com
Trend Myanmar

အကြောင်းအမျိုးမျိုးနဲ့ ပြသနာတွေ ခဏခဏတက်ရလွန်းလို့ လက်တွဲဖြုတ်လိုက်ဖို့ စဉ်းစားထားပြီးသားသူကို နောက်ထပ်ပြန်လည်လက်တွဲဖို့ သင့်မှာယုံကြည်မှုရှိရဲ့လား။ သူ့ကိုလက်ခံချင်သေးလား။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာရင် စဉ်းစားကြည့်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီမေးခွန်းလေးတွေ ဖြေပြီးရင်တော့ သင်သူနဲ့ပြန်ပေါင်းထုတ်ဖို့ အိုကေမလား၊ ပထမ ဆုံးဖြတ်ချက်ကိုပဲ အတည်ပြုသင့်သလားဆိုတာ သေချာသွားစေမှာပါ။

၁။ သူနဲ့ထပ်ပြီး ပြသနာတွေ မတက်တော့ဘူး၊ သူအမှားတွေကို ခွင့်လွှတ်ပေးနိုင်ပြီဆိုတာ သေချာပါသလား။

ဘယ်လိုလမ်းခွဲခဲ့ကြလဲဆိုတာကို သေသေချာချာ ပြန်စဉ်းစားပါ။ သင့်ရဲ့နှလုံးသားနဲ့စဉ်းစားပြီးတော့ ဦးနှောက်နဲ့ဖြေရှင်းပါ။ ချစ်ရဲ့သားနဲ့ အခြားသော ပြသနာတွေဆိုရင်တော့ နှစ်ဦးအတူဖြေရှင်းဖို့ ကြိုးစားနိင်ပါတယ်။ အဲ့ဒီလို မဟုတ်ဘူး သူက ဖောက်ပြန်တာကြောင့်၊ အချိန်တိုင်း ပြသနာရှာနေတာကြောင့်၊ ကိုယ့်အပေါ်အလေးမထားတာတွေကြောင့်ဆိုရင်တော့ သင့်ကို နောက်ထပ်တစ်ကြိမ်ပိုလှည့်စားဖို့၊ ပိုခံရဖို့ပဲဆိုတာ သိထားပါ။ သင်ဒီကိစ္စတွေကို ကျော်လွှားနိုင်မလားဆိုပြီးတော့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပါ။

၂။ ဒီလိုလုပ်ခြင်းဟာ သင့်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်လား။

အတိတ်ကတော့ အတိတ်ပေါ့။ ဒါပေမယ့် သင့်ဘဝမှာ ဒီလူကို ပြန်ရလိုခြင်းအကြောင်းပြချက်ကို သင့်စိတ်ထဲမှာ အဖြေရှိနေဖို့ လိုအပ်ပါတယ်။ ယခုနဲ့အနာဂတ်အတွက် ဘယ်အရာက အကောင်းဆုံးလဲဆိုတာကို သင်ထည့်စဉ်းစားပါ။

၃။ အရင်လိုပဲ ဆက်ဆံရေးက ပြန်ကောင်းလာမှာသေချာလား။

ဒုတိယအကြိမ် ပြန်ပတ်သက်ကြတဲ့အခါ အရင်ကလို ပြန်ပြီးကြည်နူးခွင့်တွေ ရှိဦးမလား၊ ပြန်အဆင်ပြေနိုင်ဦးမလား။ ဘာတွေပြောင်းလဲလာနိုင်လဲ ဆိုတာကို သင်သေချာ ပြန်မေးခွန်းထုတ်ကြည့်ပါ။ ဒီလိုပြဿသနာမျိုးကိုပဲ နောက်တစ်ကြိမ် ထပ်မှား ပြန်တောင်းပန် အဲလိုနဲ့ သံသရာလည်သွားနိုင်ပါတယ်။

၎။ ဒီဘဝနဲ့သင် နေသားကျပြီလား။

သင်အသည်းကွဲပြီး တစ်ယောက်တည်းနေတာကို နေသားကျနေပြီလား။ ဒါမှမဟုတ် သင်ပြန်ပြီးတော့ သူနဲ့ပတ်သက်မှုကိုပဲ အမြဲတောင့်တနေလား။ သူ့ကို တစ်ချိန်လုံး လွမ်းနေမိလား။ ဆက်ဆံရေးက အရမ်းရှုပ်ထွေးတယ်လို့ ခံစားမိရင် အဲ့ဒီကနေ သင်ရုန်းထွက်ကြည့်ပါ။ သင်လွတ်လပ်မှုတွေကို ခံစားနေရတယ်ဆိုရင်တော့ သေချာပါတယ်။ ပြန်မလှည့်ပါနဲ့တော့။

Ref: teenvogue.com

Trend Myanmar

ကျွန်တော်သာ ရပ်ကွက် အုပ်/မှူး ဖြစ်ခဲ့လျှင်


 
တစ်ခါတစ်ရံ ကျွန်တော်စဉ်းစားတယ်။ လူအချို့ဟာ ငွေကြေးနဲ့ အာဏာသာ ရသွားခဲ့ရင် မြင်းကို ချိုတပ်လိုက်သလိုကိုဖြစ်ပြီး ဘယ်လိုမှ ထိန်း မနိုင် သိမ်းမရ ဖြစ်သွားတတ်ပါကလားလို့။ ဟုတ်ပါ တယ်။ အဲဒီစကားရပ်အမှန်ပါပဲ။


ဘာလို့လဲဆိုတော့ ကျွန်တော်လေ့လာသုတေသန ပြုခဲ့မိသမျှသော ရပ်ကွက် အုပ်၊မှူးအချို့ဟာ စိတ်ဓာတ် နဲ့ အကျင့်ကလွဲရင် ပြောစရာမရှိတဲ့ လူတွေချည်းပါပဲ။ ဆိုလိုတာက ကောင်းတဲ့သူရှားတယ်။ (၈၈) ရှေ့ပိုင်း၊ ကောင်စီခေတ်တုန်းက လူကောင်း၊ သူကောင်းတွေရှိခဲ့ ဖူးတာတော့ကြုံဖူးတယ်။ ရပ်ကွက်ရဲ့ ဆန္ဒမဲနဲ့ တောင်းဆို မှုအရ သုံးလေးကြိမ် ဥက္ကဋ္ဌ ဆက်လုပ်ရသူတွေ၊ အဂတိ ကင်းကင်းနဲ့ ရပ်ကွက်ကောင်းကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီးတော့ ''စံပြ'' ဖြစ်ခဲ့သူတွေ တွေ့ကြုံခဲ့ သလို စကားပြောခွင့်လည်းရခဲ့ပါတယ်။ ခုခေတ်အုပ်/မှူး အချို့ကတော့ ကြုံရင် ကြုံသလိုစား၊ အမြီးကျက် အမြီး စား၊ ခေါင်းကျက်ခေါင်းစားကြတာများတယ်။


