7 Feb 2015

ပထမဆုရသူခေါင်းပေါ်က သရဖူလုယူလွှင့်ပစ်တဲ့အလှမယ်



ဖေဖော်ဝါရီ ၆

ဘရာဇီးနိုင်ငံ မန်နာ့စ်မြို့ မှာကျင်းပခဲ့တဲ့ 2015 Miss Amazon အလှမယ်ပြိုင်ပွဲမှာ ဒုတိယဆုရရှိသူက သရ ဖူရရှိသွားသူရဲ့သရဖူကို ပွဲအပြီးမှာ စင် ပေါ်တက်ပြီး ချွတ်ယူလွှင့်ပစ်ခဲ့ပါတယ်။

ဒုတိယဆုရရှိခဲ့တဲ့အလှမယ် ဟေရာလာရဲ့လုပ်ရပ်ကြောင့် ပြိုင်ပွဲကို တက်ရောက် အားပေးခဲ့တဲ့ပရိသတ်အား လုံးကို အံ့သြမှင်တက်သွားစေခဲ့ပါတယ်

ဟေရာလာသူမရဲ့လုပ်ရပ်အတွက် စိတ် ဆန္ဒရှိလို့လုပ်ခဲ့တာမဟုတ်ဘူးလို့ ခုခံပြော ကြားခဲ့ပြီး ပထမဆုရရှိသွားတဲ့ ကာရိုတို လီဒါရဲ့မိသားစုက သရဖူကို ဝယ်ယူခဲ့ခြင်း ဖြစ်တယ်လို့ ဘရာဇီးနာမည်ကျော်အနု ပညာရှင်ဝက်ဘ်ဆိုက် Ego ကို ပြောကြား ခဲ့ပါတယ်။

ဟေရာလာက အခုလိုလုပ် တာ မိမိအတွက်မဟုတ်ဘဲ အခြားပြိုင်ပွဲ ဝင်တဲ့သူတွေအတွက်သာဖြစ်တယ်လို့ ဆို ပါတယ်။

သရဖူလုယူလွှင့်ပစ်ခံရတဲ့ပထမ ဆုရအလှမယ်တိုလီဒါကတော့ အခုဖြစ် ရပ်အတွက် တစ်စုံတစ်ရာတုံ့ပြန်ပြော ကြားခဲ့ခြင်းမရှိဘဲ အလွန်စိတ်လှုပ်ရှား ဖွယ်ရာ ညတစ်ညဖြစ်ခဲ့ပြီး သူမရဲ့အိပ်မက် တွေအမှန်တကယ်ဖြစ်လာတာကို အား လုံးက ဂုဏ်ယူဝမ်းမြောက်ကြမှာပါလို့ ပြောကြားခဲ့ပါတယ်။

Ref: CBA