ဒီမိုကရေစီပြောင်းလဲမှုနောက်ပိုင်း ၂ဝ၁၃-၂ဝ၁၄ လောက်မှာ တန်ဖိုးနည်းဖုန်းတွေ စတင်ချထားပေးမှုဟာ ဘယ်သူတွေကို အဓိက တိုက်ရိုက်အကျိုးပြုခဲ့သလဲဆို တော့ ရပ်ကွက်အုပ်/မှူးဆိုသူတွေသာ ချက်ချင်း နတ် ရေကန်ထဲ ချလိုက်သလိုကို ဆိုင်ကယ်၊ ဆွဲကြိုးနဲ့ ဟန်း ချိန်းနဲ့ကို ဘဝပြောင်းခဲ့ကြပါတယ်။


ဒီလိုတန်ဖိုးနည်းဖုန်းတွေ မဲနှိုက်ပေးရာကနေ အုပ်၊ မှူးနဲ့ အပေါင်းအပါများတစ်စု ရပ်ကွက်တိုင်း၊ ရုံးတိုင်း မှာ ဖုန်းခိုးနေကြတာ ဘယ်သူမှ မသိလို့လားဆိုတော့ တစ်နိုင်ငံလုံး၊ အားလုံး သိသိချည်းပဲ။ တချို့များဆို ပေါ် တင်ပဲ။ ''မင်းလဲသိ၊ ငါလဲသိ ဒါပေမဲ့ အေးဆေးပဲနေ၊ ငါ့ညီ'' ဆိုပြီး ခြိမ်းခြောက်တာကရှိသေး။ မတိုင်ဘူး လားဆိုတော့၊ ဘယ်ကို သွားတိုင်မှာလဲ။ သူတို့သူတို့ မ.ယ.ကနဲ့ ပင်းစားနေကြတာ။ မ.ယ.ကတိုင်စာပို့ လည်း ဘာထူးသေးလဲ။ တစ်ကျိတ်ထဲ တစ်ဥာဏ်ထဲမို့ ကိုယ့်မုန်းတာပဲ အဖတ်တင်မှာပေါ့။ မ.ယ.ကမှာထဲ ကိုက တစ်ယောက်ဘယ်နှလုံးယူဆိုတာ အပေးအယူ အချိတ်အဆက်က ရှိပြီးသား။


အရင်တုန်းက မိမိဟာ ဖုန်းသတင်းတွေကို အထူးပြုပြီး လိုက်ခဲ့တယ်။ တရားဝင် သတင်းပေးသူတွေ ဒုနဲ့ဒေးရှိခဲ့တယ်။ အုပ်/မှူးတွေကို လည်း လိုက်မေးတယ်။ ရပ်ကွက်ထဲမှာလည်း မေးရတယ်။ လစဉ်၊ လတိုင်း စုံစမ်းခဲ့တယ်။


ဆက်သွယ်ရေးထဲက တရားဝင်ချထားပေးတဲ့ ခြောက်လပတ်စာရင်းနဲ့ ရပ်ကွက် မှာ အမှန်တကယ် မဲနှိုက်တဲ့စာရင်းဟာ ရပ်ကွက် တစ်ခုကို ဖုန်း ၁ဝလုံးကနေ ၁၅လုံးလောက်အထိ ကွာဟ နေတတ်တယ်။ ဒါမျိုးကျတော့ ဘယ်သူမှ အရေးမယူ ကြဘူး။ ကျွန်တော်တို့ဆို သိသိလျက်နဲ့ ဘာမှလုပ်မပေး နိုင်ခဲ့ဘူး။
သူများအိမ်နောက်ဖေးတက်ခိုးတဲ့ သူခိုးကိုတော့ ဥပဒေအရ အရေးယူလို့ရပေမယ့် ခုလိုအိမ်ထဲမှာတင်၊ ရုံးမှာတင် ထိုင်ခိုးနေတဲ့ သူခိုးကိုတော့ ဥပဒေအရ ဘာမှလုပ်ပေးလို့ မရဘူးတဲ့လား။ ကျွန်တော်သာ အုပ်/ မှူးဖြစ်ခဲ့ရင် ခိုးတဲ့ ဒီအချက်ကိုပြင်ဆင်ချင်တယ်။ အုပ်/ မှူးကိုလည်း စောင့်ကြည့်တဲ့ ရပ်ကွက် လျှို့ဝှက်အဖွဲ့ဆို တာ ရှိသင့်တယ်လို့ ကျွန်တော်ထင်တယ်။


ဒါက ပြဿ နာ နံပါတ်(၁)။


နောက်တစ်ချက်က ဧည့်စာရင်းမှုပြဿ နာ(၂)။

မြန်မာနိုင်ငံမှာ ခေတ်အစားဆုံးက ကိုယ့်မြို့၊ ကိုယ့်ရပ် ကွက်မှာ ငှားနေတာတောင်မှ တစ်လတစ်ကြိမ် ဧည့်စာ ရင်းသွားသွားတိုင်နေရတယ် ဆိုတဲ့ ကိစ္စပဲ။ စဉ်းစား ကြည့်လေ၊ အမေရိကန်လို နိုင်ငံမျိုးမှာဆိုရင် ပြည်နယ်၊ ဒါမှမဟုတ် မြို့နယ်တူသူ တစ်ယောက်ဟာ ကိုယ့်မြို့ထဲ မှာပဲ အိမ်ငှားနေရင် ဧည့်စာရင်းတိုင်စရာ (လုံးဝ) မလို ပါဘူး။ ဒါက ခဏခဏတိုင်နေရတယ် ဆိုတဲ့အချက်ကို မရှင်းလို့။ ဒီစားပေါက်ကြီးက နှစ်ပေါင်းများစွာ ရိုးရှင်း ခဲ့ပါတယ်။ နောက်အများကြားမှာ ပြောစမှတ်တွင်တဲ့ စကားတစ်ခွန်းတောင်ရှိပါတယ်။

''မင်းဟာက ဧည့်စာ ရင်းမှုနဲ့ ပုံစံထိုင်ခိုင်းပြီး၊ ရိုက်စစ်နေသလား အောင့်မေ့ရ'' ဆိုတာလို စစ်ဆေးလို့ မိသွားရင်လည်း အပြစ်သားလို သူတို့ ဘာကြောင့်ဆက်ဆံတတ်ကြသလဲ။ ဧည့်စာရင်း မတိုင်ခြင်းဟာ ရာဇဝတ်မှုမြောက်စေသလား။


နောက် လာစစ်တဲ့ပုံစံလည်း မေးဦး။ ညကြီးသန်းခေါင်အချိန် မတော်ကြီးမှာ အော်ကြီးဟစ်ကျယ်နဲ့ တံခါးကို ထုနှက် ပါလိမ့်မယ်။ အုပ်၊မှူးမှန်းသိအောင် အာဏာပြချင်တာ လည်း ပါမှာပေါ့။

ကျွန်တော်သာ အုပ်/မှူး ဖြစ်ခဲ့ရင် ဧည့်စာရင်း ကိစ္စကို ပြင်ဆင်စေချင်တယ်။ သူတို့သောက်မြင်ကပ်တဲ့ အိမ်နဲ့ အဆင်မပြေ၊ အမြင်မကြည်တဲ့ အိမ်ကိုမှ ရွေးစစ် တတ်တာကိုး။ ဧည့်စာရင်း မစစ်ခင် အိမ်ရှင်ကလည်း သူတို့ကို ပြန်စစ်ဆေးခွင့်ရှိပါတယ်။ သက်ဆိုင်ရာ လူကြီး တွေရဲ့ လက်ထဲ၊ အိတ်ကပ်ထဲမှာ ကြိုတင်ယူလာတဲ့ အထုပ်တွေ။ စာရွက် စာတမ်းတွေ ရှိသလား။ ရိုးသား ရဲ့လားဆိုတာ အိမ်ရှင်ဘက်က စစ်ဆေးရမယ့် တာဝန် ပါ။ တချို့များဆို ဧည့်စာရင်းစစ်ရင်းနဲ့ ဆေးမှုနဲ့ မိသွား တာ၊ နိုင်ငံရေးမှုနဲ့ ပျောက်သွားတာတွေ အများကြီးပဲ သမိုင်းသက်သေတွေ ရှိခဲ့ကြတယ်။


နောက်၊ ရပ်ကွက် ထောက်ခံစာ ပြဿ နာ(၃)

ထောက်ခံစာရဲ့ အသက်က တစ်ပတ်နဲ့တစ်လကြားမှာမို့ ရက်ကျော်သွားရင် အသုံးမဝင်တော့ပါဘူး။ ဒါလေးက အုပ်/မှူးတွေအတွက် အသက်ရှုချောင်စေမယ့် စား ပေါက် လေးတစ်ခုပေါ့။ တစ်စောင်ကို ကျပ် ၁ဝဝဝပဲ ထားဦး။ တစ်ရက်ကို ၁ဝ ယောက်လာခဲ့ရင်ပဲ နေ့စား ကိုက်နေပြီ။ တစ်နေ့ အယောက် ၁ဝဝ လောက်လာရင် ပိုပြီးတော့တောင်ကြိုက်သေး။ လွန်ခဲ့တဲ့ ငါးနှစ်လောက် တုန်းက တစ်အိမ်လုံး လူကြီးလုပ်စာနဲ့ ထိုင်စားတဲ့ ရပ် ကွက်လူကြီးမိသားစု တွေ့ဖူးတယ်။ သူ့ဇနီးသည်က ဘာမှ မလုပ်တတ်ဘူး။ ရပ်ကွက်ထောက်ခံစာနဲ့ ဧည့်စာ ရင်းကို သူတို့အိမ်မှာပဲ ဒိုင်ခံရေးတာ။ အရင်းက ဘာရှိလို့ လဲ။ ရုံးတံဆိပ်တုံးနဲ့ ဘောက်ချာစာရွက်ဖိုးပဲရှိမှာပေါ့။ ပြီးတော့ ရပ်ရွာကောင်းကျိုးလည်း ဘာမှပြန်မလုပ်ဘူး။


နောက် ရုံးဝင်ငွေ၊ ထွက်ငွေကိစ္စ ပြဿ နာ(၄)။

ဒီရုံးတစ်ရုံးရဲ့ အသုံးစရိတ်ကို ရပ်ကွက်နေ ပြည်သူ။ပြည်သားတွေနဲ့ စိတ်ဝင်စားသူ သတင်းသမားနဲ့ မည်သူ မဆို(အခမဲ့) သိခွင့်ကြည့်ခွင့် ရှိရပါမယ်။ အုပ်/မှူးတစ် ယောက်ဟာ နိုင်ငံတော်ရဲ့လစာကို စားပြီး တာဝန်ကျေ မကျေဆိုတာနဲ့ တခြားဘေးပေါက်တွေ ရှာမရှာဆိုတဲ့ ကိစ္စတွေကို ကျုပ်တို့အလေးအနက်ထားသင့်တယ်။ ကျွန် တော် တောင်ကြီးရပ်ကွက်တွေမှာ လေ့လာမိသမျှက တော့ ချမ်းမြသာစည်ရပ်ကွက်ရုံးအောက်က ဆိုင်ခန်းတွေ နဲ့ ရုံးဘေးနားက ဆိုင်ခန်းတွေဟာ လစာဝင်ငွေတွေ သိန်းကို ဆယ်နဲ့ချီပြီး ရှိနေပါတယ်။ ထားပါတော့ ၁ဝ သိန်းအထက်။ ဒီငွေတွေကို ဥက္ကဋ္ဌဆိုသူက စားသောက် ပစ်နေတာနဲ့ပဲ ပြီးရောလား။ ရပ်ကွက်ကောင်းကျိုးတွေ မလုပ်ပေးတော့ဘူးလား။ ရပ်ကွက်နေပြည်သူတွေကလည်း ဒါကို သိသိလျက်နဲ့ လျစ်လျူရှုထားတာလား။ အမုန်းမခံ ရဲကြတာလား။ အမုန်းခံရင် တစ်ခါပဲအမုန်းခံရပြီး၊ ပျက် စီးရင်တော့ တစ်သက်တာပတ်လုံးပျက်စီးနေမှာပါပဲ။


နောက်ပြီး လမ်းပန်းကိစ္စ။ ရပ်ရွာအေးချမ်းသာ ယာရေး ဆိုသလို ရပ်ရွာတွေမှာရှိတဲ့ လမ်းတွေ ကောင်း မကောင်း အဓိက တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကို ပြပါဆိုရင် တော့အုပ်/မှူးပါပဲ။ ဒီတာဝန်လေးကိုမှ မယူနိုင်ရင် အုပ်/မှူး လုပ်စားမနေပါနဲ့တော့လို့ ပြောချင်ပါတယ်။ ရပ်ကွက်ထဲမှာ လမ်းတွေကောင်းရဲ့လား။ ဘယ်နေရာ လမ်းပျက်နေသလဲဆိုတာ လူကြီးတစ်ယောက်အနေနဲ့ အမြဲတမ်း စစ်ဆေးနေရမှာ သူတို့ တာဝန်ပါပဲ။


နောက်အချက်က မဟောသဓာထုံးကို နှလုံးမူပြီး ''ကြီးသောမှုငယ်စေ၊ ငယ်သောအမှု ပပျောက်စေ'' ဆိုသလို စိတ်ကောင်းစေတနာကောင်းထားပြီး ဆောင် ရွက်သင့်တယ်။ ဒီလိုမှမဟုတ်ဘဲ ''ငါနဲ့ မတည့်တိုင်း ထိပ်တုံး'' ဆိုတိုင်း လူမုန်းများပြီး တစ်နေ့ ကျရှုံးခြင်းဆိုတဲ့ ဝဋ်လည်လာမှာ မလွဲမသွေပါ။


ပြီးခဲ့တဲ့နှစ် သင်္ကြန်တုန်း က တောင်ကြီးမြို့ အေးသာယာမှာ ရဲနဲ့အရပ်သားရန်ဖြစ် ပြီး နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ခဲ့တယ်။ ဒီဖြစ်စဉ်ရဲ့ အကျဉ်းကို ဖော်ပြရမယ်ဆိုရင် အုပ်/မှူး လုပ်သူက ရုံးဘေးနားမှဆိုင်ခန်းထဲမှာ အိပ်နေသူ တစ်ယောက်ကို ကန်နှိုးလိုက်ရာက စပြီးတော့ စကားတွေကျွံကုန်ပြီး၊ အုပ်၊ မှူးက ရဲခေါ်ပြီး နှိပ်စက်ခိုင်းတော့၊ ကာယကံရှင်ကလည်း ဘလိုင်းကြီး အတွယ်ခံနေရလို့ ပြန်လုပ်ရာကနေ သုံး လောင်းပြိုင်လူသတ်မှု ဖြစ်ခဲ့ဖူးပါတယ်။


ဒီဖြစ်စဉ်ကို သတ္တုချကြည့်တဲ့အခါ အုပ်/မှူး တစ်ယောက်ရဲ့ လုပ်ပုံ လုပ်နည်းနဲ့မညီ မသမာတဲ့လုပ်ရပ်ကို မြင်နိုင်ပါတယ်။


နောက်ဆုံးပြဿ နာတစ်ခုကတော့ မြေယာကိစ္စ။ အချို့အုပ်/မှူး မြေခိုးဖူးကြပါမယ်။ ဒါပေမဲ့ မြေတွေ ခိုးရောင်းတာ၊ ဇနီးနာမည်(ဒါမှမဟုတ်) အမျိုးတစ် ယောက်ယောက်ရဲ့နာမည်နဲ့ ပိုင်ဆိုင်မှုအသွင်ပြောင်းတာမျိုး၊ သူ့လျှို့ဝှက်ချက်တွေ ပေါ်သွားမှာစိုးလို့ နှုတ် ပိတ်ခအနေနဲ့ မြေတစ်ကွက်ထိုးကျွေးလိုက်တာမျိုးတွေ၊ ရွာကတက်လာသူတွေကို ဥက္ကဋ္ဌအမိန့်နဲ့ လက်ညှိုးထိုး မြေရောင်းစားတာမျိုးတွေ အများကြီးပေါ့။


မြို့ပေါ်မှာ ကတော့ ဂရန်ပေါက်တဲ့အတွက် ဒီပြဿ နာနည်းနိုင် ပေမယ့် ချောင်ကျတဲ့ရပ်ကွက်တွေ၊ မြို့ပြင်ပိုင်းရပ် ကွက်နဲ့ မြို့သစ်နဲ့ စက်မှုဇုန်တို့လိုမှာဆိုရင် မြေယာ ပြဿ နာအများကြီးကြုံနေရပါတယ်။ ဒါ ဘယ်သူ့ကို သွားတိုင်မလဲ။ အထက်ကိုတက်ပြောလည်း အထက်က ထောင်းတာနဲ့ အောက်အထိ အတွဲလိုက် အကုန်ပါတာ မို့ ဘယ်သူမှလည်း အရေးမယူရဲဘူး။ အရေးယူလည်း အရင်တုန်းက စားထားတာ တွေကော၊ အရင်လူတွေ ကော တစ်ပြုံလုံးပါနေတာမို့ အားလုံးလက်ရှောင်ကြ မှာ မလွဲမသွေပါပဲ။


ပြောသာပြောရတယ်။ ကျွန်တော်သာရပ်ကွက်ဥက္ကဋ္ဌ ဖြစ်ခဲ့ရင်လည်း သူတို့လိုပဲ လုပ်မိဦးမလား မသိ။ ။

မောင်ထီး တောင်ကြီး

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

သင်ဒါတွေပိုင်ဆိုင်နိုင်ပါစေ .....



သင်ဒါတွေပိုင်ဆိုင်နိုင်ပါစေ
===================
၁။ မျှော်လင့်ချက်သာရှိပါစေ ဘဝဆိုတာရှင်သန်လို့အကောင်းဆုံးအရာပါပဲ

၂။ သူပြုံးမှကိုယ်ပြုံးမယ့်အစား ကိုယ်ကစပြီးပြုံးပြလိုက်ပါနော်

၃။ လွယ်တယ်ဆိုပြီးမမေ့ပါနဲ့ ဘဝရဲ့သီအိုရီမှာ အသေးအဖွဲ့မရှိ

၎။ ယုံကြည်မှုရှိမှ အရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့ စွမ်းအားနဲ့ သတ္တိရှိမှာ

၅။ မစဉ်စားပဲ လုပ်လိုက်တာ မှန်သွားရင်တောင် အကြိမ်တစ်ရာမှာ တစ်ခါလောက်ပဲဖြစ်မှာပါ

၆။ ဖန်ခွက်ထဲမှာရေတစ်စက် ရှိတာဟာ လုံးဝမရတာထက်စာရင် တော်ပါသေးတယ်

၇။ ကံတရားပါ ကွာလို့ ပြောနေသ၍ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး

၈။ စေတနာ သည် ကံတရား၏ အရင်းအမြစ်ဖြစ်သည်။

၉။ သံသယ ပျောက်စေဖို့ အကောင်းဆုံးနည်းလမ်းကတော့် လုံးဝ ယုံကြည် နေလိုက်ဖို့ပါပဲ။

၁၀။ ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့် မင်းဟာလူမိုက်ပဲ။

၁၁။ ကံကြမ္မာဆိုတာ လူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုတောင်ပြောင်းလဲပြစ်နိုင်ပါတယ်

၁၂။ လိုအပ်တဲ့အခြေအနေတွေ အားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီး ထိုင်စောင့်နေတဲ့သူဟာအလကားအချိန်ဖြုန်းနေတာပါပဲ။

၁၃။ လူတိုင်းအမှားနဲ့ မကင်းပေမယ့် ခဏခဏတော့်မမှားသင့်ဘူးလေ

၁၄။ ဘဝဆိုတာ ပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့်ကျောင်းပါပဲ

၁၅။ ဒုက္ခအနီးတွင် သုခရှိ၏

၁၆။ ဘဝမြင့်သွားပေမယ့် ဘဝင်မမြင့်ပါစေနဲ့

၁၇။ ရိုးသားမှုကိုထိခိုက်လာရင် မာနဆိုတဲ့ လက်နက်ကို ထုတ်သုံးရလိမ့်မယ်သူငယ်ချင်း

၁၈။ ဘဝသည် အစမ်းသဘောနေထိုင်ခွင့်မရှိသော အရာ။

၁၉။ ပျက်စီးခြင်းတွေထဲမှာ ဆုံးရှုံးမှု အများဆုံးကတော့် စိတ်ဓါတ်ပျက်စီးခြင်းပဲ သူငယ်ချင်း

၂၀။ အချစ်အတွက်နဲ့ အသက်ပင်သေသေ ဆိုပြီး ဂုဏ်ယူမနေကြပါနဲ့။ အဲဒါ မိုက်ရူးရဲဆန်တာပဲ။

၂၁။ နားလည်မှုတွေရှိနေသ၍ မေတ္တာ တရားဆိုတာ မွေးဖွားနေဦးမှာ

၂၂။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာ အခြေခံ အကျဆုံးအရာတစ်ခုပါ။

၂၃။ ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာ အမြဲဒွန်တွဲနေလျက်ပါ


Credit- Original Writer

အပါယ်လေးပါးမှလွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး



အပါယ်လေးပါးမှလွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး

အပါယ်လေးပါးဆိုတာက ငရဲ၊တိရိစ္ဆာန်၊ပြိတ္တာ၊ အသုရကာယ်တို့ဖြစ်ပါတယ်။ အပါယ်ဆိုတာက(အပါယ) ဆိုတဲ့ပါဠိပုဒ်ကနေ ဆင်းသက်လာတာပါ။ (အပါယ)မှာ (အပ +အယ)ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။ အပ=ကင်းခြင်း၊ အယ=ကုသိုလ်တရား၊နှစ်ပုဒ်ပေါင်းလိုက်တော့ ကုသိုလ်တို့မှကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ဆိုလိုတာက အပါယ်လေးဘုံးသားတို့မှာ ကုသိုလ်တွေမှကင်းခြင်း၊ ကုသိုလ်တရားတို့ ကိုပြုလုပ်နိုင်စွမ်း မရှိခြင်း ချမ်းသာခြင်းတရားတို့မှကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ မှန်ပါတယ်။ အပါယ်လေးဘုံကိုရောက်သွားပြီဆိုရင် ကုသိုလ်တရားတွေကိုပြုလုပ်နိုင်စွမ်း မရှိသည့်အတွက် ကောင်းသောဘုံဌာနကို ပြန်ရောက်ဖို့အင်မတန်မှ ခက်ခဲပါတယ်။ Justify Fullအကုသိုလ်ကံ အဟုန်တွေကုန်ဆုံးမှသာ ကောင်းရာဘုံကိုရောက်စေတာပါ။ ငရဲဘုံဆိုရင်လည်းငရဲသူ၊ ငရဲသားတို့ရဲ့ ဆင်းရဲဒုက္ခအလွန်ကြီးပါတယ်။ 


သံရည်ပူများနှင် လောင်းခံရခြင်း ၊ခွေးနက်ကြီးများရဲ့ ကိုက်ခဲခြင်းကို ခံရခြင်း၊ ဓါး၊ လှံတို့ဖြင့်ထိုးခံရခြင်း စသည်ဖြင့် ဒုက္ခများစွာဖြစ်နေတဲ့နေရာ၊ ချမ်းသာဆိုလို့မြူမှုန်တစ်မှုန်မျှမရှိလို့ ငရဲလို့ခေါ်တာပါ။ဒုက္ခများစွာဖြစ်တည် ခံစားနေရတဲ့နေရာ၊ချမ်းသာကင်းတဲ့နေရာကို ငရဲလို့ခေါ်ပါတယ်။အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ်မှီဝဲခြင်းမှလွဲပြီး ကုသိုလ်ကံကိုမသိ၊ ကုသိုလ်ကံရဲ့ ကောင်းကျိုးချမ်းသာကိုမသိ၊ အကုသိုလ်ကံကိုမသိ၊အကုသိုလ်ကံရဲ့ဆိုးကျိုးကိုမသိ၊ ဘုရား၊တရားသံဃာ၊မိဘ၊ ဆရာဆိုတာမသိ၊နှမသားချင်းမှန်းမသိပဲ မဂ်တရား ဖိုလ်တရားတို့မှဖီလာကန့်လန့်သွားတတ်ခြင်း ကိုတိရိစ္ဆာန်လို့ခေါ်တာပါ၊ တိရိစ္ဆာန်ဘဝကိုစ ဉ်းစားကြည့်ပါ၊မိဘ နှမသားချင်းကိုတောင် မိဘနှမသားချင်းမှန်း မသိသည့်အတွက် မှားယွင်းစွာဖောက်ပြန်မှုတွေ ရှိပါတယ်။ ကုသိုလ်ကို ကုသိုလ်ပါလို့ နားမလည်ပါဘူး။ 



အကုသိုလ်ဆိုတာကိုလည်းအကုသိုလ်လို့မသိ ရတဲ့ဘဝပါ။ဒါဖြင့် ယခုခေတ်အနေထားနဲ အကုသိုလ်အလုပ်ကို အကုသိုလ်အလုပ်လု မသိတဲ့သူများအထူးသတိထားသင့်ပါတယ်။ သတ္တဝါတစ်ကောင်ကို လည်ပင်းဖြတ်လို့ အကုသိုလ်မဖြစ်ဘူးကုသိုလ်ဖြစ်တယ်။ သတ်တဲ့သူမခံရဘူး၊ဖြတ်တဲ့ဓါးပဲခံရတယ်ဆိုရင် အဲလိုပုဂ္ဂိုလ်ဟာ ဘယ်လိုအနေထားကို ရောက်သွားပြီဆိုတာသိသာပါတယ်။ ဒါကတိရိစ္ဆာန်ပါ။ ပြိတ္တာဆိုတာကပေတဆိုတဲ့ပါဠိကနေ ဆင်းသက်လာတာပါ။ ချမ်းသာခြင်းတရားအပေါင်းတို့မှ ဝေးကွာသောသတ္တဝါ၊လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတ(ပြိတ္တာ)လို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကို ဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။


စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ တောခြုံပိပ္ပေါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည်းပေးကမ်းလှူဒါန်း ခြင်းမရှိ၊ သူတပါး ပေးကမ်းလှူဒါန်းတာကိုလည်း တားမြစ်ကာ ကုသိုလ် မလုပ်ဖြစ်အောင် အန္တရာယ်ပြုခဲ့ကြတဲ့ သူတွေဟာ များသောအားဖြင့် ပြိတ္တာဘဝမှာ အဖြစ်များကြတယ်လို့ဆိုပါတယ်။ ပြိတ္တာဘဝကို ရောက်ရှိသွားကြတဲ့သတ္တဝါတွေဟာ မိမိတို့လုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် အစာရေစာ ငတ်မွတ်ခြင်း ဒုက္ခကို ခံစားကာ နှစ်ပေါင်းရာထော င်း သိန်းသန်းမက ခံစားကြရသလို ဘုရားတစ်ဆူနဲ့ တစ်ဆူကြားကာလအထိမကျွတ်မလွတ်နိုင်ဘဲ ရှိနေတတ်ကြတဲ့ ပြိတ္တာများလည်းအများအပြား ရှိကြောင်းဆိုပါတယ်။ အဲဒီလို အချိန်ကာလ ကြာမြင့်စွာ အစာရေစာ မစားမသောက်ရဘဲ ဆင်းရဲဒုက္ခကို ခံစားကြရပေမယ့် အကုသိုလ်ကံ အရှိန်မကုန်သေးတဲ့အတွက် ကွယ်လွန်သေဆုံး၊ ဘဝတုံးခြင်း မရှိသေးဘဲ အသားအသွေးမရှိ အရေအကြော အရိုးမျှသာရှိကာ အလွန်ဆိုးဝါးတဲ့ အဆင်းနဲ့ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့ဆိုပါတယ်။


ပြိတ္တာတစ်ဦးရဲ့ အဆင်းဆိုးဝါးပုံကို ပေတဝတ္ထုမှာ ဖွင့်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအဖွင့်အရ “ပြိတ္တာတစ်ဦးရဲ့ ကိုယ်ပမာဏဟာ ထန်းပင်လုံးပမာဏရှိပြီး ကိုယ်အရေဟာလည်း အလွန်ကြမ်းတမ်းကြောင်း၊ဖောက်ပြန်တဲ့ဆံအ မွေးရှိပြီး ကြောက်မက်ဖွယ်အဆင်းရှိကာ အလွန်ဖောက်ပြန် ဆိုးဝါးလျက် စက်ဆုတ်ရွံရှာဖွယ် အမြင်ရှိကြောင်း၊ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်လုးလုံး ထမင်းတစ်လုံး ရေတစ်ပေါက်ကိုမျှမရရှိဘဲ ခြောက်ကပ်သော လည်ချောင်းနှုတ်ခမ်းရှိလျက် ဆာလောင်မွတ်သိပ်ခြင်း နှိပ်စက်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေရတတ်ကြောင်း”စသဖြင့် သိရပါတယ်။ ဒါက ဒီဝတ္ထုမှာပါတဲ့ ပြိတ္တာအကြောင်း ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ပြိတ္တာအမျိုးအစားများသလောက် ခံစားရပုံချင်းလည်းမတူညီလှပါဘူး။


သင်္ဂါယနာတင် အဋ္ဌကထာ ဋီကာကျမ်းအဖွင့် များအရ ယေဘုယျအားဖြင့် ပြိတ္တာအမျိုးအစား လေးမျိုးရှိကြောင်းလည်းမှတ်သားရပါတယ်။ အဲဒီလေးမျိုးက.........

၁။ သူတပါးတို့ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ

၂။ ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ မပြတ်နှိပ်စက်ခံနေရတဲ့ ခုပ္ပိပါသိကပြိတ္တာ

၃။ အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရတဲ့အတွက် ပူပန်ခြင်းရှိနေရသော နိဇ္ဈာမတဏှိကပြိတ္တာ

၎။ အသုရကာယ်လို့သီးသန့်ခေါ်ဆိုအပ်တဲ့ အသုရာကာယခေါ် ကာလကဉ္စိကပြိတ္တာ တို့ပဲ ဖြစ်ပါတယ်။


ဒီပြိတ္တာလေးမျိုးမှာ နံပါတ်တစ်အမျိုးအစား ပြိတ္တာကတော့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။ဒါကပြတ္တာပါ။


အသုရကာယ်ဆိုတာကတော့ နတ်တွေလို ရဲရင့်ခြင်း၊တောက်ပခြင်း၊တင့်တယ်ခြင်းကင်းနေတဲ့ သတ္တဝါ၊မှင်စာ နတ်သေးနတ်ငယ်၊ နတ်စုတ်၊ နတ်ပြတ် နတ်မွှားလေးတွေကိုခေါ်တာပါ။(မရယ်လိုက်နဲ့နော်)။ ဒါကအပါယ်လေးဘုံပါ။ အဲဒီအပါယ်လေးဘုံကို ရောက်သွားမယ်ဆိုရင် အတော်ကြောက်စရာ ကောင်းပါတယ်။ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခွင့်မရသလို ချမ်းသာခြင်းလည်းကင်းပါတယ်။လူဘု လူလောကမှာကြုံဆုံနေရတဲ့ ဒုက္ခများပင် အင်မတန်မှကြောက်စရာ ကောင်းတယ်ဆိုရင် အပါယ်လေးဘုံသားများ ကြုံဆုံနေရတဲ့ ဘေးဒုက္ခများဟာ လူ့လောက…က ဒုက္ခများထက် အဆပေါင်းမြောက်များစွာ သာလွန်နေပါတယ်။


 ပြီးတော့ အပါယ်လေးဘုံရောက်သွားရင်လည်း ကောင်းသောဘုံဌာနသို့ပြန်ရောက်ဖို့သာ မလွယ်သောကြောင့် ထိုအပါယ်လေးဘုံမ အပြီးပိုင်ကင်းလွတ်အောင် ဒါန သီလ အစထားပြီး ဝိပဿနာတရားများကို ကြိုးစားအားထုတ် သင့်တယ်ဆိုတာ ပြောပြချင်တာပါ။ ဝိပဿနာအားထုတ်လို့သောတာပန်ပုဂ္ဂိုလ အဆင့်ရောက်သွားမယ်ဆိုရင် အပြီးပိုင် အပါယ်လေးပါးက ကင်းလွတ်ပါတယ်။ ဒီဘဝမှာ တပည့်တော်တို့ ဝိပဿနာတော့ကြိုးစား အားထုတ်ပါမယ်။ ဒါပေမယ့် သောတာပန်တည်၊ မတည်ဆိုတာတော့အာမခံလို့မရပါ။ သောတာပန်မတည်ရင်ရော အပါယ်လေးပါးက မလွတ်တော့ဘူးလား။ဒီဘဝကနေပြီးတော့ အပါယ်လေးပါးလွတ်မြောက်ချင်ရင် ဘယ်လိုကောင်းမှုတွေပြုလုပ်ရမလဲ။ ဘယ်လိုကောင်းမှုတွေပြုလုပ်ရင် အပါယ်လေးပါးလွတ်ကင်းမလဲ။ စသည်ဖြင့်ပေါ့လေ မေးဖွယ်ရာရှိပါတယ်။အဲဒီတော့ နောက်ဘဝ အပါယ်လေးပါးက လွတ်မြောက်ချင်ရင် အပါယ်လေးပါးရောက်ကြောင်း(တနည်း) အပါယ်လေးပါးက လွတ်မြောက်စေနို င်တဲ့ကုသိုလ်တွေရှိနေပါတယ်။


အဲဒီကုသိုလ်တွေကခုနစ်မျိုးရှိပါတယ်။ အဲဒါတွေကဘာတွေလဲလို့ဆိုတော့ (၁)။ဘုရား၊တရား၊သံဃာတော်များရဲ့ ဂုဏ်များကို မိရိုးဖလာဗုဒ္ဓဘာသာ လိုမကိုးကွယ် မဆည်းကပ်ပဲ တကယ့်စစ်မှန်သော ခိုင်မြဲသော သဒ္ဓါ၊ ပညာဦးစီးတဲ့စိတ်ထားနဲ့ ကြည်ညိုခြင်းလို့ဆိုတဲ့ (သရဏဂုံကုသိုလ်)။အဲဒီကုသိုလ်မျိုးရှိထားရင် အပါယ်လေးပါးက လွတ်မြောက်ပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးက လွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)


(၂)။ငါးပါးသီလမြဲခြင်း(ပဉ္စသီလကုသိုလ်)။ ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဟာလည်း အပါယ်လေးပါးကလွတ် မြောက်ပါတယ်။(သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)


(၃)။စာရေးတံ မဲချခြင်းကုသိုလ်၊ဆိုလိုတာက ဦးဇင်းတို့ဗုဒ္ဓဘာသာများသီတင်းကျွတ်ကာလမှာ ဆိုရင် ကျောင်းတိုက်များမှ သံဃာများကို မဲချပြီး ကျတဲ့ သံဃာတော်ကို ဆွမ်းစတဲ့လှူဘွယ်ပစ္စည်းများကို ပေးလှူတဲ့ကုသိုလ်မျိုးပါ။ကထိန်ရာသီမှာဆိုရင် ပဒေသာပင်များ လှူဒါန်းတဲ့ကုသိုလ်ပါ။မိမိလှူလိုက်တဲ့ပစ္စည်းဝတ္ထုများက မဲပေါက်တဲ့ ကျောင်းတိုက်က သံဃာတော်များကို ကပ်လှူခြင်းဖြစ်ပါတယ်။ မိမိလှူလိုက်ပြီဆိုတည်းက ပုဂ္ဂိုလ်ကိုမငဲ့ကွက်ပဲ(ဆိုလိုတာက ငါနဲ့သိတဲ့ဦးဇင်းအတွက် ငါတို့ကိုးကွယ်နေတဲ့ ကျောင်းအတွက်) ဆိုပြီး ပုဂ္ဂိုလ်ကိုမငဲ့ပဲ ကျရာသံဃာတော်တွေ ချမ်းချမ်းသာသာသုံးဆောင်မှီဝဲစေလို့တဲ့အတွက် သံဃာဂုဏ်ကိုရည်မှန်းပြီးလှူဒါန်းတဲ့အလှူ မျိုးကိုခေါ်မယ်ဆိုရင်ခေါ်လို့ရပါတယ်။ ဒါကို စာရေးတံဆွမ်း ဝတ်လို့ခေါ်တာပါ။အလွယ်မှတ်ချင်ရင စာရေးတံမဲချတဲ့ကုသိုလ်လို့မှတ်လိုက်ပါ။ အဲဒီကုသိုလ်ဟာ အင်မတန်မှပြုရလွယ်ပြီး အကုန်ကျနည်းပေမယ့် ရလိုက်တဲ့ အကျိုးတရားကတော့ အပါယ်လေးပါးကတောင် လွတ်မြောက်တယ်ဆိုတော့ အင်မတန်ကိုမှ အကျိုးကျေးဇူးများပါတယ်။ ဒီကုသိုလ်များဟာ တကယ်ဘုန်းရှင်ကံရှင်များဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်များသာ ပြုလုပ်ခွင့်ရတဲ့ ဒါနမျိုးပါ။ ဗုဒ္ဓဘာသာဖြစ်ရတာ အင်မတန်ကျေနပ်စရာကောင်းပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)


(၄)ပက္ခိယဘတ်လို့ခေါ်တဲ့ ကုသိုလ်ပါ။ ရှင်းအောင်ပြောမယ်ဆိုရင် မိမိတို့ကိုးကွယ်နေတဲ့ ကျောင်းတိုက်များကို တစ်လ ဆွမ်းတစ်ချိုင့် သော်လည်း၊တစ်လဆွမ်းနှစ်ချိုင့်သော်လည်းကောင်း လှူတဲ့အလှူကို ခေါ်တာပါ။လဆန်းပက္ခမှာလှူရ င် လဆန်းပက္ခဆွမ်းပေါ့၊လဆုတ်မှာလှူရင် လဆုတ်ပက္ခဆွမ်းလို့ခေါ်တာပါ။ အဲဒီလို တစ်လကိုနှစ်ကြိမ်သော်လည်းကောင်း၊ တစ်ကြိမ်သော်လည်းကောင်းလှူတဲ့အလှူဒါနမျိုးကို (ပက္ခိယဘတ္တ)ကုသိုလ်လို့ခေါ်ပါတယ်။ ဒီကုသိုလ်လေးကငွေကုန်ကျေးကျလည်းနည်းပါတယ်။ ပင်ပန်းမှုလည်းမကြီးလေးပဲ ရလိုက်တဲ့ကုသိုလ်ကအပါယ်လေးပါး လွတ်မြောက်တဲ့အထိအကျိုးကျေးဇူး များပါတယ်။ ဒီကုသိုလ်ကိုလည်း အသက်ထက်ဆုံး ပြုလုပ်ပါလို့တိုက်တွန်းလိုတာပါ။(သောတာပန်ပုဂ္ဂို လ်တွေ အပါယ်လေးပါးက လွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)


(၅)။ဝေဿဝါသိကကုသိုလ်ပါ။ ဗမာလိုရှင်းရှင်းပြောရင် ဝါဆိုသင်္ကန်းကပ်လှူတဲ့ကုသိုလ်ပါ။ နှစ်စဉ်နှစ်တိုင်းဝါဆို ဝါကပ်တော်မူကြတဲ သံဃာတော်အရှင်မြတ်များကို နှစ်စဉ်နှစ်တိုင်းဝါဆိုသင်္ကန်း ကပ်လှူမယ်ဆိုရင်(မှတ်ချက် မိမိတတ်နိုင်သလောက်ပေါ့နော် တစ်စုံတတ်နိုင်ရ င်တစ်စုံ။ နှစ်စုံတတ်နိုင်ရင်နှစ်စုံပေါ့) အဲဒီကုသိုလ်ဟာလည်းပြုလုပ်လိုက်တဲ့ ကုသိုလ်လေးပါး သေးပေမယ့်ရလိုက်တဲ့အကျိုးက အပါယ်လေးပါးကတောင် လွတ်မြောက်ချင်းဆိုတဲ့ အကျိုးမျိုးကိုခံစားရတာပါ။သောတာပန်ပုဂ္ဂိုလ်နဲ့အလားသဏ္ဍန် တူတယ်လို့ဆိုပါတယ်။ သောတာပန် ပုဂ္ဂိုလ်ကအပါယ်လေးပါးက လွတ်မြောက်သလို ဒီကုသိုလ်ကိုနှစ်စဉ်နှစ်တိုင်းလုပ်သွားမယ်ဆိုရင် စိတ်သာချပါ။အပါယ်လေးပါးကလွတ်မြောက်ပါတယ်။

(၆)။ဧကောအာဝါသော ဆိုတဲ့ကုသိုလ်ပါ။ ဆိုလိုတာက ကျောင်းတစ်ဆောင် သော်လည်းကောင်း၊ ဇရပ်တစ်စောင် သော်လည်းကောင်း လှူဒါန်းတဲ့အလှူဒါနကို ဆိုလိုခြင်းဖြစ်ပါတယ်။ ကျောင်းတစ်ဆောင်လုံး တပည့်တော်တို့မတတ်နိုင်ပါဘူးဘုရား။ ဆိုရင်တော့ တစ်ဆောင်လုံးမတတ်နိုင်ရင် တတ်နိုင်သလောက် လှူပါလို့ပြောချင်ပါတယ်။အဓိက ကျောင်းဆောက်တဲ့ကုသိုလ်ထဲမှာ မိမိရဲ့ဒါနပါဖို့သာ အရေးကြီးပါတယ်။ အဲဒီကုသိုလ်ဟာလည်း ကျန်တဲ့ကောင်းကျိုးချမ်းသာကို မပြောလိုတော့ပါဘူးအပါယ်လေးပါးက လွတ်မြောက်ခြင်းဆိုတဲ့ အဆင့်မြင့်တဲ့ အကျိုးကိုပဲပြောချင်ပါတယ်။အဲလို ကျောင်းတစ်ဆောင်။ဒါမှမဟုတ်တတ်နို င်သလောက် လှူဒါန်းလိုက်မယ်ဆိုရင် အပါယ်လေးပါးက လွတ်မြောက်ပါတယ်။ သောတာပန်ပုဂ္ဂိုလ်နဲ့အလားတူဖြစ်ပါတယ်။ ဒီကုသိုလ်ကိုလည်းတတ်နိုင်သလောက် လှူဒါန်းပါလို့ပြောပြ အသိပေးပါတယ်။

နောက်ဆုံး(၇)။ဧကာပေါက္ခရဏီတဲ့ ဆိုလိုတာက ရေတွင်းရေကန်များကို တူးဖော်ခြင်း၊ လှူဒါန်းခြင်း၊ ရေတွင်းရေကန် အဟောင်းများကိုပြုပြင် လှူဒါန်းခြင်းဆိုတဲ့ကုသိုလ်မျိုးပါ။အဲလောက်ထိ မလုပ်နိုင်သေးဘူးဘုရား ဆိုရင် မိမိအိမ်ရှေ့မှာ သော်လည်းကောင်း လမ်းထောင့်တစ်နေရာရာမှာ သော်လည်းကောင်း ရေအိုးစင်လေးဆောက်ပြီး သောက်ရေအိုးလေး တည်ထားမယ်ဆိုရင်လည်း ရပါတယ်။အဲလောက်ထိမလုပ်နိုင်ဘူးဆိုရင် အောက်ထစ်ဆုံး ရေသန့်ဗူးလေးကိုတည်ထားပြီး ခရီးသွား ရဟန်း၊ရှင်၊လူများသောက်သုံးဖို့ တည်ထားမယ်ဆိုရင်လည်းအဲဒီဒါနဟာ ငွေကြေးနဲ့တိုင်းတာမယ်ဆိုရင် သေးပေမယ့် ရလိုက်တဲ့ အကျိုးကအပါယ်လေးပါးလွတ် မြောက်တဲ့အထိ တန်ဘိုးကြီး၊အကျိုးများပါတယ်။ သောတာပန်ပုဂ္ဂိုလ်များနဲ့အလားတူဖြစ်တာပါ။


ဒါဖြင့်ရင် အားလုံးသော ဒကာ ဒကာမများ ဆိုခဲ့ ပြီးတဲ့ ကုသိုလ်(၇)မျိုးထဲကတစ်မျိုးကိုသော်လည်း၊ နှစ်မျိုးကိုသော်လည်းကောင်း၊(၇)မျိုးလုံးကို သော်လည်း အမြဲတန်းဝတ်ထားပြီးပြုလုပ်မယ်ဆိုရင် မြတ်စွာဘုရားက သောတာပန်ပုဂ္ဂိုလ်နှင့်အလားတူပါတယ်
၊သောတာပန်ပုဂ္ဂိုလ်များ အပါယ်လေးပါးက လွတ်မြောက်သလို အဲဒီကုသိုလ်များကို အမြဲတန်းပြုလုပ်တဲ့ ပုဂ္ဂိုလ်များလည်းအပါယ်လေးပါးက လွတ်မြောက်ပါတယ်လို့သေသေချာချာဟောထားခဲ့တာပါ။ တစ်ကြိမ်လောက်လုပ်ပြီး အပါယ်လေးပါးက လွတ်မြောက်ချင်လို့တော့မရဘူးနော်၊(နိဗဒ္ဓ)ဆိုတဲ့ပါဠိက ပါနေတော့ အမြဲတန်းဝတ်ထားပြီး ပြုလုပ်ရမယ်လို့ပြောတာပါ။ 


ဝါဆိုသင်္ကန်းဆိုလည်းနှစ်စဉ်၊စာရေးတံမဲဆိုရင် လည်းနှစ်စဉ်၊ ဆွမ်းချိုင့်ဆိုရင်လည်း လစဉ်၊ ရေအိုးစင်ဆိုရင်လည်းနေ့စဉ်နေ့တိုင်းပေါ့။ ရတနာသုံးပါးကိုလည်းအသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ရမယ်။ ငါးပါးသီလကိုလည်း အတတ်နိုင်ဆုံး စောင့်ထိန်းမယ်ဆိုရင် အပါယ်လေးပါးက လွတ်မြောက်ပါတယ်လို့ တိုက်တွန်း အသိပေးချင်တာပါ။အားလုံးသော ဒကာ၊ဒကာမ များ မိမိနှင့်ပတ်သတ်တဲ့ဆွေမျိုး မိတ်ဆွေ အပေါင်းသင်းများကိုလည်း ဒီကုသိုလ်(၇)ချက်ကိုတစ်ဆင့်ပြောပြ ပေးပါလို့တိုက်တွန်းချင်ပါတယ်။ပြီးတော့ မိမိကိုယ်တိုင်လည်းတတ်နိုင်သလောက် တစ်မျိုးကိုဖြစ်စေ၊ နှစ်မျိုးကိုဖြစ်စေ၊ (၇)မျိုးလုံးကို ဖြစ်စေဝတ်ထားပြီးအားထုတ်ပါလို့တိုက်တွန်းလိုက်ရပါတယ်။


အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ၊ သာသနာတော်အကျိုးကိုလည်း ဆောင်ရွတ်နိုင်တ သာသနာပြု အမျိုးကောင်းသား၊အမျိုးကောင်းသမီးများဖြစ်ကြပါစေ။